Monday 19 February 2018

Gas Detector (2) - Vacuum Pump Replacement

 
[Zawgyi]
ဒီတစ္ခါ Tanker တစ္စီးမွာပါ။ အယင္တစ္ဖြဲ႕ရဲ႕ စစ္ေဆးခ်က္အရ Vacuum Pump မေကာင္းဘူးဆိုလို႔ Pump အသစ္တစ္လုံး ယူသြားၿပီး ျပန္တပ္ေပးခဲ့ရတာပါ။ Pump ေလး လဲတပ္ၿပီး ျပန္ဆင္းခဲ့ဖို႔ဘဲ ဆိုေတာ့ ေအးေဆးေပါ့။

သေဘၤာေပၚေရာက္ေတာ့ "ဖား" ဓာတ္ႀကိဳးက လိုက္ျပပါတယ္။ Power အဖြင့္၊ အပိတ္ ျပခဲ့ၿပီး က်န္တာ အင္ဒို ကုန္းခ်ဳပ္နဲ႔ ဆက္လုပ္ဖို႔ ထားခဲ့ပါတယ္။ System က Salwico ရဲ႕ SW2020 ပါ။
CCR မွာ Alarm Control Panel ရွိၿပီး ေအာက္ထပ္ Hydraulic Room မွာ Detector Cabinet  ရွိပါတယ္။
ၾကည့္လိုက္ေတာ့ Vacuum Pump တစ္လုံးဘဲ ရွိတဲ့ စံနစ္ပါ။ Gas Sensor ကေတာ့ ၃ ခုရွိပါတယ္။ Hydrocarbon (HC) တစ္ခု၊ H2S တစ္ခုနဲ႔ O2 တစ္ခုပါ။ Detection Point ေတြက Sample air ကို Vacuum Pump နဲ႔ အလွည့္က် စုပ္ယူၿပီး Gas Sensor ေတြဆီ ျဖတ္သြားေစတာပါ။
အခု Vacuum Pump အေဟာင္းကို ျဖဳတ္ၿပီး အသစ္ျပန္တပ္လိုက္ပါတယ္။ 
Water Ballast Tank ေတြမွာ ေရရွိယင္ အဲဒီ tank အတြက္ detection point ကို system မွာ disconnect လုပ္ထားရပါတယ္။ မဟုတ္ယင္ စုပ္ယူတဲ့ထဲမွာ ေရေတြ ပါလာႏိုင္လို႔ပါ။ အခုေတာ့ ဘယ္မွာ ေရရွိတယ္ဆိုတာ မေသခ်ာလို႔ sensing point ေတြက လာတဲ့ အဝင္ ပိုက္ေတြ အကုန္ျဖဳတ္ထားလိုက္ပါတယ္။ ၿပီးမွ Power on ၿပီး Alarm Control panel မွာေစာင့္ၾကည့္ပါတယ္။ Initialization ၿပီးေတာ့ ဘာ fault / alarm မွ မလာဘဲ sample point တစ္ခုၿပီးတစ္ခု scan လုပ္ေနပါတယ္။ အဆင္ေျပၿပီေပါ့။ ၿပီးခဲ့တဲ့ calibration date က ၆ လ ေလာက္ဘဲ ရွိေသးေတာ့ ထပ္မလုပ္ေတာ့ပါဘူး။ ကိုယ့္အပိုင္းက ၿပီးေနၿပီဆိုေတာ့ ကုန္းခ်ဳပ္ကိုေခၚျပပါတယ္။ "အ" ကုန္းခ်ဳပ္က လိုက္ၾကည့္ၿပီး sensing point အဝင္ပိုက္ေတြ ျဖဳတ္ထားေတာ့ တစ္ကယ္ ေကာင္းမေကာင္း ဘယ္လိုသိႏိုင္မလဲတဲ့။ ဒါဆို ဘယ္ Point ေတြမွာ ေရရွိလဲ။ ေရရွိတဲ့ Point ေတြ disconnect လုပ္ေပး။ ပိုက္ေတြျပန္ဆက္ၿပီး စမ္းၾကတာေပါ့လို႔ ေျပာၿပီး သူ႔ကို Disconnect လုပ္ခိုင္းပါတယ္။ Alarm Control Panel မွာ ေရရွိတဲ့ Ballast Tank ေတြထဲက Sensor Point ေတြကို disconnect လုပ္ၿပီးတာနဲ႔ ပိုက္ေတြ ျပန္ဆက္ေပးလိုက္ပါတယ္။ ၿပီးတာနဲ႔ ျပန္စမ္း ေတာ့ Fault / Alarm မရွိပါဘူး။ Auto sampling mode နဲ႔ Run ေနပါတယ္။ H2S နဲ႔ HC က 0 ျပေနၿပီး O2 က 21% ျပေနပါတယ္။ ဒါဆို ေကာင္းေနတာေပါ့။ 
ကုန္းခ်ဳပ္က လက္မခံေသးပါဘူး။ Gas ထိုးထည့္ၿပီး simulation alarm လုပ္ျပပါတဲ့။ Panel ထဲက တစ္ Point ကို alarm ထြက္ေအာင္ လုပ္ျပပါတဲ့။ ႐ုံးက မွာလိုက္တာက Pump လဲ၊ ပုံမွန္ auto run လို႔ရယင္ ျပန္ဆင္းခဲ့႐ုံဘဲဆိုေတာ့ ဘာမွ မျပင္ဆင္ခဲ့ပါဘူး။ Span gas ဗူးေတြလည္း မယူခဲ့ဘူး။ Panel ထဲမွာ Calibration Gas bottle တစ္လုံးရွိပါတယ္။ Butane (50%) ပါ။ HC Calibration လုပ္ယင္သုံးဖို႔ပါ။ အဲဒါနဲ႔ စမ္းျပလိုက္ယင္ အဆင္ေျပၿပီေပါ့။ ေနာက္ၿပီး ဒီစံနစ္မွာ panel ထဲကို detect လုပ္တဲ့ point တစ္ခုရွိပါတယ္ အဲဒီ မွာထိုးထည့္ေပးလိုက္ယင္ ရမွာပါ။
ဒါနဲ႔ Detector Cabinet ကိုဖြင့္ Calibration အတြက္ထားတဲ့ bottle ကို ၾကည့္လိုက္ေတာ့ gas ကုန္ေနတယ္။ Pressure က Zero ေရာက္ေနၿပီ။ ဒါနဲ႔ ကုန္းခ်ဳပ္ကို ေနာက္တစ္ဗူး ရွာယူခဲ့ဖို႔ ေျပာရတယ္။ ခဏေနေတာ့ သူ Gas Bottle တစ္ခုယူလာတယ္။ ဖတ္ၾကည့္ေတာ့ spec ကအတူတူဘဲ။ အဆင္ေျပၿပီဆိုၿပီး ေခါင္းေတြလဲဖို႔ျပင္ေတာ့ အရစ္မတူဘူး ျဖစ္ေနတယ္။ သူယူလာတဲ့ ဗူးက ငယ္ေနတယ္။ Cabinet ထဲက ေခါင္းေတြနဲ႔ သုံးမရလို႔ သူ႔ကို အဲဒီဗူးနဲ႔ ကိုက္မယ့္ ေခါင္း ရွာခဲ့ဖို႔ ေျပာပါတယ္။ သူကလည္း ရွာေပးပါတယ္။ သူယူလာတဲ့ ေခါင္းနဲ႔ ပိုက္ေပ်ာ့ေလး တပ္ၿပီး အဆင္သင့္လုပ္ထားပါတယ္။ Control မွာ Auto မထားဘဲ Manual နဲ႔ Cabinet ထဲက Sample Point ကိုဘဲ detect လုပ္ဖို႔ command ေပးလိုက္ပါတယ္။ ေအာက္ကို ျပန္ေျပးၿပီး Gas ဗူး ကို sensing point ေနရာမွာ ဖြင့္ေပးပါတယ္။ Alarm က ေတာ္ေတာ္ၾကာတဲ့အထိ မတက္လာပါဘူး။ ဒါနဲ႔ အေပၚျပန္တက္ ကုန္းခ်ဳပ္ကို ေမးၾကည့္ေတာ့ HC % က လုံးဝမတက္ဘူး ေျပာပါတယ္။ Sensing Point အဝင္ကို လက္နဲ႔ ခံၾကည့္ေတာ့ ေလစုပ္ေနတာ ေတြ႕ရပါတယ္။ ဒီေတာ့ Solenoid ေတြ နဲ႔ Vacuum Pump အလုပ္လုပ္ေနတာ ေသခ်ာတယ္။ ဒါနဲ႔ gas ေသခ်ာဝင္ေအာင္ gas bottle က ပိုက္ကို sensing အဝင္ပိုက္နဲ႔ လုံေအာင္ဆက္လိုက္တယ္။ အဲဒီေတာ့ flow Error တက္လာပါတယ္။ ဒီလိုလုပ္လို႔လည္း မရဘူး။ 
Gas ကုန္တာမဟုတ္ဘူး။ ဗူးထဲမွာလည္း gas ရွိေနတာ pressure ၾကည့္ၿပီး သိႏိုင္ပါတယ္။ Gas sensor မ်ား မေကာင္းလို႔လား။ ဒါနဲ႔ gas calibration လုပ္ၾကည့္ဖို႔ ဆုံးျဖတ္လိုက္ပါတယ္။ Gas bottle ကို calibration inlet ပိုက္မွာဆက္ၿပီး Valve ဖြင့္လိုက္ပါတယ္။ Calibrate လုပ္မယ္ဆိုေတာ့ higher level password လိုပါတယ္။ ကုန္းခ်ဳပ္ကို ေမးၾကည့္ေတာ့ မသိဘူး။ အဲဒီ password မရွိယင္ လုပ္လို႔မရဘူး။ ဒါနဲ႔ ဖုန္းထဲမွာ မွတ္ထားဖူးတဲ့ မွတ္စု အေဟာင္းေတြ ျပန္ရွာေတာ့ ဒီ SW2020 ရဲ႕ level 2 password ကိုေတြ႕ပါတယ္။ “2222” တဲ့။ ေျပာင္းမထားယင္ေတာ့ ရမွာေပါ့။ စမ္းၾကည့္ေတာ့ ရသြားပါတယ္။ ဒါနဲ႔ calibration လုပ္ၾကည့္ေတာ့ HC % တက္လာပါတယ္။ ဒါေပမဲ့ ေတာ္ေတာ္ေလးေတာ့ ေႏွးတယ္။ ေနာက္ဆုံး 47% ထိရပါတယ္။ Sample gas က 50% ဆိုေတာ့ မွန္တယ္လို႔ ေျပာလို႔ရပါတယ္။ ဒါဆို gas sensor လည္း ေကာင္းတယ္ေပါ့။ 
ဘာလို႔ တက္တာ ေႏွးေနရတာလဲ။ ေလမလုံတာေတာ့မဟုတ္ဘူး။ စဥ္းစားယင္း တစ္ခု သတိရသြားတယ္။ Gas bottle မွာတပ္တဲ့ ေခါင္းက fix flow regulator ပါ။ သူ႔ flow rate က နည္းေနတာ ျဖစ္ႏိုင္ပါတယ္။ ျပန္ၾကည့္ေတာ့ 0.25 lit/min ျဖစ္ေနပါတယ္။ ကုန္းခ်ဳပ္ကို flow rate မ်ားတာတစ္ခု ရွာခိုင္းေတာ့ 1 lit/min ေခါင္းတစ္ခု ရလာပါတယ္။ အဲဒါတပ္ၿပီး alarm simulation ျပန္စမ္းၾကည့္ေတာ့ ခဏနဲ႔ gas alarm ျမည္ပါတယ္။ အဆင္ေျပသြား ၿပီေပါ့။
ကုန္းခ်ဳပ္လည္း ၂ ခါ ၃ ခါေလာက္စမ္းျပၿပီး လက္ခံသြားပါေတာ့တယ္။ ကူမယ့္ အေဖၚမပါဘဲ တစ္ေယာက္ထဲ အေပၚထပ္ေအာက္ထပ္ ဆင္းတက္ လုပ္ခဲ့ရေတာ့ exercise လည္း ေတာ္ေတာ္ေလး လုပ္ျဖစ္သြားတယ္ ဆိုပါေတာ့။

