Wednesday 25 October 2017

Generator (၁၀) - Emergency Generator ACB Burnt


[Zawgyi]

ဒီ case ကေတာ့ trouble-shoot လုပ္ရတာ မဟုတ္ပါဘူး။ ျဖစ္သြားတဲ့ ျပႆနာတစ္ခုရဲ႕ သက္ေရာက္မႈ ပမာဏကို (assessment) ဆန္းစစ္ေပးရတာပါ။ Bulk carrier တစ္စီးရဲ႕ emergency generator မွာပါ။ ACB ေလာင္သြားလို႔ ၾကည့္ေပးပါ ေျပာပါတယ္။ 
သေဘၤာေပၚေရာက္ေတာ့ Greek ဓာတ္ႀကိဳးက လိုက္ျပ ရွင္းျပပါတယ္။ ျပႆနာ အစက E-gen ACB က စမ္းတဲ့ အခ်ိန္မွာ ခဏခဏ ျပဳတ္က်ေနလို႔ သူက Draw out လုပ္ၿပီး off-line စမ္းတယ္ ေျပာပါတယ္။ အဲဒီအခ်ိန္မွာေတာ့ ACB က Open / Close က ပုံမွန္ အလုပ္လုပ္တယ္လို႔ ဆိုပါတယ္။ ၿပီးေတာ့ ACB ကို ျပန္ rack in ျပန္ထည့္လိုက္တယ္တဲ့။ ဒါေပမဲ့ ျဖစ္ခ်င္ေတာ့ သူလည္း တစ္ျခားအလုပ္ေတြမ်ားေတာ့၊ ေလာသြားတဲ့အတြက္ ACB close အေနအထားနဲ႔ ထိုးထည့္လိုက္မိတယ္ဆိုပါတယ္။ အဲဒီအခ်ိန္မွာ E-gen က run မထားပါဘူး။ Bus tie ACB က on ထားတဲ့ အတြက္ MSB ရဲ႕ power က ESB bus မွာ ရွိေနပါတယ္။ ဒီေတာ့ E-gen ACB ရဲ႕ slot in contact ေတြ ထိမိတဲ့အခ်ိန္မွာ မီးေတြပြင့္ အသံေတြထြက္လာၿပီး  ေလာင္သြားတယ္ ေျပာပါတယ္။ Generator မွာလည္း ေညႇာ္နံ႔ ထြက္တယ္တဲ့။ Bus bar ရဲ႕ power က ACB ကိုျဖတ္ၿပီး E-gen ကို ျပန္ဝင္သြားတဲ့ သေဘာပါ။ ေနာက္ ACB ကို ျပန္ျဖဳတ္ခ်ၿပီး E-gen ကို အလြတ္ run ၾကည့္ေတာ့ အထဲက မီးပြားေတြ ေတြ႕လို႔ ရပ္လိုက္တယ္တဲ့။ အဲဒါ ဘာေတြပ်က္လို႔ ဘာေတြ လဲရမယ္ဆိုတာ ကၽြန္ေတာ္တို႔ စစ္ေပးရမွာေပါ့။
 
ACB က Hyundai အမ်ဳိးအစားပါ။ ACB ၾကည့္လိုက္ေတာ့ main circuit contact ေတြမွာ Arcing ႀကီးႀကီးမားမားထိထားၿပီး ေလာင္ထားတာ ေတြ႕ပါတယ္။ Panel ထဲက ACB အထိုင္ draw-out cradle မွာလည္း ေလာင္ထားပါတယ္။ ဒီေတာ့ ACB နဲ႔ ေအာက္ခံ ကေတာ့ လဲရမွာပါ။


E-gen က Stamford အမ်ဳိးအစားပါ။ Alternator ေဘးဘက္က cover ကို ျဖဳတ္ထားၿပီးသားဆိုေတာ့ ၾကားထဲက ၾကည့္ ၾကည့္ပါတယ္။ Rotating diode ေတြၾကားထဲက varistor တစ္ခုေတာ့ ေလာင္ေနတာ ေတြ႕ပါတယ္။
အဲဒီ varistor ကို ျဖဳတ္လိုက္ပါတယ္။ ၿပီးေတာ့ Diode တစ္လုံုးၿပီး တစ္လုံး တိုင္းၾကည့္ေတာ့ အကုန္ ေကာင္းေနပါတယ္။ AVR အဝင္ႀကိဳးေတြ ျဖဳတ္ၿပီး Megger တိုင္းၾကည့္ေတာ့ လည္း ေကာင္းပါတယ္။ Micro-ohm meter မပါလာတဲ့အတြက္ Winding Resistance ေတာ့ အေသးစိတ္ မတိုင္းႏိုင္ပါဘူး။ Multi meter နဲ႔ဘဲ တိုင္းၾကည့္ေတာ့ အဆင္ေျပပါတယ္။ ဒါနဲ႔ alternator ကို run ၾကည့္ဖို႔ ဆုံးျဖတ္လိုက္ပါတယ္။
ဒီေနရာမွာ varistor အေၾကာင္း နည္းနည္းေျပာခ်င္ပါတယ္။ Varistor ကို high voltage protection အေနနဲ႔ rotating rectifier မွာ ထည့္ထားေလ့ရွိပါတယ္။ က်န္တဲ့ alternator ရဲ႕အစိတ္အပိုင္းေတြ ေကာင္းမေကာင္း သိခ်င္လို႔ ယာယီ varistor မပါဘဲ ေမာင္းၾကည့္မလို႔ပါ။ Voltage အရမ္းျမင့္တက္သြားယင္ အခ်ိန္မီ ရပ္လိုက္ဖို႔လည္း ျပင္ထားပါတယ္။ Alternator run ၾကည့္ေတာ့ Voltage output 440V မွာ stable ျဖစ္ပါတယ္။ Winding ၾကားထဲကို ၾကည့္ေတာ့လည္း spark ထြက္တာ မေတြ႕ပါဘူး။ ဒီေတာ့ Generator နဲ႔ AVR ေကာင္းတယ္လို႔ ဆုံးျဖတ္လိုက္ပါတယ္။ 
ဒါနဲ႔ ACB, draw-out cradle နဲ႔ varistor အသစ္လဲဖို႔ မွာခဲ့ပါတယ္။ သေဘၤာက ခဏဘဲ နားတာဆိုေတာ့ ပစၥည္း မွာဖို႔ အခ်ိန္မရတာမို႔ ေနာက္ port မွ owner စီစဥ္မယ္ ေျပာပါတယ္။ 

အခု ျပန္ၿပီး စဥ္းစားၾကည့္ရေအာင္။ ဒီ incident ဘာလို႔ျဖစ္သြားတာလဲ။ ပထမ ACB ျပဳတ္က်တယ္ဆိုတာကေတာ့ ျဖစ္ႏိုင္ေခ်ေတြ အမ်ားႀကီးကို တစ္ခုစီ စစ္ၾကည့္ရမွာပါ။ ဒီေတာ့ ACB ကို ထုတ္ၿပီး offline စမ္းၾကည့္မယ္။ ဒါလည္း ျပႆနာမရွိေသးပါဘူး။ ဒါေပမဲ့ ဘယ္လို စမ္းမလဲဆိုတာ စဥ္းစားရပါမယ္။ UVT ပါေနလို႔ပါ။ Fully disconnect မလုပ္ဘဲ test position မွာ စမ္းမလား။ ဒါဆိုယင္ UVT ရဲ႕ supply က Generator က ေပးထားယင္ရပါတယ္။ ေနာက္တစ္မ်ဳိးကေတာ့ သူလုပ္သလို ဆြဲထုတ္လိုက္ၿပီး အျပင္မွာ စမ္းဖို႔ပါ။ အဲဒီမွာလည္း ၂ နည္း ရွိပါတယ္။ UVT ကို external supply ေပးတဲ့ နည္းနဲ႔ UVT plunger ကို mechanically lock လုပ္ၿပီး စမ္းတဲ့ နည္းပါ။ သူက plunger ကို lock လုပ္ၿပီး စမ္းခဲ့တယ္လို႔ ထင္ပါတယ္။ ဒါေၾကာင့္မို႔ ACB close အေနအထားနဲ႔ ျပန္ထည့္လို႔ ရတာပါ။ UVT supply ေပးၿပီး စမ္းတယ္ဆိုယင္ ျပန္ထည့္ခါနီး supply ျဖဳတ္လိုက္တာနဲ႔ ACB open ျပန္ျဖစ္သြားမွာမို႔ပါ။ ဒီေတာ့ ေလာင္စရာ မရွိဘူးေပါ့။ ေနာက္တစ္ခု control circuit မွာ Bus tie ACB ကို on ထားယင္ E-gen ACB ကို on လို႔ မရေအာင္ electrical interlock ရွိပါတယ္။ 
ဒါေၾကာင့္ သတိထားဖို႔က ACB ရဲ႕ UVT plunger ကို lock လုပ္ၿပီး operate လုပ္မယ္ဆိုယင္ interlock circuit ေတြ သက္ေရာက္မႈ မရွိႏိုင္ေတာ့တာမို႔ အထူး သတိထားဖို႔လိုတယ္ ဆိုတာပါဘဲ။ ေနာက္ထပ္ သင္ခန္းစာတစ္ခုက ဘယ္ေလာက္ အလုပ္ရႈပ္ရႈပ္ မျပာပါနဲ႔၊ မေလာပါနဲ႔။ စိတ္ေအးေအး ထားၿပီး မမွားေအာင္ ဂ႐ုစိုက္ၾကပါလို႔။

[Unicode]

ဒီ case ကတော့ trouble-shoot လုပ်ရတာ မဟုတ်ပါဘူး။ ဖြစ်သွားတဲ့ ပြဿနာတစ်ခုရဲ့ သက်ရောက်မှု ပမာဏကို (assessment) ဆန်းစစ်ပေးရတာပါ။ Bulk carrier တစ်စီးရဲ့ emergency generator မှာပါ။ ACB လောင်သွားလို့ ကြည့်ပေးပါ ပြောပါတယ်။ 
သင်္ဘောပေါ်ရောက်တော့ Greek ဓာတ်ကြိုးက လိုက်ပြ ရှင်းပြပါတယ်။ ပြဿနာ အစက E-gen ACB က စမ်းတဲ့ အချိန်မှာ ခဏခဏ ပြုတ်ကျနေလို့ သူက Draw out လုပ်ပြီး off-line စမ်းတယ် ပြောပါတယ်။ အဲဒီအချိန်မှာတော့ ACB က Open / Close က ပုံမှန် အလုပ်လုပ်တယ်လို့ ဆိုပါတယ်။ ပြီးတော့ ACB ကို ပြန် rack in ပြန်ထည့်လိုက်တယ်တဲ့။ ဒါပေမဲ့ ဖြစ်ချင်တော့ သူလည်း တစ်ခြားအလုပ်တွေများတော့၊ လောသွားတဲ့အတွက် ACB close အနေအထားနဲ့ ထိုးထည့်လိုက်မိတယ်ဆိုပါတယ်။ အဲဒီအချိန်မှာ E-gen က run မထားပါဘူး။ Bus tie ACB က on ထားတဲ့ အတွက် MSB ရဲ့ power က ESB bus မှာ ရှိနေပါတယ်။ ဒီတော့ E-gen ACB ရဲ့ slot in contact တွေ ထိမိတဲ့အချိန်မှာ မီးတွေပွင့် အသံတွေထွက်လာပြီး  လောင်သွားတယ် ပြောပါတယ်။ Generator မှာလည်း ညှော်နံ့ ထွက်တယ်တဲ့။ Bus bar ရဲ့ power က ACB ကိုဖြတ်ပြီး E-gen ကို ပြန်ဝင်သွားတဲ့ သဘောပါ။ နောက် ACB ကို ပြန်ဖြုတ်ချပြီး E-gen ကို အလွတ် run ကြည့်တော့ အထဲက မီးပွားတွေ တွေ့လို့ ရပ်လိုက်တယ်တဲ့။ အဲဒါ ဘာတွေပျက်လို့ ဘာတွေ လဲရမယ်ဆိုတာ ကျွန်တော်တို့ စစ်ပေးရမှာပေါ့။
ACB က Hyundai အမျိုးအစားပါ။ ACB ကြည့်လိုက်တော့ main circuit contact တွေမှာ Arcing ကြီးကြီးမားမားထိထားပြီး လောင်ထားတာ တွေ့ပါတယ်။ Panel ထဲက ACB အထိုင် draw-out cradle မှာလည်း လောင်ထားပါတယ်။ ဒီတော့ ACB နဲ့ အောက်ခံ ကတော့ လဲရမှာပါ။
E-gen က Stamford အမျိုးအစားပါ။ Alternator ဘေးဘက်က cover ကို ဖြုတ်ထားပြီးသားဆိုတော့ ကြားထဲက ကြည့် ကြည့်ပါတယ်။ Rotating diode တွေကြားထဲက varistor တစ်ခုတော့ လောင်နေတာ တွေ့ပါတယ်။ အဲဒီ varistor ကို ဖြုတ်လိုက်ပါတယ်။ ပြီးတော့ Diode တစ်လုုံးပြီး တစ်လုံး တိုင်းကြည့်တော့ အကုန် ကောင်းနေပါတယ်။ AVR အဝင်ကြိုးတွေ ဖြုတ်ပြီး Megger တိုင်းကြည့်တော့ လည်း ကောင်းပါတယ်။ Micro-ohm meter မပါလာတဲ့အတွက် Winding Resistance တော့ အသေးစိတ် မတိုင်းနိုင်ပါဘူး။ Multi meter နဲ့ဘဲ တိုင်းကြည့်တော့ အဆင်ပြေပါတယ်။ ဒါနဲ့ alternator ကို run ကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ 
ဒီနေရာမှာ varistor အကြောင်း နည်းနည်းပြောချင်ပါတယ်။ Varistor ကို high voltage protection အနေနဲ့ rotating rectifier မှာ ထည့်ထားလေ့ရှိပါတယ်။ ကျန်တဲ့ alternator ရဲ့အစိတ်အပိုင်းတွေ ကောင်းမကောင်း သိချင်လို့ ယာယီ varistor မပါဘဲ မောင်းကြည့်မလို့ပါ။ Voltage အရမ်းမြင့်တက်သွားယင် အချိန်မီ ရပ်လိုက်ဖို့လည်း ပြင်ထားပါတယ်။ Alternator run ကြည့်တော့ Voltage output 440V မှာ stable ဖြစ်ပါတယ်။ Winding ကြားထဲကို ကြည့်တော့လည်း spark ထွက်တာ မတွေ့ပါဘူး။ ဒီတော့ Generator နဲ့ AVR ကောင်းတယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ 
ဒါနဲ့ ACB, draw-out cradle နဲ့ varistor အသစ်လဲဖို့ မှာခဲ့ပါတယ်။ သင်္ဘောက ခဏဘဲ နားတာဆိုတော့ ပစ္စည်း မှာဖို့ အချိန်မရတာမို့ နောက် port မှ owner စီစဉ်မယ် ပြောပါတယ်။ 

