Sunday 25 February 2018

ME Control (4) - Blower Motor Starter


[Zawgyi]
႐ိုး႐ိုး ရွင္းရွင္းေလးပါ။ ဒါေပမဲ့ အမႈမဲ့အမွတ္မဲ့နဲ႔ ျဖစ္တတ္လို႔ သတိထားမိေအာင္ ေရးလိုက္ပါတယ္။ 
Bulk Carrier တစ္စီးမွာ တစ္ျခားျပႆနာတစ္ခုနဲ႔ သြားခဲ့တုန္းကပါ။ အခ်ိန္ပိုေနတုန္း စက္ခ်ဳပ္က အကူအညီေတာင္းလို႔ ကူၾကည့္ေပးခဲ့တာပါ။ ဓာတ္ႀကိဳးက ႐ိုေမးနီးယားလို႔ထင္တယ္။ အျဖဴတစ္ေယာက္ပါ။ စက္ခ်ဳပ္ေျပာတာက ME ရဲ႕ Blower ေမာင္းမရလို႔ ဓာတ္ႀကိဳးကို ကူေပးဖို႔ ေျပာပါတယ္။ စလိုက္တဲ့အခ်ိန္ panel ထဲက မီးပြားေတြ ထြက္တာျမင္တယ္ေျပာပါတယ္။ Blower မလည္ယင္ ME စလို႔ မရဘူးေျပာပါတယ္။ ကၽြန္ေတာ္တို႔ တစ္ျခားအလုပ္ စတဲ့အခ်ိန္ေလာက္ထဲက ဓာတ္ႀကိဳး လုပ္ေနတာ ေတြ႕ပါတယ္။ ကၽြန္ေတာ္တို႔ကို စက္ခ်ဳပ္လာေျပာတဲ့ အခ်ိန္မွာ ဓာတ္ႀကိဳးက MC ခပ္ႀကီးႀကီးတစ္ခုကို ျဖဳတ္ယူလာၿပီး Service လုပ္တာေတြ႕ရပါတယ္။ ၿပီးေတာ့ သြားျပန္တပ္ပါတယ္။ ကၽြန္ေတာ္တို႔ ဆင္းၿပီး လိုက္သြားေတာ့ ျပန္တပ္ၿပီး စဖို႔အဆင္သင့္ ျဖစ္ေနပါၿပီ။ 
စကားမစပ္ Blower က ME ထိပ္ဘက္မွာ တပ္ထားပါတယ္။ Engine design ေတာ့ သိပ္နားမလည္လို႔ ဘာအတြက္သုံးတယ္မသိပါဘူး။ ME ထဲကို ေလမႈတ္သြင္းတဲ့ ပုံရွိပါတယ္။ Motor က ေတာ္ေတာ္ေလး ႀကီးပါတယ္။ Starter က motor နဲ႔ သိပ္မေဝးတဲ့ေနရာမွာ ရွိေနေတာ့ လုပ္ရတာ အဆင္ေျပပါတယ္။
ကၽြန္ေတာ္တို႔ေရွ႕မွာဘဲ ဓာတ္ႀကိဳးက Starter ကေန စလိုက္ပါတယ္။ Motor က မလည္ပါဘူး။ ဒါနဲ႔ သူ power ျပန္ပိတ္ၿပီး motor ရဲ႕ terminal box ကို ဖြင့္လိုက္ပါတယ္။ ကၽြန္ေတာ္လည္း ေဘးကေန လိုက္ၾကည့္ပါတယ္။ အထဲကို ႀကိဳး ၆ ေခ်ာင္း ဝင္ၿပီး ဆက္ထားတာ ေတြ႕ရပါတယ္။ ဒါေပမဲ့ ထူးျခားေနတာက Terminal ေတြကို link လုပ္ေပးတဲ့ ေၾကးျပား ၃ ခုကို Delta connection အတိုင္း အၿပိဳင္ဆက္ထားတာေတြ႕ရပါတယ္။ ကၽြန္ေတာ္ စဥ္းစားရၾကပ္သြားပါတယ္။ ဘယ္လို design လဲေတာ့ မသိဘူး။ Panel မွာၾကည့္လိုက္ေတာ့ MC အႀကီးထဲက ရြယ္တူ ၂ ခုနဲ႔ နည္းနည္း ငယ္တဲ့ တစ္လုံး။ အဲဒီ ငယ္တဲ့ MC တစ္ဘက္က 3 phase ကို short လုပ္ထားတာေတြ႕ပါတယ္။ ရြယ္တူ MC ၂ လုံးရဲ႕ အဝင္မွာ loop လုပ္ထားတာေတြ႕တယ္ဆိုေတာ့ Star-Delta ေသခ်ာသေလာက္ပါဘဲ။ အဲဒီအခ်ိန္မွာ ဓာတ္ႀကိဳးက ေျပာလာပါတယ္။ Motor ကလည္း အသစ္ႀကီးတဲ့။ အခုလဲၿပီးလို႔ စ Run တာ မရဘူးျဖစ္ေနတယ္တဲ့။
