Tuesday 26 February 2019

Insulation Resistance (9) - DC 24V Low Insulation


ဒီတစ္ခါေတာ့ မ်က္ေစ့ရွမ္း အေတြးေခ်ာ္ သြားတဲ့ အခ်က္ေလးတစ္ခုေၾကာင့္ ေတာ္ေတာ္ေလး လုပ္လိုက္ရတဲ့ အေၾကာင္းေလး ေျပာျပခ်င္ပါတယ္။
အင္ဒိုနီးရွားက Tanker တစ္စီးမွာပါ။ ျပႆနာက AE 2 overspeed ျဖစ္ၿပီး Black out ျဖစ္သြားတယ္။ တစ္ခ်ဳိ့ ပစၥည္းေတြေလာင္သြားတယ္တဲ့။ အဲဒါနဲ႔ သေဘၤာေပၚေရာက္သြားပါတယ္။ တစ္စီးလုံး အင္ဒို သေဘၤာသားေတြခ်ည္းပါပဲ။ ေရာက္သြားတဲ့အခ်ိန္မွာ စက္ခ်ဳပ္က ေျပာျပပါတယ္။ AE2 governor motor ရဲ႕ coupling က ေခ်ာင္ေနတယ္တဲ့။ ဒီေတာ့ speed control မမွန္ေတာ့ပဲ overspeed ျဖစ္သြားတယ္။ ျဖစ္ခ်င္ေတာ့ overspeed relay ရဲ႕ safety function ကလည္း အလုပ္မလုပ္ေတာ့ စက္လည္းမရပ္ Breaker လည္း ခ်က္ခ်င္း မျပဳတ္ေတာ့ တစ္ခ်ဳိ့အပိုင္းေတြ ထိသြားတယ္ဆိုပါတယ္။ AE2 ကိုေတာ့ သူတို႔ ျပင္ၿပီးသြားၿပီ။ Power ကို ျပန္တင္ဖို႔ လုပ္ေနပါတယ္။ ေလာေလာဆယ္ Emergency Generator နဲ႔ ေမာင္း ေပးထားပါတယ္။ 
ကၽြန္ေတာ္တို႔ကို စစ္ခိုင္းတဲ့အပိုင္းက ME Safety နဲ႔ Alarm Monitoring System(AMS) အပိုင္းပဲ ၾကည့္ေပးဖို႔ ေျပာပါတယ္။ က်န္တာ သေဘၤာေပၚက ဓာတ္ႀကိဳးက သူ႔ဘာသာ တစ္ခုခ်င္း ျပန္ဖြင့္မယ္ဆိုပါတယ္။ ၿပီးေတာ့ AMS စံနစ္ရဲ႕ PLC ေတြရယ္၊ Power supply ရယ္၊ DC to DC converter module ရယ္မွာ မီးခိုးစြဲၿပီး ေလာင္ထားတဲ့ အရာေတြ ျပပါတယ္။
 ႐ုံးကို ႀကိဳၿပီး စာေရး သတင္းပို႔ထားတာမို႔ Power supply နဲ႔ DC-DC converter ေတြက အသစ္ ယူလာခဲ့ပါတယ္။ အရင္ဆုံး supply အထြက္ႀကိဳးေတြကို short ရွိမရွိ ၾကည့္ပါတယ္။ မရွိဘူးဆိုေတာ့မွ power supply ေတြ လဲေပးလိုက္ပါတယ္။ PLC IO module ေတြကိုေတာ့ သေဘၤာေပၚက ေပးတဲ့ spare ေတြနဲ႔ လဲေပးလိုက္ပါတယ္။ Power On ၿပီး ၾကည့္ေတာ့ PLC မွာ run signal မလာပါဘူး။ ဒီေတာ့ PLC ရဲ႕ CPU (သို႔) program ႂကြသြားဖို႔ မ်ားတယ္လို႔ ဆုံးျဖတ္လိုက္ပါတယ္။ အဲဒါကို အသစ္ျပန္လဲဖို႔ အၾကံေပးလိုက္ပါမယ္။ က်န္တဲ့ ME safety device ေတြကို စစ္ၾကည့္ဖို႔ လုပ္ပါတယ္။ Engine နႈိးလို႔ မရေတာ့ Simulation လုပ္ၿပီး input ေပးလိုက္ရင္ Stop solenoid အလုပ္လုပ္သလား ၾကည့္ၿပီး ဆုံးျဖတ္ပါတယ္။ အဲဒီဟာေတြ အဆင္ေျပပါတယ္။ Safety circuit က relay logic နဲ႔ပဲ အလုပ္လုပ္တာမို႔ ေတာ္ပါေသးရဲ႕။ PLC က AMS အတြက္ပဲ သုံးတာေပါ့။
