Tuesday 6 March 2018

Inert Gas System (2) - Recorder Problem

[Zawgyi]
နည္းနည္းေတာ့ ၾကာသြားၿပီ။ ျပန္ေျပာခ်င္လို႔ အခ်က္အလက္ရွာတာ နည္းနည္းဘဲရတယ္။ ထားပါေလ။ အေသးစိတ္မဟုတ္ယင္ေတာင္ idea ေလးေလာက္သိရေအာင္ ေျပာျပတာေပါ့။ Tanker တစ္စီးေပၚက Inert Gas System ရဲ႕ Recorder အလုပ္မလုပ္လို႔ ေျပာပါတယ္။ သေဘၤာေပၚေရာက္ေတာ့ ေတြ႕ရတာက ျမန္မာဓာတ္ႀကိဳးပါ။ သူက ရွင္းျပပါတယ္။ Recorder က အလုပ္ေတာ့လုပ္တယ္ လြဲေနတယ္တဲ့။
 နည္းနည္း အေသးစိတ္ေျပာျပပါမယ္။ Recorder ဆိုတာ Graph စာရြက္ေပၚမွာ မွတ္ခ်င္တဲ့ input data ကို plot လုပ္ေပးတဲ့ printer ဘဲဆိုပါေတာ့။ Input Channel အားလုံးကို တစ္ၿပိဳင္နက္ထဲ plot လုပ္ေပးမွာပါ။ ဒီမွာသုံးထားတာက Taishio ရဲ႕ TS-601 ပါ။ Channel ၆ ခု ထည့္လို႔ရပါတယ္။ လက္ရွိ Chanel 1 မွာ O2 ကို ထည့္ထားၿပီး၊ Chanel 2 မွာ Pressure ကိုထည့္ထားပါတယ္။ က်န္တဲ့ Channel ေတြမသုံးပါဘူး။ ဓာတ္ႀကိဳးႀကီး ေျပာျပတာက plot လုပ္တဲ့ Point ေတြက offset ျဖစ္ေနတယ္တဲ့။ လက္ေတြ႕ O2 calibration လုပ္ျပပါတယ္။ 
O2 analyzer ထားတဲ့ အခန္းမွာ Sample Line နဲ႔ Calibration Gas  ျဖစ္တဲ့ N2 အိုးကိုဆက္ထားပါတယ္။ N2 ဆိုေပမဲ့ 100% N2 မဟုတ္ပါဘူး။ N2 က 98% ျဖစ္ၿပီး O2 က 2% ပါ။ N2 inlet ကို valve ဖြင့္ေပးလိုက္ေတာ့ O2 Analyzer ရဲ႕ local display မွာ 2% ျပပါတယ္။ အဲဒီအခ်ိန္ CCR မွာရွိတဲ့ recorder က -6.13% ျပပါတယ္။ Graphမွာလည္း အဲဒီတန္ဘိုး plot လုပ္တာေပါ့။ ေနာက္ N2 valve ကို ပိတ္၊ အျပင္ေလ အဝင္ valve ကို ဖြင့္ေပးေတာ့ local မွာ 20.9% ျပပါတယ္။ CCR က recorder မွာေတာ့ 12.77% ျဖစ္ေနပါတယ္။ ဒါဆို O2 analyzer ေကာင္းတယ္ေပါ့။ အဲဒီ display နဲ႔ series ခ်ိတ္ထားတဲ့ recorder မွာ တန္ဘိုး အတူ ျပသင့္ပါတယ္။ အခု အၿမဲ 8.13% ေလာက္ နည္းေနတဲ့ သေဘာေပါ့။
Pressure မွာလည္း ဒီလိုဘဲလြဲေနပါတယ္။ 300 mmWg ေလာက္ ကြာေနပါတယ္။
တစ္ကယ္ဆိုယင္ input မွာ 4-20 mA ထည့္ေပးယင္ သူနဲ႔ အခ်ဳိးက် output chart မွာ plot လုပ္ေပးမွာပါ။ ဒါေပမဲ့ အဲဒီလို plot လုပ္ရမယ့္ scale ကိုေတာ့ parameter setting မွာ မွန္ေအာင္ထည့္ေပးရမွာေပါ့။