 ဒီေတာ့မွ ဇာတ္ရည္လည္ေတာ့တယ္။ ေသပါေတာ့။ စိတ္ထဲမွာေတာ့ ကိုယ္နဖူးကို ျပန္႐ိုက္မိေတာ့တယ္။ ဓာတ္ႀကိဳးကိုလည္း ခ်ဳိးရာ မက်ရေအာင္ ေျပေျပလည္လည္ ေျပာရပါတယ္။ မင္း အလုပ္မ်ားၿပီး ေမ့ေနတယ္နဲ႔ တူတယ္လို႔။ ဒီ linkage ေၾကးျပားေတြ ျဖဳတ္ရမွာ မဟုတ္လားလို႔ ေျပာေတာ့မွ သူလည္း အား၊ ဟုတ္သားဘဲ ဆိုၿပီး ေၾကးျပားေတြ ျဖဳတ္လိုက္တယ္။ ၿပီးေတာ့ ျပန္စမ္းတဲ့ အခ်ိန္မွာ မလည္ေသးပါဘူး။ 
ဒီေတာ့မွ မီတာနဲ႔ လိုက္ေထာက္ၾကည့္ပါတယ္။ MC ေတြ အဝင္မွာ 3 phase လုံး 440V ရွိပါတယ္။ ေသခ်ာၾကည့္ေတာ့ Star MC က ျပန္မကြာေတာ့ဘဲ ကပ္ေနတာေတြ႕ရပါတယ္။ ဒါေပမဲ့ contact တစ္ခုမွာဘဲထိၿပီး ႏွစ္ခုကလြတ္ေနပါတယ္။ Power ပိတ္ၿပီး ဓာတ္ႀကိဳးက MC ရဲ႕ cover ဖြင့္ၾကည့္ေတာ့ Contact တစ္ခုက Welding ဆက္သလို တြဲေနပါတယ္။ အထဲမွာလည္း မီးခိုးေတြနဲ႔ မဲေနပါတယ္။ သူက မရမက ထိုးခြာၿပီး သန္႔ရွင္းေရးလုပ္၊ ျပန္တပ္လိုက္ေတာ့ ကစားလို႔ ရသြားပါတယ္။ သုံးလို႔ရႏိုင္ေပမဲ့ သိပ္ေတာ့ မေကာင္းေတာ့ပါဘူး။ Contact Point ေတြ ေလာင္ထားေတာ့ အသစ္လဲသင့္ပါတယ္။ ေလာေလာဆယ္ စမ္းၾကည့္တာေပါ့။ အကုန္ျပန္တပ္ၿပီး စမ္းေတာ့ Motor လည္သြြားပါၿပီ။ Star နဲ႔ Delta ႏွစ္ခုလုံး အလုပ္လုပ္ပါတယ္။ Direction လည္း မွန္ပါတယ္။
ျပန္ၾကည့္ယင္ ျပႆနာက Motor အသစ္ေတြမွာ Star ဒါမွမဟုတ္ Delta တစ္မ်ဳိး ဘဲသုံးတဲ့ DOL Starter ဆိုယင္ ဆက္ဖို႔ link ေၾကးျပားေလးေတြ ထည့္ေပးထားတတ္ပါတယ္။ Star-delta Starter မွာဆိုယင္ေတာ့ ျဖဳတ္ပစ္ရပါတယ္။ အဲဒါ ကိုဓာတ္ႀကိဳးက ေမ့သြားတာလား သတိမထားမိတာလားမသိ မျဖဳတ္ဘဲ ႀကိဳးဆက္လိုက္ပါတယ္။ ေၾကးျပားက Delta ပုံဆက္ထားတဲ့ အခ်ိန္ Star MC ကပ္လိုက္ေတာ့ Short လုပ္လိုက္သလိုျဖစ္ၿပီး Star MC ထိသြားတာပါ။ အမ်ားစုသိၿပီးသားဆိုေပမဲ့ သတိထားမိေအာင္ ေရးလိုက္ပါတယ္။