အခု ပြန်ပြီး စဉ်းစားကြည့်ရအောင်။ ဒီ incident ဘာလို့ဖြစ်သွားတာလဲ။ ပထမ ACB ပြုတ်ကျတယ်ဆိုတာကတော့ ဖြစ်နိုင်ချေတွေ အများကြီးကို တစ်ခုစီ စစ်ကြည့်ရမှာပါ။ ဒီတော့ ACB ကို ထုတ်ပြီး offline စမ်းကြည့်မယ်။ ဒါလည်း ပြဿနာမရှိသေးပါဘူး။ ဒါပေမဲ့ ဘယ်လို စမ်းမလဲဆိုတာ စဉ်းစားရပါမယ်။ UVT ပါနေလို့ပါ။ Fully disconnect မလုပ်ဘဲ test position မှာ စမ်းမလား။ ဒါဆိုယင် UVT ရဲ့ supply က Generator က ပေးထားယင်ရပါတယ်။ နောက်တစ်မျိုးကတော့ သူလုပ်သလို ဆွဲထုတ်လိုက်ပြီး အပြင်မှာ စမ်းဖို့ပါ။ အဲဒီမှာလည်း ၂ နည်း ရှိပါတယ်။ UVT ကို external supply ပေးတဲ့ နည်းနဲ့ UVT plunger ကို mechanically lock လုပ်ပြီး စမ်းတဲ့ နည်းပါ။ သူက plunger ကို lock လုပ်ပြီး စမ်းခဲ့တယ်လို့ ထင်ပါတယ်။ ဒါကြောင့်မို့ ACB close အနေအထားနဲ့ ပြန်ထည့်လို့ ရတာပါ။ UVT supply ပေးပြီး စမ်းတယ်ဆိုယင် ပြန်ထည့်ခါနီး supply ဖြုတ်လိုက်တာနဲ့ ACB open ပြန်ဖြစ်သွားမှာမို့ပါ။ ဒီတော့ လောင်စရာ မရှိဘူးပေါ့။ နောက်တစ်ခု control circuit မှာ Bus tie ACB ကို on ထားယင် E-gen ACB ကို on လို့ မရအောင် electrical interlock ရှိပါတယ်။ 
ဒါကြောင့် သတိထားဖို့က ACB ရဲ့ UVT plunger ကို lock လုပ်ပြီး operate လုပ်မယ်ဆိုယင် interlock circuit တွေ သက်ရောက်မှု မရှိနိုင်တော့တာမို့ အထူး သတိထားဖို့လိုတယ် ဆိုတာပါဘဲ။ နောက်ထပ် သင်ခန်းစာတစ်ခုက ဘယ်လောက် အလုပ်ရှုပ်ရှုပ် မပြာပါနဲ့၊ မလောပါနဲ့။ စိတ်အေးအေး ထားပြီး မမှားအောင် ဂရုစိုက်ကြပါလို့။

Wednesday 11 October 2017

Fire Alarm (၆) - Addressable System Fault

[Zawgyi]
ဒီတစ္ခါကေတာ့ Bulk carrier တစ္စီး ရဲ႕ Fire Alarm System fault ေတြေျဖရွင္းေပးဖို႔ ေခၚလို႔ သြားရပါတယ္။ ဓာတ္ႀကိဳးက ဖိလစ္ပိုင္ကပါ။ တက္လာတာ မၾကာေသးေတာ့ သိပ္မသိပါဘူး။ အျဖဴ သူႀကီးက ပိုသိၿပီး ရွင္းျပႏိုင္ပါတယ္။ Control panel က Tyco ရဲ႕ T-2000 addressable type ပါ။
သူႀကီးေျပာျပတာက အစက ဘာ fault မွမရွိဘူး၊ အေကာင္းလို႔ ဆိုပါတယ္။ သိပ္ မၾကာခင္က Sensor တစ္ခု fault ျဖစ္တယ္ေျပာပါတယ္။ အဲဒီေတာ့ fault ျဖစ္တဲ့ sensor တစ္ခု ကို အသစ္နဲ႔ လဲလိုက္ပါတယ္တဲ့။ လဲၿပီးလို႔ address assign လုပ္၊ power up ၿပီးေတာ့ fault ၂ ခုျဖစ္သြားတယ္ ေျပာပါတယ္။ အဲလို fault ျဖစ္တဲ့ sensor ေတြလဲယင္း fault ေတြထပ္ထပ္ ေပၚလာတာမို႔ shore technician ေခၚလိုက္ရတဲ့ အေၾကာင္းေျပာပါတယ္။ အသစ္ supply လုပ္ထားတဲ့ sensor ၆ ခုမွာ ၂ ခုဘဲက်န္ေတာ့တယ္တဲ့။
ဒါနဲ႔ သူႀကီးကို ေမးၾကည့္ရပါတယ္။ Address assign လုပ္ေတာ့ ဘာနဲ႔ လုပ္တာလဲလို႔။ သူႀကီးက Sensor အသစ္ လဲၿပီးေတာ့ control panel ကေန maker ေပးထားတဲ့ procedure အတိုင္း address write လုပ္တယ္ေျပာပါတယ္။ အဲဒီ instruction ကိုလည္း ျပပါတယ္။
အမွန္က ဒီ sensor ေတြမွာ address assign လုပ္တဲ့ နည္း ၂ နည္းရွိပါတယ္။ Service Tool လို႔ ေခၚတဲ့ portable programmer ေလး နဲ႔ ေရးတာရယ္၊ ေနာက္တစ္နည္းက control panel ကေန ေရးတာရယ္ပါ။ သေဘၤာေပၚမွာ service tool programmer မရွိဘူးေျပာပါတယ္။