ဒါနဲ႔ Manual ဖတ္ parameter setting ထဲဝင္ၾကည့္ပါတယ္။ Channel 1 က O2 ကိုအယင္စစ္ၾကည့္ပါတယ္။ Input type က mA ကိုေရြးထားေတာ့ မွန္ပါတယ္။ ေနာက္ၿပီး low input က 4 mA ပါ။ Plot value ကို 0% ထားပါတယ္။   ဒါလည္းမွန္တာဘဲ။ High input ကို 20mA ထားၿပီး Plot value က 25% ေပးထားပါတယ္။ Input နဲ႔ plot value ကေတာ့ မွန္ေနတာဘဲ။ Plot မွာ နည္းေနတယ္ဆိုေတာ့ တစ္ကယ္ current နည္းတာ ျဖစ္မလား။ ဒါေပမဲ့ local display မွာမွန္ေနရက္နဲ႔ သူနဲ႔ series ဆက္ထားတဲ့ Recorder ရဲ႕ display နဲ႔ plot မွာ နည္းေနတယ္ဆိုေတာ့ တစ္ခုခုဘဲ။ ေနာက္ၿပီး Pressure မွာပါ ကြာေနတယ္ဆိုေတာ့ recorder ထဲကဘဲ ျဖစ္ဖို႔ ပိုမ်ားပါတယ္။
ထားပါေတာ့။ ေနာက္ parameter ထဲမွာ တစ္ခုပါေသးတာက offset ပါ။ ကၽြန္ေတာ္လည္း ေပ်ာ္သြားတယ္။ ဒီဟာေလး ထည့္ေပးလိုက္ယင္ အဆင္ေျပသြားမယ္လို႔ထင္ပါတယ္။ လက္ရွိ 0 ထည့္ထားပါတယ္။ ဒါနဲ႔ 8.13% နည္းေနတယ္ဆိုေတာ့ offset ကို 8.13 ထည့္လိုက္ပါတယ္။ Save လုပ္ၿပီး ထြက္ၾကည့္ေတာ့ တန္ဘိုးေတြက ေမွ်ာ္လင့္ထားသလို မထြက္ပါဘူး။
O2 က လက္ရွိ ေလကိုထည့္ထားတဲ့ အခ်ိန္မွာ 25.47% ျဖစ္သြားပါတယ္။ ေနာက္ N2 gas input ေပးလိုက္ေတာ့လည္း 2% မျပဘဲ 6.57% ျပေနပါတယ္။
ကၽြန္ေတာ္လည္း ေတာ္ေတာ္ေလး စဥ္းစားရပါတယ္။ Offset parameter ဘယ္လို အလုပ္လုပ္သလဲဆိုတာ။ Pressure channel မွာ offset ထည့္ၾကည့္ေတာ့လည္း အဆင္မေျပပါဘူး။
ဒါနဲ႔ formula ေတြစဥ္းစားၾကည့္၊ ဂဏန္းေတြ ေလွ်ာက္တြက္ၾကည့္ပါတယ္။ ေတာ္ေတာ္ေလးၾကာမွ တစ္ခု ေတြးမိသြားပါတယ္။ သူေျပာတဲ့ offset ဆိုတာ input current တန္ဘိုး offset လုပ္တဲ့ သေဘာျဖစ္မလားေပါ့။ အခု ကၽြန္ေတာ္က output % ကို offset ထည့္ေပးတာ။ အဲဒါကို input mA တန္ဘိုး ေျပာင္းထည့္ၾကည့္မယ္။
Input အနိမ့္ဆုံးနဲ႔ အျမင့္ဆုံး ျခားနားခ်က္ range က 20-4 = 16 mA
Output range က 25 - 0 = 25%
Offset က 8.13% ဆိုေတာ့ mA ေျပာင္းယင္
Offset (mA) = (8.13 / 25) x 16
                     = 5.2032 mA
အဲဒီလိုတြက္ၿပီး offset မွာ 5.2032 ထည့္လိုက္ပါတယ္။ Recorder မွာ 20.9% ျဖစ္သြားပါၿပီ။ မွန္သြားၿပီေပါ့။ N2 inject လုပ္ၾကည့္ေတာ့လည္း 2% ကို မွန္မွန္ကန္ကန္ျပေနပါၿပီ။
ဒီလိုဘဲ pressure channel မွာလည္း 300 mmWg လြဲတယ္ဆိုေတာ့ mA ျပန္တြက္ပါတယ္။ သူကေတာ့ output range က အနိမ့္ဆုံး -500 အျမင့္ဆုံး 2000 mmWg ဆိုေတာ့ range က  2000 - (-500) = 2500 mmWg ပါ။ ဒီေတာ့ 
Offset Pressure (mA) = (300 / 2500) x 16
                                      = 1.92 mA
အဲဒီတန္ဘိုး offset ထည့္ေပးလိုက္ေတာ့ မွန္သြားပါတယ္။ ဒါနဲ႔ ျပန္ဆင္းခဲ့တယ္ေပါ့။

