Wednesday 11 October 2017

Fire Alarm (၆) - Addressable System Fault

[Zawgyi]
ဒီတစ္ခါကေတာ့ Bulk carrier တစ္စီး ရဲ႕ Fire Alarm System fault ေတြေျဖရွင္းေပးဖို႔ ေခၚလို႔ သြားရပါတယ္။ ဓာတ္ႀကိဳးက ဖိလစ္ပိုင္ကပါ။ တက္လာတာ မၾကာေသးေတာ့ သိပ္မသိပါဘူး။ အျဖဴ သူႀကီးက ပိုသိၿပီး ရွင္းျပႏိုင္ပါတယ္။ Control panel က Tyco ရဲ႕ T-2000 addressable type ပါ။
သူႀကီးေျပာျပတာက အစက ဘာ fault မွမရွိဘူး၊ အေကာင္းလို႔ ဆိုပါတယ္။ သိပ္ မၾကာခင္က Sensor တစ္ခု fault ျဖစ္တယ္ေျပာပါတယ္။ အဲဒီေတာ့ fault ျဖစ္တဲ့ sensor တစ္ခု ကို အသစ္နဲ႔ လဲလိုက္ပါတယ္တဲ့။ လဲၿပီးလို႔ address assign လုပ္၊ power up ၿပီးေတာ့ fault ၂ ခုျဖစ္သြားတယ္ ေျပာပါတယ္။ အဲလို fault ျဖစ္တဲ့ sensor ေတြလဲယင္း fault ေတြထပ္ထပ္ ေပၚလာတာမို႔ shore technician ေခၚလိုက္ရတဲ့ အေၾကာင္းေျပာပါတယ္။ အသစ္ supply လုပ္ထားတဲ့ sensor ၆ ခုမွာ ၂ ခုဘဲက်န္ေတာ့တယ္တဲ့။
ဒါနဲ႔ သူႀကီးကို ေမးၾကည့္ရပါတယ္။ Address assign လုပ္ေတာ့ ဘာနဲ႔ လုပ္တာလဲလို႔။ သူႀကီးက Sensor အသစ္ လဲၿပီးေတာ့ control panel ကေန maker ေပးထားတဲ့ procedure အတိုင္း address write လုပ္တယ္ေျပာပါတယ္။ အဲဒီ instruction ကိုလည္း ျပပါတယ္။
အမွန္က ဒီ sensor ေတြမွာ address assign လုပ္တဲ့ နည္း ၂ နည္းရွိပါတယ္။ Service Tool လို႔ ေခၚတဲ့ portable programmer ေလး နဲ႔ ေရးတာရယ္၊ ေနာက္တစ္နည္းက control panel ကေန ေရးတာရယ္ပါ။ သေဘၤာေပၚမွာ service tool programmer မရွိဘူးေျပာပါတယ္။

ဒီေတာ့ panel ကေန assign လုပ္တာဘဲရွိပါေတာ့တယ္။ သူ႔ procedure က ဒီလိုပါ။ Sensor အေဟာင္းကို ျဖဳတ္၊ အသစ္တပ္ရပါတယ္။ Service Access level နဲ႔ passcode log in ဝင္ၿပီး Service -> Diagnostic-> Change Address ဆိုၿပီး ဝင္ရပါတယ္။ ၿပီးယင္ Loop A/B/C ... ေရြးရပါတယ္။ ေနာက္ Point နံပါတ္ ေရြးရပါတယ္။ Sensor အသစ္တစ္ခုရဲ႕ default address က 255 ပါ။ ဒီေတာ့ point 255 လို႔ ေရြးလိုက္ယင္ အသစ္တပ္တဲ့ sensor ကို ေတြ႕ပါတယ္။ ၿပီးမွ ကိုယ္ေျပာင္းမယ့္ address ကို ထည့္ေပးၿပီး write လုပ္လိုက္ယင္ ၿပီးပါၿပီ။ အခုလို အေသးစိတ္ေရးျပရတာ အေၾကာင္းရွိပါတယ္။ ေနာက္မွ ရွင္းျပပါမယ္။ သူ႔ instruction ထဲမွာ sensor အသစ္ကိုဘဲ လဲထည့္ဖို႔ေျပာပါတယ္။ သုံးၿပီးသားဆိုယင္ တစ္ျခား address ရွိေနၿပီးျဖစ္လို႔ ဒီနည္းသုံးလို႔ မရဘူးလို႔ ေရးထားပါတယ္။
