Wednesday 22 August 2018

Generator (16) - DG black out at high load


Tanker တစ္စီးမွာ Diesel Generator(DG) No 3 က Load မ်ားမ်ား တင္လို႔ မရဘူး ေျပာပါတယ္။ သေဘၤာက ပိုင္ရွင္အသစ္လက္ထဲ ေရာက္တာ မၾကာေသးပါဘူး။ တ႐ုတ္ owner က အင္ဒိုလက္ထဲ ေရာင္းလိုက္တာဆိုေတာ့ crew ေတြအကုန္ 'အ' ေတြပါ။ အင္ဒိုနီးရွား လိုက္သြားၿပီး စစ္ေပးရတာပါ။ အက်ဳိးအေၾကာင္း ေမးၾကည့္ေတာ့ DG 3 က no load ေမာင္းတဲ့အခ်ိန္ Voltage နဲ႔ Frequency ပုံမွန္ထြက္တယ္။ Load တင္လိုက္ၿပီး 100 kW ေက်ာ္ရင္ Freq ေရာ Volt ေရာ က်သြားၿပီး black out ျဖစ္သြားတယ္ ေျပာပါတယ္။
ECR ထဲမွာ MSB ကိုၾကည့္လိုက္ေတာ့ လက္ရွိ DG2 တစ္လုံးထဲ ေမာင္းထားပါတယ္။ လက္ရွိ Load က 200 KW ေလာက္ရွိပါတယ္။ Generator ေတြရဲ႕ capacity က 500 KW ပါ။ Operating voltage က 450V နဲ႔ 60Hz ပါ။ DG ၃ လုံးစလုံးက တ႐ုတ္ engine နဲ႔ တ႐ုတ္ Alternator ေတြပါ။ စက္ ၂ ကို စမ္းေမာင္းျပဖို႔ ေျပာလိုက္ပါတယ္။ ဒီမွာ 'အ' ဓာတ္ႀကိဳးက ဘာမွ သိပ္မသိတဲ့ ပုံပါဘဲ။ စက္ ၂ က DG Operation, Synchronization အစစ လုပ္ေနတာ ေတြ႕ရတယ္။
DG 3 ေမာင္းၿပီး Frequency နဲ႔ Voltage တိုင္းၾကည့္ေတာ့ 60 Hz နဲ႔ 451 V မွာ ၿငိမ္ေနပါတယ္။ Hunting မရွိပါဘူး။ ဒါနဲ႔ DG 2 နဲ႔ synchro လုပ္ၿပီး parallel ခ်ိတ္ခိုင္းလိုက္ပါတယ္။ Auto mode မွာပဲ အလြယ္တစ္ကူ parallel ခ်ိတ္လို႔ ရသြားပါတယ္။ ဒါေပမဲ့ auto load sharing မွာ ဒုကၡေပးပါေတာ့တယ္။ တစ္ေတာက္၊ တစ္ေတာက္နဲ႔ MC ေတြဆြဲသံၾကားရၿပီး DG 3 ရဲ႕ Load က တစ္ျဖည္းျဖည္း တက္လာတာ 80 KW မွာ ဆက္မတက္ေတာ့ပါဘူး။ အဲဒီအခ်ိန္ DG 2 က 120 KW ေလာက္ရွိပါေသးတယ္။ ဒါနဲ႔ Manual mode ေျပာင္းၿပီး လက္နဲ႔ lever ဆြဲၿပီး DG 3 speed တင္ေပးၾကည့္ေပမဲ့ မထူးပါဘူး။ DG 2 ကို speed နည္းနည္းခ်ၾကည့္ေပမဲ့ သိပ္မထူးပါဘူး။ Freq ကေတာ့ 60Hz ေလာက္က မေျပာင္းပါဘူး။
ဒါနဲ႔ load ျပန္ေလွ်ာ့ၿပီး DG 3 ကို ျပန္ျဖဳ တ္လိုက္ပါတယ္။ Load မရွိေတာ့ DG 3 ရဲ႕ freq က 62 Hz ေလာက္ ထိုးတက္သြားပါတယ္။ ဒါနဲ႔ Manual speed ခ်ၾကည့္ေတာ့ 60Hz ျပန္က်ပါတယ္။ Speed အတင္အခ် lever ကို ကစားၾကည့္ေတာ့ Freq က ေခ်ာေခ်ာ ေမြ႕ေမြ႕ပဲ အတက္အက် ျပပါတယ္။