ဒီေတာ့ panel ကေန assign လုပ္တာဘဲရွိပါေတာ့တယ္။ သူ႔ procedure က ဒီလိုပါ။ Sensor အေဟာင္းကို ျဖဳတ္၊ အသစ္တပ္ရပါတယ္။ Service Access level နဲ႔ passcode log in ဝင္ၿပီး Service -> Diagnostic-> Change Address ဆိုၿပီး ဝင္ရပါတယ္။ ၿပီးယင္ Loop A/B/C ... ေရြးရပါတယ္။ ေနာက္ Point နံပါတ္ ေရြးရပါတယ္။ Sensor အသစ္တစ္ခုရဲ႕ default address က 255 ပါ။ ဒီေတာ့ point 255 လို႔ ေရြးလိုက္ယင္ အသစ္တပ္တဲ့ sensor ကို ေတြ႕ပါတယ္။ ၿပီးမွ ကိုယ္ေျပာင္းမယ့္ address ကို ထည့္ေပးၿပီး write လုပ္လိုက္ယင္ ၿပီးပါၿပီ။ အခုလို အေသးစိတ္ေရးျပရတာ အေၾကာင္းရွိပါတယ္။ ေနာက္မွ ရွင္းျပပါမယ္။ သူ႔ instruction ထဲမွာ sensor အသစ္ကိုဘဲ လဲထည့္ဖို႔ေျပာပါတယ္။ သုံးၿပီးသားဆိုယင္ တစ္ျခား address ရွိေနၿပီးျဖစ္လို႔ ဒီနည္းသုံးလို႔ မရဘူးလို႔ ေရးထားပါတယ္။
သူႀကီးက အဲဒီ procedure အတိုင္းလုပ္တယ္ဆိုတာရယ္၊ သူ႔ေလသံနဲ႔ confident level အကဲခတ္ၾကည့္ေတာ့ မမွားေလာက္ဘူးလို႔ ယူဆရပါတယ္။ ဒါျဖင့္ဘာလို႔လဲ ဆိုတာေတာ့ မသိေသးပါဘူး။ အစဆုံး fault ဘယ္ႏွစ္ခု ရွိလဲၾကည့္ရပါတယ္။ Fault ၇ ခု နဲ႔ isolated ၁ ခု ေတြ႕ပါတယ္။ ဓာတ္ႀကိဳးက ဝင္ေျပာတယ္။ အယင္ ဓာတ္ႀကိဳးက မွာသြားတယ္တဲ့။ Panel ထဲက output pcb တစ္ခု မေကာင္းဘူးေျပာတယ္တဲ့။ Isolated point ကိုၾကည့္လိုက္ေတာ့ output card တစ္ခုရဲ႕ address ျဖစ္ေနတာဆိုေတာ့ ခဏထားလိုက္တယ္။ Sensor ေတြ အယင္ၾကည့္ပါမယ္။ Fault က ၇ ခုေတာင္ရွိပါတယ္။ သူႀကီးေျပာတဲ့ ၁ ခုက စတဲ့ျပႆနာလား၊ ေနာက္ထပ္တိုးၿပီး ပ်က္တာေတြလား ၾကည့္ရမွာေပါ့။ 
ဒါနဲ႔ Fault sensor စာရင္းကို စာရြက္တစ္ခုမွာခ်ေရးထားပါတယ္။ B loop နဲ႔ D loop မွာဘဲ ျဖစ္ေနတာပါ။ အကုန္ Engine Room ထဲမွာပါ။ အလြယ္ဆုံး workshop မွာရွိတဲ့ fault sensor တစ္ခု ကို ျဖဳတ္ၿပီး အသစ္လဲၾကည့္ပါတယ္။ သူ႔ procedure အတိုင္း address ကို ထည့္လိုက္ပါတယ္။  Reset လုပ္လိုက္ေတာ့ အဲဒီ fault ေပ်ာက္သြားပါၿပီ။ ဒါနဲ႔ ေနာက္တစ္ခုကို sensor အသစ္လဲၾကည့္ပါတယ္။ ဒီတစ္ခါ sensor အသစ္ရဲ႕ address ကို 255 ထားၾကည့္ေတာ့ device not found လို႔ ျပပါတယ္။ ၂ ခါေလာက္ႀကိဳးစားၾကည့္တာ မရပါဘူး။ ေနာက္ထပ္ sensor အသစ္လည္း မရွိေတာ့ပါဘူး။ စဥ္းစားမိတာေတာ့ အဲဒီ sensor က အသစ္လို႔ေျပာေပမဲ့ အယင္ တစ္ေနရာရာမွာ တပ္ၾကည့္ၿပီး address assign လုပ္ၿပီးသားမို႔ ထင္ပါတယ္။ ဒီေတာ့ default address 255 မဟုတ္ေတာ့ဘဲ တစ္ျခား နံပါတ္တစ္ခုခု ျဖစ္ေနတာလို႔ ထင္ပါတယ္။ ေနာက္ထပ္ sensor အသစ္လည္း မရွိေတာ့ဘူး။ သူ႔ instruction အရ control panel ကေန address ေရးယင္ သုံးၿပီးသား sensor ျပန္တပ္ၿပီး ေရးလို႔ မရဘူး ေျပာထားပါတယ္။ 
ေနာက္တစ္ခုသတိထားမိတာက ဒုတိယေျမာက္ fault ျဖစ္ေနတဲ့ sensor ကို ျဖဳတ္လိုက္တဲ့အခ်ိန္ fault အေရအတြက္ တစ္ခုတိုးလာတာပါ။ အမွန္က fault ၆ ခုဘဲက်န္တာကေန ၇ခု ျဖစ္သြားပါတယ္။ အေသးစိတ္ျပန္ၾကည့္ေတာ့ စာရင္းထဲမွာ မပါတဲ့ address တစ္ခုပါ fault အသစ္ တစ္ခုနဲ႔ တက္ေနပါတယ္။ Sensor no response  တဲ့။ ကၽြန္ေတာ္တို႔ sensor မွားျဖဳတ္မိလို႔လားဆိုေတာ့ မမွားဘူး။ B014 - Gen 2 Top လို႔ fault list ထဲမွာပါတယ္။ Gen 2 အေပၚမွာ ရွိတဲ့ Sensor မွာ B14 လို႔ sticker ေလး ကပ္ထားသလို မ်က္ႏွာက်က္မွာ လက္ေရးနဲ႔ B14 လို႔ ေရးထားပါတယ္။ ပစၥည္းကေတာ့ မမွားဘူး သူ႔ ကို ျဖဳတ္လိုက္ေတာ့ B011 ဆိုတဲ့ address နဲ႔ fault အပိုထြက္လာတယ္ဆိုေတာ့ sensor ထဲက address က 14 မဟုတ္ဘဲ 11 ျဖစ္ေနတဲ့သေဘာ။ မသကၤာတာနဲ႔ B-loop ထဲက fault ျဖစ္တဲ့ sensor ၃ ခုလုံး လိုက္ျဖဳတ္ၾကည့္ေတာ့ address အသစ္နဲ႔ fault အသစ္ ၂ ခု ထပ္တက္လာတယ္။ ဒါဆို ရႈပ္ကုန္ၿပီေပါ့။ sensor address ေတြက သူ႔ေနရာနဲ႔ သူမဟုတ္ေတာ့ဘူး။ မွန္တာမွန္၊ မွားတာမွားနဲ႔။ 
လုပ္ဖို႔လည္းပိုခက္သြားပါတယ္။ ပိုဆိုးတာက sensor ထဲက address ကို ဘယ္လို read လုပ္မလဲ။ ျပင္ေရးမယ္ဆို ဘယ္လိုေရးရမလဲ စဥ္းစားရပါၿပီ။ Address မေရးရေသးတဲ့ sensor အသစ္လည္း မရွိေတာ့ဘူး။ ပိုဆိုးတာက portable programmer လည္း မရွိဘူး။ အဲဒါနဲ႔ဆို address အေဟာင္းကို read လုပ္လို႔ရသလို အသစ္ကိုလည္း ႀကိဳက္သလို ေရးလို႔ရတယ္။ ထားပါေတာ့။ 
ျဖစ္ႏိုင္ေခ်ရွိတဲ့ ျပႆနာက သူႀကီးေျပာတဲ့ ပထမဆုံး sensor တစ္ခု fault ျဖစ္ပါလိမ့္မယ္။ Panel မွာ ျပတဲ့ fault address အရ sensor ကိုျဖဳတ္ၿပီး အသစ္လဲပါလိမ့္မယ္။ အဲဒီ ျဖဳတ္လိုက္တဲ့ sensor ရဲ႕ address သူ႔ေနရာနဲ႔ သူ မရွိဘဲ address ေနာက္တစ္ခုနဲ႔ ေကာင္းတဲ့ sensor ျဖစ္ေနပါလိမ့္မယ္။ Sensor အသစ္လဲၿပီး fault ျဖစ္တဲ့ address ထဲ့ လိုက္ေတာ့ loop ထဲမွာ address တစ္ခု ေပ်ာက္ေနၿပီး၊ မေကာင္းတဲ့ sensor နဲ႔ address တူတဲ့ sensor အသစ္က loop ထဲမွာ ေရာက္ေနပါမယ္။ Loop ထဲမွာ address တူ sensor ၂ ခုနဲ႔ အထက္ ရွိယင္ 'sensor no response' ဒါမွမဟုတ္ 'multiple address' fault တစ္ခုခု တက္လာပါမယ္။ ဒီလိုနဲ႔ အသစ္ေပၚလာတဲ့ fault ကို ေျဖရွင္းဖို႔ ႀကိဳးစားယင္း fault ေတြမ်ားသထက္ မ်ားလာတာလို႔ ထင္ပါတယ္။ 
အခုဒီျပႆနာေတြ ဘယ္လို ရွင္းမလဲ စဥ္းစားရပါၿပီ။ အခ်ိန္ကလည္း သိပ္မရွိေတာ့ပါ။ ေနာက္ ၃ နာရီမွာ သေဘၤာထြက္ဖို႔ pilot ေခၚထားၿပီးၿပီဆိုပါတယ္။ အကုန္မၿပီးေတာင္ ရသေလာက္ ေျဖရွင္း ေပးခဲ့ခ်င္ပါတယ္။ အဓိက လက္ရွိ sensor ရဲ႕ address ကို ဖတ္ၾကည့္ႏိုင္ရမယ္။ ၿပီးေတာ့ လိုခ်င္တဲ့ address ကိုျပန္ေရးေပး ႏိုင္ရမယ္ေပါ့။ ဒါဆို ေျဖရွင္းဖို႔ လမ္းရသြားပါၿပီ။ 
သူ႔ panel ကေန address ကို sensor အသစ္ဘဲ ေရးႏိုင္တာက sensor အသစ္က default address 255 နဲ႔ unique (ထပ္ေနတာမရွိ) ျဖစ္ေနတာမို႔ပါ။ တစ္ကယ္လို႔ sensor အေဟာင္းရဲ႕ address အမွန္ သိရယင္ ေရးလို႔ ရႏိုင္တာေပါ့။ ဒီေတာ့ အၾကံတစ္ခု ရပါတယ္။ ေလာေလာဆယ္ A-loop မွာ fault မရွိပါဘူး။ B-loop က ျဖဳတ္လာတဲ့ sensor ေတြကို A-loop မွာတပ္ၿပီး read/write လုပ္ဖို႔ပါ။ တစ္ခု ၾကားျဖတ္ေျပာခ်င္တာရွိပါတယ္။ Sensor ေတြမွာ address က ဂဏန္းဘဲပါ ပါတယ္ (0-255)။ ဥပမာ A001 ဆိုပါေတာ့။ တစ္ကယ္ sensor ထဲမွာ code လုပ္ထားတာက ' 1 ' ပါဘဲ။ အဲဒီ sensor ကို A-loop ထဲမွာ တပ္လိုက္ယင္ A001, B-loop ထဲမွာတပ္ယင္ B-001 ေပါ့။ ေနာက္ၿပီး loop တစ္ခုထဲမွာ sensor ေနရာေတြေျပာင္းထားယင္ sensor type မွန္ေနသမွ် ဘာ fault မွ ျပမွာမဟုတ္ပါဘူး။ ဒါေပမဲ့ တစ္ကယ္လို႔ test လုပ္ယင္ျဖစ္ျဖစ္၊ မီးေလာင္လို႔ trigger ျဖစ္ျဖစ္ panel မွာ description location ျပတာ မွားေနပါလိမ့္မယ္။ ထားပါေတာ့ ကၽြန္ေတာ့ plan အရ A-loop ထဲက panel နဲ႔ အနီးဆုံး A001 sensor ကို ျဖဳတ္လိုက္ပါတယ္။ A001 - sensor no response တက္လာတာေပါ့။ ေနာက္ၿပီး ေစာေစာက ျဖဳတ္ထားတဲ့ B-loop ထဲက sensor ၃ ခုကို တစ္ခုၿပီး တစ္ခု တပ္ၾကည့္ပါတယ္။ A-loop ထဲက အသစ္တက္လာတဲ့ fault က sensor အထဲမွာ ရွိေနတဲ့ address ေပါ့။ ဘာလို႔လဲဆိုေတာ့ address duplicate ျဖစ္သြားတာမို႔ပါ။ ဒါမွမဟုတ္ A-loop မွာ fault မရွိေတာ့ဘူးဆိုယင္ေတာ့ address ' 1 ' ျဖစ္မွာေပါ့ေနာ္။
အဲလိုလုပ္ၾကည့္ေတာ့ ထင္တဲ့ အတိုင္း address ၂ ခုက မွားေနတယ္။ B-008 တစ္ခုကေတာ့ မွန္တယ္။ ဒါဆို B-008 sensor ကေတာ့ တစ္ကယ္ fault ျဖစ္ေနပုံပါဘဲ။ ဒါနဲ႔ ေစာေစာက address ေရးလို႔မရတဲ့ sensor အသစ္ကိုထည့္ ဖတ္ၾကည့္ေတာ့ address တစ္ခု ရွိေနပါတယ္။ '22' တဲ့။ ဒါနဲ႔ A-022 မူလ sensor ကို ရွာၿပီး ခဏျဖဳတ္ထားပါတယ္။ ဘာလို႔လဲ ဆိုေတာ့ address '22' က တူေနတာ မဟုတ္လား။ အသစ္ေရးယင္ sensor ၂ ခုလုံး မွာ အသစ္နံပါတ္ ေျပာင္းသြားမွာမို႔ပါ။ ၿပီးမွ change address procedure ရဲ႕ မူလ address input A-255 ေနရာမွာ A-22 ကိုထည့္၊ အသစ္ address ကို 8 ထည့္ၿပီး ေရးလိုက္ပါတယ္။ Sensor အသစ္ ရဲ႕ address က 8 ျဖစ္သြားပါၿပီ။ B-loop ထဲမွာ ျပန္တပ္ေပးေတာ့ fault တစ္ခု ေျပလည္သြားပါၿပီ။
အဲဒီနည္းနဲ႔ sensor ေတြ ေရႊ႕ေျပာင္း၊ assign လုပ္လိုက္တာ ေနာက္ထပ္ fault တစ္ခု ထပ္ၿပီး ေျဖရွင္း ေပးႏိုင္ခဲ့ပါတယ္။ Pilot ေရာက္ခါနီးေတာ့ က်န္တဲ့ fault ေတြကို ဆက္ရွင္းဖို႔ ဓာတ္ႀကိဳးကို လႊဲေပးခဲ့ပါတယ္။