သူႀကီးက အဲဒီ procedure အတိုင္းလုပ္တယ္ဆိုတာရယ္၊ သူ႔ေလသံနဲ႔ confident level အကဲခတ္ၾကည့္ေတာ့ မမွားေလာက္ဘူးလို႔ ယူဆရပါတယ္။ ဒါျဖင့္ဘာလို႔လဲ ဆိုတာေတာ့ မသိေသးပါဘူး။ အစဆုံး fault ဘယ္ႏွစ္ခု ရွိလဲၾကည့္ရပါတယ္။ Fault ၇ ခု နဲ႔ isolated ၁ ခု ေတြ႕ပါတယ္။ ဓာတ္ႀကိဳးက ဝင္ေျပာတယ္။ အယင္ ဓာတ္ႀကိဳးက မွာသြားတယ္တဲ့။ Panel ထဲက output pcb တစ္ခု မေကာင္းဘူးေျပာတယ္တဲ့။ Isolated point ကိုၾကည့္လိုက္ေတာ့ output card တစ္ခုရဲ႕ address ျဖစ္ေနတာဆိုေတာ့ ခဏထားလိုက္တယ္။ Sensor ေတြ အယင္ၾကည့္ပါမယ္။ Fault က ၇ ခုေတာင္ရွိပါတယ္။ သူႀကီးေျပာတဲ့ ၁ ခုက စတဲ့ျပႆနာလား၊ ေနာက္ထပ္တိုးၿပီး ပ်က္တာေတြလား ၾကည့္ရမွာေပါ့။ 
ဒါနဲ႔ Fault sensor စာရင္းကို စာရြက္တစ္ခုမွာခ်ေရးထားပါတယ္။ B loop နဲ႔ D loop မွာဘဲ ျဖစ္ေနတာပါ။ အကုန္ Engine Room ထဲမွာပါ။ အလြယ္ဆုံး workshop မွာရွိတဲ့ fault sensor တစ္ခု ကို ျဖဳတ္ၿပီး အသစ္လဲၾကည့္ပါတယ္။ သူ႔ procedure အတိုင္း address ကို ထည့္လိုက္ပါတယ္။  Reset လုပ္လိုက္ေတာ့ အဲဒီ fault ေပ်ာက္သြားပါၿပီ။ ဒါနဲ႔ ေနာက္တစ္ခုကို sensor အသစ္လဲၾကည့္ပါတယ္။ ဒီတစ္ခါ sensor အသစ္ရဲ႕ address ကို 255 ထားၾကည့္ေတာ့ device not found လို႔ ျပပါတယ္။ ၂ ခါေလာက္ႀကိဳးစားၾကည့္တာ မရပါဘူး။ ေနာက္ထပ္ sensor အသစ္လည္း မရွိေတာ့ပါဘူး။ စဥ္းစားမိတာေတာ့ အဲဒီ sensor က အသစ္လို႔ေျပာေပမဲ့ အယင္ တစ္ေနရာရာမွာ တပ္ၾကည့္ၿပီး address assign လုပ္ၿပီးသားမို႔ ထင္ပါတယ္။ ဒီေတာ့ default address 255 မဟုတ္ေတာ့ဘဲ တစ္ျခား နံပါတ္တစ္ခုခု ျဖစ္ေနတာလို႔ ထင္ပါတယ္။ ေနာက္ထပ္ sensor အသစ္လည္း မရွိေတာ့ဘူး။ သူ႔ instruction အရ control panel ကေန address ေရးယင္ သုံးၿပီးသား sensor ျပန္တပ္ၿပီး ေရးလို႔ မရဘူး ေျပာထားပါတယ္။ 
ေနာက္တစ္ခုသတိထားမိတာက ဒုတိယေျမာက္ fault ျဖစ္ေနတဲ့ sensor ကို ျဖဳတ္လိုက္တဲ့အခ်ိန္ fault အေရအတြက္ တစ္ခုတိုးလာတာပါ။ အမွန္က fault ၆ ခုဘဲက်န္တာကေန ၇ခု ျဖစ္သြားပါတယ္။ အေသးစိတ္ျပန္ၾကည့္ေတာ့ စာရင္းထဲမွာ မပါတဲ့ address တစ္ခုပါ fault အသစ္ တစ္ခုနဲ႔ တက္ေနပါတယ္။ Sensor no response  တဲ့။ ကၽြန္ေတာ္တို႔ sensor မွားျဖဳတ္မိလို႔လားဆိုေတာ့ မမွားဘူး။ B014 - Gen 2 Top လို႔ fault list ထဲမွာပါတယ္။ Gen 2 အေပၚမွာ ရွိတဲ့ Sensor မွာ B14 လို႔ sticker