စက္ခ်ဳပ္နဲ႔ super က AMS မပါပဲ ေလာေလာဆယ္ ျဖစ္ေအာင္ ေမာင္းဖို႔ စီစဥ္ၾကပါတယ္။ ကၽြန္ေတာ္ကေတာ့ တစ္ျခား starter panel တစ္ခုနဲ႔ navigation light panel ေတြကို စစ္ၾကည့္ပါတယ္။ အဲဒီ အခ်ိန္မွာ super က လာေခၚပါတယ္။ 24VDC insulation low ျဖစ္လို႔ တဲ့။ 

A-deck မွာရွိတဲ့ battery charge / discharge panel မွာပါ။ သူ႔ရဲ႕ limit က 0.02 M (20 k) ohm ပါ။ အခု 0.01 M Ohm ဝန္းက်င္ေလာက္ ျပေနပါတယ္။ အဲဒီ panel ေပၚက breaker ေတြ အတင္အခ်လုပ္ၿပီး စစ္လိုက္ေတာ့ Engine Control Console (ECC) က လာေနတာပါ။
အဲဒီ panel က AMS PLC မွာ ေလာင္ထားတာ ရွိတယ္ဆိုေတာ့ အဲဒါနဲ႔ ဆိုင္မလား စဥ္းစားစရာပါ။ ေအာက္ဘက္ ECR မွာ ကၽြန္ေတာ္ စစ္ေနတုန္း အကူ တစ္ေယာက္က အေပၚက Battery Panel မွာ ေစာင့္ၾကည့္ေျပာျပေပး ပါတယ္။ Radio (Walkie Talkie) ေတြနဲ႔ ဆက္သြယ္ရတာေပါ့။ အဲဒါနဲ႔ ECC panel မွာ အဝင္ power breaker ေတြကေန စၾကည့္ပါတယ္။ DC 24V breaker ႏွစ္ခုကို off လုပ္လိုက္ေတာ့ ေကာင္းသြားပါတယ္။ ဒါဆို ဒီ panel ထဲကဆိုတာေတာ့ ေသခ်ာေနၿပီ။
ဒီ ECC ထဲမွာ Dual Power Supply အေနနဲ႔ AC ကေန DC ေျပာင္းၿပီး ေပးတဲ့ power supply ရယ္၊ DC 24V source ကေနေပးတဲ့ supply ရယ္ ႏွစ္မ်ဳိးရွိပါတယ္။ ဒါေၾကာင့္ AC input breaker ပိတ္ၾကည့္ေပမဲ့ မေကာင္းပါဘူး။ ဒီ panel ထဲကို ေမႊရပါေတာ့မယ္။ ျပႆနာက DC-DC converter အထြက္ကေန AMS PLC အပါအဝင္ က်န္တဲ့ circuit ေတြ အကုန္လုံးကို looping လုပ္ထားပါတယ္။ ဘယ္ႀကိဳးက ဘယ္လို ယူထားတာ မသိေတာ့ isolate လုပ္ဖို႔ ခက္ပါတယ္။ ပထမ main power supply အထြက္ ႀကိဳးႏွစ္စလုံး ျဖဳတ္လိုက္ေတာ့ ေကာင္းသြားပါတယ္။ ဒါဆို ေနာက္ပိုင္းကို ဆက္စစ္ရပါမယ္။
ေနာက္ PLC power supply အဝင္ေတြကို ျဖဳတ္ခ်လိုက္ပါတယ္။ မေကာင္းေသးပါဘူး။ PLC က negative common ပါ။ ဆိုလိုတာက -ve (0V) ကို field device ေတြဆီ တိုက္႐ိုက္ ဆက္ထားၿပီး ျပန္လာတဲ့ signal ကိုမွ IO module ထဲ ျပန္ဝင္ေစတာပါ။ ဒါေၾကာင့္ main power supply အထြက္ -ve ႀကိဳးကို ျဖဳတ္ထားလိုက္ပါတယ္။ ၿပီးတာနဲ႔ IO module ေတြ တစ္ခုၿပီး တစ္ခု ဆြဲျဖဳတ္လိုက္ပါတယ္။ IO module အကုန္ ထုတ္ၿပီးတာေတာင္ မေကာင္းေသးပါဘူး။ ဒါဆိုရင္ PLC ကမဟုတ္ဘူးလား။ စိတ္ထဲမွာ နည္းနည္းေတာ့ ေပ်ာ္သြားမိပါတယ္။ PLC ကဆိုရင္ Input/Output (IO) channel 200 ေက်ာ္တယ္ေလ။ တစ္ခုစီ လိုက္ရရင္ မေခ်ာင္ဘူး။
