Monday 19 March 2018

Generator (14) - Start Failure

[Zawgyi]

ဒီတစ္ခါ သေဘၤာေပၚမွာေတာ့ မဟုတ္ဘူး။ စကၤာပူ အစိုးရဌာနတစ္ခုရဲ႕ backup generator ေတြပါ။ စကၤပူမွာ မီးျပတ္တာ ေတာ္ေတာ္ရွားပါတယ္။ ဒါေပမဲ့ အစိုးရဌာန ဆိုေတာ့ အေရးေပၚအတြက္ ထားပါတယ္။ အဲဒီ ဌာန အေဆာက္အဦးမွာ Leroy Somer Gen Set, 1200 kW သုံးလုံး standby ထားပါတယ္။ သူတို႔ေျပာတာေတာ့ ဒီစက္ေတြ သက္တမ္း ႏွစ္ ၂၀ ေက်ာ္ၿပီတဲ့။ အခု ၂ လုံးက စလို႔ မရဘူး ေျပာပါတယ္။
အဲဒီဌာန ေရာက္ေတာ့ Maintenance ဝန္ထမ္း ၄ ေယာက္ေလာက္ ေစာင့္ေနၾကပါတယ္။ ေခါင္းေဆာင္က မေလး လူမ်ဳိးပါ။ သူက ရွင္းျပပါတယ္။ Gen-2 နဲ႔ Gen-3 က စၿပီး ခဏအတြင္း ျပန္ရပ္သြားတယ္ ေျပာပါတယ္။ စမ္းမယ္ဆိုေတာ့ Main Switchboard ကေန Gen-3 ကို remote start လုပ္ပါတယ္။ စက္လည္ပါတယ္။ Voltage က 250 V ေလာက္ဘဲ ထြက္တယ္။ Freq မီတာက ရဲ႕ range က 45 - 65 Hz ဆိုေတာ့ အစကေနတက္လာတာ မျမင္ရဘူး။ ျဖတ္ကနဲ ေတာ့ လႈပ္သြားတယ္။ စကၠန္႔ပိုင္း အတြင္း panel မွာ generator fail alarm တက္လာၿပီး shut down ျပန္ျဖစ္သြားတယ္။ ေသခ်ာတာကေတာ့ Voltage အျပည့္မထြက္လို႔ ျပန္ျဖတ္ခ်တာပါဘဲ။ Engine RPM မျပည့္လို႔လား Alternator က Voltage မထြက္လို႔လား ခြဲသိဖို႔ လိုပါတယ္။  ဒါနဲ႔ အေဖၚပါလာတဲ့ တစ္ေယာက္ကို စက္နားမွာေနၿပီး RPM meter မွာ ဘယ္ေလာက္တက္လဲ ေစာင့္ၾကည့္ခိုင္းပါတယ္။ ေနာက္တစ္ေခါက္ ျပန္စေတာ့ အတူတူပါဘဲ။ ဒါေပမဲ့ RPM 1500 ထိတက္တယ္ ေျပာပါတယ္။ ဒါဆို ဘာလို႔ Volt နည္းေနရတာလဲ။
Rotating diode ေတြထဲက တစ္ခ်ဳိ႕ မေကာင္းလို႔လား။ အဖုံးဖြင့္ၿပီး diode ရဲ႕ တစ္စစီျဖဳတ္တိုင္းၾကည့္ပါတယ္။ Diode ေတြ အကုန္ေကာင္းပါတယ္။ ဒီတစ္ခါ AVR နဲ႔ generator နဲ႔ ဘယ္အပိုင္းေၾကာင့္လဲ ခြဲထုတ္ခ်င္တာရယ္ low voltage နဲ႔ ျဖတ္ခ်တာ ဟုတ္မဟုတ္ confirm လုပ္ခ်င္တာရယ္ေၾကာင့္ external excitation ေပးၾကည့္ဖို႔ ဆုံးျဖတ္လိုက္ပါတယ္။
