Saturday 3 February 2018

Electrical Switchboard (1) - Generator #3 Auto Synchronization Not Working


[Zawgyi]

ေျပာရယင္ေတာ့ PMS ျပႆနာရွင္းဖို႔ သြားရတာပါ။ တစ္ကယ္တမ္း လုပ္ခဲ့ရေတာ့ Generator ျပႆနာ။ ဒီလိုေဆာင္းပါးကို ဘယ္  Category ထဲမွာ ထည့္ရမယ္မသိ။ ဘာဘဲျဖစ္ျဖစ္ ေတာ္ေတာ္ေလး လုပ္လိုက္ရပါတယ္။

Tanker တစ္စီးက ျပႆနာပါ။ Email ထဲမွာ ေရးထားတာက PMS ျပႆနာပါတဲ့။ Maker က KTE ပါ။ ဓာတ္ႀကိဳးရဲ႕ စုံစမ္းရွာေဖြထားခ်က္ေတြလည္း ေရးထားပါတယ္။ ဆိုင္တဲ့ Drawing ေတြလဲ ပို႔ထားေပးပါတယ္။ AE3 က Auto Synchronization နဲ႔ Parallel ခ်ိတ္မရဘူး ေျပာပါတယ္။ Manual ေတာ့ ခ်ိတ္လို႔ရတယ္တဲ့။ Synchronization Relay Unit ကို Start လုပ္ေပးမယ့္ Relay(325X) က energize မျဖစ္ဘူး ဆိုပါတယ္။အဲဒီ Relay ကို On ေပးတာက PLC output ရဲ႕ contact 12-13 ပါ။ အဲဒီcontact ကလည္း close signal မထြက္ဘူး ေျပာပါတယ္။ AE3 ရဲ႕ PLC input နဲ႔ output module ေတြကို AE2 နဲ႔ လဲၾကည့္တာလည္း မထူးဘူးေျပာပါတယ္။

ဒါနဲ႔ သေဘၤာေပၚေရာက္သြားတယ္ ဆိုပါေတာ့။ သေဘၤာက BP လိုင္းဆိုေတာ့ စည္းကမ္း နည္းနည္း တင္းၾကပ္ပါတယ္။ Safety, PPE နဲ႔ LOTO ေတြ briefing ေပး။ Permit to Work ေတြလုပ္နဲ႔ အေတာ္ၾကာမွ အလုပ္စလုပ္လို႔ ရပါတယ္။ အိျႏၵိယ စက္ခ်ဳပ္နဲ႔ ဓာတ္ႀကိဳးဆီက သိခ်င္တာေတြေမးပါတယ္။ မၾကာခဏ ၾကဳံဖူးတယ္ေလ။ Email မွာေရးထားတာနဲ႔ တစ္ကယ့္ အျဖစ္အပ်က္ ကြာဟေနတတ္တာမ်ဳိး။ အသက္နည္းနည္းႀကီးၿပီး လုပ္သက္ရင့္ပုံရတဲ့ ဓာတ္ႀကိဳး ကုလားႀကီးက သူႀကိဳးစားေျဖရွင္းတာ မရတဲ့ အေၾကာင္း၊ မေန႔ကေတာ့ PLC ကို power down လုပ္ၿပီး ျပန္စတဲ့ အခ်ိန္မွာ Auto-synchro တစ္ႀကိမ္ ရသြားေပမဲ့ ေနာက္တစ္ခါစမ္းၾကည့္ေတာ့ မရတဲ့အေၾကာင္း ေျပာပါတယ္။ ေနာက္တစ္ခ်က္က Auto-synchro မရေပမဲ့ Manual synchro လုပ္ၿပီး parallel run ေနတဲ့ အခ်ိန္မွာ load sharing ကေတာ့ ေကာင္းေကာင္း အလုပ္လုပ္တယ္ ေျပာပါတယ္။ သူက ကၽြန္ေတာ္တို႔ လုပ္သမွ် လိုက္ကူေပးသလို အေသးစိတ္လိုက္ ၾကည့္ပါတယ္။ ပညာယူတာလည္း ပါမွာေပါ့ေနာ္။
ပထမဆုံး PLC ရဲ႕ IO module ေပၚက မီးလုံးေလးေတြၾကည့္ၿပီး ဘာေတြ ပုံမွန္မဟုတ္တာ ရွိလဲၾကည့္ပါတယ္။ ထူးထူးျခားျခား မေတြ႕ပါဘူး။ Engine ready to start, Remote, Auto mode, Second Standby အစရွိတဲ့ signal ေတြလာေနပါတယ္။ ဒါနဲ႔ စမ္းၾကည့္ၾကပါတယ္။ စက္နႈိးလိုက္ေတာ့ Engine Run နဲ႔ ACB open signal ေတြလာပါတယ္။ Panel ေပၚက lever သုံးၿပီး ACB close command ေပးလိုက္ပါတယ္။ PLC မွာ အဲဒီ signal ဝင္သြားတာ IO module ေပၚက သူ႔ channel အတြက္ မီးေလး လင္းသြားတာေတြ႕လို႔ သိလိုက္ပါတယ္။ ခဏ ေစာင့္ၾကည့္တဲ့ အထိ PLC output မွာ Auto Sync အတြက္ signal မီးလင္းသြားတာ မေတြ႕ပါဘူး။ အျပင္ Panel Display မွာလည္း အဲဒီအတြက္ မီးမလင္း လာပါဘူး။ ခဏၾကာေတာ့ ACB non-close signal ထြက္လာၿပီး Engine Stop ျဖစ္သြားပါတယ္။
စၿပီး စဥ္းစားၾကည့္ရေအာင္။ PLC က Auto-Sync signal မထြက္တဲ့အတြက္ သူ႔ေနာက္မွာရွိတဲ့ relay 325X တို႔ Synchro Relay Unit တို႔ကို႔ ခဏ ထားလိုက္ပါမယ္။ ကံအရမ္းဆိုးလို႔ တစ္ၿပိဳင္ထဲ ပ်က္ယင္ေတာ့ တစ္မ်ဳိးေပါ့။ ေရွ႕က PLC output ထြက္ဖို႔ အယင္ ႀကိဳးစားၾကည့္ပါမယ္။ PLC မွာ CPU နဲ႔ IO module ေတြရွိပါတယ္။ IO module ၃ ခုလုံး လဲစမ္းၾကည့္ၿပီးၿပီဆိုေတာ့ hardware အေနနဲ႔ ပ်က္စရာCPU ဘဲ က်န္ေတာ့တယ္။ ဒါေတာင္ Load sharing က ပုံမွန္ အလုပ္လုပ္တယ္ဆိုေတာ့ CPU ပ်က္တာ မျဖစ္ဖို႔ မ်ားပါတယ္။ ဒီေတာ့ အျဖစ္ႏိုင္ဆုံးကေတာ့ လိုအပ္တဲ့ input signal အေျခအေန မရယင္၊ PLC က output ထုတ္ေပးမွာ မဟုတ္ဘူး ဆိုတာပါဘဲ။
Input ေတြၾကည့္လိုက္ေတာ့ Channel ၁၀ခု သုံးထားတဲ့ Digital Input (DI) တစ္ကဒ္ နဲ႔ Channel ၃ ခု သုံးထားတဲ့ Analog Input (AI) တစ္ကဒ္ ရွိပါတယ္။ Digital input ေတြက တစ္ျခား AE ေတြနဲ႔ ယွဥ္ၾကည့္လိုက္ေတာ့ ပုံမွန္ျဖစ္ေနတာ ေတြ႕ရပါတယ္။ ဒီေတာ့ Analog input ေတြကို ၾကည့္ရပါၿပီ။ Analog input ၃ ခုကေတာ့ Generator ရဲ႕ Voltage, Frequency နဲ႔ power (kW) ကို ေပးထားတာပါ။ ACB မတိုင္ခင္ အဝင္က sensing ယူ၊ 450 /110 transformer နဲ႔ step down ခ်ၿပီး Transducer ၃ ခုနဲ႔ (4-20) mA ေျပာင္းေပးထားတာပါ။
အယင္ အေတြ႕အၾကဳံေတြအရ အဲဒီ transducer ေတြ ပ်က္တတ္တာမို႔ အဝင္ အထြက္တိုင္းၾကည့္ပါတယ္။ AE2 နဲ႔ ယွဥ္ၾကည့္ေတာ့ တန္ဖိုး သိပ္မကြာေတာ့ Transducer ေတြမပ်က္ဘူးလို႔ သိလိုက္ပါတယ္။ ဒါေပမဲ့ သတိထားမိတာက AE2 မွာ input 112 V ရွိၿပီး အခု AE3 မွာ 109 V ဘဲရွိပါတယ္။ ဒါနဲ႔ transformer မတိုင္ခင္ အဝင္ တိုင္းၾကည့္ေတာ့ AE2 မွာ 451V ရွိၿပီး AE3 မွာ 433 V ဘဲရွိပါတယ္။ ေတာ္ေတာ္ေလး ကြာေနေတာ့ ဒါဟာ ျပႆနာဘဲလို႔ တြက္လိုက္မိပါတယ္။ ေသခ်ာေအာင္ Manual ထဲက flow chart ကိုၾကည့္ၿပီး logic ကို စဥ္းစားၾကည့္ပါတယ္။ အဲဒီမွာ အဝင္ Voltage က အနည္းဆုံး 436.5 V ရွိရမယ္လို႔ ပါ ပါတယ္။ အဲဒါ မျပည့္ယင္ Auto-synchro Signal ထုတ္ေပးမွာ မဟုတ္ပါဘူး။ 