ဒါဆိုရင္ Safety Circuit relay ေတြ၊ indicator lamp ေတြနဲ႔ Solenoid valve ေတြပဲ ရွိေတာ့တယ္ေလ။Relay နဲ႔ indicator lamp ေတြက ျဖစ္ခဲတာမို႔ solenoid valve ေတြကို ပို သံသယျဖစ္ပါတယ္။ ဒါနဲ႔ fuel နဲ႔ air solenoid ေတြကို လိုက္ရွာၿပီး အဝင္ socket ေတြ ျဖဳတ္ၾကည့္ပါတယ္။ အမွန္က terminal ကျဖဳတ္ရင္ ပို သက္သာမွာပါ။ ဒါေပမဲ့ ဒီသေဘၤာတည္ေဆာက္ပုံအရ ECC စားပြဲေအာက္ ေလးဘက္ေထာက္ဝင္ၿပီး မလူးသာ မလွည့္သာ ေနရာက်ဥ္းက်ဥ္းထဲက နံပါတ္ အစဥ္လိုက္မဟုတ္တဲ့ terminal ေတြ ရွာရတာ ပိုခက္ပါတယ္။ ဒါေၾကာင့္ လြတ္လြတ္လပ္လပ္ engine side က soleoid ေတြ ျဖဳတ္ရင္း အေျခအေနပါ ၾကည့္တဲ့ သေဘာပါ။ ဒါေပမဲ့ မေကာင္းေသးပါဘူး။ Solenoid ေတြ မဟုတ္ဘူးဆိုေတာ့ တန္းစီေနတဲ့ relay အဝင္ႀကိဳးေတြကို drawing ဖတ္ၿပီး တစ္ပိုင္းစီ ျဖဳတ္ၾကည့္ပါတယ္။ ဒါလည္း အဆင္မေျပေသးဘူး။ ျဖဳတ္စရာလည္း ကုန္သြားၿပီ။ ေနာက္ဆုံး Indicator lamp ေတြပဲ က်န္ေတာ့တယ္။ အဲဒီ lamp ေတြကလည္း အမ်ားသား။ Panel တံခါး ႏွစ္ခ်ပ္ အျပည့္။ Common -ve ႀကိဳးကို bus bar အတန္းလိုက္ေလးေတြ ဆက္ထားၿပီး အတန္းတစ္ခုစီကိုမွ ေထာင္လိုက္ bus တစ္ခုနဲ႔ ခ်ဳပ္ထားပါတယ္။ ေလးေထာင့္ပုံ matrix တစ္ကြက္ကို ဘုံႀကိဳး တစ္စ ျဖဳတ္လိုက္လို႔ရပါတယ္။ ဒီေတာ့ မီးလုံး တစ္ရာေလာက္ ရွိေပမဲ့ ျဖဳတ္ၾကည့္ရမယ့္ point ေျခာက္ခု ေလာက္ပဲ ရွိပါတယ္။ အဲဒီ common point ေတြကို တစ္ခုစီ ျဖဳတ္ၾကည့္ရင္း ေနာက္ဆုံး တစ္ခုုျဖဳတ္လိုက္မွ ေကာင္း သြားပါတယ္။
ထမင္းစားနားရင္း ျပန္ စဥ္းစားပါတယ္။ မီးလုံးေတြက ဘာလို႔ ground fault ျဖစ္ရတာလဲ။ သိပ္ေတာ့ ယုတၱိမရွိဘူး ျဖစ္ေနတယ္။ မီးလုံးဆိုတာ တစ္ဘက္မွာ -ve အားလုံး စုဆက္ထားၿပီး +ve ကို PLC output port ဒါမွမဟုတ္ relay တစ္ခုခုရဲ႕ contact နဲ႔ ဆက္ထားတာပဲ။ တစ္ခုခုက panel နဲ႔ ထိေနလို႔မ်ားလား။ သိပ္ေတာ့ မျဖစ္ႏိုင္။ ဘာပဲျဖစ္ျဖစ္ အေသးစိတ္ ထပ္ၾကည့္ရပါမယ္။
