Thursday 2 August 2018

Cargo Pump Control (2) - RPM Indicator Problem


ေတာ္ေတာ္ေလးေတာ့ ၾကာသြားပါၿပီ။ Tanker တစ္စီး Dock ဝင္တုန္းကပါ။ Cargo Pump ရဲ႕ RPM indicator မွန္မွန္ အလုပ္မလုပ္ဘူး ေျပာလို႔ ၾကည့္ေပးရပါတယ္။ အင္ဒို စက္ခ်ဳပ္က ေျပာတာေတာ့ Rpm ျပတာ မမွန္တာရယ္၊ engine run indicator မျပတာရယ္ ျပႆနာ ၂ ခုရွိတယ္ ေျပာပါတယ္။ 
အစဆုံး CCR console မွာ RPM မီတာခြက္ေတြ ေတြ႕ရပါတယ္။ သူ႔နားမွာ run နဲ႔ overspeed trip indicator မီးလုံးေတြ ေတြ႕ရပါတယ္။ Cargo pump ၄ လုံးအတြက္ ၄ စုံရွိပါတယ္။
 
Cargo pump ေတြ ရွိတဲ့ေနရာ ဆင္းၾကည့္ပါတယ္။ တစ္ကယ့္ pump ေတြကေတာ့ pump room ထဲမွာပါ။ ဒါေပမဲ့ အဲဒီ pump ေတြကို ေမာင္းတဲ့ engine ေတြကေတာ့ Engine Room ထဲမွာပါ။ နံရံကို ေဖါက္ၿပီး shaft နဲ႔ ဆက္ထားပါတယ္။ Shaft အေျခမွာ gear နဲ႔ ခ်ိတ္ထားတဲ့ techogenerator တစ္ခုစီ ရွိပါတယ္။
ၾကဳံလို႔ေျပာျပပါဦးမယ္။ Techogenerator မွာ ၂ မ်ဳိးရွိပါတယ္။ AC နဲ႔ DC ပါ။ AC အမ်ဳိးအစားရဲ႕ output signal က frequency ျဖစ္ပါတယ္။  Speed (rpm) အနည္းအမ်ားေပၚ မူတည္လို႔ frequency ေျပာင္းပါတယ္။ DC အမ်ဳိးအစားကေတာ့ voltage output signal ထုတ္ေပးပါတယ္။ Rpm ေပၚမူတည္ၿပီး voltage ေျပာင္းတာေပါ့။ အခုဒီမွာ သုံးထားတာက AC အမ်ဳိးအစားပါ။
 
ေနာက္ circuit diagram ျပန္ဖတ္ၾကည့္ပါတယ္။ အဲဒီေတာ့ ရွင္းရွင္းလင္းလင္း သိရပါတယ္။ Techogenerator ကထြက္တဲ့ signal ကို CCR က RPM indicator မီတာခြက္ဆီ တိုက္႐ိုက္ ေပးပါတယ္။ အဲဒီ indicator နဲ႔ အၿပိဳင္speed relay ၂ ခုကိုပါ ေပးထားပါတယ္။ Speed relay တစ္လုံးက Run signal ျဖစ္ၿပီး ေနာက္တစ္လုံးက overspeed အတြက္ ျဖစ္ပါတယ္။ ဒီေတာ့ လုပ္ရတာ လြယ္သြားပါၿပီ။
အစဆုံး CCR console မွာ lamp test ခလုတ္နဲ႔ စမ္းၾကည့္ေတာ့ Indicator မီးလုံးေတြ အကုန္လင္းပါတယ္။ မီးလုံးကၽြမ္းၿပီး မလင္းတာ မဟုတ္ေတာ့ဘူး။ ေနာက္ RPM indicator မီတာခြက္ေတြရဲ႕ Zero position ကို ညႇိပါတယ္။ ၿပီးတာနဲ႔ Pump ေတြတစ္လုံးစီ ေမာင္းစမ္းပါတယ္။ Portable tachometer ေလးနဲ႔ shaft မွာ တိုင္းၾကည့္ေတာ့ 1500 rpm ရပါတယ္။ CCR က Indicator ရဲ႕ အဝင္ တိုင္းၾကည့္ေတာ့ frequency တစ္ခုထြက္ပါတယ္။ Pointer display ကို 1500 နဲ႔ ညီေအာင္ မီတာခြက္ ေနာက္ေက်ာက Gain နဲ႔ ညိႇေပးလိုက္ပါတယ္။
Indicator ၂ လုံးက ညႇိစရာမလိုပဲ အမွန္ျပေနပါတယ္။ ဒီေတာ့ indicator calibration အပိုင္းက အဆင္ေျပေနပါၿပီ။ Run Indicator ေတြက မီးမလင္းပါဘူး။ 
 
