Monday 26 March 2018

Insulation Resistance (7) - DC 24V Earth Lrakage on a Yatch

[Zawgyi]

ဒီတစ္ခါ ၾကဳံရတာက အေပ်ာ္စီး ရြက္သေဘၤာေလးပါ။ မီတာ ၃၀ ေလာက္ဘဲရွိပါတယ္။ Classic design ေက်းလက္ပုံေဖၚထားေပမဲ့ ဇိမ္ခံသေဘၤာထုံးစံ အထဲမွာ အပ်ံစားျပင္ထားပါတယ္။

ရြက္သေဘၤာဆိုေပမဲ့ main engine ႏွစ္လုံး၊ shaft generator ႏွစ္လုံး၊ standby generator ႏွစ္လုံးရွိပါတယ္။ ငယ္ငယ္ေလးေတြေပါ့။ က်စ္က်စ္လစ္လစ္ ဖြဲ႕စည္းထားေတာ့ လုပ္ရတာ ကပ္သီးကပ္သတ္ၾကဳံရတာေတြ ရွိပါတယ္။ Engine ေတြၾကားထဲ ေလးဘက္ေထာက္ သြားရတယ္ေလ။ တစ္ခုခုဆို ဘယ္ေအာက္မွာ ဘယ္လို ျမဳႇပ္ထားလဲ ရွာရတာ တစ္ဒုကၡပါ။
အခု ျပႆနာက 24V Insulation Low ပါ။ တည္ေဆာက္ပုံ power ခြဲေဝပုံကအစ သေဘၤာႀကီးေတြနဲ႔ မတူတာမို႔ နားလည္ေအာင္ drawing ေတြ ေသခ်ာ ၾကည့္ရပါတယ္။ ဒီသေဘၤာကို ရပ္ထားခ်ိန္မွာ battery bank ေတြကေန inverter ေတြနဲ႔ AC ရေအာင္ ျပန္ေျပာင္းယူပါတယ္။ ေမာင္းတဲ့ အခ်ိန္မွာေတာ့ shaft generator ကေန သုံးပါတယ္။ Battery ကုန္သြားယင္ေတာ့ Standby generator ေတြ ေမာင္းရမယ္ထင္ပါတယ္။ Lighting နဲ႔ စက္ပစၥည္း အမ်ားစုကို DC နဲ႔ သုံးဖို႔ design လုပ္ထားပါတယ္။ ဒီေတာ့ DC bus ေတြက ပိုအဓိကက်ေနပါတယ္။
Battery Bank အႀကီး ၂ ခုနဲ႔ အေရးေပၚ ဆက္သြယ္ေရး၊ ထိန္းခ်ဳပ္ေရးအတြက္ radio battery bank အငယ္ တစ္ခုရွိပါတယ္။ 
Low insulation ကလည္း မီတာ မရွိပါဘူး။ Bus တစ္ပိုင္းစီမွာ တပ္ထားတဲ့ test button ေလးေတြ နွိပ္ၾကည့္ရပါတယ္။ (+) နဲ႔ (-) လိုင္းေတြကို 24V မီးလုံး တစ္ခုစီဆက္ထားၿပီး မီးလုံးႏွစ္ခု series ဆက္ထားတဲ့ ဆုံခ်က္ကေန ground နဲ႔ Test button ခံထားေပးတာပါ။ ခလုတ္နွိပ္လို႔ ႏွစ္ဘက္ ညီၿပီး ခပ္မွိန္မွိန္ လင္းေနယင္ ေကာင္းတယ္ေပါ့။ တစ္ဘက္ဘက္က ပိုလင္းေနယင္ မွိန္တဲ့ဘက္က ground နဲ႔ leakage ရွိေနတဲ့ သေဘာပါ။
အခု သေဘၤာေပၚမွာ စမ္းၾကည့္ေတာ့ DC bus ရဲ႕ အပိုင္းတိုင္းမွာ earth leakage ျပေနပါတယ္။ ဒါနဲ႔ DC bus ကို တစ္ပိုင္းစီ ခြဲၾကည့္ဖို႔ လုပ္ပါတယ္။ အဲဒီမွာ ဒုကၡေရာက္တာက DC bus ေတြအားလုံးမွာ (-) ကို အေသဆက္ထားပါတယ္။ (+) ကို အဖြင့္အပိတ္လုပ္ၿပီးေတာ့ဘဲ Bus တစ္ပိုင္းစီကို ျဖတ္ေပးပါတယ္။ Bus တစ္ပိုင္းစီ isolate လို႔ မရေတာ့ဘူးေပါ့။ ဆက္သြယ္ေရးပစၥည္းေတြ အဝင္မွာရွိတဲ့ distribution  Board မွာေတာ့ Power source ႏွစ္ခုကို selector switch ခပ္ႀကီးႀကီးတစ္ခုနဲ႔ change over လုပ္ထားတာေတြ႕ရပါတယ္။ အဝင္ power ေတြက main DC bus က တစ္ခု၊ radio battery bank ကတစ္ခုပါ။  အဲဒီမွာလည္း insulation test point တစ္ခုရွိပါတယ္။ Selector ကို ေျပာင္းၿပီး test လုပ္ၾကည့္ပါတယ္။ Source ၂ မ်ဳိးလုံးမွာ leakage ျပေနပါတယ္။ ဒါဆိုယင္ load ဘက္က ျဖစ္ႏိုင္ပါတယ္။