အလုပ္ ျပန္စတဲ့အခ်ိန္ ေနာက္ဆုံး တစ္ကြက္ခ်န္ၿပီး ျပန္တပ္လိုက္ပါတယ္။ အဲဒီတစ္ကြက္ထဲက မီးလုံးေတြ၊ ဆက္တဲ့ ႀကိဳးေတြ အျပန္ျပန္အလွန္လွန္စစ္ၾကည့္ေတာ့လည္း ထူးထူးျခားျခား ထိေနတာေတြ၊ short ျဖစ္ေနတာေတြ မေတြ႕ပါဘူး။ နည္းနည္းေတာ့ စဥ္းစားရၾကပ္သြားတယ္။ အဲဒီ အကြက္ထဲမွာ သတိထားမိတာက 24V power source status ျပတဲ့ မီးလုံးရယ္၊ volt meter ရယ္ ရွိပါတယ္။ အဲဒါၾကည့္ၿပီးမွ တစ္ခု စဥ္းစားမိသြားပါတယ္။ ဘာလဲဆိုေတာ့ ကၽြန္ေတာ္ ေရလိုက္လြဲေနတာကိုပါ။ အဲဒီ power source ျပတဲ့ မီးလုံးရယ္ Volt meter ရယ္က 24V ရဲ႕ -ve နဲ႔ +ve ႏွစ္ခုလုံးကို အၿမဲ ခ်ိတ္ထားတာပဲ။ အဲဒီေတာ့ main -ve ႀကိဳးကို ျဖဳတ္ထားေပမဲ့ +ve ႀကိဳးက ဒီ မီးလုံးနဲ႔ မီတာကို ျဖတ္ၿပီး ဘုံ -ve လိုင္းနဲ႔ ထိစပ္ေသးတာပဲ။ ဒါနဲ႔ အဲဒီ မီးလုံး အဝင္ႀကိဳးနဲ႔ မီတာႀကိဳးေတြကို ျဖဳတ္လိုက္ပါတယ္။ ၿပီးတာနဲ႔ အဲဒီအကြက္ရဲ႕ ဘုံ -ve ႀကိဳးကို ျပန္တပ္တဲ့အခါ low insulation မျဖစ္ေတာ့ပါဘူး။
ဟူး။ ဒါဆို အစက ျပန္ရွာရေတာ့မယ္။ ဒီတစ္ခါ -ve ႀကိဳးေတြကို isolate လုပ္ၿပီး ရွာရပါေတာ့မယ္။ အဲဒီေတာ့ အစဆုံး -ve ႀကိဳးေတြ ဘယ္လို loop လုပ္ၿပီး ဆက္ထားတာလဲဆိုတာ နားလည္ေအာင္ လုပ္ရပါမယ္။-ve ႀကိဳးေတြ အားလုံး ျပန္တပ္လိ္ုက္ပါတယ္။ ၿပီးမွ စိတ္ထင္တဲ့တစ္ေနရာက -ve  ႀကိဳး ႏွစ္ေခ်ာင္းဝင္ထားတဲ့ အဆက္ကို ျဖဳတ္လိုက္ပါတယ္။ ေနာက္ၿပီး +ve ႀကိဳးကို တစ္ဘက္က ေထာက္ထားၿပီး -ve ႀကိဳးေနရာေတြကို လိုက္တိုင္းၾကည့္ပါတယ္။ 24V ရွိတဲ့ဘက္ အစုနဲ႔ 24V မရွိတဲ့ဘက္ အစု ေပၚလာပါတယ္။ ေနာက္တစ္ဆက္ကို ျဖဳတ္တိုင္း၊ ေနာက္တစ္ဆက္ကို ျဖဳတ္တိုင္းရင္း -ve ႀကိဳးေတြ ဘယ္လို loop လုပ္ထားတယ္ဆိုတာ သေဘာ ေပါက္သြားပါတယ္။ ဒါဆိုေတာ့ ရွာရတာ လြယ္သြားၿပီေပါ့။
ဒါနဲ႔ ႀကိဳးေတြတစ္ဝက္ေလာက္ျပန္ဆက္တယ္။ ေကာင္း မေကာင္းၾကည့္တယ္။ က်န္တဲ့ထဲက တစ္ဝက္ေလာက္ ထပ္ပိုင္းတယ္။ ေကာင္းတယ္လို႔ သတ္မွတ္ထားတဲ့ အုပ္စုကို ျပန္ဆက္ၾကည့္ၿပီး confirm လုပ္တယ္။ အဲဒီ binary search နည္းနဲ႔ ရွာလိုက္ေတာ့ မၾကာခင္မွာ အေျဖေတြ႕ပါေတာ့တယ္။ AMS ထဲကို ဝင္တဲ့ alarm signal ေတြ ျဖစ္တဲ့ fuel tank level switch က ဒုကၡေပးေနတာပါ။ ေလာေလာဆယ္ အဲဒီအထြက္ ႀကိဳးႏွစ္ေခ်ာင္းလုံးကို ျဖဳတ္ထားလိုက္ၿပီး က်န္တာ အကုန္ျပန္တပ္လိုက္ပါတယ္။ ဓာတ္ႀကိဳးကိုေတာ့ အဲဒါ ဆက္ရွင္းဖို႔ မွာခဲ့လိုက္ပါတယ္။


