Thursday, 28 February 2019

Generator (19) - No Voltage Output


ဒီလို Generator မ်ဳိးမွာ ဒီလို ျပႆနာမ်ဳိးက မၾကာခဏ ေတြ႕ဖူးေနပါတယ္။ ဒါေပမဲ့ ေနာက္ခံ ဇာတ္လမ္းနဲ႔ ျဖစ္တဲ့ လကၡဏာေတြ ေရာေထြးေနတဲ့အခါ စဥ္းစားစရာေလးေတြ ျဖစ္ေနတာမို႔ ေျပာျပခ်င္ပါတယ္။
သေဘၤာက Tanker ပါ။ စက္ခ်ဳပ္က ဂ်ပန္၊ ဓာတ္ႀကိဳးက အိျႏၵိယကပါ။ သေဘၤာေပၚေရာက္ေတာ့ ေနာက္ခံ ဇာတ္လမ္းေလး ေျပာျပပါတယ္။ AE#1 က Voltage stable မျဖစ္ဘူး ဆိုပါတယ္။ Genset က Taiyo အမ်ဳိးအစား ျဖစ္ၿပီး Digital AVR သုံးထားပါတယ္။ ဒါနဲ႔ AVR connector ကိုျဖဳတ္ၿပီး စမ္းေမာင္းၾကည့္ေတာ့ 500V ေလာက္ တက္သြားတယ္တဲ့။ ေနာက္ တစ္ခါ AVR ျပန္ထည့္ၿပီး ေမာင္းေတာ့ voltage လုံးဝ မထြက္ေတာ့ဘူးတဲ့။ (သူတို႔ သုံးတာက 440V ပါ။)
ကၽြန္ေတာ္တို႔ စက္ခန္းထဲ ေရာက္ေတာ့ စမ္းေမာင္းျပပါတယ္။ Volt meter မွာ နည္းနည္းေလးပဲ ျပပါတယ္။ တိုင္းၾကည့္ေတာ့ 48V နဲ႔ 60Hz ထြက္ပါတယ္။ သူတို႔ေျပာျပခ်က္ အရ ပထမ volt မၿငိမ္ဘူး။ AVR ျဖဳတ္ၿပီး ေမာင္းေတာ့ Volt အျမင့္ႀကီးတက္သြားတယ္။ ေနာက္ေတာ့ volt လုံးဝ မထြက္ေတာ့ဘူးဆိုေတာ့ ျဖစ္ႏိုင္ေခ်ေတြ စဥ္းစားၾကည့္ပါတယ္။ volt မၿငိမ္တာက AVR နဲ႔ ဆိုင္ႏိုင္ပါတယ္။ ႐ုံးကလည္း AVR အသစ္တစ္လုံး ထည့္ေပးလိုက္ေတာ့ လိုအပ္လာရင္ လဲလို႔ ရပါတယ္။ ေနာက္ AVR ျဖဳတ္ေမာင္းၾကည့္ေတာ့ 500V ထိတက္သြားတယ္ဆိုတဲ့အတြက္ excitation circuit က ေကာင္းေသးတဲ့ သေဘာ။ ေနာက္ လုံးဝ voltage မထြက္ေတာ့ဘူးဆိုေတာ့ ဘာအဓိပၸာယ္လဲ။ 500V နဲ႔ ေမာင္းတာ ၾကာသြားလို႔ တစ္ခုခု ထိသြားတာလား။ တိုင္းၾကည့္မွ သိရေတာ့ မွာပဲ။
ဒီေတာ့ MSB မွာ log out tag out အကာအကြယ္လုပ္ၿပီး စက္ရွိတဲ့ဆီ ဆင္းလာခဲ့ပါတယ္။ Alternator ေဘး အဖုံးကိုဖြင့္ၿပီး Rotation diode ေတြကို စတိုင္းဖို႔ လုပ္ပါတယ္။ Diode အဝင္ ႀကိဳးေတြ ျဖဳတ္ ၾကည့္လိုက္ေတာ့ ေဆးမႈတ္ထားတာက ႀကိဴးေတြ screw ေတြေပၚအထိ အကုန္လုံးပဲ။ ေဆးေတြနဲ႔ဆိုေတာ့ တိုင္းရင္ မထိမွာစိုးလို႔ ေသခ်ာေအာင္ Multimeter probe ကို diode ရဲ႕ screw ေပါက္ထဲမွာ ေထာက္ၿပီး တိုင္းပါတယ္။ Open ျပေနပါတယ္။ ဒါနဲ႔ diode ၃ တြဲ စလုံး တိုင္းၾကည့္တာ အကုန္ open ျဖစ္ေနပါတယ္။ Diode ေတြ အကုန္ ပ်က္သြားတယ္ဆိုတာ ေတာ္ေတာ္ေလး ဆိုးဆိုးဝါးဝါး ျဖစ္သြားတာေနမယ္။ ဒါေၾကာင့္ volt မထြက္ေတာ့တာ ျဖစ္မယ္။ အဲလို ေတြးမိတာနဲ႔ ဓာတ္ႀကိဳးကို ေျပာျပတယ္။ သူလည္း တိုင္းၾကည့္ၿပီးၿပီ open ျပေနတယ္တဲ့။ အပို diode ရွိလားဆိုေတာ့ မရွိဘူးတဲ့။ စက္ခ်ဳပ္နဲ႔ super ကို အေၾကာင္း ၾကားခိုင္းလိုက္တယ္။ တစ္ျခား coil ေတြ ေလာင္သြားေသးလား စစ္ပါတယ္။ Micro Ohm meter နဲ႔ alternator winding ေတြ တိုင္းၾကည့္ေတာ့ ေကာင္းေနတယ္။ ေတာ္ေသးတာေပါ့။
ၿပီးေတာ့ rotating diode တစ္ခု ျဖဳတ္ခ်လိုက္တယ္။ အျပင္မွာ ေသခ်ာတိုင္းၾကည့္ပါတယ္။ အဲဒီမွာ သတိထားမိတာက diode  ကို္ုယ္ထည္က ေႂကြသားနဲ႔ လုပ္ထားတယ္။ Screw တပ္ဖို႔ အရစ္ပါတဲ့ bush ေလးေတြ ျမႇုပ္ထားတယ္။ အေပၚမွာက diode နဲ႔ ဆက္ထားတဲ့ သတၱဳျပားေလး။ အဲဒီ အရစ္နဲ႔ သတၱဳျပားက screw ၾကပ္ထားရင္ေတာ့ ထိေနမွာေပါ့။ အခုလို ျဖဳတ္ထားေတာ့ နည္းနည္းဟေနတယ္။ Probe ကို အရစ္မွာ ေထာက္တိုင္းရင္ အေပၚက သတၱဳျပားနဲ႔ မထိဘူး။ ဒါနဲ႔ သတၱျပားမွာ ေထာက္ၿပီး တိုင္းေတာ့ diode ႏွစ္ျခမ္းလုံး ေကာင္းေနပါတယ္။ ဒါနဲ႔ က်န္တဲ့ diode ေတြကိုလည္း ေသခ်ာ ျပန္တိုင္းၾကည့္ေတာ့ အားလုံးေကာင္းပါတယ္။
ဒါဆို alternator အပိုင္းက အျပစ္ရွာမေတြ႕ဘူးေပါ့။ ဒီေတာ့ excitation circuit ကို စစ္ၾကည့္ရပါေတာ့မယ္။ အေပၚဖုံးကို ဖြင့္ထုတ္ၿပီး တက္ၾကည့္ပါတယ္။ ပထမ သံသယရွိတာက diode bridge ပါ။ အဲဒါနဲ႔ AC အဝင္ႀကိဳး တစ္စ၊ DC အထြက္ႀကိဳးတစ္စ ျဖဳတ္ၿပီး တိုင္းၾကည့္ေတာ့ ေကာင္းပါတယ္။ က်န္တဲ့ Capacitor ၊ Reactor နဲ႔ Transformer ေတြက ပ်က္ခဲပါတယ္။ ဒီ Taiyo မွာေတာ့ Hyundai မွာလို socket lug နဲ႔ သုံးၿပီး ဆက္ထားတာ မဟုတ္ပါဘူး။ ဒီေတာ့ socket ကေန loose ျဖစ္တာမ်ဳိး မရွိေတာ့ပါဘူး။ ဒါေပမယ့္ screw နဲ႔ ၾကပ္ထားတဲ့ terminal ေတြကေန ေခ်ာင္ေနတာမ်ဳိးလည္း ျဖစ္ႏိုင္တာမို႔ ႀကိဳးေတြကို ဆြဲၾကည့္ လႈပ္ၾကည့္ၿပီး ေခ်ာင္ေနတာရွိ မရွိ လိုက္စစ္ၾကည့္ပါတယ္။ အဲဒီအခ်ိန္မွာ ေစာေစာက diode bridge ရဲ႕ ကၽြန္ေတာ္ျဖဳတ္မၾကည့္မိတဲ့ တစ္ဘက္က ႀကိဳးစေလး Cable lug ထဲက ျပဳတ္ထြက္လာပါတယ္။ ဪ ခုမွ အေျဖေပၚေတာ့တယ္။ ႀကိဳးႏွစ္စကို cable lug တစ္ခုထဲမွာ မရမက ထိုးထည့္ညႇစ္ထားေတာ့ ႀကိဳးမွ်င္တစ္ခ်ဳိ့ ျပတ္ကုန္ၿပီး ၾကာလာေတာ့ ျပဳတ္ထြက္တာ ျဖစ္ပါလိမ့္မယ္။ မထိတစ္ထိမို႔ထင္တယ္ arcing ျဖစ္ထားတဲ့ လကၡဏာေတြ႕ရပါတယ္။ က်န္တဲ့ ႀကိဳး အဖ်ားပိုင္းမွာ မာႂကြပ္ဆတ္ေနလို႔ လက္ငါးလုံးေလာက္ ျဖတ္ထုတ္လိုက္ပါတယ္။ ၿပီးမွ cable lug အသစ္လဲထည့္ၿပီး ေသခ်ာ ၾကပ္ေပးလိုက္ပါတယ္။
အားလုံးျပန္တပ္ၿပီး စမ္းၾကေတာ့ ေကာင္းသြားပါၿပီ။ Voltage လည္း stable ျဖစ္ပါတယ္။ AVR လည္း လဲဖို႔ မလိုေတာ့ဘူးေပါ့။ စက္ခ်ဳပ္လည္းေပ်ာ္သြားတယ္။ ဓာတ္ႀကိဳးႀကီးကေတာ့ သူ႔အေပၚ အျပစ္မက်ေအာင္ ဒီျပႆနာကို ဘယ္ေလာက္ ခက္ခက္ခဲခဲ ရွာေဖြရတယ္ဆိုတာ သာသာထိုးထိုး report မွာ ေရးေပးဖို႔ ကပ္ေျပာေနေလရဲ႕။

