Wednesday 12 July 2017

Boiler (၃) - Feed water low level could not trip

 
[Zawgyi]

ဒီတစ္ေခါက္ သေဘၤာကေတာ့ ေရႊျမန္မာေတြအမ်ားႀကီး ရွိတဲ့သေဘၤာမို႔ လြတ္လြတ္လပ္လပ္နဲ႔ ေျပာရဆိုရ စိတ္ခ်မ္းသာဖို႔ေကာင္းပါတယ္။ ျပႆနာက Boiler run ေနတဲ့အခ်ိန္မွာ feed water level low ကို simulate လုပ္ေတာ့ alarm ေတာ့လာတယ္ trip မျဖစ္တာပါ။ Local control cabinet မွာ low level alarm လာၿပီး ECR မွာ alarm မလာဘူးေျပာပါတယ္။ boiler safety shut down နဲ႔ ရပ္မသြားပါဘူး။ Control panel ဖြင့္ၾကည့္ေတာ့ PLC မပါဘဲ relay logic နဲ႔ timer ေတြဘဲရွိပါတယ္။ ဒါနဲ႔ water tank ကိုသြားၾကည့္ေတာ့ magnetic level switch ေတြ တစ္တန္းႀကီးေတြ႕ရတယ္။
မ်ားလွေခ်လားဆိုၿပီး drawing ဖတ္ၾကည့္ေတာ့ သူ႔ဒီဇိုင္းက ေတာ္လိုက္တာ။ L, LL, H, HH level ေတြထားၿပီး local panel alarm ကတစ္ခု၊ ECR ထဲက remote alarm အတြက္တစ္ခု၊ feed pump cut in ၊ cut off ၊ boiler trip စတာေတြ အတြက္တစ္ခုစီ သီးျခား ထားတာ ေတြ႕ရတယ္။ အဲဒီ magnetic switch ေတြ အျပင္ level probe နဲ႔ သူ႔အတြက္ level controller တစ္ခုလည္း ရွိပါေသးတယ္။ 
ကၽြန္ေတာ္လည္း အကူတစ္ေယာက္နဲ႔ ဘယ္ level switch က ဘယ္ အတြက္လဲဆိုတာ လိုက္စမ္းလိုက္ေတာ့ trip အတြက္ level switch ကို ေတြ႕သြားပါတယ္။ Circuit drawing ျပန္ဖတ္ၾကည့္ေတာ့ Trip signal ကို Timer တစ္ခုရဲ႕ အထြက္ NC contact နဲ႔ ယူထားတာပါ။ အဲဒီ timer ကို trigger လုပ္ဖို႔ relay ေနာက္တစ္လုံး အဝင္မွာ ေစာေစာက level switch ရယ္ level controller output ရယ္ NC contact ေတြ Series ဆက္ထားတာေတြ႕ရပါတယ္။ တိုင္းၾကည့္ေတာ့ အဲဒီ NC contact loop က open ျဖစ္ေနပါတယ္။ Level switch ေၾကာင့္လား level controller ေၾကာင့္လား မေသခ်ာတာနဲ႔ ယာယီ  jumper ဆက္ၿပီး ေက်ာ္လိုက္ပါတယ္။ အဲဒီေတာ့မွ relay activate ျဖစ္ၿပီး timer off ျဖစ္သြားပါတယ္။ ခုမွ normal condition ေရာက္သြားတာ။ ဆိုလိုတာက ေစာေစာက loop open ျဖစ္ေနတဲ့ အတြက္ တစ္ကယ္ဆို timer ကို run ဖို႔ trigger လုပ္လိုက္ၿပီး timer ( 10 sec ေလာက္ျဖစ္မယ္ထင္ပါတယ္။) အခ်ိန္ျပည့္ေတာ့ trip signal ထြက္သြားရမွာပါ။ Boiler က run ေနတယ္။ trip မျဖစ္ခဲ့ဘူး။ Timer မေကာင္းလို႔ မ်ားလား။
ေသခ်ာေအာင္ ထပ္စမ္းပါမယ္။ ေစာေစာက jumper ႀကိဳးတစ္စ ျဖဳတ္ၿပီး Timer အဝင္ loop ကို open လုပ္ေပလိုက္ပါတယ္။ Omron timer ေပၚက အစိမ္းေရာင္ မီးေလး မွိတ္တုတ္မွိတ္တုတ္ လင္းလာပါတယ္။ Timer စၿပီး count ေနၿပီေပါ့။ အခ်ိန္ျပည့္ေတာ့ အနီေရာင္မီးေလး လင္းလာတယ္။ ဒါဆို output ထြက္ရေတာ့မယ္။ Trip ျဖစ္မသြားတဲ့ အတြက္ Contact ပြင့္မသြားတာလို႔ ယူဆလိုက္ပါတယ္။ ေသခ်ာေအာင္ timer ရဲ႕ NC contact ကို တိုင္းၾကည့္ေတာ့လည္း close ျပေနပါတယ္။ ဒါဆို timer မေကာင္းတာေပါ့။ လဲဖို႔ boiler ခဏရပ္ခိုင္းပါတယ္။ အမ်ိဳးအစားတူ timer ကို ရွာခိုင္းဖို႔ Timer ကို ျဖဳတ္ယူခဲ့ပါတယ္။ 
လုပ္ရတဲ့ေနရာက boiler ေမာင္းထားေတာ့ အရမ္းပူေနၿပီး ၾကာၾကာမေနႏိုင္ပါဘူး။ စစ္စရာရွိတာစစ္ Drawing ဖတ္တာ ဘာတို႔ကို ECR ထဲမွာ ခဏသြားၿပီး အပူေရွာင္။ ေနာက္မွ ဆက္လုပ္ရတာပါ။ ေခၽြးအရႊဲသားနဲ႔ေပါ့။ အခုTimer ျဖဳတ္ယူလာၿပီး spare ရွာဖို႔ လုပ္ေနတုန္း ေသခ်ာၾကည့္ေတာ့မွ Timer ရဲ႕ ေအာက္ဖက္ 11 pin ေျခေထာက္ေလးေတြထဲက ႏွစ္ခုမွာ ႀကိဳးေသးေသးေလးနဲ႔ jumper ကူးထားပါလား။ ျပန္ၾကည့္ေတာ့မွ Output NC pin ႏွစ္ခုကို jumper လုပ္ထားတာျဖစ္ေနတယ္။ ဒါေၾကာင့္ Timer ျပည့္ေတာ့ output Contact က open ျဖစ္မသြားတာကိုး။ ေတာ္လိုက္တဲ့ ေရွ႕က ပုဂၢိဳလ္ေတြ။ Level switch နဲ႔ level probe controller ရဲ႕ loop က open ျဖစ္ေနေတာ့ shut signal အၿမဲထြက္ေနတာ အဲဒီ device ေတြေသခ်ာမစစ္ဘဲ၊ shutdown/ trip signal ထုတ္ေပးတဲ့ timer output မွာ short jumper နဲ႔ေက်ာ္ထားတာဘဲ။ Boiler ေမာင္းလို႔ရေအာင္ ယာယီေက်ာ္ထားတာဆိုယင္လည္း ျမင္သာထင္သာ ေက်ာ္ပါလား။ အခုေတာ့ timer ေအာက္မွာ ဝွက္ၿပီး ေက်ာ္ထားတယ္။