ေလး ကပ္ထားသလို မ်က္ႏွာက်က္မွာ လက္ေရးနဲ႔ B14 လို႔ ေရးထားပါတယ္။ ပစၥည္းကေတာ့ မမွားဘူး သူ႔ ကို ျဖဳတ္လိုက္ေတာ့ B011 ဆိုတဲ့ address နဲ႔ fault အပိုထြက္လာတယ္ဆိုေတာ့ sensor ထဲက address က 14 မဟုတ္ဘဲ 11 ျဖစ္ေနတဲ့သေဘာ။ မသကၤာတာနဲ႔ B-loop ထဲက fault ျဖစ္တဲ့ sensor ၃ ခုလုံး လိုက္ျဖဳတ္ၾကည့္ေတာ့ address အသစ္နဲ႔ fault အသစ္ ၂ ခု ထပ္တက္လာတယ္။ ဒါဆို ရႈပ္ကုန္ၿပီေပါ့။ sensor address ေတြက သူ႔ေနရာနဲ႔ သူမဟုတ္ေတာ့ဘူး။ မွန္တာမွန္၊ မွားတာမွားနဲ႔။ 
လုပ္ဖို႔လည္းပိုခက္သြားပါတယ္။ ပိုဆိုးတာက sensor ထဲက address ကို ဘယ္လို read လုပ္မလဲ။ ျပင္ေရးမယ္ဆို ဘယ္လိုေရးရမလဲ စဥ္းစားရပါၿပီ။ Address မေရးရေသးတဲ့ sensor အသစ္လည္း မရွိေတာ့ဘူး။ ပိုဆိုးတာက portable programmer လည္း မရွိဘူး။ အဲဒါနဲ႔ဆို address အေဟာင္းကို read လုပ္လို႔ရသလို အသစ္ကိုလည္း ႀကိဳက္သလို ေရးလို႔ရတယ္။ ထားပါေတာ့။ 
ျဖစ္ႏိုင္ေခ်ရွိတဲ့ ျပႆနာက သူႀကီးေျပာတဲ့ ပထမဆုံး sensor တစ္ခု fault ျဖစ္ပါလိမ့္မယ္။ Panel မွာ ျပတဲ့ fault address အရ sensor ကိုျဖဳတ္ၿပီး အသစ္လဲပါလိမ့္မယ္။ အဲဒီ ျဖဳတ္လိုက္တဲ့ sensor ရဲ႕ address သူ႔ေနရာနဲ႔ သူ မရွိဘဲ address ေနာက္တစ္ခုနဲ႔ ေကာင္းတဲ့ sensor ျဖစ္ေနပါလိမ့္မယ္။ Sensor အသစ္လဲၿပီး fault ျဖစ္တဲ့ address ထဲ့ လိုက္ေတာ့ loop ထဲမွာ address တစ္ခု ေပ်ာက္ေနၿပီး၊ မေကာင္းတဲ့ sensor နဲ႔ address တူတဲ့ sensor အသစ္က loop ထဲမွာ ေရာက္ေနပါမယ္။ Loop ထဲမွာ address တူ sensor ၂ ခုနဲ႔ အထက္ ရွိယင္ 'sensor no response' ဒါမွမဟုတ္ 'multiple address' fault တစ္ခုခု တက္လာပါမယ္။ ဒီလိုနဲ႔ အသစ္ေပၚလာတဲ့ fault ကို ေျဖရွင္းဖို႔ ႀကိဳးစားယင္း fault ေတြမ်ားသထက္ မ်ားလာတာလို႔ ထင္ပါတယ္။ 
အခုဒီျပႆနာေတြ ဘယ္လို ရွင္းမလဲ စဥ္းစားရပါၿပီ။ အခ်ိန္ကလည္း သိပ္မရွိေတာ့ပါ။ ေနာက္ ၃ နာရီမွာ သေဘၤာထြက္ဖို႔ pilot ေခၚထားၿပီးၿပီဆိုပါတယ္။ အကုန္မၿပီးေတာင္ ရသေလာက္ ေျဖရွင္း ေပးခဲ့ခ်င္ပါတယ္။ အဓိက လက္ရွိ sensor ရဲ႕ address ကို ဖတ္ၾကည့္ႏိုင္ရမယ္။ ၿပီးေတာ့ လိုခ်င္တဲ့ address ကိုျပန္ေရးေပး ႏိုင္ရမယ္ေပါ့။ ဒါဆို ေျဖရွင္းဖို႔ လမ္းရသြားပါၿပီ။ 