Load ဘက္အထြက္မွာ breaker ေလးေတြ ၈ ခုေလာက္ရွိပါတယ္။ တစ္ခုခ်င္း ပိတ္ၾကည့္ေတာ့ အကုန္လုံးကုန္သြားတယ္ leakage က ျပေနတုန္း။ Main bus တင္ မဟုတ္ဘဲ radio battery bank က လာတဲ့ source မွာပါျပေနေတာ့ စဥ္းစားရၾကပ္သြားတယ္။ Battery က ground က်တာေတာ့ ျဖစ္ခဲပါတယ္။ Circuit ကို ေသေသခ်ာခ်ာ ျပန္ၾကည့္ေတာ့ source ၂ ခုရဲ႕ indicator lamp ႏွစ္ခုက relay နဲ႔ ခ်ိတ္ထားတာေတြ႕ပါတယ္။ ဒါေပမဲ့ Diode ၾကားခံထားတဲ့ အတြက္ main bus နဲ႔ မဆက္စပ္ေတာ့ပါဘူး။ ဘာဘဲျဖစ္ျဖစ္ isolation ေသခ်ာေအာင္ relay ႏွစ္ခုလုံး ဆြဲျဖဳတ္လိုက္ပါတယ္။ ျပန္စမ္းၾကည့္ေတာ့ radio battery bank သုံးယင္ ေကာင္းေနပါၿပီ။ Main bus က power သုံးယင္ေတာ့ leakage ျပပါတယ္။ Radio battery bank ကို ေရြးထားၿပီး ေစာေစာက ပိတ္လိုက္တဲ့  breaker ေတြ အကုန္ျပန္ ဖြင့္ၾကည့္ပါတယ္။ ေကာင္းေနတုန္းပါဘဲ။ ဒီေတာ့ ေကာက္ခ်က္ခ်လို႔ရတာက ဒီ Breaker အထြက္ load ေတြနဲ႔ radio battery bank က ေကာင္းတယ္ေပါ့။ ေစာေစာက indicator lamp relay ကတစ္ဆင့္ main bus က ပတ္စီးေနလို႔ leakage ျပတာေပါ့။ Diode ရွိတယ္ ဆိုၿပီး ပတ္မစီးဘူး ထင္ေနတာ။ လက္ေတြ႕မွာ မထင္တာ ျဖစ္တတ္ပါတယ္။
အခု ဒီတစ္ပိုင္းေတာ့ ရွင္းသြားၿပီ။ Main bus  အထြက္ေတြ တစ္ခုခ်င္း လိုက္ပိတ္ၾကည့္ပါတယ္။ ကံေကာင္းတာက Main bus က အထြက္မွာေတာ့ two pole breaker ေတြနဲ႔ (+), (-) ႏွစ္ေခ်ာင္းလုံး ျဖတ္တာမို႔ လိုက္လို႔အဆင္ေျပပါတယ္။ တစ္ခ်ဳိ႕ Circuit ေတြမွာေတာ့ Breaker အစား fuse အတုံးႀကီးေတြ ထည့္ထားပါတယ္။  Breaker တစ္ခုစီပိတ္စမ္းတာ အကုန္ ကုန္သြားတယ္။ Leakage က ရွိေနတုန္းဘဲ။ က်န္တာကေတာ့ Fuse ႀကီးေတြ။ တစ္စုံစီ ျဖဳတ္စမ္းေတာ့ Earth Leakage က Office Distribution Box က လာတာ ျဖစ္ေနတယ္။ အဲဒီ DB ကို ရွာ၊ Breaker တစ္ခုစီ ပိတ္ၿပီး စစ္ၾကည့္ေတာ့ Navigation Circuit က ျဖစ္ေနတယ္။ Nav Control ကေနထပ္စစ္ေတာ့ Boom Light ကျဖစ္ေနပါတယ္။ ေတာ္ပါေသးရဲ႕ Boom Light ဆိုတာ ရြက္တိုင္ေအာက္ဆုံး horizontal ကန္႔လန္႔ျဖတ္ တန္းမွာ ေအာက္ကို စိုက္ထြန္းထားတဲ့ မီးလုံးေလးေတြ။ လက္လွမ္းမီပါတယ္။ 24V DC ကို constant current controller unit ေလးခံၿပီး LED မီးလုံး ထြန္းထားပါတယ္။ မီးလုံး ၄ ခုပါတဲ့ Circuit ဆိုေတာ့ တစ္လုံးမွာ ground က်ေနတာ သြားေတြ႕ပါတယ္။ ေသခ်ာ ရွင္းလင္းၿပီး မီးလုံး ကၽြမ္းေနတာမို႔ လဲခိုင္းလိုက္ပါတယ္။