[Unicode]

ဒီလို Generator မျိုးမှာ ဒီလို ပြဿနာမျိုးက မကြာခဏ တွေ့ဖူးနေပါတယ်။ ဒါပေမဲ့ နောက်ခံ ဇာတ်လမ်းနဲ့ ဖြစ်တဲ့ လက္ခဏာတွေ ရောထွေးနေတဲ့အခါ စဉ်းစားစရာလေးတွေ ဖြစ်နေတာမို့ ပြောပြချင်ပါတယ်။
သင်္ဘောက Tanker ပါ။ စက်ချုပ်က ဂျပန်၊ ဓာတ်ကြိုးက အိန္ဒြိယကပါ။ သင်္ဘောပေါ်ရောက်တော့ နောက်ခံ ဇာတ်လမ်းလေး ပြောပြပါတယ်။ AE#1 က Voltage stable မဖြစ်ဘူး ဆိုပါတယ်။ Genset က Taiyo အမျိုးအစား ဖြစ်ပြီး Digital AVR သုံးထားပါတယ်။ ဒါနဲ့ AVR connector ကိုဖြုတ်ပြီး စမ်းမောင်းကြည့်တော့ 500V လောက် တက်သွားတယ်တဲ့။ နောက် တစ်ခါ AVR ပြန်ထည့်ပြီး မောင်းတော့ voltage လုံးဝ မထွက်တော့ဘူးတဲ့။ (သူတို့ သုံးတာက 440V ပါ။)
ကျွန်တော်တို့ စက်ခန်းထဲ ရောက်တော့ စမ်းမောင်းပြပါတယ်။ Volt meter မှာ နည်းနည်းလေးပဲ ပြပါတယ်။ တိုင်းကြည့်တော့ 48V နဲ့ 60Hz ထွက်ပါတယ်။ သူတို့ပြောပြချက် အရ ပထမ volt မငြိမ်ဘူး။ AVR ဖြုတ်ပြီး မောင်းတော့ Volt အမြင့်ကြီးတက်သွားတယ်။ နောက်တော့ volt လုံးဝ မထွက်တော့ဘူးဆိုတော့ ဖြစ်နိုင်ချေတွေ စဉ်းစားကြည့်ပါတယ်။ volt မငြိမ်တာက AVR နဲ့ ဆိုင်နိုင်ပါတယ်။ ရုံးကလည်း AVR အသစ်တစ်လုံး ထည့်ပေးလိုက်တော့ လိုအပ်လာရင် လဲလို့ ရပါတယ်။ နောက် AVR ဖြုတ်မောင်းကြည့်တော့ 500V ထိတက်သွားတယ်ဆိုတဲ့အတွက် excitation circuit က ကောင်းသေးတဲ့ သဘော။ နောက် လုံးဝ voltage မထွက်တော့ဘူးဆိုတော့ ဘာအဓိပ္ပာယ်လဲ။ 500V နဲ့ မောင်းတာ ကြာသွားလို့ တစ်ခုခု ထိသွားတာလား။ တိုင်းကြည့်မှ သိရတော့ မှာပဲ။
ဒီတော့ MSB မှာ log out tag out အကာအကွယ်လုပ်ပြီး စက်ရှိတဲ့ဆီ ဆင်းလာခဲ့ပါတယ်။ Alternator ဘေး အဖုံးကိုဖွင့်ပြီး Rotation diode တွေကို စတိုင်းဖို့ လုပ်ပါတယ်။ Diode အဝင် ကြိုးတွေ ဖြုတ် ကြည့်လိုက်တော့ ဆေးမှုတ်ထားတာက ကြိူးတွေ screw တွေပေါ်အထိ အကုန်လုံးပဲ။ ဆေးတွေနဲ့ဆိုတော့ တိုင်းရင် မထိမှာစိုးလို့ သေချာအောင် Multimeter probe ကို diode ရဲ့ screw ပေါက်ထဲမှာ ထောက်ပြီး တိုင်းပါတယ်။ Open ပြနေပါတယ်။ ဒါနဲ့ diode ၃ တွဲ စလုံး တိုင်းကြည့်တာ အကုန် open ဖြစ်နေပါတယ်။ Diode တွေ အကုန် ပျက်သွားတယ်ဆိုတာ တော်တော်လေး ဆိုးဆိုးဝါးဝါး ဖြစ်သွားတာနေမယ်။ ဒါကြောင့် volt မထွက်တော့တာ ဖြစ်မယ်။ အဲလို တွေးမိတာနဲ့ ဓာတ်ကြိုးကို ပြောပြတယ်။ သူလည်း တိုင်းကြည့်ပြီးပြီ open ပြနေတယ်တဲ့။ အပို diode ရှိလားဆိုတော့ မရှိဘူးတဲ့။ စက်ချုပ်နဲ့ super ကို အကြောင်း ကြားခိုင်းလိုက်တယ်။ တစ်ခြား coil တွေ လောင်သွားသေးလား စစ်ပါတယ်။ Micro Ohm meter နဲ့ alternator winding တွေ တိုင်းကြည့်တော့ ကောင်းနေတယ်။ တော်သေးတာပေါ့။ ပြီးတော့ rotating diode တစ်ခု ဖြုတ်ချလိုက်တယ်။ အပြင်မှာ သေချာတိုင်းကြည့်ပါတယ်။ အဲဒီမှာ သတိထားမိတာက diode  ကိုုယ်ထည်က ကြွေသားနဲ့ လုပ်ထားတယ်။ Screw တပ်ဖို့ အရစ်ပါတဲ့ bush လေးတွေ မြှုပ်ထားတယ်။ အပေါ်မှာက diode နဲ့ ဆက်ထားတဲ့ သတ္တုပြားလေး။ အဲဒီ အရစ်နဲ့ သတ္တုပြားက screw ကြပ်ထားရင်တော့ ထိနေမှာပေါ့။ အခုလို ဖြုတ်ထားတော့ နည်းနည်းဟနေတယ်။ Probe ကို အရစ်မှာ ထောက်တိုင်းရင် အပေါ်က သတ္တုပြားနဲ့ မထိဘူး။ ဒါနဲ့ သတ္တပြားမှာ ထောက်ပြီး တိုင်းတော့ diode နှစ်ခြမ်းလုံး ကောင်းနေပါတယ်။ ဒါနဲ့ ကျန်တဲ့ diode တွေကိုလည်း သေချာ ပြန်တိုင်းကြည့်တော့ အားလုံးကောင်းပါတယ်။
ဒါဆို alternator အပိုင်းက အပြစ်ရှာမတွေ့ဘူးပေါ့။ ဒီတော့ excitation circuit ကို စစ်ကြည့်ရပါတော့မယ်။ အပေါ်ဖုံးကို ဖွင့်ထုတ်ပြီး တက်ကြည့်ပါတယ်။ ပထမ သံသယရှိတာက diode bridge ပါ။ အဲဒါနဲ့ AC အဝင်ကြိုး တစ်စ၊ DC အထွက်ကြိုးတစ်စ ဖြုတ်ပြီး တိုင်းကြည့်တော့ ကောင်းပါတယ်။ ကျန်တဲ့ Capacitor ၊ Reactor နဲ့ Transformer တွေက ပျက်ခဲပါတယ်။ ဒီ Taiyo မှာတော့ Hyundai မှာလို socket lug နဲ့ သုံးပြီး ဆက်ထားတာ မဟုတ်ပါဘူး။ ဒီတော့ socket ကနေ loose ဖြစ်တာမျိုး မရှိတော့ပါဘူး။ ဒါပေမယ့် screw နဲ့ ကြပ်ထားတဲ့ terminal တွေကနေ ချောင်နေတာမျိုးလည်း ဖြစ်နိုင်တာမို့ ကြိုးတွေကို ဆွဲကြည့် လှုပ်ကြည့်ပြီး ချောင်နေတာရှိ မရှိ လိုက်စစ်ကြည့်ပါတယ်။ အဲဒီအချိန်မှာ စောစောက diode bridge ရဲ့ ကျွန်တော်ဖြုတ်မကြည့်မိတဲ့ တစ်ဘက်က ကြိုးစလေး Cable lug ထဲက ပြုတ်ထွက်လာပါတယ်။ ဪ ခုမှ အဖြေပေါ်တော့တယ်။ ကြိုးနှစ်စကို cable lug တစ်ခုထဲမှာ မရမက ထိုးထည့်ညှစ်ထားတော့ ကြိုးမျှင်တစ်ချို့ ပြတ်ကုန်ပြီး ကြာလာတော့ ပြုတ်ထွက်တာ ဖြစ်ပါလိမ့်မယ်။ မထိတစ်ထိမို့ထင်တယ် arcing ဖြစ်ထားတဲ့ လက္ခဏာတွေ့ရပါတယ်။ ကျန်တဲ့ ကြိုး အဖျားပိုင်းမှာ မာကြွပ်ဆတ်နေလို့ လက်ငါးလုံးလောက် ဖြတ်ထုတ်လိုက်ပါတယ်။ ပြီးမှ cable lug အသစ်လဲထည့်ပြီး သေချာ ကြပ်ပေးလိုက်ပါတယ်။
အားလုံးပြန်တပ်ပြီး စမ်းကြတော့ ကောင်းသွားပါပြီ။ Voltage လည်း stable ဖြစ်ပါတယ်။ AVR လည်း လဲဖို့ မလိုတော့ဘူးပေါ့။ စက်ချုပ်လည်းပျော်သွားတယ်။ ဓာတ်ကြိုးကြီးကတော့ သူ့အပေါ် အပြစ်မကျအောင် ဒီပြဿနာကို ဘယ်လောက် ခက်ခက်ခဲခဲ ရှာဖွေရတယ်ဆိုတာ သာသာထိုးထိုး report မှာ ရေးပေးဖို့ ကပ်ပြောနေလေရဲ့။