သူ႔ panel ကေန address ကို sensor အသစ္ဘဲ ေရးႏိုင္တာက sensor အသစ္က default address 255 နဲ႔ unique (ထပ္ေနတာမရွိ) ျဖစ္ေနတာမို႔ပါ။ တစ္ကယ္လို႔ sensor အေဟာင္းရဲ႕ address အမွန္ သိရယင္ ေရးလို႔ ရႏိုင္တာေပါ့။ ဒီေတာ့ အၾကံတစ္ခု ရပါတယ္။ ေလာေလာဆယ္ A-loop မွာ fault မရွိပါဘူး။ B-loop က ျဖဳတ္လာတဲ့ sensor ေတြကို A-loop မွာတပ္ၿပီး read/write လုပ္ဖို႔ပါ။ တစ္ခု ၾကားျဖတ္ေျပာခ်င္တာရွိပါတယ္။ Sensor ေတြမွာ address က ဂဏန္းဘဲပါ ပါတယ္ (0-255)။ ဥပမာ A001 ဆိုပါေတာ့။ တစ္ကယ္ sensor ထဲမွာ code လုပ္ထားတာက ' 1 ' ပါဘဲ။ အဲဒီ sensor ကို A-loop ထဲမွာ တပ္လိုက္ယင္ A001, B-loop ထဲမွာတပ္ယင္ B-001 ေပါ့။ ေနာက္ၿပီး loop တစ္ခုထဲမွာ sensor ေနရာေတြေျပာင္းထားယင္ sensor type မွန္ေနသမွ် ဘာ fault မွ ျပမွာမဟုတ္ပါဘူး။ ဒါေပမဲ့ တစ္ကယ္လို႔ test လုပ္ယင္ျဖစ္ျဖစ္၊ မီးေလာင္လို႔ trigger ျဖစ္ျဖစ္ panel မွာ description location ျပတာ မွားေနပါလိမ့္မယ္။ ထားပါေတာ့ ကၽြန္ေတာ့ plan အရ A-loop ထဲက panel နဲ႔ အနီးဆုံး A001 sensor ကို ျဖဳတ္လိုက္ပါတယ္။ A001 - sensor no response တက္လာတာေပါ့။ ေနာက္ၿပီး ေစာေစာက ျဖဳတ္ထားတဲ့ B-loop ထဲက sensor ၃ ခုကို တစ္ခုၿပီး တစ္ခု တပ္ၾကည့္ပါတယ္။ A-loop ထဲက အသစ္တက္လာတဲ့ fault က sensor အထဲမွာ ရွိေနတဲ့ address ေပါ့။ ဘာလို႔လဲဆိုေတာ့ address duplicate ျဖစ္သြားတာမို႔ပါ။ ဒါမွမဟုတ္ A-loop မွာ fault မရွိေတာ့ဘူးဆိုယင္ေတာ့ address ' 1 ' ျဖစ္မွာေပါ့ေနာ္။
အဲလိုလုပ္ၾကည့္ေတာ့ ထင္တဲ့ အတိုင္း address ၂ ခုက မွားေနတယ္။ B-008 တစ္ခုကေတာ့ မွန္တယ္။ ဒါဆို B-008 sensor ကေတာ့ တစ္ကယ္ fault ျဖစ္ေနပုံပါဘဲ။ ဒါနဲ႔ ေစာေစာက address ေရးလို႔မရတဲ့ sensor အသစ္ကိုထည့္ ဖတ္ၾကည့္ေတာ့ address တစ္ခု ရွိေနပါတယ္။ '22' တဲ့။ ဒါနဲ႔ A-022 မူလ sensor ကို ရွာၿပီး ခဏျဖဳတ္ထားပါတယ္။ ဘာလို႔လဲ ဆိုေတာ့ address '22' က တူေနတာ မဟုတ္လား။ အသစ္ေရးယင္ sensor ၂ ခုလုံး မွာ အသစ္နံပါတ္ ေျပာင္းသြားမွာမို႔ပါ။ ၿပီးမွ change address procedure ရဲ႕ မူလ address input A-255 ေနရာမွာ A-22 ကိုထည့္၊ အသစ္ address ကို 8 ထည့္ၿပီး ေရးလိုက္ပါတယ္။ Sensor အသစ္ ရဲ႕ address က 8 ျဖစ္သြားပါၿပီ။ B-loop ထဲမွာ ျပန္တပ္ေပးေတာ့ fault တစ္ခု ေျပလည္သြားပါၿပီ။
အဲဒီနည္းနဲ႔ sensor ေတြ ေရႊ႕ေျပာင္း၊ assign လုပ္လိုက္တာ ေနာက္ထပ္ fault တစ္ခု ထပ္ၿပီး ေျဖရွင္း ေပးႏိုင္ခဲ့ပါတယ္။ Pilot ေရာက္ခါနီးေတာ့ က်န္တဲ့ fault ေတြကို ဆက္ရွင္းဖို႔ ဓာတ္ႀကိဳးကို လႊဲေပးခဲ့ပါတယ္။

