Tanker တစ်စီးမှာ Inert Gas System ကို Function Check လုပ်ပေးခဲ့ရပါတယ်။ သင်္ဘောပေါ်ရောက်တော့ စက်ချုပ်နဲ့ စကားပြောကြည့်တော့ System က ပုံမှန် အလုပ်လုပ်တယ် ဆိုပါတယ်။ မကြာခင် Dock ဝင်မှာမို့ မဝင်ခင် Function Check လုပ်ပေးစေချင်တယ် ပြောပါတယ်။ ဒါပေမဲ့ တစ်ကယ် Run ပြီး စမ်းလို့ တော့ မဖြစ်ဘူးဆိုပါတယ်။ ပြဿနာ မရှိပါဘူး။ Simulation input တွေ ပေးပြီး စမ်းကြတာပေါ့။
အစဆုံး CCR ထဲမှာရှိတဲ့ Main Control Panel ကို သွားကြည့်ပါတယ်။ Maker က Aalborg ပါ။Panel ပေါ်မှာ System overview ကို Outline ပြထားပြီး Status LED မီးလုံးလေးတွေက ပုံမှန် လင်းနေပါတယ်။ ဒီ System မှာတော့ IG Generator မရှိပါဘူး။
Inert Gas System ရဲ့ သဘောကို အလွယ်ပြောရရင် Tanker သင်္ဘောတွေရဲ့ Cargo Tank ထဲက ဆီအပေါ်မှာ လေအစား မီးမလောင်လွယ်အောင် အောက်ဆီဂျင် ပါဝင်မှုနည်းတဲ့ Inert Gas တွေထည့်ပေးတာပါ။ Inert Gas ကတော့ boiler ကထွက်တဲ့ မီးခိုးရောနေတဲ့ လေကို ကြပ်ခိုးဖယ် အအေးခံပြီး သုံးကြပါတယ်။ တချို့ သင်္ဘောတွေမှာတော့ boiler က မလုံလောက်ရင် (သို့) boiler မလည်ချိန်ဆိုရင် ထပ်ဖြည့်ပေးဖို့(Top up Mode) အတွက် IG generator ထည့်ထားပါတယ်။ ရှေ့ပိုင်း သင်္ဘော တချို့မှာတော့ Inert Gas အဖြစ် N2 ကို သုံးတာတွေရှိပြီး၊ Nitrogen Generator ရှိတတ်ပါတယ်။
ပြန်ဆက်ရရင် Control Panel ကိုဖွင့်ကြည့်တော့ PLC တစ်လုံး နဲ့ ကျန်တာ Relay တွေ၊ timer တွေ၊ Zenar barrier တွေ နဲ့ controller တချို့ တွေ့ရပါတယ်။
Panel ရှေ့မျက်နှာစာမှာ Graph စက္ကူနဲ့ plot လုပ်ပေးနေတဲ့ recorder တစ်ခုရယ်၊ Pressure Controller တစ်လုံးရယ်၊ Temperature Controller တစ်လုံးရယ် တွေ့ရပါတယ်။ Recorder မှာ Channel နှစ်ခု ရှိပါတယ်။ တစ်ခုက O2 % ဖြစ်ပြီး နောက်တစ်ခုက Deck Main Pressure ဖြစ်ပါတယ်။ Deck Main Pressure ဆိုတာ Cargo Tank အဝင် main supply pipe မှာ ရှိနေတဲ့ pressure ကိုပြောတာပါ။ လက်ရှိ 5.2 KPa လောက် ရှိပါတယ်။

System function test မလုပ်ခင် အရေးကြီးတာ နှစ်ခုကို အရင်ဆုံး စစ်ကြည့်ပါမယ်။ O2 analyzer နဲ့ Deck Main Pressure Monitoring device တွေပါ။ ပထမ O2 Analyzer ကိုသွားရှာပါတယ်။
Main Deck ကနေ နောက်ဘက် Boiler တွေဆီ ဝင်တဲ့ တံခါးက ဝင်လိုက်တော့ Blower Fan ရယ်၊ Scrubber Tower ရယ် ရှိတဲ့ နေရာမှာ O2 Analyzer နှစ်ခု တွေ့ပါတယ်။