 [Unicode]

ဒီတစ်ခါ Tanker တစ်စီးမှာပါ။ အယင်တစ်ဖွဲ့ရဲ့ စစ်ဆေးချက်အရ Vacuum Pump မကောင်းဘူးဆိုလို့ Pump အသစ်တစ်လုံး ယူသွားပြီး ပြန်တပ်ပေးခဲ့ရတာပါ။ Pump လေး လဲတပ်ပြီး ပြန်ဆင်းခဲ့ဖို့ဘဲ ဆိုတော့ အေးဆေးပေါ့။
သင်္ဘောပေါ်ရောက်တော့ "ဖား" ဓာတ်ကြိုးက လိုက်ပြပါတယ်။ Power အဖွင့်၊ အပိတ် ပြခဲ့ပြီး ကျန်တာ အင်ဒို ကုန်းချုပ်နဲ့ ဆက်လုပ်ဖို့ ထားခဲ့ပါတယ်။ System က Salwico ရဲ့ SW2020 ပါ။ CCR မှာ Alarm Control Panel ရှိပြီး အောက်ထပ် Hydraulic Room မှာ Detector Cabinet  ရှိပါတယ်။ ကြည့်လိုက်တော့ Vacuum Pump တစ်လုံးဘဲ ရှိတဲ့ စံနစ်ပါ။ Gas Sensor ကတော့ ၃ ခုရှိပါတယ်။ Hydrocarbon (HC) တစ်ခု၊ H2S တစ်ခုနဲ့ O2 တစ်ခုပါ။ Detection Point တွေက Sample air ကို Vacuum Pump နဲ့ အလှည့်ကျ စုပ်ယူပြီး Gas Sensor တွေဆီ ဖြတ်သွားစေတာပါ။ 
အခု Vacuum Pump အဟောင်းကို ဖြုတ်ပြီး အသစ်ပြန်တပ်လိုက်ပါတယ်။ 
Water Ballast Tank တွေမှာ ရေရှိယင် အဲဒီ tank အတွက် detection point ကို system မှာ disconnect လုပ်ထားရပါတယ်။ မဟုတ်ယင် စုပ်ယူတဲ့ထဲမှာ ရေတွေ ပါလာနိုင်လို့ပါ။ အခုတော့ ဘယ်မှာ ရေရှိတယ်ဆိုတာ မသေချာလို့ sensing point တွေက လာတဲ့ အဝင် ပိုက်တွေ အကုန်ဖြုတ်ထားလိုက်ပါတယ်။ ပြီးမှ Power on ပြီး Alarm Control panel မှာစောင့်ကြည့်ပါတယ်။ Initialization ပြီးတော့ ဘာ fault / alarm မှ မလာဘဲ sample point တစ်ခုပြီးတစ်ခု scan လုပ်နေပါတယ်။ အဆင်ပြေပြီပေါ့။ ပြီးခဲ့တဲ့ calibration date က ၆ လ လောက်ဘဲ ရှိသေးတော့ ထပ်မလုပ်တော့ပါဘူး။ ကိုယ့်အပိုင်းက ပြီးနေပြီဆိုတော့ ကုန်းချုပ်ကိုခေါ်ပြပါတယ်။ "အ" ကုန်းချုပ်က လိုက်ကြည့်ပြီး sensing point အဝင်ပိုက်တွေ ဖြုတ်ထားတော့ တစ်ကယ် ကောင်းမကောင်း ဘယ်လိုသိနိုင်မလဲတဲ့။ ဒါဆို ဘယ် Point တွေမှာ ရေရှိလဲ။ ရေရှိတဲ့ Point တွေ disconnect လုပ်ပေး။ ပိုက်တွေပြန်ဆက်ပြီး စမ်းကြတာပေါ့လို့ ပြောပြီး သူ့ကို Disconnect လုပ်ခိုင်းပါတယ်။ Alarm Control