Thursday 9 August 2018

Cargo Pump Control (3) - Cannot Start Cargo Compressor


LNG သေဘၤာတစ္စီးမွာပါ။ နည္းနည္း ေတြ႕ရခဲတဲ့ ပစၥည္းေလးတစ္ခုပါလို႔ ေျပာျပခ်င္ပါတယ္။ Cargo Compressor စ မရလို႔ သြားၾကည့္ေပးရပါတယ္။ ျပႆနာက အခ်ိန္တိုတာပါ။ ၄-၅ နာရီပဲ အခ်ိန္ရမယ္။ ၿပီးရင္ သေဘၤာက ဆက္ထြက္မွာပါ။ ဒီေတာ့ ႀကိဳးစားၾကည့္ေပးမယ္။ ေသခ်ာေပါက္ရမယ္ေတာ့ အာမ မခံဘူးလို႔။
သေဘၤာမွာ အေပၚပိုင္း အရာရွိေတြက အျဖဴေတြပါ။ သူတို႔ေျပာျပခ်က္အရ Cargo Compressor က ၂ လုံးရွိပါတယ္။ နံပါတ္ ၂ က ေမာင္းလို႔ရတယ္။ နံပါတ္ ၁ ကို ေမာင္းလို႔မရဘူး ေျပာပါတယ္။ ဒါနဲ႔ System ကို နားလည္ေအာင္ အရင္ လိုက္ၾကည့္ပါတယ္။ Cargo Compressor ရဲ႕ Start/ Stop Control က LNG tank ေတြနားက field site မွာပါ။ PLC Panel က CCR ထဲမွာ ရွိပါတယ္။ PLC Panel မွာ ၂ ပိုင္း ရွိပါတယ္။ ေစာေစာက field က လာတဲ့ signal ေတြက ABB ရဲ႕ I/O card ေတြ အမ်ားႀကီးပါတဲ့ Cabinet ထဲကို ဝင္ပါတယ္။ အဲဒီက တစ္ဆင့္ Siemens Main PLC Rack ေတြဆီျပန္ဝင္ပါတယ္။ Main PLC က Profibus သုံးၿပီး ECR ထဲက Cargo Pump Control Panel ထဲကို လွမ္းေမာင္းေပးပါတယ္။ ေနာက္ၿပီး Status ကို CCR ထဲက Kongsberg ရဲ႕ DCS PC မွာ graphic interface နဲ႔ ျပပါတယ္။ 
ဓာတ္ႀကိဳး ေျပာျပခ်က္အရ Start button နွိပ္လိုက္ရင္ ECR မွာရွိတဲ့ Panel အထဲက သူ႔အတြက္ Magnetic Contactors (MC) ေတြမွာ ဘာမွ တုန္႔ျပန္မႈ မရွိဘူး ေျပာပါတယ္။
အက်ဳိးအေၾကာင္း အၾကမ္းဖ်င္း သိရၿပီဆိုေတာ့ စစ္စရာရွိတာ စစ္ရပါေတာ့မယ္။ Drawing စာအုပ္ကိုဖတ္ၿပီး System ဖြဲ႕စည္းထားတာ နားလည္ေအာင္ အရင္ႀကိဳးစားပါတယ္။ ေနာက္ၿပီး လက္ေတြ႕ စမ္းၾကည့္ပါတယ္။ Cargo officer က Start button ကို သြား နွိပ္ေပးပါတယ္။ ကၽြန္ေတာ္က ECR ထဲက Panel မွာ ေစာင့္ၾကည့္ပါတယ္။ Panel ထဲမွာ incoming အတြက္ Breaker ႀကီး တစ္လုံးရွိပါတယ္။ သူေအာက္မွာ  MC အရြယ္ႀကီးႀကီး ၃ လုံးေတြ႕ပါတယ္။ Main MC အထြက္ ပုံမွန္ Thermal Overload ထည့္ေနက် ေနရာမွာ Siemens Simocode Device တစ္ခု ရွိပါတယ္။ အဲဒီအေၾကာင္း ေနာက္ၿပီးမွ အေသးစိတ္ ေရးပါမယ္။