[Unicode]
ဒီတစ်ခါကတော့ Bulk carrier တစ်စီး ရဲ့ Fire Alarm System fault တွေဖြေရှင်းပေးဖို့ ခေါ်လို့ သွားရပါတယ်။ ဓာတ်ကြိုးက ဖိလစ်ပိုင်ကပါ။ တက်လာတာ မကြာသေးတော့ သိပ်မသိပါဘူး။ အဖြူ သူကြီးက ပိုသိပြီး ရှင်းပြနိုင်ပါတယ်။ Control panel က Tyco ရဲ့ T-2000 addressable type ပါ။ သူကြီးပြောပြတာက အစက ဘာ fault မှမရှိဘူး၊ အကောင်းလို့ ဆိုပါတယ်။ သိပ် မကြာခင်က Sensor တစ်ခု fault ဖြစ်တယ်ပြောပါတယ်။ အဲဒီတော့ fault ဖြစ်တဲ့ sensor တစ်ခု ကို အသစ်နဲ့ လဲလိုက်ပါတယ်တဲ့။ လဲပြီးလို့ address assign လုပ်၊ power up ပြီးတော့ fault ၂ ခုဖြစ်သွားတယ် ပြောပါတယ်။ အဲလို fault ဖြစ်တဲ့ sensor တွေလဲယင်း fault တွေထပ်ထပ် ပေါ်လာတာမို့ shore technician ခေါ်လိုက်ရတဲ့ အကြောင်းပြောပါတယ်။ အသစ် supply လုပ်ထားတဲ့ sensor ၆ ခုမှာ ၂ ခုဘဲကျန်တော့တယ်တဲ့။
ဒါနဲ့ သူကြီးကို မေးကြည့်ရပါတယ်။ Address assign လုပ်တော့ ဘာနဲ့ လုပ်တာလဲလို့။ သူကြီးက Sensor အသစ် လဲပြီးတော့ control panel ကနေ maker ပေးထားတဲ့ procedure အတိုင်း address write လုပ်တယ်ပြောပါတယ်။ အဲဒီ instruction ကိုလည်း ပြပါတယ်။
အမှန်က ဒီ sensor တွေမှာ address assign လုပ်တဲ့ နည်း ၂ နည်းရှိပါတယ်။ Service Tool လို့ ခေါ်တဲ့ portable programmer လေး နဲ့ ရေးတာရယ်၊ နောက်တစ်နည်းက control panel ကနေ ရေးတာရယ်ပါ။ သင်္ဘောပေါ်မှာ service tool programmer မရှိဘူးပြောပါတယ်။ ဒီတော့ panel ကနေ assign လုပ်တာဘဲရှိပါတော့တယ်။ 
သူ့ procedure က ဒီလိုပါ။ Sensor အဟောင်းကို ဖြုတ်၊ အသစ်တပ်ရပါတယ်။ Service Access level နဲ့ passcode log in ဝင်ပြီး Service -> Diagnostic-> Change Address ဆိုပြီး ဝင်ရပါတယ်။ ပြီးယင် Loop A/B/C ... ရွေးရပါတယ်။ နောက် Point နံပါတ် ရွေးရပါတယ်။ Sensor အသစ်တစ်ခုရဲ့ default address က 255 ပါ။ ဒီတော့ point 255 လို့ ရွေးလိုက်ယင် အသစ်တပ်တဲ့ sensor ကို တွေ့ပါတယ်။ ပြီးမှ ကိုယ်ပြောင်းမယ့် address ကို ထည့်ပေးပြီး write လုပ်လိုက်ယင် ပြီးပါပြီ။ အခုလို အသေးစိတ်ရေးပြရတာ အကြောင်းရှိပါတယ်။ နောက်မှ ရှင်းပြပါမယ်။ သူ့ instruction ထဲမှာ sensor အသစ်ကိုဘဲ လဲထည့်ဖို့ပြောပါတယ်။ သုံးပြီးသားဆိုယင် တစ်ခြား address ရှိနေပြီးဖြစ်လို့ ဒီနည်းသုံးလို့ မရဘူးလို့ ရေးထားပါတယ်။