ဒါနဲ႔ Voltage တင္ေပးဖို႔ လုပ္ပါတယ္။ Panel ထဲက trimmer ေလးကို လွည့္ၾကည့္ေတာ့ Voltage က မေျပာင္းပါဘူး။ ဒါနဲ႔ Generator ဆီသြားၾကည့္ပါတယ္။ Trimmer potentiometer ဘက္က ႀကိဳး ျပဳတ္ေန ျပတ္ေနတာလား။ ေက်ာ္ထားတာလား။ Trimmer မေကာင္းတာလား။ AVR အဝင္က ျဖဳတ္တိုင္းတာ အေသခ်ာဆုံးမို႔ပါ။ လိုအပ္လာယင္ AVR ေပၚကေန voltage တင္လို႔ရတာဘဲ။
ၾကည့္လိုက္ေတာ့ Generator က Hyundai အမ်ဳိးအစား။ နည္းနည္းေတာ့ စိတ္ထဲမွာ ထင့္သြားတယ္။ သိပ္မေခ်ာင္ ေတာ့ဘူးလို႔။ ဒါနဲ႔ AVR ေဘးက အဖုံးဖြင့္။ Trimmer အဝင္ႀကိဳးကို ျဖဳတ္တိုင္းၾကည့္ေတာ့ 2.4 k ohm ရွိတယ္။ Panel မွာ တိုင္းၾကည့္ခဲ့တဲ့ တန္ဖိုးနဲ႔ သိပ္မကြာပါဘူး။ ဒါဆို Trimmer ဘက္ကို သံသယ မရွိေတာ့ဘူး။ AVR မေကာင္းတာလား။ Thyristor (SCR) က Short ျဖစ္ၿပီး ဆြဲခ်ေနလို႔လား။ အဝင္ excitation circuit မေကာင္းလို႔ Voltage အထြက္နည္းေနတာလား။ စစ္ရပါေတာ့မယ္။ 
ဒီေနရာမွာ ကၽြန္ေတာ္ခဏခဏ ေျပာဖူးတဲ့ Hyundai , Tiayo အစရွိတဲ့ self excited compound generator ေတြ အေၾကာင္း နည္းနည္း ထပ္ေျပာပါရေစ။ ဒီအမ်ဳိးအစားေတြက သူ႔မွာ excitation circuit ပါၿပီးသားပါ။ ဒီေတာ့ အစဆုံး Voltage output က operating voltage ထက္ ပိုျမင့္ေနေလ့ရွိပါတယ္။ အဲဒါကို AVR ကေန diversion လုပ္ၿပီး ျပန္ခ်ယူရတာပါ။ AVR မဆြဲခ်ခင္ကထဲက voltage နိမ့္ေနမယ္ဆိုယင္ AVR က ဘာမွ လုပ္မေပးႏိုင္ေတာ့ပါဘူး။ အဲဒါကို ကြဲကြဲျပားျပား သိဖို႔ AVR ကို ျဖဳတ္ၿပီး စမ္းေမာင္းၾကည့္ဖို႔ ဆုံးျဖတ္လိုက္ပါတယ္။ AVR အဝင္၊ အထြက္ Connector ေတြ အကုန္ျဖဳတ္ၿပီး စက္ေမာင္းၾကည့္ပါတယ္။ ထြက္လာတဲ့ voltage က 433V ဘဲရွိပါတယ္။ ဒီေတာ့ ေသခ်ာသြားတာက AVR မတိုင္ခင္က နည္းေနတာပါ။ ဒါနဲ႔ ေနာက္တစ္ဆင့္ Thyristor ကို တိုင္းၾကည့္ေတာ့ Short circuit မျပပါဘူး။ ဘာဘဲျဖစ္ျဖစ္ ေသခ်ာေအာင္ Thyristor အဝင္ႀကိဳးေတြပါျဖဳတ္ၿပီး ထပ္ေမာင္းၾကည့္ေတာ့လည္း အတူတူပါဘဲ။ Rectifier diode ေတြကို ၾကဳိး ျဖဳတ္တိုင္းၾကည့္ေတာ့လည္း ေကာင္းေနပါတယ္။ 
Circuit ကို ေသခ်ာျပန္ၾကည့္ၿပီး ျဖစ္ႏိုင္ေခ်ေတြ စဥ္းစားရပါတယ္။ Rotating diode တစ္ခုခု ပ်က္တာဆိုယင္ သူ႔ထက္ voltage ပိုနည္းၿပီးထြက္မွာပါ။ ဒီ excitation circuit ထဲကဘဲ ျဖစ္မယ္လို႔ ယူဆပါတယ္။ အယင္ ျဖစ္ဖူးတဲ့ loose contact ျပႆနာမ်ဳိး မျဖစ္ရေအာင္ ႀကိဳးဆက္ထားတဲ့ socket ေတြအကုန္plier နဲ႔ လိုက္ညႇစ္၊ ျဖဳတ္၊ တပ္လုပ္ၾကည့္ပါတယ္။ Capacitor bridge က ျဖစ္တာလား သိရေအာင္ Capacitor ၆ လုံးက ႀကိဳးေတြျဖဳတ္တိုင္းၾကည့္ေတာ့လည္း ေကာင္းေနပါတယ္။ Reactor Transformer ကို တိုင္းၾကည့္ေပမဲ့ သိသာတဲ့ ေကာက္ခ်က္မခ်ႏိုင္ပါဘူး။ Phase ၃ ခုကေတာ့ balance ျဖစ္ေနပါတယ္။ 