Panel မှာ ရေရှိတဲ့ Ballast Tank တွေထဲက Sensor Point တွေကို disconnect လုပ်ပြီးတာနဲ့ ပိုက်တွေ ပြန်ဆက်ပေးလိုက်ပါတယ်။ ပြီးတာနဲ့ ပြန်စမ်း တော့ Fault / Alarm မရှိပါဘူး။ Auto sampling mode နဲ့ Run နေပါတယ်။ H2S နဲ့ HC က 0 ပြနေပြီး O2 က 21% ပြနေပါတယ်။ ဒါဆို ကောင်းနေတာပေါ့။ 
ကုန်းချုပ်က လက်မခံသေးပါဘူး။ Gas ထိုးထည့်ပြီး simulation alarm လုပ်ပြပါတဲ့။ Panel ထဲက တစ် Point ကို alarm ထွက်အောင် လုပ်ပြပါတဲ့။ ရုံးက မှာလိုက်တာက Pump လဲ၊ ပုံမှန် auto run လို့ရယင် ပြန်ဆင်းခဲ့ရုံဘဲဆိုတော့ ဘာမှ မပြင်ဆင်ခဲ့ပါဘူး။ Span gas ဗူးတွေလည်း မယူခဲ့ဘူး။ Panel ထဲမှာ Calibration Gas bottle တစ်လုံးရှိပါတယ်။ Butane (50%) ပါ။ HC Calibration လုပ်ယင်သုံးဖို့ပါ။ အဲဒါနဲ့ စမ်းပြလိုက်ယင် အဆင်ပြေပြီပေါ့။ နောက်ပြီး ဒီစံနစ်မှာ panel ထဲကို detect လုပ်တဲ့ point တစ်ခုရှိပါတယ် အဲဒီ မှာထိုးထည့်ပေးလိုက်ယင် ရမှာပါ။
ဒါနဲ့ Detector Cabinet ကိုဖွင့် Calibration အတွက်ထားတဲ့ bottle ကို ကြည့်လိုက်တော့ gas ကုန်နေတယ်။ Pressure က Zero ရောက်နေပြီ။ ဒါနဲ့ ကုန်းချုပ်ကို နောက်တစ်ဗူး ရှာယူခဲ့ဖို့ ပြောရတယ်။ ခဏနေတော့ သူ Gas Bottle တစ်ခုယူလာတယ်။ ဖတ်ကြည့်တော့ spec ကအတူတူဘဲ။ အဆင်ပြေပြီဆိုပြီး ခေါင်းတွေလဲဖို့ပြင်တော့ အရစ်မတူဘူး ဖြစ်နေတယ်။ သူယူလာတဲ့ ဗူးက ငယ်နေတယ်။ Cabinet ထဲက ခေါင်းတွေနဲ့ သုံးမရလို့ သူ့ကို အဲဒီဗူးနဲ့ ကိုက်မယ့် ခေါင်း ရှာခဲ့ဖို့ ပြောပါတယ်။ သူကလည်း ရှာပေးပါတယ်။ သူယူလာတဲ့ ခေါင်းနဲ့ ပိုက်ပျော့လေး တပ်ပြီး အဆင်သင့်လုပ်ထားပါတယ်။ Control မှာ Auto မထားဘဲ Manual နဲ့ Cabinet ထဲက Sample Point ကိုဘဲ detect လုပ်ဖို့ command ပေးလိုက်ပါတယ်။ အောက်ကို ပြန်ပြေးပြီး Gas ဗူး ကို sensing point နေရာမှာ ဖွင့်ပေးပါတယ်။ Alarm က တော်တော်ကြာတဲ့အထိ မတက်လာပါဘူး။ ဒါနဲ့ အပေါ်ပြန်တက် ကုန်းချုပ်ကို မေးကြည့်တော့ HC % က လုံးဝမတက်ဘူး ပြောပါတယ်။ Sensing Point အဝင်ကို