Sunday 16 September 2018

Bow Thruster (2) - Incorrect Response


ျပႆနာက လြယ္လြယ္ေလးမို႔ မေရးေတာ့ဘူး ေအာက္ေမ့ၿပီး ထားခဲ့ပါတယ္။ ေနာက္ေတာ့ လြယ္ေပမဲ့ တစ္ခ်ဳိ႕ အေတြ႕အၾကဳံ နည္းေသးတဲ့ ညီငယ္ေတြအတြက္ ဖတ္ရေအာင္ ေရးလိုက္ပါတယ္။
Dock ဝင္ေနတဲ့သေဘၤာ တစ္စီး ေရခ်ခါနီးမွ Bow Thruster(BT) ေကာင္းေကာင္း အလုပ္အလုပ္လို႔ အေရးေပၚသြားၾကည့္ေပးရပါတယ္။ ကၽြန္ေတာ္နဲ႔အတူ hydraulic ကၽြမ္းက်င္တဲ့ အစ္ကိုတစ္ေယာက္ လိုက္ခဲ့ပါတယ္။ သေဘၤာ ေပၚေရာက္ေတာ့ Super နဲ႔ သူႀကီးက ရွင္းျပပါတယ္။ BT က မွန္မွန္ အလုပ္မလုပ္ဘူး ေျပာပါတယ္။ တစ္ျခားအဖြဲ႕တစ္ဖြဲ႕ လာျပင္ေနတာ ၂ ရက္ေလာက္ၾကာၿပီး မေျပလည္ပဲ ျဖစ္ေနလို႔ သေဘၤာကလည္း ေနာက္ေန႔ ထြက္ေတာ့မွာဆိုေတာ့ ကၽြန္ေတာ္တို႔ကို လွမ္းအကူအညီေတာင္းလိုက္တာပါတဲ့။
ၾကဳံလို႔ ေျပာပါဦးမယ္။ BT ဆိုတာ သေဘၤာကပ္ခ်ိန္၊ ခြာခ်ိန္ေတြမွာ သေဘၤာဦးကို ေဘးတိုက္ ေရြ႕ေအာင္ တြန္းထုတ္ေပးတာပါ။ 
Fix propeller သုံးၿပီး အင္ဂ်င္ speed နဲ႔ direction ကို ကစားတဲ့ အမ်ဳိးအစား၊ 
Fix motor speed သုံးထားၿပီး CPP နဲ႔ propeller pitch ကို ကစားတဲ့ အမ်ဳိးအစား၊ 
Azimuth လို႔ ေခၚတဲ့ propeller အုံတစ္ခုလုံးကို ၁၈၀ ံ လွည့္ၿပီး ကစားတဲ့ အမ်ဳိးအစား၊
Water jet နဲ႔ လိုတဲ့ direction ကို တြန္းတဲ့ အမ်ဳိးအစား အစရွိသျဖင့္ အမ်ဳိးမ်ဳိး ရွိပါတယ္။
အခု ဒီသေဘၤာက BT မွာ CPP ကို သုံးတဲ့ အမ်ဳိးအစားပါ။ ဒီေတာ့ Motor ေမာင္းမထားပဲ hydraulic pump ကိုပဲေမာင္းၿပီး စမ္းရင္ အႏၲရာယ္ ကင္းကင္းနဲ႔ စမ္းႏိုင္ပါတယ္။ သေဘၤာ ဦးရမ္းသြားမွာ၊ ေရြ႕သြားမွာ စိုးရိမ္စရာ မလိုေတာ့ဘူးေပါ့။
ေရာက္တာနဲ႔ ပါလာတဲ့အစ္ကိုက Hydraulic အပိုင္းကို စစ္ပါတယ္။ ကၽြန္ေတာ္က bridge ကေန operate လုပ္ေပး display ကိုၾကည့္ေပး နဲ႔ ကူရပါတယ္။ Walkie Talkie တစ္လုံးစီနဲ႔ေပါ့။ အဲဒီအစ္ကိုက စစ္ေဆးၾကည့္ေတာ့ hydraulic solenoid က နည္းနည္း leak ျဖစ္ေနလို႔ o-ring တစ္ခု လဲလိုက္တယ္ ေျပာပါတယ္။ ေနာက္ေတာ့ solenoid ကို manual တြန္းၿပီး စမ္းၾကည့္တယ္။ အေပၚကေန Port / Stbd direction ေတြ ေပးၾကည့္ေတာ့ ေပးတဲ့ ဘက္က solenoid ေတြ မွန္မွန္ကန္ကန္ အလုပ္လုပ္ပါတယ္။