သူကြီးက အဲဒီ procedure အတိုင်းလုပ်တယ်ဆိုတာရယ်၊ သူ့လေသံနဲ့ confident level အကဲခတ်ကြည့်တော့ မမှားလောက်ဘူးလို့ ယူဆရပါတယ်။ ဒါဖြင့်ဘာလို့လဲ ဆိုတာတော့ မသိသေးပါဘူး။ အစဆုံး fault ဘယ်နှစ်ခု ရှိလဲကြည့်ရပါတယ်။ Fault ရ ခု နဲ့ isolated ၁ ခု တွေ့ပါတယ်။ ဓာတ်ကြိုးက ဝင်ပြောတယ်။ အယင် ဓာတ်ကြိုးက မှာသွားတယ်တဲ့။ Panel ထဲက output pcb တစ်ခု မကောင်းဘူးပြောတယ်တဲ့။ Isolated point ကိုကြည့်လိုက်တော့ output card တစ်ခုရဲ့ address ဖြစ်နေတာဆိုတော့ ခဏထားလိုက်တယ်။ Sensor တွေ အယင်ကြည့်ပါမယ်။ Fault က ရ ခုတောင်ရှိပါတယ်။ သူကြီးပြောတဲ့ ၁ ခုက စတဲ့ပြဿနာလား၊ နောက်ထပ်တိုးပြီး ပျက်တာတွေလား ကြည့်ရမှာပေါ့။ 
ဒါနဲ့ Fault sensor စာရင်းကို စာရွက်တစ်ခုမှာချရေးထားပါတယ်။ B loop နဲ့ D loop မှာဘဲ ဖြစ်နေတာပါ။ အကုန် Engine Room ထဲမှာပါ။ အလွယ်ဆုံး workshop မှာရှိတဲ့ fault sensor တစ်ခု ကို ဖြုတ်ပြီး အသစ်လဲကြည့်ပါတယ်။ သူ့ procedure အတိုင်း address ကို ထည့်လိုက်ပါတယ်။  Reset လုပ်လိုက်တော့ အဲဒီ fault ပျောက်သွားပါပြီ။ ဒါနဲ့ နောက်တစ်ခုကို sensor အသစ်လဲကြည့်ပါတယ်။ ဒီတစ်ခါ sensor အသစ်ရဲ့ address ကို 255 ထားကြည့်တော့ device not found လို့ ပြပါတယ်။ ၂ ခါလောက်ကြိုးစားကြည့်တာ မရပါဘူး။ နောက်ထပ် sensor အသစ်လည်း မရှိတော့ပါဘူး။ စဉ်းစားမိတာတော့ အဲဒီ sensor က အသစ်လို့ပြောပေမဲ့ အယင် တစ်နေရာရာမှာ တပ်ကြည့်ပြီး address assign လုပ်ပြီးသားမို့ ထင်ပါတယ်။ ဒီတော့ default address 255 မဟုတ်တော့ဘဲ တစ်ခြား နံပါတ်တစ်ခုခု ဖြစ်နေတာလို့ ထင်ပါတယ်။ နောက်ထပ် sensor အသစ်လည်း မရှိတော့ဘူး။ သူ့ instruction အရ control panel ကနေ address ရေးယင် သုံးပြီးသား sensor ပြန်တပ်ပြီး ရေးလို့ မရဘူး ပြောထားပါတယ်။ 
နောက်တစ်ခုသတိထားမိတာက ဒုတိယမြောက် fault ဖြစ်နေတဲ့ sensor ကို ဖြုတ်လိုက်တဲ့အချိန် fault အရေအတွက် တစ်ခုတိုးလာတာပါ။ အမှန်က fault ၆ ခုဘဲကျန်တာကနေ ရခု ဖြစ်သွားပါတယ်။ အသေးစိတ်ပြန်ကြည့်တော့ စာရင်းထဲမှာ မပါတဲ့ address တစ်ခုပါ fault အသစ် တစ်ခုနဲ့ တက်နေပါတယ်။ Sensor no response  တဲ့။ ကျွန်တော်တို့ sensor မှားဖြုတ်မိလို့လားဆိုတော့ မမှားဘူး။ B014 - Gen 2 Top လို့ fault list ထဲမှာပါတယ်။ Gen 2 အပေါ်မှာ ရှိတဲ့ Sensor မှာ B14 လို့ sticker လေး ကပ်ထားသလို မျက်နှာကျက်မှာ လက်ရေးနဲ့ B14 လို့ ရေးထားပါတယ်။ ပစ္စည်းကတော့ မမှားဘူး သူ့ ကို ဖြုတ်လိုက်တော့ B011 ဆိုတဲ့ address နဲ့ fault အပိုထွက်လာတယ်ဆိုတော့ sensor ထဲက address က 14 မဟုတ်ဘဲ 11 ဖြစ်နေတဲ့သဘော။ မသင်္ကာတာနဲ့ B-loop ထဲက fault ဖြစ်တဲ့ sensor ၃ ခုလုံး လိုက်ဖြုတ်ကြည့်တော့ address အသစ်နဲ့ fault အသစ် ၂ ခု ထပ်တက်လာတယ်။ ဒါဆို ရှုပ်ကုန်ပြီပေါ့။ sensor address တွေက သူ့နေရာနဲ့ သူမဟုတ်တော့ဘူး။ မှန်တာမှန်၊ မှားတာမှားနဲ့။ 
လုပ်ဖို့လည်းပိုခက်သွားပါတယ်။ ပိုဆိုးတာက sensor ထဲက address ကို ဘယ်လို read လုပ်မလဲ။ ပြင်ရေးမယ်ဆို ဘယ်လိုရေးရမလဲ စဉ်းစားရပါပြီ။ Address မရေးရသေးတဲ့ sensor အသစ်လည်း မရှိတော့ဘူး။ ပိုဆိုးတာက portable programmer လည်း မရှိဘူး။ အဲဒါနဲ့ဆို address အဟောင်းကို read လုပ်လို့ရသလို အသစ်ကိုလည်း ကြိုက်သလို ရေးလို့ရတယ်။ ထားပါတော့။ 
ဖြစ်နိုင်ချေရှိတဲ့ ပြဿနာက သူကြီးပြောတဲ့ ပထမဆုံး sensor တစ်ခု fault ဖြစ်ပါလိမ့်မယ်။ Panel မှာ ပြတဲ့ fault address အရ sensor ကိုဖြုတ်ပြီး အသစ်လဲပါလိမ့်မယ်။ အဲဒီ ဖြုတ်လိုက်တဲ့ sensor ရဲ့ address သူ့နေရာနဲ့ သူ မရှိဘဲ address နောက်တစ်ခုနဲ့ ကောင်းတဲ့ sensor ဖြစ်နေပါလိမ့်မယ်။ Sensor အသစ်လဲပြီး fault ဖြစ်တဲ့ address ထဲ့ လိုက်တော့ loop ထဲမှာ address တစ်ခု ပျောက်နေပြီး၊ မကောင်းတဲ့ sensor နဲ့ address တူတဲ့ sensor အသစ်က loop ထဲမှာ ရောက်နေပါမယ်။ Loop ထဲမှာ address တူ sensor ၂ ခုနဲ့ အထက် ရှိယင် 'sensor no response' ဒါမှမဟုတ် 'multiple address' fault တစ်ခုခု တက်လာပါမယ်။ ဒီလိုနဲ့ အသစ်ပေါ်လာတဲ့ fault ကို ဖြေရှင်းဖို့ ကြိုးစားယင်း fault တွေများသထက် များလာတာလို့ ထင်ပါတယ်။ 
အခုဒီပြဿနာတွေ ဘယ်လို ရှင်းမလဲ စဉ်းစားရပါပြီ။ အချိန်ကလည်း သိပ်မရှိတော့ပါ။ နောက် ၃ နာရီမှာ သင်္ဘောထွက်ဖို့ pilot ခေါ်ထားပြီးပြီဆိုပါတယ်။ အကုန်မပြီးတောင် ရသလောက် ဖြေရှင်း ပေးခဲ့ချင်ပါတယ်။ အဓိက လက်ရှိ sensor ရဲ့ address ကို ဖတ်ကြည့်နိုင်ရမယ်။ ပြီးတော့ လိုချင်တဲ့ address ကိုပြန်ရေးပေး နိုင်ရမယ်ပေါ့။ ဒါဆို ဖြေရှင်းဖို့ လမ်းရသွားပါပြီ။ 
