Monday 28 August 2017

Tank Gauging (၂) - Communication Error


[Zawgyi]
Tanker တစ္စီးရဲ႕ Tank Gauging စံနစ္ကိုသြား စစ္ခဲ့ရပါတယ္။ System က Rosemont tank radar star ပါ။ ေရာက္တာနဲ႔ CCR ထဲမွာရွိတဲ့ Control cabinet ကိုလိုက္ျပၿပီး ကုန္းခ်ဳပ္က ေျပာပါတယ္။ Cargo Tank 4P က ဘာဂဏန္းမွ မျပဘဲ Communication error ျပေနပါတယ္။ Level, pressure နဲ႔ temperature ဘာမွ မျပပါဘူး။ Cabinet တံခါးမွာ HMI unit ေလးတစ္ခုရွိပါတယ္။

Control cabinet ကိုဖြင့္ၾကည့္ပါတယ္။ အထဲမွာ power supply, communication module, computer unit နဲ႔ safety barrier card ေတြရွိပါတယ္။ အျပင္ဘက္ Cargo tank ေတြနဲ႔ ဆက္သြယ္တဲ့ ေနာက္ဆုံး connection ကေတာ့ safety barrier ေတြေပါ့။ ျပႆနာက အျပင္မွာလား အတြင္းမွာလား သိရေအာင္ အယင္ဆုံးျဖတ္ရပါမယ္။ အျပင္နဲ႔ အတြင္း ဆက္စပ္ေနတာကေတာ့ safety barrier ေတြေပါ့။ အဲဒီေနရာကေန ျဖဳတ္စမ္းၾကည့္ပါမယ္။ မေကာင္းတဲ့ tank က 4P ဆိုေတာ့ ေကာင္းတဲ့ tank 4S နဲ႔ လဲၾကည့္ပါမယ္။ Barrier card ေတြကို အျပင္ကလာတဲ့ ႀကိဳးေတြနဲ႔ Connector Socket မွာစြပ္ၿပီး ဆက္ထားေတာ့ အလြယ္တကူ လဲၾကည့္လို႔ ရပါတယ္။ 4S ရဲ႕ ႀကိဳးကိုျဖဳတ္လိုက္ေတာ့ HMI မွာ 4S ပါ error တက္လာပါတယ္။ အဲဒီႀကိဳးကို 4P barrier card မွာ တပ္ၾကည့္ၿပီး reset လုပ္လိုက္ေတာ့ 4S ျပန္ေကာင္းသြားပါတယ္။ ဒီေတာ့ အတြင္းပိုင္းက barrier အထိ ေကာင္းေနၿပီလို႔ ယူဆႏိုင္ပါတယ္။ ေသခ်ာေအာင္ 4P ရဲ႕ ႀကိဳးကို 4S barrier မွာတပ္ၾကည့္ေတာ့လည္း အေျပာင္းအလဲ မရွိပါဘူး။ 4P error ျပေနတုန္းပါဘဲ။ ဒီေတာ့ သူ႔ေနရာသူျပန္တပ္လိုက္ပါတယ္။ 4P ရဲ႕ အျပင္ဘက္ျခမ္းကို ရွာရေတာ့ပါမယ္။
ဒီေနရာမွာ သတိထားဖို႔ တစ္ခုေျပာခ်င္ပါတယ္။ ေစာေစာက 4P barrier card မွာ 4S ရဲ႕ႀကိဳးတပ္လိုက္တာ 4S ျပန္ေကာင္းသြားတယ္ဆိုတာပါ။ ဒီေနရာမွာ သာမန္ လွ်ပ္စစ္ပစၥည္းေတြလို ေတြးလို႔မရပါဘူး။ ဒီစံနစ္မွာ RS485 serial communication သုံးထားပါတယ္။ RS485 input ကို multiple sources ကေန Com port တစ္ခုထဲမွာ Serially တန္းစီဝင္လာယင္ system က ဘယ္ data ဘယ္ source ကလာတယ္ဆိုတာ မသိေတာ့ပါဘူး။ ဒါကို ေျဖရွင္းဖို႔က address ေတြထည့္ေပးရပါတယ္။ ဒီေတာ့ Tank တစ္ခုစီရဲ႕ communication module ေတြမွာ ကိုယ္ပိုင္ address ေတြရွိပါတယ္။ အဲဒါေၾကာင့္ 4S tank ရဲ႕ hard wire ကို 4P slot မွာထည့္ေပမဲ့ သူ႔ address ပါလာတာမို႔ 4S လို႔ နားလည္ပါတယ္။

အခု အျပင္ဘက္ main deck ကိုသြား 4P tank အဝင္မွာရွိတဲ့ Tank radar module ရဲ႕ အဖုံးကို ဖြင့္ၾကည့္ပါတယ္။ အဲဒီမွာ main control unit တစ္ခုရွိပါတယ္။ အဝင္အထြက္ႀကိဳးေတြကို ေလ့လာၾကည့္ေတာ့ barrier ဆီကလာတာ ႀကိဳး ၄ ေခ်ာင္းရွိပါတယ္။ 24V supply ႏွစ္ေခ်ာင္းနဲ႔ RS485 ႏွစ္ေခ်ာင္းပါ။ Tank ဘက္အျခမ္းက level radar က ႏွစ္ေခ်ာင္း၊ pressure sensor က ႏွစ္ေခ်ာင္း၊ ေနာက္ ၄ ေခ်ာင္းက တစ္ေနရာကေန ဝင္လာပါတယ္။ အဲဒီပိုက္တစ္ေလ်ာက္ လိုက္ၾကည့္ေတာ့ junction box တစ္ခုေတြ႕ပါတယ္။
JB ကေန  tank ထဲဆင္းတဲ့ ပိုက္နဲ႔ temperatures sensor ၃ စုံရွိပါတယ္။ Top, Middle, Bottom temperature ၃ ခုကို serial data ေျပာင္းၿပီး main unit ဆီပို႔ေပးတာပါ။ ၂ ေခ်ာင္းက 24V ၂ ေခ်ာင္းက data ေပါ့။ Main unit ကမွ temperature ၃ခု၊ pressure နဲ႔ level စုစုေပါင္း data ၅ ခုကို RS485 နဲ႔ CCR မွာရွိတဲ့  panel ဆီျပန္ပို႔ေပးတာပါ။ တိုင္းၾကည့္ေတာ့ အဝင္ DC 24V ႀကိဳးမွာ voltage မရွိပါဘူး။ CCR ျပန္သြားၿပီး terminal block မွာတိုင္းေတာ့ 24V ရွိတယ္။ ႀကိဳးမွားတာ မဟုတ္ယင္ လမ္းမွာ ႀကိဳးျပတ္ေနတာ ျဖစ္ႏိုင္ပါတယ္။ ဒါနဲ႔ terminal block က ႀကိဳး ၄ ေခ်ာင္းလုံးျဖဳတ္၊ တစ္ေခ်ာင္းစီ loop check လုပ္ရပါေတာ့တယ္။ ဒီေတာ့မွ 0V ႀကိဳးတစ္ေခ်ာင္း လမ္းမွာျပတ္ေနတာ ေတြ႕ရပါတယ္။ ကံေကာင္းေတာ့ ဒီ multi-core ႀကိဳးမွာ အပို ႏွစ္ေခ်ာင္းပါ ပါတယ္။ တစ္ခ်ာင္းကို continuity စမ္းၿပီး ယူသုံးလိုက္ပါတယ္။ 
ႀကိဳးေတြ အကုန္ျပန္တပ္ၿပီးေတာ့ CCR မွာ ေစာင့္ၾကည့္ေပးတဲ့ အေဖၚက radio နဲ႔ လွမ္းေျပာပါတယ္။ Level နဲ႔ Pressure က တန္ဖိုးေတြျပေနၿပီး Temperature ၃ ခုက တန္ဖိုးမျပဘဲ error ရွိေနတုန္းလို႔ဆိုပါတယ္။ ဒါဆို temperature sensor junction box ထဲက PCB ေလး မေကာင္းတာလားမသိဘူး။ Confirm လုပ္ခ်င္လို႔ အနားမွာရွိတဲ့ 5P tank ရဲ႕ PCB ကိုျဖဳတ္ယူၿပီး လဲတပ္လိုက္ပါတယ္။ 5P က ကဒ္ကို 4P မွာတပ္၊ 4P က ကဒ္ကို 5P မွာတပ္လိုက္ပါတယ္။ လွမ္းေမးၾကည့္ေတာ့ 4P ေရာ 5P ပါ temperature error ျဖစ္သြားၿပီလို႔ ေျပာပါတယ္။ ကၽြန္ေတာ္လည္း စိတ္ေတာ္ေတာ္ ညစ္သြားတယ္။ ဘာျဖစ္တာလဲေပါ့။ PCB ပ်က္သြားတာေတာ့ မျဖစ္ႏိုင္ဘူး။ မလဲခင္ တိုင္းၾကည့္ေတာ့ voltage ကလည္းပုံမွန္ပါ။ ဒါနဲ႔ CCR ကိုသြားၾကည့္ေတာ့၊ HMI မွာ 4P နဲ႔ 5P အတြက္ temperature ေတြ error ျပေနတာ ေတြ႕ပါတယ္။ Reset လုပ္လိုက္ေတာ့ အကုန္ေကာင္းသြားပါတယ္။ ဪ ဒုကၡပါဘဲ။ Error ကို reset မွ မလုပ္တာ။ ဒါနဲ႔ PCB ကို အယင္အတိုင္း ျပန္လဲလိုက္ေတာ့လည္း ေကာင္းပါတယ္။ ကၽြန္ေတာ့္ အေဖၚကိုေတာ့ အျပစ္မေျပာေတာ့ပါဘူး။ ဘာဘဲျဖစ္ျဖစ္ ေျပလည္သြားတယ္ေပါ့ဗ်ာ။

[Unicode]
Tanker တစ်စီးရဲ့ Tank Gauging စံနစ်ကိုသွား စစ်ခဲ့ရပါတယ်။ System က Rosemont tank radar star ပါ။ ရောက်တာနဲ့ CCR ထဲမှာရှိတဲ့ Control cabinet ကိုလိုက်ပြပြီး ကုန်းချုပ်က ပြောပါတယ်။ Cargo Tank 4P က ဘာဂဏန်းမှ မပြဘဲ Communication error ပြနေပါတယ်။ Level, pressure နဲ့ temperature ဘာမှ မပြပါဘူး။ Cabinet တံခါးမှာ HMI unit လေးတစ်ခုရှိပါတယ်။

Control cabinet ကိုဖွင့်ကြည့်ပါတယ်။ အထဲမှာ power supply, communication module, computer unit နဲ့ safety barrier card တွေရှိပါတယ်။ အပြင်ဘက် Cargo tank တွေနဲ့ ဆက်သွယ်တဲ့ နောက်ဆုံး connection ကတော့ safety barrier တွေပေါ့။ ပြဿနာက အပြင်မှာလား အတွင်းမှာလား သိရအောင် အယင်ဆုံးဖြတ်ရပါမယ်။ အပြင်နဲ့ အတွင်း ဆက်စပ်နေတာကတော့ safety barrier တွေပေါ့။ အဲဒီနေရာကနေ ဖြုတ်စမ်းကြည့်ပါမယ်။ မကောင်းတဲ့ tank က 4P ဆိုတော့ ကောင်းတဲ့ tank 4S နဲ့ လဲကြည့်ပါမယ်။ Barrier card တွေကို အပြင်ကလာတဲ့ ကြိုးတွေနဲ့ Connector Socket မှာစွပ်ပြီး ဆက်ထားတော့ အလွယ်တကူ လဲကြည့်လို့ ရပါတယ်။ 4S ရဲ့ ကြိုးကိုဖြုတ်လိုက်တော့ HMI မှာ 4S ပါ error တက်လာပါတယ်။ အဲဒီကြိုးကို 4P barrier card မှာ တပ်ကြည့်ပြီး reset လုပ်လိုက်တော့ 4S ပြန်ကောင်းသွားပါတယ်။ ဒီတော့ အတွင်းပိုင်းက barrier အထိ ကောင်းနေပြီလို့ ယူဆနိုင်ပါတယ်။ သေချာအောင် 4P ရဲ့ ကြိုးကို 4S barrier မှာတပ်ကြည့်တော့လည်း အပြောင်းအလဲ မရှိပါဘူး။ 4P error ပြနေတုန်းပါဘဲ။ ဒီတော့ သူ့နေရာသူပြန်တပ်လိုက်ပါတယ်။ 4P ရဲ့ အပြင်ဘက်ခြမ်းကို ရှာရတော့ပါမယ်။

ဒီနေရာမှာ သတိထားဖို့ တစ်ခုပြောချင်ပါတယ်။ စောစောက 4P barrier card မှာ 4S ရဲ့ကြိုးတပ်လိုက်တာ 4S ပြန်ကောင်းသွားတယ်ဆိုတာပါ။ ဒီနေရာမှာ သာမန် လျှပ်စစ်ပစ္စည်းတွေလို တွေးလို့မရပါဘူး။ ဒီစံနစ်မှာ RS485 serial communication သုံးထားပါတယ်။ RS485 input ကို multiple sources ကနေ Com port တစ်ခုထဲမှာ Serially တန်းစီဝင်လာယင် system က ဘယ် data ဘယ် source ကလာတယ်ဆိုတာ မသိတော့ပါဘူး။ ဒါကို ဖြေရှင်းဖို့က address တွေထည့်ပေးရပါတယ်။ ဒီတော့ Tank တစ်ခုစီရဲ့ communication module တွေမှာ ကိုယ်ပိုင် address တွေရှိပါတယ်။ အဲဒါကြောင့် 4S tank ရဲ့ hard wire ကို 4P slot မှာထည့်ပေမဲ့ သူ့ address ပါလာတာမို့ 4S လို့ နားလည်ပါတယ်။

အခု အပြင်ဘက် main deck ကိုသွား 4P tank အဝင်မှာရှိတဲ့ Tank radar module ရဲ့ အဖုံးကို ဖွင့်ကြည့်ပါတယ်။ အဲဒီမှာ main control unit တစ်ခုရှိပါတယ်။ အဝင်အထွက်ကြိုးတွေကို လေ့လာကြည့်တော့ barrier ဆီကလာတာ ကြိုး ၄ ချောင်းရှိပါတယ်။ 24V supply နှစ်ချောင်းနဲ့ RS485 နှစ်ချောင်းပါ။ Tank ဘက်အခြမ်းက level radar က နှစ်ချောင်း၊ pressure sensor က နှစ်ချောင်း၊ နောက် ၄ ချောင်းက တစ်နေရာကနေ ဝင်လာပါတယ်။ အဲဒီပိုက်တစ်လျောက် လိုက်ကြည့်တော့ junction box တစ်ခုတွေ့ပါတယ်။ JB ကနေ  tank ထဲဆင်းတဲ့ ပိုက်နဲ့ temperatures sensor ၃ စုံရှိပါတယ်။ Top, Middle, Bottom temperature ၃ ခုကို serial data ပြောင်းပြီး main unit ဆီပို့ပေးတာပါ။ ၂ ချောင်းက 24V ၂ ချောင်းက data ပေါ့။ Main unit ကမှ temperature ၃ခု၊ pressure နဲ့ level စုစုပေါင်း data ၅ ခုကို RS485 နဲ့ CCR မှာရှိတဲ့  panel ဆီပြန်ပို့ပေးတာပါ။ တိုင်းကြည့်တော့ အဝင် DC 24V ကြိုးမှာ voltage မရှိပါဘူး။ CCR ပြန်သွားပြီး terminal block မှာတိုင်းတော့ 24V ရှိတယ်။ ကြိုးမှားတာ မဟုတ်ယင် လမ်းမှာ ကြိုးပြတ်နေတာ ဖြစ်နိုင်ပါတယ်။ ဒါနဲ့ terminal block က ကြိုး ၄ ချောင်းလုံးဖြုတ်၊ တစ်ချောင်းစီ loop check လုပ်ရပါတော့တယ်။ ဒီတော့မှ 0V ကြိုးတစ်ချောင်း လမ်းမှာပြတ်နေတာ တွေ့ရပါတယ်။ ကံကောင်းတော့ ဒီ multi-core ကြိုးမှာ အပို နှစ်ချောင်းပါ ပါတယ်။ တစ်ချာင်းကို continuity စမ်းပြီး ယူသုံးလိုက်ပါတယ်။

ကြိုးတွေ အကုန်ပြန်တပ်ပြီးတော့ CCR မှာ စောင့်ကြည့်ပေးတဲ့ အဖေါ်က radio နဲ့ လှမ်းပြောပါတယ်။ Level နဲ့ Pressure က တန်ဖိုးတွေပြနေပြီး Temperature ၃ ခုက တန်ဖိုးမပြဘဲ error ရှိနေတုန်းလို့ဆိုပါတယ်။ ဒါဆို temperature sensor junction box ထဲက PCB လေး မကောင်းတာလားမသိဘူး။ Confirm လုပ်ချင်လို့ အနားမှာရှိတဲ့ 5P tank ရဲ့ PCB ကိုဖြုတ်ယူပြီး လဲတပ်လိုက်ပါတယ်။ 5P က ကဒ်ကို 4P မှာတပ်၊ 4P က ကဒ်ကို 5P မှာတပ်လိုက်ပါတယ်။ လှမ်းမေးကြည့်တော့ 4P ရော 5P ပါ temperature error ဖြစ်သွားပြီလို့ ပြောပါတယ်။ ကျွန်တော်လည်း စိတ်တော်တော် ညစ်သွားတယ်။ ဘာဖြစ်တာလဲပေါ့။ PCB ပျက်သွားတာတော့ မဖြစ်နိုင်ဘူး။ မလဲခင် တိုင်းကြည့်တော့ voltage ကလည်းပုံမှန်ပါ။ ဒါနဲ့ CCR ကိုသွားကြည့်တော့၊ HMI မှာ 4P နဲ့ 5P အတွက် temperature တွေ error ပြနေတာ တွေ့ပါတယ်။ Reset လုပ်လိုက်တော့ အကုန်ကောင်းသွားပါတယ်။ ဪ ဒုက္ခပါဘဲ။ Error ကို reset မှ မလုပ်တာ။ ဒါနဲ့ PCB ကို အယင်အတိုင်း ပြန်လဲလိုက်တော့လည်း ကောင်းပါတယ်။ ကျွန်တော့် အဖေါ်ကိုတော့ အပြစ်မပြောတော့ပါဘူး။ ဘာဘဲဖြစ်ဖြစ် ပြေလည်သွားတယ်ပေါ့ဗျာ။ 

Sunday 27 August 2017

Double Winding Induction Motors

 
[Zawgyi]
ညီတစ္ေယာက္က ေမးလာတဲ့ အေၾကာင္းေျဖေပးၿပီးတဲ့ေနာက္၊ တစ္ျခားမသိေသးတဲ့ သူေတြပါသိရေအာင္ ေရးတင္လိုက္တာပါ။ Double Winding Induction Motor (DWIM) ဒါမွမဟုတ္ Dual Stator Winding Induction Motor (DSIM) ဆိုတာကေတာ့ Stator Winding ႏွစ္ခုပါတဲ့ Motor ေတြပါ။ ဒီ motor ေတြကို တစ္ခ်ဳိ႕ကေတာ့ Pole မေရအတြက္ မတူတဲ့ သီးျခား winding ႏွစ္စုံမွာ Speed ႏွစ္မ်ိဳး ေျပာင္းဖို႔သုံးပါတယ္။ တစ္ခ်ဳိက်ေတာ့ power factor ပိုေကာင္းဖို႔ design လုပ္ထားတာလို႔ဆိုပါတယ္။ 
ကၽြန္ေတာ့္ကို ေမးလာတဲ့ ညီေလးေပးတဲ့ spec မွာ (3 phase 230 YY, 440 Y V) လို႔ေရးထားတာ ေတြ႕ရပါတယ္။ YY ဆိုတာ double winding star connection ေတြမွာ သုံးၾကတာပါ။ 
3phase Double winding Induction motor ေတြမွာ terminal box ကို ဖြင့္ၾကည့္ယင္ 9 pin နဲ႔ 12 pin ဆိုၿပီး ႏွစ္မ်ဳိးရွိပါတယ္။ ( အားလုံးသိၿပီးတဲ့ ေတြ႕ေနက် 3phase Single winding မွာေတာ့ 6 pin ဘဲရွိတာပါ။) Power supply က 3 phase 230V လား၊ 3 phase 440V လား ၾကည့္ရမွာေပါ့။ 230V ကို low voltage 440V ကို high voltage လို႔ ေျပာၾကပါတယ္။ 
9 pin မွာေတာင္ ႏွစ္မ်ဳိးရွိပါတယ္။ fixed  star (Y) connected 9 pin နဲ႔ fixed delta connected 9 pin လို႔ ရွိပါတယ္။ ဘာလို႔လဲဆိုေတာ့ ဒုတိယ winding တစ္စုံရဲ႕ က်န္တဲ့ ၃ စ က Star (Y) ဒါမွမဟုတ္ Delta အျဖစ္  အေသ ဆက္ထား ၿပီးျဖစ္လို႔ပါ။
12 Pin motor ေတြကေတာ့ ပိုၿပီး flexible ျဖစ္ေအာင္ လုပ္ထားပါတယ္။ Low voltage မွာေရာ high voltage မွာပါ Star နဲ delta ႏွစ္မ်ဳိးလုံး ဆက္လို႔ရေအာင္ လုပ္ေပးထားပါတယ္။

Linkage ဆက္သြယ္ပုံေတြနဲ႔ winding diagram ေတြကို နမူနာ ပုံေတြမွာျပထားပါတယ္။

Terminal ေတြမွာ NMEA နဲ႔ IEC နံပါတ္တပ္ပုံ မတူပါဘူး။ NMEA က 1 - 12 တပ္ၿပီး IEC က U, V,  W တပ္ပါတယ္။ NMEA က အေမရိကန္က စံ အသုံးအႏႈံးပါ။ 

ပုံေလးေတြၾကည့္ၿပီး ေလ့လာၾကပါ။

[Unicode]
ညီတစ်ယောက်က မေးလာတဲ့ အကြောင်းဖြေပေးပြီးတဲ့နောက်၊ တစ်ခြားမသိသေးတဲ့ သူတွေပါသိရအောင် ရေးတင်လိုက်တာပါ။ Double Winding Induction Motor (DWIM) ဒါမှမဟုတ် Dual Stator Winding Induction Motor (DSIM) ဆိုတာကတော့ Stator Winding နှစ်ခုပါတဲ့ Motor တွေပါ။ ဒီ motor တွေကို တစ်ချို့ကတော့ Pole မရေအတွက် မတူတဲ့ သီးခြား winding နှစ်စုံမှာ Speed နှစ်မျိုး ပြောင်းဖို့သုံးပါတယ်။ တစ်ချိုကျတော့ power factor ပိုကောင်းဖို့ design လုပ်ထားတာလို့ဆိုပါတယ်။ 
ကျွန်တော့်ကို မေးလာတဲ့ ညီလေးပေးတဲ့ spec မှာ (3 phase 230 YY, 440 Y V) လို့ရေးထားတာ တွေ့ရပါတယ်။ YY ဆိုတာ double winding star connection တွေမှာ သုံးကြတာပါ။ 
3phase Double winding Induction motor တွေမှာ terminal box ကို ဖွင့်ကြည့်ယင် 9 pin နဲ့ 12 pin ဆိုပြီး နှစ်မျိုးရှိပါတယ်။ ( အားလုံးသိပြီးတဲ့ တွေ့နေကျ 3phase Single winding မှာတော့ 6 pin ဘဲရှိတာပါ။) Power supply က 3 phase 230V လား၊ 3 phase 440V လား ကြည့်ရမှာပေါ့။ 230V ကို low voltage 440V ကို high voltage လို့ ပြောကြပါတယ်။ 
9 pin မှာတောင် နှစ်မျိုးရှိပါတယ်။ fixed  star (Y) connected 9 pin နဲ့ fixed delta connected 9 pin လို့ ရှိပါတယ်။ ဘာလို့လဲဆိုတော့ ဒုတိယ winding တစ်စုံရဲ့ ကျန်တဲ့ ၃ စ က Star (Y) ဒါမှမဟုတ် Delta အဖြစ်  အသေ ဆက်ထား ပြီးဖြစ်လို့ပါ။

12 Pin motor တွေကတော့ ပိုပြီး flexible ဖြစ်အောင် လုပ်ထားပါတယ်။ Low voltage မှာရော high voltage မှာပါ Star နဲ delta နှစ်မျိုးလုံး ဆက်လို့ရအောင် လုပ်ပေးထားပါတယ်။ 
Linkage ဆက်သွယ်ပုံတွေနဲ့ winding diagram တွေကို နမူနာ ပုံတွေမှာပြထားပါတယ်။ 

Terminal တွေမှာ NMEA နဲ့ IEC နံပါတ်တပ်ပုံ မတူပါဘူး။ NMEA က 1 - 12 တပ်ပြီး IEC က U, V,  W တပ်ပါတယ်။ NMEA က အမေရိကန်က စံ အသုံးအနှုံးပါ။ 

ပုံလေးတွေကြည့်ပြီး လေ့လာကြပါ။

Wednesday 23 August 2017

Boiler (၅) - Cold Start Up

[zawgyi]
ဒီတစ္ေခါက္တက္ရတာ သိပ္ေတာ့မေခ်ာင္ဘူး။ ပညာေတာ့ ပိုရတာေပါ့။ ေျပာရယင္ ကၽြန္ေတာ္လည္း သင္ယူစရာေတြ ေလ့လာစရာေတြ အမ်ားႀကီး က်န္ပါေသးတယ္။ အဲဒီလို ရခဲ့တဲ့ အေတြ႕အၾကဳံေတြ ဗဟုသုတေတြ ျပန္ေပးရတာလည္း ေပ်ာ္ပါတယ္။ ထားပါေတာ့။ အခုသြားခဲ့တဲ့ သေဘၤာကေတာ့ Container သေဘၤာပါ။ တစ္ႏွစ္ေလာက္ ရပ္ထားတဲ့ သေဘၤာကို ဝယ္လာၿပီး အခု Boiler ျပန္စခ်င္တယ္ေျပာပါတယ္။
Boiler ကေတာ့ Aalborg ရဲ႕ Mission CO အမ်ဳိးအစားပါ။ Boiler တစ္ခုထဲမွာ Combustion boiler နဲ႔ Exhaust gas boiler ႏွစ္မ်ဳိးလုံးပါ ပါတယ္။ Cylinder ပုံ boiler ႀကီးရဲ႕ တစ္ျခမ္းစီမွာ ရွိတာပါ။ Exhaust gas boiler အျခမ္းကေတာ့ ME ေမာင္းမွ အလုပ္လုပ္မွာဆိုေတာ့ ထားလိုက္ပါတယ္။ Combustion boiler အပိုင္းဘဲ လုပ္ရပါတယ္။ Burner ကေတာ့ Rotary cup အမ်ဳိးအစားပါဘဲ။  Boiler ရဲ႕ ေဘးကေနေထာင္လိုက္ တပ္ထားပါတယ္။
မစခင္ Manual စာအုပ္ဖတ္၊ စက္-၃ လိုက္ျပတဲ့ control panel လိုက္ၾကည့္၊ သူနဲ႔အတူ Fuel transfer pump လိုက္ၾကည့္၊ Valve ေတြ ဖြင့္ထားလားစစ္၊ FO/DO three way valve position ေတြ မွန္မမွန္စစ္ေပါ့။ Start up ျဖစ္တဲ့အတြက္ DO နဲ႔ဘဲသုံးမွာပါ။ FO လို preheating အပိုင္းၾကည့္စရာမလိုေတာ့ပါဘူး။ ၿပီးေတာ့ burner ကို ဆြဲဖြင့္ၾကည့္ပါတယ္။ Rotary cup ကို လက္နဲ႔ လွည့္ၾကည့္ေတာ့လည္း ေခ်ာေခ်ာေမြ႕ေမြ႕ လည္ပါတယ္။ Cup နဲ႔ ေဘးက Shroud ၾကားက gap ကို ညီမညီၾကည့္ပါတယ္။
ၿပီးေတာ့ burner ျပန္ပိတ္၊ power On ၿပီး စၾကည့္ပါတယ္။ ဒီ boiler ရဲ႕ control ကေတာ့ Siemens Sequencer LOK 16 နဲ႔ relay logic ေတြပါဘဲ။ Alarm ေတြ reset လုပ္ၿပီးတဲ့ အခ်ိန္ Fuel transfer pump ေမာင္းေတာ့ မရပါဘူး။ Breaker, thermal overload ေတြ စစ္ၾကည့္ေတာ့လည္း ေကာင္းပါတယ္။ စက္-၃ ကသတိရသြားတယ္။ Pump အနားမွာ emergency stop switch မဖြင့္ရေသးဘူး ထင္တယ္တဲ့။ သူနဲ႔အတူ ER ေအာက္ဆုံးက fuel transfer pump ကိုသြားၾကည့္ေတာ့ ဟုတ္ေနတယ္။ အဲဒီ E-stop ကို ျပန္ဆြဲဖြင့္ၿပီး အဲဒီမွာရွိတဲ့ remote start ႏွိပ္ၾကည့္ေတာ့ pump လည္ပါတယ္။ Pressure gauge မွာ 4 bar ေလာက္ျပပါတယ္။
ေနာက္ အေပၚ B deck မွာရွိတဲ့ boiler control panel ဆီ ျပန္တက္ၿပီး burner စေတာ့ မရပါဘူး။ Interlock circuit ေတြလိုက္ၾကည့္ေတာ့ water level too low ဆိုတာနဲ႔ ျဖတ္ခ်ေနတာပါ။ ဒီ boiler မွာ water level တိုင္းဖုိ႔အတြက္ Boiler ေခါင္မိုးမွာ တပ္ထားတဲ့ probe ၃ ခုရွိပါတယ္။ ႏွစ္ခုက NRG-16 အမ်ဳိးအစားပါ။ သူ႔ကို NRS 1-7 level controller တစ္ခုစီက သုံးပါတယ္။ က်န္တဲ့ probe တစ္ခုကေတာ့ NRGT 26-1 level transmitter ပါ။ 4-20 mA ထုတ္ေပးပါတယ္။ အဲဒီ 4-20 mA signal ကို series ခ်ိတ္ၿပီးသုံးထားတဲ့ device ေတြ အမ်ားႀကီးပါ။ Local display ျပဖို႔နဲ႔ feed water valve control အတြက္ KS 42-1 controller တစ္လုံး၊ low level, high level Alarm နဲ႔ too high level shut down ေတြအတြက္ PR 2231 controller ႏွစ္လုံး၊ ECR က water level display တစ္လုံး အားလုံးကို series ခ်ိတ္ေပးထားပါတယ္။ ေစာေစာက NRS 1-7 level controller ေတြကေတာ့ water too low level shutdown အတြက္သုံးထားပါတယ္။ အေရးႀကီးတာမုိ႔ တစ္ခုမေကာင္းယင္ ေနာက္တစ္ခု (redundancy) အေနနဲ႔ ႏွစ္ခု လုံးကုိ safety interlock မွာ series ထည့္ထားပါတယ္။ ျဖစ္ခ်င္ေတာ့ ႏွစ္ခုလုံး ပ်က္ေနပါတယ္။ Alarm indication LED မျပဘဲ output contact က open ျဖစ္ေနပါတယ္။ ယာယီ bypass လုပ္ေပးလိုက္ပါတယ္။ ေနာက္မွ ျပန္ၾကည့္ပါမယ္။