ဒီေတာ့ စဥ္းစားၾကည့္ပါတယ္။ No load မွာ frequency ေကာင္းေကာင္း မြန္မြန္ အတင္အခ် ရတယ္ဆိုေတာ့ Governor Motor နဲ႔ Control relay ေကာင္းတယ္ေပါ့။ Parallel ဆြဲတဲ့အခ်ိန္မွာ Load 80 KW ထက္ပို တိုးယူလို႔ မရဘူးဆိုေတာ့ သူ႔ rpm ကို ထပ္တင္လို႔ မရေတာ့တဲ့သေဘာပါ။
ဒီေနရာမွာ load sharing နဲ႔ ပတ္သတ္လို႔ နည္းနည္းေလး ေျပာျပခ်င္ပါတယ္။ Load sharing ၂ မ်ဳိးရွိပါတယ္။ Active Load sharing နဲ႔ Reactive Load sharing ပါ။ Active Load က တစ္ကယ္႐ုန္းရတဲ့ Load ျဖစ္တဲ့ KW ကိုေခၚတာပါ။ Reactive Load ကေတာ့ Voltage နဲ႔ Current ရဲ႕ Leading (သို႔) Lagging ျဖစ္တဲ့ သဘာဝ KVAR ပါ။ 
Parallel ေမာင္းေနတဲ့ generator ႏွစ္လုံးမွာ- 
1) Prime mover လို႔ ေခၚတဲ့ Engine ႏွစ္လုံး လည္ပတ္နႈံး (rpm) မတူတဲ့အခါ လည္တဲ့နႈံး ပိုျမန္တဲ့စက္က Load ကို ပိုထမ္းရပါတယ္။ ဒီေတာ့ rpm တူေအာင္ ညႇိေပးမွ active load တူပါမယ္။
2) ထြက္တဲ့ Voltage မညီရင္ Voltage ပိုမ်ားတဲ့ Generator က Reactive Load ကို ပိုမ်ားမ်ား ထမ္းရပါတယ္။ တစ္နည္းအားျဖင့္ Current ပိုဆြဲပါတယ္။ ဒါေၾကာင့္ load ဘယ္ေလာက္မွာျဖစ္ျဖစ္ စက္ ၂ လုံးကို Voltage တူေအာင္ ညႇိေပးမွ Reactive Load တူပါမယ္။

အခုျပႆနာမွာ KW ဆိုတဲ့ Active Load ကို ညီေအာင္ ညႇိလို႔ မရတာဆိုေတာ့ DG3 ရဲ႕ rpm က ပိုနည္းေနတဲ့ သေဘာပါ။ ထပ္တင္လို႔ မရေတာ့ဘူးဆိုေတာ့ mechanical နဲ႔ ပိုပတ္သတ္ေနပါၿပီ။ အမွန္က rpm က Load တင္လိုက္ရင္ နည္းနည္း က်သြားတတ္ပါတယ္။ အဲဒါကို ျပန္တက္ဖို႔ ဆီပိုေပးရပါတယ္။ အဲဒီလုပ္ငန္းကို Governor က အလိုအေလ်ာက္ လုပ္ေပးပါတယ္။ အခု Manual mode နဲ႔ Governor ကို ဆီပိုေပးဖို႔ ခိုင္းတာေတာင္ မတက္လာေတာ့ Governor ကျဖစ္ဖို႔ မ်ားေနပါၿပီ။ ကိုယ္ကလည္း Mechanical အပိုင္း မကၽြမ္းက်င္ေတာ့ ဒုကၡ။ Governor ကို သြားၾကည့္ေတာ့ Motor လို႔ သီးျခားမျမင္ရဘူး။ ေလးေထာင့္ပုံ အတုံးႀကီးမွာ လက္တံေလးေတြ ထြက္ထားတယ္။ က်န္တဲ့ wire connection ေတြလည္းရွိတာေပါ့။ 
စက္ခ်ဳပ္ကို အက်ဳိးအေၾကာင္းရွင္းျပပါတယ္။ Main suspect ကေတာ့ Governor ပါ။ က်န္တဲ့ fuel supply နဲ႔ ပတ္သတ္တာေတြလည္း ျဖစ္ႏိုင္တယ္။ Oil Pump, fuel line, filter, injector အစရွိတဲ့ ဟာေတြ စစ္ၾကည့္ပါလို႔ ကိုယ္ေတြးမိသမွ် ေျပာပါတယ္။ သူေျပာတာေတာ့ takeover လုပ္ၿပီးေတာ့ အဲဒီအပိုင္းေတြ စစ္ၿပီးၿပီ၊ filter ကလည္း အသစ္လို႔ ေျပာပါတယ္။