အမှန်တော့ မူရင်း Drawing မှာ တစ်ခုထဲပါ။ နောက်မှ တစ်ခုပျက်ရင် ပြောင်းသုံးဖို့ အရံတစ်ခု ထပ်ထည့်တယ် ထင်ပါတယ်။ Log Sheet ကို ဖတ်ကြည့်တော့ တစ်လတစ်ခါ Calibrate လုပ်ထားတဲ့ Record တော့ တွေ့ရပါတယ်။ ကျွန်တော် Calibration ထပ်လုပ်ကြည့်ပါတယ်။ Procedure အသေးစိတ်တော့ မပြောတော့ပါဘူး။ တစ်ခုနဲ့ တစ်ခု Procedure မတူပါဘူး။ သူ့ instruction အတိုင်း လုပ်သွားတာမို့ မခက်ပါဘူး။ အကြမ်းဖျင်း ပြောရရင် Sample line တွေပိတ်။ Zero Calibration အတွက် N2 (အဲဒီထဲမှာ O2 - 0% ဒါမှမဟုတ် 2% ပါတဲ့) Gas bottle က ပိုက်လိုင်း ကို ဖွင့်ပြီး တိုင်းပါတယ်။ သူ့ ပါတဲ့ O2 Content နဲ့ Display တန်ဖိုး 0% (သို့) 2% တူရင် ဘာမှလုပ်စရာ မလိုပါဘူး။ မတူရင် ညှိပေးရပါတယ်။ Span Calibration ကတော့ N2 gas အစား Fresh Air line ကို ဖွင့်ပြီး တိုင်းတာပါပဲ။ 20.9% ပြရင် ကောင်းပါတယ်။ လွဲနေရင် ညှိပေးရပါတယ်။ အခု စစ်ကြည့်လိုက်တော့ Analyzer #2 က span နည်းနည် လွဲနေလို့ ညှိပေးလိုက်ပါတယ်။ ဒါ့အပြင် O2 Content 8% ထက်များရင် Alarm လာ သလားဆိုတာ CCR Control Panel နဲ့ ဆက်သွယ် စစ်ပါတယ်။ O2 တန်ဘိုး Local နဲ့ CCR display ညီ၊ မညီလည်း စစ်ကြည့်ပါတယ်။

နောက်တစ်ခု ဖြစ်တဲ့ Deck Main Pressure က Pump Room အဝင်မှာ ရှိပါတယ်။ အဲဒီမှာ Pressure Transmitter တစ်ခုနဲ့ Pressure Switch တစ်ခု တွေ့ပါတယ်။ Spanner နဲ့ အဝင်ပိုက်ကိုဖြုတ်ပြီး Hand pump လေးနဲ့ ဆက်လိုက်ပါတယ်။ တစ်ယောက်က CCR မှာ စောင့်ကြည့်ပေးထားပါတယ်။ Pump ထိုးပြီး Local တန်ဘိုးနဲ့ CCR က display တန်ဘိုး ညီမညီ ကြည့်ပါတယ်။ နောက်တစ်ခုက Pressure High (15 KPa), Pressure Low (2 KPa) Low Low Pressure Switch output (1 KPa) တွေမှာ Alarm output တွေ ထွက်ရဲ့လား စစ်ပါတယ်။ အားလုံး ပုံမှန် အတိုင်း အလုပ်လုပ်ပါတယ်။
အခုမှ System Function Test ကို Simulation input တွေ ပေးပြီး စမ်းကြည့်ပါမယ်။ မစမ်းခင် Precaution အနေနဲ့ IG gas တွေကို မှုတ်ထုတ်ပေးမယ့် Blower fan တွေကို မလည်အောင် Breaker ချထားဖို့ လုပ်ပါတယ်။ စောစောက Blower fan ရှိတဲ့ အခန်း ပြန်သွား Starter panel ရဲ့ Breaker တွေကို Off လုပ်လိုက်ပါတယ်။ အဲဒီလို လုပ်တော့ CCR ထဲက Main Panel မှာ Fan Trip alarm ပေါ်လာပါတယ်။ Drawing ကြည့်ပြီး Fan Trip signal input ကို Jumper wire နဲ့ ကျော်ပေးလိုက်တော့ Alarm မရှိတော့ပါဘူး။