[Unicode]

ဒီတစ်ခါတော့ မျက်စေ့ရှမ်း အတွေးချော် သွားတဲ့ အချက်လေးတစ်ခုကြောင့် တော်တော်လေး လုပ်လိုက်ရတဲ့ အကြောင်းလေး ပြောပြချင်ပါတယ်။
အင်ဒိုနီးရှားက Tanker တစ်စီးမှာပါ။ ပြဿနာက AE 2 overspeed ဖြစ်ပြီး Black out ဖြစ်သွားတယ်။ တစ်ချို့ ပစ္စည်းတွေလောင်သွားတယ်တဲ့။ အဲဒါနဲ့ သင်္ဘောပေါ်ရောက်သွားပါတယ်။ တစ်စီးလုံး အင်ဒို သင်္ဘောသားတွေချည်းပါပဲ။ ရောက်သွားတဲ့အချိန်မှာ စက်ချုပ်က ပြောပြပါတယ်။ AE2 governor motor ရဲ့ coupling က ချောင်နေတယ်တဲ့။ ဒီတော့ speed control မမှန်တော့ပဲ overspeed ဖြစ်သွားတယ်။ ဖြစ်ချင်တော့ overspeed relay ရဲ့ safety function ကလည်း အလုပ်မလုပ်တော့ စက်လည်းမရပ် Breaker လည်း ချက်ချင်း မပြုတ်တော့ တစ်ချို့အပိုင်းတွေ ထိသွားတယ်ဆိုပါတယ်။ AE2 ကိုတော့ သူတို့ ပြင်ပြီးသွားပြီ။ Power ကို ပြန်တင်ဖို့ လုပ်နေပါတယ်။ လောလောဆယ် Emergency Generator နဲ့ မောင်း ပေးထားပါတယ်။ 
ကျွန်တော်တို့ကို စစ်ခိုင်းတဲ့အပိုင်းက ME Safety နဲ့ Alarm Monitoring System(AMS) အပိုင်းပဲ ကြည့်ပေးဖို့ ပြောပါတယ်။ ကျန်တာ သင်္ဘောပေါ်က ဓာတ်ကြိုးက သူ့ဘာသာ တစ်ခုချင်း ပြန်ဖွင့်မယ်ဆိုပါတယ်။ ပြီးတော့ AMS စံနစ်ရဲ့ PLC တွေရယ်၊ Power supply ရယ်၊ DC to DC converter module ရယ်မှာ မီးခိုးစွဲပြီး လောင်ထားတဲ့ အရာတွေ ပြပါတယ်။ ရုံးကို ကြိုပြီး စာရေး သတင်းပို့ထားတာမို့ Power supply နဲ့ DC-DC converter တွေက အသစ် ယူလာခဲ့ပါတယ်။ အရင်ဆုံး supply အထွက်ကြိုးတွေကို short ရှိမရှိ ကြည့်ပါတယ်။ မရှိဘူးဆိုတော့မှ power supply တွေ လဲပေးလိုက်ပါတယ်။ PLC IO module တွေကိုတော့ သင်္ဘောပေါ်က ပေးတဲ့ spare တွေနဲ့ လဲပေးလိုက်ပါတယ်။ Power On ပြီး ကြည့်တော့ PLC မှာ run signal မလာပါဘူး။ ဒီတော့ PLC ရဲ့ CPU (သို့) program ကြွသွားဖို့ များတယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒါကို အသစ်ပြန်လဲဖို့ အကြံပေးလိုက်ပါမယ်။ ကျန်တဲ့ ME safety device တွေကို စစ်ကြည့်ဖို့ လုပ်ပါတယ်။ Engine နှိုးလို့ မရတော့ Simulation လုပ်ပြီး input ပေးလိုက်ရင် Stop solenoid အလုပ်လုပ်သလား ကြည့်ပြီး ဆုံးဖြတ်ပါတယ်။ အဲဒီဟာတွေ အဆင်ပြေပါတယ်။ Safety circuit က relay logic နဲ့ပဲ အလုပ်လုပ်တာမို့ တော်ပါသေးရဲ့။ PLC က AMS အတွက်ပဲ သုံးတာပေါ့။