ေနရာက ပူေတာ့ လူက ေခၽြးတစ္လုံးလုံး။ စိတ္လည္း အိုက္ေနၿပီ။ ျဖစ္တဲ့နည္းနဲ႔ ရေအာင္ volt ျမႇင့္မယ္ဆိုယင္ေတာ့ Transformer Tapping ေျပာင္းတာ၊ Reactor gap ညိႇတာတို႔ လုပ္လို႔ရႏိုင္ပါတယ္။ ဒါေပမဲ့ ျပႆနာက ၿပီးခဲ့တဲ့ တစ္ပတ္အတြင္း ျဖစ္တာဆိုေတာ့ ပစၥည္းတစ္ခုခု ပ်က္သြားတာလား လြတ္သြားတာလား ျဖစ္ဖို႔ ပိုမ်ားတာမို႔ ေသခ်ာေအာင္ ရွာၾကည့္တာပါ။
ေနာက္တစ္ခု စဥ္းစားမိတာက voltage က နည္းနည္းဘဲ က်တယ္ဆိုေတာ့ excitation circuit ထဲက ပစၥည္းေတြထဲက 3 phase မွာ 1 phase ပ်က္တာ၊ အလုပ္မလုပ္တာ ျဖစ္ႏိုင္ပါတယ္။ အဲဒါကို စစ္ၾကည့္ဖို႔ ျပင္ပါတယ္။ Rectifier အဝင္ ႀကိဳး ၃ စ ေနရာမွာ ႀကိဳးတစ္စစီ ထပ္ထည့္ၿပီး အျပင္ကို ဆြဲထုတ္ထားပါတယ္။ အဲဒီႀကိဳး ၃ စကို pvc connector တစ္ခုမွာ ဆက္ထားၿပီး အလြယ္တကူ တိုင္းႏိုင္ေအာင္ လုပ္ထားပါတယ္။ ၿပီးမွ စက္ေမာင္းၿပီး ႏွစ္ေခ်ာင္းတစ္စုံ သုံးခါတိုင္းၾကည့္ပါတယ္။ Voltage ၃ ခု တူမတူၾကည့္ပါတယ္။ အဲဒီမွာ 18 V ႏွစ္ခုနဲ႔ 36V တစ္ခု ထြက္တာ ေတြ႕ရပါတယ္။ ဒါဆို ထင္တဲ့အတိုင္း phase တစ္ခုက ျပတ္ေနတာလား၊ ပ်က္ေနတာလား တစ္ခုခုပါဘဲ။ စက္ျပန္ရပ္ၿပီး circuit တစ္ပိုင္းစီ ohm တိုင္းၾကည့္ပါတယ္။ အဓိက 3 phase မွာ resistance ညီလား ၾကည့္ပါတယ္။ လိုအပ္သလို loop ႀကိဳးေတြျဖဳတ္တိုင္းရတာေပါ့။
တစ္ခုစီရွာယင္းေဖြယင္း ေနာက္ reactor transformer အဝင္နဲ႔ bus bar ကို တိုင္းၾကည့္ေတာ့ phase တစ္ခုက open ျပေနတာ ေတြ႕ရပါတယ္။ Generator အေပၚက ဖြင့္လို႔ရတဲ့ အဖုံးေတြ အကုန္ လွန္ထားၿပီးေပမဲ့ ကြယ္ေနတဲ့ ေနရာေတြကရွိေနေသးတယ္။ Bus bar ကို ဘယ္ေနရာမွာ ဆက္ထားတယ္ဆိုတာေတာင္ ေတာ္ေတာ္နဲ႔ ရွာလို႔မေတြ႕ဘူး။ ေနာက္ ေက်ာဖုံး ေလဝင္တဲ့ louvre ကို ဖြင့္ၿပီးၾကည့္ေတာ့မွ Current Transformer T1,T2,T3 အထက္ ကပ္ၿပီး screw အေသးေလးနဲ႔ စုပ္ထားတာ ေတြ႕ရတယ္။

အလယ္ phase ႀကိဳးရဲ႕ cable lug အေျခမွာ ေလာင္ထားတဲ့ အရာေတြ႕ပါတယ္။ လႈပ္ၾကည့္ေတာ့ Cable lug insulation ရဲ႕ အထဲမွာ ျပတ္ေနပါတယ္။
ဒီေတာ့မွ စိတ္ခ်မ္းသာစြာနဲ႔ ႀကိဳးျပန္ဆက္ AVR ျပန္တပ္။ ျပန္ Run ၾကည့္ေတာ့ 455V ေလာက္ ထြက္ေနပါၿပီ။ Trimmer နဲ႔ 450V ျပန္ညႇိလိုက္ပါတယ္။ အလြယ္တစ္ကူ ညႇိလို႔ရပါတယ္။ ဒါနဲ႔ Auto မွာထား ACB close lever လွည့္ေပးလိုက္ေတာ့ PLC က Auto-Sync signal ထြက္လာၿပီး Parallel ခ်ိတ္မိသြားပါၿပီ။ က်န္တာ သူတို႔ စိတ္ႀကိဳက္ စမ္းေပးခဲ့ပါတယ္။ ဒီတစ္ခါ ပုံျပင္ေလး ကေတာ့ ဒါပါဘဲ။