Tuesday, 26 February 2019

Insulation Resistance (9) - DC 24V Low Insulation


ဒီတစ္ခါေတာ့ မ်က္ေစ့ရွမ္း အေတြးေခ်ာ္ သြားတဲ့ အခ်က္ေလးတစ္ခုေၾကာင့္ ေတာ္ေတာ္ေလး လုပ္လိုက္ရတဲ့ အေၾကာင္းေလး ေျပာျပခ်င္ပါတယ္။
အင္ဒိုနီးရွားက Tanker တစ္စီးမွာပါ။ ျပႆနာက AE 2 overspeed ျဖစ္ၿပီး Black out ျဖစ္သြားတယ္။ တစ္ခ်ဳိ့ ပစၥည္းေတြေလာင္သြားတယ္တဲ့။ အဲဒါနဲ႔ သေဘၤာေပၚေရာက္သြားပါတယ္။ တစ္စီးလုံး အင္ဒို သေဘၤာသားေတြခ်ည္းပါပဲ။ ေရာက္သြားတဲ့အခ်ိန္မွာ စက္ခ်ဳပ္က ေျပာျပပါတယ္။ AE2 governor motor ရဲ႕ coupling က ေခ်ာင္ေနတယ္တဲ့။ ဒီေတာ့ speed control မမွန္ေတာ့ပဲ overspeed ျဖစ္သြားတယ္။ ျဖစ္ခ်င္ေတာ့ overspeed relay ရဲ႕ safety function ကလည္း အလုပ္မလုပ္ေတာ့ စက္လည္းမရပ္ Breaker လည္း ခ်က္ခ်င္း မျပဳတ္ေတာ့ တစ္ခ်ဳိ့အပိုင္းေတြ ထိသြားတယ္ဆိုပါတယ္။ AE2 ကိုေတာ့ သူတို႔ ျပင္ၿပီးသြားၿပီ။ Power ကို ျပန္တင္ဖို႔ လုပ္ေနပါတယ္။ ေလာေလာဆယ္ Emergency Generator နဲ႔ ေမာင္း ေပးထားပါတယ္။ 
ကၽြန္ေတာ္တို႔ကို စစ္ခိုင္းတဲ့အပိုင္းက ME Safety နဲ႔ Alarm Monitoring System(AMS) အပိုင္းပဲ ၾကည့္ေပးဖို႔ ေျပာပါတယ္။ က်န္တာ သေဘၤာေပၚက ဓာတ္ႀကိဳးက သူ႔ဘာသာ တစ္ခုခ်င္း ျပန္ဖြင့္မယ္ဆိုပါတယ္။ ၿပီးေတာ့ AMS စံနစ္ရဲ႕ PLC ေတြရယ္၊ Power supply ရယ္၊ DC to DC converter module ရယ္မွာ မီးခိုးစြဲၿပီး ေလာင္ထားတဲ့ အရာေတြ ျပပါတယ္။
 ႐ုံးကို ႀကိဳၿပီး စာေရး သတင္းပို႔ထားတာမို႔ Power supply နဲ႔ DC-DC converter ေတြက အသစ္ ယူလာခဲ့ပါတယ္။ အရင္ဆုံး supply အထြက္ႀကိဳးေတြကို short ရွိမရွိ ၾကည့္ပါတယ္။ မရွိဘူးဆိုေတာ့မွ power supply ေတြ လဲေပးလိုက္ပါတယ္။ PLC IO module ေတြကိုေတာ့ သေဘၤာေပၚက ေပးတဲ့ spare ေတြနဲ႔ လဲေပးလိုက္ပါတယ္။ Power On ၿပီး ၾကည့္ေတာ့ PLC မွာ run signal မလာပါဘူး။ ဒီေတာ့ PLC ရဲ႕ CPU (သို႔) program ႂကြသြားဖို႔ မ်ားတယ္လို႔ ဆုံးျဖတ္လိုက္ပါတယ္။ အဲဒါကို အသစ္ျပန္လဲဖို႔ အၾကံေပးလိုက္ပါမယ္။ က်န္တဲ့ ME safety device ေတြကို စစ္ၾကည့္ဖို႔ လုပ္ပါတယ္။ Engine နႈိးလို႔ မရေတာ့ Simulation လုပ္ၿပီး input ေပးလိုက္ရင္ Stop solenoid အလုပ္လုပ္သလား ၾကည့္ၿပီး ဆုံးျဖတ္ပါတယ္။ အဲဒီဟာေတြ အဆင္ေျပပါတယ္။ Safety circuit က relay logic နဲ႔ပဲ အလုပ္လုပ္တာမို႔ ေတာ္ပါေသးရဲ႕။ PLC က AMS အတြက္ပဲ သုံးတာေပါ့။
စက္ခ်ဳပ္နဲ႔ super က AMS မပါပဲ ေလာေလာဆယ္ ျဖစ္ေအာင္ ေမာင္းဖို႔ စီစဥ္ၾကပါတယ္။ ကၽြန္ေတာ္ကေတာ့ တစ္ျခား starter panel တစ္ခုနဲ႔ navigation light panel ေတြကို စစ္ၾကည့္ပါတယ္။ အဲဒီ အခ်ိန္မွာ super က လာေခၚပါတယ္။ 24VDC insulation low ျဖစ္လို႔ တဲ့။ 