Start Button ႏွိပ္လိုက္ေပမဲ့ Panel ထဲမွာ ဘာမွ အေျပာင္းအလဲ မရွိပါဘူး။ CCR ထဲက Kongsberg ရဲ႕ DCS PC မွာေတာ့ Communication Error လို႔ အဓိပၸာယ္ရတဲ့ ပုံမွာ အနီေရာင္ display တစ္ခု ေပၚလာပါတယ္။ Reset လုပ္လိုက္ေတာ့ ေပ်ာက္သြားပါတယ္။ Alarm monitoring computer မွာ alarm history ကို ၾကည့္ပါတယ္။ အခုစမ္းတဲ့ အခ်ိန္အတြက္ ဘာ Alarm / Fault မွ မတက္လာပါဘူး။ ၿပီးခဲ့တဲ့ ၂ ရက္အတြင္းက ဒီ Compressor နဲ႔ ပတ္သတ္တဲ့ Alarm တစ္ခ်ဳိ႕မွာ QF1 breaker trip ဆိုတာ တစ္ခုေတြ႕ပါတယ္။ ဓာတ္ႀကိဳး ရွင္းျပတာကေတာ့ သူ Power reset လုပ္ထားလို႔ ဒီ Alarm တက္တယ္ ေျပာပါတယ္။

ဒီေနရာမွာ Simocode Device အေၾကာင္း နည္းနည္း ရွင္းျပခ်င္ပါတယ္။ Siemens ရဲ႕ Motor Control product တစ္ခုပါ။ အေတာ္ေလး စိတ္ဝင္စားဖို႔ ေကာင္းပါတယ္။ ကၽြန္ေတာ္တို႔ motor starter ေတြရဲ႕ Star-Delta, Forward-Reverse အစရွိတဲ့ Control ေတြကို Relay Logic ေတြ၊ PLC ေတြ အစား ဒီ Simocode Device ေတြသုံးၿပီး Control လုပ္ႏိုင္ပါတယ္။ Overload, Voltage Unbalance, Current Unbalance, Motor Stall, Earth Fault, Winding Temperature စတဲ့ protection feature ေတြ လိုသလို ထည့္လို႔ရပါတယ္။ I/O port နည္းနည္းစီ ပါေလ့ရွိပါတယ္။ ေနာက္ၿပီး Control ႀကိဳး နည္းနည္းနဲ႔ အလုပ္ျဖစ္ပါတယ္။ ေျပာရရင္ သူက PLC အေသးစားေလး တစ္ခုပါပဲ။ ေကာင္းတဲ့ အခ်က္က တစ္ခ်ဳိ႕ sensing feature ေတြ အထဲမွာ ေပါင္းထည့္ေပးထားၿပီး Solid State contact ေတြသုံုးထားပါတယ္။ Communication အတြက္ Profibus ကို သုံးထားပါတယ္။ Extension နဲ႔ programming အတြက္ RS232 D-connector ကို သုံးထားပါတယ္။ မေကာင္းတဲ့ အခ်က္ကေတာ့ ပစၥည္း လဲခ်င္ရင္ အထဲက parameter, configuration နဲ႔ address ထည့္ေပးရပါတယ္။ 
အခု ဒီမွာ သုံးထားတဲ့ ပစၥ-ည္းက Digital input ၄ ခုရွိၿပီး၊ Digital output ၃ ခု ရွိပါတယ္။  ဒီ  starter မွာ Thermal Overload သီးျခား မပါေတာ့ပါဘူး။ ဒီပစၥည္းကပဲ အဲဒီ function လုပ္ေပးသြားမွာပါ။ Conductor သံျပား ၃ ခုကို ဒီပစၥည္းထဲမွာ ျဖတ္ထည့္ထားၿပီး Main MC အထြက္ power ၃ လိုင္းကို ဒီ ပစၥည္းကျဖတ္ၿပီး သြားေစပါတယ္။ဒီေတာ့ အတြင္းပိုင္းမွာ phase သုံးခုလုံးရဲ႕ voltage နဲ႔ current ကို တိုင္းေပးႏိုင္ပါတယ္။ သူ အလုပ္လုပ္ဖို႔အတြက္ 24V dc supply ေပးရပါတယ္။ ေနာက္ၿပီး Main PLC ကို Profibus ႀကိဳး ၂ ေခ်ာင္းနဲ႔ အဆက္အသြယ္ လုပ္ပါတယ္။