[Unicode]

ပြောရယင်တော့ PMS ပြဿနာရှင်းဖို့ သွားရတာပါ။ တစ်ကယ်တမ်း လုပ်ခဲ့ရတော့ Generator ပြဿနာ။ ဒီလိုဆောင်းပါးကို ဘယ်  Category ထဲမှာ ထည့်ရမယ်မသိ။ ဘာဘဲဖြစ်ဖြစ် တော်တော်လေး လုပ်လိုက်ရပါတယ်။
Tanker တစ်စီးက ပြဿနာပါ။ Email ထဲမှာ ရေးထားတာက PMS ပြဿနာပါတဲ့။ Maker က KTE ပါ။ ဓာတ်ကြိုးရဲ့ စုံစမ်းရှာဖွေထားချက်တွေလည်း ရေးထားပါတယ်။ ဆိုင်တဲ့ Drawing တွေလဲ ပို့ထားပေးပါတယ်။ AE3 က Auto Synchronization နဲ့ Parallel ချိတ်မရဘူး ပြောပါတယ်။ Manual တော့ ချိတ်လို့ရတယ်တဲ့။ Synchronization Relay Unit ကို Start လုပ်ပေးမယ့် Relay(325X) က energize မဖြစ်ဘူး ဆိုပါတယ်။အဲဒီ Relay ကို On ပေးတာက PLC output ရဲ့ contact 12-13 ပါ။ အဲဒီcontact ကလည်း close signal မထွက်ဘူး ပြောပါတယ်။ AE3 ရဲ့ PLC input နဲ့ output module တွေကို AE2 နဲ့ လဲကြည့်တာလည်း မထူးဘူးပြောပါတယ်။ 
ဒါနဲ့ သင်္ဘောပေါ်ရောက်သွားတယ် ဆိုပါတော့။ သင်္ဘောက BP လိုင်းဆိုတော့ စည်းကမ်း နည်းနည်း တင်းကြပ်ပါတယ်။ Safety, PPE နဲ့ LOTO တွေ briefing ပေး။ Permit to Work တွေလုပ်နဲ့ အတော်ကြာမှ အလုပ်စလုပ်လို့ ရပါတယ်။ အိန္ဒြိယ စက်ချုပ်နဲ့ ဓာတ်ကြိုးဆီက သိချင်တာတွေမေးပါတယ်။ မကြာခဏ ကြုံဖူးတယ်လေ။ Email မှာရေးထားတာနဲ့ တစ်ကယ့် အဖြစ်အပျက် ကွာဟနေတတ်တာမျိုး။ အသက်နည်းနည်းကြီးပြီး လုပ်သက်ရင့်ပုံရတဲ့ ဓာတ်ကြိုး ကုလားကြီးက သူကြိုးစားဖြေရှင်းတာ မရတဲ့ အကြောင်း၊ မနေ့ကတော့ PLC ကို power down လုပ်ပြီး ပြန်စတဲ့ အချိန်မှာ Auto-synchro တစ်ကြိမ် ရသွားပေမဲ့ နောက်တစ်ခါစမ်းကြည့်တော့ မရတဲ့အကြောင်း ပြောပါတယ်။ နောက်တစ်ချက်က Auto-synchro မရပေမဲ့ Manual synchro လုပ်ပြီး parallel run နေတဲ့ အချိန်မှာ load sharing ကတော့ ကောင်းကောင်း အလုပ်လုပ်တယ် ပြောပါတယ်။ သူက ကျွန်တော်တို့ လုပ်သမျှ လိုက်ကူပေးသလို အသေးစိတ်လိုက် ကြည့်ပါတယ်။ ပညာယူတာလည်း ပါမှာပေါ့နော်။
ပထမဆုံး PLC ရဲ့ IO module ပေါ်က မီးလုံးလေးတွေကြည့်ပြီး ဘာတွေ ပုံမှန်မဟုတ်တာ ရှိလဲကြည့်ပါတယ်။ ထူးထူးခြားခြား မတွေ့ပါဘူး။ Engine ready to start, Remote, Auto mode, Second Standby အစရှိတဲ့ signal တွေလာနေပါတယ်။ ဒါနဲ့ စမ်းကြည့်ကြပါတယ်။ စက်နှိုးလိုက်တော့ Engine Run နဲ့ ACB open signal တွေလာပါတယ်။ Panel ပေါ်က lever သုံးပြီး ACB close command ပေးလိုက်ပါတယ်။ PLC မှာ အဲဒီ signal ဝင်သွားတာ IO module ပေါ်က သူ့ channel အတွက် မီးလေး လင်းသွားတာတွေ့လို့ သိလိုက်ပါတယ်။ ခဏ စောင့်ကြည့်တဲ့ အထိ PLC output မှာ Auto Sync အတွက် signal မီးလင်းသွားတာ မတွေ့ပါဘူး။ အပြင် Panel Display မှာလည်း အဲဒီအတွက် မီးမလင်း လာပါဘူး။ ခဏကြာတော့ ACB non-close signal ထွက်လာပြီး Engine Stop ဖြစ်သွားပါတယ်။