[Unicode]
ဒီတစ်ခါကတော့ Bulk carrier တစ်စီး ရဲ့ Fire Alarm System fault တွေဖြေရှင်းပေးဖို့ ခေါ်လို့ သွားရပါတယ်။ ဓာတ်ကြိုးက ဖိလစ်ပိုင်ကပါ။ တက်လာတာ မကြာသေးတော့ သိပ်မသိပါဘူး။ အဖြူ သူကြီးက ပိုသိပြီး ရှင်းပြနိုင်ပါတယ်။ Control panel က Tyco ရဲ့ T-2000 addressable type ပါ။ သူကြီးပြောပြတာက အစက ဘာ fault မှမရှိဘူး၊ အကောင်းလို့ ဆိုပါတယ်။ သိပ် မကြာခင်က Sensor တစ်ခု fault ဖြစ်တယ်ပြောပါတယ်။ အဲဒီတော့ fault ဖြစ်တဲ့ sensor တစ်ခု ကို အသစ်နဲ့ လဲလိုက်ပါတယ်တဲ့။ လဲပြီးလို့ address assign လုပ်၊ power up ပြီးတော့ fault ၂ ခုဖြစ်သွားတယ် ပြောပါတယ်။ အဲလို fault ဖြစ်တဲ့ sensor တွေလဲယင်း fault တွေထပ်ထပ် ပေါ်လာတာမို့ shore technician ခေါ်လိုက်ရတဲ့ အကြောင်းပြောပါတယ်။ အသစ် supply လုပ်ထားတဲ့ sensor ၆ ခုမှာ ၂ ခုဘဲကျန်တော့တယ်တဲ့။
ဒါနဲ့ သူကြီးကို မေးကြည့်ရပါတယ်။ Address assign လုပ်တော့ ဘာနဲ့ လုပ်တာလဲလို့။ သူကြီးက Sensor အသစ် လဲပြီးတော့ control panel ကနေ maker ပေးထားတဲ့ procedure အတိုင်း address write လုပ်တယ်ပြောပါတယ်။ အဲဒီ instruction ကိုလည်း ပြပါတယ်။
အမှန်က ဒီ sensor တွေမှာ address assign လုပ်တဲ့ နည်း ၂ နည်းရှိပါတယ်။ Service Tool လို့ ခေါ်တဲ့ portable programmer လေး နဲ့ ရေးတာရယ်၊ နောက်တစ်နည်းက control panel ကနေ ရေးတာရယ်ပါ။ သင်္ဘောပေါ်မှာ service tool programmer မရှိဘူးပြောပါတယ်။ ဒီတော့ panel ကနေ assign လုပ်တာဘဲရှိပါတော့တယ်။ 
သူ့ procedure က ဒီလိုပါ။ Sensor အဟောင်းကို ဖြုတ်၊ အသစ်တပ်ရပါတယ်။ Service Access level နဲ့ passcode log in ဝင်ပြီး Service -> Diagnostic-> Change Address ဆိုပြီး ဝင်ရပါတယ်။ ပြီးယင် Loop A/B/C ... ရွေးရပါတယ်။ နောက် Point နံပါတ် ရွေးရပါတယ်။ Sensor အသစ်တစ်ခုရဲ့ default address က 255 ပါ။ ဒီတော့ point 255 လို့ ရွေးလိုက်ယင် အသစ်တပ်တဲ့ sensor ကို တွေ့ပါတယ်။ ပြီးမှ ကိုယ်ပြောင်းမယ့် address ကို ထည့်ပေးပြီး write လုပ်လိုက်ယင် ပြီးပါပြီ။ အခုလို အသေးစိတ်ရေးပြရတာ အကြောင်းရှိပါတယ်။ နောက်မှ ရှင်းပြပါမယ်။ သူ့ instruction ထဲမှာ sensor အသစ်ကိုဘဲ လဲထည့်ဖို့ပြောပါတယ်။ သုံးပြီးသားဆိုယင် တစ်ခြား address ရှိနေပြီးဖြစ်လို့ ဒီနည်းသုံးလို့ မရဘူးလို့ ရေးထားပါတယ်။
သူကြီးက အဲဒီ procedure အတိုင်းလုပ်တယ်ဆိုတာရယ်၊ သူ့လေသံနဲ့ confident level အကဲခတ်ကြည့်တော့ မမှားလောက်ဘူးလို့ ယူဆရပါတယ်။ ဒါဖြင့်ဘာလို့လဲ ဆိုတာတော့ မသိသေးပါဘူး။ အစဆုံး fault ဘယ်နှစ်ခု ရှိလဲကြည့်ရပါတယ်။ Fault ရ ခု နဲ့ isolated ၁ ခု တွေ့ပါတယ်။ ဓာတ်ကြိုးက ဝင်ပြောတယ်။ အယင် ဓာတ်ကြိုးက မှာသွားတယ်တဲ့။ Panel ထဲက output pcb တစ်ခု မကောင်းဘူးပြောတယ်တဲ့။ Isolated point ကိုကြည့်လိုက်တော့ output card တစ်ခုရဲ့ address ဖြစ်နေတာဆိုတော့ ခဏထားလိုက်တယ်။ Sensor တွေ အယင်ကြည့်ပါမယ်။ Fault က ရ ခုတောင်ရှိပါတယ်။ သူကြီးပြောတဲ့ ၁ ခုက စတဲ့ပြဿနာလား၊ နောက်ထပ်တိုးပြီး ပျက်တာတွေလား ကြည့်ရမှာပေါ့။ 
ဒါနဲ့ Fault sensor စာရင်းကို စာရွက်တစ်ခုမှာချရေးထားပါတယ်။ B loop နဲ့ D loop မှာဘဲ ဖြစ်နေတာပါ။ အကုန် Engine Room ထဲမှာပါ။ အလွယ်ဆုံး workshop မှာရှိတဲ့ fault sensor တစ်ခု ကို ဖြုတ်ပြီး အသစ်လဲကြည့်ပါတယ်။ သူ့ procedure အတိုင်း address ကို ထည့်လိုက်ပါတယ်။  Reset လုပ်လိုက်တော့ အဲဒီ fault ပျောက်သွားပါပြီ။ ဒါနဲ့ နောက်တစ်ခုကို sensor အသစ်လဲကြည့်ပါတယ်။ ဒီတစ်ခါ sensor အသစ်ရဲ့ address ကို 255 ထားကြည့်တော့ device not found လို့ ပြပါတယ်။ ၂ ခါလောက်ကြိုးစားကြည့်တာ မရပါဘူး။ နောက်ထပ် sensor အသစ်လည်း မရှိတော့ပါဘူး။ စဉ်းစားမိတာတော့ အဲဒီ sensor က အသစ်လို့ပြောပေမဲ့ အယင် တစ်နေရာရာမှာ တပ်ကြည့်ပြီး address assign လုပ်ပြီးသားမို့ ထင်ပါတယ်။ ဒီတော့ default address 255 မဟုတ်တော့ဘဲ တစ်ခြား နံပါတ်တစ်ခုခု ဖြစ်နေတာလို့ ထင်ပါတယ်။ နောက်ထပ် sensor အသစ်လည်း မရှိတော့ဘူး။ သူ့ instruction အရ control panel ကနေ address ရေးယင် သုံးပြီးသား sensor ပြန်တပ်ပြီး ရေးလို့ မရဘူး ပြောထားပါတယ်။ 
နောက်တစ်ခုသတိထားမိတာက ဒုတိယမြောက် fault ဖြစ်နေတဲ့ sensor ကို ဖြုတ်လိုက်တဲ့အချိန် fault အရေအတွက် တစ်ခုတိုးလာတာပါ။ အမှန်က fault ၆ ခုဘဲကျန်တာကနေ ရခု ဖြစ်သွားပါတယ်။ အသေးစိတ်ပြန်ကြည့်တော့ စာရင်းထဲမှာ မပါတဲ့ address တစ်ခုပါ fault အသစ် တစ်ခုနဲ့ တက်နေပါတယ်။ Sensor no response  တဲ့။ ကျွန်တော်တို့ sensor မှားဖြုတ်မိလို့လားဆိုတော့ မမှားဘူး။ B014 - Gen 2 Top လို့ fault list ထဲမှာပါတယ်။ Gen 2 အပေါ်မှာ ရှိတဲ့ Sensor မှာ B14 လို့ sticker လေး ကပ်ထားသလို မျက်နှာကျက်မှာ လက်ရေးနဲ့ B14 လို့ ရေးထားပါတယ်။ ပစ္စည်းကတော့ မမှားဘူး သူ့ ကို ဖြုတ်လိုက်တော့ B011 ဆိုတဲ့ address နဲ့ fault အပိုထွက်လာတယ်ဆိုတော့ sensor ထဲက address က 14 မဟုတ်ဘဲ 11 ဖြစ်နေတဲ့သဘော။ မသင်္ကာတာနဲ့ B-loop ထဲက fault ဖြစ်တဲ့ sensor ၃ ခုလုံး လိုက်ဖြုတ်ကြည့်တော့ address အသစ်နဲ့ fault အသစ် ၂ ခု ထပ်တက်လာတယ်။ ဒါဆို ရှုပ်ကုန်ပြီပေါ့။ sensor address တွေက သူ့နေရာနဲ့ သူမဟုတ်တော့ဘူး။ မှန်တာမှန်၊ မှားတာမှားနဲ့။ 
လုပ်ဖို့လည်းပိုခက်သွားပါတယ်။ ပိုဆိုးတာက sensor ထဲက address ကို ဘယ်လို read လုပ်မလဲ။ ပြင်ရေးမယ်ဆို ဘယ်လိုရေးရမလဲ စဉ်းစားရပါပြီ။ Address မရေးရသေးတဲ့ sensor အသစ်လည်း မရှိတော့ဘူး။ ပိုဆိုးတာက portable programmer လည်း မရှိဘူး။ အဲဒါနဲ့ဆို address အဟောင်းကို read လုပ်လို့ရသလို အသစ်ကိုလည်း ကြိုက်သလို ရေးလို့ရတယ်။ ထားပါတော့။ 
ဖြစ်နိုင်ချေရှိတဲ့ ပြဿနာက သူကြီးပြောတဲ့ ပထမဆုံး sensor တစ်ခု fault ဖြစ်ပါလိမ့်မယ်။ Panel မှာ ပြတဲ့ fault address အရ sensor ကိုဖြုတ်ပြီး အသစ်လဲပါလိမ့်မယ်။ အဲဒီ ဖြုတ်လိုက်တဲ့ sensor ရဲ့ address သူ့နေရာနဲ့ သူ မရှိဘဲ address နောက်တစ်ခုနဲ့ ကောင်းတဲ့ sensor ဖြစ်နေပါလိမ့်မယ်။ Sensor အသစ်လဲပြီး fault ဖြစ်တဲ့ address ထဲ့ လိုက်တော့ loop ထဲမှာ address တစ်ခု ပျောက်နေပြီး၊ မကောင်းတဲ့ sensor နဲ့ address တူတဲ့ sensor အသစ်က loop ထဲမှာ ရောက်နေပါမယ်။ Loop ထဲမှာ address တူ sensor ၂ ခုနဲ့ အထက် ရှိယင် 'sensor no response' ဒါမှမဟုတ် 'multiple address' fault တစ်ခုခု တက်လာပါမယ်။ ဒီလိုနဲ့ အသစ်ပေါ်လာတဲ့ fault ကို ဖြေရှင်းဖို့ ကြိုးစားယင်း fault တွေများသထက် များလာတာလို့ ထင်ပါတယ်။ 
အခုဒီပြဿနာတွေ ဘယ်လို ရှင်းမလဲ စဉ်းစားရပါပြီ။ အချိန်ကလည်း သိပ်မရှိတော့ပါ။ နောက် ၃ နာရီမှာ သင်္ဘောထွက်ဖို့ pilot ခေါ်ထားပြီးပြီဆိုပါတယ်။ အကုန်မပြီးတောင် ရသလောက် ဖြေရှင်း ပေးခဲ့ချင်ပါတယ်။ အဓိက လက်ရှိ sensor ရဲ့ address ကို ဖတ်ကြည့်နိုင်ရမယ်။ ပြီးတော့ လိုချင်တဲ့ address ကိုပြန်ရေးပေး နိုင်ရမယ်ပေါ့။ ဒါဆို ဖြေရှင်းဖို့ လမ်းရသွားပါပြီ။ 
သူ့ panel ကနေ address ကို sensor အသစ်ဘဲ ရေးနိုင်တာက sensor အသစ်က default address 255 နဲ့ unique (ထပ်နေတာမရှိ) ဖြစ်နေတာမို့ပါ။ တစ်ကယ်လို့ sensor အဟောင်းရဲ့ address အမှန် သိရယင် ရေးလို့ ရနိုင်တာပေါ့။ ဒီတော့ အကြံတစ်ခု ရပါတယ်။ လောလောဆယ် A-loop မှာ fault မရှိပါဘူး။ B-loop က ဖြုတ်လာတဲ့ sensor တွေကို A-loop မှာတပ်ပြီး read/write လုပ်ဖို့ပါ။ တစ်ခု ကြားဖြတ်ပြောချင်တာရှိပါတယ်။ Sensor တွေမှာ address က ဂဏန်းဘဲပါ ပါတယ် (0-255)။ ဥပမာ A001 ဆိုပါတော့။ တစ်ကယ် sensor ထဲမှာ code လုပ်ထားတာက ' 1 ' ပါဘဲ။ အဲဒီ sensor ကို A-loop ထဲမှာ တပ်လိုက်ယင် A001, B-loop ထဲမှာတပ်ယင် B-001 ပေါ့။ နောက်ပြီး loop တစ်ခုထဲမှာ sensor နေရာတွေပြောင်းထားယင် sensor type မှန်နေသမျှ ဘာ fault မှ ပြမှာမဟုတ်ပါဘူး။ ဒါပေမဲ့ တစ်ကယ်လို့ test လုပ်ယင်ဖြစ်ဖြစ်၊ မီးလောင်လို့ trigger ဖြစ်ဖြစ် panel မှာ description location ပြတာ မှားနေပါလိမ့်မယ်။ ထားပါတော့ ကျွန်တော့ plan အရ A-loop ထဲက panel နဲ့ အနီးဆုံး A001 sensor ကို ဖြုတ်လိုက်ပါတယ်။ A001 - sensor no response တက်လာတာပေါ့။ နောက်ပြီး စောစောက ဖြုတ်ထားတဲ့ B-loop ထဲက sensor ၃ ခုကို တစ်ခုပြီး တစ်ခု တပ်ကြည့်ပါတယ်။ A-loop ထဲက အသစ်တက်လာတဲ့ fault က sensor အထဲမှာ ရှိနေတဲ့ address ပေါ့။ ဘာလို့လဲဆိုတော့ address duplicate ဖြစ်သွားတာမို့ပါ။ ဒါမှမဟုတ် A-loop မှာ fault မရှိတော့ဘူးဆိုယင်တော့ address ' 1 ' ဖြစ်မှာပေါ့နော်။
အဲလိုလုပ်ကြည့်တော့ ထင်တဲ့ အတိုင်း address ၂ ခုက မှားနေတယ်။ B-008 တစ်ခုကတော့ မှန်တယ်။ ဒါဆို B-008 sensor ကတော့ တစ်ကယ် fault ဖြစ်နေပုံပါဘဲ။ ဒါနဲ့ စောစောက address ရေးလို့မရတဲ့ sensor အသစ်ကိုထည့် ဖတ်ကြည့်တော့ address တစ်ခု ရှိနေပါတယ်။ '22' တဲ့။ ဒါနဲ့ A-022 မူလ sensor ကို ရှာပြီး ခဏဖြုတ်ထားပါတယ်။ ဘာလို့လဲ ဆိုတော့ address '22' က တူနေတာ မဟုတ်လား။ အသစ်ရေးယင် sensor ၂ ခုလုံး မှာ အသစ်နံပါတ် ပြောင်းသွားမှာမို့ပါ။ ပြီးမှ change address procedure ရဲ့ မူလ address input A-255 နေရာမှာ A-22 ကိုထည့်၊ အသစ် address ကို 8 ထည့်ပြီး ရေးလိုက်ပါတယ်။ Sensor အသစ် ရဲ့ address က 8 ဖြစ်သွားပါပြီ။ B-loop ထဲမှာ ပြန်တပ်ပေးတော့ fault တစ်ခု ပြေလည်သွားပါပြီ။
အဲဒီနည်းနဲ့ sensor တွေ ရွှေ့ပြောင်း၊ assign လုပ်လိုက်တာ နောက်ထပ် fault တစ်ခု ထပ်ပြီး ဖြေရှင်း ပေးနိုင်ခဲ့ပါတယ်။ Pilot ရောက်ခါနီးတော့ ကျန်တဲ့ fault တွေကို ဆက်ရှင်းဖို့ ဓာတ်ကြိုးကို လွှဲပေးခဲ့ပါတယ်။