ဒီတစ္ခါစမ္းေတာ့ Sequencer LOK 16 စပါတယ္။ ခဏေနေတာ့ FD fan နဲ႔ burner fan လည္သံၾကားရပါတယ္။ Burner fan direction လည္းမွန္ပါတယ္။ ၁၅ စကၠန္႔ေလာက္ေနေတာ့ Combustion fan over load alarm ေပၚလာၿပီး ရပ္သြားပါတယ္။ Combustion fan ဆိုတာ FD (forced draft) fan ကုိေခၚတာပါဘဲ။ သူ႔ Magnetic Contactor နဲ႔ တြဲေနတဲ့ Thermal overload က trip ျဖစ္ေနပါတယ္။ အေပၚထပ္မွာရွိတဲ့ FD fan ကိုတက္ၾကည့္ၿပီး ျပန္စမ္းေတာ့ fan က အသံထြက္ေနၿပီး မလည္ပါဘူး။ ထပ္ၿပီး trip ျဖစ္ပါတယ္။ Cover ျဖဳတ္ၿပီး လက္နဲ႔ လွည့္ေတာ့လည္း မရဘူး။ အရမ္းက်ပ္ေနပါတယ္။ တစ္ႏွစ္ေလာက္ မလည္ေတာ့ ကိုက္သြားတာျဖစ္မယ္ထင္ပါတယ္။ စက္ခ်ဳပ္အကူအညီနဲ႔ သေဘၤာသားေတြ လာၿပီး အင္အားသုံး လွည့္၊ က်င့္ေပးလိုက္ေတာ့မွ ေခ်ာင္သြားပါတယ္။ ျပန္စမ္းေတာ့ trip မျဖစ္ေတာ့ပါဘူး။
ေနာက္တစ္ခါျပန္စေတာ့ fan ေတြလည္ၿပီး purging cycle မွာ damper control servo motor က တစ္ဝက္ေလာက္မွာရပ္သြားပါတယ္။ အၾကာႀကီးေစာင့္တဲ့အထိ Lock out လည္းမျဖစ္၊ ဆက္လည္းမသြား hang ေနတာမို႔ ရပ္လိုက္ရပါတယ္။ Sequencer ေၾကာင့္လား၊ servo ေၾကာင့္လား limit switch position ေၾကာင့္လားမသိပါဘူး။ ဒါနဲ႔ Auto mode မဟုတ္ဘဲ manual mode နဲ႔ စမ္းဖို႔လုပ္ပါတယ္။ Auto ကို ေနာက္မွ စစ္ပါမယ္။ မီးေတာက္ဖို႔ အယင္လုပ္ပါမယ္။ 
ဒီ boiler မွာ manual operation အတြက္ သီးျခား mode တစ္ခုရွိပါတယ္။ အဲဒီ mode ေျပာင္းလိုက္တာနဲ႔ fan ေတြလည္ေနပါၿပီ။ Purging time တစ္မိနစ္ေလာက္ေစာင့္ၿပီး boiler နံရံမွာ ကပ္ထားတဲ့ ignition နဲ႔ fuel valve ခလုတ္ကို တစ္ၿပိဳင္ထဲ ၅ စကၠန္႔ေလာက္ ႏွိပ္ထားေတာ့ pilot မီးေတာက္ပါတယ္။ Flame eye လည္း detect လုပ္ၿပီး indicator မီးလင္းပါတယ္။ 
ခဏေနလို႔ main fuel valve ဖြင့္တဲ့အခ်ိန္မီးၿငိမ္းသြားပါတယ္။ ေလနဲ႔ ဆီ အခ်ဳိးမမွန္လို႔လား၊ main valve ဆီမထြက္လို႔လား ၾကည့္ရေတာ့ပါမယ္။ Burner ဆြဲလွန္ဖြင့္ၾကည့္ေတာ့ rotary cup မွာ ဆီရႊဲေနတာမေတြ႕ဘဲ ေျခာက္ေနပါတယ္။ ဆီပိတ္ေနတဲ့ သေဘာပါ။ ဒါနဲ႔ ပုံးတစ္လုံးခံၿပီး main fuel valve solenoid ကို power ေပးၾကည့္ပါတယ္။ ဆီမထြက္လာပါဘူး။ damper နဲ႔ တြဲထားတဲ့ combined modulation valve ကို handle က မၿပီး ဖြင့္ၾကည့္ေပမဲ့ ဆီမထြက္ပါဘူး။ စဥ္းစားရပါၿပီ။ အယင္ ေနာက္ဆုံး ေမာင္းခဲ့တုန္းက HFO လက္က်န္ေတြ ပိတ္ေနတာလားေပါ့။ Valve မတိုင္ခင္ ပိုက္ဆက္ျဖဳတ္ၾကည့္ေတာ့ ဆီလာတယ္။ ဒါနဲ႔ ၾကားထဲက valve ႏွစ္လုံးနဲ႔ ပိုက္ အတြဲလိုက္ ျဖဳတ္ခ်ၿပီး ဖြင့္ၾကည့္ပါတယ္။ ဘာမွ ပိတ္မေနဘူး။ ျပန္တပ္ၿပီး စမ္းေတာ့ လည္း ဆီမထြက္ေသးဘူး။ ေသခ်ာေစ့ေစ့စပ္စပ္ၾကည့္ေတာ့ combined modulation valve မတိုင္ခင္ အဝင္ pressure gauge မွာ 1.5 bar ေလာက္ဘဲရွိပါတယ္။ pressure အရမ္းနည္းေနေတာ့ modulation အၿပီး မထြက္ႏိုင္တာျဖစ္မယ္ထင္ပါတယ္။ Pump အထြက္မွာ 4 bar ျဖစ္ၿပီး ဒီမွာ 1.5 bar ဘဲရတယ္။ မတတ္ႏိုင္ဘူး။ စက္ခ်ဳပ္ႀကီးဆီ အကူအညီ ေတာင္းရေတာ့တယ္။ သူထည့္ေပးလိုက္တဲ့သူက boiler ကၽြမ္းတယ္။ Boiler အေျခက ပိုက္လိုင္းေတြၾကည့္ၿပီး bypass return valve ကို အဖြင့္အပိတ္ညႇိလိုက္တာ 2.5 - 3 bar ေလာက္တက္လာတယ္။ Main fuel valve ကို supply ေပးဖြင့္ၾကည့္ေတာ့ ဆီထြက္လာၿပီ။ Pressure နဲ႔ flow ေတာ့ နည္းေနေသးတယ္။ Flow rate ကို combined modulation valve မွာ ညႇိစရာ ၂ ခုရွိပါတယ္။ Min နဲ႔ Max modulation position ေတြအတြက္ တစ္မ်ဳိးစီညႇိရပါတယ္။ (ပုံမွာၾကည့္ပါ။)
အဲဒီ flow rate ညႇိလိုက္ေတာ့ ဆီထြက္ ေကာင္းလာပါၿပီ။ ဒီ rotary cup ေတြက ပုံမွန္ nozzle burner ေတြလို pressure အရမ္းျမင့္ဖို႔မလိုပါဘူး။ ခြက္ထဲမွာ ဆီထြက္ႏႈံး ေကာင္းေကာင္းရယင္ လည္တဲ့အရွိန္နဲ႔ ေလမႈတ္အားနဲ႔ ကေတာ့ပုံ ျဖာထြက္သြားမွာပါ။
ၿပီးတာနဲ႔ manual ignition ေပးစမ္းၾကည့္ေတာ့ pilot ေရာ main burner မွာပါ မီးေတာက္သြားပါၿပီ။
 ေနာက္တစ္ခု ဒီ boiler ရဲ႕ ေကာင္းတဲ့အခ်က္က modulation mode ကို manual modulation လုပ္လို႔ရပါတယ္။ Manual modulation ဆိုယင္ low flame ကေန high flame ႀကိဳက္သလို damper position ကို increase / decrease ကစားလို႔ရပါတယ္။ Auto modulation ဆိုယင္ေတာ့ KS 42-1 controller ရဲ႕ pressure set point ေပၚမူတည္ၿပီး PID နဲ႔ auto control လုပ္သြားမွာပါ။ Manuel damper ဖြင့္တဲ့အခ်ိန္ တစ္ဝက္ေလာက္မွာ ဆက္ဖြင့္လို႔မရေတာ့ဘဲ jam ျဖစ္ေနပါတယ္။ လက္နဲ႔ အားထည့္ၿပီး ဖြင့္၊ ပိတ္ ကစားေပးမွ  အဆင္ေျပသြားပါတယ္။ ဒါေၾကာင့္ Auto မွာ hang ေနတာ ျဖစ္ႏိုင္ပါတယ္။ 
အခု low flame မွာ ဆီ/ေလ အခ်ဳိးညႇိေပးၿပီး ခဏေနေတာ့ ပိတ္လိုက္ပါတယ္။
ၾကဳံလို႔ အေရးႀကီးတာတစ္ခု ေျပာရယင္၊ cold start up boiler ေတြကို ခ်က္ခ်င္း မီးျပင္း အၾကာႀကီး မေမာင္းရပါဘူး။ ႐ုတ္တရက္ အပူအေအး ေျပာင္းလဲမႈ (thermal stress) ေၾကာင့္ boiler အက္ကြဲတာျဖစ္ႏိုင္ပါတယ္။ ေနာက္ pressure တက္လာလို႔ consumer ဘက္ကို steam စဖြင့္ယင္လည္း steam hammer မျဖစ္ေအာင္ ျဖည္းျဖည္းဘဲ ဖြင့္ရပါတယ္။ အခု စေမာင္းတဲ့ အခ်ိန္မွာ boiler ရဲ႕ air vent valve ကိုဖြင့္ထားပါတယ္။ အစဆုံး ၁-၂ မိနစ္ေမာင္း၊ ၈-၁၀ မိနစ္နား။ ေနာက္မွ တစ္ျဖည္းျဖည္း ေမာင္းခ်ိန္ တိုး တိုးေပးရပါတယ္။ Air vent မွာ steam ေတြ စထြက္လာမွ valve ကို ပိတ္ၿပီး ေမာင္းတာပါ။ အစပိုင္း cycle ေတြမွာ low flame နဲ႔ ေမာင္းၿပီး ေနာက္ cycle ေတြမွာ တစ္ျဖည္းျဖည္း ျမႇင့္ယူပါတယ္။ Steam pressure 1.5 bar ေလာက္ ေရာက္ေတာ့ auto modulation ေျပာင္းလိုက္ပါတယ္။ မီးခိုးၾကည့္ၿပီး ဆီ/ေလေတာ့ ညႇိေပးရတာေပါ့။
ေနာက္ၿပီးေတာ့ Auto operation mode နဲ႔ ျပန္စမ္းၾကည့္တာ ေကာင္းသြားပါၿပီ။ Safety protection အတြက္ flame eye sensor ျဖဳတ္ၾကည့္ေတာ့ boiler shut down ျဖစ္ပါတယ္၊ ေနာက္ Safety device ျဖစ္တဲ့ Water level too low ကိုေတာ့ စမ္းလို႔ မရေသးပါဘူး။ Level controller NRS 1-7 ႏွစ္ခုလုံးမေကာင္းလို႔ bypass လုပ္ထားခဲ့ရတာေလ။ ေနာက္ေန႔ Surveyor ေခၚျပယင္ ဘယ္လိုလုပ္မလဲ၊ ေရခန္းၿပီး စက္မရပ္ယင္ အႏၲရာယ္လည္းႀကီးတယ္။ စဥ္းစားရပါၿပီ။ 
တစ္ခုသြားေတြ႕တယ္။ low level alarm သုံးထားတဲ့ PR 2231 controller မွာ channel ႏွစ္ခုရွိတာ တစ္ခုပိုေနေသးတယ္။ Setting ေျပာင္းၿပီး Low low level shut down အတြက္သုံးလိုက္တယ္။ Level transmitter ရဲ႕ တန္ဖိုး မွန္မမွန္ စစ္ၾကည့္ေတာ့လည္း မွန္ပါတယ္။ ေရကို ေဖါက္ထုတ္ၾကည့္ေတာ့ Low level alarm ျပပါတယ္။ ထပ္ေဖါက္ၿပီး level ပိုနိမ့္သြားေတာ့ boiler shut down ျဖစ္သြားပါတယ္။ အဆင္ေျပသြားၿပီေပါ့။ 
ေနာက္ျပႆနာတစ္ခုက feed water pump auto fill up ျဖစ္ခ်င္တယ္တဲ့။ ၾကည့္လိုက္ေတာ့ ဒီစံနစ္မွာ water level ကို KS 42-1 controller နဲ႔ Siemens SIPART positioner သုံးၿပီး control လုပ္ပါတယ္။ ေရ level လိုသေလာက္ valve အက်ဥ္းအက်ယ္ ဖြင့္၊ ပိတ္ကို 4-20 mA signal နဲ႔ ထိန္းေပးတာပါ။ အဝင္ပိုက္ရဲ႕ ေရ pressure နည္းသြားယင္ standby feed water pump တစ္လုံး လည္ၿပီးထည့္ေပးမွာပါ။ အခုေတာ့ valve control အပုိင္းက အလုပ္ လုပ္ပါတယ္။ ဒါေပမဲ့ Pressure က်သြားတဲ့အခါ standby pump မလည္ဘူး။ Feed water pump ေဘးနားက pressure switch ရွာၿပီး ဖြင့္ၾကည့္ေတာ့ ေရေတြထြက္က်လာတယ္။ သံေခ်းေတြကိုက္ၿပီး ဆိုးဆိုးရြားရြားပါဘဲ။
Spare လည္းမရွိ။ ဒီေတာ့ ေလာေလာဆယ္ pump တစ္လုံးကို manual နဲ႔ ေတာက္ေလ်ာက္ လည္ထားဖို႔ မွာခဲ့ရတယ္။ ေနာက္မွ pressure switch အသစ္မွာၿပီး လဲဖို႔ ေျပာခဲ့ရပါတယ္။
ျပန္ခါနီးမွ super က ေျပာလာပါတယ္။ Pressure 6 bar မွာ auto cut-off လုပ္ေပးဖို႔ေျပာပါတယ္။ ဒါနဲ႔ ျပန္ၾကည့္ေတာ့ PR 2231 ကို နဲ႔ control လုပ္ထားတာေတြ႕ပါတယ္။ သူ႔ setting ကိုျပင္ၿပီး Cut-off 6 bar နဲ႔ Cut-in 5 bar မွာထားေပးလိုက္ပါတယ္။ ေစာင့္ၾကည့္ေတာ့ အလုပ္လုပ္ပါတယ္။ ဒီေလာက္ပါဘဲ။ စိတ္ရွည္ရွည္နဲ႔ ဖတ္ေပးတာ ေက်းဇူးပါ။

[unicode]
 ဒီတစ်ခေါက်တက်ရတာ သိပ်တော့မချောင်ဘူး။ ပညာတော့ ပိုရတာပေါ့။ ပြောရယင် ကျွန်တော်လည်း သင်ယူစရာတွေ လေ့လာစရာတွေ အများကြီး ကျန်ပါသေးတယ်။ အဲဒီလို ရခဲ့တဲ့ အတွေ့အကြုံတွေ ဗဟုသုတတွေ ပြန်ပေးရတာလည်း ပျော်ပါတယ်။ ထားပါတော့။ အခုသွားခဲ့တဲ့ သင်္ဘောကတော့ Container သင်္ဘောပါ။ တစ်နှစ်လောက် ရပ်ထားတဲ့ သင်္ဘောကို ဝယ်လာပြီး အခု Boiler ပြန်စချင်တယ်ပြောပါတယ်။

Boiler ကတော့ Aalborg ရဲ့ Mission CO အမျိုးအစားပါ။ Boiler တစ်ခုထဲမှာ Combustion boiler နဲ့ Exhaust gas boiler နှစ်မျိုးလုံးပါ ပါတယ်။ Cylinder ပုံ boiler ကြီးရဲ့ တစ်ခြမ်းစီမှာ ရှိတာပါ။ Exhaust gas boiler အခြမ်းကတော့ ME မောင်းမှ အလုပ်လုပ်မှာဆိုတော့ ထားလိုက်ပါတယ်။ Combustion boiler အပိုင်းဘဲ လုပ်ရပါတယ်။ Burner ကတော့ Rotary cup အမျိုးအစားပါဘဲ။  Boiler ရဲ့ ဘေးကနေထောင်လိုက် တပ်ထားပါတယ်။

မစခင် Manual စာအုပ်ဖတ်၊ စက်-၃ လိုက်ပြတဲ့ control panel လိုက်ကြည့်၊ သူနဲ့အတူ Fuel transfer pump လိုက်ကြည့်၊ Valve တွေ ဖွင့်ထားလားစစ်၊ FO/DO three way valve position တွေ မှန်မမှန်စစ်ပေါ့။ Start up ဖြစ်တဲ့အတွက် DO နဲ့ဘဲသုံးမှာပါ။ FO လို preheating အပိုင်းကြည့်စရာမလိုတော့ပါဘူး။ ပြီးတော့ burner ကို ဆွဲဖွင့်ကြည့်ပါတယ်။ Rotary cup ကို လက်နဲ့ လှည့်ကြည့်တော့လည်း ချောချောမွေ့မွေ့ လည်ပါတယ်။ Cup နဲ့ ဘေးက Shroud ကြားက gap ကို ညီမညီကြည့်ပါတယ်။ ပြီးတော့ burner ပြန်ပိတ်၊ power On ပြီး စကြည့်ပါတယ်။ ဒီ boiler ရဲ့ control ကတော့ Siemens Sequencer LOK 16 နဲ့ relay logic တွေပါဘဲ။ Alarm တွေ reset လုပ်ပြီးတဲ့ အချိန် Fuel transfer pump မောင်းတော့ မရပါဘူး။ Breaker, thermal overload တွေ စစ်ကြည့်တော့လည်း ကောင်းပါတယ်။ စက်-၃ ကသတိရသွားတယ်။ Pump အနားမှာ emergency stop switch မဖွင့်ရသေးဘူး ထင်တယ်တဲ့။ သူနဲ့အတူ ER အောက်ဆုံးက fuel transfer pump ကိုသွားကြည့်တော့ ဟုတ်နေတယ်။ အဲဒီ E-stop ကို ပြန်ဆွဲဖွင့်ပြီး အဲဒီမှာရှိတဲ့ remote start နှိပ်ကြည့်တော့ pump လည်ပါတယ်။ Pressure gauge မှာ 4 bar လောက်ပြပါတယ်။

နောက် အပေါ် B deck မှာရှိတဲ့ boiler control panel ဆီ ပြန်တက်ပြီး burner စတော့ မရပါဘူး။ Interlock circuit တွေလိုက်ကြည့်တော့ water level too low ဆိုတာနဲ့ ဖြတ်ချနေတာပါ။ ဒီ boiler မှာ water level တိုင်းဖို့အတွက် Boiler ခေါင်မိုးမှာ တပ်ထားတဲ့ probe ၃ ခုရှိပါတယ်။ နှစ်ခုက NRG-16 အမျိုးအစားပါ။ သူ့ကို NRS 1-7 level controller တစ်ခုစီက သုံးပါတယ်။ ကျန်တဲ့ probe တစ်ခုကတော့ NRGT 26-1 level transmitter ပါ။ 4-20 mA ထုတ်ပေးပါတယ်။ အဲဒီ 4-20 mA signal ကို series ချိတ်ပြီးသုံးထားတဲ့ device တွေ အများကြီးပါ။ Local display ပြဖို့နဲ့ feed water valve control အတွက် KS 42-1 controller တစ်လုံး၊ low level, high level Alarm နဲ့ too high level shut down တွေအတွက် PR 2231 controller နှစ်လုံး၊ ECR က water level display တစ်လုံး အားလုံးကို series ချိတ်ပေးထားပါတယ်။ စောစောက NRS 1-7 level controller တွေကတော့ water too low level shutdown အတွက်သုံးထားပါတယ်။ အရေးကြီးတာမို့ တစ်ခုမကောင်းယင် နောက်တစ်ခု (redundancy) အနေနဲ့ နှစ်ခု လုံးကို safety interlock မှာ series ထည့်ထားပါတယ်။ ဖြစ်ချင်တော့ နှစ်ခုလုံး ပျက်နေပါတယ်။ Alarm indication LED မပြဘဲ output contact က open ဖြစ်နေပါတယ်။ ယာယီ bypass လုပ်ပေးလိုက်ပါတယ်။ နောက်မှ ပြန်ကြည့်ပါမယ်။

ဒီတစ်ခါစမ်းတော့ Sequencer LOK 16 စပါတယ်။ ခဏနေတော့ FD fan နဲ့ burner fan လည်သံကြားရပါတယ်။ Burner fan direction လည်းမှန်ပါတယ်။ ၁၅ စက္ကန့်လောက်နေတော့ Combustion fan over load alarm ပေါ်လာပြီး ရပ်သွားပါတယ်။ Combustion fan ဆိုတာ FD (forced draft) fan ကိုခေါ်တာပါဘဲ။ သူ့ Magnetic Contactor နဲ့ တွဲနေတဲ့ Thermal overload က trip ဖြစ်နေပါတယ်။ အပေါ်ထပ်မှာရှိတဲ့ FD fan ကိုတက်ကြည့်ပြီး ပြန်စမ်းတော့ fan က အသံထွက်နေပြီး မလည်ပါဘူး။ ထပ်ပြီး trip ဖြစ်ပါတယ်။ Cover ဖြုတ်ပြီး လက်နဲ့ လှည့်တော့လည်း မရဘူး။ အရမ်းကျပ်နေပါတယ်။ တစ်နှစ်လောက် မလည်တော့ ကိုက်သွားတာဖြစ်မယ်ထင်ပါတယ်။ စက်ချုပ်အကူအညီနဲ့ သင်္ဘောသားတွေ လာပြီး အင်အားသုံး လှည့်၊ ကျင့်ပေးလိုက်တော့မှ ချောင်သွားပါတယ်။ ပြန်စမ်းတော့ trip မဖြစ်တော့ပါဘူး။

