Friday 14 July 2017

Boiler (၄) - Lock out alarm


[zawgyi]
ေလာေလာဆယ္ သေဘၤာ တစ္စီးမွာသြားၾကည့္ရပါတယ္။ Boiler run လိုက္ယင္ ခဏေနေတာ့ Lock out alarm တက္လာတယ္ေျပာပါတယ္။ Boiler ကေတာ့ steam boiler မွာ burner က ေဘးကဝင္ထားတာပါ။ တ႐ုတ္ boiler ပါ။ Boiler လည္းၾကည့္၊ Manual လည္းဖတ္ၾကည့္ေတာ့ သိရတာက Burner မွာ pilot burner နဲ႔ Main Burner ႏွစ္ခု ပါပါတယ္။ 

Panel ထဲမွာေတာ့ Relay logic control ျဖစ္ၿပီး Sequence Control ကေတာ့ Siemens ရဲ႕ LEC1 ပါ။ Flame eye controller အေနနဲ႔ LFE10 ႏွစ္ခုေတြ႕ပါတယ္။ တစ္ခုက Pilot burner အတြက္ျဖစ္ၿပီး ေနာက္တစ္ခုက Main burner အတြက္ျဖစ္မယ္လို႔ ယူဆပါတယ္။ 
ၾကံဳလို႔ ေျပာျပပါဦးမယ္။ Pilot burner နဲ႔ Main burner ဘယ္လိုအလုပ္လုပ္တယ္ဆိုတဲ့ အေၾကာင္းပါ။ တစ္ကယ္ေတာ့ ရွင္းရွင္းေလးပါ။ Pilot burner ဆိုတာက ဆီအား နည္းနည္းနဲ႔ ignition electrode ေတြပါတဲ့ burner ေလးပါ။ ဒါနဲ႔ မီးအယင္ စေမႊးပါတယ္။ မီးေတာက္ေတာ့မွ Main burner ဖြင့္ၿပီး မီးေတာက္ႀကီးႀကီးရေအာင္လုပ္တာပါ။ Main burner မွာေတာ့ ignition မရွိေတာ့ဘူး။ ဆီအားျပင္းျပင္းနဲ႔ Nozzle ႀကီးႀကီးဘဲပါတာေပါ့။ တစ္ခ်ဳိ႕ကေတာ့ Atomizer လို႔ေခၚတဲ့ ဆီအမႈန္ေလးေတြမႈတ္ထုတ္ဖို႔ ေလလိုင္းတစ္ခု ထပ္ထည့္ထားတတ္ပါတယ္။
ဒီ burner ကေတာ့ နည္းနည္း ေတြ႕ရခဲတယ္။ Rotary Cup အမ်ိဳးအစား။ သူ အလုပ္လုပ္ပုံကတစ္မ်ဳိး။ Main burner မွာ high pressure နဲ႔ Nozzle အစား၊ Rotary cup ကို သုံးထားတယ္။ ဆီ pressure သိပ္ျမင့္စရာမလိုဘဲ (2 bar ေလာက္ဘဲရွိတယ္) ဆီကို ခြက္ပုံစံ လည္ေနတဲ့ ေခါင္းထဲ စီးဝင္ေစၿပီး လည္တဲ့အရွိန္ centrifugal force နဲ႔ ဆီအလႊာပါးပါးေလး ပန္းထြက္ေစပါတယ္။ အဲဒီထဲမွာ ခြက္နဲ႔ ေျပာင္းျပန္လည္ေနတဲ့ Air nozzle က ေလမႈတ္ထုတ္ၿပီး (atomization) အမႈန္ျဖာေအာင္ လုပ္ေပးတာပါ။

အင္ဒို စက္ခ်ဳပ္နဲ႔ ျမန္မာ ဓာတ္ႀကိဳးေလး အကူအညီနဲ႔ boiler ကိုစၾကပါတယ္။ Initial alarm ေတြ reset လုပ္ၿပီးတဲ့ အခ်ိန္မွာ panel ေပၚမွာ steam pressure low ဆိုတဲ့ alarm ကလြဲလို႔ အကုန္ ပုံမွန္ပါဘဲ။ ဒီ alarm ကလည္း မီးမေတာက္ေသးေတာ့ steam မွ မရွိတာ ေပၚမွာေပါ့။ အစဆုံး Oil circulation pump ကို run လိုက္ပါတယ္။ ေနာက္ၿပီး Auto mode နဲ႔ run ပါတယ္။ ခဏေနေတာ့ FD fan, burner motor, ignition pump တစ္ခုၿပီးတစ္ခု လည္ပါတယ္။ Ignition pump ဆိုတာ pilot burner အတြက္ ဆီ pressure တက္ေအာင္ ေမာင္းေပးတဲ့ pump ပါ။ Pilot burner မွာေတာ့ nozzle ရွိတယ္ေလ။ ေနာက္ damper ပြင့္သြားတယ္။ တစ္မိနစ္ေလာက္ purge လုပ္တယ္။ damper ျပန္ပိတ္ၿပီး ေလအနည္းဆုံး position မွာ ရပ္ပါတယ္။ အဲဒီတစ္ေလွ်ာက္ sequencer ရဲ႕ dial ကလည္ေနတာျမင္ပါတယ္။ အခု မီးစရေတာ့မယ့္ အခ်ိန္ေပါ့။ Pilot burner အတြက္ flame eye detector က မီးေလးလင္းလာပါတယ္။ ခဏေနေတာ့ lock out alarm တက္လာပါတယ္။ 
စဥ္းစားၾကည့္ေတာ့ pilot flame eye ကလာတယ္ဆိုေတာ့ ignition ေကာင္းတယ္လို႔ယူဆပါတယ္။ ဒါေပမဲ့ အခ်ိန္က သိပ္နည္းေနတယ္။ Main burner အတြက္ ဆီ solenoid မဖြင့္ခင္ lock out ျဖစ္သြားတယ္။ Main flame eye က မလင္းဘူး။ ဆိုလိုတာက မီးတစ္ကယ္မေတာက္ဘဲ pilot flame eye က ignition spark ကိုဘဲ detect ျဖစ္လို႔လား၊ မီးေတာက္အား အရမ္းနည္းေနလို႔လားမသိဘူူး။
ေနာက္တစ္ေခါက္ထပ္စမ္းၿပီး pilot အတြက္ ignition transformer အဝင္ရယ္၊ pilot fuel solenoid အထြက္ရယ္ volt တိုင္းၾကည့္ပါတယ္။ Fire sequence ေရာက္တဲ့ အခ်ိန္ အဲဒီႏွစ္ခုမွာ volt ထြက္ပါတယ္။ solenoid မွာ magnet လည္း ဆြဲပါတယ္။ Ohm တိုင္းၾကည့္ေတာ့ solenoid ေကာင္းပါတယ္။ 
ေသခ်ာေအာင္ ignition assembly block ေလးကို ျဖဳတ္ၿပီး အျပင္ဘက္မွာ ဆီပိုက္နဲ႔ ျပန္ဆက္လိုက္ပါတယ္။ အဲဒီ block မွာ Nozzle ရယ္ ignition electrode ရယ္ တြဲရက္ေလးပါ။ ignition transformer အဝင္ power ႀကိဳးကိုျဖဳတ္ၿပီး tape ပတ္ထားလိုက္တယ္။ ဒါဆို မီးမေတာက္ႏိုင္ေတာ့ဘူးေပါ့။ အျပင္မွာ Nozzle က ဆီထြက္တဲ့ အေျခအေန ၾကည့္ရေအာင္လို႔။ Reset လုပ္ၿပီး တစ္ေခါက္ျပန္စမ္းပါတယ္။ Nozzle က ဆီမထြက္ပါဘူး။ Nozzle ကို ျဖဳတ္ၿပီး compressed air နဲ႔ မႈတ္ထုတ္ပါတယ္။ ေနာက္ ျပန္မစမ္းခင္ solenoid အဝင္ ဆီပိုက္ကို ျဖဳတ္ၿပီး ignition pump ကို manual run ၾကည့္ပါတယ္။ ဆီက ထြက္ေတာ့ ထြက္တယ္။ Pressure မရွိဘူး။ ေအာက္ထပ္က pump ရွိတဲ့ေနရာသြား။ Pump အထြက္ပိုက္ကို ျဖဳတ္ၿပီး run ၾကည့္ေတာ့လည္း pressure မရွိပါဘူး။ 
ဒါနဲ႔ စက္ခ်ဳပ္ကို ေျပာၿပီး Pump ကို စစ္ခိုင္းပါတယ္။ သူတို႔ လည္း pump ထိပ္က အဖုံးကိုဖြင့္ filter ေလး ေဆးၿပီး ျပန္တပ္စမ္းေတာ့လည္း အဆင္မေျပပါဘူး။ အဝင္ပိုက္ျဖဳတ္ၾကည့္ေတာ့ ဆီ flow ရွိတယ္။ အထြက္ Pressure ဘဲ မတက္တာ။ ေနာက္ pump ကို ျဖဳတ္ယူလာၿပီး shore က workshop မွာ service လုပ္ဖို႔ ေပးခဲ့ပါတယ္။ ေနာက္ ၃-၄ ရက္အၾကာ pump ready ျဖစ္ေတာ့ သြားယူၿပီး တက္ၾကပါတယ္။ Pump ျပန္ဆင္ၿပီး Manual run ၾကည့္ပါတယ္။ Pump အထြက္ပိုက္ကိုဘဲျဖဳတ္ၿပီး စမ္းတာ Pressure မတက္လာဘူး။ နည္းနည္း စိတ္ညစ္သြားတယ္။ Workshop မွာ service လုပ္ၿပီး စမ္းမၾကည့္ၾကဘူးလား မသိ။ အစ္ကိုတစ္ေယာက္ရဲ႕ အၾကံျပဳခ်က္နဲ႔ pump ထိပ္ ေဘးဘက္မွာရွိတဲ့ screw ေလးကို adjust လုပ္ၾကည့္ေတာ့မွ pressure တက္လာတယ္။ ပိုက္ျပန္ဆက္ၿပီး boiler စမ္းေမာင္းၾကည့္ပါတယ္။ မီးမေတာက္ေသးပါဘူး။ ignition block ကို အျပင္မွာ ထုတ္ဆက္ၿပီး စမ္းၾကည့္ေတာ့ nozzle ထိပ္က ဆီမထြက္ျပန္ဘူး။ Nozzle အဝင္ ပိုက္က ဆီထြက္တယ္။ Nozzle ပိတ္ေနတာေပါ့။ 
ဒီတစ္ခါ စက္ခ်ဳပ္က nozzle ကို တစ္စစီျဖဳတ္ၿပီး အထဲက filter အေသးေလးကိုေဆး ေလနဲ႔ မႈတ္စမ္းၿပီး ျပန္ဆင္ပါတယ္။ Ignition block ကို အျပင္မွာဘဲ စမ္းၾကည့္ေတာ့ ဆီအမႈန္ေလးေတြ ပန္းထြက္လာပါၿပီ။ အကုန္သူ႔ေနရာနဲ႔သူ ျပန္တပ္ၿပီး boiler ေမာင္းစမ္းၾကည့္ေတာ့ မီးေတာက္သြားပါတယ္။ Cold shut down လုပ္ထားတဲ့ boiler ဆိုေတာ့ ခဏေလး run ျပန္နားထား၊ ခဏထပ္ေမာင္း နဲ႔ တစ္ျဖည္းျဖည္း အပူတင္ယင္း မီးခိုး အျဖဴအမဲၾကည့္၊ ဆီ၊ ေလ တတ္ႏိုင္သမွ် အေကာင္းဆုံးရေအာင္ ညႇိေပးခဲ့ပါတယ္။ 

[unicode]
လောလောဆယ် သင်္ဘော တစ်စီးမှာသွားကြည့်ရပါတယ်။ Boiler run လိုက်ယင် ခဏနေတော့ Lock out alarm တက်လာတယ်ပြောပါတယ်။ Boiler ကတော့ steam boiler မှာ burner က ဘေးကဝင်ထားတာပါ။ တရုတ် boiler ပါ။ Boiler လည်းကြည့်၊ Manual လည်းဖတ်ကြည့်တော့ သိရတာက Burner မှာ pilot burner နဲ့ Main Burner နှစ်ခု ပါပါတယ်။ 
Panel ထဲမှာတော့ Relay logic control ဖြစ်ပြီး Sequence Control ကတော့ Siemens ရဲ့ LEC1 ပါ။ Flame eye controller အနေနဲ့ LFE10 နှစ်ခုတွေ့ပါတယ်။ တစ်ခုက Pilot burner အတွက်ဖြစ်ပြီး နောက်တစ်ခုက Main burner အတွက်ဖြစ်မယ်လို့ ယူဆပါတယ်။ 
ကြုံလို့ ပြောပြပါဦးမယ်။ Pilot burner နဲ့ Main burner ဘယ်လိုအလုပ်လုပ်တယ်ဆိုတဲ့ အကြောင်းပါ။ တစ်ကယ်တော့ ရှင်းရှင်းလေးပါ။ Pilot burner ဆိုတာက ဆီအား နည်းနည်းနဲ့ ignition electrode တွေပါတဲ့ burner လေးပါ။ ဒါနဲ့ မီးအယင် စမွှေးပါတယ်။ မီးတောက်တော့မှ Main burner ဖွင့်ပြီး မီးတောက်ကြီးကြီးရအောင်လုပ်တာပါ။ Main burner မှာတော့ ignition မရှိတော့ဘူး။ ဆီအားပြင်းပြင်းနဲ့ Nozzle ကြီးကြီးဘဲပါတာပေါ့။ တစ်ချို့ကတော့ Atomizer လို့ခေါ်တဲ့ ဆီအမှုန်လေးတွေမှုတ်ထုတ်ဖို့ လေလိုင်းတစ်ခု ထပ်ထည့်ထားတတ်ပါတယ်။