Digital input သုံးခုကို interlock နဲ႔ ready signal ေတြအတြက္ ထည့္ထားေပးပါတယ္။ Output ၃ ခုက MC ၃ လုံးကို ေမာင္းၿပီး Star Delta အလုပ္လုပ္ပါတယ္။ သီးျခား Timer ေတြမရွိေတာ့ပါဘူး။

ခုခ်ိန္ထိ နားလည္မိသေလာက္ အလုပ္လုပ္ပုံေလး ျပန္ေျပာျပပါမယ္။ ဒါမွ စဥ္းစားပုံေလး သိရေအာင္။ Field ဘက္ကေန Start ခလုတ္ နွိပ္လိုက္ေတာ့ အဲဒီ signal ကို PLC က ရပါမယ္။ အဲဒီအခ်ိန္ Simocode ကေန ရထားတဲ့ input ကိုၾကည့္ၿပီး interlock မရွိရင္ Start command ကို Simocode ဆီ လွမ္းပို႔ေပးပါမယ္။ အဲဒီ Simocode ကေနၿပီး Start sequence အတိုင္း MC ေတြကို ေမာင္းေပးမွာပါ။ 
အခု လက္ရွိ Start ခလုတ္က ေပးတဲ့ signal က ABB I/O card ဆီေရာက္တယ္ဆိုတာ LED မီးေလး လင္းသြားတာမို႔ ေသခ်ာပါတယ္။ ေနာက္ Siemens PLC မွာလည္း LED input မီးေလး လင္းသြားတာ ေတြ႕ရပါတယ္။ ဒါဆို Simocode ဘက္ interlock ေၾကာင့္လား profibus communication ေၾကာင့္လား သိဖို႔ စစ္ၾကည့္ပါမယ္။ Simocode အဝင္ 24VDC တိုင္းၾကည့္ပါတယ္။ input signal ေတြကို တိုင္းၿပီး Drawing အရ On / Off မွန္၊ မမွန္စစ္ၾကည့္ေတာ့ အကုန္ မွန္ပါတယ္။ Ready မီးလည္း လင္းေနတာ ေတြ႕ပါတယ္။ Bus ဆိုတဲ့ LED လင္းေနေတာ့ Profibus နဲ႔ main PLC ႀကိဳးေတြ မျပတ္တာေတာ့ ေသခ်ာပါတယ္။ Voltage တိုင္းၾကည့္ေတာ့ 0.3 ဝန္းက်င္မွာ ကစားေနပါတယ္။ ဒီေတာ့ ေကာင္းတယ္လို႔ ယူဆပါတယ္။
အခု interlock မဟုတ္တာ ေသခ်ာတယ္။ ႀကိဳးမျပတ္ဘူး။ Communication ျပႆနာဆိုရင္ ေဆးၿမီးတိုတစ္ခုျဖစ္တဲ့ Main PLC ကို reset လုပ္ၾကည့္ဖို႔ ဆုံးျဖတ္လိုက္ပါတယ္။ သူ႔ ၫႊန္ၾကားခ်က္အတိုင္း လိုက္နာၿပီး Siemens PLC ကို reset လုပ္လိုက္ပါတယ္။ Initialize လုပ္ၿပီး PLC run လိုက္တဲ့ အခ်ိန္ ECR ထဲက Starter Panel အဝင္ ACB ေတြပါ reset လုပ္ေပးရပါတယ္။ အဲဒီေတာ့မွ ပုံမွန္ အေျခအေန ျပန္ေရာက္ပါတယ္။ Alarm monitoring computer မွာ ဒါေၾကာင့္ QF1 breaker trip alarm တက္တာပါ။
အခုတစ္ခါ PLC reset လုပ္ၿပီးေတာ့ ျပန္စမ္းၾကပါတယ္။ ဒါေပမဲ့ မထူးပါဘူး။ ဒီေတာ့ ေနာက္ဆုံး သံသယ ျဖစ္စရာ က်န္တာက Simocode device ပဲ ရွိေတာ့ပါတယ္။ ဓာတ္ႀကိဳးႀကီးကို ေမးၾကည့္ေတာ့ သူခႏၶာကိုယ္ ခပ္ဝဝ နဲ႔ စတိုထဲမွာ တစ္လႈပ္လႈပ္နဲ႔ ရွာေဖြၿပီး ထုတ္လာပါတယ္။ အေဟာင္း ၂ ခုနဲ႔ ခပ္လတ္လတ္ ၁ ခု။ ကၽြန္ေတာ္လည္း ေပ်ာ္သြားတယ္။ ဒါနဲ႔ သူ႔ကို ေမးၾကည့္တယ္။ Configuration နဲ႔ Address ေတြ ထည့္ၿပီးသားလားဆိုေတာ့ မသိဘူးတဲ့။ Address မွန္မွရမယ္။ Profibus က ဒီ Cargo Starter အျပင္ Refrigerant Pump နဲ႔ တစ္ျခား device ၃ ခု ေလာက္ ကို parallel ဆက္ထားတာ။ Address မရွိရင္၊ မမွန္ရင္ အလုပ္ မလုပ္ႏိုင္ဘူး။  ဒါနဲ႔ ေလွ်ာက္ၾကည့္လိုက္ေတာ့ Starter Panel တံခါးမွာ လက္ကိုင္ device တစ္ခုသုံးၿပီး Address ေျပာင္းတဲ့ နည္းကို ကပ္ထားတာ ေတြ႕ရပါတယ္။ ဒါနဲ႔ အဲဒီပစၥည္းကို ဓာတ္ႀကိဳးနဲ႔အတူ ရွာေဖြၾကတာေပါ့။ ကံဆိုးစြာနဲ႔ ရွာလို႔ မရပါဘူး။ Address ေျပာင္းတဲ့ နည္းကိုပဲ ကပ္ထားတာဆိုေတာ့ spare ေတြကို configurations အဆင္သင့္ ထည့္ထားေပးမယ္လို႔ ယူဆပါတယ္။ သုံးမယ္ဆိုရင္ Address ထည့္ၿပီး သုံး႐ုံပဲျဖစ္ႏိုင္ပါတယ္၊
အခု Address ထည့္ဖို႔ device ကလည္း ရွာမေတြ႕၊ သေဘၤာထြက္ခ်ိန္လည္း နီးေနၿပီမို႔ စက္ခ်ဳပ္ကို အက်ဳိးအေၾကာင္း ရွင္းျပရပါတယ္။ စက္ခ်ဳပ္က Address ထည့္တဲ့ device ကို ဝယ္ၿပီး ေနာက္ port တစ္ခုကို လွမ္းပို႔ေပးဖို႔ အကူအညီေတာင္းပါတယ္။ ႀကိဳးစားၾကည့္မယ္လို႔ ေျပာၿပီး ဆင္းခဲ့ပါေတာ့တယ္။
ျပႆနာ ေျဖရွင္း မေပးႏိုင္ခဲ့ေပမဲ့ ဒီ simocode device အေၾကာင္း ျပန္မွ်ခ်င္လို႔ ေရးလိုက္တာပါ။

[Unicode]

LNG သင်္ဘောတစ်စီးမှာပါ။ နည်းနည်း တွေ့ရခဲတဲ့ ပစ္စည်းလေးတစ်ခုပါလို့ ပြောပြချင်ပါတယ်။ Cargo Compressor စ မရလို့ သွားကြည့်ပေးရပါတယ်။ ပြဿနာက အချိန်တိုတာပါ။ ၄-၅ နာရီပဲ အချိန်ရမယ်။ ပြီးရင် သင်္ဘောက ဆက်ထွက်မှာပါ။ ဒီတော့ ကြိုးစားကြည့်ပေးမယ်။ သေချာပေါက်ရမယ်တော့ အာမ မခံဘူးလို့။
သင်္ဘောမှာ အပေါ်ပိုင်း အရာရှိတွေက အဖြူတွေပါ။ သူတို့ပြောပြချက်အရ Cargo Compressor က ၂ လုံးရှိပါတယ်။ နံပါတ် ၂ က မောင်းလို့ရတယ်။ နံပါတ် ၁ ကို မောင်းလို့မရဘူး ပြောပါတယ်။ ဒါနဲ့ System ကို နားလည်အောင် အရင် လိုက်ကြည့်ပါတယ်။ Cargo Compressor ရဲ့ Start/ Stop Control က LNG tank တွေနားက field site မှာပါ။ PLC Panel က CCR ထဲမှာ ရှိပါတယ်။ PLC Panel မှာ ၂ ပိုင်း ရှိပါတယ်။ စောစောက field က လာတဲ့ signal တွေက ABB ရဲ့ I/O card တွေ အများကြီးပါတဲ့ Cabinet ထဲကို ဝင်ပါတယ်။ အဲဒီက တစ်ဆင့် Siemens Main PLC Rack တွေဆီပြန်ဝင်ပါတယ်။ Main PLC က Profibus သုံးပြီး ECR ထဲက Cargo Pump Control Panel ထဲကို လှမ်းမောင်းပေးပါတယ်။ နောက်ပြီး Status ကို CCR ထဲက Kongsberg ရဲ့ DCS PC မှာ graphic interface နဲ့ ပြပါတယ်။ 