အဲဒါနဲ႔ ျပႆနာ ေျပလည္သြားပါတယ္။ Test Point ေတြအကုန္လုံးမွာ clear ျဖစ္သြားပါၿပီ။

ဒီသေဘၤာမွာ ေနာက္ထပ္ ျပႆနာ ၂ ခု ရွင္းေပးရပါေသးတယ္။ တစ္ခုက Bow Thruster အလုပ္မလုပ္လို႔တဲ့။ ဒီသေဘၤာရဲ႕ BT ကတစ္မ်ဳိး။ မသုံးယင္ Thruster က အေပၚမွာ ထားတယ္။ သုံးခ်င္ယင္ Down ခလုတ္နွိပ္လိုက္ေတာ့ Hydraulic cylinder နဲ႔ ေအာက္ကို ခ်ေပးတယ္။ ၿပီးမွ joy stick နဲ႔ Port / Starboard ေရႊ႕ေတာ့ hydraulic motor forward / reverse လည္ေပးၿပီး တြန္းတယ္။ Pitch Control မပါဘူး။ မသုံးယင္ Up ခလုတ္နဲ႔ ျပန္တင္ထားရတယ္။ အခု up / down က အလုပ္လုပ္တယ္။ Port / Stbd တြန္းလို႔မရဘူး ျဖစ္ေနတယ္။ ေမာ္တာ မလည္ဘူး။ စမ္းၾကည့္ေတာ့ Up နွိပ္လို႔ cylinder အေပၚဆုံး ေရာက္သြားယင္ Up ခလုတ္မွာ မီးလင္းပါတယ္။ ေအာက္ဆုံး ေရာက္တဲ့အခ်ိန္ Down ခလုတ္က မီးမလင္းဘူး။ Drawing ဖတ္ၾကည့္ေတာ့ Limit Switch နဲ႔ relay တစ္ခုစီ ရွိပါတယ္။ Thruster ကို ေအာက္ဆုံးမွာ ေရႊ႕ထားၿပီး JB terminal မွာ down limit ႀကိဳးကို short လုပ္လိုက္ေတာ့ relay ဆြဲသြားၿပီး Down ခလုတ္မီးလင္း သြားပါတယ္။ Joy stick ကစားၾကည့္ေတာ့ Port / Stbd ေမာ္တာ လည္သြားပါၿပီ။ Limit switch မေကာင္းတာေပါ့။ အဲဒါေၾကာင့္ interlock ျဖစ္ၿပီး ေမာ္တာ မလည္တာပါ။
ဒါနဲ႔ BT up/down cylinder ေဘးက အဖုံးဖြင့္ၾကည့္ေတာ့ proximity sensor ေလးႏွစ္ခု ေတြ႕ပါတယ္။ ဘယ္ဟာ up ဘယ္ဟာ down မေသခ်ာလို႔ cylinder move up လုပ္ခိုင္းေတာ့ ေပၚဆုံး position မွာ ေအာက္ဘက္က sensor ေပၚက LED ေလး လင္းသြားပါတယ္။ ေအာက္ဆုံး position မွာေတာ့ အေပၚဘက္က sensor ေပၚက မီးမလင္းပါဘူး။ ဒီ sensor မေကာင္းတာ ေသခ်ာသြားတာေပါ့။ Sensor ျဖဳတ္လာၿပီး အသစ္ရွာ ဝယ္ပါတယ္။ ေနာက္ ျပန္လဲလိုက္ေတာ့ ေကာင္း သြားတယ္ေပါ့။

ေနာက္ျပႆနာတစ္ခုက Steering Gear ပါ။ SG ကို Control လုပ္တဲ့ ေနရာ ႏွစ္ခုရွိတယ္။ အခန္းထဲက ေမာင္းတဲ့ေနရာမွာ တစ္ခု၊ အျပင္ဘက္ ေနာက္ဖ်ားက ေမာင္းတဲ့ ေနရာမွာ တစ္ခုပါ။ သူႀကီးက အထဲကေန follow up mode နဲ႔ ေမာင္းျပပါတယ္။ အဲဒီ console မွာ တပ္ထားတဲ့ Rudder angle indicator က ေကာင္းေကာင္း အလုပ္လုပ္ပါတယ္။ ေနာက္ အျပင္ဘက္က console ကေန ေမာင္းျပေတာ့ indicator က တစ္ခါတေလ အမွန္ျပတယ္။ တစ္ခါတေလ တစ္ေနရာမွာ ကပ္ေနၿပီး အမွန္မျပေတာ့ျပန္ဘူး။
