Wednesday 25 October 2017

Generator (၁၀) - Emergency Generator ACB Burnt


[Zawgyi]

ဒီ case ကေတာ့ trouble-shoot လုပ္ရတာ မဟုတ္ပါဘူး။ ျဖစ္သြားတဲ့ ျပႆနာတစ္ခုရဲ႕ သက္ေရာက္မႈ ပမာဏကို (assessment) ဆန္းစစ္ေပးရတာပါ။ Bulk carrier တစ္စီးရဲ႕ emergency generator မွာပါ။ ACB ေလာင္သြားလို႔ ၾကည့္ေပးပါ ေျပာပါတယ္။ 
သေဘၤာေပၚေရာက္ေတာ့ Greek ဓာတ္ႀကိဳးက လိုက္ျပ ရွင္းျပပါတယ္။ ျပႆနာ အစက E-gen ACB က စမ္းတဲ့ အခ်ိန္မွာ ခဏခဏ ျပဳတ္က်ေနလို႔ သူက Draw out လုပ္ၿပီး off-line စမ္းတယ္ ေျပာပါတယ္။ အဲဒီအခ်ိန္မွာေတာ့ ACB က Open / Close က ပုံမွန္ အလုပ္လုပ္တယ္လို႔ ဆိုပါတယ္။ ၿပီးေတာ့ ACB ကို ျပန္ rack in ျပန္ထည့္လိုက္တယ္တဲ့။ ဒါေပမဲ့ ျဖစ္ခ်င္ေတာ့ သူလည္း တစ္ျခားအလုပ္ေတြမ်ားေတာ့၊ ေလာသြားတဲ့အတြက္ ACB close အေနအထားနဲ႔ ထိုးထည့္လိုက္မိတယ္ဆိုပါတယ္။ အဲဒီအခ်ိန္မွာ E-gen က run မထားပါဘူး။ Bus tie ACB က on ထားတဲ့ အတြက္ MSB ရဲ႕ power က ESB bus မွာ ရွိေနပါတယ္။ ဒီေတာ့ E-gen ACB ရဲ႕ slot in contact ေတြ ထိမိတဲ့အခ်ိန္မွာ မီးေတြပြင့္ အသံေတြထြက္လာၿပီး  ေလာင္သြားတယ္ ေျပာပါတယ္။ Generator မွာလည္း ေညႇာ္နံ႔ ထြက္တယ္တဲ့။ Bus bar ရဲ႕ power က ACB ကိုျဖတ္ၿပီး E-gen ကို ျပန္ဝင္သြားတဲ့ သေဘာပါ။ ေနာက္ ACB ကို ျပန္ျဖဳတ္ခ်ၿပီး E-gen ကို အလြတ္ run ၾကည့္ေတာ့ အထဲက မီးပြားေတြ ေတြ႕လို႔ ရပ္လိုက္တယ္တဲ့။ အဲဒါ ဘာေတြပ်က္လို႔ ဘာေတြ လဲရမယ္ဆိုတာ ကၽြန္ေတာ္တို႔ စစ္ေပးရမွာေပါ့။
 
ACB က Hyundai အမ်ဳိးအစားပါ။ ACB ၾကည့္လိုက္ေတာ့ main circuit contact ေတြမွာ Arcing ႀကီးႀကီးမားမားထိထားၿပီး ေလာင္ထားတာ ေတြ႕ပါတယ္။ Panel ထဲက ACB အထိုင္ draw-out cradle မွာလည္း ေလာင္ထားပါတယ္။ ဒီေတာ့ ACB နဲ႔ ေအာက္ခံ ကေတာ့ လဲရမွာပါ။