ဓာတ်ကြိုး ပြောပြချက်အရ Start button နှိပ်လိုက်ရင် ECR မှာရှိတဲ့ Panel အထဲက သူ့အတွက် Magnetic Contactors (MC) တွေမှာ ဘာမှ တုန့်ပြန်မှု မရှိဘူး ပြောပါတယ်။
အကျိုးအကြောင်း အကြမ်းဖျင်း သိရပြီဆိုတော့ စစ်စရာရှိတာ စစ်ရပါတော့မယ်။ Drawing စာအုပ်ကိုဖတ်ပြီး System ဖွဲ့စည်းထားတာ နားလည်အောင် အရင်ကြိုးစားပါတယ်။ နောက်ပြီး လက်တွေ့ စမ်းကြည့်ပါတယ်။ Cargo officer က Start button ကို သွား နှိပ်ပေးပါတယ်။ ကျွန်တော်က ECR ထဲက Panel မှာ စောင့်ကြည့်ပါတယ်။ Panel ထဲမှာ incoming အတွက် Breaker ကြီး တစ်လုံးရှိပါတယ်။ သူအောက်မှာ  MC အရွယ်ကြီးကြီး ၃ လုံးတွေ့ပါတယ်။ Main MC အထွက် ပုံမှန် Thermal Overload ထည့်နေကျ နေရာမှာ Siemens Simocode Device တစ်ခု ရှိပါတယ်။ အဲဒီအကြောင်း နောက်ပြီးမှ အသေးစိတ် ရေးပါမယ်။ Start Button နှိပ်လိုက်ပေမဲ့ Panel ထဲမှာ ဘာမှ အပြောင်းအလဲ မရှိပါဘူး။ CCR ထဲက Kongsberg ရဲ့ DCS PC မှာတော့ Communication Error လို့ အဓိပ္ပာယ်ရတဲ့ ပုံမှာ အနီရောင် display တစ်ခု ပေါ်လာပါတယ်။ Reset လုပ်လိုက်တော့ ပျောက်သွားပါတယ်။ Alarm monitoring computer မှာ alarm history ကို ကြည့်ပါတယ်။ အခုစမ်းတဲ့ အချိန်အတွက် ဘာ Alarm / Fault မှ မတက်လာပါဘူး။ ပြီးခဲ့တဲ့ ၂ ရက်အတွင်းက ဒီ Compressor နဲ့ ပတ်သတ်တဲ့ Alarm တစ်ချို့မှာ QF1 breaker trip ဆိုတာ တစ်ခုတွေ့ပါတယ်။ ဓာတ်ကြိုး ရှင်းပြတာကတော့ သူ Power reset လုပ်ထားလို့ ဒီ Alarm တက်တယ် ပြောပါတယ်။

ဒီနေရာမှာ Simocode Device အကြောင်း နည်းနည်း ရှင်းပြချင်ပါတယ်။ Siemens ရဲ့ Motor Control product တစ်ခုပါ။ အတော်လေး စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ကျွန်တော်တို့ motor starter တွေရဲ့ Star-Delta, Forward-Reverse အစရှိတဲ့ Control တွေကို Relay Logic တွေ၊ PLC တွေ အစား ဒီ Simocode Device တွေသုံးပြီး Control လုပ်နိုင်ပါတယ်။ Overload, Voltage Unbalance, Current Unbalance, Motor Stall, Earth Fault, Winding Temperature စတဲ့ protection feature တွေ လိုသလို ထည့်လို့ရပါတယ်။ I/O port နည်းနည်းစီ ပါလေ့ရှိပါတယ်။ နောက်ပြီး Control ကြိုး နည်းနည်းနဲ့ အလုပ်ဖြစ်ပါတယ်။ ပြောရရင် သူက PLC အသေးစားလေး တစ်ခုပါပဲ။ ကောင်းတဲ့ အချက်က တစ်ချို့ sensing feature တွေ အထဲမှာ ပေါင်းထည့်ပေးထားပြီး Solid State contact တွေသုုံးထားပါတယ်။ Communication အတွက် Profibus ကို သုံးထားပါတယ်။ Extension နဲ့ programming အတွက် RS232 D-connector ကို သုံးထားပါတယ်။ မကောင်းတဲ့ အချက်ကတော့ ပစ္စည်း လဲချင်ရင် အထဲက parameter, configuration နဲ့ address ထည့်ပေးရပါတယ်။ 
အခု ဒီမှာ သုံးထားတဲ့ ပစ္စ-ည်းက Digital input ၄ ခုရှိပြီး၊ Digital output ၃ ခု ရှိပါတယ်။  ဒီ  starter မှာ Thermal Overload သီးခြား မပါတော့ပါဘူး။ ဒီပစ္စည်းကပဲ အဲဒီ function လုပ်ပေးသွားမှာပါ။ Conductor သံပြား ၃ ခုကို ဒီပစ္စည်းထဲမှာ ဖြတ်ထည့်ထားပြီး Main MC အထွက် power ၃ လိုင်းကို ဒီ ပစ္စည်းကဖြတ်ပြီး သွားစေပါတယ်။ဒီတော့ အတွင်းပိုင်းမှာ phase သုံးခုလုံးရဲ့ voltage နဲ့ current ကို တိုင်းပေးနိုင်ပါတယ်။ သူ အလုပ်လုပ်ဖို့အတွက် 24V dc supply ပေးရပါတယ်။ နောက်ပြီး Main PLC ကို Profibus ကြိုး ၂ ချောင်းနဲ့ အဆက်အသွယ် လုပ်ပါတယ်။
Digital input သုံးခုကို interlock နဲ့ ready signal တွေအတွက် ထည့်ထားပေးပါတယ်။ Output ၃ ခုက MC ၃ လုံးကို မောင်းပြီး Star Delta အလုပ်လုပ်ပါတယ်။ သီးခြား Timer တွေမရှိတော့ပါဘူး။

ခုချိန်ထိ နားလည်မိသလောက် အလုပ်လုပ်ပုံလေး ပြန်ပြောပြပါမယ်။ ဒါမှ စဉ်းစားပုံလေး သိရအောင်။ Field ဘက်ကနေ Start ခလုတ် နှိပ်လိုက်တော့ အဲဒီ signal ကို PLC က ရပါမယ်။ အဲဒီအချိန် Simocode ကနေ ရထားတဲ့ input ကိုကြည့်ပြီး interlock မရှိရင် Start command ကို Simocode ဆီ လှမ်းပို့ပေးပါမယ်။ အဲဒီ Simocode ကနေပြီး Start sequence အတိုင်း MC တွေကို မောင်းပေးမှာပါ။ 
အခု လက်ရှိ Start ခလုတ်က ပေးတဲ့ signal က ABB I/O card ဆီရောက်တယ်ဆိုတာ LED မီးလေး လင်းသွားတာမို့ သေချာပါတယ်။ နောက် Siemens PLC မှာလည်း LED input မီးလေး လင်းသွားတာ တွေ့ရပါတယ်။ ဒါဆို Simocode ဘက် interlock ကြောင့်လား profibus communication ကြောင့်လား သိဖို့ စစ်ကြည့်ပါမယ်။ Simocode အဝင် 24VDC တိုင်းကြည့်ပါတယ်။ input signal တွေကို တိုင်းပြီး Drawing အရ On / Off မှန်၊ မမှန်စစ်ကြည့်တော့ အကုန် မှန်ပါတယ်။ Ready မီးလည်း လင်းနေတာ တွေ့ပါတယ်။ Bus ဆိုတဲ့ LED လင်းနေတော့ Profibus နဲ့ main PLC ကြိုးတွေ မပြတ်တာတော့ သေချာပါတယ်။ Voltage တိုင်းကြည့်တော့ 0.3 ဝန်းကျင်မှာ ကစားနေပါတယ်။ ဒီတော့ ကောင်းတယ်လို့ ယူဆပါတယ်။