ဒါနဲ႔ Control Panel ထဲမွာ Speed relay ေတြ သြားရွာၾကည့္ပါတယ္။ Speed relay ေတြက ေလးေထာင့္ သံတုံးေလးေတြနဲ႔ တူပါတယ္။ ဂ်ပန္ Shinko က ထုတ္တာပါ။ အဝင္ႀကိဳးက frequency တိုင္းၾကည့္ေတာ့ signal ရွိပါတယ္။ အထြက္ contact က အလုပ္မလုပ္ပါဘူး။ Setting ကို ညႇိၾကည့္ေပမဲ့ အဆင္မေျပပါဘူး။ ဒီေတာ့ Speed relay ေတြ လဲဖို႔ Super နဲ႔ စကားေျပာရပါတယ္။
ဒီလို speed relay ေတြက ရွာဖို႔ မလြယ္ပါဘူး။ ဒါနဲ႔ Super နဲ႔ ေဆြးေႏြးၾကည့္ပါတယ္။ ဒီ original relay ေတြ ရွာဖို႔ မလြယ္တာ၊ အခ်ိန္ၾကာတာ ဆိုရင္ သေဘၤာထြက္ခ်ိန္မီမွာ မဟုတ္ဘူး။ ဒီေတာ့ အဲဒီ relay ေနရာမွာ အစားထိုးဖို႔ PR electronic ကထုတ္တဲ့ Frequency Converter သုံးဖို႔ အၾကံျပဳလိုက္ပါတယ္။ PR module ေတြက အလြယ္တကူ ဝယ္လို႔ ရတယ္ေလ။ Super သေဘာတူတာနဲ႔ PR 5725 controller ၄ လုံး ဝယ္ခိုင္းလိုက္ပါတယ္။ ဘာလို႔လဲဆိုေတာ့ module တစ္ခုက output ၂ ခု ထုတ္လို႔ ရပါတယ္။ ဒီေတာ့ Run signal နဲ႔ overspeed ကို relay ၂ လုံး သုံးမယ့္အစား Controller တစ္ခုထဲနဲ႔ အလုပ္ျဖစ္ပါတယ္။