A-deck မွာရွိတဲ့ battery charge / discharge panel မွာပါ။ သူ႔ရဲ႕ limit က 0.02 M (20 k) ohm ပါ။ အခု 0.01 M Ohm ဝန္းက်င္ေလာက္ ျပေနပါတယ္။ အဲဒီ panel ေပၚက breaker ေတြ အတင္အခ်လုပ္ၿပီး စစ္လိုက္ေတာ့ Engine Control Console (ECC) က လာေနတာပါ။
အဲဒီ panel က AMS PLC မွာ ေလာင္ထားတာ ရွိတယ္ဆိုေတာ့ အဲဒါနဲ႔ ဆိုင္မလား စဥ္းစားစရာပါ။ ေအာက္ဘက္ ECR မွာ ကၽြန္ေတာ္ စစ္ေနတုန္း အကူ တစ္ေယာက္က အေပၚက Battery Panel မွာ ေစာင့္ၾကည့္ေျပာျပေပး ပါတယ္။ Radio (Walkie Talkie) ေတြနဲ႔ ဆက္သြယ္ရတာေပါ့။ အဲဒါနဲ႔ ECC panel မွာ အဝင္ power breaker ေတြကေန စၾကည့္ပါတယ္။ DC 24V breaker ႏွစ္ခုကို off လုပ္လိုက္ေတာ့ ေကာင္းသြားပါတယ္။ ဒါဆို ဒီ panel ထဲကဆိုတာေတာ့ ေသခ်ာေနၿပီ။
ဒီ ECC ထဲမွာ Dual Power Supply အေနနဲ႔ AC ကေန DC ေျပာင္းၿပီး ေပးတဲ့ power supply ရယ္၊ DC 24V source ကေနေပးတဲ့ supply ရယ္ ႏွစ္မ်ဳိးရွိပါတယ္။ ဒါေၾကာင့္ AC input breaker ပိတ္ၾကည့္ေပမဲ့ မေကာင္းပါဘူး။ ဒီ panel ထဲကို ေမႊရပါေတာ့မယ္။ ျပႆနာက DC-DC converter အထြက္ကေန AMS PLC အပါအဝင္ က်န္တဲ့ circuit ေတြ အကုန္လုံးကို looping လုပ္ထားပါတယ္။ ဘယ္ႀကိဳးက ဘယ္လို ယူထားတာ မသိေတာ့ isolate လုပ္ဖို႔ ခက္ပါတယ္။ ပထမ main power supply အထြက္ ႀကိဳးႏွစ္စလုံး ျဖဳတ္လိုက္ေတာ့ ေကာင္းသြားပါတယ္။ ဒါဆို ေနာက္ပိုင္းကို ဆက္စစ္ရပါမယ္။
ေနာက္ PLC power supply အဝင္ေတြကို ျဖဳတ္ခ်လိုက္ပါတယ္။ မေကာင္းေသးပါဘူး။ PLC က negative common ပါ။ ဆိုလိုတာက -ve (0V) ကို field device ေတြဆီ တိုက္႐ိုက္ ဆက္ထားၿပီး ျပန္လာတဲ့ signal ကိုမွ IO module ထဲ ျပန္ဝင္ေစတာပါ။ ဒါေၾကာင့္ main power supply အထြက္ -ve ႀကိဳးကို ျဖဳတ္ထားလိုက္ပါတယ္။ ၿပီးတာနဲ႔ IO module ေတြ တစ္ခုၿပီး တစ္ခု ဆြဲျဖဳတ္လိုက္ပါတယ္။ IO module အကုန္ ထုတ္ၿပီးတာေတာင္ မေကာင္းေသးပါဘူး။ ဒါဆိုရင္ PLC ကမဟုတ္ဘူးလား။ စိတ္ထဲမွာ နည္းနည္းေတာ့ ေပ်ာ္သြားမိပါတယ္။ PLC ကဆိုရင္ Input/Output (IO) channel 200 ေက်ာ္တယ္ေလ။ တစ္ခုစီ လိုက္ရရင္ မေခ်ာင္ဘူး။
ဒါဆိုရင္ Safety Circuit relay ေတြ၊ indicator lamp ေတြနဲ႔ Solenoid valve ေတြပဲ ရွိေတာ့တယ္ေလ။Relay နဲ႔ indicator lamp ေတြက ျဖစ္ခဲတာမို႔ solenoid valve ေတြကို ပို သံသယျဖစ္ပါတယ္။ ဒါနဲ႔ fuel နဲ႔ air solenoid ေတြကို လိုက္ရွာၿပီး အဝင္ socket ေတြ ျဖဳတ္ၾကည့္ပါတယ္။ အမွန္က terminal ကျဖဳတ္ရင္ ပို သက္သာမွာပါ။ ဒါေပမဲ့ ဒီသေဘၤာတည္ေဆာက္ပုံအရ ECC စားပြဲေအာက္ ေလးဘက္ေထာက္ဝင္ၿပီး မလူးသာ မလွည့္သာ ေနရာက်ဥ္းက်ဥ္းထဲက နံပါတ္ အစဥ္လိုက္မဟုတ္တဲ့ terminal ေတြ ရွာရတာ ပိုခက္ပါတယ္။ ဒါေၾကာင့္ လြတ္လြတ္လပ္လပ္ engine side က soleoid ေတြ ျဖဳတ္ရင္း အေျခအေနပါ ၾကည့္တဲ့ သေဘာပါ။ ဒါေပမဲ့ မေကာင္းေသးပါဘူး။ Solenoid ေတြ မဟုတ္ဘူးဆိုေတာ့ တန္းစီေနတဲ့ relay အဝင္ႀကိဳးေတြကို drawing ဖတ္ၿပီး တစ္ပိုင္းစီ ျဖဳတ္ၾကည့္ပါတယ္။ ဒါလည္း အဆင္မေျပေသးဘူး။ ျဖဳတ္စရာလည္း ကုန္သြားၿပီ။ ေနာက္ဆုံး Indicator lamp ေတြပဲ က်န္ေတာ့တယ္။ အဲဒီ lamp ေတြကလည္း အမ်ားသား။ Panel တံခါး ႏွစ္ခ်ပ္ အျပည့္။ Common -ve ႀကိဳးကို bus bar အတန္းလိုက္ေလးေတြ ဆက္ထားၿပီး အတန္းတစ္ခုစီကိုမွ ေထာင္လိုက္ bus တစ္ခုနဲ႔ ခ်ဳပ္ထားပါတယ္။ ေလးေထာင့္ပုံ matrix တစ္ကြက္ကို ဘုံႀကိဳး တစ္စ ျဖဳတ္လိုက္လို႔ရပါတယ္။ ဒီေတာ့ မီးလုံး တစ္ရာေလာက္ ရွိေပမဲ့ ျဖဳတ္ၾကည့္ရမယ့္ point ေျခာက္ခု ေလာက္ပဲ ရွိပါတယ္။ အဲဒီ common point ေတြကို တစ္ခုစီ ျဖဳတ္ၾကည့္ရင္း ေနာက္ဆုံး တစ္ခုုျဖဳတ္လိုက္မွ ေကာင္း သြားပါတယ္။