ဒီ burner ကတော့ နည်းနည်း တွေ့ရခဲတယ်။ Rotary Cup အမျိုးအစား။ သူ အလုပ်လုပ်ပုံကတစ်မျိုး။ Main burner မှာ high pressure နဲ့ Nozzle အစား၊ Rotary cup ကို သုံးထားတယ်။ ဆီ pressure သိပ်မြင့်စရာမလိုဘဲ (2 bar လောက်ဘဲရှိတယ်) ဆီကို ခွက်ပုံစံ လည်နေတဲ့ ခေါင်းထဲ စီးဝင်စေပြီး လည်တဲ့အရှိန် centrifugal force နဲ့ ဆီအလွှာပါးပါးလေး ပန်းထွက်စေပါတယ်။ အဲဒီထဲမှာ ခွက်နဲ့ ပြောင်းပြန်လည်နေတဲ့ Air nozzle က လေမှုတ်ထုတ်ပြီး (atomization) အမှုန်ဖြာအောင် လုပ်ပေးတာပါ။
အင်ဒို စက်ချုပ်နဲ့ မြန်မာ ဓာတ်ကြိုးလေး အကူအညီနဲ့ boiler ကိုစကြပါတယ်။ Initial alarm တွေ reset လုပ်ပြီးတဲ့ အချိန်မှာ panel ပေါ်မှာ steam pressure low ဆိုတဲ့ alarm ကလွဲလို့ အကုန် ပုံမှန်ပါဘဲ။ ဒီ alarm ကလည်း မီးမတောက်သေးတော့ steam မှ မရှိတာ ပေါ်မှာပေါ့။ အစဆုံး Oil circulation pump ကို run လိုက်ပါတယ်။ နောက်ပြီး Auto mode နဲ့ run ပါတယ်။ ခဏနေတော့ FD fan, burner motor, ignition pump တစ်ခုပြီးတစ်ခု လည်ပါတယ်။ Ignition pump ဆိုတာ pilot burner အတွက် ဆီ pressure တက်အောင် မောင်းပေးတဲ့ pump ပါ။ Pilot burner မှာတော့ nozzle ရှိတယ်လေ။ နောက် damper ပွင့်သွားတယ်။ တစ်မိနစ်လောက် purge လုပ်တယ်။ damper ပြန်ပိတ်ပြီး လေအနည်းဆုံး position မှာ ရပ်ပါတယ်။ အဲဒီတစ်လျှောက် sequencer ရဲ့ dial ကလည်နေတာမြင်ပါတယ်။ အခု မီးစရတော့မယ့် အချိန်ပေါ့။ Pilot burner အတွက် flame eye detector က မီးလေးလင်းလာပါတယ်။ ခဏနေတော့ lock out alarm တက်လာပါတယ်။ 
စဉ်းစားကြည့်တော့ pilot flame eye ကလာတယ်ဆိုတော့ ignition ကောင်းတယ်လို့ယူဆပါတယ်။ ဒါပေမဲ့ အချိန်က သိပ်နည်းနေတယ်။ Main burner အတွက် ဆီ solenoid မဖွင့်ခင် lock out ဖြစ်သွားတယ်။ Main flame eye က မလင်းဘူး။ ဆိုလိုတာက မီးတစ်ကယ်မတောက်ဘဲ pilot flame eye က ignition spark ကိုဘဲ detect ဖြစ်လို့လား၊ မီးတောက်အား အရမ်းနည်းနေလို့လားမသိဘူူး။
နောက်တစ်ခေါက်ထပ်စမ်းပြီး pilot အတွက် ignition transformer အဝင်ရယ်၊ pilot fuel solenoid အထွက်ရယ် volt တိုင်းကြည့်ပါတယ်။ Fire sequence ရောက်တဲ့ အချိန် အဲဒီနှစ်ခုမှာ volt ထွက်ပါတယ်။ solenoid မှာ magnet လည်း ဆွဲပါတယ်။ Ohm တိုင်းကြည့်တော့ solenoid ကောင်းပါတယ်။ သေချာအောင် ignition assembly block လေးကို