အဲဒီအခ်ိန္က ဒီလို recorder အေတြ႕ အၾကဳံ သိပ္မရွိေသးပါဘူး။ ေနာက္ပိုင္းမွ သိလာရတာက recorder အဝင္ေနရာမွာ compensating resistor ေလးေတြ ထည့္ထားတတ္ပါတယ္။ 250 ohm ေလာက္ရွိမယ္ထင္တယ္။ အဲဒီ resistor တန္ဘိုးမမွန္ယင္၊ ျပဳတ္က်ေနယင္ ျပတဲ့တန္ဘိုး ကြာတတ္ပါတယ္။ တစ္ကယ္က mA input value တိုင္းၾကည့္ၿပီး မွန္ေနရက္နဲ႔ recorder output မမွန္ယင္ resistor နဲ႔ ကစားယူလိုလည္း ရပါတယ္။ ဒါက ေနာက္မွ သိလာတာပါ။

[Unicode]
နည်းနည်းတော့ ကြာသွားပြီ။ ပြန်ပြောချင်လို့ အချက်အလက်ရှာတာ နည်းနည်းဘဲရတယ်။ ထားပါလေ။ အသေးစိတ်မဟုတ်ယင်တောင် idea လေးလောက်သိရအောင် ပြောပြတာပေါ့။ Tanker တစ်စီးပေါ်က Inert Gas System ရဲ့ Recorder အလုပ်မလုပ်လို့ ပြောပါတယ်။ သင်္ဘောပေါ်ရောက်တော့ တွေ့ရတာက မြန်မာဓာတ်ကြိုးပါ။ သူက ရှင်းပြပါတယ်။ Recorder က အလုပ်တော့လုပ်တယ် လွဲနေတယ်တဲ့။
နည်းနည်း အသေးစိတ်ပြောပြပါမယ်။ Recorder ဆိုတာ Graph စာရွက်ပေါ်မှာ မှတ်ချင်တဲ့ input data ကို plot လုပ်ပေးတဲ့ printer ဘဲဆိုပါတော့။ Input Channel အားလုံးကို တစ်ပြိုင်နက်ထဲ plot လုပ်ပေးမှာပါ။ ဒီမှာသုံးထားတာက Taishio ရဲ့ TS-601 ပါ။ Channel ၆ ခု ထည့်လို့ရပါတယ်။ လက်ရှိ Chanel 1 မှာ O2 ကို ထည့်ထားပြီး၊ Chanel 2 မှာ Pressure ကိုထည့်ထားပါတယ်။ ကျန်တဲ့ Channel တွေမသုံးပါဘူး။ ဓာတ်ကြိုးကြီး ပြောပြတာက plot လုပ်တဲ့ Point တွေက offset ဖြစ်နေတယ်တဲ့။ လက်တွေ့ O2 calibration လုပ်ပြပါတယ်။ 
O2 analyzer ထားတဲ့ အခန်းမှာ Sample Line နဲ့ Calibration Gas  ဖြစ်တဲ့ N2 အိုးကိုဆက်ထားပါတယ်။ N2 ဆိုပေမဲ့ 100% N2 မဟုတ်ပါဘူး။ N2 က 98% ဖြစ်ပြီး O2 က 2% ပါ။ N2 inlet ကို valve ဖွင့်ပေးလိုက်တော့ O2 Analyzer ရဲ့ local display မှာ 2% ပြပါတယ်။ အဲဒီအချိန် CCR မှာရှိတဲ့ recorder က -6.13% ပြပါတယ်။ Graphမှာလည်း အဲဒီတန်ဘိုး plot လုပ်တာပေါ့။ နောက် N2 valve ကို ပိတ်၊ အပြင်လေ အဝင် valve ကို ဖွင့်ပေးတော့ local မှာ 20.9% ပြပါတယ်။ CCR က recorder မှာတော့ 12.77% ဖြစ်နေပါတယ်။ ဒါဆို O2 analyzer ကောင်းတယ်ပေါ့။ အဲဒီ display နဲ့ series ချိတ်ထားတဲ့ recorder မှာ တန်ဘိုး အတူ ပြသင့်ပါတယ်။ အခု အမြဲ 8.13% လောက် နည်းနေတဲ့ သဘောပေါ့။
Pressure မှာလည်း ဒီလိုဘဲလွဲနေပါတယ်။ 300 mmWg လောက် ကွာနေပါတယ်။
တစ်ကယ်ဆိုယင် input မှာ 4-20 mA ထည့်ပေးယင် သူနဲ့ အချိုးကျ output chart မှာ plot လုပ်ပေးမှာပါ။ ဒါပေမဲ့ အဲဒီလို plot လုပ်ရမယ့် scale ကိုတော့ parameter setting မှာ မှန်အောင်ထည့်ပေးရမှာပေါ့။