ခဏေနေတာ့ Super က ဖုန္းဆက္ၿပီး သုံးလို႔ရေအာင္ တစ္ခုခု လုပ္ေပးခဲ့ပါေျပာပါတယ္။ ေနာက္ဆုံး အၾကံေလးေတာ့ ေပးပါလို႔ ေျပာပါတယ္။ ခက္ကၿပီ။ ကိုယ္ကလည္း မကၽြမ္းက်င္တဲ့ အပိုင္းျဖစ္ေနတယ္။
ဒီေတာ့ DG manual စာအုပ္ကို အျပန္ျပန္အလွန္လွန္ဖတ္ၾကည့္တာေပါ့။ ေနာက္မွ ပုံတစ္ခုမွာ Governor ရဲ႕ hard limit ပုံေလးေတြ ေတြ႕ရပါတယ္။ Governor ရဲ႕ Max limit ေရာက္ရင္ ဆက္တင္လို႔မရေအာင္ hardware နဲ႔ ကန္႔သတ္ထားတာပါ။ အဲဒီ limit ကိုထိသြားလို႔မ်ားလား မသိ။ ဒါနဲ႔ DG3 ရဲ႕ Governor ကို သြားၾကည့္ပါတယ္။ သူ႔ arm position က အခု No load မွာ တစ္ဝက္ရဲ႕ အထက္ ၄ ပုံ ၃ ပုံ ေလာက္မွာ ေရာက္ေနပါၿပီ။ ဒီေတာ့ load တင္လိုက္ရင္ ထပ္ျမႇင့္စရာ margin သိပ္မက်န္ေတာ့ဘူး။ အတူလိုက္လာတဲ့ စက္ ၃ ကလည္း ေတြ႕ၿပီး သေဘာေပါက္တယ္။ Load transfer လုပ္တဲ့အခ်ိန္ အျမင့္ဆုံး ေရာက္သြားျဖစ္မယ္လို႔ ေျပာပါတယ္။ ဒါနဲ႔ ဘယ္လိုလုပ္လို႔ရမလဲ အျပန္ျပန္အလွန္လွန္ၾကည့္လိုက္ေတာ့ Linkage ေမာင္းတံေလးကို နည္းနည္းတိုေပးႏိုင္ရင္ margin ပိုရလာမယ္ဆိုတာ ေတြ႕လိုက္တယ္။ ဒါေပမဲ့ စက္အပိုင္းဆိုေတာ့ ပိုကၽြမ္းက်င္တဲ့ စက္ခ်ဳပ္ကို ေျပာျပၿပီး လုပ္ခိုင္းလိုက္ပါတယ္။ စက္ခ်ဳပ္နဲ႔ အဖြဲ႕လည္း joint ကိုျဖဳတ္ linkage ကို thread ႏွစ္ရစ္စာေလာက္ တိုလိုက္ၿပီး ျပန္တပ္ပါတယ္။
စက္ေမာင္းၾကည့္ေတာ့ no load မွာ Governor က အလယ္မွတ္ေလာက္မွာ ေရာက္ေနပါတယ္။ ဒီေတာ့ speed အတင္အခ် Margin ပိုလာၿပီေပါ့။ Parallel ေမာင္းၾကည့္ေတာ့ အဆင္ေျပသြားၿပီ။ Load sharing လည္း ညီသြားပါၿပီ။ DG3 တစ္လုံးထဲနဲ႔ 200 KW ေက်ာ္ေက်ာ္ load တင္ၾကည့္တာလည္း ေအးေအးေဆးေဆး ေမာင္းလို႔ရပါတယ္။ စက္ခ်ဳပ္တို႔လည္း စိတ္တိုင္းက် စမ္းေမာင္းၿပီး ေက်နပ္မွ ျပန္ခဲ့ပါေတာ့တယ္။
ေနာက္မွ စဥ္းစားမိတာက အခုလုပ္ခဲ့တာက Root Cause ကို ေျဖရွင္းတာ မဟုတ္ပဲ compensating လုပ္ေပးတာလားလို႔ပါ။ ဆိုလိုတာက အရင္ေကာင္းေနခဲ့တဲ့ စက္ဆိုရင္ ဒီ linkage အတံက အလိုလို ရွည္လာစရာအေၾကာင္းမရွိဘူးေလ။ အေၾကာင္းတစ္ခုခုေၾကာင့္ ဆီအဝင္နႈံး ေလ်ာ့သြားေတာ့ Governor က ပိုဖြင့္ေပးရလို႔ အေပၚ limit နားကပ္သြားတာ ျဖစ္မယ္။ ဘာပဲျဖစ္ျဖစ္ ေလာေလာဆယ္ေတာ့ သုံးလို႔ ရသြားတယ္ေပါ့။ အေျဖကေတာ့ အမွန္မဟုတ္ဘူးလို႔ ထင္ပါတယ္။