နောက်တစ်ခါပြန်စတော့ fan တွေလည်ပြီး purging cycle မှာ damper control servo motor က တစ်ဝက်လောက်မှာရပ်သွားပါတယ်။ အကြာကြီးစောင့်တဲ့အထိ Lock out လည်းမဖြစ်၊ ဆက်လည်းမသွား hang နေတာမို့ ရပ်လိုက်ရပါတယ်။ Sequencer ကြောင့်လား၊ servo ကြောင့်လား limit switch position ကြောင့်လားမသိပါဘူး။ ဒါနဲ့ Auto mode မဟုတ်ဘဲ manual mode နဲ့ စမ်းဖို့လုပ်ပါတယ်။ Auto ကို နောက်မှ စစ်ပါမယ်။ မီးတောက်ဖို့ အယင်လုပ်ပါမယ်။

ဒီ boiler မှာ manual operation အတွက် သီးခြား mode တစ်ခုရှိပါတယ်။ အဲဒီ mode ပြောင်းလိုက်တာနဲ့ fan တွေလည်နေပါပြီ။ Purging time တစ်မိနစ်လောက်စောင့်ပြီး boiler နံရံမှာ ကပ်ထားတဲ့ ignition နဲ့ fuel valve ခလုတ်ကို တစ်ပြိုင်ထဲ ၅ စက္ကန့်လောက် နှိပ်ထားတော့ pilot မီးတောက်ပါတယ်။ Flame eye လည်း detect လုပ်ပြီး indicator မီးလင်းပါတယ်။ ခဏနေလို့ main fuel valve ဖွင့်တဲ့အချိန်မီးငြိမ်းသွားပါတယ်။ လေနဲ့ ဆီ အချိုးမမှန်လို့လား၊ main valve ဆီမထွက်လို့လား ကြည့်ရတော့ပါမယ်။ Burner ဆွဲလှန်ဖွင့်ကြည့်တော့ rotary cup မှာ ဆီရွှဲနေတာမတွေ့ဘဲ ခြောက်နေပါတယ်။ ဆီပိတ်နေတဲ့ သဘောပါ။ ဒါနဲ့ ပုံးတစ်လုံးခံပြီး main fuel valve solenoid ကို power ပေးကြည့်ပါတယ်။ ဆီမထွက်လာပါဘူး။ damper နဲ့ တွဲထားတဲ့ combined modulation valve ကို handle က မပြီး ဖွင့်ကြည့်ပေမဲ့ ဆီမထွက်ပါဘူး။ စဉ်းစားရပါပြီ။ အယင် နောက်ဆုံး မောင်းခဲ့တုန်းက HFO လက်ကျန်တွေ ပိတ်နေတာလားပေါ့။ Valve မတိုင်ခင် ပိုက်ဆက်ဖြုတ်ကြည့်တော့ ဆီလာတယ်။ ဒါနဲ့ ကြားထဲက valve နှစ်လုံးနဲ့ ပိုက် အတွဲလိုက် ဖြုတ်ချပြီး ဖွင့်ကြည့်ပါတယ်။ ဘာမှ ပိတ်မနေဘူး။ ပြန်တပ်ပြီး စမ်းတော့ လည်း ဆီမထွက်သေးဘူး။ သေချာစေ့စေ့စပ်စပ်ကြည့်တော့ combined modulation valve မတိုင်ခင် အဝင် pressure gauge မှာ 1.5 bar လောက်ဘဲရှိပါတယ်။ pressure အရမ်းနည်းနေတော့ modulation အပြီး မထွက်နိုင်တာဖြစ်မယ်ထင်ပါတယ်။ Pump အထွက်မှာ 4 bar ဖြစ်ပြီး ဒီမှာ 1.5 bar ဘဲရတယ်။ မတတ်နိုင်ဘူး။ စက်ချုပ်ကြီးဆီ အကူအညီ တောင်းရတော့တယ်။ သူထည့်ပေးလိုက်တဲ့သူက boiler ကျွမ်းတယ်။ Boiler အခြေက ပိုက်လိုင်းတွေကြည့်ပြီး bypass return valve ကို အဖွင့်အပိတ်ညှိလိုက်တာ 2.5 - 3 bar လောက်တက်လာတယ်။ Main fuel valve ကို supply ပေးဖွင့်ကြည့်တော့ ဆီထွက်လာပြီ။ Pressure နဲ့ flow တော့ နည်းနေသေးတယ်။ Flow rate ကို combined modulation valve မှာ ညှိစရာ ၂ ခုရှိပါတယ်။ Min နဲ့ Max modulation position တွေအတွက် တစ်မျိုးစီညှိရပါတယ်။ (ပုံမှာကြည့်ပါ။) အဲဒီ flow rate ညှိလိုက်တော့ ဆီထွက် ကောင်းလာပါပြီ။ ဒီ rotary cup တွေက ပုံမှန် nozzle burner တွေလို pressure အရမ်းမြင့်ဖို့မလိုပါဘူး။ ခွက်ထဲမှာ ဆီထွက်နှုံး ကောင်းကောင်းရယင် လည်တဲ့အရှိန်နဲ့ လေမှုတ်အားနဲ့ ကတော့ပုံ ဖြာထွက်သွားမှာပါ။

ပြီးတာနဲ့ manual ignition ပေးစမ်းကြည့်တော့ pilot ရော main burner မှာပါ မီးတောက်သွားပါပြီ။ နောက်တစ်ခု ဒီ boiler ရဲ့ ကောင်းတဲ့အချက်က modulation mode ကို manual modulation လုပ်လို့ရပါတယ်။ Manual modulation ဆိုယင် low flame ကနေ high flame ကြိုက်သလို damper position ကို increase / decrease ကစားလို့ရပါတယ်။ Auto modulation ဆိုယင်တော့ KS 42-1 controller ရဲ့ pressure set point ပေါ်မူတည်ပြီး PID နဲ့ auto control လုပ်သွားမှာပါ။ Manuel damper ဖွင့်တဲ့အချိန် တစ်ဝက်လောက်မှာ ဆက်ဖွင့်လို့မရတော့ဘဲ jam ဖြစ်နေပါတယ်။ လက်နဲ့ အားထည့်ပြီး ဖွင့်၊ ပိတ် ကစားပေးမှ  အဆင်ပြေသွားပါတယ်။ ဒါကြောင့် Auto မှာ hang နေတာ ဖြစ်နိုင်ပါတယ်။

အခု low flame မှာ ဆီ/လေ အချိုးညှိပေးပြီး ခဏနေတော့ ပိတ်လိုက်ပါတယ်။

ကြုံလို့ အရေးကြီးတာတစ်ခု ပြောရယင်၊ cold start up boiler တွေကို ချက်ချင်း မီးပြင်း အကြာကြီး မမောင်းရပါဘူး။ ရုတ်တရက် အပူအအေး ပြောင်းလဲမှု (thermal stress) ကြောင့် boiler အက်ကွဲတာဖြစ်နိုင်ပါတယ်။ နောက် pressure တက်လာလို့ consumer ဘက်ကို steam စဖွင့်ယင်လည်း steam hammer မဖြစ်အောင် ဖြည်းဖြည်းဘဲ ဖွင့်ရပါတယ်။ အခု စမောင်းတဲ့ အချိန်မှာ boiler ရဲ့ air vent valve ကိုဖွင့်ထားပါတယ်။ အစဆုံး ၁-၂ မိနစ်မောင်း၊ ၈-၁၀ မိနစ်နား။ နောက်မှ တစ်ဖြည်းဖြည်း မောင်းချိန် တိုး တိုးပေးရပါတယ်။ Air vent မှာ steam တွေ စထွက်လာမှ valve ကို ပိတ်ပြီး မောင်းတာပါ။ အစပိုင်း cycle တွေမှာ low flame နဲ့ မောင်းပြီး နောက် cycle တွေမှာ တစ်ဖြည်းဖြည်း မြှင့်ယူပါတယ်။ Steam pressure 1.5 bar လောက် ရောက်တော့ auto modulation ပြောင်းလိုက်ပါတယ်။ မီးခိုးကြည့်ပြီး ဆီ/လေတော့ ညှိပေးရတာပေါ့။

နောက်ပြီးတော့ Auto operation mode နဲ့ ပြန်စမ်းကြည့်တာ ကောင်းသွားပါပြီ။ Safety protection အတွက် flame eye sensor ဖြုတ်ကြည့်တော့ boiler shut down ဖြစ်ပါတယ်၊ နောက် Safety device ဖြစ်တဲ့ Water level too low ကိုတော့ စမ်းလို့ မရသေးပါဘူး။ Level controller NRS 1-7 နှစ်ခုလုံးမကောင်းလို့ bypass လုပ်ထားခဲ့ရတာလေ။ နောက်နေ့ Surveyor ခေါ်ပြယင် ဘယ်လိုလုပ်မလဲ၊ ရေခန်းပြီး စက်မရပ်ယင် အန္တရာယ်လည်းကြီးတယ်။ စဉ်းစားရပါပြီ။

တစ်ခုသွားတွေ့တယ်။ low level alarm သုံးထားတဲ့ PR 2231 controller မှာ channel နှစ်ခုရှိတာ တစ်ခုပိုနေသေးတယ်။ Setting ပြောင်းပြီး Low low level shut down အတွက်သုံးလိုက်တယ်။ Level transmitter ရဲ့ တန်ဖိုး မှန်မမှန် စစ်ကြည့်တော့လည်း မှန်ပါတယ်။ ရေကို ဖေါက်ထုတ်ကြည့်တော့ Low level alarm ပြပါတယ်။ ထပ်ဖေါက်ပြီး level ပိုနိမ့်သွားတော့ boiler shut down ဖြစ်သွားပါတယ်။ အဆင်ပြေသွားပြီပေါ့။

နောက်ပြဿနာတစ်ခုက feed water pump auto fill up ဖြစ်ချင်တယ်တဲ့။ ကြည့်လိုက်တော့ ဒီစံနစ်မှာ water level ကို KS 42-1 controller နဲ့ Siemens SIPART positioner သုံးပြီး control လုပ်ပါတယ်။ ရေ level လိုသလောက် valve အကျဉ်းအကျယ် ဖွင့်၊ ပိတ်ကို 4-20 mA signal နဲ့ ထိန်းပေးတာပါ။ အဝင်ပိုက်ရဲ့ ရေ pressure နည်းသွားယင် standby feed water pump တစ်လုံး လည်ပြီးထည့်ပေးမှာပါ။ အခုတော့ valve control အပိုင်းက အလုပ် လုပ်ပါတယ်။ ဒါပေမဲ့ Pressure ကျသွားတဲ့အခါ standby pump မလည်ဘူး။ Feed water pump ဘေးနားက pressure switch ရှာပြီး ဖွင့်ကြည့်တော့ ရေတွေထွက်ကျလာတယ်။ သံချေးတွေကိုက်ပြီး ဆိုးဆိုးရွားရွားပါဘဲ။ Spare လည်းမရှိ။ ဒီတော့ လောလောဆယ် pump တစ်လုံးကို manual နဲ့ တောက်လျောက် လည်ထားဖို့ မှာခဲ့ရတယ်။ နောက်မှ pressure switch အသစ်မှာပြီး လဲဖို့ ပြောခဲ့ရပါတယ်။

ပြန်ခါနီးမှ super က ပြောလာပါတယ်။ Pressure 6 bar မှာ auto cut-off လုပ်ပေးဖို့ပြောပါတယ်။ ဒါနဲ့ ပြန်ကြည့်တော့ PR 2231 ကို နဲ့ control လုပ်ထားတာတွေ့ပါတယ်။ သူ့ setting ကိုပြင်ပြီး Cut-off 6 bar နဲ့ Cut-in 5 bar မှာထားပေးလိုက်ပါတယ်။ စောင့်ကြည့်တော့ အလုပ်လုပ်ပါတယ်။ ဒီလောက်ပါဘဲ။ စိတ်ရှည်ရှည်နဲ့ ဖတ်ပေးတာ ကျေးဇူးပါ။

Wednesday 9 August 2017

Fire Alarm (၅) - Fire Fighting System Problem

[zawgyi]

ဒီတစ္ခါေတာ့ supply vessel တစ္စီး ရဲ႕ Fire Fighting system (FIFI) မွာ ျပႆနာရွိလို႔ သြား စစ္ေပးရပါတယ္။ မေလးရွား အေရွ႕ဘက္ ကမ္းေျခက Kemaman ဆိုတဲ့ ေနရာမွာေပါ့။ ဒီတစ္ခါေတာ့ ျပႆနာက Technical ပိုင္း မရႈပ္ေထြးဘဲ ရယ္စရာလို အေတြ႕အၾကံဳေလးမို႔ ျပန္ေျပာျပတာပါ။ 
စကၤာပူကေန ကား ၇ နာရီေလာက္ ကားစီးၿပီးသြားခဲ့ရတဲ့ ေနရာပါ။ အေရွ႕ဘက္ကမ္း႐ိုးတစ္ေလ်ာက္ဆိုေတာ့ တစ္ခ်ဳိ႕ေနရာေတြမွာ သာသာယာယာနဲ႔ မ်ားေသာအားျဖင့္ ဆီအုန္းျခံေတြနဲ႔။ လမ္းေဘးမွာ တစ္ခါတေလ ေမ်ာက္ကေလးေတြ ျမင္ရတယ္။ လမ္းတစ္ေနရာမွာ ေအာက္ခ်င္းငွက္ (Horn bill) တစ္စုံေတာင္ ေတြ႕ခဲ့ေသးတယ္။ 
သေဘၤာေပၚ ေရာက္ေတာ့ အင္ဒိုစက္ခ်ဳပ္က ေျပာျပတယ္။ Fire Fighting စံနစ္ရဲ႕ Starboard side က unit ကို up/down ေရႊ႕လို႔ရတယ္။ left/right ေရႊ႕လို႔ မရဘူးေျပာပါတယ္။ ဒီစံနစ္မွာ မီးေလာင္ယင္ ၿငိႇမ္းဖို႔ မီးသတ္ပိုက္ (deluge spray / fire monitor) ႏွစ္ခုကို bridge အထက္က monkey island မွာ တပ္ထားပါတယ္။ Stbd တစ္ခု Port တစ္ခုေပါ့။
Remote operation နဲ႔ control room/ bridge ကေန ပိုက္ေခါင္းကို အထက္ေအာက္၊ ဘယ္ညာ ေရႊ႕လို႔ရပါတယ္။ အခု Stbd unit က ဘယ္ညာ ေရႊ႕မရဘူးဆိုေတာ့ ပထမ Mechanically jam မျဖစ္တာ ေသခ်ာေအာင္ လက္နဲ႔ ေရႊ႕ၾကည့္ေတာ့ ရပါတယ္။ ေခ်ာေခ်ာေမြ႕ေမြ႕ပါဘဲ။ ဒါဆိုယင္ electrical ဘက္က အျပစ္ရွာရေတာ့မွာေပါ့။ Control station ၂ ခုရွိပါတယ္။ Control ၂ ခုလုံးကေန Stbd unit ကို ဘယ္ညာ ေရႊ႕မရဘူးဆိုေတာ့ joy stick input ေၾကာင့္ မျဖစ္ႏိုင္ေတာ့ပါဘူး။ Drawing ဖတ္ၾကည့္ေတာ့ Motor ႏွစ္လုံး ရဲ႕ ေရွ႕မွာ Siemens motor drive ႏွစ္ခုရွိပါတယ္။ အဲဒီ drive အဝင္နဲ႔ အထြက္ power ကိုစစ္ၾကည့္ဖို႔ စဥ္းစားၿပီး control panel ကို ရွာပါတယ္။ Control station ႏွစ္ခုလုံးရဲ႕ေအာက္မွာလည္း ဘာပစၥည္းမွ သိပ္မရွိဘူး connection  terminal ေတြနဲ႔ breaker တစ္ခ်ဳိ႕ဘဲရွိတယ္။ Motor drive ေတြလည္း မေတြ႕ဘူး။ Control panel တစ္ခု သက္သက္ရွိရမယ္။ Bridge တစ္ခုလုံးလည္း ႏွံ႔သြားၿပီ။ မေတြ႕ေသဘူး။ ဒါနဲ႔ ေအာက္ထပ္ေတြမွာ လိုက္ရွာတယ္။ ေနာက္ဆုံး သေဘၤာတစ္စီးလုံး ကုန္သြားတယ္။ မေတြ႕ဘူး။ သေဘၤာေပၚက စက္ခ်ဳပ္အပါအဝင္ crew ေတြကို ေမးၾကည့္ေတာ့လည္း ဘယ္သူမွ မသိၾကဘူး။ ဒုကၡပါဘဲ။ Supply vessel ဆိုေတာ့ သေဘၤာက ငယ္ငယ္ေလးပါ။ ေနရာအႏွံ႔ ေမႊၾကည့္ၿပီးၿပီ။ Drawing ကို အျပန္ျပန္ အလွန္လွန္ဖတ္ၾကည့္တယ္။ ဘယ္ေနရာဆိုတာ clue ေလးမ်ားရမလားလို႔။ မရေတာ့၊ အျဖစ္ႏိုင္ဆုံး bridge မွာဘဲ ေျမလွန္ရွာဖို႔ ဆုံးျဖတ္ၿပီး၊ အကုန္ ဖြင့္ထုတ္ လွန္ေလွာၾကည့္ပါတယ္။ အဲဒီမွာ စာရြက္စာတမ္းေတြ ထည့္တဲ့ ဘီ႐ိုကိုဖြင့္၊ အထဲက file ေတြ ဆြဲထုတ္လိုက္ေတာ့ ေနာက္ဖက္မွာ တံခါးတစ္ခုေတြ႕ပါတယ္။ ဖြင့္လိုက္ေတာ့မွ control panel ေပၚလာတယ္။ ေအာင္မယ္ေလး။ ဘာစိတ္ကူးနဲ႔ ဒီလို ခက္ခက္ခဲခဲ တပ္ထားတယ္မသိဘူး။ အထဲမွာ motor drive ေတြေတြ႕ပါတယ္။ တစ္လုံးက overload trip ျဖစ္ေနတာေတြ႕ရတယ္။ Reset လုပ္ၿပီး ျပန္စမ္းေတာ့ ရသြားပါၿပီ။ ျပန္ၿပီး trip ျဖစ္မလားလို႔ အႀကိမ္ႀကိမ္စမ္းေတာ့လည္း ထပ္မျဖစ္ေတာ့တာမို႔ ထားလိုက္ေတာ့ပါတယ္။ ဘာမဟုတ္တဲ့ ျပႆနာက အေျဖရွာရတာထက္ ေနရာရွာရတာ ပိုၾကာခဲ့တာပါ။ ဒါေၾကာင့္ ေျပာမိေသးတယ္။ ဒီတစ္ခါ လာတာ trouble-shoot မလုပ္ရဘဲ treasure hunt ကစားေနရတယ္လို႔။
ျဖစ္ခ်င္ေတာ့ တစ္ျခားျပႆနာတစ္ခု။ အဲဒီမွာ Fire Alarm panel က power supply failure ျပေနပါတယ္။ AC power တိုင္းၾကည့္ေတာ့ 220V ရွိေနပါတယ္
 Back up battery က 12 V ႏွစ္လုံး series ခ်ိတ္ထားပါတယ္။ ျဖဳတ္ၿပီး တိုင္းၾကည့္ေတာ့ 19V ေလာက္ဘဲရွိပါတယ္။ Spare ရွိလားေမးေတာ့ မရွိဘူး ေျပာပါတယ္။ ဒီေတာ့ အဲဒီ back up battery က ဒုကၡေပးတယ္ဆိုတာ ေသခ်ာေအာင္စမ္းၾကည့္ပါမယ္။ 9V battery အေသး ၃ လုံးကို ရွာၿပီး series ခ်ိတ္ၿပီး backup battery ေနရာမွာ တပ္ၾကည့္လိုက္ေတာ့ Fault ေပ်ာက္သြားပါတယ္။ တစ္ကယ္သုံးဖို႔ မဟုတ္ပါဘူး။ Voltage sensing အတြက္ signal ေပးၾကည့္႐ုံပါဘဲ။ စက္ခ်ဳပ္ကို backup Battery မွာၿပီး လဲဖို႔ ေျပာခဲ့ပါတယ္။ 
က်န္တာ ေထြေထြထူးထူး မရွိေတာ့ Report ေရးၿပီ ျပန္ခဲ့ၾကပါေတာ့တယ္။