ထမင္းစားနားရင္း ျပန္ စဥ္းစားပါတယ္။ မီးလုံးေတြက ဘာလို႔ ground fault ျဖစ္ရတာလဲ။ သိပ္ေတာ့ ယုတၱိမရွိဘူး ျဖစ္ေနတယ္။ မီးလုံးဆိုတာ တစ္ဘက္မွာ -ve အားလုံး စုဆက္ထားၿပီး +ve ကို PLC output port ဒါမွမဟုတ္ relay တစ္ခုခုရဲ႕ contact နဲ႔ ဆက္ထားတာပဲ။ တစ္ခုခုက panel နဲ႔ ထိေနလို႔မ်ားလား။ သိပ္ေတာ့ မျဖစ္ႏိုင္။ ဘာပဲျဖစ္ျဖစ္ အေသးစိတ္ ထပ္ၾကည့္ရပါမယ္။
အလုပ္ ျပန္စတဲ့အခ်ိန္ ေနာက္ဆုံး တစ္ကြက္ခ်န္ၿပီး ျပန္တပ္လိုက္ပါတယ္။ အဲဒီတစ္ကြက္ထဲက မီးလုံးေတြ၊ ဆက္တဲ့ ႀကိဳးေတြ အျပန္ျပန္အလွန္လွန္စစ္ၾကည့္ေတာ့လည္း ထူးထူးျခားျခား ထိေနတာေတြ၊ short ျဖစ္ေနတာေတြ မေတြ႕ပါဘူး။ နည္းနည္းေတာ့ စဥ္းစားရၾကပ္သြားတယ္။ အဲဒီ အကြက္ထဲမွာ သတိထားမိတာက 24V power source status ျပတဲ့ မီးလုံးရယ္၊ volt meter ရယ္ ရွိပါတယ္။ အဲဒါၾကည့္ၿပီးမွ တစ္ခု စဥ္းစားမိသြားပါတယ္။ ဘာလဲဆိုေတာ့ ကၽြန္ေတာ္ ေရလိုက္လြဲေနတာကိုပါ။ အဲဒီ power source ျပတဲ့ မီးလုံးရယ္ Volt meter ရယ္က 24V ရဲ႕ -ve နဲ႔ +ve ႏွစ္ခုလုံးကို အၿမဲ ခ်ိတ္ထားတာပဲ။ အဲဒီေတာ့ main -ve ႀကိဳးကို ျဖဳတ္ထားေပမဲ့ +ve ႀကိဳးက ဒီ မီးလုံးနဲ႔ မီတာကို ျဖတ္ၿပီး ဘုံ -ve လိုင္းနဲ႔ ထိစပ္ေသးတာပဲ။ ဒါနဲ႔ အဲဒီ မီးလုံး အဝင္ႀကိဳးနဲ႔ မီတာႀကိဳးေတြကို ျဖဳတ္လိုက္ပါတယ္။ ၿပီးတာနဲ႔ အဲဒီအကြက္ရဲ႕ ဘုံ -ve ႀကိဳးကို ျပန္တပ္တဲ့အခါ low insulation မျဖစ္ေတာ့ပါဘူး။
ဟူး။ ဒါဆို အစက ျပန္ရွာရေတာ့မယ္။ ဒီတစ္ခါ -ve ႀကိဳးေတြကို isolate လုပ္ၿပီး ရွာရပါေတာ့မယ္။ အဲဒီေတာ့ အစဆုံး -ve ႀကိဳးေတြ ဘယ္လို loop လုပ္ၿပီး ဆက္ထားတာလဲဆိုတာ နားလည္ေအာင္ လုပ္ရပါမယ္။-ve ႀကိဳးေတြ အားလုံး ျပန္တပ္လိ္ုက္ပါတယ္။ ၿပီးမွ စိတ္ထင္တဲ့တစ္ေနရာက -ve  ႀကိဳး ႏွစ္ေခ်ာင္းဝင္ထားတဲ့ အဆက္ကို ျဖဳတ္လိုက္ပါတယ္။ ေနာက္ၿပီး +ve ႀကိဳးကို တစ္ဘက္က ေထာက္ထားၿပီး -ve ႀကိဳးေနရာေတြကို လိုက္တိုင္းၾကည့္ပါတယ္။ 24V ရွိတဲ့ဘက္ အစုနဲ႔ 24V မရွိတဲ့ဘက္ အစု ေပၚလာပါတယ္။ ေနာက္တစ္ဆက္ကို ျဖဳတ္တိုင္း၊ ေနာက္တစ္ဆက္ကို ျဖဳတ္တိုင္းရင္း -ve ႀကိဳးေတြ ဘယ္လို loop လုပ္ထားတယ္ဆိုတာ သေဘာ ေပါက္သြားပါတယ္။ ဒါဆိုေတာ့ ရွာရတာ လြယ္သြားၿပီေပါ့။
ဒါနဲ႔ ႀကိဳးေတြတစ္ဝက္ေလာက္ျပန္ဆက္တယ္။ ေကာင္း မေကာင္းၾကည့္တယ္။ က်န္တဲ့ထဲက တစ္ဝက္ေလာက္ ထပ္ပိုင္းတယ္။ ေကာင္းတယ္လို႔ သတ္မွတ္ထားတဲ့ အုပ္စုကို ျပန္ဆက္ၾကည့္ၿပီး confirm လုပ္တယ္။ အဲဒီ binary search နည္းနဲ႔ ရွာလိုက္ေတာ့ မၾကာခင္မွာ အေျဖေတြ႕ပါေတာ့တယ္။ AMS ထဲကို ဝင္တဲ့ alarm signal ေတြ ျဖစ္တဲ့ fuel tank level switch က ဒုကၡေပးေနတာပါ။ ေလာေလာဆယ္ အဲဒီအထြက္ ႀကိဳးႏွစ္ေခ်ာင္းလုံးကို ျဖဳတ္ထားလိုက္ၿပီး က်န္တာ အကုန္ျပန္တပ္လိုက္ပါတယ္။ ဓာတ္ႀကိဳးကိုေတာ့ အဲဒါ ဆက္ရွင္းဖို႔ မွာခဲ့လိုက္ပါတယ္။