ၾကဳံလို႔ SG ရဲ႕ Operation mode ေလး ႏွစ္ခုအေၾကာင္း ေျပာျပခ်င္ပါတယ္။ အဲဒါကေတာ့ follow up ( FU) mode နဲ႔ Non follow up (NFU) mode ပါ။ NFU mode မွာ Port / Stbd တစ္ဘက္ဘက္ကို command ေပးတဲ့ အခါ အဲဒီ direction အတိုင္း rudder ေရြ႕သြားပါတယ္။ Command ေပးေနသမွ် ဆက္သြားမွာပါ။ Command ရပ္လိုက္မွ ဒါမွမဟုတ္ Max limit ထိသြားမွ ရပ္မွာပါ။ Indicator ၾကည့္ၿပီးေမာင္းတဲ့သူက လိုသေလာက္ ေရႊ႕ေပးရပါတယ္။ FU mode မွာေတာ့ command ေပးတဲ့ steering / lever ကို လိုခ်င္တဲ့ angle တစ္ခုေပးလိုက္ယင္ အဲဒီ angle ေရာက္ေအာင္ စက္က လိုက္ေရႊ႕သြားမွာပါ။ ဥပမာ Port 20  ံေပးလိုက္ယင္ Port 20  ံ ေရာက္ေအာင္ System က လိုတိုးပိုေလွ်ာ့ ေရႊ႕ေပးပါတယ္။
အခု ျပႆနာမွာ FU mode ေၾကာင့္လား၊ indicator ေၾကာင့္လား၊ feedback unit ေၾကာင့္လား ခြဲသိဖို႔ လိုပါတယ္။ ဒါနဲ႔ NFU mode နဲ႔ အတြင္း၊ အျပင္ ႏွစ္မ်ဳိး ေမာင္းၿပီး indicator pointer ေလး ေရြ႕တဲ့ အေနအထားကို ေစာင့္ၾကည့္ပါတယ္။ ဘယ္ကေန ေမာင္းေမာင္း အျပင္ဘက္ indicator က ျပႆနာရွိေနပါတယ္။ ဒီေတာ့ indicator ေၾကာင့္လား feedback unit ေၾကာင့္လား တစ္ခုခုပါဘဲ။ ဒီတစ္ခါေတာ့ drawing ရွာလို႔ မရတာနဲ႔ သေဘၤာေနာက္ဖ်ားက အခန္းေလးကို လွန္ဖြင့္၊ ျပည့္ၾကပ္ေနတဲ့ ပစၥည္း ပစၥယေတြ ဖယ္ထုတ္ၿပီး feedback unit ကို ရွာၾကည့္ပါတယ္။ ေတြ႕ပါၿပီ feedback unit ႏွစ္ခု ေဘးခ်င္းယွဥ္ရွိေနၿပီး linkage တစ္ခုနဲ႔ ဆက္ထားပါတယ္။ သူေဘးနားက junction box မွာ ႀကိဳခ်င္း လဲစမ္းဖို႔ လုပ္ပါတယ္။ Terminal မွာၾကည့္ေတာ့ ႀကိဳး ၂ ေခ်ာင္း စီနဲ႔ အစိမ္းေရာင္ earth wire ဘဲသုံးထားတာေတြ႕ရပါတယ္။ ေတြ႕ေနက် potentiometer feedback ဆိုယင္ ၃ ေခ်ာင္းပါ။ Synchro motor လည္း မျဖစ္ႏိုင္ပါဘူး။ ထားပါေတာ့။ ေနာက္ၿပီးမွ ရွာၾကည့္မယ္။ ေလာေလာဆယ္ ႀကိဳး ႏွစ္စုံ လဲၿပီး စမ္းၾကည့္ေတာ့ ျပႆနာက အတြင္းဘက္ indicator ဆီ ေရာက္သြားပါတယ္။ ဒီေတာ့ feedback unit ေၾကာင့္ဆိုတာ ေသခ်ာ သြားပါၿပီ။ Spare မရွိေတာ့ လဲဖို႔ model မွတ္ယူခဲ့ ပါတယ္။ Simrad ကထုတ္တဲ့ RF300 ပါ။ Internet မွာ ရွာၾကည့္ေတာ့ feedback က Frequency signal ျပန္ေပးတာပါတဲ့။ ဒီတစ္ခါ ပထမဆုံး ေတြ႕ဖူးတာပါ။