E-gen က Stamford အမ်ဳိးအစားပါ။ Alternator ေဘးဘက္က cover ကို ျဖဳတ္ထားၿပီးသားဆိုေတာ့ ၾကားထဲက ၾကည့္ ၾကည့္ပါတယ္။ Rotating diode ေတြၾကားထဲက varistor တစ္ခုေတာ့ ေလာင္ေနတာ ေတြ႕ပါတယ္။
အဲဒီ varistor ကို ျဖဳတ္လိုက္ပါတယ္။ ၿပီးေတာ့ Diode တစ္လုံုးၿပီး တစ္လုံး တိုင္းၾကည့္ေတာ့ အကုန္ ေကာင္းေနပါတယ္။ AVR အဝင္ႀကိဳးေတြ ျဖဳတ္ၿပီး Megger တိုင္းၾကည့္ေတာ့ လည္း ေကာင္းပါတယ္။ Micro-ohm meter မပါလာတဲ့အတြက္ Winding Resistance ေတာ့ အေသးစိတ္ မတိုင္းႏိုင္ပါဘူး။ Multi meter နဲ႔ဘဲ တိုင္းၾကည့္ေတာ့ အဆင္ေျပပါတယ္။ ဒါနဲ႔ alternator ကို run ၾကည့္ဖို႔ ဆုံးျဖတ္လိုက္ပါတယ္။
ဒီေနရာမွာ varistor အေၾကာင္း နည္းနည္းေျပာခ်င္ပါတယ္။ Varistor ကို high voltage protection အေနနဲ႔ rotating rectifier မွာ ထည့္ထားေလ့ရွိပါတယ္။ က်န္တဲ့ alternator ရဲ႕အစိတ္အပိုင္းေတြ ေကာင္းမေကာင္း သိခ်င္လို႔ ယာယီ varistor မပါဘဲ ေမာင္းၾကည့္မလို႔ပါ။ Voltage အရမ္းျမင့္တက္သြားယင္ အခ်ိန္မီ ရပ္လိုက္ဖို႔လည္း ျပင္ထားပါတယ္။ Alternator run ၾကည့္ေတာ့ Voltage output 440V မွာ stable ျဖစ္ပါတယ္။ Winding ၾကားထဲကို ၾကည့္ေတာ့လည္း spark ထြက္တာ မေတြ႕ပါဘူး။ ဒီေတာ့ Generator နဲ႔ AVR ေကာင္းတယ္လို႔ ဆုံးျဖတ္လိုက္ပါတယ္။ 
ဒါနဲ႔ ACB, draw-out cradle နဲ႔ varistor အသစ္လဲဖို႔ မွာခဲ့ပါတယ္။ သေဘၤာက ခဏဘဲ နားတာဆိုေတာ့ ပစၥည္း မွာဖို႔ အခ်ိန္မရတာမို႔ ေနာက္ port မွ owner စီစဥ္မယ္ ေျပာပါတယ္။ 

အခု ျပန္ၿပီး စဥ္းစားၾကည့္ရေအာင္။ ဒီ incident ဘာလို႔ျဖစ္သြားတာလဲ။ ပထမ ACB ျပဳတ္က်တယ္ဆိုတာကေတာ့ ျဖစ္ႏိုင္ေခ်ေတြ အမ်ားႀကီးကို တစ္ခုစီ စစ္ၾကည့္ရမွာပါ။ ဒီေတာ့ ACB ကို ထုတ္ၿပီး offline စမ္းၾကည့္မယ္။ ဒါလည္း ျပႆနာမရွိေသးပါဘူး။ ဒါေပမဲ့ ဘယ္လို စမ္းမလဲဆိုတာ စဥ္းစားရပါမယ္။ UVT ပါေနလို႔ပါ။ Fully disconnect မလုပ္ဘဲ test position မွာ စမ္းမလား။ ဒါဆိုယင္ UVT ရဲ႕ supply က Generator က ေပးထားယင္ရပါတယ္။ ေနာက္တစ္မ်ဳိးကေတာ့ သူလုပ္သလို ဆြဲထုတ္လိုက္ၿပီး အျပင္မွာ စမ္းဖို႔ပါ။ အဲဒီမွာလည္း ၂ နည္း ရွိပါတယ္။ UVT ကို external supply ေပးတဲ့ နည္းနဲ႔ UVT plunger ကို mechanically lock လုပ္ၿပီး စမ္းတဲ့ နည္းပါ။ သူက plunger ကို lock လုပ္ၿပီး စမ္းခဲ့တယ္လို႔ ထင္ပါတယ္။ ဒါေၾကာင့္မို႔ ACB close အေနအထားနဲ႔ ျပန္ထည့္လို႔ ရတာပါ။ UVT supply ေပးၿပီး စမ္းတယ္ဆိုယင္ ျပန္ထည့္ခါနီး supply ျဖဳတ္လိုက္တာနဲ႔ ACB open ျပန္ျဖစ္သြားမွာမို႔ပါ။ ဒီေတာ့ ေလာင္စရာ မရွိဘူးေပါ့။ ေနာက္တစ္ခု control circuit မွာ Bus tie ACB ကို on ထားယင္ E-gen ACB ကို on လို႔ မရေအာင္ electrical interlock ရွိပါတယ္။ 
ဒါေၾကာင့္ သတိထားဖို႔က ACB ရဲ႕ UVT plunger ကို lock လုပ္ၿပီး operate လုပ္မယ္ဆိုယင္ interlock circuit ေတြ သက္ေရာက္မႈ မရွိႏိုင္ေတာ့တာမို႔ အထူး သတိထားဖို႔လိုတယ္ ဆိုတာပါဘဲ။ ေနာက္ထပ္ သင္ခန္းစာတစ္ခုက ဘယ္ေလာက္ အလုပ္ရႈပ္ရႈပ္ မျပာပါနဲ႔၊ မေလာပါနဲ႔။ စိတ္ေအးေအး ထားၿပီး မမွားေအာင္ ဂ႐ုစိုက္ၾကပါလို႔။