Friday 6 October 2017

Anti-heeling System (၁) - Cannot Stop Pump

[Zawgyi]
ဆိပ္ကမ္းမွာ Container အတင္အခ်လုပ္ေနတဲ့ သေဘၤာတစ္စီးမွာ Anti-heeling system မေကာင္းဘူး ဆိုလို႔ သြားၾကည့္ရပါတယ္။ ခ႐ိုေယးရွား ဓာတ္ႀကိဳးက ရွင္းျပပါတယ္။ 
DCS computer ကေနၿပီး pump start/ stop command ေပးတဲ့ အခါ Stbd to Port သြားတဲ့ pump က start မွာ ျပႆနာ မရွိဘူး။ stop လုပ္ယင္ တစ္ခါတေလ မရပ္ေတာ့ဘူးေျပာပါတယ္။ အဲဒါကို ရွင္းေပးရမွာပါ။
မစခင္ Anti-heeling system အေၾကာင္း နည္းနည္းေလာက္ ေျပာခ်င္ပါတယ္။ သေဘၤာေတြမွာ တစ္ဘက္ဘက္ကို အေၾကာင္းတစ္ခုခုနဲ႔ (load မညီလို႔၊ ေလျပင္းတိုက္လို႔၊ angle က်ဥ္းက်ဥ္းနဲ႔ ေကြ႕လိုက္လို႔) ေစာင္းသြားၿပီး အခ်ိန္တိုအတြင္း ျပန္ မတည့္ႏိုင္တာမ်ဳိးကို heeling ျဖစ္တယ္လို႔ ေခၚပါတယ္။ အဲလို heeling ျဖစ္တာကို အခ်ိန္မီျပန္မထိန္းႏိုင္ယင္ အႏၲရာယ္ရွိပါတယ္။ အဲလိုအေျခအေနမ်ဳိးမွာ water ballast tank ေတြက ေရကို လိုသလို ေျပာင္းေရႊ႕ၿပီး အလိုအေလ်ာက္ balance လုပ္ေပးတဲ့ စံနစ္ကို anti-heeling system လို႔ ေခၚပါတယ္။ Anti-heeling မွာ ၂ မ်ဳိးရွိပါတယ္။ Pneumatic type နဲ႔ pump type ပါ။ Pneumatic type မွာ ballast tank တစ္ခုကေန တစ္ခုဆီ ေရစီးဖို႔ pressure difference ကို ေလမႈတ္ထည့္ျခင္း၊ ဖြင့္ထုတ္ျခင္း လုပ္ေပးတာပါ။ Pump type မွာေတာ့ pump ေမာင္းၿပီး ေရစီးေအာင္ လုပ္ေပးတာေပါ့။ ဒီသေဘၤာက pump type ပါ။ ဒီမွာ Anti-heeling system set လုပ္ထားတာကေတာ့ 5  ံေစာင္းယင္ water transfer စလုပ္ၿပီး အနီးစပ္ဆုံး 1  ံေရာက္မွ ရပ္ပါတယ္။ ေရကို transfer လုပ္တယ္ဆိုေတာ့ P to S ဒါမွမဟုတ္ S to P ballast tank ေတြကို ဆက္ထားတဲ့ ပိုက္ရဲ႕ valve ေတြကိုလည္း ဖြင့္ေပးပါတယ္။ သူ႔ direction အလိုက္ သက္ဆိုင္တဲ့ pump ကိုလည္း ဖြင့္ေပးပါတယ္။
ECR ေရာက္လို႔ လိုက္ၾကည့္ေတာ့ control က Samsung ရဲ႕ ICMS (Integrated Control and Monitoring System) ပါ။ ဒီ system က anti-heeling တစ္ခုထဲအတြက္ မဟုတ္ပါဘူး။ တစ္ျခား control system ေတာ္ေတာ္မ်ားမ်ားကို ေပါင္းထားတာပါ။ DCS computer ကေန user နဲ႔ အဆက္အသြယ္လုပ္ၿပီး Control cabinet ထဲက PLC ကေတာ့ အဓိက control ေပါ့။ PLC အထြက္မွာ Relay module board ေတြနဲ႔ device ေတြကို ေမာင္းတာပါ။ ER ရဲ႕ ေအာက္ထပ္မွာေတာ့ anti-heeling system အတြက္ pump နဲ႔ starter panel ရွိပါတယ္။ Starter ကိုသြားၾကည့္ေတာ့ P ->S နဲ႔ S ->P အတြက္ pump အႀကီး၂ လုံးကို 440V MC အႀကီးတစ္ခုစီနဲ႔ DOL starter ဘဲသုံးထားပါတယ္။ အဲဒီ starter ရဲ႕ contact ေတြကို စစ္ၾကည့္ေတာ့လည္း ေကာင္းပါတယ္။ ကပ္ေနတာ ေလာင္ထားတာမ်ဳိး မရွိပါဘူး။ ေနာက္ အဲဒီ MC အႀကီးကို ေမာင္းေပးတဲ့ 24V MC အငယ္ကို လည္းစစ္ၾကည့္ေတာ့ ေကာင္းပါတယ္။

ဒါနဲ႔ ECR ထဲျပန္သြားၿပီး စမ္းၾကည့္ၾကတာေပါ့။ DCS computer ကေန ၾကည့္ေတာ့ heeling indication မွာ -0.6  ံျပေနပါတယ္။ Auto mode မွာ +/- 5  ံ ေက်ာ္မွ anti-heeling ကစ အလုပ္လုပ္မွာဆိုေတာ့ manually ဘဲ pump ကို ေမာင္းၾကည့္ဖို႔ ဆုံးျဖတ္ပါတယ္။ ဒါနဲ႔ manual command ေပးၿပီး S to P ကို start လုပ္လိုက္ပါတယ္။ Screen ေပၚမွာ pump လည္သြားတဲ့ status နဲ႔ valve ေတြ ပြင့္သြားတဲ့ status ကို ျပပါတယ္။
Control cabinet ထဲက PLC မွာ သူနဲ႔ဆိုင္တဲ့ digital output module (DOC4) ရဲ႕ channel 14 က မီးလင္းသြားပါတယ္။ DOC4 ကေန ႀကိဳးအျပားနဲ႔ ထြက္သြားၿပီး relay module board တစ္ခုကိုဝင္သြားပါတယ္။
Relay module အထြက္ terminal မွာ သူနဲ႔ ဆိုင္တဲ့ အထြက္ႀကိဳးကို တိုင္းၾကည့္ေတာ့ 24VDC ထြက္ပါတယ္။ ဒီႀကိဳးကေန Starter panel ထဲက MC အေသး၊ ေနာက္တစ္ဆင့္ MC အႀကီးကို ေမာင္းၿပီး pump run ေစမွာျဖစ္ပါတယ္။ ေအာက္က တစ္ေယာက္ၾကည့္ခိုင္းေတာ့လည္း pump လည္တယ္တဲ့။ 150A ေလာက္ ဆြဲတယ္ ေျပာပါတယ္။ ခဏေနေတာ့ computer ကေန stop command ေပးလိုက္ပါတယ္။ PLC ေပၚက သူ႔ channel ရဲ႕ LED ၿငိမ္းသြားသလို DCS screen ေပၚမွာ pump ရပ္သြားတာ ျပပါတယ္။ ေအာက္ထပ္ကလည္း pump ရပ္သြားတယ္ေျပာပါတယ္။ တစ္ခါတေလ ျဖစ္တဲ့ ျပႆနာဆိုတာမ်ဳိးက လုပ္ရတာ နည္းနည္း ခက္ပါတယ္။ ျပႆနာ ျဖစ္ေအာင္ အယင္ စိတ္ရွည္ရွည္နဲ႔ ေစာင့္ရတာမို႔ပါ။ အခုလည္း ေကာင္းေနတယ္ေလ။ ဒါနဲ႔ start / stop ေလး၊ ငါးခါေလာက္ လုပ္ၾကည့္ေတာ့မွ တစ္ခါမွာ pump မရပ္ဘဲ ဆက္လည္ေနတာ ေတြ႕ရပါတယ္။ Stop command ကေပးၿပီးပါၿပီ။ Screen မွာ pump run status ျပေနဆဲ ျဖစ္သလို ေအာက္ထပ္မွာလည္း တစ္ကယ္ pump လည္ေနပါတယ္။ 
PLC ရဲ႕ သူ႔ channel မွာ မီးၿငိမ္းေနပါတယ္။ ဒါနဲ႔ relay card ရဲ႕ အထြက္ႀကိဳးကို တိုင္းၾကည့္ေတာ့ 24VDC ဆက္ထြက္ေနတာေတြ႕ပါတယ္။ အဲဒီအခ်ိန္မွာ ဓာတ္ႀကိဳးကေျပာပါတယ္။ PLC output card DOC4 ကို လဲၾကည့္ထားၿပီးၿပီတဲ့။ အခု card က အသစ္လို႔ေျပာပါတယ္။ ဒါဆို ျဖစ္ႏိုင္စရာတစ္ခုဘဲ ရွိေတာ့ပါတယ္။ Relay module board မေကာင္းတာပါ။ Spare လည္း မရွိပါဘူး။
Relay module board ကို ျဖဳတ္တိူင္းၾကည့္ေတာ့ NO contact က off line မွာ 16 ohm ေလာက္ျပေနေတာ့ သိပ္မေကာင္းေတာ့ဘူးလို႔ ေကာက္ခ်က္ခ်ပါတယ္။ Board ေပၚမွာ channel  ၁၆ခု မွာ ၁ ခုက အဲလိုျဖစ္ေနပါတယ္။ ေနာက္ တစ္ခုက ေတာ့ 70 ohm ျပၿပီး က်န္တဲ့ channel ေတြက open ျဖစ္ပါတယ္။ ဒါနဲ႔ onboard relay ေတြ လဲၾကည့္ဖို႔ စဥ္းစားမိပါတယ္။ Relay module မွာမယ္ဆိုယင္ တစ္ပတ္၊ ႏွစ္ပတ္ေလာက္ ၾကာမွရမွာပါ။ Omron onboard Relay ကေတာ့ အလြယ္တကူ ဝယ္လို႔ ရႏိုင္ပါတယ္။ ႐ုံးကို ဖုန္းဆက္ၿပီး လာပို႔ေပးဖို႔ ေျပာလိုက္ပါတယ္။ ေနာက္ ၂ နာရီေလာက္ ေစာင့္ေတာ့ ပစၥည္းေရာက္လာပါတယ္။ ေစာေစာက clear မျဖစ္တဲ့ relay ၂ ခု လဲေပးလိုက္ပါတယ္။ ျပန္တပ္ၿပီး စမ္းၾကည့္ၾကပါတယ္။ Start / stop အႀကိမ္ေတာ္ေတာ္မ်ားမ်ား လုပ္ၾကည့္ေတာ့ ေကာင္းေနတာမို႔ အဆင္ေျပသြားၿပီလို႔ ယူဆရပါတယ္။ Report ေရးၿပီး ျပန္ခဲ့ပါတယ္။