[Unicode]

ရိုးရိုး ရှင်းရှင်းလေးပါ။ ဒါပေမဲ့ အမှုမဲ့အမှတ်မဲ့နဲ့ ဖြစ်တတ်လို့ သတိထားမိအောင် ရေးလိုက်ပါတယ်။ 
Bulk Carrier တစ်စီးမှာ တစ်ခြားပြဿနာတစ်ခုနဲ့ သွားခဲ့တုန်းကပါ။ အချိန်ပိုနေတုန်း စက်ချုပ်က အကူအညီတောင်းလို့ ကူကြည့်ပေးခဲ့တာပါ။ ဓာတ်ကြိုးက ရိုမေးနီးယားလို့ထင်တယ်။ အဖြူတစ်ယောက်ပါ။ စက်ချုပ်ပြောတာက ME ရဲ့ Blower မောင်းမရလို့ ဓာတ်ကြိုးကို ကူပေးဖို့ ပြောပါတယ်။ စလိုက်တဲ့အချိန် panel ထဲက မီးပွားတွေ ထွက်တာမြင်တယ်ပြောပါတယ်။ Blower မလည်ယင် ME စလို့ မရဘူးပြောပါတယ်။ ကျွန်တော်တို့ တစ်ခြားအလုပ် စတဲ့အချိန်လောက်ထဲက ဓာတ်ကြိုး လုပ်နေတာ တွေ့ပါတယ်။ ကျွန်တော်တို့ကို စက်ချုပ်လာပြောတဲ့ အချိန်မှာ ဓာတ်ကြိုးက MC ခပ်ကြီးကြီးတစ်ခုကို ဖြုတ်ယူလာပြီး Service လုပ်တာတွေ့ရပါတယ်။ ပြီးတော့ သွားပြန်တပ်ပါတယ်။ ကျွန်တော်တို့ ဆင်းပြီး လိုက်သွားတော့ ပြန်တပ်ပြီး စဖို့အဆင်သင့် ဖြစ်နေပါပြီ။ 
စကားမစပ် Blower က ME ထိပ်ဘက်မှာ တပ်ထားပါတယ်။ Engine design တော့ သိပ်နားမလည်လို့ ဘာအတွက်သုံးတယ်မသိပါဘူး။ ME ထဲကို လေမှုတ်သွင်းတဲ့ ပုံရှိပါတယ်။ Motor က တော်တော်လေး ကြီးပါတယ်။ Starter က motor နဲ့ သိပ်မဝေးတဲ့နေရာမှာ ရှိနေတော့ လုပ်ရတာ အဆင်ပြေပါတယ်။
ကျွန်တော်တို့ရှေ့မှာဘဲ ဓာတ်ကြိုးက Starter ကနေ စလိုက်ပါတယ်။ Motor က မလည်ပါဘူး။ ဒါနဲ့ သူ power ပြန်ပိတ်ပြီး motor ရဲ့ terminal box ကို ဖွင့်လိုက်ပါတယ်။ ကျွန်တော်လည်း ဘေးကနေ လိုက်ကြည့်ပါတယ်။ အထဲကို ကြိုး ၆ ချောင်း ဝင်ပြီး ဆက်ထားတာ တွေ့ရပါတယ်။ ဒါပေမဲ့ ထူးခြားနေတာက Terminal တွေကို link လုပ်ပေးတဲ့ ကြေးပြား ၃ ခုကို Delta connection အတိုင်း အပြိုင်ဆက်ထားတာတွေ့ရပါတယ်။ ကျွန်တော် စဉ်းစားရကြပ်သွားပါတယ်။ ဘယ်လို design လဲတော့ မသိဘူး။ Panel မှာကြည့်လိုက်တော့ MC အကြီးထဲက ရွယ်တူ ၂ ခုနဲ့ နည်းနည်း ငယ်တဲ့ တစ်လုံး။ အဲဒီ ငယ်တဲ့ MC တစ်ဘက်က 3 phase ကို short လုပ်ထားတာတွေ့ပါတယ်။ ရွယ်တူ MC ၂ လုံးရဲ့ အဝင်မှာ loop လုပ်ထားတာတွေ့တယ်ဆိုတော့ Star-Delta သေချာသလောက်ပါဘဲ။ အဲဒီအချိန်မှာ ဓာတ်ကြိုးက ပြောလာပါတယ်။ Motor ကလည်း အသစ်ကြီးတဲ့။ အခုလဲပြီးလို့ စ Run တာ မရဘူးဖြစ်နေတယ်တဲ့။