စက်ချုပ်နဲ့ super က AMS မပါပဲ လောလောဆယ် ဖြစ်အောင် မောင်းဖို့ စီစဉ်ကြပါတယ်။ ကျွန်တော်ကတော့ တစ်ခြား starter panel တစ်ခုနဲ့ navigation light panel တွေကို စစ်ကြည့်ပါတယ်။ အဲဒီ အချိန်မှာ super က လာခေါ်ပါတယ်။ 24VDC insulation low ဖြစ်လို့ တဲ့။ 
A-deck မှာရှိတဲ့ battery charge / discharge panel မှာပါ။ သူ့ရဲ့ limit က 0.02 M (20 k) ohm ပါ။ အခု 0.01 M Ohm ဝန်းကျင်လောက် ပြနေပါတယ်။ အဲဒီ panel ပေါ်က breaker တွေ အတင်အချလုပ်ပြီး စစ်လိုက်တော့ Engine Control Console (ECC) က လာနေတာပါ။
အဲဒီ panel က AMS PLC မှာ လောင်ထားတာ ရှိတယ်ဆိုတော့ အဲဒါနဲ့ ဆိုင်မလား စဉ်းစားစရာပါ။ အောက်ဘက် ECR မှာ ကျွန်တော် စစ်နေတုန်း အကူ တစ်ယောက်က အပေါ်က Battery Panel မှာ စောင့်ကြည့်ပြောပြပေး ပါတယ်။ Radio (Walkie Talkie) တွေနဲ့ ဆက်သွယ်ရတာပေါ့။ အဲဒါနဲ့ ECC panel မှာ အဝင် power breaker တွေကနေ စကြည့်ပါတယ်။ DC 24V breaker နှစ်ခုကို off လုပ်လိုက်တော့ ကောင်းသွားပါတယ်။ ဒါဆို ဒီ panel ထဲကဆိုတာတော့ သေချာနေပြီ။
ဒီ ECC ထဲမှာ Dual Power Supply အနေနဲ့ AC ကနေ DC ပြောင်းပြီး ပေးတဲ့ power supply ရယ်၊ DC 24V source ကနေပေးတဲ့ supply ရယ် နှစ်မျိုးရှိပါတယ်။ ဒါကြောင့် AC input breaker ပိတ်ကြည့်ပေမဲ့ မကောင်းပါဘူး။ ဒီ panel ထဲကို မွှေရပါတော့မယ်။ ပြဿနာက DC-DC converter အထွက်ကနေ AMS PLC အပါအဝင် ကျန်တဲ့ circuit တွေ အကုန်လုံးကို looping လုပ်ထားပါတယ်။ ဘယ်ကြိုးက ဘယ်လို ယူထားတာ မသိတော့ isolate လုပ်ဖို့ ခက်ပါတယ်။ ပထမ main power supply အထွက် ကြိုးနှစ်စလုံး ဖြုတ်လိုက်တော့ ကောင်းသွားပါတယ်။ ဒါဆို နောက်ပိုင်းကို ဆက်စစ်ရပါမယ်။
နောက် PLC power supply အဝင်တွေကို ဖြုတ်ချလိုက်ပါတယ်။ မကောင်းသေးပါဘူး။ PLC က negative common ပါ။ ဆိုလိုတာက -ve (0V) ကို field device တွေဆီ တိုက်ရိုက် ဆက်ထားပြီး ပြန်လာတဲ့ signal ကိုမှ IO module ထဲ ပြန်ဝင်စေတာပါ။ ဒါကြောင့် main power supply အထွက် -ve ကြိုးကို ဖြုတ်ထားလိုက်ပါတယ်။ ပြီးတာနဲ့ IO module တွေ တစ်ခုပြီး တစ်ခု ဆွဲဖြုတ်လိုက်ပါတယ်။ IO module အကုန် ထုတ်ပြီးတာတောင် မကောင်းသေးပါဘူး။ ဒါဆိုရင် PLC ကမဟုတ်ဘူးလား။ စိတ်ထဲမှာ နည်းနည်းတော့ ပျော်သွားမိပါတယ်။ PLC ကဆိုရင် Input/Output (IO) channel 200 ကျော်တယ်လေ။ တစ်ခုစီ လိုက်ရရင် မချောင်ဘူး။