ဒါနဲ့ Manual ဖတ် parameter setting ထဲဝင်ကြည့်ပါတယ်။ Channel 1 က O2 ကိုအယင်စစ်ကြည့်ပါတယ်။ Input type က mA ကိုရွေးထားတော့ မှန်ပါတယ်။ နောက်ပြီး low input က 4 mA ပါ။ Plot value ကို 0% ထားပါတယ်။   ဒါလည်းမှန်တာဘဲ။ High input ကို 20mA ထားပြီး Plot value က 25% ပေးထားပါတယ်။ Input နဲ့ plot value ကတော့ မှန်နေတာဘဲ။ Plot မှာ နည်းနေတယ်ဆိုတော့ တစ်ကယ် current နည်းတာ ဖြစ်မလား။ ဒါပေမဲ့ local display မှာမှန်နေရက်နဲ့ သူနဲ့ series ဆက်ထားတဲ့ Recorder ရဲ့ display နဲ့ plot မှာ နည်းနေတယ်ဆိုတော့ တစ်ခုခုဘဲ။ နောက်ပြီး Pressure မှာပါ ကွာနေတယ်ဆိုတော့ recorder ထဲကဘဲ ဖြစ်ဖို့ ပိုများပါတယ်။
ထားပါတော့။ နောက် parameter ထဲမှာ တစ်ခုပါသေးတာက offset ပါ။ ကျွန်တော်လည်း ပျော်သွားတယ်။ ဒီဟာလေး ထည့်ပေးလိုက်ယင် အဆင်ပြေသွားမယ်လို့ထင်ပါတယ်။ လက်ရှိ 0 ထည့်ထားပါတယ်။ ဒါနဲ့ 8.13% နည်းနေတယ်ဆိုတော့ offset ကို 8.13 ထည့်လိုက်ပါတယ်။ Save လုပ်ပြီး ထွက်ကြည့်တော့ တန်ဘိုးတွေက မျှော်လင့်ထားသလို မထွက်ပါဘူး။
O2 က လက်ရှိ လေကိုထည့်ထားတဲ့ အချိန်မှာ 25.47% ဖြစ်သွားပါတယ်။ နောက် N2 gas input ပေးလိုက်တော့လည်း 2% မပြဘဲ 6.57% ပြနေပါတယ်။
ကျွန်တော်လည်း တော်တော်လေး စဉ်းစားရပါတယ်။ Offset parameter ဘယ်လို အလုပ်လုပ်သလဲဆိုတာ။ Pressure channel မှာ offset ထည့်ကြည့်တော့လည်း အဆင်မပြေပါဘူး။ 