ဒီတော့မှ ဇာတ်ရည်လည်တော့တယ်။ သေပါတော့။ စိတ်ထဲမှာတော့ ကိုယ်နဖူးကို ပြန်ရိုက်မိတော့တယ်။ ဓာတ်ကြိုးကိုလည်း ချိုးရာ မကျရအောင် ပြေပြေလည်လည် ပြောရပါတယ်။ မင်း အလုပ်များပြီး မေ့နေတယ်နဲ့ တူတယ်လို့။ ဒီ linkage ကြေးပြားတွေ ဖြုတ်ရမှာ မဟုတ်လားလို့ ပြောတော့မှ သူလည်း အား၊ ဟုတ်သားဘဲ ဆိုပြီး ကြေးပြားတွေ ဖြုတ်လိုက်တယ်။ ပြီးတော့ ပြန်စမ်းတဲ့ အချိန်မှာ မလည်သေးပါဘူး။ 
ဒီတော့မှ မီတာနဲ့ လိုက်ထောက်ကြည့်ပါတယ်။ MC တွေ အဝင်မှာ 3 phase လုံး 440V ရှိပါတယ်။ သေချာကြည့်တော့ Star MC က ပြန်မကွာတော့ဘဲ ကပ်နေတာတွေ့ရပါတယ်။ ဒါပေမဲ့ contact တစ်ခုမှာဘဲထိပြီး နှစ်ခုကလွတ်နေပါတယ်။ Power ပိတ်ပြီး ဓာတ်ကြိုးက MC ရဲ့ cover ဖွင့်ကြည့်တော့ Contact တစ်ခုက Welding ဆက်သလို တွဲနေပါတယ်။ အထဲမှာလည်း မီးခိုးတွေနဲ့ မဲနေပါတယ်။ သူက မရမက ထိုးခွာပြီး သန့်ရှင်းရေးလုပ်၊ ပြန်တပ်လိုက်တော့ ကစားလို့ ရသွားပါတယ်။ သုံးလို့ရနိုင်ပေမဲ့ သိပ်တော့ မကောင်းတော့ပါဘူး။ Contact Point တွေ လောင်ထားတော့ အသစ်လဲသင့်ပါတယ်။ လောလောဆယ် စမ်းကြည့်တာပေါ့။ အကုန်ပြန်တပ်ပြီး စမ်းတော့ Motor လည်သွွားပါပြီ။ Star နဲ့ Delta နှစ်ခုလုံး အလုပ်လုပ်ပါတယ်။ Direction လည်း မှန်ပါတယ်။
ပြန်ကြည့်ယင် ပြဿနာက Motor အသစ်တွေမှာ Star ဒါမှမဟုတ် Delta တစ်မျိုး ဘဲသုံးတဲ့ DOL Starter ဆိုယင် ဆက်ဖို့ link ကြေးပြားလေးတွေ ထည့်ပေးထားတတ်ပါတယ်။ Star-delta Starter မှာဆိုယင်တော့ ဖြုတ်ပစ်ရပါတယ်။ အဲဒါ ကိုဓာတ်ကြိုးက မေ့သွားတာလား သတိမထားမိတာလားမသိ မဖြုတ်ဘဲ ကြိုးဆက်လိုက်ပါတယ်။ ကြေးပြားက Delta ပုံဆက်ထားတဲ့ အချိန် Star MC ကပ်လိုက်တော့ Short လုပ်လိုက်သလိုဖြစ်ပြီး Star MC ထိသွားတာပါ။ အများစုသိပြီးသားဆိုပေမဲ့ သတိထားမိအောင် ရေးလိုက်ပါတယ်။

No comments:

Post a Comment