ဒါဆိုရင် Safety Circuit relay တွေ၊ indicator lamp တွေနဲ့ Solenoid valve တွေပဲ ရှိတော့တယ်လေ။Relay နဲ့ indicator lamp တွေက ဖြစ်ခဲတာမို့ solenoid valve တွေကို ပို သံသယဖြစ်ပါတယ်။ ဒါနဲ့ fuel နဲ့ air solenoid တွေကို လိုက်ရှာပြီး အဝင် socket တွေ ဖြုတ်ကြည့်ပါတယ်။ အမှန်က terminal ကဖြုတ်ရင် ပို သက်သာမှာပါ။ ဒါပေမဲ့ ဒီသင်္ဘောတည်ဆောက်ပုံအရ ECC စားပွဲအောက် လေးဘက်ထောက်ဝင်ပြီး မလူးသာ မလှည့်သာ နေရာကျဉ်းကျဉ်းထဲက နံပါတ် အစဉ်လိုက်မဟုတ်တဲ့ terminal တွေ ရှာရတာ ပိုခက်ပါတယ်။ ဒါကြောင့် လွတ်လွတ်လပ်လပ် engine side က soleoid တွေ ဖြုတ်ရင်း အခြေအနေပါ ကြည့်တဲ့ သဘောပါ။ ဒါပေမဲ့ မကောင်းသေးပါဘူး။ Solenoid တွေ မဟုတ်ဘူးဆိုတော့ တန်းစီနေတဲ့ relay အဝင်ကြိုးတွေကို drawing ဖတ်ပြီး တစ်ပိုင်းစီ ဖြုတ်ကြည့်ပါတယ်။ ဒါလည်း အဆင်မပြေသေးဘူး။ ဖြုတ်စရာလည်း ကုန်သွားပြီ။ နောက်ဆုံး Indicator lamp တွေပဲ ကျန်တော့တယ်။ အဲဒီ lamp တွေကလည်း အများသား။ Panel တံခါး နှစ်ချပ် အပြည့်။ Common -ve ကြိုးကို bus bar အတန်းလိုက်လေးတွေ ဆက်ထားပြီး အတန်းတစ်ခုစီကိုမှ ထောင်လိုက် bus တစ်ခုနဲ့ ချုပ်ထားပါတယ်။ လေးထောင့်ပုံ matrix တစ်ကွက်ကို ဘုံကြိုး တစ်စ ဖြုတ်လိုက်လို့ရပါတယ်။ ဒီတော့ မီးလုံး တစ်ရာလောက် ရှိပေမဲ့ ဖြုတ်ကြည့်ရမယ့် point ခြောက်ခု လောက်ပဲ ရှိပါတယ်။ အဲဒီ common point တွေကို တစ်ခုစီ ဖြုတ်ကြည့်ရင်း နောက်ဆုံး တစ်ခုဖြုတ်လိုက်မှ ကောင်း သွားပါတယ်။
ထမင်းစားနားရင်း ပြန် စဉ်းစားပါတယ်။ မီးလုံးတွေက ဘာလို့ ground fault ဖြစ်ရတာလဲ။ သိပ်တော့ ယုတ္တိမရှိဘူး ဖြစ်နေတယ်။ မီးလုံးဆိုတာ တစ်ဘက်မှာ -ve အားလုံး စုဆက်ထားပြီး +ve ကို PLC output port ဒါမှမဟုတ် relay တစ်ခုခုရဲ့ contact နဲ့ ဆက်ထားတာပဲ။ တစ်ခုခုက panel နဲ့ ထိနေလို့များလား။ သိပ်တော့ မဖြစ်နိုင်။ ဘာပဲဖြစ်ဖြစ် အသေးစိတ် ထပ်ကြည့်ရပါမယ်။