အဲဒီ bypass wire ေလးျဖဳတ္ၿပီး ျပန္စမ္းၾကည့္ပါတယ္။ Feed water low level loop ကို open လုပ္ေပးေတာ့ Boiler Shut down ျဖစ္သြားပါတယ္။ ဒီလိုဆိုေတာ့ timer လည္း ေကာင္းတယ္ေပါ့။
ဒီေတာ့မွ ေစာေစာက bypass လုပ္ခဲ့တဲ့ Low level loop ကို တစ္ခုစီ ျပန္စစ္ၾကည့္ပါတယ္။ Level switch က ေကာင္းပါတယ္။ Level probe အတြက္ controller က မေကာင္းဘူး။ အၿမဲ open output ဘဲ ထြက္ေနပါတယ္။ အဲဒီအပိုင္း jumper နဲ႔ေက်ာ္ခဲ့ၿပီး Controller မွာဖို႔ ေျပာခဲ့ရပါတယ္။ ေနာက္ၿပီး စက္ခ်ဳပ္ကို စမ္းျပခဲ့ပါတယ္။ အားလုံး အဆင္ေျပသြားပါတယ္။
ေနာက္မွသိရတာက ဒီသေဘၤာ အီတလီက ဝယ္ထားတာ မၾကာေသးဘူးတဲ့။ ဒီျပႆနာက အယင္လူေတြလက္ထက္ထဲက စခဲ့တာ လို႔ ဆိုပါတယ္။ 

