kW ဆိုတာ တစ်ကယ်သုံးမယ့် ပါဝါ၊ kVA က ထုတ်ပေးရတဲ့ ပါဝါ အဲဒီထဲမှာ အလကား ဖြစ်သွားတဲ့ kVAR ဆိုတာပါနေတယ်။
ဒီအကြောင်းရှင်းပြတဲ့ ဆောင်ပါးတွေမှာ အများဆုံးပေးလေ့ရှိတဲ့ ဥပမာလေးတစ်ခုရှိတယ်။ ဘီယာတစ်ခွက်ဝယ်တယ် ဆိုပါစို့။ ဘီယာ မက်ခွက်ထဲမှာ ဘီယာအရည် တစ်ချို့ပါမယ်၊ အပေါ်က အမြှုပ်ပါမယ်။ ဝယ်လိုက်တဲ့ ဘီယာ တစ်ခွက်လုံးက kVA (Apparent Power) တစ်ကယ်သောက်ရတဲ့ ဘီယာအရည်က kW (Real Power/Active Power) သုံးစားမရတဲ့ အမြှုပ်တွေက kVAR (Reactive Power) နဲ့တူပါတယ် လို့ ဥပမာ ပေးကြတယ်။
Vector နဲ့ပြောရယင် ရေပြင်ညီအလိုက် kW မှာ အပို ထောင်လိုက် kVAR ပါနေယင် ထောင့်ဖြတ် kVA ပိုထုတ် ပေးရမယ် ဆိုတဲ့သဘောပေါ့။
အဲဒီ kW နဲ့ kVA ရဲ့ အချိုးကို power factor လို့ခေါ်ပါတယ်။ ကြားထဲက
ထောင့်ကို (phi) အဲဒီတော့ power factor ကို cos(phi) လို့ခေါ်ကြပါတယ်။
နောက်
ဥပမာတစ်ခုက ဝန်တစ်ခုဆွဲတဲ့လူတစ်ယောက်လိုပေါ့။ တစ်ကယ့်ဝန် kW ကို
အတည့်မဆွဲဘဲ အမြင့်တစ်ခုနဲ့ ထောင့်ဖြတ်ဆွဲယင် kVA အားပိုသုံးရတယ်ပေါ့။
ဒီ
kVAR လို့ခေါ်တဲ့ Reactive Power တွေ ဘယ်ကရတာလဲ ဆိုတော့ Load
အမျိုးအစားလိုက်လို့ပေါ့။ Resistive load မှာ kVAR မရှိပါဘူး။ Inductive
load နဲ့ Capacitive load တွေမှာ leading နဲ့ lagging reactive power
တွေရှိကြပါတယ်။ အပြင်လက်တွေ့မှာတော့ မော်တာ အများစုကြောင့် Inductive load က
ပိုများလေ့ရှိပါတယ်။
kVAR များလာတာနဲ့ power factor ကျသွားပြီး ပါဝါ
အလေအလွင့်ပိုများပါတယ်။ power factor ပြန်တက်ဖို့ capacitor bank
ထည့်ပေးတာတို့ load ညှိတာတို့ လုပ်ကြပါတယ်။
No comments:
Post a Comment