Side cover ဖြင့္ၾကည့္ေတာ့ AVR က ျမင္ေနက် မဟုတ္ပါဘူး။ သူနဲ႔ တြဲရက္ booster လို႔ယူဆရတဲ့ တစ္ျခား Circuit ေတြနဲ႔ ဆက္ထားပါေသးတယ္။ Manual ေတာင္းၾကည့္ေတာ့လည္း မရွိဘူးေျပာပါတယ္။ LS221 ဆိုတဲ့ AVR manual ကို Internet မွာ download ၾကည့္ေတာ့ လည္း မတူေတာ့ပါဘူး။ ဒါက version အေဟာင္းျဖစ္မယ္ ထင္ပါတယ္။ တစ္ကယ္လို႔ AVR အသစ္လဲရမယ္ဆိုယင္ေတာင္ နည္းနည္း ခက္မယ္ထင္ပါတယ္။ Version မတူေတာ့ လိုအပ္သလို modify လုပ္ေပးရမွာပါ။ ထားပါေတာ့။ ေလာေလာဆယ္ စမ္းဖို႔ field excitation အထြက္ ႀကိဳး ၂ ေခ်ာင္း ရွာရပါမယ္။ Drawing မရေတာ့ wire ေတြ လိုက္ၾကည့္ရပါတယ္။ exciter ဆီဝင္သြားတဲ့ ႀကိဳး ၂ ေခ်ာင္းကိုျဖဳတ္။ Wire ၂ ေခ်ာင္းနဲ႔ ခပ္ရွည္ရွည္ဆက္ၿပီး Starter Battery နားေရာက္ေအာင္ ဆြဲပါတယ္။ ေနာက္တစ္ေခါက္ စက္ျပန္နႈိးၿပီး 12 V excitation ေပးလိုက္ပါတယ္။ အဲဒီေတာ့ output 400 V အထိတက္သြားၿပီး စက္ကလည္း shut down ျဖစ္မသြားေတာ့ပါဘူး။ ၂ ခုေသခ်ာသြားပါၿပီ။  Generator ဘက္ကေကာင္းတယ္ ဆိုတာရယ္၊ Switch board က voltage မျပည့္လို႔ ျဖတ္ခ်ေနတယ္ဆိုတာရယ္ေပါ့။ AVR ေပၚက voltage preset နဲ႔ ညႇိၾကည့္ခ်င္ပါတယ္။ ျပႆနာက စက္က ၾကာၾကာ မလည္ႏိုင္ဘူး။ Local Run မယ္ဆိုယင္ေတာ့ အခုလို under voltage နဲ႔ shut down ျဖစ္မွာမဟုတ္ဘူး။ ဒါနဲ႔ သူတို႔ကို local ေမာင္းေပးဖို႔ ေျပာေတာ့ မရဘူးေျပာပါတယ္။ 
သေဘၤာသားေတြနဲ႔ မတူတာက ဒါပါဘဲ။ သူတို႔က စာအုပ္ႀကီးအတိုင္း ဒီလိုေမာင္း ဒီလိုလုပ္ လက္ဆင့္ကမ္းခဲ့တဲ့သူေတြ။ Remote နဲ႔ဘဲ ေမာင္းဖို႔ သင္ယူခဲ့ပုံရပါတယ္။ မျဖစ္ျဖစ္ေအာင္ ေမာင္းမယ္လို႔မရွိ။ မေမာင္းတတ္တာလား မသိပါ။ ထားပါေတာ့။ သူတို႔ မရဘူးဆိုေတာ့ ကိုယ္က ရတဲ့ နည္းနဲ႔ ဆက္လုပ္ရမွာေပါ့။
Risk နည္းနည္းယူၿပီး AVR ေပၚက volt preset ကို နည္းနည္းတင္ၿပီး ျပန္ေမာင္းၾကည့္ပါတယ္။ 300 V ေလာက္ေရာက္လာပါတယ္။ ၿပီးေတာ့ ျပန္ရပ္သြားတာေပါ့။ Preset ကို အျမင့္ဆုံးထားၿပီး ျပန္ေမာင္းခိုင္းပါတယ္။ လူကလည္း AVR ေဘးမွာ အဆင္သင့္ေနပါတယ္။ လိုအပ္ယင္ ခ်က္ခ်င္း ျပန္ခ်ရေအာင္လို႔။ တစ္ေယာက္က voltage ၾကည့္ထားၿပီး ေအာ္ေျပာေပးပါတယ္။ 390V ထြက္ပါတယ္။ Under voltage shut down က 380V ဆိုေတာ့ စက္က ဆက္လည္ေနပါတယ္။ ထပ္တင္လို႔ မရေတာ့ဘူး။ ခဏေနေတာ့ voltage တစ္ျဖည္းျဖည္းခ်င္း တက္လာပါတယ္။ ၅ မိနစ္ေလာက္ၾကာေတာ့ 410 V ေလာက္ ျဖစ္လာလို႔ ျပန္ေလွ်ာ့ေပးရပါတယ္။ သူတို႔ ထားတဲ့ Operation voltage