ဖြုတ်ပြီး အပြင်ဘက်မှာ ဆီပိုက်နဲ့ ပြန်ဆက်လိုက်ပါတယ်။ အဲဒီ block မှာ Nozzle ရယ် ignition electrode ရယ် တွဲရက်လေးပါ။ ignition transformer အဝင် power ကြိုးကိုဖြုတ်ပြီး tape ပတ်ထားလိုက်တယ်။ ဒါဆို မီးမတောက်နိုင်တော့ဘူးပေါ့။ အပြင်မှာ Nozzle က ဆီထွက်တဲ့ အခြေအနေ ကြည့်ရအောင်လို့။ Reset လုပ်ပြီး တစ်ခေါက်ပြန်စမ်းပါတယ်။ Nozzle က ဆီမထွက်ပါဘူး။ Nozzle ကို ဖြုတ်ပြီး compressed air နဲ့ မှုတ်ထုတ်ပါတယ်။ နောက် ပြန်မစမ်းခင် solenoid အဝင် ဆီပိုက်ကို ဖြုတ်ပြီး ignition pump ကို manual run ကြည့်ပါတယ်။ ဆီက ထွက်တော့ ထွက်တယ်။ Pressure မရှိဘူး။ အောက်ထပ်က pump ရှိတဲ့နေရာသွား။ Pump အထွက်ပိုက်ကို ဖြုတ်ပြီး run ကြည့်တော့လည်း pressure မရှိပါဘူး။ ဒါနဲ့ စက်ချုပ်ကို ပြောပြီး Pump ကို စစ်ခိုင်းပါတယ်။ သူတို့ လည်း pump ထိပ်က အဖုံးကိုဖွင့် filter လေး ဆေးပြီး ပြန်တပ်စမ်းတော့လည်း အဆင်မပြေပါဘူး။ အဝင်ပိုက်ဖြုတ်ကြည့်တော့ ဆီ flow ရှိတယ်။ အထွက် Pressure ဘဲ မတက်တာ။ နောက် pump ကို ဖြုတ်ယူလာပြီး shore က workshop မှာ service လုပ်ဖို့ ပေးခဲ့ပါတယ်။ နောက် ၃-၄ ရက်အကြာ pump ready ဖြစ်တော့ သွားယူပြီး တက်ကြပါတယ်။ Pump ပြန်ဆင်ပြီး Manual run ကြည့်ပါတယ်။ Pump အထွက်ပိုက်ကိုဘဲဖြုတ်ပြီး စမ်းတာ Pressure မတက်လာဘူး။ နည်းနည်း စိတ်ညစ်သွားတယ်။ Workshop မှာ service လုပ်ပြီး စမ်းမကြည့်ကြဘူးလား မသိ။ အစ်ကိုတစ်ယောက်ရဲ့ အကြံပြုချက်နဲ့ pump ထိပ် ဘေးဘက်မှာရှိတဲ့ screw လေးကို adjust လုပ်ကြည့်တော့မှ pressure တက်လာတယ်။ ပိုက်ပြန်ဆက်ပြီး boiler စမ်းမောင်းကြည့်ပါတယ်။ မီးမတောက်သေးပါဘူး။ ignition block ကို အပြင်မှာ ထုတ်ဆက်ပြီး စမ်းကြည့်တော့ nozzle ထိပ်က ဆီမထွက်ပြန်ဘူး။ Nozzle အဝင် ပိုက်က ဆီထွက်တယ်။ Nozzle ပိတ်နေတာပေါ့။ 
ဒီတစ်ခါ စက်ချုပ်က nozzle ကို တစ်စစီဖြုတ်ပြီး အထဲက filter အသေးလေးကိုဆေး လေနဲ့ မှုတ်စမ်းပြီး ပြန်ဆင်ပါတယ်။ Ignition block ကို အပြင်မှာဘဲ စမ်းကြည့်တော့ ဆီအမှုန်လေးတွေ ပန်းထွက်လာပါပြီ။ အကုန်သူ့နေရာနဲ့သူ ပြန်တပ်ပြီး boiler မောင်းစမ်းကြည့်တော့ မီးတောက်သွားပါတယ်။ Cold shut down လုပ်ထားတဲ့ boiler ဆိုတော့ ခဏလေး run ပြန်နားထား၊ ခဏထပ်မောင်း နဲ့ တစ်ဖြည်းဖြည်း အပူတင်ယင်း မီးခိုး အဖြူအမဲကြည့်၊ ဆီ၊ လေ တတ်နိုင်သမျှ အကောင်းဆုံးရအောင် ညှိပေးခဲ့ပါတယ်။ 

No comments:

Post a Comment