[Unicode]

ဒီတစ်ခါ ကြုံရတာက အပျော်စီး ရွက်သင်္ဘောလေးပါ။ မီတာ ၃၀ လောက်ဘဲရှိပါတယ်။ Classic design ကျေးလက်ပုံဖေါ်ထားပေမဲ့ ဇိမ်ခံသင်္ဘောထုံးစံ အထဲမှာ အပျံစားပြင်ထားပါတယ်။ ရွက်သင်္ဘောဆိုပေမဲ့ main engine နှစ်လုံး၊ shaft generator နှစ်လုံး၊ standby generator နှစ်လုံးရှိပါတယ်။ ငယ်ငယ်လေးတွေပေါ့။ ကျစ်ကျစ်လစ်လစ် ဖွဲ့စည်းထားတော့ လုပ်ရတာ ကပ်သီးကပ်သတ်ကြုံရတာတွေ ရှိပါတယ်။ Engine တွေကြားထဲ လေးဘက်ထောက် သွားရတယ်လေ။ တစ်ခုခုဆို ဘယ်အောက်မှာ ဘယ်လို မြုှပ်ထားလဲ ရှာရတာ တစ်ဒုက္ခပါ။
အခု ပြဿနာက 24V Insulation Low ပါ။ တည်ဆောက်ပုံ power ခွဲဝေပုံကအစ သင်္ဘောကြီးတွေနဲ့ မတူတာမို့ နားလည်အောင် drawing တွေ သေချာ ကြည့်ရပါတယ်။ ဒီသင်္ဘောကို ရပ်ထားချိန်မှာ battery bank တွေကနေ inverter တွေနဲ့ AC ရအောင် ပြန်ပြောင်းယူပါတယ်။ မောင်းတဲ့ အချိန်မှာတော့ shaft generator ကနေ သုံးပါတယ်။ Battery ကုန်သွားယင်တော့ Standby generator တွေ မောင်းရမယ်ထင်ပါတယ်။ Lighting နဲ့ စက်ပစ္စည်း အများစုကို DC နဲ့ သုံးဖို့ design လုပ်ထားပါတယ်။ ဒီတော့ DC bus တွေက ပိုအဓိကကျနေပါတယ်။ Battery Bank အကြီး ၂ ခုနဲ့ အရေးပေါ် ဆက်သွယ်ရေး၊ ထိန်းချုပ်ရေးအတွက် radio battery bank အငယ် တစ်ခုရှိပါတယ်။ 
Low insulation ကလည်း မီတာ မရှိပါဘူး။ Bus တစ်ပိုင်းစီမှာ တပ်ထားတဲ့ test button လေးတွေ နှိပ်ကြည့်ရပါတယ်။ (+) နဲ့ (-) လိုင်းတွေကို 24V မီးလုံး တစ်ခုစီဆက်ထားပြီး မီးလုံးနှစ်ခု series ဆက်ထားတဲ့ ဆုံချက်ကနေ ground နဲ့ Test button ခံထားပေးတာပါ။ ခလုတ်နှိပ်လို့ နှစ်ဘက် ညီပြီး ခပ်မှိန်မှိန် လင်းနေယင် ကောင်းတယ်ပေါ့။ တစ်ဘက်ဘက်က ပိုလင်းနေယင် မှိန်တဲ့ဘက်က ground နဲ့ leakage ရှိနေတဲ့ သဘောပါ။
အခု သင်္ဘောပေါ်မှာ စမ်းကြည့်တော့ DC bus ရဲ့ အပိုင်းတိုင်းမှာ earth leakage ပြနေပါတယ်။ ဒါနဲ့ DC bus ကို တစ်ပိုင်းစီ ခွဲကြည့်ဖို့ လုပ်ပါတယ်။ အဲဒီမှာ ဒုက္ခရောက်တာက DC bus တွေအားလုံးမှာ (-) ကို အသေဆက်ထားပါတယ်။ (+) ကို အဖွင့်အပိတ်လုပ်ပြီးတော့ဘဲ Bus တစ်ပိုင်းစီကို ဖြတ်ပေးပါတယ်။ Bus တစ်ပိုင်းစီ isolate လို့ မရတော့ဘူးပေါ့။ ဆက်သွယ်ရေးပစ္စည်းတွေ အဝင်မှာရှိတဲ့ distribution  Board မှာတော့ Power source နှစ်ခုကို selector switch ခပ်ကြီးကြီးတစ်ခုနဲ့ change over လုပ်ထားတာတွေ့ရပါတယ်။ အဝင် power တွေက main DC bus က တစ်ခု၊ radio battery bank ကတစ်ခုပါ။  အဲဒီမှာလည်း insulation test point တစ်ခုရှိပါတယ်။ Selector ကို ပြောင်းပြီး test လုပ်ကြည့်ပါတယ်။ Source ၂ မျိုးလုံးမှာ leakage ပြနေပါတယ်။ ဒါဆိုယင် load ဘက်က ဖြစ်နိုင်ပါတယ်။