ေနာက္ရက္ ပစၥည္းရတာနဲ႔ သြားတပ္လိုက္ပါတယ္။ ဒီ controller ရဲ႕ အားသာခ်က္က DC 20-250V, AC 20-300V ဘယ္ power supply ျဖစ္ျဖစ္ထည့္လို႔ရတယ္။ Auto detect လုပ္ပါတယ္။ ဒီေတာ့ power supply မကိုက္မွာ မစိုးရိမ္ရေတာ့ဘူးေပါ့။ ပိုေကာင္းတာက LED display နဲ႔ လက္ရွိ တန္ဖိုးေတြ ျပေပးပါတယ္။ Output Level ၂ ခုကို စိတ္ႀကိဳက္ ထားလို႔ ရပါတယ္။ ဒီေတာ့ ပထမ 1500 rpm မွာ techogenerator ကထြက္တဲ့ Hz တန္ဘိုးကို အေျခခံၿပီး အရင္ speed relay အေဟာင္းရဲ႕ Setting အရ တြက္ထည့္ေပးလိုက္ပါတယ္။
အားလုံး တပ္ၿပီး စမ္းၾကတဲ့အခါ မေမွ်ာ္လင့္တဲ့ ျပႆနာ တစ္ခုတက္ပါတယ္။ Techogenerator ကထြက္တဲ့ ႀကိဳး ၂ ေခ်ာင္းကို သူ႔ အၫႊန္းထဲမွာပါတဲ့အတိုင္း controller ရဲ႕ terminal ၂ ခုမွာ ဆက္ထားပါတယ္။ ဒါေပမဲ့ Pump run တဲ့အခ်ိန္ rpm indicator မွာ 1500 ျပရဲ႕သားနဲ႔ PR controller မွာ လက္ရွိတန္ဖိုးက 0 ပဲ ျပပါတယ္။ 
ဒါနဲ႔ PR ကုမၸဏီက support ကို ဖုန္းဆက္ေမးၾကည့္ပါတယ္။ သူတို႔ေျပာတာလည္း အဲဒီနည္းအတိုင္းဆက္တာ မွန္တယ္။ output ရသင့္တယ္လို႔ ဆိုပါတယ္။ သူတို႔လည္း သိပ္မကူႏိုင္ေတာ့ စဥ္းစားရပါၿပီ။ Controller သုံးတဲ့ power supply က သေဘၤာ power source ကယူထားတာ။ Signal (frequency) က techogenerator ကထုတ္ေပးတာ။ ဒီေတာ့ မတူတဲ့ power source ျဖစ္တဲ့အတြက္ voltage level reference line ကြာေနလို႔ sense မလုပ္ႏိုင္တာမ်ားလား။ ဒါဆို techogenerator တစ္စကို power supply ရဲ႕ N နဲ႔ဆက္မလား၊ Ground နဲ႔ ဆက္မလား တစ္ခုခု လုပ္ၾကည့္ဖို႔ စိတ္ကူးေပၚလာပါတယ္။ ဒါေပမဲ့ N နဲ႔ ဆက္လိုက္ရင္ MSB Insulation Monitor မွာ ျပႆနာေပးႏိုင္ပါတယ္။ ဒီေတာ့ Ground နဲ႔ဆက္ၾကည့္ဖို႔ ဆုံးျဖတ္လိုက္ပါတယ္။ ဒါနဲ႔ အဲဒီအတိုင္ စမ္းၾကည့္လိုက္ေတာ့ output (PV) တန္ဖိုးေတြ ျပေနပါၿပီ။ Multimeter နဲ႔ တိုင္းလို႔ရတဲ့ Hz တန္ဖိုးနဲ႔ ညီပါတယ္။ 
ကၽြန္ေတာ္လည္း ေပ်ာ္သြားပါတယ္။ အားလုံး ဆက္ၿပီးေတာ့ စက္ခ်ဳပ္နဲ႔အတူ စမ္းၾကည့္ၾကပါတယ္။ အားလုံး အဆင္ေျပသြားပါၿပီ။ Run Indicator လည္း ျပပါၿပီ။ Overspeed စမ္းေတာ့လည္း trip signal ထြက္ပါတယ္။ Drawing မွာ Mark up လုပ္ေပး၊ Report ေရးၿပီး ျပန္ခဲ့ပါေတာ့တယ္။
 
[Unicode]