[unicode]

ဒီတစ်ခေါက် သင်္ဘောကတော့ ရွှေမြန်မာတွေအများကြီး ရှိတဲ့သင်္ဘောမို့ လွတ်လွတ်လပ်လပ်နဲ့ ပြောရဆိုရ စိတ်ချမ်းသာဖို့ကောင်းပါတယ်။ ပြဿနာက Boiler run နေတဲ့အချိန်မှာ feed water level low ကို simulate လုပ်တော့ alarm တော့လာတယ် trip မဖြစ်တာပါ။ Local control cabinet မှာ low level alarm လာပြီး ECR မှာ alarm မလာဘူးပြောပါတယ်။ boiler safety shut down နဲ့ ရပ်မသွားပါဘူး။ Control panel ဖွင့်ကြည့်တော့ PLC မပါဘဲ relay logic နဲ့ timer တွေဘဲရှိပါတယ်။ ဒါနဲ့ water tank ကိုသွားကြည့်တော့ magnetic level switch တွေ တစ်တန်းကြီးတွေ့ရတယ်။ များလှချေလားဆိုပြီး drawing ဖတ်ကြည့်တော့ သူ့ဒီဇိုင်းက တော်လိုက်တာ။ L, LL, H, HH level တွေထားပြီး local panel alarm ကတစ်ခု၊ ECR ထဲက remote alarm အတွက်တစ်ခု၊ feed pump cut in ၊ cut off ၊ boiler trip စတာတွေ အတွက်တစ်ခုစီ သီးခြား ထားတာ တွေ့ရတယ်။ အဲဒီ magnetic switch တွေ အပြင် level probe နဲ့ သူ့အတွက် level controller တစ်ခုလည်း ရှိပါသေးတယ်။ 
ကျွန်တော်လည်း အကူတစ်ယောက်နဲ့ ဘယ် level switch က ဘယ် အတွက်လဲဆိုတာ လိုက်စမ်းလိုက်တော့ trip အတွက် level switch ကို တွေ့သွားပါတယ်။ Circuit drawing ပြန်ဖတ်ကြည့်တော့ Trip signal ကို Timer တစ်ခုရဲ့ အထွက် NC contact နဲ့ ယူထားတာပါ။ အဲဒီ timer ကို trigger လုပ်ဖို့ relay နောက်တစ်လုံး အဝင်မှာ စောစောက level switch ရယ် level controller output ရယ် NC contact တွေ Series ဆက်ထားတာတွေ့ရပါတယ်။ တိုင်းကြည့်တော့ အဲဒီ NC contact loop က open ဖြစ်နေပါတယ်။ Level switch ကြောင့်လား level controller ကြောင့်လား မသေချာတာနဲ့ ယာယီ  jumper ဆက်ပြီး ကျော်လိုက်ပါတယ်။ အဲဒီတော့မှ relay activate ဖြစ်ပြီး timer off ဖြစ်သွားပါတယ်။ ခုမှ normal condition ရောက်သွားတာ။ ဆိုလိုတာက စောစောက loop open ဖြစ်နေတဲ့ အတွက် တစ်ကယ်ဆို timer ကို run ဖို့ trigger လုပ်လိုက်ပြီး timer ( 10 sec လောက်ဖြစ်မယ်ထင်ပါတယ်။) အချိန်ပြည့်တော့ trip signal ထွက်သွားရမှာပါ။ Boiler က run နေတယ်။ trip မဖြစ်ခဲ့ဘူး။ Timer မကောင်းလို့ များလား။