Load ဘက်အထွက်မှာ breaker လေးတွေ ၈ ခုလောက်ရှိပါတယ်။ တစ်ခုချင်း ပိတ်ကြည့်တော့ အကုန်လုံးကုန်သွားတယ် leakage က ပြနေတုန်း။ Main bus တင် မဟုတ်ဘဲ radio battery bank က လာတဲ့ source မှာပါပြနေတော့ စဉ်းစားရကြပ်သွားတယ်။ Battery က ground ကျတာတော့ ဖြစ်ခဲပါတယ်။ Circuit ကို သေသေချာချာ ပြန်ကြည့်တော့ source ၂ ခုရဲ့ indicator lamp နှစ်ခုက relay နဲ့ ချိတ်ထားတာတွေ့ပါတယ်။ ဒါပေမဲ့ Diode ကြားခံထားတဲ့ အတွက် main bus နဲ့ မဆက်စပ်တော့ပါဘူး။ ဘာဘဲဖြစ်ဖြစ် isolation သေချာအောင် relay နှစ်ခုလုံး ဆွဲဖြုတ်လိုက်ပါတယ်။ ပြန်စမ်းကြည့်တော့ radio battery bank သုံးယင် ကောင်းနေပါပြီ။ Main bus က power သုံးယင်တော့ leakage ပြပါတယ်။ Radio battery bank ကို ရွေးထားပြီး စောစောက ပိတ်လိုက်တဲ့  breaker တွေ အကုန်ပြန်ဖွင့်ကြည့်ပါတယ်။ ကောင်းနေတုန်းပါဘဲ။ ဒီတော့ ကောက်ချက်ချလို့ရတာက ဒီ Breaker အထွက် load တွေနဲ့ radio battery bank က ကောင်းတယ်ပေါ့။ စောစောက indicator lamp relay ကတစ်ဆင့် main bus က ပတ်စီးနေလို့ leakage ပြတာပေါ့။ Diode ရှိတယ် ဆိုပြီး ပတ်မစီးဘူး ထင်နေတာ။ လက်တွေ့မှာ မထင်တာ ဖြစ်တတ်ပါတယ်။
အခု ဒီတစ်ပိုင်းတော့ ရှင်းသွားပြီ။ Main bus  အထွက်တွေ တစ်ခုချင်း လိုက်ပိတ်ကြည့်ပါတယ်။ ကံကောင်းတာက Main bus က အထွက်မှာတော့ two pole breaker တွေနဲ့ (+), (-) နှစ်ချောင်းလုံး ဖြတ်တာမို့ လိုက်လို့အဆင်ပြေပါတယ်။ တစ်ချို့ Circuit တွေမှာတော့ Breaker အစား fuse အတုံးကြီးတွေ ထည့်ထားပါတယ်။  Breaker တစ်ခုစီပိတ်စမ်းတာ အကုန် ကုန်သွားတယ်။ Leakage က ရှိနေတုန်းဘဲ။ ကျန်တာကတော့ Fuse ကြီးတွေ။ တစ်စုံစီ ဖြုတ်စမ်းတော့ Earth Leakage က Office Distribution Box က လာတာ ဖြစ်နေတယ်။ အဲဒီ DB ကို ရှာ၊ Breaker တစ်ခုစီ ပိတ်ပြီး စစ်ကြည့်တော့ Navigation Circuit က ဖြစ်နေတယ်။ Nav Control ကနေထပ်စစ်တော့ Boom Light ကဖြစ်နေပါတယ်။ တော်ပါသေးရဲ့ Boom Light ဆိုတာ ရွက်တိုင်အောက်ဆုံး horizontal ကန့်လန့်ဖြတ် တန်းမှာ အောက်ကို စိုက်ထွန်းထားတဲ့ မီးလုံးလေးတွေ။ လက်လှမ်းမီပါတယ်။ 24V DC ကို constant current controller unit လေးခံပြီး LED မီးလုံး ထွန်းထားပါတယ်။ မီးလုံး ၄ ခုပါတဲ့ Circuit ဆိုတော့ တစ်လုံးမှာ ground ကျနေတာ သွားတွေ့ပါတယ်။ သေချာ ရှင်းလင်းပြီး မီးလုံး ကျွမ်းနေတာမို့ လဲခိုင်းလိုက်ပါတယ်။ အဲဒါနဲ့ ပြဿနာ ပြေလည်သွားပါတယ်။ Test Point တွေအကုန်လုံးမှာ clear ဖြစ်သွားပါပြီ။