လက်နဲ့ ခံကြည့်တော့ လေစုပ်နေတာ တွေ့ရပါတယ်။ ဒီတော့ Solenoid တွေ နဲ့ Vacuum Pump အလုပ်လုပ်နေတာ သေချာတယ်။ ဒါနဲ့ gas သေချာဝင်အောင် gas bottle က ပိုက်ကို sensing အဝင်ပိုက်နဲ့ လုံအောင်ဆက်လိုက်တယ်။ အဲဒီတော့ flow Error တက်လာပါတယ်။ ဒီလိုလုပ်လို့လည်း မရဘူး။ 
Gas ကုန်တာမဟုတ်ဘူး။ ဗူးထဲမှာလည်း gas ရှိနေတာ pressure ကြည့်ပြီး သိနိုင်ပါတယ်။ Gas sensor များ မကောင်းလို့လား။ ဒါနဲ့ gas calibration လုပ်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ Gas bottle ကို calibration inlet ပိုက်မှာဆက်ပြီး Valve ဖွင့်လိုက်ပါတယ်။ Calibrate လုပ်မယ်ဆိုတော့ higher level password လိုပါတယ်။ ကုန်းချုပ်ကို မေးကြည့်တော့ မသိဘူး။ အဲဒီ password မရှိယင် လုပ်လို့မရဘူး။ ဒါနဲ့ ဖုန်းထဲမှာ မှတ်ထားဖူးတဲ့ မှတ်စု အဟောင်းတွေ ပြန်ရှာတော့ ဒီ SW2020 ရဲ့ level 2 password ကိုတွေ့ပါတယ်။ “2222” တဲ့။ ပြောင်းမထားယင်တော့ ရမှာပေါ့။ စမ်းကြည့်တော့ ရသွားပါတယ်။ ဒါနဲ့ calibration လုပ်ကြည့်တော့ HC % တက်လာပါတယ်။ ဒါပေမဲ့ တော်တော်လေးတော့ နှေးတယ်။ နောက်ဆုံး 47% ထိရပါတယ်။ Sample gas က 50% ဆိုတော့ မှန်တယ်လို့ ပြောလို့ရပါတယ်။ ဒါဆို gas sensor လည်း ကောင်းတယ်ပေါ့။ 
ဘာလို့ တက်တာ နှေးနေရတာလဲ။ လေမလုံတာတော့မဟုတ်ဘူး။ စဉ်းစားယင်း တစ်ခု သတိရသွားတယ်။ Gas bottle မှာတပ်တဲ့ ခေါင်းက fix flow regulator ပါ။ သူ့ flow rate က နည်းနေတာ ဖြစ်နိုင်ပါတယ်။ ပြန်ကြည့်တော့ 0.25 lit/min ဖြစ်နေပါတယ်။ ကုန်းချုပ်ကို flow rate များတာတစ်ခု ရှာခိုင်းတော့ 1 lit/min ခေါင်းတစ်ခု ရလာပါတယ်။ အဲဒါတပ်ပြီး alarm simulation ပြန်စမ်းကြည့်တော့ ခဏနဲ့ gas alarm မြည်ပါတယ်။ အဆင်ပြေသွား ပြီပေါ့။
ကုန်းချုပ်လည်း ၂ ခါ ၃ ခါလောက်စမ်းပြပြီး လက်ခံသွားပါတော့တယ်။ ကူမယ့် အဖေါ်မပါဘဲ တစ်ယောက်ထဲ အပေါ်ထပ်အောက်ထပ် ဆင်းတက် လုပ်ခဲ့ရတော့ exercise လည်း တော်တော်လေး လုပ်ဖြစ်သွားတယ် ဆိုပါတော့။ 

No comments:

Post a Comment