ဒါေပမဲ့ အေပၚက Midship command ေပးထားခ်ိန္မွာ Display က Port 10% ေက်ာ္ေက်ာ္ ေလာက္ ျပေနပါတယ္။ Stbd 10% ေပးလိုက္ေတာ့လည္း တစ္ကယ္ျပေနတာက Port 5%  ေလာက္မွာပဲ ျဖစ္ေနပါတယ္။ ဒါနဲ႔ အဲဒီအစ္ကိုလည္း ကၽြန္ေတာ့္ကို ဆက္ရွာဖို႔ လက္လႊဲေပးပါတယ္။ ကၽြန္ေတာ္ စာရြက္ေပၚမွာ ဇယားေလးတစ္ခုဆြဲလိုက္ၿပီး Command နဲ႔ တစ္ကယ္ျပတာ ယွဥ္ၾကည့္ပါတယ္။

Command           Actual
—————          ———
  0                           15 (P)
  10 (P)                   25(P)
  20 (P)                   35(P)
  10 (S)                      5(P)
  20 (S)                      5(S)

ဒီဇယားေလး ၾကည့္လိုက္တာနဲ႔ အေျဖေပၚသေလာက္ ျဖစ္ေနပါၿပီ။ အားလုံးက Port side ကို 15 % ေလာက္ offset ျဖစ္ေနတာမို႔ပါ။

ဒါနဲ႔ ကၽြန္ေတာ္က BT room ဆီဆင္းသြားၿပီး အေဖၚ အစ္ကိုက သူႀကီးနဲ႔ bridge ကေန တစ္လွည့္ကူေပးပါတယ္။ BT room ရဲ႕ ေအာက္တစ္ဆင့္ ဆင္းၿပီး ကပ္သီကပ္သတ္ ေနရာေလးမွာ ေခြေခြေခါက္ေခါက္ေလး ဝင္ၿပီးမွ Feedback Potentiometer ကို ကိုင္တြယ္ႏိုင္ပါတယ္။ တစ္ခ်ဳိ႕ သေဘၤာေတြမွာ Feedback နဲ႔ Display အတြက္ potentiometer တစ္လုံးစီ ခြဲထားတတ္ပါတယ္။ ဒီမွာေတာ့ Pot တစ္လုံးထဲပဲ ရွိတာ ေတြ႕ပါတယ္။

ပထမ Pitch position ကိုျပတဲ့ Mechanical pointer ကို ၾကည့္ပါတယ္။ အဲဒီမွာ scale စိတ္ေလးေတြကို ၾကည့္ၿပီး တစ္ကယ့္ pitch ေရာက္ေနတဲ့ ေနရာ သိႏိုင္ပါတယ္။ အစဆုံး Bridge ကေန manual/emergency command ခလုတ္နဲ႔ တစ္ကယ့္ pitch position ကို zero ( neutral) ေရာက္ေအာင္ ေရႊ႕ခိုင္း လိုက္ပါတယ္။ ၿပီးတာနဲ႔  Feedback potentiometer အဝင္ connector မွာ ႀကိဳး ၃ ေခ်ာင္းထဲက ၂ ေခ်ာင္းျဖဳတ္လိုက္ပါတယ္။ အလယ္စ နဲ႔ ေဘးတစ္စစီကို Ohm တိုင္းၾကည့္ေတာ့ တစ္ဘက္ကမ်ားၿပီး တစ္ဘက္က နည္းေနပါတယ္။ ဒါနဲ႔ Pot ကို ထိန္းထားတဲ့ screw ၂ လုံး ေလွ်ာ့ၿပီး Resistance ႏွစ္ဘက္ညီေအာင္ အၾကမ္းဖ်င္း ညႇိလိုက္ပါတယ္။ ၿပီးမွ ႀကိဳးေတြျပန္တပ္လိုက္ၿပီး Bridge ကို လွမ္းေမးၾကည့္ပါတယ္။ Display မွာ ဘာျပေနလဲေပါ့။ Bridge က display မွာ neutral ျပတဲ့အထိ Feedback pot ကို အေသးစိတ္ လွည့္ခ်ိန္ေပးပါတယ္။ 
ေနာက္ အေပၚက command ရယ္၊ တစ္ကယ့္ Mechanical position ရယ္ Display ရယ္ ညီမညီ ျပန္စစ္ပါတယ္။ Port, Stbd အမ်ားဆုံး ေရာက္ႏိုင္တဲ့အထိ ေရႊ႕ခိုင္းၿပီး စစ္ၾကည့္ေတာ့ အားလုံး အဆင္ေျပပါတယ္။ သူႀကီးကို စိတ္ႀကိဳက္ စမ္းခိုင္းၿပီး ျပန္ခဲ့ပါတယ္။