[Unicode]
ဆိပ်ကမ်းမှာ Container အတင်အချလုပ်နေတဲ့ သင်္ဘောတစ်စီးမှာ Anti-heeling system မကောင်းဘူး ဆိုလို့ သွားကြည့်ရပါတယ်။ ခရိုယေးရှား ဓာတ်ကြိုးက ရှင်းပြပါတယ်။ 
DCS computer ကနေပြီး pump start/ stop command ပေးတဲ့ အခါ Stbd to Port သွားတဲ့ pump က start မှာ ပြဿနာ မရှိဘူး။ stop လုပ်ယင် တစ်ခါတလေ မရပ်တော့ဘူးပြောပါတယ်။ အဲဒါကို ရှင်းပေးရမှာပါ။
မစခင် Anti-heeling system အကြောင်း နည်းနည်းလောက် ပြောချင်ပါတယ်။ သင်္ဘောတွေမှာ တစ်ဘက်ဘက်ကို အကြောင်းတစ်ခုခုနဲ့ (load မညီလို့၊ လေပြင်းတိုက်လို့၊ angle ကျဉ်းကျဉ်းနဲ့ ကွေ့လိုက်လို့) စောင်းသွားပြီး အချိန်တိုအတွင်း ပြန် မတည့်နိုင်တာမျိုးကို heeling ဖြစ်တယ်လို့ ခေါ်ပါတယ်။ အဲလို heeling ဖြစ်တာကို အချိန်မီပြန်မထိန်းနိုင်ယင် အန္တရာယ်ရှိပါတယ်။ အဲလိုအခြေအနေမျိုးမှာ water ballast tank တွေက ရေကို လိုသလို ပြောင်းရွှေ့ပြီး အလိုအလျောက် balance လုပ်ပေးတဲ့ စံနစ်ကို anti-heeling system လို့ ခေါ်ပါတယ်။ Anti-heeling မှာ ၂ မျိုးရှိပါတယ်။ Pneumatic type နဲ့ pump type ပါ။ Pneumatic type မှာ ballast tank တစ်ခုကနေ တစ်ခုဆီ ရေစီးဖို့ pressure difference ကို လေမှုတ်ထည့်ခြင်း၊ ဖွင့်ထုတ်ခြင်း လုပ်ပေးတာပါ။ Pump type မှာတော့ pump မောင်းပြီး ရေစီးအောင် လုပ်ပေးတာပေါ့။ ဒီသင်္ဘောက pump type ပါ။ ဒီမှာ Anti-heeling system set လုပ်ထားတာကတော့ 5  ံစောင်းယင် water transfer စလုပ်ပြီး အနီးစပ်ဆုံး 1  ံရောက်မှ ရပ်ပါတယ်။ ရေကို transfer လုပ်တယ်ဆိုတော့ P to S ဒါမှမဟုတ် S to P ballast tank တွေကို ဆက်ထားတဲ့ ပိုက်ရဲ့ valve တွေကိုလည်း ဖွင့်ပေးပါတယ်။ သူ့ direction အလိုက် သက်ဆိုင်တဲ့ pump ကိုလည်း ဖွင့်ပေးပါတယ်။
ECR ရောက်လို့ လိုက်ကြည့်တော့ control က Samsung ရဲ့ ICMS (Integrated Control and Monitoring System) ပါ။ ဒီ system က anti-heeling တစ်ခုထဲအတွက် မဟုတ်ပါဘူး။ တစ်ခြား control system တော်တော်များများကို ပေါင်းထားတာပါ။ DCS computer ကနေ user နဲ့ အဆက်အသွယ်လုပ်ပြီး Control cabinet ထဲက PLC ကတော့ အဓိက control ပေါ့။ PLC အထွက်မှာ Relay module board တွေနဲ့ device တွေကို မောင်းတာပါ။ ER ရဲ့ အောက်ထပ်မှာတော့ anti-heeling system အတွက် pump နဲ့ starter panel ရှိပါတယ်။ Starter ကိုသွားကြည့်တော့ P ->S နဲ့ S ->P အတွက် pump အကြီး၂ လုံးကို 440V MC အကြီးတစ်ခုစီနဲ့ DOL starter ဘဲသုံးထားပါတယ်။ အဲဒီ starter ရဲ့ contact တွေကို စစ်ကြည့်တော့လည်း ကောင်းပါတယ်။ ကပ်နေတာ လောင်ထားတာမျိုး မရှိပါဘူး။ နောက် အဲဒီ MC အကြီးကို မောင်းပေးတဲ့ 24V MC အငယ်ကို လည်းစစ်ကြည့်တော့ ကောင်းပါတယ်။
ဒါနဲ့ ECR ထဲပြန်သွားပြီး စမ်းကြည့်ကြတာပေါ့။ DCS computer ကနေ ကြည့်တော့ heeling indication မှာ -0.6  ံပြနေပါတယ်။ Auto mode မှာ +/- 5  ံ ကျော်မှ anti-heeling ကစ အလုပ်လုပ်မှာဆိုတော့ manually ဘဲ pump ကို မောင်းကြည့်ဖို့ ဆုံးဖြတ်ပါတယ်။ ဒါနဲ့ manual command ပေးပြီး S to P ကို start လုပ်လိုက်ပါတယ်။ Screen ပေါ်မှာ pump လည်သွားတဲ့ status နဲ့ valve တွေ ပွင့်သွားတဲ့ status ကို ပြပါတယ်။ Control cabinet ထဲက PLC မှာ သူနဲ့ဆိုင်တဲ့ digital output module (DOC4) ရဲ့ channel 14 က မီးလင်းသွားပါတယ်။ DOC4 ကနေ ကြိုးအပြားနဲ့ ထွက်သွားပြီး relay module board တစ်ခုကိုဝင်သွားပါတယ်။ Relay module အထွက် terminal မှာ သူနဲ့ ဆိုင်တဲ့ အထွက်ကြိုးကို တိုင်းကြည့်တော့ 24VDC ထွက်ပါတယ်။ ဒီကြိုးကနေ Starter panel ထဲက MC အသေး၊ နောက်တစ်ဆင့် MC အကြီးကို မောင်းပြီး pump run စေမှာဖြစ်ပါတယ်။ အောက်က တစ်ယောက်ကြည့်ခိုင်းတော့လည်း pump လည်တယ်တဲ့။ 150A လောက် ဆွဲတယ် ပြောပါတယ်။ ခဏနေတော့ computer ကနေ stop command ပေးလိုက်ပါတယ်။ PLC ပေါ်က သူ့ channel ရဲ့ LED ငြိမ်းသွားသလို DCS screen ပေါ်မှာ pump ရပ်သွားတာ ပြပါတယ်။ အောက်ထပ်ကလည်း pump ရပ်သွားတယ်ပြောပါတယ်။ တစ်ခါတလေ ဖြစ်တဲ့ ပြဿနာဆိုတာမျိုးက လုပ်ရတာ နည်းနည်း ခက်ပါတယ်။ ပြဿနာ ဖြစ်အောင် အယင် စိတ်ရှည်ရှည်နဲ့ စောင့်ရတာမို့ပါ။ အခုလည်း ကောင်းနေတယ်လေ။ ဒါနဲ့ start / stop လေး၊ ငါးခါလောက် လုပ်ကြည့်တော့မှ တစ်ခါမှာ pump မရပ်ဘဲ ဆက်လည်နေတာ တွေ့ရပါတယ်။ Stop command ကပေးပြီးပါပြီ။ Screen မှာ pump run status ပြနေဆဲ ဖြစ်သလို အောက်ထပ်မှာလည်း တစ်ကယ် pump လည်နေပါတယ်။ 
PLC ရဲ့ သူ့ channel မှာ မီးငြိမ်းနေပါတယ်။ ဒါနဲ့ relay card ရဲ့ အထွက်ကြိုးကို တိုင်းကြည့်တော့ 24VDC ဆက်ထွက်နေတာတွေ့ပါတယ်။ အဲဒီအချိန်မှာ ဓာတ်ကြိုးကပြောပါတယ်။ PLC output card DOC4 ကို လဲကြည့်ထားပြီးပြီတဲ့။ အခု card က အသစ်လို့ပြောပါတယ်။ ဒါဆို ဖြစ်နိုင်စရာတစ်ခုဘဲ ရှိတော့ပါတယ်။ Relay module board မကောင်းတာပါ။ Spare လည်း မရှိပါဘူး။ Relay module board ကို ဖြုတ်တိူင်းကြည့်တော့ NO contact က off line မှာ 16 ohm လောက်ပြနေတော့ သိပ်မကောင်းတော့ဘူးလို့ ကောက်ချက်ချပါတယ်။ Board ပေါ်မှာ channel  ၁၆ခု မှာ ၁ ခုက အဲလိုဖြစ်နေပါတယ်။ နောက် တစ်ခုက တော့ 70 ohm ပြပြီး ကျန်တဲ့ channel တွေက open ဖြစ်ပါတယ်။ ဒါနဲ့ onboard relay တွေ လဲကြည့်ဖို့ စဉ်းစားမိပါတယ်။ Relay module မှာမယ်ဆိုယင် တစ်ပတ်၊ နှစ်ပတ်လောက် ကြာမှရမှာပါ။ Omron onboard Relay ကတော့ အလွယ်တကူ ဝယ်လို့ ရနိုင်ပါတယ်။ ရုံးကို ဖုန်းဆက်ပြီး လာပို့ပေးဖို့ ပြောလိုက်ပါတယ်။ နောက် ၂ နာရီလောက် စောင့်တော့ ပစ္စည်းရောက်လာပါတယ်။ စောစောက clear မဖြစ်တဲ့ relay ၂ ခု လဲပေးလိုက်ပါတယ်။ ပြန်တပ်ပြီး စမ်းကြည့်ကြပါတယ်။ Start / stop အကြိမ်တော်တော်များများ လုပ်ကြည့်တော့ ကောင်းနေတာမို့ အဆင်ပြေသွားပြီလို့ ယူဆရပါတယ်။ Report ရေးပြီး ပြန်ခဲ့ပါတယ်။

Wednesday 4 October 2017

Generator (၉ - ဃ) - Emergency Generator ACB cannot be closed (Quiz)


[Zawgyi]