[Unicode]

ဒီတစ်ခါတော့ မျက်စေ့ရှမ်း အတွေးချော် သွားတဲ့ အချက်လေးတစ်ခုကြောင့် တော်တော်လေး လုပ်လိုက်ရတဲ့ အကြောင်းလေး ပြောပြချင်ပါတယ်။
အင်ဒိုနီးရှားက Tanker တစ်စီးမှာပါ။ ပြဿနာက AE 2 overspeed ဖြစ်ပြီး Black out ဖြစ်သွားတယ်။ တစ်ချို့ ပစ္စည်းတွေလောင်သွားတယ်တဲ့။ အဲဒါနဲ့ သင်္ဘောပေါ်ရောက်သွားပါတယ်။ တစ်စီးလုံး အင်ဒို သင်္ဘောသားတွေချည်းပါပဲ။ ရောက်သွားတဲ့အချိန်မှာ စက်ချုပ်က ပြောပြပါတယ်။ AE2 governor motor ရဲ့ coupling က ချောင်နေတယ်တဲ့။ ဒီတော့ speed control မမှန်တော့ပဲ overspeed ဖြစ်သွားတယ်။ ဖြစ်ချင်တော့ overspeed relay ရဲ့ safety function ကလည်း အလုပ်မလုပ်တော့ စက်လည်းမရပ် Breaker လည်း ချက်ချင်း မပြုတ်တော့ တစ်ချို့အပိုင်းတွေ ထိသွားတယ်ဆိုပါတယ်။ AE2 ကိုတော့ သူတို့ ပြင်ပြီးသွားပြီ။ Power ကို ပြန်တင်ဖို့ လုပ်နေပါတယ်။ လောလောဆယ် Emergency Generator နဲ့ မောင်း ပေးထားပါတယ်။ 
ကျွန်တော်တို့ကို စစ်ခိုင်းတဲ့အပိုင်းက ME Safety နဲ့ Alarm Monitoring System(AMS) အပိုင်းပဲ ကြည့်ပေးဖို့ ပြောပါတယ်။ ကျန်တာ သင်္ဘောပေါ်က ဓာတ်ကြိုးက သူ့ဘာသာ တစ်ခုချင်း ပြန်ဖွင့်မယ်ဆိုပါတယ်။ ပြီးတော့ AMS စံနစ်ရဲ့ PLC တွေရယ်၊ Power supply ရယ်၊ DC to DC converter module ရယ်မှာ မီးခိုးစွဲပြီး လောင်ထားတဲ့ အရာတွေ ပြပါတယ်။ ရုံးကို ကြိုပြီး စာရေး သတင်းပို့ထားတာမို့ Power supply နဲ့ DC-DC converter တွေက အသစ် ယူလာခဲ့ပါတယ်။ အရင်ဆုံး supply အထွက်ကြိုးတွေကို short ရှိမရှိ ကြည့်ပါတယ်။ မရှိဘူးဆိုတော့မှ power supply တွေ လဲပေးလိုက်ပါတယ်။ PLC IO module တွေကိုတော့ သင်္ဘောပေါ်က ပေးတဲ့ spare တွေနဲ့ လဲပေးလိုက်ပါတယ်။ Power On ပြီး ကြည့်တော့ PLC မှာ run signal မလာပါဘူး။ ဒီတော့ PLC ရဲ့ CPU (သို့) program ကြွသွားဖို့ များတယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒါကို အသစ်ပြန်လဲဖို့ အကြံပေးလိုက်ပါမယ်။ ကျန်တဲ့ ME safety device တွေကို စစ်ကြည့်ဖို့ လုပ်ပါတယ်။ Engine နှိုးလို့ မရတော့ Simulation လုပ်ပြီး input ပေးလိုက်ရင် Stop solenoid အလုပ်လုပ်သလား ကြည့်ပြီး ဆုံးဖြတ်ပါတယ်။ အဲဒီဟာတွေ အဆင်ပြေပါတယ်။ Safety circuit က relay logic နဲ့ပဲ အလုပ်လုပ်တာမို့ တော်ပါသေးရဲ့။ PLC က AMS အတွက်ပဲ သုံးတာပေါ့။
စက်ချုပ်နဲ့ super က AMS မပါပဲ လောလောဆယ် ဖြစ်အောင် မောင်းဖို့ စီစဉ်ကြပါတယ်။ ကျွန်တော်ကတော့ တစ်ခြား starter panel တစ်ခုနဲ့ navigation light panel တွေကို စစ်ကြည့်ပါတယ်။ အဲဒီ အချိန်မှာ super က လာခေါ်ပါတယ်။ 24VDC insulation low ဖြစ်လို့ တဲ့။ 
A-deck မှာရှိတဲ့ battery charge / discharge panel မှာပါ။ သူ့ရဲ့ limit က 0.02 M (20 k) ohm ပါ။ အခု 0.01 M Ohm ဝန်းကျင်လောက် ပြနေပါတယ်။ အဲဒီ panel ပေါ်က breaker တွေ အတင်အချလုပ်ပြီး စစ်လိုက်တော့ Engine Control Console (ECC) က လာနေတာပါ။
အဲဒီ panel က AMS PLC မှာ လောင်ထားတာ ရှိတယ်ဆိုတော့ အဲဒါနဲ့ ဆိုင်မလား စဉ်းစားစရာပါ။ အောက်ဘက် ECR မှာ ကျွန်တော် စစ်နေတုန်း အကူ တစ်ယောက်က အပေါ်က Battery Panel မှာ စောင့်ကြည့်ပြောပြပေး ပါတယ်။ Radio (Walkie Talkie) တွေနဲ့ ဆက်သွယ်ရတာပေါ့။ အဲဒါနဲ့ ECC panel မှာ အဝင် power breaker တွေကနေ စကြည့်ပါတယ်။ DC 24V breaker နှစ်ခုကို off လုပ်လိုက်တော့ ကောင်းသွားပါတယ်။ ဒါဆို ဒီ panel ထဲကဆိုတာတော့ သေချာနေပြီ။
ဒီ ECC ထဲမှာ Dual Power Supply အနေနဲ့ AC ကနေ DC ပြောင်းပြီး ပေးတဲ့ power supply ရယ်၊ DC 24V source ကနေပေးတဲ့ supply ရယ် နှစ်မျိုးရှိပါတယ်။ ဒါကြောင့် AC input breaker ပိတ်ကြည့်ပေမဲ့ မကောင်းပါဘူး။ ဒီ panel ထဲကို မွှေရပါတော့မယ်။ ပြဿနာက DC-DC converter အထွက်ကနေ AMS PLC အပါအဝင် ကျန်တဲ့ circuit တွေ အကုန်လုံးကို looping လုပ်ထားပါတယ်။ ဘယ်ကြိုးက ဘယ်လို ယူထားတာ မသိတော့ isolate လုပ်ဖို့ ခက်ပါတယ်။ ပထမ main power supply အထွက် ကြိုးနှစ်စလုံး ဖြုတ်လိုက်တော့ ကောင်းသွားပါတယ်။ ဒါဆို နောက်ပိုင်းကို ဆက်စစ်ရပါမယ်။
နောက် PLC power supply အဝင်တွေကို ဖြုတ်ချလိုက်ပါတယ်။ မကောင်းသေးပါဘူး။ PLC က negative common ပါ။ ဆိုလိုတာက -ve (0V) ကို field device တွေဆီ တိုက်ရိုက် ဆက်ထားပြီး ပြန်လာတဲ့ signal ကိုမှ IO module ထဲ ပြန်ဝင်စေတာပါ။ ဒါကြောင့် main power supply အထွက် -ve ကြိုးကို ဖြုတ်ထားလိုက်ပါတယ်။ ပြီးတာနဲ့ IO module တွေ တစ်ခုပြီး တစ်ခု ဆွဲဖြုတ်လိုက်ပါတယ်။ IO module အကုန် ထုတ်ပြီးတာတောင် မကောင်းသေးပါဘူး။ ဒါဆိုရင် PLC ကမဟုတ်ဘူးလား။ စိတ်ထဲမှာ နည်းနည်းတော့ ပျော်သွားမိပါတယ်။ PLC ကဆိုရင် Input/Output (IO) channel 200 ကျော်တယ်လေ။ တစ်ခုစီ လိုက်ရရင် မချောင်ဘူး။