စပြီး စဉ်းစားကြည့်ရအောင်။ PLC က Auto-Sync signal မထွက်တဲ့အတွက် သူ့နောက်မှာရှိတဲ့ relay 325X တို့ Synchro Relay Unit တို့ကို့ ခဏ ထားလိုက်ပါမယ်။ ကံအရမ်းဆိုးလို့ တစ်ပြိုင်ထဲ ပျက်ယင်တော့ တစ်မျိုးပေါ့။ ရှေ့က PLC output ထွက်ဖို့ အယင် ကြိုးစားကြည့်ပါမယ်။ PLC မှာ CPU နဲ့ IO module တွေရှိပါတယ်။ IO module ၃ ခုလုံး လဲစမ်းကြည့်ပြီးပြီဆိုတော့ hardware အနေနဲ့ ပျက်စရာCPU ဘဲ ကျန်တော့တယ်။ ဒါတောင် Load sharing က ပုံမှန် အလုပ်လုပ်တယ်ဆိုတော့ CPU ပျက်တာ မဖြစ်ဖို့ များပါတယ်။ ဒီတော့ အဖြစ်နိုင်ဆုံးကတော့ လိုအပ်တဲ့ input signal အခြေအနေ မရယင်၊ PLC က output ထုတ်ပေးမှာ မဟုတ်ဘူး ဆိုတာပါဘဲ။ 
Input တွေကြည့်လိုက်တော့ Channel ၁၀ခု သုံးထားတဲ့ Digital Input (DI) တစ်ကဒ် နဲ့ Channel ၃ ခု သုံးထားတဲ့ Analog Input (AI) တစ်ကဒ် ရှိပါတယ်။ Digital input တွေက တစ်ခြား AE တွေနဲ့ ယှဉ်ကြည့်လိုက်တော့ ပုံမှန်ဖြစ်နေတာ တွေ့ရပါတယ်။ ဒီတော့ Analog input တွေကို ကြည့်ရပါပြီ။ Analog input ၃ ခုကတော့ Generator ရဲ့ Voltage, Frequency နဲ့ power (kW) ကို ပေးထားတာပါ။ ACB မတိုင်ခင် အဝင်က sensing ယူ၊ 450 /110 transformer နဲ့ step down ချပြီး Transducer ၃ ခုနဲ့ (4-20) mA ပြောင်းပေးထားတာပါ။ အယင် အတွေ့အကြုံတွေအရ အဲဒီ transducer တွေ ပျက်တတ်တာမို့ အဝင် အထွက်တိုင်းကြည့်ပါတယ်။ AE2 နဲ့ ယှဉ်ကြည့်တော့ တန်ဖိုး သိပ်မကွာတော့ Transducer တွေမပျက်ဘူးလို့ သိလိုက်ပါတယ်။ ဒါပေမဲ့ သတိထားမိတာက AE2 မှာ input 112 V ရှိပြီး အခု AE3 မှာ 109 V ဘဲရှိပါတယ်။ ဒါနဲ့ transformer မတိုင်ခင် အဝင် တိုင်းကြည့်တော့ AE2 မှာ 451V ရှိပြီး AE3 မှာ 433 V ဘဲရှိပါတယ်။ တော်တော်လေး ကွာနေတော့ ဒါဟာ ပြဿနာဘဲလို့ တွက်လိုက်မိပါတယ်။ သေချာအောင် Manual ထဲက flow chart ကိုကြည့်ပြီး logic ကို စဉ်းစားကြည့်ပါတယ်။ အဲဒီမှာ အဝင် Voltage က အနည်းဆုံး 436.5 V ရှိရမယ်လို့ ပါ ပါတယ်။ အဲဒါ မပြည့်ယင် Auto-synchro Signal ထုတ်ပေးမှာ မဟုတ်ပါဘူး။ 