တော်တော်လေးတော့ ကြာသွားပါပြီ။ Tanker တစ်စီး Dock ဝင်တုန်းကပါ။ Cargo Pump ရဲ့ RPM indicator မှန်မှန် အလုပ်မလုပ်ဘူး ပြောလို့ ကြည့်ပေးရပါတယ်။ အင်ဒို စက်ချုပ်က ပြောတာတော့ Rpm ပြတာ မမှန်တာရယ်၊ engine run indicator မပြတာရယ် ပြဿနာ ၂ ခုရှိတယ် ပြောပါတယ်။
အစဆုံး CCR console မှာ RPM မီတာခွက်တွေ တွေ့ရပါတယ်။ သူ့နားမှာ run နဲ့ overspeed trip indicator မီးလုံးတွေ တွေ့ရပါတယ်။ Cargo pump ၄ လုံးအတွက် ၄ စုံရှိပါတယ်။
Cargo pump တွေ ရှိတဲ့နေရာ ဆင်းကြည့်ပါတယ်။ တစ်ကယ့် pump တွေကတော့ pump room ထဲမှာပါ။ ဒါပေမဲ့ အဲဒီ pump တွေကို မောင်းတဲ့ engine တွေကတော့ Engine Room ထဲမှာပါ။ နံရံကို ဖေါက်ပြီး shaft နဲ့ ဆက်ထားပါတယ်။ Shaft အခြေမှာ gear နဲ့ ချိတ်ထားတဲ့ techogenerator တစ်ခုစီ ရှိပါတယ်။
ကြုံလို့ပြောပြပါဦးမယ်။ Techogenerator မှာ ၂ မျိုးရှိပါတယ်။ AC နဲ့ DC ပါ။ AC အမျိုးအစားရဲ့ output signal က frequency ဖြစ်ပါတယ်။  Speed (rpm) အနည်းအများပေါ် မူတည်လို့ frequency ပြောင်းပါတယ်။ DC အမျိုးအစားကတော့ voltage output signal ထုတ်ပေးပါတယ်။ Rpm ပေါ်မူတည်ပြီး voltage ပြောင်းတာပေါ့။ အခုဒီမှာ သုံးထားတာက AC အမျိုးအစားပါ။
နောက် circuit diagram ပြန်ဖတ်ကြည့်ပါတယ်။ အဲဒီတော့ ရှင်းရှင်းလင်းလင်း သိရပါတယ်။ Techogenerator ကထွက်တဲ့ signal ကို CCR က RPM indicator မီတာခွက်ဆီ တိုက်ရိုက် ပေးပါတယ်။ အဲဒီ indicator နဲ့ အပြိုင်speed relay ၂ ခုကိုပါ ပေးထားပါတယ်။ Speed relay တစ်လုံးက Run signal ဖြစ်ပြီး နောက်တစ်လုံးက overspeed အတွက် ဖြစ်ပါတယ်။ ဒီတော့ လုပ်ရတာ လွယ်သွားပါပြီ။
အစဆုံး CCR console မှာ lamp test ခလုတ်နဲ့ စမ်းကြည့်တော့ Indicator မီးလုံးတွေ အကုန်လင်းပါတယ်။ မီးလုံးကျွမ်းပြီး မလင်းတာ မဟုတ်တော့ဘူး။ နောက် RPM indicator မီတာခွက်တွေရဲ့ Zero position ကို ညှိပါတယ်။ ပြီးတာနဲ့ Pump တွေတစ်လုံးစီ မောင်းစမ်းပါတယ်။ Portable tachometer လေးနဲ့ shaft မှာ တိုင်းကြည့်တော့ 1500 rpm ရပါတယ်။ CCR က Indicator ရဲ့ အဝင် တိုင်းကြည့်တော့ frequency တစ်ခုထွက်ပါတယ်။ Pointer display ကို 1500 နဲ့ ညီအောင် မီတာခွက် နောက်ကျောက Gain နဲ့ ညှိပေးလိုက်ပါတယ်။
Indicator ၂ လုံးက ညှိစရာမလိုပဲ အမှန်ပြနေပါတယ်။ ဒီတော့ indicator calibration အပိုင်းက အဆင်ပြေနေပါပြီ။ Run Indicator တွေက မီးမလင်းပါဘူး။
ဒါနဲ့ Control Panel ထဲမှာ Speed relay တွေ သွားရှာကြည့်ပါတယ်။ Speed relay တွေက လေးထောင့် သံတုံးလေးတွေနဲ့ တူပါတယ်။ ဂျပန် Shinko က ထုတ်တာပါ။ အဝင်ကြိုးက frequency တိုင်းကြည့်တော့ signal ရှိပါတယ်။ အထွက် contact က အလုပ်မလုပ်ပါဘူး။ Setting ကို ညှိကြည့်ပေမဲ့ အဆင်မပြေပါဘူး။ ဒီတော့ Speed relay တွေ လဲဖို့ Super နဲ့ စကားပြောရပါတယ်။
ဒီလို speed relay တွေက ရှာဖို့ မလွယ်ပါဘူး။ ဒါနဲ့ Super နဲ့ ဆွေးနွေးကြည့်ပါတယ်။ ဒီ original relay တွေ ရှာဖို့ မလွယ်တာ၊ အချိန်ကြာတာ ဆိုရင် သင်္ဘောထွက်ချိန်မီမှာ မဟုတ်ဘူး။ ဒီတော့ အဲဒီ relay နေရာမှာ အစားထိုးဖို့ PR electronic ကထုတ်တဲ့ Frequency Converter သုံးဖို့ အကြံပြုလိုက်ပါတယ်။ PR module တွေက အလွယ်တကူ ဝယ်လို့ ရတယ်လေ။ Super သဘောတူတာနဲ့ PR 5725 controller ၄ လုံး ဝယ်ခိုင်းလိုက်ပါတယ်။ ဘာလို့လဲဆိုတော့ module တစ်ခုက output ၂ ခု ထုတ်လို့ ရပါတယ်။ ဒီတော့ Run signal နဲ့ overspeed ကို relay ၂ လုံး သုံးမယ့်အစား Controller တစ်ခုထဲနဲ့ အလုပ်ဖြစ်ပါတယ်။