ဒီတစ္ခါမွာေတာ့ လူသစ္တန္း ညီငယ္ေတြ စဥ္းစားဖို႔ case study ေမခြန္းေမးထားပါတယ္။ Drawing ဖတ္တာလည္း က်င့္ၿပီးသား ျဖစ္တာေပါ့။ ေရွ႕မွာလည္း ဆင္တူ ျပႆနာ ၃ ခု ေျပာျပထားၿပီးလို႔ စဥ္းစားႏိုင္မယ္ထင္ပါတယ္။
Tanker တစ္စီးမွာပါ။ ျပႆနာက အတူတူပါဘဲ။ E-gen ACB close မရလို႔တဲ့။ ယူကရိန္းဓာတ္ႀကိဳးက လိုက္ျပေပးပါတယ္။ သူေျပာတာက Test mode (Eg & ACB) ေျပာင္းလိုက္ေတာ့ engine auto start ျဖစ္တယ္။ ဒါေပမဲ့ generator ACB က close မျဖစ္ဘူး။ ဒါနဲ႔ ESB panel ေပၚမွာရွိတဲ့ manual close switch/ lever ေလးနဲ႔ သုံးလိုက္ေတာ့ ACB close ျဖစ္သြားတယ္ ေျပာပါတယ္။ (ACB ေပၚမွာရွိတဲ့ close push button မဟုတ္ဘူးေနာ္။) 
ကၽြန္ေတာ္တို႔ကို လက္ေတြ႕စမ္းျပေတာ့လည္း အတူတူပါဘဲ။ Generator output ကလည္း 440V ေလာက္မွာ stable ျဖစ္ပါတယ္။ Generator local panel မွာ လည္း Auto Mode မွာထားေတာ့ contactor E43X ကလည္း ဆြဲကပ္ေနပါတယ္။ 
Drawing ဖတ္ၾကည့္ၿပီး ပစၥည္းတစ္ခု မေကာင္းတာ သိသြားပါတယ္။ Confirmation တိုင္းၾကည့္ေတာ့လည္း မွန္ပါတယ္။ အဲဒီပစၥည္း အသစ္လဲလိုက္ေတာ့ အဆင္ေျပသြားပါတယ္။ Troubleshooting အခ်ိန္ နာရီဝက္ေလာက္ဘဲၾကာပါတယ္။ လြယ္လြယ္နဲ႔ ၿပီးသြားတဲ့ ျပႆနာေလး တစ္ခုေပါ့။

ေမးခြန္းက - ဘယ္ပစၥည္း ပ်က္တယ္ထင္ပါသလဲ။  
(လိုအပ္တဲ့ Drawing အကုန္ တင္ေပးထားပါတယ္။ ထင္တဲ့ အေျဖ comment မွာ ေရးေပးၾကည့္ပါ။ မၾကာခင္ အေျဖ ေျပာျပေပးပါမယ္။ )






[Unicode]

ဒီတစ်ခါမှာတော့ လူသစ်တန်း ညီငယ်တွေ စဉ်းစားဖို့ case study မေခွန်းမေးထားပါတယ်။ Drawing ဖတ်တာလည်း ကျင့်ပြီးသား ဖြစ်တာပေါ့။ ရှေ့မှာလည်း ဆင်တူ ပြဿနာ ၃ ခု ပြောပြထားပြီးလို့ စဉ်းစားနိုင်မယ်ထင်ပါတယ်။
Tanker တစ်စီးမှာပါ။ ပြဿနာက အတူတူပါဘဲ။ E-gen ACB close မရလို့တဲ့။ ယူကရိန်းဓာတ်ကြိုးက လိုက်ပြပေးပါတယ်။ သူပြောတာက Test mode (Eg & ACB) ပြောင်းလိုက်တော့ engine auto start ဖြစ်တယ်။ ဒါပေမဲ့ generator ACB က close မဖြစ်ဘူး။ ဒါနဲ့ ESB panel ပေါ်မှာရှိတဲ့ manual close switch/ lever လေးနဲ့ သုံးလိုက်တော့ ACB close ဖြစ်သွားတယ် ပြောပါတယ်။ (ACB ပေါ်မှာရှိတဲ့ close push button မဟုတ်ဘူးနော်။) 
ကျွန်တော်တို့ကို လက်တွေ့စမ်းပြတော့လည်း အတူတူပါဘဲ။ Generator output ကလည်း 440V လောက်မှာ stable ဖြစ်ပါတယ်။ Generator local panel မှာ လည်း Auto Mode မှာထားတော့ contactor E43X ကလည်း ဆွဲကပ်နေပါတယ်။ 
Drawing ဖတ်ကြည့်ပြီး ပစ္စည်းတစ်ခု မကောင်းတာ သိသွားပါတယ်။ Confirmation တိုင်းကြည့်တော့လည်း မှန်ပါတယ်။ အဲဒီပစ္စည်း အသစ်လဲလိုက်တော့ အဆင်ပြေသွားပါတယ်။ Troubleshooting အချိန် နာရီဝက်လောက်ဘဲကြာပါတယ်။ လွယ်လွယ်နဲ့ ပြီးသွားတဲ့ ပြဿနာလေး တစ်ခုပေါ့။

မေးခွန်းက - ဘယ်ပစ္စည်း ပျက်တယ်ထင်ပါသလဲ။  
(လိုအပ်တဲ့ Drawing အကုန် တင်ပေးထားပါတယ်။ ထင်တဲ့ အဖြေ comment မှာ ရေးပေးကြည့်ပါ။ မကြာခင် အဖြေ ပြောပြပေးပါမယ်။ )

Sunday 1 October 2017

Generator (၉ - ဂ) - Bus Tie Breaker cannot be closed


[Zawgyi]
ဒီတစ္ခါ သေဘၤာက tanker ခပ္ငယ္ငယ္ တစ္စီးပါ။ သေဘၤာသားေတြက ေရႊေတြေတာ္ေတာ္မ်ားမ်ားပါ ပါတယ္။ Super က ေျပာေတာ့ သေဘၤာမွာ power က တစ္ျခမ္းဘဲရတယ္ တစ္ျခမ္းက မရဘူးေျပာပါတယ္။ ညဘက္ႀကီး လာေခၚလို႔ လိုက္သြားရတယ္။ မနက္ျဖန္ တိုင္ဝမ္သြားမယ့္ သေဘၤာတဲ့။ သိပ္ေတာ့ ရွင္းရွင္းလင္းလင္း မသိဘူး။ ခန္႔မွန္းၾကည့္တာေတာ့ Bus Tie Breaker အလုပ္မလုပ္တာ ျဖစ္ႏိုင္တယ္ေပါ့။ ဘာလို႔လဲဆိုေတာ့ သူက MSB နဲ႔ ESB ကို ဆက္ေပးတဲ့ link ျဖစ္ေနလို႔ပါဘဲ။ တစ္ခ်ဳိ႕ switchboard ေတြမွာေတာ့ MSB ကို တစ္ပိုင္းစီ ထားၿပီး link လုပ္ေပးတာလည္း ရွိပါတယ္။ ဘာဘဲျဖစ္ျဖစ္ တက္ၾကည့္လိုက္တာေပါ့။ 
သေဘၤာေပၚမွာ ဓာတ္ႀကိဳး မပါဘူး။ ေရာက္သြားေတာ့ သေဘၤာကလည္း လင္းတဲ့ေနရာလင္း၊ ေမွာင္တဲ့ေနရာေမွာင္လို႔။ ျမန္မာစက္-၂ ႀကီးက ECR ထဲေခၚသြားၿပီး သူနားလည္သလို ေျပာျပတယ္။ သေဘၤာတစ္ခ်ဳိ႕ေနရာေတြမွာ power မေရာက္ဘူး ေျပာပါတယ္။ Black out ျဖစ္ယင္ေတာ့ Emergency generator က auto လည္တယ္တဲ့။ E-gen လည္ယင္ MSB ကို power ျပန္ပို႔ေပးတယ္တဲ့။ ကၽြန္ေတာ္လည္း နားမလည္ဘဲ မ်က္ေစ့လည္သြားတယ္။ E-gen က MSB ကို ျပန္ၿပီး power ေပးတယ္လို႔ တစ္ခါမွေတာ့ မၾကားဖူးဘူး။ သေဘၤာေဟာင္းလို႔ design မတူတာလားေပါ့။ MSB မွာ လိုက္ ၾကည့္လိုက္ေတာ့လည္း Bus ကိုတစ္ပိုင္းစီခြဲထားတာမ်ဳိး မေတြ႕ပါဘူး။ အျဖစ္ႏိုင္ဆုံးကေတာ့ ESB မွာရွိေလ့ရွိတဲ့ Bus Tie breaker ျပႆနာ လို႔ဘဲထင္ပါတယ္။ ထားပါေတာ့။ ေနာက္ၿပီးမွ စစ္ၾကည့္ပါမယ္။ သေဘၤာက ေဟာင္းတဲ့အျပင္ drawing ေတြလည္း မရွိဘူးေျပာပါတယ္။ ဓာတ္ႀကိဳးမရွိေတာ့ drawing ရဲ႕ အေရးႀကီးတာကို မသိတာလား မေျပာတတ္ပါဘူး။ လက္ရွိ AE ၂ လုံးရွိတာ တစ္လုံးကပ်က္ေနတယ္။ Engine overhaul လုပ္ရမယ္တဲ့။ ေကာင္းတဲ့ AE တစ္လုံးထဲ run ေနရပါတယ္။
သေဘၤာ မနက္ထြက္လို႔ ရေအာင္ လိုတာေလာက္ လုပ္ေပးၿပီး က်န္တာ ဟိုေရာက္လို႔ Dock ဝင္မွ အကုန္ျပင္မယ္ ေျပာပါတယ္။ ေလာေလာဆယ္ အေရးတႀကီး Air compressor ေတြလည္ေအာင္လုပ္ေပးဖို႔ ေျပာပါတယ္။  Air မရွိယင္ ME ႏႈိးမရမွာစိုးလို႔တဲ့ေလ။ အဲဒီ ျပႆနာ အယင္ သြားၾကည့္ပါတယ္။ Compressor 1 ကို တိုင္းၾကည့္လိုက္ေတာ့ အဝင္ power ကို မရွိတာပါ။ အဝင္ Breaker ဘယ္မွာလဲေမးေတာ့ MSB က Breaker ကိုျပတယ္ On ထားတယ္တဲ့။ compressor 2 က power ရွိေတာ့ အဲဒါ အယင္စစ္ၾကည့္ပါတယ္။ DOL starter ဆိုေတာ့ ရွင္းပါတယ္။ Magnetic Contactor မေကာင္းတာ ေတြ႕လို႔ spare ရွာၿပီး လဲေပးလိုက္ပါတယ္။ ဒီေတာ့ ေမာင္းလို႔ရသြားတယ္။
အဲဒီအခ်ိန္မွာဘဲ တစ္လုံးထဲေသာ ေမာင္းေနတဲ့ AE က ေရေတြယိုလို႔ ရပ္လိုက္ရပါတယ္။ စက္-၂ နဲ႔ စက္-၃ ကျပင္ဖို႔လုပ္ၾကတာေပါ့။ Engine Room ထဲက AE ေတြတစ္လုံးမွ မလည္ေတာ့ black out ျဖစ္သြားတာေပါ့။ အဲဒီမွာ e-gen ထလည္ၿပီး မီးတစ္ခ်ဳိ႕ ျပန္လာပါတယ္။ ေစာေစာက power မရွိတဲ့ compressor 1 ကလည္း power မီးလင္းေနတာေတြ႕တယ္။ စမ္းၾကည့္ေတာ့ ေကာင္းေနတယ္။ ဒီေတာ့မွ သေဘာေပါက္သြားတယ္။ သူတို႔ ေျပာတဲ့ power တစ္ျခမ္းမရဘူးဆိုတာ ESB ရဲ႕ bus tie breaker အလုပ္မလုပ္လို႔ ဆိုတာ ေသခ်ာသြားၿပီေပါ့။ 
ESB မွာရွိတဲ့ distribution panel က critical ျဖစ္တဲ့ tools ေတြ နဲ႔ lighting တစ္ခ်ဳိ႕ကို Power ေပးဖို႔ ခြဲထားေလ့ရွိပါတယ္။ MSB မွာ power ရွိယင္ bus tie breaker close လုပ္ေပးမွာပါ။ ဒီေတာ့မွ MSB ရဲ႕ power ESB ေပၚေရာက္ၿပီး ေစာေစာက ခြဲထားတဲ့ tools ေတြဆီ power ေရာက္မွာပါ။ MSB black out ျဖစ္ယင္ bus tie breaker open ျဖစ္ၿပီး E-gen က power ကို E-gen ACB က တစ္ဆင့္ ESB ကို ေပး ေတာ့ ESB ေပၚက tools ေတြမွာ power ရွိတာပါ။ ေစာေစာက compressor 1 ရဲ႕ breaker က ESB မွာ ရွိလို႔ျဖစ္မွာပါ။ ဒါေၾကာင့္ MSB power ရွိခ်ိန္ bus tie breaker အလုပ္မလုပ္လို႔ ESB မွာ power မရွိတာပါ။ အခု E-gen လည္ေတာ့မွ ESB မွာ power ေရာက္ၿပီး Compressor 1 ဆီ power ေရာက္တာပါ။ Compressor 1 ရဲ႕ Starter က ဘာမွ မပ်က္ပါဘူး။ 
ဒီေတာ့ E-gen room ကိုသြားၿပီး bus tie breaker ကိုၾကည့္ရပါတယ္။ Merlin gerin ရဲ႕ Compact type breaker ပါ။ AE ျပင္ၿပီး MSB power ရတဲ့အထိေစာင့္ပါတယ္။ MSB power ေရာက္ေတာ့ ESB မွာ သြားၾကည့္ပါတယ္။ E-gen breaker ကေတာ့ open ျဖစ္သြားပါတယ္။ Voltage sensing relay နဲ႔ timer အလုပ္လုပ္သြားပါတယ္။ ဒါေပမဲ့ bus tie breaker က close ျဖစ္မသြားပါဘူး။ Timer အထြက္ကို volt တိုင္းၾကည့္ေတာ့ 220V ရွိပါတယ္။ Breaker ရဲ႕ close coil အဝင္ terminal မွာလည္း 220V ရွိပါတယ္။ Breaker ေပၚက mode ကို Manual ေျပာင္းလိုက္ၿပီး close push button ကို နွိပ္လိုက္ေတာ့ breaker close ျဖစ္သြားပါတယ္။ ဒီေတာ့ UVT လည္း ေကာင္းတာေပါ့။ UVT မေကာင္းယင္ close လုပ္လို႔ မရႏိုင္ပါဘူး။ ေနာက္ၿပီး closing mechanism လည္း ေကာင္းတယ္လို႔ ေျပာႏိုင္ပါတယ္။ အဲဒီေတာ့ close coil မေကာင္းတာလို႔ ယူဆပါတယ္။ ေလာေလာဆယ္ သုံးရဖို႔ေတာ့ ဒီ Manual mode နဲ႔ဘဲ operate လုပ္ဖို႔ အၾကံေပးခဲ့ပါတယ္။ Dock ဝင္ေတာ့မွ breaker ျပင္ဖို႔ ဒါမွမဟုတ္ အသစ္လဲဖို႔ ေျပာခဲ့ပါတယ္။ Super လည္း သေဘာတူပါတယ္။ စက္ခ်ဳပ္ကို ရွင္းျပၿပီး ဘယ္လို operate လုပ္ရတယ္ဆိုတာ သင္ေပးခဲ့ပါတယ္။