[unicode]

ဒီတစ်ခါတော့ supply vessel တစ်စီး ရဲ့ Fire Fighting system (FIFI) မှာ ပြဿနာရှိလို့ သွား စစ်ပေးရပါတယ်။ မလေးရှား အရှေ့ဘက် ကမ်းခြေက Kemaman ဆိုတဲ့ နေရာမှာပေါ့။ ဒီတစ်ခါတော့ ပြဿနာက Technical ပိုင်း မရှုပ်ထွေးဘဲ ရယ်စရာလို အတွေ့အကြုံလေးမို့ ပြန်ပြောပြတာပါ။ 
စင်္ကာပူကနေ ကား ရ နာရီလောက် ကားစီးပြီးသွားခဲ့ရတဲ့ နေရာပါ။ အရှေ့ဘက်ကမ်းရိုးတစ်လျောက်ဆိုတော့ တစ်ချို့နေရာတွေမှာ သာသာယာယာနဲ့ များသောအားဖြင့် ဆီအုန်းခြံတွေနဲ့။ လမ်းဘေးမှာ တစ်ခါတလေ မျောက်ကလေးတွေ မြင်ရတယ်။ လမ်းတစ်နေရာမှာ အောက်ချင်းငှက် (Horn bill) တစ်စုံတောင် တွေ့ခဲ့သေးတယ်။ 
သင်္ဘောပေါ် ရောက်တော့ အင်ဒိုစက်ချုပ်က ပြောပြတယ်။ Fire Fighting စံနစ်ရဲ့ Starboard side က unit ကို up/down ရွှေ့လို့ရတယ်။ left/right ရွှေ့လို့ မရဘူးပြောပါတယ်။ ဒီစံနစ်မှာ မီးလောင်ယင် ငြိှမ်းဖို့ မီးသတ်ပိုက် (deluge spray / fire monitor) နှစ်ခုကို bridge အထက်က monkey island မှာ တပ်ထားပါတယ်။ Stbd တစ်ခု Port တစ်ခုပေါ့။ Remote operation နဲ့ control room/ bridge ကနေ ပိုက်ခေါင်းကို အထက်အောက်၊ ဘယ်ညာ ရွှေ့လို့ရပါတယ်။ အခု Stbd unit က ဘယ်ညာ ရွှေ့မရဘူးဆိုတော့ ပထမ Mechanically jam မဖြစ်တာ သေချာအောင် လက်နဲ့ ရွှေ့ကြည့်တော့ ရပါတယ်။ ချောချောမွေ့မွေ့ပါဘဲ။ ဒါဆိုယင် electrical ဘက်က အပြစ်ရှာရတော့မှာပေါ့။ Control station ၂ ခုရှိပါတယ်။ Control ၂ ခုလုံးကနေ Stbd unit ကို ဘယ်ညာ ရွှေ့မရဘူးဆိုတော့ joy stick input ကြောင့် မဖြစ်နိုင်တော့ပါဘူး။ Drawing ဖတ်ကြည့်တော့ Motor နှစ်လုံး ရဲ့ ရှေ့မှာ Siemens motor drive နှစ်ခုရှိပါတယ်။ အဲဒီ drive အဝင်နဲ့ အထွက် power ကိုစစ်ကြည့်ဖို့ စဉ်းစားပြီး control panel ကို ရှာပါတယ်။ Control station နှစ်ခုလုံးရဲ့အောက်မှာလည်း ဘာပစ္စည်းမှ သိပ်မရှိဘူး connection  terminal တွေနဲ့ breaker တစ်ချို့ဘဲရှိတယ်။ Motor drive တွေလည်း မတွေ့ဘူး။ Control panel တစ်ခု သက်သက်ရှိရမယ်။ Bridge တစ်ခုလုံးလည်း နှံ့သွားပြီ။ မတွေ့သေဘူး။ ဒါနဲ့ အောက်ထပ်တွေမှာ လိုက်ရှာတယ်။ နောက်ဆုံး သင်္ဘောတစ်စီးလုံး ကုန်သွားတယ်။ မတွေ့ဘူး။ သင်္ဘောပေါ်က စက်ချုပ်အပါအဝင် crew တွေကို မေးကြည့်တော့လည်း ဘယ်သူမှ မသိကြဘူး။ ဒုက္ခပါဘဲ။ Supply vessel ဆိုတော့ သင်္ဘောက ငယ်ငယ်လေးပါ။ နေရာအနှံ့ မွှေကြည့်ပြီးပြီ။ Drawing ကို အပြန်ပြန် အလှန်လှန်ဖတ်ကြည့်တယ်။ ဘယ်နေရာဆိုတာ clue လေးများရမလားလို့။ မရတော့၊ အဖြစ်နိုင်ဆုံး bridge မှာဘဲ မြေလှန်ရှာဖို့ ဆုံးဖြတ်ပြီး၊ အကုန် ဖွင့်ထုတ် လှန်လှောကြည့်ပါတယ်။ အဲဒီမှာ စာရွက်စာတမ်းတွေ ထည့်တဲ့ ဘီရိုကိုဖွင့်၊ အထဲက file တွေ ဆွဲထုတ်လိုက်တော့ နောက်ဖက်မှာ တံခါးတစ်ခုတွေ့ပါတယ်။ ဖွင့်လိုက်တော့မှ control panel ပေါ်လာတယ်။ အောင်မယ်လေး။ ဘာစိတ်ကူးနဲ့ ဒီလို ခက်ခက်ခဲခဲ တပ်ထားတယ်မသိဘူး။ အထဲမှာ motor drive တွေတွေ့ပါတယ်။ တစ်လုံးက overload trip ဖြစ်နေတာတွေ့ရတယ်။ Reset လုပ်ပြီး ပြန်စမ်းတော့ ရသွားပါပြီ။ ပြန်ပြီး trip ဖြစ်မလားလို့ အကြိမ်ကြိမ်စမ်းတော့လည်း ထပ်မဖြစ်တော့တာမို့ ထားလိုက်တော့ပါတယ်။ ဘာမဟုတ်တဲ့ ပြဿနာက အဖြေရှာရတာထက် နေရာရှာရတာ ပိုကြာခဲ့တာပါ။ ဒါကြောင့် ပြောမိသေးတယ်။ ဒီတစ်ခါ လာတာ trouble-shoot မလုပ်ရဘဲ treasure hunt ကစားနေရတယ်လို့။
ဖြစ်ချင်တော့ တစ်ခြားပြဿနာတစ်ခု။ အဲဒီမှာ Fire Alarm panel က power supply failure ပြနေပါတယ်။ AC power တိုင်းကြည့်တော့ 220V ရှိနေပါတယ်
 Back up battery က 12 V နှစ်လုံး series ချိတ်ထားပါတယ်။ ဖြုတ်ပြီး တိုင်းကြည့်တော့ 19V လောက်ဘဲရှိပါတယ်။ Spare ရှိလားမေးတော့ မရှိဘူး ပြောပါတယ်။ ဒီတော့ အဲဒီ back up battery က ဒုက္ခပေးတယ်ဆိုတာ သေချာအောင်စမ်းကြည့်ပါမယ်။ 9V battery အသေး ၃ လုံးကို ရှာပြီး series ချိတ်ပြီး backup battery နေရာမှာ တပ်ကြည့်လိုက်တော့ Fault ပျောက်သွားပါတယ်။ တစ်ကယ်သုံးဖို့ မဟုတ်ပါဘူး။ Voltage sensing အတွက် signal ပေးကြည့်ရုံပါဘဲ။ စက်ချုပ်ကို backup Battery မှာပြီး လဲဖို့ ပြောခဲ့ပါတယ်။ 
ကျန်တာ ထွေထွေထူးထူး မရှိတော့ Report ရေးပြီ ပြန်ခဲ့ကြပါတော့တယ်။

Tuesday 8 August 2017

Fire Alarm (၄) - Commissioning of F & G

[zawgyi]

FSO တစ္စီးရဲ႕ project မွာ Fire and Gas (F & G) system ကို commissioning သြားလုပ္ေပးခဲ့ရပါတယ္။ Maker က Kongsberg ပါ။ ဒီမွာေတာ့ Fire protection နဲ႔ ပတ္သတ္လို႔ ေတာ္ေတာ္ေလး အေသးစိတ္လုပ္ထားတာ ေတြ႕ရပါတယ္။ System က က်ယ္ျပန္႔ေတာ့ ကၽြန္ေတာ္ေျပာျပတဲ့ အခ်က္အလက္ေတြ ျပည့္စုံမွာမဟုတ္ပါဘူး။ အတတ္ႏိုင္ဆုံး ႀကိဳးစားရွင္းျပပါမယ္။
Control ကေတာ့ Kongsberg ရဲ႕ ICSS ( Integrated Control and Safety System) ျဖစ္ပါတယ္။ ICSS ထဲမွာ F & G အျပင္ ESD( Emergency Shut Down), PSD ( Process Shut Down), PMS နဲ႔ တစ္ျခား Control ေတြပါ အကုန္ေရာပါေနပါတယ္။ ကၽြန္ေတာ္တို႔ကေတာ့ F & G ကိုဘဲ စစ္ေပးရမွာပါ။ သူတို႔အဆိုအရေတာ့ အဲဒီ system ဟာ SIL 3 (Safety Integrity Level 3) အထိရွိတယ္ေျပာပါတယ္။ Control relay ေတြကိုေတာင္မွ သာမန္ အမ်ဳိးအစား သုံးလို႔ မရပါဘူး။ SIL 3 relay ေတြကိုဘဲ သုံးရပါတယ္။


ဒီေနရာမွ SIL နဲ႔ ပါတ္သတ္လို႔ နည္းနည္း ေျပာျပခ်င္ပါတယ္။ SIL level ကို အႏၲရာယ္ျဖစ္ေစမယ့္ ခ်ဳိ႕ယြင္းမႈ ျဖစ္ႏိုင္ေျခ (Probability of Dangerous Failure) ေပၚမူတည္ၿပီးအဆင့္သတ္မွတ္ထားပါတယ္။ Relay လို ပစၥည္းမ်ဳိးမွာေတာ့ Probability of Failure on Demand (PFD) နဲ႔ တိုင္းတာပါတယ္။ SIL 3 relay ဆိုေတာ့ PFD (0.001 - 0.0001) အတြင္း ရွိရပါမယ္။ ဆိုလိုတာက operate လုပ္တဲ့ အႀကိမ္ေပါင္း 1000 နဲ႔ 10,000 ၾကားမွ တစ္ႀကိမ္ဘဲ ခ်ဳိ႕ယြင္းႏိုင္ေျခရွိရပါမယ္။ ဆက္တိုက္ အသုံးျပဳေနတဲ့ စံနစ္မ်ဳိးမွာေတာ့ အခ်ိန္နဲ႔ တြက္ပါတယ္။ တစ္နာရီအတြင္း ပ်က္ႏိုင္ေျခ Probability of Failure per Hour (PFH) နဲ႔ သတ္မွတ္ပါတယ္။ ေအာက္က ပုံမွာ ဇယားနဲ႔ ျပထားပါတယ္။
အခု ICSS system က DCS (Distributed Control System) စံနစ္နဲ႔ control လုပ္ထားတာပါ။ CCR (Central Control Room) ထဲမွာ control unit ေတြရွိသလို Fore Castle, ECR( Engine Control Room), LER (Local Equipment Room), ER (Engine Room) စတဲ့ ေနရာေတာ္ေတာ္ မ်ားမ်ားမွာ Field Station လို႔ ေခၚတဲ့ control cabinet ေတြနဲ႔ ခ်ိတ္ဆက္ ၿပီး control လုပ္ပါတယ္။ အဲဒီ Field Station ေတြထဲမွာ IO module ေတြရွိၿပီး field device ေတြ နဲ႔ communicate လုပ္တာပါ။
ဒီစံနစ္မွာ မီးေလာင္ယင္ Alarm ေပးယုံတင္မဟုတ္ပါဘူး၊ oxygen source ျဖစ္တဲ့ ventilation line ေတြကို damper ေတြနဲ႔ အလိုအေလ်ာက္ ပိတ္ဖို႔၊ Fire door ေတြကိုလည္း ပိတ္ဖို႔ စီစဥ္ထားပါတယ္။ တစ္ခ်ိဳေနရာေတြမွာ water mist စံနစ္နဲ႔ ေရမႈန္ေလးေတြ ပန္းထုတ္ဖို႔၊ တစ္ခ်ိဳ႕ေနရာမွာ CO2, foam release လုပ္ဖို႔ လည္းပါ ပါတယ္။ သက္ဆိုင္တဲ့ Fan, AHU, Pump ေတြ ရပ္ပစ္ဖို႔လည္း စီစဥ္ထားပါတယ္။ ေနာက္ၿပီး အေဝးကေန ထိန္းခ်ဳပ္ ျဖန္းတဲ့ Water Deluge မီးသတ္ပိုက္ေတြလည္း ရွိပါေသးတယ္။ 
ဒီေတာ့ F & G နဲ႔ ပါတ္သတ္တဲ့ input ေတြထဲမွာ Smoke Detector, Heat Detector, Flame Detector, Gas Detector, Manual Call Point ေတြအျပင္ Damper open / close position sensor, fire water line pressure sensor, tank level sensor, confine well differential  pressure sensor ေတြပါ ပါတယ္။ Output ေတြမွာဆိုလည္း Sounder ( Bell, Horn) ေတြ Signal Light ေတြအျပင္၊ damper control actuator output ေတြ၊ fire door magnet release ေတြ၊ water mist release ေတြ၊ Co2 release ေတြ၊ တစ္ျခား fan, AHU, pump ေတြ ကို ရပ္ဖို႔ interface relay ေတြ ပါ ပါတယ္။ Lift ကို ေတာင္ interrupt လုပ္ဖို႔ အထိပါ ပါတယ္။ Self check အေနနဲ႔ Sensor, detector, actuator, solenoid, relay အားလုံး ရဲ႕ open fault, short fault, earth fault monitor ရွိပါတယ္။ Field station ေတြမွာ power supply failure monitor လည္း ရွိပါေသးတယ္။ 
ကၽြန္ေတာ္တို႔က Kongsberg က In charge ပုဂၢိဳလ္ကို ကူၿပီး commissioning, testing အျပင္ လိုအပ္သလို trouble shooting ပါလုပ္ေပးရပါတယ္။ ေနာက္ surveyor နဲ႔ cause and effect simulation test ေတြလုပ္ေတာ့လည္း ကူရတာေပါ့။ Cause and Effect ဆိုတာေတာ့ ကၽြန္ေတာ္တို႔ Sensor point တစ္ခုကို simulated fire alarm ျဖစ္ေအာင္ လုပ္ေပးလိုက္ယင္ alarm output ထြက္ရဲ႕လား၊ အဲဒီေနရာနဲ႔ ပတ္သတ္တဲ့ damper ေတြ ပိတ္သြားရဲ႕လား၊ သက္ဆိုင္တဲ့ door magnet ေတြ release လုပ္ရဲ႕လား၊ သက္ဆိုင္တဲ့ fan ေတြ၊ တစ္ျခား system ေတြ trip ျဖစ္သြားရဲ႕လား၊ water mist ရွိတဲ့ ေနရာဆိုယင္ release ျဖစ္ရဲ႕လား စသျဖင့္ စစ္ေဆးတာကို ေခၚပါတယ္။ Vessel တစ္ခုလုံးကို activate လုပ္တာမဟုတ္ဘဲ သက္ဆိုင္တဲ့ cause ေပၚမူတည္ၿပီး affected  ေနရာ၊ zone ကို activate လုပ္ေပးတာပါ။ 