System over view ကြည့်ပြီး တစ်ဆင့်စီ စမ်းသွားပါမယ်။ အစဆုံး Boiler တွေကထွက်လာတဲ့ မီးခိုး (Flue Gas) အဝင် Uptake Valve တွေက စပါမယ်။ အခု လက်ရှိ Boiler 1 နဲ့ Boiler 2 နှစ်ခုစလုံးက Valve တွေက Close ပြနေပါတယ်။ PLC အဝင် Close Signal ကြိုးကို ဖြုတ်၊ Open Signal ကြိုးကို Short လုပ်ပေးလိုက်တော့ Valve Open အနေအထား ပြနေပါပြီ။ တစ်ကယ့် Valve ကို မဖွင့်ဘဲ Signal နဲ့ အဖွင့်ပြတဲ့သဘောပါ။ Uptake Valve 1 ကို Open အနေအထား Signal ပေးထားလိုက်ပါတယ်။ အဲဒီကလာတဲ့ မီးခိုးတွေ ကို Scrubber Tower ထဲကိုဖြတ် Sea water နဲ့ ဖြန်း သန့်စင်ပြီး အအေးခံမှာပါ။ Scrubber မှာ Water Level high နဲ့ flow low alarm တွေ ရှိပါတယ်။ အဲဒီ ၂ ခုကို Simulation signal ပေးပြီး စမ်းပါတယ်။ Alarm မလာဘူး။ ပြီးမှ သတိရလို့ Control ကို Inert mode ပြောင်းလိုက်တော့ Alarm ထွက်လာပါတယ်။ Alarm ကို reset လုပ်လိုက်ပါတယ်။
Scrubber က ထွက်လာတဲ့ လေကို deck seal ထဲ ဝင်အောင် Blower နဲ့ တွန်းပေးရမှာပါ။ ဒီတော့ Blower Run signal ပေးထားလိုက်ပါတယ်။ (Breaker ချထားတော့ တစ်ကယ် မလည်ပါဘူး) Fan 1 run ပြီး ခဏနေတော့ Fan 1 outlet Valve ပွင့်သွားပါတယ်။ Valve တစ်ကယ် ပွင့်သလား သွားကြည့်တော့လည်း ပွင့်နေတာ တွေ့ရပါတယ်။ နောက်တစ်ခု Fan 2 ကိုတစ်လှည့် run ကြည့်ပြီး Fan 2 outlet valve ကို ပွင့်သလား စစ်ကြည့်ပါတယ်။
အဲဒီက ထွက်လာတဲ့ Gas ကို O2 % နဲ့ Temperature monitor လုပ်ထားပါတယ်။ ဒီအပိုင်း ခဏထားခဲ့ပြီး နောက်ဆက်သွားရင် ပိုက်က T-joint လို နှစ်ဘက် ခွဲသွားပြီး တစ်ဘက်က အပြင်လေထု၊ နောက်တစ်ဘက်က Deck water seal ကိုဖြတ်ပြီး Cargo tank တွေဆီ inert gas supply လုပ်မှာ ဖြစ်ပါတယ်။ အဲဒီ လိုင်း အထွက် နှစ်ဘက်မှာ Control Valve တစ်ခုစီ ရှိပါတယ်။ အဲဒီ Valve နှစ်ခုက တစ်ခုဖွင့်ရင် တစ်ခုပိတ် တစ်ပြိုင်နက်ထဲ အလုပ်လုပ်ပါတယ်။ ဆိုလိုတာက မီးခိုးငွေ့တွေကို Cargo Tank တွေဆီ လွှတ်ရင်လွှတ်၊ မလွှတ်ရင် လေထုထဲကို ထုတ်ပစ်မှာပါ။
အဲဒီ Valve နှစ်ခုရဲ့ function ကို စမ်းပါမယ်။ ဒီ Valve တွေက Deck Main Pressure Set Point ပေါ်မှာ မူတည်နေပါတယ်။
မစမ်းခင် အဲဒီ Valve တွေရဲ့ Control Circuit ကို နည်းနည်း ပြောပြချင်ပါတယ်။ အဓိက ဇာတ်ကောင်က Pressure Controller လေးပါ။ သူ့မှာ input အနေနဲ့ Pump Room အဝင်က Pressure Transmitter ရဲ့ 4-20mA signal ကို Series ခံပြီး pressure indicator တွေ၊ Recorder တွေနဲ့ ချိတ်ထားပြီး သူဆီ ဝင်ထားပါတယ်။ ရှုပ်သွားမှာစိုးလို့ ကြားထဲမှာ Series ချိတ်ထားတဲ့ Device တွေ ခဏ ဖယ်ထားပြီး စဉ်းစားပါ။ အဲဒါတွေက indicator နဲ့ Recorder function ဆိုတော့ အရေးမကြီးဘူး။ ကြားထဲက Zenar