ဒါနဲ့ formula တွေစဉ်းစားကြည့်၊ ဂဏန်းတွေ လျှောက်တွက်ကြည့်ပါတယ်။ တော်တော်လေးကြာမှ တစ်ခု တွေးမိသွားပါတယ်။ သူပြောတဲ့ offset ဆိုတာ input current တန်ဘိုး offset လုပ်တဲ့ သဘောဖြစ်မလားပေါ့။ အခု ကျွန်တော်က output % ကို offset ထည့်ပေးတာ။ အဲဒါကို input mA တန်ဘိုး ပြောင်းထည့်ကြည့်မယ်။
Input အနိမ့်ဆုံးနဲ့ အမြင့်ဆုံး ခြားနားချက် range က 20-4 = 16 mA
Output range က 25 - 0 = 25%
Offset က 8.13% ဆိုတော့ mA ပြောင်းယင်
Offset (mA) = (8.13 / 25) x 16
                     = 5.2032 mA

အဲဒီလိုတွက်ပြီး offset မှာ 5.2032 ထည့်လိုက်ပါတယ်။ Recorder မှာ 20.9% ဖြစ်သွားပါပြီ။ မှန်သွားပြီပေါ့။ N2 inject လုပ်ကြည့်တော့လည်း 2% ကို မှန်မှန်ကန်ကန်ပြနေပါပြီ။
ဒီလိုဘဲ pressure channel မှာလည်း 300 mmWg လွဲတယ်ဆိုတော့ mA ပြန်တွက်ပါတယ်။ သူကတော့ output range က အနိမ့်ဆုံး -500 အမြင့်ဆုံး 2000 mmWg ဆိုတော့ range က  2000 - (-500) = 2500 mmWg ပါ။ ဒီတော့ 
Offset Pressure (mA) = (300 / 2500) x 16
                                      = 1.92 mA
အဲဒီတန်ဘိုး offset ထည့်ပေးလိုက်တော့ မှန်သွားပါတယ်။ ဒါနဲ့ ပြန်ဆင်းခဲ့တယ်ပေါ့။

အဲဒီအချိန်က ဒီလို recorder အတွေ့ အကြုံ သိပ်မရှိသေးပါဘူး။ နောက်ပိုင်းမှ သိလာရတာက recorder အဝင်နေရာမှာ compensating resistor လေးတွေ ထည့်ထားတတ်ပါတယ်။ 250 ohm လောက်ရှိမယ်ထင်တယ်။ အဲဒီ resistor တန်ဘိုးမမှန်ယင်၊ ပြုတ်ကျနေယင် ပြတဲ့တန်ဘိုး ကွာတတ်ပါတယ်။ တစ်ကယ်က mA input value တိုင်းကြည့်ပြီး မှန်နေရက်နဲ့ recorder output မမှန်ယင် resistor နဲ့ ကစားယူလိုလည်း့ ရပါတယ်။ ဒါက နောက်မှ သိလာတာပါ။

No comments:

Post a Comment