အခု interlock မဟုတ်တာ သေချာတယ်။ ကြိုးမပြတ်ဘူး။ Communication ပြဿနာဆိုရင် ဆေးမြီးတိုတစ်ခုဖြစ်တဲ့ Main PLC ကို reset လုပ်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူ့ ညွှန်ကြားချက်အတိုင်း လိုက်နာပြီး Siemens PLC ကို reset လုပ်လိုက်ပါတယ်။ Initialize လုပ်ပြီး PLC run လိုက်တဲ့ အချိန် ECR ထဲက Starter Panel အဝင် ACB တွေပါ reset လုပ်ပေးရပါတယ်။ အဲဒီတော့မှ ပုံမှန် အခြေအနေ ပြန်ရောက်ပါတယ်။ Alarm monitoring computer မှာ ဒါကြောင့် QF1 breaker trip alarm တက်တာပါ။
အခုတစ်ခါ PLC reset လုပ်ပြီးတော့ ပြန်စမ်းကြပါတယ်။ ဒါပေမဲ့ မထူးပါဘူး။ ဒီတော့ နောက်ဆုံး သံသယ ဖြစ်စရာ ကျန်တာက Simocode device ပဲ ရှိတော့ပါတယ်။ ဓာတ်ကြိုးကြီးကို မေးကြည့်တော့ သူခန္ဓာကိုယ် ခပ်ဝဝ နဲ့ စတိုထဲမှာ တစ်လှုပ်လှုပ်နဲ့ ရှာဖွေပြီး ထုတ်လာပါတယ်။ အဟောင်း ၂ ခုနဲ့ ခပ်လတ်လတ် ၁ ခု။ ကျွန်တော်လည်း ပျော်သွားတယ်။ ဒါနဲ့ သူ့ကို မေးကြည့်တယ်။ Configuration နဲ့ Address တွေ ထည့်ပြီးသားလားဆိုတော့ မသိဘူးတဲ့။ Address မှန်မှရမယ်။ Profibus က ဒီ Cargo Starter အပြင် Refrigerant Pump နဲ့ တစ်ခြား device ၃ ခု လောက် ကို parallel ဆက်ထားတာ။ Address မရှိရင်၊ မမှန်ရင် အလုပ် မလုပ်နိုင်ဘူး။  ဒါနဲ့ လျှောက်ကြည့်လိုက်တော့ Starter Panel တံခါးမှာ လက်ကိုင် device တစ်ခုသုံးပြီး Address ပြောင်းတဲ့ နည်းကို ကပ်ထားတာ တွေ့ရပါတယ်။ ဒါနဲ့ အဲဒီပစ္စည်းကို ဓာတ်ကြိုးနဲ့အတူ ရှာဖွေကြတာပေါ့။ ကံဆိုးစွာနဲ့ ရှာလို့ မရပါဘူး။ Address ပြောင်းတဲ့ နည်းကိုပဲ ကပ်ထားတာဆိုတော့ spare တွေကို configurations အဆင်သင့် ထည့်ထားပေးမယ်လို့ ယူဆပါတယ်။ သုံးမယ်ဆိုရင် Address ထည့်ပြီး သုံးရုံပဲဖြစ်နိုင်ပါတယ်၊
အခု Address ထည့်ဖို့ device ကလည်း ရှာမတွေ့၊ သင်္ဘောထွက်ချိန်လည်း နီးနေပြီမို့ စက်ချုပ်ကို အကျိုးအကြောင်း ရှင်းပြရပါတယ်။ စက်ချုပ်က Address ထည့်တဲ့ device ကို ဝယ်ပြီး နောက် port တစ်ခုကို လှမ်းပို့ပေးဖို့ အကူအညီတောင်းပါတယ်။ ကြိုးစားကြည့်မယ်လို့ ပြောပြီး ဆင်းခဲ့ပါတော့တယ်။
ပြဿနာ ဖြေရှင်း မပေးနိုင်ခဲ့ပေမဲ့ ဒီ simocode device အကြောင်း ပြန်မျှချင်လို့ ရေးလိုက်တာပါ။

No comments:

Post a Comment