ဒါနဲ့ Voltage တင်ပေးဖို့ လုပ်ပါတယ်။ Panel ထဲက trimmer လေးကို လှည့်ကြည့်တော့ Voltage က မပြောင်းပါဘူး။ ဒါနဲ့ Generator ဆီသွားကြည့်ပါတယ်။ Trimmer potentiometer ဘက်က ကြိုး ပြုတ်နေ ပြတ်နေတာလား။ ကျော်ထားတာလား။ Trimmer မကောင်းတာလား။ AVR အဝင်က ဖြုတ်တိုင်းတာ အသေချာဆုံးမို့ပါ။ လိုအပ်လာယင် AVR ပေါ်ကနေ voltage တင်လို့ရတာဘဲ။ 
ကြည့်လိုက်တော့ Generator က Hyundai အမျိုးအစား။ နည်းနည်းတော့ စိတ်ထဲမှာ ထင့်သွားတယ်။ သိပ်မချောင် တော့ဘူးလို့။ ဒါနဲ့ AVR ဘေးက အဖုံးဖွင့်။ Trimmer အဝင်ကြိုးကို ဖြုတ်တိုင်းကြည့်တော့ 2.4 k ohm ရှိတယ်။ Panel မှာ တိုင်းကြည့်ခဲ့တဲ့ တန်ဖိုးနဲ့ သိပ်မကွာပါဘူး။ ဒါဆို Trimmer ဘက်ကို သံသယ မရှိတော့ဘူး။ AVR မကောင်းတာလား။ Thyristor (SCR) က Short ဖြစ်ပြီး ဆွဲချနေလို့လား။ အဝင် excitation circuit မကောင်းလို့ Voltage အထွက်နည်းနေတာလား။ စစ်ရပါတော့မယ်။ 
ဒီနေရာမှာ ကျွန်တော်ခဏခဏ ပြောဖူးတဲ့ Hyundai , Tiayo အစရှိတဲ့ self excited compound generator တွေ အကြောင်း နည်းနည်း ထပ်ပြောပါရစေ။ ဒီအမျိုးအစားတွေက သူ့မှာ excitation circuit ပါပြီးသားပါ။ ဒီတော့ အစဆုံး Voltage output က operating voltage ထက် ပိုမြင့်နေလေ့ရှိပါတယ်။ အဲဒါကို AVR ကနေ diversion လုပ်ပြီး ပြန်ချယူရတာပါ။ AVR မဆွဲချခင်ကထဲက voltage နိမ့်နေမယ်ဆိုယင် AVR က ဘာမှ လုပ်မပေးနိုင်တော့ပါဘူး။ အဲဒါကို ကွဲကွဲပြားပြား သိဖို့ AVR ကို ဖြုတ်ပြီး စမ်းမောင်းကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ AVR အဝင်၊ အထွက် Connector တွေ အကုန်ဖြုတ်ပြီး စက်မောင်းကြည့်ပါတယ်။ ထွက်လာတဲ့ voltage က 433V ဘဲရှိပါတယ်။ ဒီတော့ သေချာသွားတာက AVR မတိုင်ခင်က နည်းနေတာပါ။ ဒါနဲ့ နောက်တစ်ဆင့် Thyristor ကို တိုင်းကြည့်တော့ Short circuit မပြပါဘူး။ ဘာဘဲဖြစ်ဖြစ် သေချာအောင် Thyristor အဝင်ကြိုးတွေပါဖြုတ်ပြီး ထပ်မောင်းကြည့်တော့လည်း အတူတူပါဘဲ။ Rectifier diode တွေကို ကြိုး ဖြုတ်တိုင်းကြည့်တော့လည်း ကောင်းနေပါတယ်။ 
Circuit ကို သေချာပြန်ကြည့်ပြီး ဖြစ်နိုင်ချေတွေ စဉ်းစားရပါတယ်။ Rotating diode တစ်ခုခု ပျက်တာဆိုယင် သူ့ထက် voltage ပိုနည်းပြီးထွက်မှာပါ။ ဒီ excitation circuit ထဲကဘဲ ဖြစ်မယ်လို့ ယူဆပါတယ်။ အယင် ဖြစ်ဖူးတဲ့ loose contact ပြဿနာမျိုး မဖြစ်ရအောင် ကြိုးဆက်ထားတဲ့ socket တွေအကုန်plier နဲ့ လိုက်ညှစ်၊ ဖြုတ်၊ တပ်လုပ်ကြည့်ပါတယ်။ Capacitor bridge က ဖြစ်တာလား သိရအောင် Capacitor ၆ လုံးက ကြိုးတွေဖြုတ်တိုင်းကြည့်တော့လည်း ကောင်းနေပါတယ်။ Reactor Transformer ကို တိုင်းကြည့်ပေမဲ့ သိသာတဲ့ ကောက်ချက်မချနိုင်ပါဘူး။ Phase ၃ ခုကတော့ balance ဖြစ်နေပါတယ်။ 