က 400V ပါ။ အဲလိုနဲ႔ ေစာင့္ၾကည့္ယင္း၊ volt တက္လာယင္ ေလွ်ာ့ယင္းနဲ႔ ေနာက္ဆုံး လုံးဝ ၿငိမ္သြားတဲ့ အခ်ိန္မွာ မူလ Set Point ျပန္ေရာက္သြားပါတယ္။ မေလး supervisor ရဲ႕ ေတာင္းဆိုခ်က္အရ စက္ျပန္ရပ္ၿပီး ေနာက္ျပန္စ ၾကည့္ပါတယ္။ အကုန္ အဆင္ေျပပါတယ္။ ထပ္ ညႇိစရာ မလိုေတာ့ပါဘူး။ ကၽြန္ေတာ္ ေတြးမိတာေတာ့ ေဟာင္းေနၿပီျဖစ္တဲ့ AVR ေပၚက component ေတြက ဖုံေတြ၊ ေရေငြ႕ေတြနဲ႔ မို႔ ေကာင္းေကာင္း အလုပ္မလုပ္တာလို႔ ထင္ပါတယ္။ ေနာက္ Run ၿပီး တစ္ျဖည္းျဖည္း အပူခ်ိန္တက္လာမွ ပုံမွန္ျပန္ျဖစ္သြားတယ္လို႔ ယူဆပါတယ္။ ေနာက္မွ သူတို႔ ျပန္ေျပာတာက အယင္ Maker recommended procedure အရ အပတ္စဥ္ တစ္ပတ္ကို ၃၀ မိနစ္ ေမာင္းေပး ရတယ္ဆိုပါတယ္။ အခု ေနာက္ပိုင္း ဆီေခၽြတာတဲ့အေနနဲ႔ တစ္ပတ္ကို ၅ မိနစ္ဘဲ ေမာင္းေတာ့တယ္ ဆိုပါတယ္။ 
အခ်ိန္ရွိေသးေတာ့ ေနာက္ Gen-2 ကိုပါဆက္ လုပ္ရပါတယ္။ စမ္းၾကည့္ေတာ့ သူလည္း Gen-3 နဲ႔ တူပါတယ္။ 250 V ဘဲ ထြက္ပါတယ္။ ဒီတစ္ခါေတာ့ AVR မွာ volt ကို ေတာ္ေတာ္မ်ားမ်ားတင္ၿပီး စက္စလည္တာနဲ႔ Volt output ကို လွမ္းၾကည့္ေနၿပီး လိုက္တင္ေပးပါတယ္။ အျမင့္ဆုံးတင္ေပးတာေတာင္ 375V ေလာက္ဘဲ ထြက္တာမို႔ shutdown ျဖစ္သြားပါတယ္။ ခဏေလာက္ၾကာၾကာ Run ႏိုင္ယင္ Gen-3 မွာလို ျပန္ေကာင္းႏိုင္တယ္လို႔ ထင္ပါတယ္။ ဒီေတာ့ Voltage sensing relay ကို setting ေျပာင္းလိုက္ပါတယ္။ 370V ထက္နိမ့္မွ shutdown လုပ္ဖို႔ေပါ့။ ၿပီးတာနဲ႔ တစ္ေခါက္ျပန္စမ္းပါတယ္။ ဒီတစ္ခါ shutdown မျဖစ္ဘဲ ဆက္ run လို႔ ရေနပါၿပီ။ ေမွ်ာ္လင့္ထားတဲ့အတိုင္း ခဏၾကာေတာ့ volt ျပန္တက္လာပါတယ္။ ေနာက္ဆုံးေတာ့ မူလ set point နဲ႔ဘဲ လိုတဲ့ 400V ျပန္ရသြားပါတယ္။ Voltage sensing relay ကို အယင္ setting ျပန္ထားခဲ့ပါတယ္။ Supervisor လုပ္တဲ့သူကလည္း ဘာပစၥည္းမွ လဲစရာမလိုဘဲ ျပန္ရသြားလို႔ ေက်နပ္ေနပါတယ္။