အဲဒီမွာ ရွင္းခဲ့တဲ့ ျပႆနာ တစ္ခ်ဳိ႕ကို ဥပမာအေနနဲ႔ ေျပာျပပါမယ္။ Damper open fault ျဖစ္တယ္ဆိုပါေတာ့၊ တစ္ခ်ဳိ႕ case မွာ feedback sensor ႀကိဳး polarity ေျပာင္းျပန္တပ္ထားပါတယ္။ ႀကိဳးျပန္ေျပာင္း လိုက္ယင္ရပါၿပီ။ တစ္ခ်ဳိ႕ case မွာ sensor ဆီ voltage မေရာက္ပါဘူး။ ဒါမ်ဳိးဆိုယင္ Field station နဲ႔ loop check လုပ္ၿပီး ႀကိဳးမွန္မမွန္ စစ္ရပါတယ္။ ႀကိဳးမွားယင္ ျပန္ျပင္ရတာေပါ့။ Field station မွာ လည္း Zener barrier ပါတာရွိသလို barrier မပါတာလည္း ရွိတတ္ပါတယ္။ Barrier ပါတာဆိုယင္ barrier နဲ႔ IO module ၾကားမွာ ျပန္စစ္ရပါတယ္။ ၾကဳံခဲ့ရတဲ့ ျပႆနာေတြ ကေတာ့ (၁) ႀကိဳးမွား၊ ႀကိဳးျပဳတ္ေနတာ၊ (၂) Barrier မေကာင္းတာ၊ (၃) Barrier type မွားေနတာ (digital နဲ႔ analog type ႏွစ္မ်ဳိး ရွိပါတယ္။)၊ (၄) IO module မွာ channel မွားေနတာ (၅) ၾကားထဲမွာ knife switch ရွိခဲ့ယင္ ပြင့္ေနတာ၊ တစ္ခုခု ေၾကာင့္ပါ။ တစ္ခ်ဳိ႕ case မွာ တစ္ကယ္ကို damper က open မျဖစ္ပါဘူး။ အဲဒါမ်ဳိးဆိုယင္ metal တစ္ခုနဲ႔ sensor ေရွ႕မွာ ကပ္ၾကည့္၊ ခြာၾကည့္ၿပီး voltage ေျပာင္းမေျပာင္း စစ္ပါတယ္။ ေျပာင္းယင္ feedback sensor ဘက္က ေကာင္းတယ္ေပါ့။ ( ၾကဳံလို႔ေျပာရယင္ ဒီ sensor ေတြမွာ internal series and parallel resistor ေတြရွိပါတယ္။ 820 ohm series resistor  နဲ႔ 2.7 k ohm parallel resistor ေတြပါ။ ဒါေၾကာင့္ open wire, short wire ကို detect လုပ္ႏိုင္တာပါ။ ) 




Sensor ေကာင္းတယ္ဆိုေတာ့ Damper မပြင့္တဲ့ အေၾကာင္းထပ္ ရွာရတာေပါ့။ Damper ကို ပြင့္ဖို႔ Pneumatic actuator တစ္ခုရွိပါတယ္။ Actuator အဝင္ ေလပိုက္ကို solenoid တပ္ထားၿပီး 24 V DC ျဖစ္တဲ့ IO module က လာတဲ့ command အရ ဖြင့္၊ပိတ္ လုပ္ေပးတာပါ။ Fail safe အရ solenoid မွာ 24V မရွိယင္ damper က normally close ပါ။ Solenoid energize ျဖစ္မွ compressed air ေလေၾကာင့္ damper ပြင့္သြားမွာပါ။ ေတြ႕ခဲ့ရတဲ့ ျပႆနာေတြကေတာ့ (၁) compressed air မရွိတာ၊ (၂) IO module မွာ ႀကိဳး မွားၿပီး voltage မေရာက္တာ၊ (၃) ေလ အဝင္ manual hand valve position မွားေနတာ (၄) Actuator ရဲ႕ flow control valve မေကာင္းတာ၊ တစ္ခုခုေၾကာင့္ပါ။ ဒီစံနစ္မွာ တစ္ခုထူးျခားတာက Solenoid ကို activate လုပ္ယင္ 24V, deactivate လုပ္ယင္ 0 V ေပါ့ေနာ္။ တစ္ကယ္လို႔ ႀကိဳးျဖဳတ္ထားယင္ system မွာ error ျပၿပီး၊ field ဘက္မွာ တိုင္းၾကည့္ယင္ 30V ရပါတယ္။ 
Project က အသစ္ install လုပ္ထားတာဆိုေတာ့ contractor မ်ဳိးစုံနဲ႔ အမွားမ်ဳိးစုံၾကံဳရပါတယ္။ တစ္လခြဲေလာက္ လုပ္ေပးခဲ့ၿပီး ေနာက္ဆုံးေတာ့ ၿပီးသြားခဲ့တယ္ေပါ့။ 

[unicode]
FSO တစ်စီးရဲ့ project မှာ Fire and Gas (F & G) system ကို commissioning သွားလုပ်ပေးခဲ့ရပါတယ်။ Maker က Kongsberg ပါ။ ဒီမှာတော့ Fire protection နဲ့ ပတ်သတ်လို့ တော်တော်လေး အသေးစိတ်လုပ်ထားတာ တွေ့ရပါတယ်။ System က ကျယ်ပြန့်တော့ ကျွန်တော်ပြောပြတဲ့ အချက်အလက်တွေ ပြည့်စုံမှာမဟုတ်ပါဘူး။ အတတ်နိုင်ဆုံး ကြိုးစားရှင်းပြပါမယ်။

Control ကတော့ Kongsberg ရဲ့ ICSS ( Integrated Control and Safety System) ဖြစ်ပါတယ်။ ICSS ထဲမှာ F & G အပြင် ESD( Emergency Shut Down), PSD ( Process Shut Down), PMS နဲ့ တစ်ခြား Control တွေပါ အကုန်ရောပါနေပါတယ်။ ကျွန်တော်တို့ကတော့ F & G ကိုဘဲ စစ်ပေးရမှာပါ။ သူတို့အဆိုအရတော့ အဲဒီ system ဟာ SIL 3 (Safety Integrity Level 3) အထိရှိတယ်ပြောပါတယ်။ Control relay တွေကိုတောင်မှ သာမန် အမျိုးအစား သုံးလို့ မရပါဘူး။ SIL 3 relay တွေကိုဘဲ သုံးရပါတယ်။ ဒီနေရာမှ SIL နဲ့ ပါတ်သတ်လို့ နည်းနည်း ပြောပြချင်ပါတယ်။ SIL level ကို အန္တရာယ်ဖြစ်စေမယ့် ချို့ယွင်းမှု ဖြစ်နိုင်ခြေ (Probability of Dangerous Failure) ပေါ်မူတည်ပြီးအဆင့်သတ်မှတ်ထားပါတယ်။ Relay လို ပစ္စည်းမျိုးမှာတော့ Probability of Failure on Demand (PFD) နဲ့ တိုင်းတာပါတယ်။ SIL 3 relay ဆိုတော့ PFD (0.001 - 0.0001) အတွင်း ရှိရပါမယ်။ ဆိုလိုတာက operate လုပ်တဲ့ အကြိမ်ပေါင်း 1000 နဲ့ 10,000 ကြားမှ တစ်ကြိမ်ဘဲ ချို့ယွင်းနိုင်ခြေရှိရပါမယ်။ ဆက်တိုက် အသုံးပြုနေတဲ့ စံနစ်မျိုးမှာတော့ အချိန်နဲ့ တွက်ပါတယ်။ တစ်နာရီအတွင်း ပျက်နိုင်ခြေ Probability of Failure per Hour (PFH) နဲ့ သတ်မှတ်ပါတယ်။ အောက်က ပုံမှာ ဇယားနဲ့ ပြထားပါတယ်။

အခု ICSS system က DCS (Distributed Control System) စံနစ်နဲ့ control လုပ်ထားတာပါ။ CCR (Central Control Room) ထဲမှာ control unit တွေရှိသလို Fore Castle, ECR( Engine Control Room), LER (Local Equipment Room), ER (Engine Room) စတဲ့ နေရာတော်တော် များများမှာ Field Station လို့ ခေါ်တဲ့ control cabinet တွေနဲ့ ချိတ်ဆက် ပြီး control လုပ်ပါတယ်။ အဲဒီ Field Station တွေထဲမှာ IO module တွေရှိပြီး field device တွေ နဲ့ communicate လုပ်တာပါ။

ဒီစံနစ်မှာ မီးလောင်ယင် Alarm ပေးယုံတင်မဟုတ်ပါဘူး၊ oxygen source ဖြစ်တဲ့ ventilation line တွေကို damper တွေနဲ့ အလိုအလျောက် ပိတ်ဖို့၊ Fire door တွေကိုလည်း ပိတ်ဖို့ စီစဉ်ထားပါတယ်။ တစ်ချိုနေရာတွေမှာ water mist စံနစ်နဲ့ ရေမှုန်လေးတွေ ပန်းထုတ်ဖို့၊ တစ်ချို့နေရာမှာ CO2, foam release လုပ်ဖို့ လည်းပါ ပါတယ်။ သက်ဆိုင်တဲ့ Fan, AHU, Pump တွေ ရပ်ပစ်ဖို့လည်း စီစဉ်ထားပါတယ်။ နောက်ပြီး အဝေးကနေ ထိန်းချုပ် ဖြန်းတဲ့ Water Deluge မီးသတ်ပိုက်တွေလည်း ရှိပါသေးတယ်။

ဒီတော့ F & G နဲ့ ပါတ်သတ်တဲ့ input တွေထဲမှာ Smoke Detector, Heat Detector, Flame Detector, Gas Detector, Manual Call Point တွေအပြင် Damper open / close position sensor, fire water line pressure sensor, tank level sensor, confine well differential  pressure sensor တွေပါ ပါတယ်။ Output တွေမှာဆိုလည်း Sounder ( Bell, Horn) တွေ Signal Light တွေအပြင်၊ damper control actuator output တွေ၊ fire door magnet release တွေ၊ water mist release တွေ၊ Co2 release တွေ၊ တစ်ခြား fan, AHU, pump တွေ ကို ရပ်ဖို့ interface relay တွေ ပါ ပါတယ်။ Lift ကို တောင် interrupt လုပ်ဖို့ အထိပါ ပါတယ်။ Self check အနေနဲ့ Sensor, detector, actuator, solenoid, relay အားလုံး ရဲ့ open fault, short fault, earth fault monitor ရှိပါတယ်။ Field station တွေမှာ power supply failure monitor လည်း ရှိပါသေးတယ်။

ကျွန်တော်တို့က Kongsberg က In charge ပုဂ္ဂိုလ်ကို ကူပြီး commissioning, testing အပြင် လိုအပ်သလို trouble shooting ပါလုပ်ပေးရပါတယ်။ နောက် surveyor နဲ့ cause and effect simulation test တွေလုပ်တော့လည်း ကူရတာပေါ့။ Cause and Effect ဆိုတာတော့ ကျွန်တော်တို့ Sensor point တစ်ခုကို simulated fire alarm ဖြစ်အောင် လုပ်ပေးလိုက်ယင် alarm output ထွက်ရဲ့လား၊ အဲဒီနေရာနဲ့ ပတ်သတ်တဲ့ damper တွေ ပိတ်သွားရဲ့လား၊ သက်ဆိုင်တဲ့ door magnet တွေ release လုပ်ရဲ့လား၊ သက်ဆိုင်တဲ့ fan တွေ၊ တစ်ခြား system တွေ trip ဖြစ်သွားရဲ့လား၊ water mist ရှိတဲ့ နေရာဆိုယင် release ဖြစ်ရဲ့လား စသဖြင့် စစ်ဆေးတာကို ခေါ်ပါတယ်။ Vessel တစ်ခုလုံးကို activate လုပ်တာမဟုတ်ဘဲ သက်ဆိုင်တဲ့ cause ပေါ်မူတည်ပြီး affected  နေရာ၊ zone ကို activate လုပ်ပေးတာပါ။

အဲဒီမှာ ရှင်းခဲ့တဲ့ ပြဿနာ တစ်ချို့ကို ဥပမာအနေနဲ့ ပြောပြပါမယ်။ Damper open fault ဖြစ်တယ်ဆိုပါတော့၊ တစ်ချို့ case မှာ feedback sensor ကြိုး polarity ပြောင်းပြန်တပ်ထားပါတယ်။ ကြိုးပြန်ပြောင်း လိုက်ယင်ရပါပြီ။ တစ်ချို့ case မှာ sensor ဆီ voltage မရောက်ပါဘူး။ ဒါမျိုးဆိုယင် Field station နဲ့ loop check လုပ်ပြီး ကြိုးမှန်မမှန် စစ်ရပါတယ်။ ကြိုးမှားယင် ပြန်ပြင်ရတာပေါ့။ Field station မှာ လည်း Zener barrier ပါတာရှိသလို barrier မပါတာလည်း ရှိတတ်ပါတယ်။ Barrier ပါတာဆိုယင် barrier နဲ့ IO module ကြားမှာ ပြန်စစ်ရပါတယ်။ ကြုံခဲ့ရတဲ့ ပြဿနာတွေ ကတော့ (၁) ကြိုးမှား၊ ကြိုးပြုတ်နေတာ၊ (၂) Barrier မကောင်းတာ၊ (၃) Barrier type မှားနေတာ (digital နဲ့ analog type နှစ်မျိုး ရှိပါတယ်။)၊ (၄) IO module မှာ channel မှားနေတာ (၅) ကြားထဲမှာ knife switch ရှိခဲ့ယင် ပွင့်နေတာ၊ တစ်ခုခု ကြောင့်ပါ။ တစ်ချို့ case မှာ တစ်ကယ်ကို damper က open မဖြစ်ပါဘူး။ အဲဒါမျိုးဆိုယင် metal တစ်ခုနဲ့ sensor ရှေ့မှာ ကပ်ကြည့်၊ ခွာကြည့်ပြီး voltage ပြောင်းမပြောင်း စစ်ပါတယ်။ ပြောင်းယင် feedback sensor ဘက်က ကောင်းတယ်ပေါ့။ ( ကြုံလို့ပြောရယင် ဒီ sensor တွေမှာ internal series and parallel resistor တွေရှိပါတယ်။ 820 ohm series resistor  နဲ့ 2.7 k ohm parallel resistor တွေပါ။ ဒါကြောင့် open wire, short wire ကို detect လုပ်နိုင်တာပါ။ )

Sensor ကောင်းတယ်ဆိုတော့ Damper မပွင့်တဲ့ အကြောင်းထပ် ရှာရတာပေါ့။ Damper ကို ပွင့်ဖို့ Pneumatic actuator တစ်ခုရှိပါတယ်။ Actuator အဝင် လေပိုက်ကို solenoid တပ်ထားပြီး 24 V DC ဖြစ်တဲ့ IO module က လာတဲ့ command အရ ဖွင့်၊ပိတ် လုပ်ပေးတာပါ။ Fail safe အရ solenoid မှာ 24V မရှိယင် damper က normally close ပါ။ Solenoid energize ဖြစ်မှ compressed air လေကြောင့် damper ပွင့်သွားမှာပါ။ တွေ့ခဲ့ရတဲ့ ပြဿနာတွေကတော့ (၁) compressed air မရှိတာ၊ (၂) IO module မှာ ကြိုး မှားပြီး voltage မရောက်တာ၊ (၃) လေ အဝင် manual hand valve position မှားနေတာ (၄) Actuator ရဲ့ flow control valve မကောင်းတာ၊ တစ်ခုခုကြောင့်ပါ။ ဒီစံနစ်မှာ တစ်ခုထူးခြားတာက Solenoid ကို activate လုပ်ယင် 24V, deactivate လုပ်ယင် 0 V ပေါ့နော်။ တစ်ကယ်လို့ ကြိုးဖြုတ်ထားယင် system မှာ error ပြပြီး၊ field ဘက်မှာ တိုင်းကြည့်ယင် 30V ရပါတယ်။

Project က အသစ် install လုပ်ထားတာဆိုတော့ contractor မျိုးစုံနဲ့ အမှားမျိုးစုံကြုံရပါတယ်။ တစ်လခွဲလောက် လုပ်ပေးခဲ့ပြီး နောက်ဆုံးတော့ ပြီးသွားခဲ့တယ်ပေါ့။