နောက်ရက် ပစ္စည်းရတာနဲ့ သွားတပ်လိုက်ပါတယ်။ ဒီ controller ရဲ့ အားသာချက်က DC 20-250V, AC 20-300V ဘယ် power supply ဖြစ်ဖြစ်ထည့်လို့ရတယ်။ Auto detect လုပ်ပါတယ်။ ဒီတော့ power supply မကိုက်မှာ မစိုးရိမ်ရတော့ဘူးပေါ့။ ပိုကောင်းတာက LED display နဲ့ လက်ရှိ တန်ဖိုးတွေ ပြပေးပါတယ်။ Output Level ၂ ခုကို စိတ်ကြိုက် ထားလို့ ရပါတယ်။ ဒီတော့ ပထမ 1500 rpm မှာ techogenerator ကထွက်တဲ့ Hz တန်ဘိုးကို အခြေခံပြီး အရင် speed relay အဟောင်းရဲ့ Setting အရ တွက်ထည့်ပေးလိုက်ပါတယ်။
အားလုံး တပ်ပြီး စမ်းကြတဲ့အခါ မမျှော်လင့်တဲ့ ပြဿနာ တစ်ခုတက်ပါတယ်။ Techogenerator ကထွက်တဲ့ ကြိုး ၂ ချောင်းကို သူ့ အညွှန်းထဲမှာပါတဲ့အတိုင်း controller ရဲ့ terminal ၂ ခုမှာ ဆက်ထားပါတယ်။ ဒါပေမဲ့ Pump run တဲ့အချိန် rpm indicator မှာ 1500 ပြရဲ့သားနဲ့ PR controller မှာ လက်ရှိတန်ဖိုးက 0 ပဲ ပြပါတယ်။ ဒါနဲ့ PR ကုမ္ပဏီက support ကို ဖုန်းဆက်မေးကြည့်ပါတယ်။ သူတို့ပြောတာလည်း အဲဒီနည်းအတိုင်းဆက်တာ မှန်တယ်။ output ရသင့်တယ်လို့ ဆိုပါတယ်။ သူတို့လည်း သိပ်မကူနိုင်တော့ စဉ်းစားရပါပြီ။ Controller သုံးတဲ့ power supply က သင်္ဘော power source ကယူထားတာ။ Signal (frequency) က techogenerator ကထုတ်ပေးတာ။ ဒီတော့ မတူတဲ့ power source ဖြစ်တဲ့အတွက် voltage level reference line ကွာနေလို့ sense မလုပ်နိုင်တာများလား။ ဒါဆို techogenerator တစ်စကို power supply ရဲ့ N နဲ့ဆက်မလား၊ Ground နဲ့ ဆက်မလား တစ်ခုခု လုပ်ကြည့်ဖို့ စိတ်ကူးပေါ်လာပါတယ်။ ဒါပေမဲ့ N နဲ့ ဆက်လိုက်ရင် MSB Insulation Monitor မှာ ပြဿနာပေးနိုင်ပါတယ်။ ဒီတော့ Ground နဲ့ဆက်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါနဲ့ အဲဒီအတိုင် စမ်းကြည့်လိုက်တော့ output (PV) တန်ဖိုးတွေ ပြနေပါပြီ။ Multimeter နဲ့ တိုင်းလို့ရတဲ့ Hz တန်ဖိုးနဲ့ ညီပါတယ်။ ကျွန်တော်လည်း ပျော်သွားပါတယ်။ အားလုံး ဆက်ပြီးတော့ စက်ချုပ်နဲ့အတူ စမ်းကြည့်ကြပါတယ်။ အားလုံး အဆင်ပြေသွားပါပြီ။ Run Indicator လည်း ပြပါပြီ။ Overspeed စမ်းတော့လည်း trip signal ထွက်ပါတယ်။ Drawing မှာ Mark up လုပ်ပေး၊ Report ရေးပြီး ပြန်ခဲ့ပါတော့တယ်။

No comments:

Post a Comment