ဒါေပမဲ့ မေမွ်ာ္လင့္တဲ့ ျပႆနာ ၾကဳံရပါတယ္။ ဘာလဲဆိုေတာ့ အဲဒီ အေဆာက္အဦးမွာ building automation system (BAS) ရွိပါတယ္။ ဒီေတာ့ generator တစ္ခါ ေမာင္းတိုင္း  BAS က မန္ေနဂ်ာဆီ အလိုအေလ်ာက္ message ပို႔ပါတယ္။ အမွန္က သူတို႔ေတြ ေျပာယင္ အဲဒီ signal ကို ေက်ာ္ထားလို႔ ရတာေပါ့။ အခု အကုန္ၿပီးတဲ့ အခ်ိန္ msg ဆယ္ခုေလာက္ မန္ေနဂ်ာဆီဝင္ေတာ့ တာဝန္က် ကုလားေလးဆီ ဖုန္းနဲ႔ လွမ္းေမးတာေပါ့။ သူရွင္းျပေပမဲ့ အဆူခံေနရေတာ့ ကၽြန္ေတာ့္ကို ကူရွင္းျပေပးဖို႔ ဖုန္းေပးလာပါတယ္။ တိုးတိုးေျပာတယ္ မန္ေနဂ်ာကလည္း ျမန္မာမို႔ ကၽြန္ေတာ္ေျပာျပယင္ ရမွာပါတဲ့။ 
ဒီေတာ့လည္း ဖုန္းထဲမွာ အက်ဳိးအေၾကာင္း ေျပာျပရတာေပါ့။ ကၽြန္ေတာ္တို စမ္းေန၊ ျပင္ေနတာမို႔ ခဏခဏ စက္ေမာင္းတာပါလို႔။ အဲဒီမွာ ကိုယ္႔ကိုပါ အဆူခံရပါေရာ။ မင္းတို႔က တစ္ခါေလာက္ ေမာင္းၾကည့္ၿပီး အျပစ္သိရမွာေပါ့။ ခဏခဏ ေမာင္းရတယ္ဆိုေတာ့ မင္းတို႔ မကၽြမ္းက်င္လို႔ေပါ့။ ေတာ္ၾကာ ခဏခဏေမာင္းလို႔ စက္မွာ တစ္ျခားဟာေတြ ပ်က္သြားယင္ ပိုဆိုးမွာေပါ့ ... ။ စသျဖင့္အဆူခံရတာေပါ့။ ဪ ျမန္မာခ်င္းမွ ပိုေတာင္ဆိုးေနေသး။ စိတ္ကိုေလွ်ာ့ၿပီး ေတာင္းပန္ရတာေပါ့။ မေလး supervisor ကလည္း ေနာက္ၿပီးမွ သူရွင္းျပေပးမယ္ဆိုပါတယ္။ ေနာက္အဲဒီမန္ေနဂ်ာနဲ႔ လူခ်င္းေတြ႕ စကားေျပာေတာ့ အဆင္ေျပသြားပါတယ္။
(Technical နဲ႔ မဆီမဆိုင္ စကားေတြ ရွည္သြားတာ ေဆာရီးပါ။)

[Unicode]

ဒီတစ်ခါ သင်္ဘောပေါ်မှာတော့ မဟုတ်ဘူး။ စင်္ကာပူ အစိုးရဌာနတစ်ခုရဲ့ backup generator တွေပါ။ စင်္ကပူမှာ မီးပြတ်တာ တော်တော်ရှားပါတယ်။ ဒါပေမဲ့ အစိုးရဌာန ဆိုတော့ အရေးပေါ်အတွက် ထားပါတယ်။ အဲဒီ ဌာန အဆောက်အဦးမှာ Leroy Somer Gen Set, 1200 kW သုံးလုံး standby ထားပါတယ်။ သူတို့ပြောတာတော့ ဒီစက်တွေ သက်တမ်း နှစ် ၂၀ ကျော်ပြီတဲ့။ အခု ၂ လုံးက စလို့ မရဘူး ပြောပါတယ်။ အဲဒီဌာန ရောက်တော့ Maintenance ဝန်ထမ်း ၄ ယောက်လောက် စောင့်နေကြပါတယ်။ ခေါင်းဆောင်က မလေး လူမျိုးပါ။ သူက ရှင်းပြပါတယ်။ Gen-2 နဲ့ Gen-3 က စပြီး ခဏအတွင်း ပြန်ရပ်သွားတယ် ပြောပါတယ်။ စမ်းမယ်ဆိုတော့ Main Switchboard ကနေ Gen-3 ကို remote start လုပ်ပါတယ်။ စက်လည်ပါတယ်။ Voltage က 250 V လောက်ဘဲ ထွက်တယ်။ Freq မီတာက ရဲ့ range က 45 - 65 Hz ဆိုတော့ အစကနေတက်လာတာ မမြင်ရဘူး။ ဖြတ်ကနဲ တော့ လှုပ်သွားတယ်။ စက္ကန့်ပိုင်း အတွင်း panel မှာ generator fail alarm တက်လာပြီး shut down ပြန်ဖြစ်သွားတယ်။ သေချာတာကတော့ Voltage အပြည့်မထွက်လို့ ပြန်ဖြတ်ချတာပါဘဲ။ Engine RPM မပြည့်လို့လား Alternator က Voltage မထွက်လို့လား ခွဲသိဖို့ လိုပါတယ်။  ဒါနဲ့ အဖေါ်ပါလာတဲ့ တစ်ယောက်ကို စက်နားမှာနေပြီး RPM meter မှာ ဘယ်လောက်တက်လဲ စောင့်ကြည့်ခိုင်းပါတယ်။ နောက်တစ်ခေါက် ပြန်စတော့ အတူတူပါဘဲ။ ဒါပေမဲ့ RPM 1500 ထိတက်တယ် ပြောပါတယ်။ ဒါဆို ဘာလို့ Volt နည်းနေရတာလဲ။ Rotating diode တွေထဲက တစ်ချို့ မကောင်းလို့လား။ အဖုံးဖွင့်ပြီး diode ရဲ့ တစ်စစီဖြုတ်တိုင်းကြည့်ပါတယ်။ Diode တွေ အကုန်ကောင်းပါတယ်။ ဒီတစ်ခါ AVR နဲ့ generator နဲ့ ဘယ်အပိုင်းကြောင့်လဲ ခွဲထုတ်ချင်တာရယ် low voltage နဲ့ ဖြတ်ချတာ ဟုတ်မဟုတ် confirm လုပ်ချင်တာရယ်ကြောင့် external excitation ပေးကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
Side cover ဖွင့်ကြည့်တော့ AVR က မြင်နေကျ မဟုတ်ပါဘူး။ သူနဲ့ တွဲရက် booster လို့ယူဆရတဲ့ တစ်ခြား Circuit တွေနဲ့ ဆက်ထားပါသေးတယ်။ Manual တောင်းကြည့်တော့လည်း မရှိဘူးပြောပါတယ်။ LS221 ဆိုတဲ့ AVR manual ကို Internet မှာ download ကြည့်တော့ လည်း မတူတော့ပါဘူး။ ဒါက version အဟောင်းဖြစ်မယ် ထင်ပါတယ်။ တစ်ကယ်လို့ AVR အသစ်လဲရမယ်ဆိုယင်တောင် နည်းနည်း ခက်မယ်ထင်ပါတယ်။ Version မတူတော့ လိုအပ်သလို modify လုပ်ပေးရမှာပါ။ ထားပါတော့။ လောလောဆယ် စမ်းဖို့ field excitation အထွက် ကြိုး ၂ ချောင်း ရှာရပါမယ်။ Drawing မရတော့ wire တွေ လိုက်ကြည့်ရပါတယ်။ exciter ဆီဝင်သွားတဲ့ ကြိုး ၂ ချောင်းကိုဖြုတ်။ Wire ၂ ချောင်းနဲ့ ခပ်ရှည်ရှည်ဆက်ပြီး Starter Battery နားရောက်အောင် ဆွဲပါတယ်။ နောက်တစ်ခေါက် စက်ပြန်နှိုးပြီး 12 V excitation ပေးလိုက်ပါတယ်။ အဲဒီတော့ output 400 V အထိတက်သွားပြီး စက်ကလည်း shut down ဖြစ်မသွားတော့ပါဘူး။ ၂ ခုသေချာသွားပါပြီ။  Generator ဘက်ကကောင်းတယ် ဆိုတာရယ်၊ Switch board က voltage မပြည့်လို့ ဖြတ်ချနေတယ်ဆိုတာရယ်ပေါ့။ AVR ပေါ်က voltage preset နဲ့ ညှိကြည့်ချင်ပါတယ်။ ပြဿနာက စက်က ကြာကြာ မလည်နိုင်ဘူး။ Local Run မယ်ဆိုယင်တော့ အခုလို under voltage နဲ့ shut down ဖြစ်မှာမဟုတ်ဘူး။ ဒါနဲ့ သူတို့ကို local မောင်းပေးဖို့ ပြောတော့ မရဘူးပြောပါတယ်။ 