barrier ကလည်း Safety အတွက်ပဲ။ အဲဒါတွေ ဖယ်ပြီး စဉ်းစားရင် Pressure Transmitter ကလာတဲ့ 4-20 mA Signal က Pressure Controller ထဲဝင်တယ်။ ဒါပဲ မှတ်ထားလိုက်။ Controller မှာ Set Point ရှိမယ်။ အဲဒီ Set Point (SP) နဲ့ စောစောက Transmitter ဆီက Feedback ပြန်လာတဲ့ တန်ဘိုး (PV) အပေါ် မူတည်ပြီး Output အဖြစ် Valve Open / Close signal ကို 4-20mA နဲ့ ထုတ်ပေးပါတယ်။ Valve က နှစ်ခုဖြစ်တဲ့အတွက် Output 4-20 mA ကို series ပေးထားပါတယ်။ တစ်ခုရဲ့ အဖွင့်က တစ်ခုရဲ့ အပိတ် ပေါ့။
စမ်းဖို့ ပြင်တဲ့အနေနဲ့ Pressure Transmitter အဝင်၂ စကို ဖြုတ်ပြီး 4-20 mA injector နဲ့ ဆက်လိုက်ပါတယ်။ နောက်ပြီး Output valve နှစ်ခုဆီ ထွက်တဲ့ ကြိုးကို Multimeter နဲ့ series ချိတ်ပြီး mA တိုင်းထားလိုက်ပါတယ်။ လက်ရှိ Pressure Controller set point က 5 KPa ပါ။ အဝင် mA injector နဲ့ Pressure ကို Simulate လုပ်ပေးလိုက်တော့ 2KPa အောက်မှာ Pressure Low alarm လာပါတယ်။ Output Signal 20mA ထိတက်လာပြီး Main Control Valve ကို ဖွင့်ပေးပါတယ်။ တပြိုင်ထဲမှာ လေထုဆီထုတ်ပေးတဲ့ Purge Control Valve ကို ပိတ်ပေးပါတယ်။ feedback pressure 5 KPa နီးလာတော့ Valve က 20 mA အပြည့် မပွင့်တော့ဘဲ ဖြည်းဖြည်းချင်း ပိတ်လာပါတယ်။ 5 KPA ကျော်တော့ 4 mA လုံးဝ ပိတ်သွားပါတယ်။
နောက်တစ်ခါ feed back 3 KPa လောက်မှာ ထားပြီး Valve တွေ ပွင့်နေတဲ့ အချိန်၊ စောစောက ချန်ခဲ့တဲ့ Temperature နဲ့ O2 % ကို စမ်းပါတယ်။ Temperature က လက်ရှိ 34 လောက် ရှိပါတယ်။ Alarm Set Point က 65 ဆိုတော့ Set Point ကို 34 ထက် လျှော့ချပြီး Temp High alarm လာအောင် လုပ်လိုက်ပါတယ်။ Alarm လာတော့ Valve တွေ ပိတ်သွားလား ကြည့်ပါတယ်။ နောက် O2 % ကို 8% ထက် တင်ပြီး O2 high alarm နဲ့ Valve ပိတ်သလား စောင့်ကြည့်ပါတယ်။ အားလုံး ပုံမှန် အလုပ်လုပ်ပါတယ်။
ကျွန်တော် မပြောဘဲ ကျန်ခဲ့တာက Deck water seal ပါ။ ဒါကတော့ ရေထည့်ထားတဲ့ tank ထဲမှာ အဝင်ပိုက်ကို ရေမျက်နှာပြင်ရဲ့ အောက် အထွက်ပိုက်က အပေါ် လေထဲမှာ ထားတာပါ။ ရေ Level က အဝင်ပိုက်ထက် မြင့်နေသမျှ one way valve သဘောမျိုး Cargo tank က inert gas တွေ ပြန်မထွက်လာအောင် လုပ်ပေးတာပါ။ အဲဒီ Deck Seal water level Low alarm ကိုလည်း Panel မှာပဲ Simulate လုပ်ပြီး စမ်းခဲ့ပါတယ်။
ဒါဆိုရင်တော့ IG System အလုပ်လုပ်ပုံလေး အကြမ်းဖျင်း သိနိုင်ပြီပေါ့။
ဝင်းအောင် (ပခုက္ကူ)
၂၅-၆-၂၀၂၀
No comments:
Post a Comment