[Unicode]

Tanker တစ်စီးမှာ Diesel Generator(DG) No 3 က Load များများ တင်လို့ မရဘူး ပြောပါတယ်။ သင်္ဘောက ပိုင်ရှင်အသစ်လက်ထဲ ရောက်တာ မကြာသေးပါဘူး။ တရုတ် owner က အင်ဒိုလက်ထဲ ရောင်းလိုက်တာဆိုတော့ crew တွေအကုန် 'အ' တွေပါ။ အင်ဒိုနီးရှား လိုက်သွားပြီး စစ်ပေးရတာပါ။ အကျိုးအကြောင်း မေးကြည့်တော့ DG 3 က no load မောင်းတဲ့အချိန် Voltage နဲ့ Frequency ပုံမှန်ထွက်တယ်။ Load တင်လိုက်ပြီး 100 kW ကျော်ရင် Freq ရော Volt ရော ကျသွားပြီး black out ဖြစ်သွားတယ် ပြောပါတယ်။
ECR ထဲမှာ MSB ကိုကြည့်လိုက်တော့ လက်ရှိ DG2 တစ်လုံးထဲ မောင်းထားပါတယ်။ လက်ရှိ Load က 200 KW လောက်ရှိပါတယ်။ Generator တွေရဲ့ capacity က 500 KW ပါ။ Operating voltage က 450V နဲ့ 60Hz ပါ။ DG ၃ လုံးစလုံးက တရုတ် engine နဲ့ တရုတ် Alternator တွေပါ။ စက် ၂ ကို စမ်းမောင်းပြဖို့ ပြောလိုက်ပါတယ်။ ဒီမှာ 'အ' ဓာတ်ကြိုးက ဘာမှ သိပ်မသိတဲ့ ပုံပါဘဲ။ စက် ၂ က DG Operation, Synchronization အစစ လုပ်နေတာ တွေ့ရတယ်။
DG 3 မောင်းပြီး Frequency နဲ့ Voltage တိုင်းကြည့်တော့ 60 Hz နဲ့ 451 V မှာ ငြိမ်နေပါတယ်။ Hunting မရှိပါဘူး။ ဒါနဲ့ DG 2 နဲ့ synchro လုပ်ပြီး parallel ချိတ်ခိုင်းလိုက်ပါတယ်။ Auto mode မှာပဲ အလွယ်တစ်ကူ parallel ချိတ်လို့ ရသွားပါတယ်။ ဒါပေမဲ့ auto load sharing မှာ ဒုက္ခပေးပါတော့တယ်။ တစ်တောက်၊ တစ်တောက်နဲ့ MC တွေဆွဲသံကြားရပြီး DG 3 ရဲ့ Load က တစ်ဖြည်းဖြည်း တက်လာတာ 80 KW မှာ ဆက်မတက်တော့ပါဘူး။ အဲဒီအချိန် DG 2 က 120 KW လောက်ရှိပါသေးတယ်။ ဒါနဲ့ Manual mode ပြောင်းပြီး လက်နဲ့ lever ဆွဲပြီး DG 3 speed တင်ပေးကြည့်ပေမဲ့ မထူးပါဘူး။ DG 2 ကို speed နည်းနည်းချကြည့်ပေမဲ့ သိပ်မထူးပါဘူး။ Freq ကတော့ 60Hz လောက်က မပြောင်းပါဘူး။
ဒါနဲ့ load ပြန်လျှော့ပြီး DG 3 ကို ပြန်ဖြု တ်လိုက်ပါတယ်။ Load မရှိတော့ DG 3 ရဲ့ freq က 62 Hz လောက် ထိုးတက်သွားပါတယ်။ ဒါနဲ့ Manual speed ချကြည့်တော့ 60Hz ပြန်ကျပါတယ်။ Speed အတင်အချ lever ကို ကစားကြည့်တော့ Freq က ချောချော မွေ့မွေ့ပဲ အတက်အကျ ပြပါတယ်။