[Unicode]

ပြဿနာက လွယ်လွယ်လေးမို့ မရေးတော့ဘူး အောက်မေ့ပြီး ထားခဲ့ပါတယ်။ နောက်တော့ လွယ်ပေမဲ့ တစ်ချို့ အတွေ့အကြုံ နည်းသေးတဲ့ ညီငယ်တွေအတွက် ဖတ်ရအောင် ရေးလိုက်ပါတယ်။
Dock ဝင်နေတဲ့သင်္ဘော တစ်စီး ရေချခါနီးမှ Bow Thruster (BT) ကောင်းကောင်း အလုပ်အလုပ်လို့ အရေးပေါ်သွားကြည့်ပေးရပါတယ်။ ကျွန်တော်နဲ့အတူ hydraulic ကျွမ်းကျင်တဲ့ အစ်ကိုတစ်ယောက် လိုက်ခဲ့ပါတယ်။ သင်္ဘော ပေါ်ရောက်တော့ Super နဲ့ သူကြီးက ရှင်းပြပါတယ်။ BT က မှန်မှန် အလုပ်မလုပ်ဘူး ပြောပါတယ်။ တစ်ခြားအဖွဲ့တစ်ဖွဲ့ လာပြင်နေတာ ၂ ရက်လောက်ကြာပြီး မပြေလည်ပဲ ဖြစ်နေလို့ သင်္ဘောကလည်း နောက်နေ့ ထွက်တော့မှာဆိုတော့ ကျွန်တော်တို့ကို လှမ်းအကူအညီတောင်းလိုက်တာပါတဲ့။
ကြုံလို့ ပြောပါဦးမယ်။ BT ဆိုတာ သင်္ဘောကပ်ချိန်၊ ခွာချိန်တွေမှာ သင်္ဘောဦးကို ဘေးတိုက် ရွေ့အောင် တွန်းထုတ်ပေးတာပါ။ 
Fix propeller သုံးပြီး အင်ဂျင် speed နဲ့ direction ကို ကစားတဲ့ အမျိုးအစား၊ 
Fix motor speed သုံးထားပြီး CPP နဲ့ propeller pitch ကို ကစားတဲ့ အမျိုးအစား၊ 
Azimuth လို့ ခေါ်တဲ့ propeller အုံတစ်ခုလုံးကို ၁၈၀ ံ လှည့်ပြီး ကစားတဲ့ အမျိုးအစား၊
Water jet နဲ့ လိုတဲ့ direction ကို တွန်းတဲ့ အမျိုးအစား အစရှိသဖြင့် အမျိုးမျိုး ရှိပါတယ်။
အခု ဒီသင်္ဘောက BT မှာ CPP ကို သုံးတဲ့ အမျိုးအစားပါ။ ဒီတော့ Motor မောင်းမထားပဲ hydraulic pump ကိုပဲမောင်းပြီး စမ်းရင် အန္တရာယ် ကင်းကင်းနဲ့ စမ်းနိုင်ပါတယ်။ သင်္ဘော ဦးရမ်းသွားမှာ၊ ရွေ့သွားမှာ စိုးရိမ်စရာ မလိုတော့ဘူးပေါ့။
ရောက်တာနဲ့ ပါလာတဲ့အစ်ကိုက Hydraulic အပိုင်းကို စစ်ပါတယ်။ ကျွန်တော်က bridge ကနေ operate လုပ်ပေး display ကိုကြည့်ပေး နဲ့ ကူရပါတယ်။ Walkie Talkie တစ်လုံးစီနဲ့ပေါ့။ အဲဒီအစ်ကိုက စစ်ဆေးကြည့်တော့ hydraulic solenoid က နည်းနည်း leak ဖြစ်နေလို့ o-ring တစ်ခု လဲလိုက်တယ် ပြောပါတယ်။ နောက်တော့ solenoid ကို manual တွန်းပြီး စမ်းကြည့်တယ်။ အပေါ်ကနေ Port / Stbd direction တွေ ပေးကြည့်တော့ ပေးတဲ့ ဘက်က solenoid တွေ မှန်မှန်ကန်ကန် အလုပ်လုပ်ပါတယ်။
ဒါပေမဲ့ အပေါ်က Midship command ပေးထားချိန်မှာ Display က Port 10% ကျော်ကျော် လောက် ပြနေပါတယ်။ Stbd 10% ပေးလိုက်တော့လည်း တစ်ကယ်ပြနေတာက Port 5%  လောက်မှာပဲ ဖြစ်နေပါတယ်။ ဒါနဲ့ အဲဒီအစ်ကိုလည်း ကျွန်တော့်ကို ဆက်ရှာဖို့ လက်လွှဲပေးပါတယ်။ ကျွန်တော် စာရွက်ပေါ်မှာ ဇယားလေးတစ်ခုဆွဲလိုက်ပြီး Command နဲ့ တစ်ကယ်ပြတာ ယှဉ်ကြည့်ပါတယ်။