ဒီသင်္ဘောမှာ နောက်ထပ် ပြဿနာ ၂ ခု ရှင်းပေးရပါသေးတယ်။ တစ်ခုက Bow Thruster အလုပ်မလုပ်လို့တဲ့။ ဒီသင်္ဘောရဲ့ BT ကတစ်မျိုး။ မသုံးယင် Thruster က အပေါ်မှာ ထားတယ်။ သုံးချင်ယင် Down ခလုတ်နှိပ်လိုက်တော့ Hydraulic cylinder နဲ့ အောက်ကို ချပေးတယ်။ ပြီးမှ joy stick နဲ့ Port / Starboard ရွှေ့တော့ hydraulic motor forward / reverse လည်ပေးပြီး တွန်းတယ်။ Pitch Control မပါဘူး။ မသုံးယင် Up ခလုတ်နဲ့ ပြန်တင်ထားရတယ်။ အခု up / down က အလုပ်လုပ်တယ်။ Port / Stbd တွန်းလို့မရဘူး ဖြစ်နေတယ်။ မော်တာ မလည်ဘူး။ စမ်းကြည့်တော့ Up နှိပ်လို့ cylinder အပေါ်ဆုံး ရောက်သွားယင် Up ခလုတ်မှာ မီးလင်းပါတယ်။ အောက်ဆုံး ရောက်တဲ့အချိန် Down ခလုတ်က မီးမလင်းဘူး။ Drawing ဖတ်ကြည့်တော့ Limit Switch နဲ့ relay တစ်ခုစီ ရှိပါတယ်။ Thruster ကို အောက်ဆုံးမှာ ရွှေ့ထားပြီး JB terminal မှာ down limit ကြိုးကို short လုပ်လိုက်တော့ relay ဆွဲသွားပြီး Down ခလုတ်မီးလင်း သွားပါတယ်။ Joy stick ကစားကြည့်တော့ Port / Stbd မော်တာ လည်သွားပါပြီ။ Limit switch မကောင်းတာပေါ့။ အဲဒါကြောင့် interlock ဖြစ်ပြီး မော်တာ မလည်တာပါ။
ဒါနဲ့ BT up/down cylinder ဘေးက အဖုံးဖွင့်ကြည့်တော့ proximity sensor လေးနှစ်ခု တွေ့ပါတယ်။ ဘယ်ဟာ up ဘယ်ဟာ down မသေချာလို့ cylinder move up လုပ်ခိုင်းတော့ ပေါ်ဆုံး position မှာ အောက်ဘက်က sensor ပေါ်က LED လေး လင်းသွားပါတယ်။ အောက်ဆုံး position မှာတော့ အပေါ်ဘက်က sensor ပေါ်က မီးမလင်းပါဘူး။ ဒီ sensor မကောင်းတာ သေချာသွားတာပေါ့။ Sensor ဖြုတ်လာပြီး အသစ်ရှာ ဝယ်ပါတယ်။ နောက် ပြန်လဲလိုက်တော့ ကောင်း သွားတယ်ပေါ့။

နောက်ပြဿနာတစ်ခုက Steering Gear ပါ။ SG ကို Control လုပ်တဲ့ နေရာ နှစ်ခုရှိတယ်။ အခန်းထဲက မောင်းတဲ့နေရာမှာ တစ်ခု၊ အပြင်ဘက် နောက်ဖျားက မောင်းတဲ့ နေရာမှာ တစ်ခုပါ။ သူကြီးက အထဲကနေ follow up mode နဲ့ မောင်းပြပါတယ်။ အဲဒီ console မှာ တပ်ထားတဲ့ Rudder angle indicator က ကောင်းကောင်း အလုပ်လုပ်ပါတယ်။ နောက် အပြင်ဘက်က console ကနေ မောင်းပြတော့ indicator က တစ်ခါတလေ အမှန်ပြတယ်။ တစ်ခါတလေ တစ်နေရာမှာ ကပ်နေပြီး အမှန်မပြတော့ပြန်ဘူး။