[Unicode]

ဒီ case ကတော့ trouble-shoot လုပ်ရတာ မဟုတ်ပါဘူး။ ဖြစ်သွားတဲ့ ပြဿနာတစ်ခုရဲ့ သက်ရောက်မှု ပမာဏကို (assessment) ဆန်းစစ်ပေးရတာပါ။ Bulk carrier တစ်စီးရဲ့ emergency generator မှာပါ။ ACB လောင်သွားလို့ ကြည့်ပေးပါ ပြောပါတယ်။ 
သင်္ဘောပေါ်ရောက်တော့ Greek ဓာတ်ကြိုးက လိုက်ပြ ရှင်းပြပါတယ်။ ပြဿနာ အစက E-gen ACB က စမ်းတဲ့ အချိန်မှာ ခဏခဏ ပြုတ်ကျနေလို့ သူက Draw out လုပ်ပြီး off-line စမ်းတယ် ပြောပါတယ်။ အဲဒီအချိန်မှာတော့ ACB က Open / Close က ပုံမှန် အလုပ်လုပ်တယ်လို့ ဆိုပါတယ်။ ပြီးတော့ ACB ကို ပြန် rack in ပြန်ထည့်လိုက်တယ်တဲ့။ ဒါပေမဲ့ ဖြစ်ချင်တော့ သူလည်း တစ်ခြားအလုပ်တွေများတော့၊ လောသွားတဲ့အတွက် ACB close အနေအထားနဲ့ ထိုးထည့်လိုက်မိတယ်ဆိုပါတယ်။ အဲဒီအချိန်မှာ E-gen က run မထားပါဘူး။ Bus tie ACB က on ထားတဲ့ အတွက် MSB ရဲ့ power က ESB bus မှာ ရှိနေပါတယ်။ ဒီတော့ E-gen ACB ရဲ့ slot in contact တွေ ထိမိတဲ့အချိန်မှာ မီးတွေပွင့် အသံတွေထွက်လာပြီး  လောင်သွားတယ် ပြောပါတယ်။ Generator မှာလည်း ညှော်နံ့ ထွက်တယ်တဲ့။ Bus bar ရဲ့ power က ACB ကိုဖြတ်ပြီး E-gen ကို ပြန်ဝင်သွားတဲ့ သဘောပါ။ နောက် ACB ကို ပြန်ဖြုတ်ချပြီး E-gen ကို အလွတ် run ကြည့်တော့ အထဲက မီးပွားတွေ တွေ့လို့ ရပ်လိုက်တယ်တဲ့။ အဲဒါ ဘာတွေပျက်လို့ ဘာတွေ လဲရမယ်ဆိုတာ ကျွန်တော်တို့ စစ်ပေးရမှာပေါ့။
ACB က Hyundai အမျိုးအစားပါ။ ACB ကြည့်လိုက်တော့ main circuit contact တွေမှာ Arcing ကြီးကြီးမားမားထိထားပြီး လောင်ထားတာ တွေ့ပါတယ်။ Panel ထဲက ACB အထိုင် draw-out cradle မှာလည်း လောင်ထားပါတယ်။ ဒီတော့ ACB နဲ့ အောက်ခံ ကတော့ လဲရမှာပါ။
E-gen က Stamford အမျိုးအစားပါ။ Alternator ဘေးဘက်က cover ကို ဖြုတ်ထားပြီးသားဆိုတော့ ကြားထဲက ကြည့် ကြည့်ပါတယ်။ Rotating diode တွေကြားထဲက varistor တစ်ခုတော့ လောင်နေတာ တွေ့ပါတယ်။ အဲဒီ varistor ကို ဖြုတ်လိုက်ပါတယ်။ ပြီးတော့ Diode တစ်လုုံးပြီး တစ်လုံး တိုင်းကြည့်တော့ အကုန် ကောင်းနေပါတယ်။ AVR အဝင်ကြိုးတွေ ဖြုတ်ပြီး Megger တိုင်းကြည့်တော့ လည်း ကောင်းပါတယ်။ Micro-ohm meter မပါလာတဲ့အတွက် Winding Resistance တော့ အသေးစိတ် မတိုင်းနိုင်ပါဘူး။ Multi meter နဲ့ဘဲ တိုင်းကြည့်တော့ အဆင်ပြေပါတယ်။ ဒါနဲ့ alternator ကို run ကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ 
ဒီနေရာမှာ varistor အကြောင်း နည်းနည်းပြောချင်ပါတယ်။ Varistor ကို high voltage protection အနေနဲ့ rotating rectifier မှာ ထည့်ထားလေ့ရှိပါတယ်။ ကျန်တဲ့ alternator ရဲ့အစိတ်အပိုင်းတွေ ကောင်းမကောင်း သိချင်လို့ ယာယီ varistor မပါဘဲ မောင်းကြည့်မလို့ပါ။ Voltage အရမ်းမြင့်တက်သွားယင် အချိန်မီ ရပ်လိုက်ဖို့လည်း ပြင်ထားပါတယ်။ Alternator run ကြည့်တော့ Voltage output 440V မှာ stable ဖြစ်ပါတယ်။ Winding ကြားထဲကို ကြည့်တော့လည်း spark ထွက်တာ မတွေ့ပါဘူး။ ဒီတော့ Generator နဲ့ AVR ကောင်းတယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ 
ဒါနဲ့ ACB, draw-out cradle နဲ့ varistor အသစ်လဲဖို့ မှာခဲ့ပါတယ်။ သင်္ဘောက ခဏဘဲ နားတာဆိုတော့ ပစ္စည်း မှာဖို့ အချိန်မရတာမို့ နောက် port မှ owner စီစဉ်မယ် ပြောပါတယ်။ 