သူ့ panel ကနေ address ကို sensor အသစ်ဘဲ ရေးနိုင်တာက sensor အသစ်က default address 255 နဲ့ unique (ထပ်နေတာမရှိ) ဖြစ်နေတာမို့ပါ။ တစ်ကယ်လို့ sensor အဟောင်းရဲ့ address အမှန် သိရယင် ရေးလို့ ရနိုင်တာပေါ့။ ဒီတော့ အကြံတစ်ခု ရပါတယ်။ လောလောဆယ် A-loop မှာ fault မရှိပါဘူး။ B-loop က ဖြုတ်လာတဲ့ sensor တွေကို A-loop မှာတပ်ပြီး read/write လုပ်ဖို့ပါ။ တစ်ခု ကြားဖြတ်ပြောချင်တာရှိပါတယ်။ Sensor တွေမှာ address က ဂဏန်းဘဲပါ ပါတယ် (0-255)။ ဥပမာ A001 ဆိုပါတော့။ တစ်ကယ် sensor ထဲမှာ code လုပ်ထားတာက ' 1 ' ပါဘဲ။ အဲဒီ sensor ကို A-loop ထဲမှာ တပ်လိုက်ယင် A001, B-loop ထဲမှာတပ်ယင် B-001 ပေါ့။ နောက်ပြီး loop တစ်ခုထဲမှာ sensor နေရာတွေပြောင်းထားယင် sensor type မှန်နေသမျှ ဘာ fault မှ ပြမှာမဟုတ်ပါဘူး။ ဒါပေမဲ့ တစ်ကယ်လို့ test လုပ်ယင်ဖြစ်ဖြစ်၊ မီးလောင်လို့ trigger ဖြစ်ဖြစ် panel မှာ description location ပြတာ မှားနေပါလိမ့်မယ်။ ထားပါတော့ ကျွန်တော့ plan အရ A-loop ထဲက panel နဲ့ အနီးဆုံး A001 sensor ကို ဖြုတ်လိုက်ပါတယ်။ A001 - sensor no response တက်လာတာပေါ့။ နောက်ပြီး စောစောက ဖြုတ်ထားတဲ့ B-loop ထဲက sensor ၃ ခုကို တစ်ခုပြီး တစ်ခု တပ်ကြည့်ပါတယ်။ A-loop ထဲက အသစ်တက်လာတဲ့ fault က sensor အထဲမှာ ရှိနေတဲ့ address ပေါ့။ ဘာလို့လဲဆိုတော့ address duplicate ဖြစ်သွားတာမို့ပါ။ ဒါမှမဟုတ် A-loop မှာ fault မရှိတော့ဘူးဆိုယင်တော့ address ' 1 ' ဖြစ်မှာပေါ့နော်။
အဲလိုလုပ်ကြည့်တော့ ထင်တဲ့ အတိုင်း address ၂ ခုက မှားနေတယ်။ B-008 တစ်ခုကတော့ မှန်တယ်။ ဒါဆို B-008 sensor ကတော့ တစ်ကယ် fault ဖြစ်နေပုံပါဘဲ။ ဒါနဲ့ စောစောက address ရေးလို့မရတဲ့ sensor အသစ်ကိုထည့် ဖတ်ကြည့်တော့ address တစ်ခု ရှိနေပါတယ်။ '22' တဲ့။ ဒါနဲ့ A-022 မူလ sensor ကို ရှာပြီး ခဏဖြုတ်ထားပါတယ်။ ဘာလို့လဲ ဆိုတော့ address '22' က တူနေတာ မဟုတ်လား။ အသစ်ရေးယင် sensor ၂ ခုလုံး မှာ အသစ်နံပါတ် ပြောင်းသွားမှာမို့ပါ။ ပြီးမှ change address procedure ရဲ့ မူလ address input A-255 နေရာမှာ A-22 ကိုထည့်၊ အသစ် address ကို 8 ထည့်ပြီး ရေးလိုက်ပါတယ်။ Sensor အသစ် ရဲ့ address က 8 ဖြစ်သွားပါပြီ။ B-loop ထဲမှာ ပြန်တပ်ပေးတော့ fault တစ်ခု ပြေလည်သွားပါပြီ။
အဲဒီနည်းနဲ့ sensor တွေ ရွှေ့ပြောင်း၊ assign လုပ်လိုက်တာ နောက်ထပ် fault တစ်ခု ထပ်ပြီး ဖြေရှင်း ပေးနိုင်ခဲ့ပါတယ်။ Pilot ရောက်ခါနီးတော့ ကျန်တဲ့ fault တွေကို ဆက်ရှင်းဖို့ ဓာတ်ကြိုးကို လွှဲပေးခဲ့ပါတယ်။

No comments:

Post a Comment