ဒီတော့ စဉ်းစားကြည့်ပါတယ်။ No load မှာ frequency ကောင်းကောင်း မွန်မွန် အတင်အချ ရတယ်ဆိုတော့ Governor Motor နဲ့ Control relay ကောင်းတယ်ပေါ့။ Parallel ဆွဲတဲ့အချိန်မှာ Load 80 KW ထက်ပို တိုးယူလို့ မရဘူးဆိုတော့ သူ့ rpm ကို ထပ်တင်လို့ မရတော့တဲ့သဘောပါ။
ဒီနေရာမှာ load sharing နဲ့ ပတ်သတ်လို့ နည်းနည်းလေး ပြောပြချင်ပါတယ်။ Load sharing ၂ မျိုးရှိပါတယ်။ Active Load sharing နဲ့ Reactive Load sharing ပါ။ Active Load က တစ်ကယ်ရုန်းရတဲ့ Load ဖြစ်တဲ့ KW ကိုခေါ်တာပါ။ Reactive Load ကတော့ Voltage နဲ့ Current ရဲ့ Leading (သို့) Lagging ဖြစ်တဲ့ သဘာဝ KVAR ပါ။ 
Parallel မောင်းနေတဲ့ generator နှစ်လုံးမှာ- 
1) Prime mover လို့ ခေါ်တဲ့ Engine နှစ်လုံး လည်ပတ်နှုံး (rpm) မတူတဲ့အခါ လည်တဲ့နှုံး ပိုမြန်တဲ့စက်က Load ကို ပိုထမ်းရပါတယ်။ ဒီတော့ rpm တူအောင် ညှိပေးမှ active load တူပါမယ်။
2) ထွက်တဲ့ Voltage မညီရင် Voltage ပိုများတဲ့ Generator က Reactive Load ကို ပိုများများ ထမ်းရပါတယ်။ တစ်နည်းအားဖြင့် Current ပိုဆွဲပါတယ်။ ဒါကြောင့် load ဘယ်လောက်မှာဖြစ်ဖြစ် စက် ၂ လုံးကို Voltage တူအောင် ညှိပေးမှ Reactive Load တူပါမယ်။

အခုပြဿနာမှာ KW ဆိုတဲ့ Active Load ကို ညီအောင် ညှိလို့ မရတာဆိုတော့ DG3 ရဲ့ rpm က ပိုနည်းနေတဲ့ သဘောပါ။ ထပ်တင်လို့ မရတော့ဘူးဆိုတော့ mechanical နဲ့ ပိုပတ်သတ်နေပါပြီ။ အမှန်က rpm က Load တင်လိုက်ရင် နည်းနည်း ကျသွားတတ်ပါတယ်။ အဲဒါကို ပြန်တက်ဖို့ ဆီပိုပေးရပါတယ်။ အဲဒီလုပ်ငန်းကို Governor က အလိုအလျောက် လုပ်ပေးပါတယ်။ အခု Manual mode နဲ့ Governor ကို ဆီပိုပေးဖို့ ခိုင်းတာတောင် မတက်လာတော့ Governor ကဖြစ်ဖို့ များနေပါပြီ။ ကိုယ်ကလည်း Mechanical အပိုင်း မကျွမ်းကျင်တော့ ဒုက္ခ။ Governor ကို သွားကြည့်တော့ Motor လို့ သီးခြားမမြင်ရဘူး။ လေးထောင့်ပုံ အတုံးကြီးမှာ လက်တံလေးတွေ ထွက်ထားတယ်။ ကျန်တဲ့ wire connection တွေလည်းရှိတာပေါ့။ 
စက်ချုပ်ကို အကျိုးအကြောင်းရှင်းပြပါတယ်။ Main suspect ကတော့ Governor ပါ။ ကျန်တဲ့ fuel supply နဲ့ ပတ်သတ်တာတွေလည်း ဖြစ်နိုင်တယ်။ Oil Pump, fuel line, filter, injector အစရှိတဲ့ ဟာတွေ စစ်ကြည့်ပါလို့ ကိုယ်တွေးမိသမျှ ပြောပါတယ်။ သူပြောတာတော့ takeover လုပ်ပြီးတော့ အဲဒီအပိုင်းတွေ စစ်ပြီးပြီ၊ filter ကလည်း အသစ်လို့ ပြောပါတယ်။