အခု ပြန်ပြီး စဉ်းစားကြည့်ရအောင်။ ဒီ incident ဘာလို့ဖြစ်သွားတာလဲ။ ပထမ ACB ပြုတ်ကျတယ်ဆိုတာကတော့ ဖြစ်နိုင်ချေတွေ အများကြီးကို တစ်ခုစီ စစ်ကြည့်ရမှာပါ။ ဒီတော့ ACB ကို ထုတ်ပြီး offline စမ်းကြည့်မယ်။ ဒါလည်း ပြဿနာမရှိသေးပါဘူး။ ဒါပေမဲ့ ဘယ်လို စမ်းမလဲဆိုတာ စဉ်းစားရပါမယ်။ UVT ပါနေလို့ပါ။ Fully disconnect မလုပ်ဘဲ test position မှာ စမ်းမလား။ ဒါဆိုယင် UVT ရဲ့ supply က Generator က ပေးထားယင်ရပါတယ်။ နောက်တစ်မျိုးကတော့ သူလုပ်သလို ဆွဲထုတ်လိုက်ပြီး အပြင်မှာ စမ်းဖို့ပါ။ အဲဒီမှာလည်း ၂ နည်း ရှိပါတယ်။ UVT ကို external supply ပေးတဲ့ နည်းနဲ့ UVT plunger ကို mechanically lock လုပ်ပြီး စမ်းတဲ့ နည်းပါ။ သူက plunger ကို lock လုပ်ပြီး စမ်းခဲ့တယ်လို့ ထင်ပါတယ်။ ဒါကြောင့်မို့ ACB close အနေအထားနဲ့ ပြန်ထည့်လို့ ရတာပါ။ UVT supply ပေးပြီး စမ်းတယ်ဆိုယင် ပြန်ထည့်ခါနီး supply ဖြုတ်လိုက်တာနဲ့ ACB open ပြန်ဖြစ်သွားမှာမို့ပါ။ ဒီတော့ လောင်စရာ မရှိဘူးပေါ့။ နောက်တစ်ခု control circuit မှာ Bus tie ACB ကို on ထားယင် E-gen ACB ကို on လို့ မရအောင် electrical interlock ရှိပါတယ်။ 
ဒါကြောင့် သတိထားဖို့က ACB ရဲ့ UVT plunger ကို lock လုပ်ပြီး operate လုပ်မယ်ဆိုယင် interlock circuit တွေ သက်ရောက်မှု မရှိနိုင်တော့တာမို့ အထူး သတိထားဖို့လိုတယ် ဆိုတာပါဘဲ။ နောက်ထပ် သင်ခန်းစာတစ်ခုက ဘယ်လောက် အလုပ်ရှုပ်ရှုပ် မပြာပါနဲ့၊ မလောပါနဲ့။ စိတ်အေးအေး ထားပြီး မမှားအောင် ဂရုစိုက်ကြပါလို့။

No comments:

Post a Comment