သေချာအောင် ထပ်စမ်းပါမယ်။ စောစောက jumper ကြိုးတစ်စ ဖြုတ်ပြီး Timer အဝင် loop ကို open လုပ်ပေလိုက်ပါတယ်။ Omron timer ပေါ်က အစိမ်းရောင် မီးလေး မှိတ်တုတ်မှိတ်တုတ် လင်းလာပါတယ်။ Timer စပြီး count နေပြီပေါ့။ အချိန်ပြည့်တော့ အနီရောင်မီးလေး လင်းလာတယ်။ ဒါဆို output ထွက်ရတော့မယ်။ Trip ဖြစ်မသွားတဲ့ အတွက် Contact ပွင့်မသွားတာလို့ ယူဆလိုက်ပါတယ်။ သေချာအောင် timer ရဲ့ NC contact ကို တိုင်းကြည့်တော့လည်း close ပြနေပါတယ်။ ဒါဆို timer မကောင်းတာပေါ့။ လဲဖို့ boiler ခဏရပ်ခိုင်းပါတယ်။ အမျိုးအစားတူ timer ကို ရှာခိုင်းဖို့ Timer ကို ဖြုတ်ယူခဲ့ပါတယ်။ 
လုပ်ရတဲ့နေရာက boiler မောင်းထားတော့ အရမ်းပူနေပြီး ကြာကြာမနေနိုင်ပါဘူး။ စစ်စရာရှိတာစစ် Drawing ဖတ်တာ ဘာတို့ကို ECR ထဲမှာ ခဏသွားပြီး အပူရှောင်။ နောက်မှ ဆက်လုပ်ရတာပါ။ ချွေးအရွှဲသားနဲ့ပေါ့။ အခုTimer ဖြုတ်ယူလာပြီး spare ရှာဖို့ လုပ်နေတုန်း သေချာကြည့်တော့မှ Timer ရဲ့ အောက်ဖက် 11 pin ခြေထောက်လေးတွေထဲက နှစ်ခုမှာ ကြိုးသေးသေးလေးနဲ့ jumper ကူးထားပါလား။ ပြန်ကြည့်တော့မှ Output NC pin နှစ်ခုကို jumper လုပ်ထားတာဖြစ်နေတယ်။ ဒါကြောင့် Timer ပြည့်တော့ output Contact က open ဖြစ်မသွားတာကိုး။ တော်လိုက်တဲ့ ရှေ့က ပုဂ္ဂိုလ်တွေ။ Level switch နဲ့ level probe controller ရဲ့ loop က open ဖြစ်နေတော့ shut signal အမြဲထွက်နေတာ အဲဒီ device တွေသေချာမစစ်ဘဲ၊ shutdown/ trip signal ထုတ်ပေးတဲ့ timer output မှာ short jumper နဲ့ကျော်ထားတာဘဲ။ Boiler မောင်းလို့ရအောင် ယာယီကျော်ထားတာဆိုယင်လည်း မြင်သာထင်သာ ကျော်ပါလား။ အခုတော့ timer အောက်မှာ ဝှက်ပြီး ကျော်ထားတယ်။ 
အဲဒီ bypass wire လေးဖြုတ်ပြီး ပြန်စမ်းကြည့်ပါတယ်။ Feed water low level loop ကို open လုပ်ပေးတော့ Boiler Shut down ဖြစ်သွားပါတယ်။ ဒီလိုဆိုတော့ timer လည်း ကောင်းတယ်ပေါ့။ 
ဒီတော့မှ စောစောက bypass လုပ်ခဲ့တဲ့ Low level loop ကို တစ်ခုစီ ပြန်စစ်ကြည့်ပါတယ်။ Level switch က ကောင်းပါတယ်။ Level probe အတွက် controller က မကောင်းဘူး။ အမြဲ open output ဘဲ ထွက်နေပါတယ်။ အဲဒီအပိုင်း jumper နဲ့ကျော်ခဲ့ပြီး Controller မှာဖို့ ပြောခဲ့ရပါတယ်။ နောက်ပြီး စက်ချုပ်ကို စမ်းပြခဲ့ပါတယ်။ အားလုံး အဆင်ပြေသွားပါတယ်။
နောက်မှသိရတာက ဒီသင်္ဘော အီတလီက ဝယ်ထားတာ မကြာသေးဘူးတဲ့။ ဒီပြဿနာက အယင်လူတွေလက်ထက်ထဲက စခဲ့တာ လို့ ဆိုပါတယ်။ 

No comments:

Post a Comment