ခဏနေတော့ Super က ဖုန်းဆက်ပြီး သုံးလို့ရအောင် တစ်ခုခု လုပ်ပေးခဲ့ပါပြောပါတယ်။ နောက်ဆုံး အကြံလေးတော့ ပေးပါလို့ ပြောပါတယ်။ ခက်ကပြီ။ ကိုယ်ကလည်း မကျွမ်းကျင်တဲ့ အပိုင်းဖြစ်နေတယ်။
ဒီတော့ DG manual စာအုပ်ကို အပြန်ပြန်အလှန်လှန်ဖတ်ကြည့်တာပေါ့။ နောက်မှ ပုံတစ်ခုမှာ Governor ရဲ့ hard limit ပုံလေးတွေ တွေ့ရပါတယ်။ Governor ရဲ့ Max limit ရောက်ရင် ဆက်တင်လို့မရအောင် hardware နဲ့ ကန့်သတ်ထားတာပါ။ အဲဒီ limit ကိုထိသွားလို့များလား မသိ။ ဒါနဲ့ DG3 ရဲ့ Governor ကို သွားကြည့်ပါတယ်။ သူ့ arm position က အခု No load မှာ တစ်ဝက်ရဲ့ အထက် ၄ ပုံ ၃ ပုံ လောက်မှာ ရောက်နေပါပြီ။ ဒီတော့ load တင်လိုက်ရင် ထပ်မြှင့်စရာ margin သိပ်မကျန်တော့ဘူး။ အတူလိုက်လာတဲ့ စက် ၃ ကလည်း တွေ့ပြီး သဘောပေါက်တယ်။ Load transfer လုပ်တဲ့အချိန် အမြင့်ဆုံး ရောက်သွားဖြစ်မယ်လို့ ပြောပါတယ်။ ဒါနဲ့ ဘယ်လိုလုပ်လို့ရမလဲ အပြန်ပြန်အလှန်လှန်ကြည့်လိုက်တော့ Linkage မောင်းတံလေးကို နည်းနည်းတိုပေးနိုင်ရင် margin ပိုရလာမယ်ဆိုတာ တွေ့လိုက်တယ်။ ဒါပေမဲ့ စက်အပိုင်းဆိုတော့ ပိုကျွမ်းကျင်တဲ့ စက်ချုပ်ကို ပြောပြပြီး လုပ်ခိုင်းလိုက်ပါတယ်။ စက်ချုပ်နဲ့ အဖွဲ့လည်း joint ကိုဖြုတ် linkage ကို thread နှစ်ရစ်စာလောက် တိုလိုက်ပြီး ပြန်တပ်ပါတယ်။
စက်မောင်းကြည့်တော့ no load မှာ Governor က အလယ်မှတ်လောက်မှာ ရောက်နေပါတယ်။ ဒီတော့ speed အတင်အချ Margin ပိုလာပြီပေါ့။ Parallel မောင်းကြည့်တော့ အဆင်ပြေသွားပြီ။ Load sharing လည်း ညီသွားပါပြီ။ DG3 တစ်လုံးထဲနဲ့ 200 KW ကျော်ကျော် load တင်ကြည့်တာလည်း အေးအေးဆေးဆေး မောင်းလို့ရပါတယ်။ စက်ချုပ်တို့လည်း စိတ်တိုင်းကျ စမ်းမောင်းပြီး ကျေနပ်မှ ပြန်ခဲ့ပါတော့တယ်။
နောက်မှ စဉ်းစားမိတာက အခုလုပ်ခဲ့တာက Root Cause ကို ဖြေရှင်းတာ မဟုတ်ပဲ compensating လုပ်ပေးတာလားလို့ပါ။ ဆိုလိုတာက အရင်ကောင်းနေခဲ့တဲ့ စက်ဆိုရင် ဒီ linkage အတံက အလိုလို ရှည်လာစရာအကြောင်းမရှိဘူးလေ။ အကြောင်းတစ်ခုခုကြောင့် ဆီအဝင်နှုံး လျော့သွားတော့ Governor က ပိုဖွင့်ပေးရလို့ အပေါ် limit နားကပ်သွားတာ ဖြစ်မယ်။ ဘာပဲဖြစ်ဖြစ် လောလောဆယ်တော့ သုံးလို့ ရသွားတယ်ပေါ့။ အဖြေကတော့ အမှန်မဟုတ်ဘူးလို့ ထင်ပါတယ်။

No comments:

Post a Comment