အလုပ် ပြန်စတဲ့အချိန် နောက်ဆုံး တစ်ကွက်ချန်ပြီး ပြန်တပ်လိုက်ပါတယ်။ အဲဒီတစ်ကွက်ထဲက မီးလုံးတွေ၊ ဆက်တဲ့ ကြိုးတွေ အပြန်ပြန်အလှန်လှန်စစ်ကြည့်တော့လည်း ထူးထူးခြားခြား ထိနေတာတွေ၊ short ဖြစ်နေတာတွေ မတွေ့ပါဘူး။ နည်းနည်းတော့ စဉ်းစားရကြပ်သွားတယ်။ အဲဒီ အကွက်ထဲမှာ သတိထားမိတာက 24V power source status ပြတဲ့ မီးလုံးရယ်၊ volt meter ရယ် ရှိပါတယ်။ အဲဒါကြည့်ပြီးမှ တစ်ခု စဉ်းစားမိသွားပါတယ်။ ဘာလဲဆိုတော့ ကျွန်တော် ရေလိုက်လွဲနေတာကိုပါ။ အဲဒီ power source ပြတဲ့ မီးလုံးရယ် Volt meter ရယ်က 24V ရဲ့ -ve နဲ့ +ve နှစ်ခုလုံးကို အမြဲ ချိတ်ထားတာပဲ။ အဲဒီတော့ main -ve ကြိုးကို ဖြုတ်ထားပေမဲ့ +ve ကြိုးက ဒီ မီးလုံးနဲ့ မီတာကို ဖြတ်ပြီး ဘုံ -ve လိုင်းနဲ့ ထိစပ်သေးတာပဲ။ ဒါနဲ့ အဲဒီ မီးလုံး အဝင်ကြိုးနဲ့ မီတာကြိုးတွေကို ဖြုတ်လိုက်ပါတယ်။ ပြီးတာနဲ့ အဲဒီအကွက်ရဲ့ ဘုံ -ve ကြိုးကို ပြန်တပ်တဲ့အခါ low insulation မဖြစ်တော့ပါဘူး။
ဟူး။ ဒါဆို အစက ပြန်ရှာရတော့မယ်။ ဒီတစ်ခါ -ve ကြိုးတွေကို isolate လုပ်ပြီး ရှာရပါတော့မယ်။ အဲဒီတော့ အစဆုံး -ve ကြိုးတွေ ဘယ်လို loop လုပ်ပြီး ဆက်ထားတာလဲဆိုတာ နားလည်အောင် လုပ်ရပါမယ်။-ve ကြိုးတွေ အားလုံး ပြန်တပ်လိုက်ပါတယ်။ ပြီးမှ စိတ်ထင်တဲ့တစ်နေရာက -ve  ကြိုး နှစ်ချောင်းဝင်ထားတဲ့ အဆက်ကို ဖြုတ်လိုက်ပါတယ်။ နောက်ပြီး +ve ကြိုးကို တစ်ဘက်က ထောက်ထားပြီး -ve ကြိုးနေရာတွေကို လိုက်တိုင်းကြည့်ပါတယ်။ 24V ရှိတဲ့ဘက် အစုနဲ့ 24V မရှိတဲ့ဘက် အစု ပေါ်လာပါတယ်။ နောက်တစ်ဆက်ကို ဖြုတ်တိုင်း၊ နောက်တစ်ဆက်ကို ဖြုတ်တိုင်းရင်း -ve ကြိုးတွေ ဘယ်လို loop လုပ်ထားတယ်ဆိုတာ သဘော ပေါက်သွားပါတယ်။ ဒါဆိုတော့ ရှာရတာ လွယ်သွားပြီပေါ့။
ဒါနဲ့ ကြိုးတွေတစ်ဝက်လောက်ပြန်ဆက်တယ်။ ကောင်း မကောင်းကြည့်တယ်။ ကျန်တဲ့ထဲက တစ်ဝက်လောက် ထပ်ပိုင်းတယ်။ ကောင်းတယ်လို့ သတ်မှတ်ထားတဲ့ အုပ်စုကို ပြန်ဆက်ကြည့်ပြီး confirm လုပ်တယ်။ အဲဒီ binary search နည်းနဲ့ ရှာလိုက်တော့ မကြာခင်မှာ အဖြေတွေ့ပါတော့တယ်။ AMS ထဲကို ဝင်တဲ့ alarm signal တွေ ဖြစ်တဲ့ fuel tank level switch က ဒုက္ခပေးနေတာပါ။ လောလောဆယ် အဲဒီအထွက် ကြိုးနှစ်ချောင်းလုံးကို ဖြုတ်ထားလိုက်ပြီး ကျန်တာ အကုန်ပြန်တပ်လိုက်ပါတယ်။ ဓာတ်ကြိုးကိုတော့ အဲဒါ ဆက်ရှင်းဖို့ မှာခဲ့လိုက်ပါတယ်။

No comments:

Post a Comment