သင်္ဘောသားတွေနဲ့ မတူတာက ဒါပါဘဲ။ သူတို့က စာအုပ်ကြီးအတိုင်း ဒီလိုမောင်း ဒီလိုလုပ် လက်ဆင့်ကမ်းခဲ့တဲ့သူတွေ။ Remote နဲ့ဘဲ မောင်းဖို့ သင်ယူခဲ့ပုံရပါတယ်။ မဖြစ်ဖြစ်အောင် မောင်းမယ်လို့မရှိ။ မမောင်းတတ်တာလား မသိပါ။ ထားပါတော့။ သူတို့ မရဘူးဆိုတော့ ကိုယ်က ရတဲ့ နည်းနဲ့ ဆက်လုပ်ရမှာပေါ့။
Risk နည်းနည်းယူပြီး AVR ပေါ်က volt preset ကို နည်းနည်းတင်ပြီး ပြန်မောင်းကြည့်ပါတယ်။ 300 V လောက်ရောက်လာပါတယ်။ ပြီးတော့ ပြန်ရပ်သွားတာပေါ့။ Preset ကို အမြင့်ဆုံးထားပြီး ပြန်မောင်းခိုင်းပါတယ်။ လူကလည်း AVR ဘေးမှာ အဆင်သင့်နေပါတယ်။ လိုအပ်ယင် ချက်ချင်း ပြန်ချရအောင်လို့။ တစ်ယောက်က voltage ကြည့်ထားပြီး အော်ပြောပေးပါတယ်။ 390V ထွက်ပါတယ်။ Under voltage shut down က 380V ဆိုတော့ စက်က ဆက်လည်နေပါတယ်။ ထပ်တင်လို့ မရတော့ဘူး။ ခဏနေတော့ voltage တစ်ဖြည်းဖြည်းချင်း တက်လာပါတယ်။ ၅ မိနစ်လောက်ကြာတော့ 410 V လောက် ဖြစ်လာလို့ ပြန်လျှော့ပေးရပါတယ်။ သူတို့ ထားတဲ့ Operation voltage က 400V ပါ။ အဲလိုနဲ့ စောင့်ကြည့်ယင်း၊ volt တက်လာယင် လျှော့ယင်းနဲ့ နောက်ဆုံး လုံးဝ ငြိမ်သွားတဲ့ အချိန်မှာ မူလ Set Point ပြန်ရောက်သွားပါတယ်။ မလေး supervisor ရဲ့ တောင်းဆိုချက်အရ စက်ပြန်ရပ်ပြီး နောက်ပြန်စ ကြည့်ပါတယ်။ အကုန် အဆင်ပြေပါတယ်။ ထပ် ညှိစရာ မလိုတော့ပါဘူး။ ကျွန်တော် တွေးမိတာတော့ ဟောင်းနေပြီဖြစ်တဲ့ AVR ပေါ်က component တွေက ဖုံတွေ၊ ရေငွေ့တွေနဲ့ မို့ ကောင်းကောင်း အလုပ်မလုပ်တာလို့ ထင်ပါတယ်။ နောက် Run ပြီး တစ်ဖြည်းဖြည်း အပူချိန်တက်လာမှ ပုံမှန်ပြန်ဖြစ်သွားတယ်လို့ ယူဆပါတယ်။ နောက်မှ သူတို့ ပြန်ပြောတာက အယင် Maker recommended procedure အရ အပတ်စဉ် တစ်ပတ်ကို ၃၀ မိနစ် မောင်းပေး ရတယ်ဆိုပါတယ်။ အခု နောက်ပိုင်း ဆီချွေတာတဲ့အနေနဲ့ တစ်ပတ်ကို ၅ မိနစ်ဘဲ မောင်းတော့တယ် ဆိုပါတယ်။ 