 ကြုံလို့ SG ရဲ့ Operation mode လေး နှစ်ခုအကြောင်း ပြောပြချင်ပါတယ်။ အဲဒါကတော့ follow up ( FU) mode နဲ့ Non follow up (NFU) mode ပါ။ NFU mode မှာ Port / Stbd တစ်ဘက်ဘက်ကို command ပေးတဲ့ အခါ အဲဒီ direction အတိုင်း rudder ရွေ့သွားပါတယ်။ Command ပေးနေသမျှ ဆက်သွားမှာပါ။ Command ရပ်လိုက်မှ ဒါမှမဟုတ် Max limit ထိသွားမှ ရပ်မှာပါ။ Indicator ကြည့်ပြီးမောင်းတဲ့သူက လိုသလောက် ရွှေ့ပေးရပါတယ်။ FU mode မှာတော့ command ပေးတဲ့ steering / lever ကို လိုချင်တဲ့ angle တစ်ခုပေးလိုက်ယင် အဲဒီ angle ရောက်အောင် စက်က လိုက်ရွှေ့သွားမှာပါ။ ဥပမာ Port 20  ံပေးလိုက်ယင် Port 20  ံ ရောက်အောင် System က လိုတိုးပိုလျှော့ ရွှေ့ပေးပါတယ်။
အခု ပြဿနာမှာ FU mode ကြောင့်လား၊ indicator ကြောင့်လား၊ feedback unit ကြောင့်လား ခွဲသိဖို့ လိုပါတယ်။ ဒါနဲ့ NFU mode နဲ့ အတွင်း၊ အပြင် နှစ်မျိုး မောင်းပြီး indicator pointer လေး ရွေ့တဲ့ အနေအထားကို စောင့်ကြည့်ပါတယ်။ ဘယ်ကနေ မောင်းမောင်း အပြင်ဘက် indicator က ပြဿနာရှိနေပါတယ်။ ဒီတော့ indicator ကြောင့်လား feedback unit ကြောင့်လား တစ်ခုခုပါဘဲ။ ဒီတစ်ခါတော့ drawing ရှာလို့ မရတာနဲ့ သင်္ဘောနောက်ဖျားက အခန်းလေးကို လှန်ဖွင့်၊ ပြည့်ကြပ်နေတဲ့ ပစ္စည်း ပစ္စယတွေ ဖယ်ထုတ်ပြီး feedback unit ကို ရှာကြည့်ပါတယ်။ တွေ့ပါပြီ feedback unit နှစ်ခု ဘေးချင်းယှဉ်ရှိနေပြီး linkage တစ်ခုနဲ့ ဆက်ထားပါတယ်။ သူဘေးနားက junction box မှာ ကြိုချင်း လဲစမ်းဖို့ လုပ်ပါတယ်။ Terminal မှာကြည့်တော့ ကြိုး ၂ ချောင်း စီနဲ့ အစိမ်းရောင် earth wire ဘဲသုံးထားတာတွေ့ရပါတယ်။ တွေ့နေကျ potentiometer feedback ဆိုယင် ၃ ချောင်းပါ။ Synchro motor လည်း မဖြစ်နိုင်ပါဘူး။ ထားပါတော့။ နောက်ပြီးမှ ရှာကြည့်မယ်။ လောလောဆယ် ကြိုး နှစ်စုံ လဲပြီး စမ်းကြည့်တော့ ပြဿနာက အတွင်းဘက် indicator ဆီ ရောက်သွားပါတယ်။ ဒီတော့ feedback unit ကြောင့်ဆိုတာ သေချာ သွားပါပြီ။ Spare မရှိတော့ လဲဖို့ model မှတ်ယူခဲ့ ပါတယ်။ Simrad ကထုတ်တဲ့ RF300 ပါ။ Internet မှာ ရှာကြည့်တော့ feedback က Frequency signal ပြန်ပေးတာပါတဲ့။ ဒီတစ်ခါ ပထမဆုံး တွေ့ဖူးတာပါ။

No comments:

Post a Comment