[Unicode]

ဒီတစ်ခါ သင်္ဘောက tanker ခပ်ငယ်ငယ် တစ်စီးပါ။ သင်္ဘောသားတွေက ရွှေတွေတော်တော်များများပါ ပါတယ်။ Super က ပြောတော့ သင်္ဘောမှာ power က တစ်ခြမ်းဘဲရတယ် တစ်ခြမ်းက မရဘူးပြောပါတယ်။ ညဘက်ကြီး လာခေါ်လို့ လိုက်သွားရတယ်။ မနက်ဖြန် တိုင်ဝမ်သွားမယ့် သင်္ဘောတဲ့။ သိပ်တော့ ရှင်းရှင်းလင်းလင်း မသိဘူး။ ခန့်မှန်းကြည့်တာတော့ Bus Tie Breaker အလုပ်မလုပ်တာ ဖြစ်နိုင်တယ်ပေါ့။ ဘာလို့လဲဆိုတော့ သူက MSB နဲ့ ESB ကို ဆက်ပေးတဲ့ link ဖြစ်နေလို့ပါဘဲ။ တစ်ချို့ switchboard တွေမှာတော့ MSB ကို တစ်ပိုင်းစီ ထားပြီး link လုပ်ပေးတာလည်း ရှိပါတယ်။ ဘာဘဲဖြစ်ဖြစ် တက်ကြည့်လိုက်တာပေါ့။ 
သင်္ဘောပေါ်မှာ ဓာတ်ကြိုး မပါဘူး။ ရောက်သွားတော့ သင်္ဘောကလည်း လင်းတဲ့နေရာလင်း၊ မှောင်တဲ့နေရာမှောင်လို့။ မြန်မာစက်-၂ ကြီးက ECR ထဲခေါ်သွားပြီး သူနားလည်သလို ပြောပြတယ်။ သင်္ဘောတစ်ချို့နေရာတွေမှာ power မရောက်ဘူး ပြောပါတယ်။ Black out ဖြစ်ယင်တော့ Emergency generator က auto လည်တယ်တဲ့။ E-gen လည်ယင် MSB ကို power ပြန်ပို့ပေးတယ်တဲ့။ ကျွန်တော်လည်း နားမလည်ဘဲ မျက်စေ့လည်သွားတယ်။ E-gen က MSB ကို ပြန်ပြီး power ပေးတယ်လို့ တစ်ခါမှတော့ မကြားဖူးဘူး။ သင်္ဘောဟောင်းလို့ design မတူတာလားပေါ့။ MSB မှာ လိုက် ကြည့်လိုက်တော့လည်း Bus ကိုတစ်ပိုင်းစီခွဲထားတာမျိုး မတွေ့ပါဘူး။ အဖြစ်နိုင်ဆုံးကတော့ ESB မှာရှိလေ့ရှိတဲ့ Bus Tie breaker ပြဿနာ လို့ဘဲထင်ပါတယ်။ ထားပါတော့။ နောက်ပြီးမှ စစ်ကြည့်ပါမယ်။ သင်္ဘောက ဟောင်းတဲ့အပြင် drawing တွေလည်း မရှိဘူးပြောပါတယ်။ ဓာတ်ကြိုးမရှိတော့ drawing ရဲ့ အရေးကြီးတာကို မသိတာလား မပြောတတ်ပါဘူး။ လက်ရှိ AE ၂ လုံးရှိတာ တစ်လုံးကပျက်နေတယ်။ Engine overhaul လုပ်ရမယ်တဲ့။ ကောင်းတဲ့ AE တစ်လုံးထဲ run နေရပါတယ်။
သင်္ဘော မနက်ထွက်လို့ ရအောင် လိုတာလောက် လုပ်ပေးပြီး ကျန်တာ ဟိုရောက်လို့ Dock ဝင်မှ အကုန်ပြင်မယ် ပြောပါတယ်။ လောလောဆယ် အရေးတကြီး Air compressor တွေလည်အောင်လုပ်ပေးဖို့ ပြောပါတယ်။  Air မရှိယင် ME နှိုးမရမှာစိုးလို့တဲ့လေ။ အဲဒီ ပြဿနာ အယင် သွားကြည့်ပါတယ်။ Compressor 1 ကို တိုင်းကြည့်လိုက်တော့ အဝင် power ကို မရှိတာပါ။ အဝင် Breaker ဘယ်မှာလဲမေးတော့ MSB က Breaker ကိုပြတယ် On ထားတယ်တဲ့။ compressor 2 က power ရှိတော့ အဲဒါ အယင်စစ်ကြည့်ပါတယ်။ DOL starter ဆိုတော့ ရှင်းပါတယ်။ Magnetic Contactor မကောင်းတာ တွေ့လို့ spare ရှာပြီး လဲပေးလိုက်ပါတယ်။ ဒီတော့ မောင်းလို့ရသွားတယ်။ အဲဒီအချိန်မှာဘဲ တစ်လုံးထဲသော မောင်းနေတဲ့ AE က ရေတွေယိုလို့ ရပ်လိုက်ရပါတယ်။ စက်-၂ နဲ့ စက်-၃ ကပြင်ဖို့လုပ်ကြတာပေါ့။ Engine Room ထဲက AE တွေတစ်လုံးမှ မလည်တော့ black out ဖြစ်သွားတာပေါ့။ အဲဒီမှာ e-gen ထလည်ပြီး မီးတစ်ချို့ ပြန်လာပါတယ်။ စောစောက power မရှိတဲ့ compressor 1 ကလည်း power မီးလင်းနေတာတွေ့တယ်။ စမ်းကြည့်တော့ ကောင်းနေတယ်။ ဒီတော့မှ သဘောပေါက်သွားတယ်။ သူတို့ ပြောတဲ့ power တစ်ခြမ်းမရဘူးဆိုတာ ESB ရဲ့ bus tie breaker အလုပ်မလုပ်လို့ ဆိုတာ သေချာသွားပြီပေါ့။ 
ESB မှာရှိတဲ့ distribution panel က critical ဖြစ်တဲ့ tools တွေ နဲ့ lighting တစ်ချို့ကို Power ပေးဖို့ ခွဲထားလေ့ရှိပါတယ်။ MSB မှာ power ရှိယင် bus tie breaker close လုပ်ပေးမှာပါ။ ဒီတော့မှ MSB ရဲ့ power ESB ပေါ်ရောက်ပြီး စောစောက ခွဲထားတဲ့ tools တွေဆီ power ရောက်မှာပါ။ MSB black out ဖြစ်ယင် bus tie breaker open ဖြစ်ပြီး E-gen က power ကို E-gen ACB က တစ်ဆင့် ESB ကို ပေး တော့ ESB ပေါ်က tools တွေမှာ power ရှိတာပါ။ စောစောက compressor 1 ရဲ့ breaker က ESB မှာ ရှိလို့ဖြစ်မှာပါ။ ဒါကြောင့် MSB power ရှိချိန် bus tie breaker အလုပ်မလုပ်လို့ ESB မှာ power မရှိတာပါ။ အခု E-gen လည်တော့မှ ESB မှာ power ရောက်ပြီး Compressor 1 ဆီ power ရောက်တာပါ။ Compressor 1 ရဲ့ Starter က ဘာမှ မပျက်ပါဘူး။ 
ဒီတော့ E-gen room ကိုသွားပြီး bus tie breaker ကိုကြည့်ရပါတယ်။ Merlin gerin ရဲ့ Compact type breaker ပါ။ AE ပြင်ပြီး MSB power ရတဲ့အထိစောင့်ပါတယ်။ MSB power ရောက်တော့ ESB မှာ သွားကြည့်ပါတယ်။ E-gen breaker ကတော့ open ဖြစ်သွားပါတယ်။ Voltage sensing relay နဲ့ timer အလုပ်လုပ်သွားပါတယ်။ ဒါပေမဲ့ bus tie breaker က close ဖြစ်မသွားပါဘူး။ Timer အထွက်ကို volt တိုင်းကြည့်တော့ 220V ရှိပါတယ်။ Breaker ရဲ့ close coil အဝင် terminal မှာလည်း 220V ရှိပါတယ်။ Breaker ပေါ်က mode ကို Manual ပြောင်းလိုက်ပြီး close push button ကို နှိပ်လိုက်တော့ breaker close ဖြစ်သွားပါတယ်။ ဒီတော့ UVT လည်း ကောင်းတာပေါ့။ UVT မကောင်းယင် close လုပ်လို့ မရနိုင်ပါဘူး။ နောက်ပြီး closing mechanism လည်း ကောင်းတယ်လို့ ပြောနိုင်ပါတယ်။ အဲဒီတော့ close coil မကောင်းတာလို့ ယူဆပါတယ်။ လောလောဆယ် သုံးရဖို့တော့ ဒီ Manual mode နဲ့ဘဲ operate လုပ်ဖို့ အကြံပေးခဲ့ပါတယ်။ Dock ဝင်တော့မှ breaker ပြင်ဖို့ ဒါမှမဟုတ် အသစ်လဲဖို့ ပြောခဲ့ပါတယ်။ Super လည်း သဘောတူပါတယ်။ စက်ချုပ်ကို ရှင်းပြပြီး ဘယ်လို operate လုပ်ရတယ်ဆိုတာ သင်ပေးခဲ့ပါတယ်။