Command           Actual
—————          ———
  0                           15 (P)
  10 (P)                   25(P)
  20 (P)                   35(P)
  10 (S)                      5(P)
  20 (S)                      5(S)

ဒီဇယားလေး ကြည့်လိုက်တာနဲ့ အဖြေပေါ်သလောက် ဖြစ်နေပါပြီ။ အားလုံးက Port side ကို 15 % လောက် offset ဖြစ်နေတာမို့ပါ။

ဒါနဲ့ ကျွန်တော်က BT room ဆီဆင်းသွားပြီး အဖေါ် အစ်ကိုက သူကြီးနဲ့ bridge ကနေ တစ်လှည့်ကူပေးပါတယ်။ BT room ရဲ့ အောက်တစ်ဆင့် ဆင်းပြီး ကပ်သီကပ်သတ် နေရာလေးမှာ ခွေခွေခေါက်ခေါက်လေး ဝင်ပြီးမှ Feedback Potentiometer ကို ကိုင်တွယ်နိုင်ပါတယ်။ တစ်ချို့ သင်္ဘောတွေမှာ Feedback နဲ့ Display အတွက် potentiometer တစ်လုံးစီ ခွဲထားတတ်ပါတယ်။ ဒီမှာတော့ Pot တစ်လုံးထဲပဲ ရှိတာ တွေ့ပါတယ်။
ပထမ Pitch position ကိုပြတဲ့ Mechanical pointer ကို ကြည့်ပါတယ်။ အဲဒီမှာ scale စိတ်လေးတွေကို ကြည့်ပြီး တစ်ကယ့် pitch ရောက်နေတဲ့ နေရာ သိနိုင်ပါတယ်။ အစဆုံး Bridge ကနေ manual/emergency command ခလုတ်နဲ့ တစ်ကယ့် pitch position ကို zero ( neutral) ရောက်အောင် ရွှေ့ခိုင်း လိုက်ပါတယ်။ ပြီးတာနဲ့  Feedback potentiometer အဝင် connector မှာ ကြိုး ၃ ချောင်းထဲက ၂ ချောင်းဖြုတ်လိုက်ပါတယ်။ အလယ်စ နဲ့ ဘေးတစ်စစီကို Ohm တိုင်းကြည့်တော့ တစ်ဘက်ကများပြီး တစ်ဘက်က နည်းနေပါတယ်။ ဒါနဲ့ Pot ကို ထိန်းထားတဲ့ screw ၂ လုံး လျှော့ပြီး Resistance နှစ်ဘက်ညီအောင် အကြမ်းဖျင်း ညှိလိုက်ပါတယ်။ ပြီးမှ ကြိုးတွေပြန်တပ်လိုက်ပြီး Bridge ကို လှမ်းမေးကြည့်ပါတယ်။ Display မှာ ဘာပြနေလဲပေါ့။ Bridge က display မှာ neutral ပြတဲ့အထိ Feedback pot ကို အသေးစိတ် လှည့်ချိန်ပေးပါတယ်။ 
နောက် အပေါ်က command ရယ်၊ တစ်ကယ့် Mechanical position ရယ် Display ရယ် ညီမညီ ပြန်စစ်ပါတယ်။ Port, Stbd အများဆုံး ရောက်နိုင်တဲ့အထိ ရွှေ့ခိုင်းပြီး စစ်ကြည့်တော့ အားလုံး အဆင်ပြေပါတယ်။ သူကြီးကို စိတ်ကြိုက် စမ်းခိုင်းပြီး ပြန်ခဲ့ပါတယ်။

No comments:

Post a Comment