ဒါဆိုရင် Safety Circuit relay တွေ၊ indicator lamp တွေနဲ့ Solenoid valve တွေပဲ ရှိတော့တယ်လေ။Relay နဲ့ indicator lamp တွေက ဖြစ်ခဲတာမို့ solenoid valve တွေကို ပို သံသယဖြစ်ပါတယ်။ ဒါနဲ့ fuel နဲ့ air solenoid တွေကို လိုက်ရှာပြီး အဝင် socket တွေ ဖြုတ်ကြည့်ပါတယ်။ အမှန်က terminal ကဖြုတ်ရင် ပို သက်သာမှာပါ။ ဒါပေမဲ့ ဒီသင်္ဘောတည်ဆောက်ပုံအရ ECC စားပွဲအောက် လေးဘက်ထောက်ဝင်ပြီး မလူးသာ မလှည့်သာ နေရာကျဉ်းကျဉ်းထဲက နံပါတ် အစဉ်လိုက်မဟုတ်တဲ့ terminal တွေ ရှာရတာ ပိုခက်ပါတယ်။ ဒါကြောင့် လွတ်လွတ်လပ်လပ် engine side က soleoid တွေ ဖြုတ်ရင်း အခြေအနေပါ ကြည့်တဲ့ သဘောပါ။ ဒါပေမဲ့ မကောင်းသေးပါဘူး။ Solenoid တွေ မဟုတ်ဘူးဆိုတော့ တန်းစီနေတဲ့ relay အဝင်ကြိုးတွေကို drawing ဖတ်ပြီး တစ်ပိုင်းစီ ဖြုတ်ကြည့်ပါတယ်။ ဒါလည်း အဆင်မပြေသေးဘူး။ ဖြုတ်စရာလည်း ကုန်သွားပြီ။ နောက်ဆုံး Indicator lamp တွေပဲ ကျန်တော့တယ်။ အဲဒီ lamp တွေကလည်း အများသား။ Panel တံခါး နှစ်ချပ် အပြည့်။ Common -ve ကြိုးကို bus bar အတန်းလိုက်လေးတွေ ဆက်ထားပြီး အတန်းတစ်ခုစီကိုမှ ထောင်လိုက် bus တစ်ခုနဲ့ ချုပ်ထားပါတယ်။ လေးထောင့်ပုံ matrix တစ်ကွက်ကို ဘုံကြိုး တစ်စ ဖြုတ်လိုက်လို့ရပါတယ်။ ဒီတော့ မီးလုံး တစ်ရာလောက် ရှိပေမဲ့ ဖြုတ်ကြည့်ရမယ့် point ခြောက်ခု လောက်ပဲ ရှိပါတယ်။ အဲဒီ common point တွေကို တစ်ခုစီ ဖြုတ်ကြည့်ရင်း နောက်ဆုံး တစ်ခုဖြုတ်လိုက်မှ ကောင်း သွားပါတယ်။
ထမင်းစားနားရင်း ပြန် စဉ်းစားပါတယ်။ မီးလုံးတွေက ဘာလို့ ground fault ဖြစ်ရတာလဲ။ သိပ်တော့ ယုတ္တိမရှိဘူး ဖြစ်နေတယ်။ မီးလုံးဆိုတာ တစ်ဘက်မှာ -ve အားလုံး စုဆက်ထားပြီး +ve ကို PLC output port ဒါမှမဟုတ် relay တစ်ခုခုရဲ့ contact နဲ့ ဆက်ထားတာပဲ။ တစ်ခုခုက panel နဲ့ ထိနေလို့များလား။ သိပ်တော့ မဖြစ်နိုင်။ ဘာပဲဖြစ်ဖြစ် အသေးစိတ် ထပ်ကြည့်ရပါမယ်။
အလုပ် ပြန်စတဲ့အချိန် နောက်ဆုံး တစ်ကွက်ချန်ပြီး ပြန်တပ်လိုက်ပါတယ်။ အဲဒီတစ်ကွက်ထဲက မီးလုံးတွေ၊ ဆက်တဲ့ ကြိုးတွေ အပြန်ပြန်အလှန်လှန်စစ်ကြည့်တော့လည်း ထူးထူးခြားခြား ထိနေတာတွေ၊ short ဖြစ်နေတာတွေ မတွေ့ပါဘူး။ နည်းနည်းတော့ စဉ်းစားရကြပ်သွားတယ်။ အဲဒီ အကွက်ထဲမှာ သတိထားမိတာက 24V power source status ပြတဲ့ မီးလုံးရယ်၊ volt meter ရယ် ရှိပါတယ်။ အဲဒါကြည့်ပြီးမှ တစ်ခု စဉ်းစားမိသွားပါတယ်။ ဘာလဲဆိုတော့ ကျွန်တော် ရေလိုက်လွဲနေတာကိုပါ။ အဲဒီ power source ပြတဲ့ မီးလုံးရယ် Volt meter ရယ်က 24V ရဲ့ -ve နဲ့ +ve နှစ်ခုလုံးကို အမြဲ ချိတ်ထားတာပဲ။ အဲဒီတော့ main -ve ကြိုးကို ဖြုတ်ထားပေမဲ့ +ve ကြိုးက ဒီ မီးလုံးနဲ့ မီတာကို ဖြတ်ပြီး ဘုံ -ve လိုင်းနဲ့ ထိစပ်သေးတာပဲ။ ဒါနဲ့ အဲဒီ မီးလုံး အဝင်ကြိုးနဲ့ မီတာကြိုးတွေကို ဖြုတ်လိုက်ပါတယ်။ ပြီးတာနဲ့ အဲဒီအကွက်ရဲ့ ဘုံ -ve ကြိုးကို ပြန်တပ်တဲ့အခါ low insulation မဖြစ်တော့ပါဘူး။
ဟူး။ ဒါဆို အစက ပြန်ရှာရတော့မယ်။ ဒီတစ်ခါ -ve ကြိုးတွေကို isolate လုပ်ပြီး ရှာရပါတော့မယ်။ အဲဒီတော့ အစဆုံး -ve ကြိုးတွေ ဘယ်လို loop လုပ်ပြီး ဆက်ထားတာလဲဆိုတာ နားလည်အောင် လုပ်ရပါမယ်။-ve ကြိုးတွေ အားလုံး ပြန်တပ်လိုက်ပါတယ်။ ပြီးမှ စိတ်ထင်တဲ့တစ်နေရာက -ve  ကြိုး နှစ်ချောင်းဝင်ထားတဲ့ အဆက်ကို ဖြုတ်လိုက်ပါတယ်။ နောက်ပြီး +ve ကြိုးကို တစ်ဘက်က ထောက်ထားပြီး -ve ကြိုးနေရာတွေကို လိုက်တိုင်းကြည့်ပါတယ်။ 24V ရှိတဲ့ဘက် အစုနဲ့ 24V မရှိတဲ့ဘက် အစု ပေါ်လာပါတယ်။ နောက်တစ်ဆက်ကို ဖြုတ်တိုင်း၊ နောက်တစ်ဆက်ကို ဖြုတ်တိုင်းရင်း -ve ကြိုးတွေ ဘယ်လို loop လုပ်ထားတယ်ဆိုတာ သဘော ပေါက်သွားပါတယ်။ ဒါဆိုတော့ ရှာရတာ လွယ်သွားပြီပေါ့။
ဒါနဲ့ ကြိုးတွေတစ်ဝက်လောက်ပြန်ဆက်တယ်။ ကောင်း မကောင်းကြည့်တယ်။ ကျန်တဲ့ထဲက တစ်ဝက်လောက် ထပ်ပိုင်းတယ်။ ကောင်းတယ်လို့ သတ်မှတ်ထားတဲ့ အုပ်စုကို ပြန်ဆက်ကြည့်ပြီး confirm လုပ်တယ်။ အဲဒီ binary search နည်းနဲ့ ရှာလိုက်တော့ မကြာခင်မှာ အဖြေတွေ့ပါတော့တယ်။ AMS ထဲကို ဝင်တဲ့ alarm signal တွေ ဖြစ်တဲ့ fuel tank level switch က ဒုက္ခပေးနေတာပါ။ လောလောဆယ် အဲဒီအထွက် ကြိုးနှစ်ချောင်းလုံးကို ဖြုတ်ထားလိုက်ပြီး ကျန်တာ အကုန်ပြန်တပ်လိုက်ပါတယ်။ ဓာတ်ကြိုးကိုတော့ အဲဒါ ဆက်ရှင်းဖို့ မှာခဲ့လိုက်ပါတယ်။