Wednesday 2 August 2017

Fire Alarm (၃) - Control Panel Retrofit



[zawgyi]
Tanker တစ္ခုမွာ Fire Alarm Panel ကို အသစ္လဲေပးရတာပါ။ အေဟာင္းရဲ႕ maker ကလည္း Consilium ပါဘဲ။ အသစ္ကလည္း Consilium ပါဘဲ။ Model ကေတာ့ ပို ျမင့္လာတာေပါ့။ Model အသစ္ျဖစ္တဲ့ အတြက္ connection နည္းနည္းကြာပါတယ္။ ေနာက္ၿပီး mounting လည္း ကြာပါတယ္။ System က addressable type ပါ။ Panel နဲ႔ system commissioning ဘဲ လုပ္ရမယ္။ Field side ကို စစ္စရာမလိုဘူး ေျပာပါတယ္။

ပစၥည္းေတြနဲ႔ maker ရဲ႕ conversion instruction ေတြယူၿပီး သြားတက္ၾကတာေပါ့။ Panel အေဟာင္းက ႀကိဳးေတြမွတ္ၿပီး ျဖဳတ္ခ်၊အသစ္ကို ထိုင္လိုက္ပါတယ္။ အထိုင္မတူတဲ့ အတြက္ modification တစ္ခ်ိဳ႕ေတာ့ လုပ္ရတာေပါ့။ Controller အသစ္နဲ႔ အေဟာင္း မတူတဲ့ အေလ်ာက္ connection ေတြ ေျပာင္းဆက္ေပးရပါတယ္။ Maker ရဲ႕ instruction ပါေတာ့ သိပ္ျပႆနာမရွိပါဘူး။ သူ႔ၫႊန္ၾကားခ်က္ အတိုင္း လိုက္နာယုံဘဲေပါ့။ Software configuration ကို maker က system အေဟာင္းအတိုင္း လုပ္ထားေပးတယ္ ေျပာပါတယ္။
Sensor loop က ၂ ခုဘဲ ရွိပါတယ္။ Loop တစ္ခုမွာ အထြက္ႀကိဳး ၂ ေခ်ာင္း ျပန္ဝင္တဲ့ႀကိဳး ၂ ေခ်ာင္း ဆိုေတာ့ ၄ ေခ်ာင္းစီရွိပါတယ္။ ဒီလို စံနစ္မွာ EOL resistor မရွိပါဘူး။ ေနာက္ၿပီး loop မွာ တစ္ေနရာရာက open ျဖစ္သြားယင္၊ open fault ေတာ့ျပတယ္။ အဲဒီ loop ထဲက sensor ေတြက အျပန္ဘက္က power ျပန္ရတဲ့ အတြက္ ဆက္အလုပ္လုပ္ေနဆဲပါဘဲ။ ဒီေတာ့ redundancy ေကာင္းတယ္ေပါ့ဗ်ာ။
Loop ၂ ခုထဲ ရွိေပမဲ့ စုစုေပါင္း sensor point ၁၆၀ ေက်ာ္ကို zone ၂၀ ခု ေလာက္ခြဲထားပါတယ္။ Zone နဲ႔ loop ဘာကြာသလဲဆိုေတာ့ loop ဆိုတာ physical segregation လို႔ ေျပာရမယ္။ တစ္ကယ့္ hard wire မွာ ခြဲထားတာေပါ့။ Zone ဆိုတာက ေတာ့ virtual definition ေပါ့။ ျမင္လြယ္ေအာင္ ဒါမွမဟုတ္ ေနရာတူတဲ့ point ေတြကို အုပ္စုဖြဲ႕ေပးတဲ့သေဘာပါ။ တစ္ခ်ဳိ႕ စံနစ္ေတြမွာေတာ့ zone နဲ႔ loop အတူတူ ထားလိုက္တာမ်ဳိးလည္းရွိပါတယ္။ စီစဥ္တဲ့သူရဲ႕ စိတ္ကူးေပါ့။
ေနာက္ၿပီး ဒီ system မွာ sensor point ေတြရဲ႕ address ကို dip switch ေလးေတြနဲ႔ သတ္မွတ္ထားပါတယ္။ Point တိုင္းဟာ ကိုယ္ပိုင္ address ရွိပါတယ္။ Address ၂ ခု တူလို႔မရပါဘူး။ ေတြ႕ဖူးတဲ့ တစ္ခ်ဳိ႕ system ေတြမွာ address ကို programmer unit တစ္ခုနဲ႔ write လုပ္ၿပီးထည့္ေပးရတာမ်ဳိး ရွိတတ္ပါတယ္။ အဲဒီလို စံနစ္မွာဆို sensor လဲတိုင္း sensor အေဟာင္းနဲ႔ တူတဲ့ address ကို sensor အသစ္မွာ write လုပ္ေပးရပါတယ္။ တစ္ခ်ဳိ႕စံနစ္ ကေတာ့ Address chip ေလးက base unit မွာ တြဲရွိေနတာမ်ဳိးလည္း ရွိတတ္ပါတယ္။ ဒါမ်ဳိးကို sensor အသစ္လဲယင္ အလြယ္တစ္ကူ sensor cap unit ဘဲ လဲေပးလို႔ရပါတယ္။
Panel အသစ္ထိုင္ၿပီး ႀကိဳးေတြ အကုန္လဲၿပီးေတာ့ power ON ၿပီး စမ္းၾကည့္ပါတယ္။ Initialize လုပ္ၿပီးတဲ့ အခ်ိန္မွာ fault ၁၀ ခုေလက္ တန္းစီတက္လာပါတယ္။ အမ်ားစုက Sensor point ေတြရဲ႕ fault ေတြပါ။ ဓာတ္ႀကိဳး အကူအညီနဲ႔ sensor တစ္ပြိဳင့္ခ်င္းစီရဲ႕ ျပႆနာေတြလိုက္ရွင္းရပါတယ္။ Job scope မွာ Field side ကျပႆနာ စစ္စရာ မလိုဘူး ေျပာေပမဲ့ တစ္ကယ္ system အသစ္ကို လက္ခံဖို႔ fault ေတြ အကုန္ရွင္းေပးရမွာ ဆိုေတာ့ မတတ္ႏိုင္ဘူး။ လိုက္ရွင္းရတာေပါ့။ 
တစ္ခ်ဳိ႕ fault ေတြက sensor not found ဆိုတာ ေတြ႕ပါတယ္။ အဲဒီ sensor ရဲ႕ address (ဥပမာ Zone 20, Heat 6 ဆိုယင္ Zone 20 မွာရွိတဲ့ heat detector, point no 6) ကို သူ႔ description နဲ႔ ရွာၿပီး Sensor contact point မထိလို႔လား၊ Address set လုပ္ထားတာ မမွန္လို႔လား၊ Sensor မေကာင္းလို႔လား စစ္ၿပီး ရွင္းေပးရပါတယ္။
 တစ္ခ်ဳိ႕ fault မွာေတာ့ wrong type of loop unit found ဆိုတာေတြ႕ရပါတယ္။ ဒါမ်ဳိးကေတာ့ အစဆုံး initial configuration မွာ မွတ္ထာတဲ့ Sensor type နဲ႔ ေနာက္လဲတပ္လိုက္တဲ့ sensor type မတူယင္ ျဖစ္တတ္ပါတယ္။ Sensor type တူေအာင္ ျပန္လဲေပးရပါတယ္။ ဒီsystem က sensitive ျဖစ္ပါတယ္။ Smoke detector မွာ Optical smoke detector နဲ႔ Ionization smoke detector မတူယင္ေတာင္ ဒီ fault မ်ဳိး တက္ပါတယ္။
ေနာက္ fault တစ္မ်ဳိးကေတာ့ Dirty sensor fault ပါ။ System က sensor ေတြရဲ႕ current တြကို monitor လုပ္ေနတာပါ။ Fire alarm detect ျဖစ္သြားယင္ sensor ရဲ႕ resistance က်သြားၿပီး current တက္သြားတဲ့အတြက္ Alarm trigger လုပ္ေပးတာပါ။ Optical detector တြမွာ transmitter LED နဲ႔ receiver ၾကားထဲက ေလရဲ႕ opacity အရ current ေျပာင္းသြားပါတယ္။ smoke ဝင္လာလို႔ receiver မွာ လုံေလာက္တဲ့ အလင္းမရယင္ current တက္မွာပါ။ Current က base line ထက္ပိုျမင့္ေနယင္ ဒီ alarm မ်ဳိးတက္ႏိုင္ပါတယ္။ receiver မွာ ဖုံေတြကပ္ေနၿပီး opacity ေလ်ာ့သြားတာေၾကာင့္ ျဖစ္ႏိုင္ပါတယ္။ အဲဒီ fault ျဖစ္တဲ့ အခန္းမွာ တစ္ကယ္ မီးခိုး မရွိဘူးဆိုယင္ Sensor ကို ဖြင့္ compresses air နဲ႔ မႈတ္ ၿပီးသန္႔ရွင္းေရး လုပ္ၾကည့္ရပါတယ္။ မရယင္ေတာ့ sensor လဲရတာေပါ့။
False fire alarm ျဖစ္တာ ၂ ေနရာေလာက္ရွိပါတယ္။ တစ္ခုက Engine room level 1 မွာပါ။ Sensor type က Flame detector ပါ။ ER ရဲ႕ အလယ္ မ်က္ႏွာက်က္မွာ alarm trigger ျဖစ္တဲ့ အတြက္ LED မီး အနီေလး ေတာက္ေလွ်ာက္ လင္းေနပါတယ္။ ဓာတ္ႀကိဳးႀကီးေျပာတာေတာ့ အသစ္လဲထားတာ မၾကာေသးဘူး ေျပာပါတယ္။ Reset လုပ္လိုက္ေတာ့ ေပ်ာက္သြားပါတယ္။ ေစာင့္ၾကည့္ေနတုန္း နည္းနည္းၾကာေတာ့ ေနာက္တစ္ခါ ထပ္ျဖစ္ပါတယ္။ သတိထားမိတာက alarm ေပၚတဲ့ အခ်ိန္က Workshop ထဲမွာ welding ေဆာ္တဲ့ အခ်ိန္နဲ႔ သြား တိုက္ဆိုင္ေနပါတယ္။ Welding ရဲ႕ အလင္းေရာင္က အျပင္ ME ေနရာအထိ ျဖာထြက္ေနပါတယ္။ အဲဒီေတာ့ flame detector က အဲဒီ အေရာင္ကို ဖမ္းမိၿပီး false alarm ထုတ္ေပးတာ ျဖစ္မွာပါ။ စက္ခ်ဳပ္နဲ႔ ကုန္းခ်ဳပ္ကို Sensor point disable (isolate) လုပ္တဲ့နည္း သင္ေပးရပါတယ္။ ေနာက္ၿပီး Welding ေဆာ္မယ့္အခ်ိန္ သက္ဆိုင္တဲ့ sensor point ေတြ disable လုပ္ထားဖို႔ ေျပာျပရပါတယ္။
ေနာက္ထပ္ false fire alarm ျဖစ္တဲ့ေနရာက pump room ကပါ။ Pump room ထဲ ဝင္ဝင္ခ်င္း Smoke detector တစ္ခုေတြ႕ပါတယ္။ Explosion proof type ဆိုေတာ့ ျမင္ေနက်ပုံစံေတာ့ မဟုတ္ဘူးေပါ့။ အဲဒီ sensor မွာ LED မီးလင္းေနတာလည္းမေတြ႕ရဘူး။ ဒီအမ်ဳိးအစားက fire alarm ျဖစ္ေပမဲ့ LED မလင္းတဲ့ အမ်ဳိးလားလို႔ ထင္မိပါတယ္။ ျဖဳတ္ၿပီး ျပန္တပ္လိုက္ပါတယ္။ Panel မွာ reset လုပ္ခိုင္းေတာ့ fire alarm ထပ္လာပါတယ္။ Sensor လဲဖို႔ ဓာတ္ႀကိဳးကိုေမးၾကည့္ေတာ့ အသစ္မရွိဘူူးေျပာပါတယ္။ အဲဒီေတာ့မွ ဓာတ္ႀကိဳးႀကီးေျပာျပတာ pump room ထဲမွာ sensor point ေတြ အမ်ားႀကီး ရွိေသးတယ္တဲ့။ Sensor list မွာ pump room အတြက္ sensor တစ္ခု (address တစ္ခု) ဘဲ ရွိပါတယ္။ Sensor point map ေတာ့ ရွာမရလို႔ မၾကည့္ရဘူးေပါ့။ ဒါဆိုယင္ က်န္တဲ့ sensor point ေတြရဲ႕ address က ဘယ္မွာလဲေပါ့။ ေနာက္ေသခ်ာလိုက္ၾကည့္ေတာ့မွ pump room အတြက္ isolator တစ္ခုရွိပါတယ္။ အဲဒီမွာ address တစ္ခုထဲေပးထားၿပီး pump room ထဲမွာရွိတဲ့ sensor point ၇ ခုကို conventional type loop သေဘာ ဆက္ထားတဲ့ အတြက္ အဲဒီ sensor ၇ ခုထဲက ဘယ္ဟာဘဲ alarm ျဖစ္ျဖစ္ ဒီ address တစ္ခုထဲကိုဘဲ ျပမွာပါ။ ဒီလိုသေဘာေပါက္သြားေတာ့မွ pump room ထဲက sensor ေတြ တစ္ခုစီ လိုက္ၾကည့္ပါတယ္။ level 3 မွာရွိတဲ့ sensor က LED ေတာက္ေလ်ာက္ လင္းေနတာ ေတြ႕ပါတယ္။ အဲဒီ sensor က မေကာင္းတဲ့သေဘာေပါ့။ လဲဖို႔ရာ အသစ္လည္း မရွိေတာ့ ယာယီ ေက်ာ္ေပးလိုက္ပါတယ္။ ျပန္ reset လုပ္လိုက္ေတာ့ ေကာင္းသြားပါတယ္။ ေနာက္မွ ပစၥည္းမွာၿပီး လဲဖို႔ ဓာတ္ႀကိဳးႀကီးကို ေျပာခဲ့ပါတယ္။
ေနာက္ဆုံးေတာ့ fault တစ္ခုဘဲ က်န္ေတာ့တယ္။ Extra loop unit found တဲ့။ Loop status page ဝင္ၾကည့္ေတာ့ loop 1 မွာ found 58, expected 57 လို႔ေတြ႕ပါတယ္။ Sensor point တစ္ခုပိုေနတယ္ဆိုေတာ့ သူတို႔ configure လုပ္ဖို႔က်န္တာ ျဖစ္ႏိုင္တယ္လို႔ စဥ္းစားမိပါတယ္။ အဲဒီ point ကို ရွာပုံေတာ္ ဖြင့္ရပါတယ္။ Sensor list နဲ႔ address ကိုစာရြက္တစ္ခုမွာကူး၊ တစ္ခုၿပီးတစ္ခု လိုက္စစ္၊ ေတြ႕ယင္ အမွတ္ျခစ္။ အဲဒီလိုနဲ႔ ရွာလိုက္တာ ေနာက္ဆုံး Laundry room ထဲက sensor ကစာရင္းထဲမွာ မပါဘူးျဖစ္ေနတယ္။ Sensor ျဖဳတ္ၿပီး reset လုပ္လိုက္ေတာ့ ဘာ fault မွ မရွိေတာ့ပါဘူး။ ဒီေတာ့ panel မွာ service level နဲ႔ log in ျပန္ဝင္ၿပီး အဲဒီ sensor point ကို ထပ္ထည့္ရတာေပါ့။ Configure ၿပီးေတာ့ sensor ျပန္တပ္၊ စမ္းၾကည့္တဲ့ အခါ အဆင္ေျပပါတယ္။
Functionality test အတြက္ sensor တစ္ခ်ဳိ႕ကို စမ္းျပရပါတယ္။ အကုန္အဆင္ေျပပါတယ္။ ဒါေပမဲ့ ေနာက္ဆုံး General Alarm စမ္းေတာ့ ဒုကၡေပးပါေတာ့တယ္။ GA အတြက္ abandon ship signal ( 7 short, 1 long) tone ကို ဒီ fire alarm panel ကဘဲထုတ္ေပးရပါတယ္။ Input ကေတာ့ push button ႏွစ္ခု၊ Auto နဲ႔ Manual အတြက္ပါ။ Auto နွိပ္ယင္ တစ္ခ်က္ နွိပ္လိုက္တာနဲ႔ 7 short, 1 long အလိုအေလ်ာက္ထြက္တာပါ။ Manual ကေတာ့ ခလုတ္ကို ဖိထားသမွ် အသံထြက္မယ္။ လႊတ္လိုက္ယင္ ရပ္မယ္ေပါ့။ အဲဒါစမ္းေတာ့ output အတြက္ LED ေလး လင္းလာတာ မွိတ္သြားတာ ေတြ႕ေနရပါတယ္။ ဒါေပမဲ့ အသံ မထြက္ပါဘူး။ Connection အရ Public Announcement (PA) system ကို ဆက္ထားပါတယ္။ PA မွာၾကည့္ေတာ့ output ထြက္တဲ့အခ်ိန္ လက္ရွိ PA ဘာဘဲ ေျပာေန လႊင့္ေနပါေစ၊ interrupt လုပ္ေပးတဲ့ signal ေတာ့ ေရာက္ပါတယ္။ ဘာသံမွ ထြက္မလာပါဘူး။ PA မွာ tone generator မပါ ပါဘူး။ Fire panel ကလည္း PA ကိုေပးမဲ့ sound signal မရွိဘူး။ ကုန္းခ်ဳပ္ကို ေမးၾကည့္ေတာ့ အယင္က GA signal ကို fire alarm ရဲ႕ sounder output တြျဖစ္တဲ့ bell တို႔ horn တို႔ ကေန ျမည္တယ္ေျပာပါတယ္။ ဒီေတာ့ relay ေလးတစ္လုံးထည့္ၿပီး modify လုပ္ေပးယင္ ရႏိုင္ပါတယ္။ Maker နဲ႔ owner ရဲ႕ သေဘာတူညီခ်က္ ရမွျဖစ္မွာပါ။ ဖုန္းဆက္ၾကည့္ေတာ့ သေဘာတူတယ္ဆိုတဲ့ အတြက္ circuit ေျပာင္းၿပီး GA output ထြက္ေအာင္လုပ္ေပးခဲ့ပါတယ္။ က်န္တာေတာ့ documentation နဲ႔ training လုပ္ေပးခဲ့တာေပါ့ဗ်ာ။ 