အချိန်ရှိသေးတော့ နောက် Gen-2 ကိုပါဆက် လုပ်ရပါတယ်။ စမ်းကြည့်တော့ သူလည်း Gen-3 နဲ့ တူပါတယ်။ 250 V ဘဲ ထွက်ပါတယ်။ ဒီတစ်ခါတော့ AVR မှာ volt ကို တော်တော်များများတင်ပြီး စက်စလည်တာနဲ့ Volt output ကို လှမ်းကြည့်နေပြီး လိုက်တင်ပေးပါတယ်။ အမြင့်ဆုံးတင်ပေးတာတောင် 375V လောက်ဘဲ ထွက်တာမို့ shutdown ဖြစ်သွားပါတယ်။ ခဏလောက်ကြာကြာ Run နိုင်ယင် Gen-3 မှာလို ပြန်ကောင်းနိုင်တယ်လို့ ထင်ပါတယ်။ ဒီတော့ Voltage sensing relay ကို setting ပြောင်းလိုက်ပါတယ်။ 370V ထက်နိမ့်မှ shutdown လုပ်ဖို့ပေါ့။ ပြီးတာနဲ့ တစ်ခေါက်ပြန်စမ်းပါတယ်။ ဒီတစ်ခါ shutdown မဖြစ်ဘဲ ဆက် run လို့ ရနေပါပြီ။ မျှော်လင့်ထားတဲ့အတိုင်း ခဏကြာတော့ volt ပြန်တက်လာပါတယ်။ နောက်ဆုံးတော့ မူလ set point နဲ့ဘဲ လိုတဲ့ 400V ပြန်ရသွားပါတယ်။ Voltage sensing relay ကို အယင် setting ပြန်ထားခဲ့ပါတယ်။ Supervisor လုပ်တဲ့သူကလည်း ဘာပစ္စည်းမှ လဲစရာမလိုဘဲ ပြန်ရသွားလို့ ကျေနပ်နေပါတယ်။
ဒါပေမဲ့ မမျှော်လင့်တဲ့ ပြဿနာ ကြုံရပါတယ်။ ဘာလဲဆိုတော့ အဲဒီ အဆောက်အဦးမှာ building automation system (BAS) ရှိပါတယ်။ ဒီတော့ generator တစ်ခါ မောင်းတိုင်း  BAS က မန်နေဂျာဆီ အလိုအလျောက် message ပို့ပါတယ်။ အမှန်က သူတို့တွေ ပြောယင် အဲဒီ signal ကို ကျော်ထားလို့ ရတာပေါ့။ အခု အကုန်ပြီးတဲ့ အချိန် msg ဆယ်ခုလောက် မန်နေဂျာဆီဝင်တော့ တာဝန်ကျ ကုလားလေးဆီ ဖုန်းနဲ့ လှမ်းမေးတာပေါ့။ သူရှင်းပြပေမဲ့ အဆူခံနေရတော့ ကျွန်တော့်ကို ကူရှင်းပြပေးဖို့ ဖုန်းပေးလာပါတယ်။ တိုးတိုးပြောတယ် မန်နေဂျာကလည်း မြန်မာမို့ ကျွန်တော်ပြောပြယင် ရမှာပါတဲ့။ 
ဒီတော့လည်း ဖုန်းထဲမှာ အကျိုးအကြောင်း ပြောပြရတာပေါ့။ ကျွန်တော်တို စမ်းနေ၊ ပြင်နေတာမို့ ခဏခဏ စက်မောင်းတာပါလို့။ အဲဒီမှာ ကိုယ့်ကိုပါ အဆူခံရပါရော။ မင်းတို့က တစ်ခါလောက် မောင်းကြည့်ပြီး အပြစ်သိရမှာပေါ့။ ခဏခဏ မောင်းရတယ်ဆိုတော့ မင်းတို့ မကျွမ်းကျင်လို့ပေါ့။ တော်ကြာ ခဏခဏမောင်းလို့ စက်မှာ တစ်ခြားဟာတွေ ပျက်သွားယင် ပိုဆိုးမှာပေါ့ ... ။ စသဖြင့်အဆူခံရတာပေါ့။ ဪ မြန်မာချင်းမှ ပိုတောင်ဆိုးနေသေး။ စိတ်ကိုလျှော့ပြီး တောင်းပန်ရတာပေါ့။ မလေး supervisor ကလည်း နောက်ပြီးမှ သူရှင်းပြပေးမယ်ဆိုပါတယ်။ နောက်အဲဒီမန်နေဂျာနဲ့ လူချင်းတွေ့ စကားပြောတော့ အဆင်ပြေသွားပါတယ်။
(Technical နဲ့ မဆီမဆိုင် စကားတွေ ရှည်သွားတာ ဆောရီးပါ။)

No comments:

Post a Comment