နေရာက ပူတော့ လူက ချွေးတစ်လုံးလုံး။ စိတ်လည်း အိုက်နေပြီ။ ဖြစ်တဲ့နည်းနဲ့ ရအောင် volt မြှင့်မယ်ဆိုယင်တော့ Transformer Tapping ပြောင်းတာ၊ Reactor gap ညှိတာတို့ လုပ်လို့ရနိုင်ပါတယ်။ ဒါပေမဲ့ ပြဿနာက ပြီးခဲ့တဲ့ တစ်ပတ်အတွင်း ဖြစ်တာဆိုတော့ ပစ္စည်းတစ်ခုခု ပျက်သွားတာလား လွတ်သွားတာလား ဖြစ်ဖို့ ပိုများတာမို့ သေချာအောင်ရှာကြည့်တာပါ။ 
နောက်တစ်ခု စဉ်းစားမိတာက voltage က နည်းနည်းဘဲ ကျတယ်ဆိုတော့ excitation circuit ထဲက ပစ္စည်းတွေထဲက 3 phase မှာ 1 phase ပျက်တာ၊ အလုပ်မလုပ်တာ ဖြစ်နိုင်ပါတယ်။ အဲဒါကို စစ်ကြည့်ဖို့ ပြင်ပါတယ်။ Rectifier အဝင် ကြိုး ၃ စ နေရာမှာ ကြိုးတစ်စစီ ထပ်ထည့်ပြီး အပြင်ကို ဆွဲထုတ်ထားပါတယ်။ အဲဒီကြိုး ၃ စကို pvc connector တစ်ခုမှာ ဆက်ထားပြီး အလွယ်တကူ တိုင်းနိုင်အောင် လုပ်ထားပါတယ်။ ပြီးမှ စက်မောင်းပြီး နှစ်ချောင်းတစ်စုံ သုံးခါတိုင်းကြည့်ပါတယ်။ Voltage ၃ ခု တူမတူကြည့်ပါတယ်။ အဲဒီမှာ 18 V နှစ်ခုနဲ့ 36V တစ်ခု ထွက်တာ တွေ့ရပါတယ်။ ဒါဆို ထင်တဲ့အတိုင်း phase တစ်ခုက ပြတ်နေတာလား၊ ပျက်နေတာလား တစ်ခုခုပါဘဲ။ စက်ပြန်ရပ်ပြီး circuit တစ်ပိုင်းစီ ohm တိုင်းကြည့်ပါတယ်။ အဓိက 3 phase မှာ resistance ညီလား ကြည့်ပါတယ်။ လိုအပ်သလို loop ကြိုးတွေဖြုတ်တိုင်းရတာပေါ့။ တစ်ခုစီရှာယင်းဖွေယင်း နောက် reactor transformer အဝင်နဲ့ bus bar ကို တိုင်းကြည့်တော့ phase တစ်ခုက open ပြနေတာ တွေ့ရပါတယ်။ Generator အပေါ်က ဖွင့်လို့ရတဲ့ အဖုံးတွေ အကုန် လှန်ထားပြီးပေမဲ့ ကွယ်နေတဲ့ နေရာတွေကရှိနေသေးတယ်။ Bus bar ကို ဘယ်နေရာမှာ ဆက်ထားတယ်ဆိုတာတောင် တော်တော်နဲ့ ရှာလို့မတွေ့ဘူး။ နောက် ကျောဖုံး လေဝင်တဲ့ louvre ကို ဖွင့်ပြီးကြည့်တော့မှ Current Transformer T1,T2,T3 အထက် ကပ်ပြီး screw အသေးလေးနဲ့ စုပ်ထားတာ တွေ့ရတယ်။ အလယ် phase ကြိုးရဲ့ cable lug အခြေမှာ လောင်ထားတဲ့ အရာတွေ့ပါတယ်။ လှုပ်ကြည့်တော့ Cable lug insulation ရဲ့ အထဲမှာ ပြတ်နေပါတယ်။
ဒီတော့မှ စိတ်ချမ်းသာစွာနဲ့ ကြိုးပြန်ဆက် AVR ပြန်တပ်။ ပြန် Run ကြည့်တော့ 455V လောက် ထွက်နေပါပြီ။ Trimmer နဲ့ 450V ပြန်ညှိလိုက်ပါတယ်။ အလွယ်တစ်ကူ ညှိလို့ရပါတယ်။ ဒါနဲ့ Auto မှာထား ACB close lever လှည့်ပေးလိုက်တော့ PLC က Auto-Sync signal ထွက်လာပြီး Parallel ချိတ်မိသွားပါပြီ။ ကျန်တာ သူတို့ စိတ်ကြိုက် စမ်းပေးခဲ့ပါတယ်။ ဒီတစ်ခါ ပုံပြင်လေး ကတော့ ဒါပါဘဲ။

No comments:

Post a Comment