[unicode]
Tanker တစ်ခုမှာ Fire Alarm Panel ကို အသစ်လဲပေးရတာပါ။ အဟောင်းရဲ့ maker ကလည်း Consilium ပါဘဲ။ အသစ်ကလည်း Consilium ပါဘဲ။ Model ကတော့ ပို မြင့်လာတာပေါ့။ Model အသစ်ဖြစ်တဲ့ အတွက် connection နည်းနည်းကွာပါတယ်။ နောက်ပြီး mounting လည်း ကွာပါတယ်။ System က addressable type ပါ။ Panel နဲ့ system commissioning ဘဲ လုပ်ရမယ်။ Field side ကို စစ်စရာမလိုဘူး ပြောပါတယ်။
ပစ္စည်းတွေနဲ့ maker ရဲ့ conversion instruction တွေယူပြီး သွားတက်ကြတာပေါ့။ Panel အဟောင်းက ကြိုးတွေမှတ်ပြီး ဖြုတ်ချ၊အသစ်ကို ထိုင်လိုက်ပါတယ်။ အထိုင်မတူတဲ့ အတွက် modification တစ်ချို့တော့ လုပ်ရတာပေါ့။ Controller အသစ်နဲ့ အဟောင်း မတူတဲ့ အလျောက် connection တွေ ပြောင်းဆက်ပေးရပါတယ်။ Maker ရဲ့ instruction ပါတော့ သိပ်ပြဿနာမရှိပါဘူး။ သူ့ညွှန်ကြားချက် အတိုင်း လိုက်နာယုံဘဲပေါ့။ Software configuration ကို maker က system အဟောင်းအတိုင်း လုပ်ထားပေးတယ် ပြောပါတယ်။ Sensor loop က ၂ ခုဘဲ ရှိပါတယ်။ Loop တစ်ခုမှာ အထွက်ကြိုး ၂ ချောင်း ပြန်ဝင်တဲ့ကြိုး ၂ ချောင်း ဆိုတော့ ၄ ချောင်းစီရှိပါတယ်။ ဒီလို စံနစ်မှာ EOL resistor မရှိပါဘူး။ နောက်ပြီး loop မှာ တစ်နေရာရာက open ဖြစ်သွားယင်၊ open fault တော့ပြတယ်။ အဲဒီ loop ထဲက sensor တွေက အပြန်ဘက်က power ပြန်ရတဲ့ အတွက် ဆက်အလုပ်လုပ်နေဆဲပါဘဲ။ ဒီတော့ redundancy ကောင်းတယ်ပေါ့ဗျာ။ Loop ၂ ခုထဲ ရှိပေမဲ့ စုစုပေါင်း sensor point ၁၆၀ ကျော်ကို zone ၂၀ ခု လောက်ခွဲထားပါတယ်။ Zone နဲ့ loop ဘာကွာသလဲဆိုတော့ loop ဆိုတာ physical segregation လို့ ပြောရမယ်။ တစ်ကယ့် hard wire မှာ ခွဲထားတာပေါ့။ Zone ဆိုတာက တော့ virtual definition ပေါ့။ မြင်လွယ်အောင် ဒါမှမဟုတ် နေရာတူတဲ့ point တွေကို အုပ်စုဖွဲ့ပေးတဲ့သဘောပါ။ တစ်ချို့ စံနစ်တွေမှာတော့ zone နဲ့ loop အတူတူ ထားလိုက်တာမျိုးလည်းရှိပါတယ်။ စီစဉ်တဲ့သူရဲ့ စိတ်ကူးပေါ့။ 
နောက်ပြီး ဒီ system မှာ sensor point တွေရဲ့ address ကို dip switch လေးတွေနဲ့ သတ်မှတ်ထားပါတယ်။ Point တိုင်းဟာ ကိုယ်ပိုင် address ရှိပါတယ်။ Address ၂ ခု တူလို့မရပါဘူး။ တွေ့ဖူးတဲ့ တစ်ချို့ system တွေမှာ address ကို programmer unit တစ်ခုနဲ့ write လုပ်ပြီးထည့်ပေးရတာမျိုး ရှိတတ်ပါတယ်။ အဲဒီလို စံနစ်မှာဆို sensor လဲတိုင်း sensor အဟောင်းနဲ့ တူတဲ့ address ကို sensor အသစ်မှာ write လုပ်ပေးရပါတယ်။ တစ်ချို့စံနစ် ကတော့ Address chip လေးက base unit မှာ တွဲရှိနေတာမျိုးလည်း ရှိတတ်ပါတယ်။ ဒါမျိုးကို sensor အသစ်လဲယင် အလွယ်တစ်ကူ sensor cap unit ဘဲ လဲပေးလို့ရပါတယ်။
Panel အသစ်ထိုင်ပြီး ကြိုးတွေ အကုန်လဲပြီးတော့ power ON ပြီး စမ်းကြည့်ပါတယ်။ Initialize လုပ်ပြီးတဲ့ အချိန်မှာ fault ၁၀ ခုလေက် တန်းစီတက်လာပါတယ်။ အများစုက Sensor point တွေရဲ့ fault တွေပါ။ ဓာတ်ကြိုး အကူအညီနဲ့ sensor တစ်ပွိုင့်ချင်းစီရဲ့ ပြဿနာတွေလိုက်ရှင်းရပါတယ်။ Job scope မှာ Field side ကပြဿနာ စစ်စရာ မလိုဘူး ပြောပေမဲ့ တစ်ကယ် system အသစ်ကို လက်ခံဖို့ fault တွေ အကုန်ရှင်းပေးရမှာ ဆိုတော့ မတတ်နိုင်ဘူး။ လိုက်ရှင်းရတာပေါ့။ 
တစ်ချို့ fault တွေက sensor not found ဆိုတာ တွေ့ပါတယ်။ အဲဒီ sensor ရဲ့ address (ဥပမာ Zone 20, Heat 6 ဆိုယင် Zone 20 မှာရှိတဲ့ heat detector, point no 6) ကို သူ့ description နဲ့ ရှာပြီး Sensor contact point မထိလို့လား၊ Address set လုပ်ထားတာ မမှန်လို့လား၊ Sensor မကောင်းလို့လား စစ်ပြီး ရှင်းပေးရပါတယ်။ 
တစ်ချို့ fault မှာတော့ wrong type of loop unit found ဆိုတာတွေ့ရပါတယ်။ ဒါမျိုးကတော့ အစဆုံး initial configuration မှာ မှတ်ထာတဲ့ Sensor type နဲ့ နောက်လဲတပ်လိုက်တဲ့ sensor type မတူယင် ဖြစ်တတ်ပါတယ်။ Sensor type တူအောင် ပြန်လဲပေးရပါတယ်။ ဒီsystem က sensitive ဖြစ်ပါတယ်။ Smoke detector မှာ Optical smoke detector နဲ့ Ionization smoke detector မတူယင်တောင် ဒီ fault မျိုး တက်ပါတယ်။ 
နောက် fault တစ်မျိုးကတော့ Dirty sensor fault ပါ။ System က sensor တွေရဲ့ current တွကို monitor လုပ်နေတာပါ။ Fire alarm detect ဖြစ်သွားယင် sensor ရဲ့ resistance ကျသွားပြီး current တက်သွားတဲ့အတွက် Alarm trigger လုပ်ပေးတာပါ။ Optical detector တွမှာ transmitter LED နဲ့ receiver ကြားထဲက လေရဲ့ opacity အရ current ပြောင်းသွားပါတယ်။ smoke ဝင်လာလို့ receiver မှာ လုံလောက်တဲ့ အလင်းမရယင် current တက်မှာပါ။ Current က base line ထက်ပိုမြင့်နေယင် ဒီ alarm မျိုးတက်နိုင်ပါတယ်။ receiver မှာ ဖုံတွေကပ်နေပြီး opacity လျော့သွားတာကြောင့် ဖြစ်နိုင်ပါတယ်။ အဲဒီ fault ဖြစ်တဲ့ အခန်းမှာ တစ်ကယ် မီးခိုး မရှိဘူးဆိုယင် Sensor ကို ဖွင့် compresses air နဲ့ မှုတ် ပြီးသန့်ရှင်းရေး လုပ်ကြည့်ရပါတယ်။ မရယင်တော့ sensor လဲရတာပေါ့။
False fire alarm ဖြစ်တာ ၂ နေရာလောက်ရှိပါတယ်။ တစ်ခုက Engine room level 1 မှာပါ။ Sensor type က Flame detector ပါ။ ER ရဲ့ အလယ် မျက်နှာကျက်မှာ alarm trigger ဖြစ်တဲ့ အတွက် LED မီး အနီလေး တောက်လျှောက် လင်းနေပါတယ်။ ဓာတ်ကြိုးကြီးပြောတာတော့ အသစ်လဲထားတာ မကြာသေးဘူး ပြောပါတယ်။ Reset လုပ်လိုက်တော့ ပျောက်သွားပါတယ်။ စောင့်ကြည့်နေတုန်း နည်းနည်းကြာတော့ နောက်တစ်ခါ ထပ်ဖြစ်ပါတယ်။ သတိထားမိတာက alarm ပေါ်တဲ့ အချိန်က Workshop ထဲမှာ welding ဆော်တဲ့ အချိန်နဲ့ သွား တိုက်ဆိုင်နေပါတယ်။ Welding ရဲ့ အလင်းရောင်က အပြင် ME နေရာအထိ ဖြာထွက်နေပါတယ်။ အဲဒီတော့ flame detector က အဲဒီ အရောင်ကို ဖမ်းမိပြီး false alarm ထုတ်ပေးတာ ဖြစ်မှာပါ။ စက်ချုပ်နဲ့ ကုန်းချုပ်ကို Sensor point disable (isolate) လုပ်တဲ့နည်း သင်ပေးရပါတယ်။ နောက်ပြီး Welding ဆော်မယ့်အချိန် သက်ဆိုင်တဲ့ sensor point တွေ disable လုပ်ထားဖို့ ပြောပြရပါတယ်။
နောက်ထပ် false fire alarm ဖြစ်တဲ့နေရာက pump room ကပါ။ Pump room ထဲ ဝင်ဝင်ချင်း Smoke detector တစ်ခုတွေ့ပါတယ်။ Explosion proof type ဆိုတော့ မြင်နေကျပုံစံတော့ မဟုတ်ဘူးပေါ့။ အဲဒီ sensor မှာ LED မီးလင်းနေတာလည်းမတွေ့ရဘူး။ ဒီအမျိုးအစားက fire alarm ဖြစ်ပေမဲ့ LED မလင်းတဲ့ အမျိုးလားလို့ ထင်မိပါတယ်။ ဖြုတ်ပြီး ပြန်တပ်လိုက်ပါတယ်။ Panel မှာ reset လုပ်ခိုင်းတော့ fire alarm ထပ်လာပါတယ်။ Sensor လဲဖို့ ဓာတ်ကြိုးကိုမေးကြည့်တော့ အသစ်မရှိဘူူးပြောပါတယ်။ အဲဒီတော့မှ ဓာတ်ကြိုးကြီးပြောပြတာ pump room ထဲမှာ sensor point တွေ အများကြီး ရှိသေးတယ်တဲ့။ Sensor list မှာ pump room အတွက် sensor တစ်ခု (address တစ်ခု) ဘဲ ရှိပါတယ်။ Sensor point map တော့ ရှာမရလို့ မကြည့်ရဘူးပေါ့။ ဒါဆိုယင် ကျန်တဲ့ sensor point တွေရဲ့ address က ဘယ်မှာလဲပေါ့။ နောက်သေချာလိုက်ကြည့်တော့မှ pump room အတွက် isolator တစ်ခုရှိပါတယ်။ အဲဒီမှာ address တစ်ခုထဲပေးထားပြီး pump room ထဲမှာရှိတဲ့ sensor point ရ ခုကို conventional type loop သဘော ဆက်ထားတဲ့ အတွက် အဲဒီ sensor ရ ခုထဲက ဘယ်ဟာဘဲ alarm ဖြစ်ဖြစ် ဒီ address တစ်ခုထဲကိုဘဲ ပြမှာပါ။ ဒီလိုသဘောပေါက်သွားတော့မှ pump room ထဲက sensor တွေ တစ်ခုစီ လိုက်ကြည့်ပါတယ်။ level 3 မှာရှိတဲ့ sensor က LED တောက်လျောက် လင်းနေတာ တွေ့ပါတယ်။ အဲဒီ sensor က မကောင်းတဲ့သဘောပေါ့။ လဲဖို့ရာ အသစ်လည်း မရှိတော့ ယာယီ ကျော်ပေးလိုက်ပါတယ်။ ပြန် reset လုပ်လိုက်တော့ ကောင်းသွားပါတယ်။ နောက်မှ ပစ္စည်းမှာပြီး လဲဖို့ ဓာတ်ကြိုးကြီးကို ပြောခဲ့ပါတယ်။ 
နောက်ဆုံးတော့ fault တစ်ခုဘဲ ကျန်တော့တယ်။ Extra loop unit found တဲ့။ Loop status page ဝင်ကြည့်တော့ loop 1 မှာ found 58, expected 57 လို့တွေ့ပါတယ်။ Sensor point တစ်ခုပိုနေတယ်ဆိုတော့ သူတို့ configure လုပ်ဖို့ကျန်တာ ဖြစ်နိုင်တယ်လို့ စဉ်းစားမိပါတယ်။ အဲဒီ point ကို ရှာပုံတော် ဖွင့်ရပါတယ်။ Sensor list နဲ့ address ကိုစာရွက်တစ်ခုမှာကူး၊ တစ်ခုပြီးတစ်ခု လိုက်စစ်၊ တွေ့ယင် အမှတ်ခြစ်။ အဲဒီလိုနဲ့ ရှာလိုက်တာ နောက်ဆုံး Laundry room ထဲက sensor ကစာရင်းထဲမှာ မပါဘူးဖြစ်နေတယ်။ Sensor ဖြုတ်ပြီး reset လုပ်လိုက်တော့ ဘာ fault မှ မရှိတော့ပါဘူး။ ဒီတော့ panel မှာ service level နဲ့ log in ပြန်ဝင်ပြီး အဲဒီ sensor point ကို ထပ်ထည့်ရတာပေါ့။ Configure ပြီးတော့ sensor ပြန်တပ်၊ စမ်းကြည့်တဲ့ အခါ အဆင်ပြေပါတယ်။ 
Functionality test အတွက် sensor တစ်ချို့ကို စမ်းပြရပါတယ်။ အကုန်အဆင်ပြေပါတယ်။ ဒါပေမဲ့ နောက်ဆုံး General Alarm စမ်းတော့ ဒုက္ခပေးပါတော့တယ်။ GA အတွက် abandon ship signal ( 7 short, 1 long) tone ကို ဒီ fire alarm panel ကဘဲထုတ်ပေးရပါတယ်။ Input ကတော့ push button နှစ်ခု၊ Auto နဲ့ Manual အတွက်ပါ။ Auto နှိပ်ယင် တစ်ချက် နှိပ်လိုက်တာနဲ့ 7 short, 1 long အလိုအလျောက်ထွက်တာပါ။ Manual ကတော့ ခလုတ်ကို ဖိထားသမျှ အသံထွက်မယ်။ လွှတ်လိုက်ယင် ရပ်မယ်ပေါ့။ အဲဒါစမ်းတော့ output အတွက် LED လေး လင်းလာတာ မှိတ်သွားတာ တွေ့နေရပါတယ်။ ဒါပေမဲ့ အသံ မထွက်ပါဘူး။ Connection အရ Public Announcement (PA) system ကို ဆက်ထားပါတယ်။ PA မှာကြည့်တော့ output ထွက်တဲ့အချိန် လက်ရှိ PA ဘာဘဲ ပြောနေ လွှင့်နေပါစေ၊ interrupt လုပ်ပေးတဲ့ signal တော့ ရောက်ပါတယ်။ ဘာသံမှ ထွက်မလာပါဘူး။ PA မှာ tone generator မပါ ပါဘူး။ Fire panel ကလည်း PA ကိုပေးမဲ့ sound signal မရှိဘူး။ ကုန်းချုပ်ကို မေးကြည့်တော့ အယင်က GA signal ကို fire alarm ရဲ့ sounder output တွဖြစ်တဲ့ bell တို့ horn တို့ ကနေ မြည်တယ်ပြောပါတယ်။ ဒီတော့ relay လေးတစ်လုံးထည့်ပြီး modify လုပ်ပေးယင် ရနိုင်ပါတယ်။ Maker နဲ့ owner ရဲ့ သဘောတူညီချက် ရမှဖြစ်မှာပါ။ ဖုန်းဆက်ကြည့်တော့ သဘောတူတယ်ဆိုတဲ့ အတွက် circuit ပြောင်းပြီး GA output ထွက်အောင်လုပ်ပေးခဲ့ပါတယ်။ ကျန်တာတော့ documentation နဲ့ training လုပ်ပေးခဲ့တာပေါ့ဗျာ။