Friday, 15 February 2019

Miscellaneous Equipment (4) - Motor Overheat

ဒီအေၾကာင္းကေတာ့ ႐ိုး႐ိုးေလးပါ။ ဒါေၾကာင့္မို႔ မေရးပဲ ထားခဲ့တာ။ ေနာက္မွ စဥ္းစားမိတယ္။ အေတြ႕အၾကဳံနည္းေသးတဲ့ ညီငယ္ေတြ အတြက္ ေျပာစရာေလး တစ္ခုရွိလို႔ ေရးလိုက္ပါတယ္။ ကၽြန္ေတာ္ မၾကာခဏ ေရာက္တဲ့ ရြက္သေဘၤာေလးမွာပါ။ Mandrel လို႔ ေခၚတဲ့ ရြက္ႀကီးကို ဆြဲလိပ္ေပးတဲ့ ေမာ္တာ အလုပ္မလုပ္လို႔ သြားၾကည့္ရပါတယ္။
ရြက္တိုင္အေျခ နံရံကပ္ အဖုံးကို screw ေတြျဖဳတ္ ဖြင့္ထုတ္လိုက္ေတာ့ control box ေလး ေပၚလာပါတယ္။ အေသးစိတ္ drawing မရွိေတာ့ circuit ကို ၾကည့္ၿပီး စိတ္ကူးနဲ႔ ျဖစ္ႏိုင္ေခ်ေတြ စဥ္းစားရပါတယ္။ ေမာ္တာဆီက ဆင္းလာတာ ႀကိဳး ၂ စုံရွိပါတယ္။ အတုတ္ 10 mm2 တစ္စုံနဲ႔ ဖုန္းႀကိဳးလို အေသးစားေလး တစ္စုံပါ။ ေမာ္တာက 24VDC နဲ႔ ေမာင္းတာပါ။ ဒီေတာ့ ႀကိဳးအတုတ္ ႏွစ္ေခ်ာင္းက ေမာ္တာကို power ေပးမယ့္ႀကိဳး၊ အေသးတစ္စုံက sensor ႀကိဳး ျဖစ္ႏိုင္ပါတယ္။ Sensor ဆိုေတာ့ ျဖစ္ႏိုင္တာက limit switch လား၊ temperature sensor လား တစ္ခုခုပဲ။ အဲဒီႀကိဳး အေသးတစ္စုံက ေအာက္ဘက္က ဝင္လာတဲ့ 5 core ႀကိဳး တစ္ေခ်ာင္းရဲ႕ ႏွစ္စနဲ႔ ဆက္ထားတယ္။ 5 core ရဲ႕ က်န္တဲ့ ၃ စက relay တစ္လုံးကို ဝင္ထားတာ ေတြ႕ရပါတယ္။ အဲဒီ 5 core ႀကိဳးကို ဆက္လိုက္ၾကည့္ေတာ့ တံခါးတစ္ခုနဲ႔ ပိတ္ထားတဲ့ drawer ေတြရဲ႕ေအာက္မွာ temperature controller တစ္လုံးဆီ ဝင္သြားတာ ေတြ႕ရပါတယ္။ ဒီေတာ့ circuit က နည္းနည္း ႐ုပ္လုံး ေပၚလာၿပီေပါ့။ Temperature sensor ကလာတဲ့ ႏွစ္ေခ်ာင္းက temperature controller ဆီဝင္တယ္။ က်န္တဲ့ ၃ ေခ်ာင္းက power ႏွစ္ေခ်ာင္း output signal တစ္ေခ်ာင္း ျဖစ္မယ္။ အဲဒီ output signal နဲ႔ relay ကိုေမာင္းၿပီး interlock လုပ္မယ္။ ျဖစ္ႏိုင္တာက ေမာ္တာ winding temperature ကို ေစာင့္ၾကည့္ၿပီး အရမ္းပူရင္ ျဖတ္ခ်ေပးတာ ျဖစ္မယ္။
ေနာက္ ဘာႀကိဳးေတြ အဝင္အထြက္ရွိေသးလဲ ၾကည့္ေတာ့ 24V power အဝင္ ႀကိဳး အတုတ္ တစ္စုံရယ္၊ remote control box ကလာတဲ့ ႀကိဳး တစ္စုံရယ္ ရွိေသးတယ္။ ဒီ Main Control Box ထဲမွာ moter driver module တစ္ခု ေတြ႕ရပါတယ္။ ေနာက္ emergency stop တစ္ခု လည္း box ေပၚမွာ တပ္ထားေသးတယ္။ ေရွ႕ဘက္ကေတာ့ Power Switch တစ္ခုေပါ့။
ထုံးစံအတိုင္း Power On ၾကည့္ၿပီး တိုင္းၾကည့္ပါတယ္။ 24VDC ရွိပါတယ္။ Emergency stop အထြက္ ထိ power ရွိပါတယ္။ ေအာက္ဘက္က temperature controller မွာၾကည့္ေတာ့ LED display ေလးနဲ႔ 38  ံC ျပေနပါတယ္။ နည္းနည္းေတာ့ ကစားပါတယ္။ Remote control နဲ႔ ႏွိပ္ၿပီး ေမာင္းၾကည့္ေတာ့ Drive နားက main contactor ႀကီး ဆြဲကပ္သြားပါတယ္။ Contactor အထြက္ထိ 24V ထြက္ပါတယ္။ Motor လည္တဲ့ အသံလည္း ၾကားေနရပါတယ္။ ဒီေတာ့ ေကာင္းေနတာေပါ့။ သူႀကီးကို ေမးၾကည့္ေတာ့ တစ္ခါတေလ မရတာတဲ့။ Temperature controller ကလည္း bazar အသံျမည္ တယ္ေျပာပါတယ္။ ဒါဆိုရင္ေတာ့ overheat interlock နဲ႔ ျဖတ္ခ်တာ ျဖစ္ဖို႔ မ်ားပါတယ္။ အခု temperature conttoller ၾကည့္ေတာ့ 48  ံေလာက္ ေရာက္ေနပါတယ္။ ဘာမွ မဟုတ္ပဲ temperature တက္ေနတာကို မႀကိဳက္ပါဘူး။ Sensor မေကာင္းတာလား၊ controller မေကာင္းတာလား၊ စစ္ရပါမယ္။

Sensor ႀကိဳး ႏွစ္ေခ်ာင္းကို တစ္စျဖဳတ္ တိုင္းၾကည့္ေတာ့ 5k ohm ေလာက္ျပပါတယ္။ ေခါင္းထဲမွာ စဥ္းစားစရာေတြ တန္းစီၿပီး ေရာက္လာပါတယ္။
ပထမ Temperature Sensor အမ်ဳိးအစားေတြ အေၾကာင္း နည္းနည္း ျခဳံၾကည့္ရေအာင္။ အဓိက Thermocouple (TC) နဲ႔ Resistance Temperature Detector (RTD) လို႔ ႏွစ္မ်ဳိး အရင္ခြဲလို႔ရပါတယ္။ TC မွာ  အပူခ်ိန္လိုက္ၿပီး mV တန္ဖိုး ေျပာင္းပါတယ္။ ခုလို power မရွိပဲ (passively) sensor ကို တိုင္းၾကည့္ရင္ resistance တန္ဖိုး အျမင့္ (Maga Ohm) တစ္ခုျပပါတယ္။ အခု 5k ohm ေလာက္ ျပတယ္ဆိုေတာ့ TC မဟုတ္ႏိုင္ေတာ့ပါဘူး။ ဒါဆိုရင္ RTD ျဖစ္ဖို႔ မ်ားပါတယ္။
ေနာက္တစ္ခါ RTD မွာ ႏွစ္မ်ဳိး ထပ္ကြဲျပန္ပါတယ္။ Positive Temperatute Coefficient (PTC) နဲ႔ Negative Temperature Coefficient (NTC) ပါ။ သိလြယ္ေအာင္ ေျပာရရင္ PTC က အပူခ်ိန္မ်ားလာရင္ redistance တက္လာမယ္။ အပူခ်ိန္နည္းရင္ resistance က်လာမယ္။ NTC ကေတာ့ ေျပာင္းျပန္။ အပူခ်ိန္ မ်ားရင္ resistance က်လာမယ္။ အပူခ်ိန္နည္းရင္ resistance တက္လာမွာပါ။ 
PTC အုပ္စုထဲမွာ အက်ယ္ျပန္႔ဆုံး သုံးၾကတာကေတာ့ PT100 ပါ။ Platinum နဲ႔ လုပ္ထားၿပီး 0  ံC မွာ 100 ohm ရွိပါတယ္။ ေနာက္ PT1000 ကလည္း Platinum နဲ႔ လုပ္ထားၿပီး 0  ံC မွာ 1000 ohm ရွိပါတယ္။ PTC Thermistor ေတြကိုေတာ့ Temperature output sensor အေနနဲ႔ သုံးခဲပါတယ္။ Switching function အေနနဲ႔ပဲ သုံးေလ့ရွိပါတယ္။

အခု အပူခ်ိန္ 38  ံ ေလာက္ ျပတဲ့အခ်ိန္မွာ 5000 ohm ဆိုေတာ့ PT100 နဲ႔ PT1000 လည္း မျဖစ္ႏိုင္ေတာ့ပါဘူး။ PTC Thermistor  ကလည္း ဒီလိုေနရာမွာ သုံးေလ့မရွိဘူးဆိုေတာ့ ဖယ္ထားလိုက္ပါမယ္။ ဒါဆိုရင္ ျဖစ္ႏိုင္တာက NTC Thermistor လို႔ထင္လိုက္ပါတယ္။ 
ေသခ်ာေအာင္ Temperature controller ေလးကို ျဖဳတ္ၿပီး ဖတ္ၾကည့္လိုက္ေတာ့ sensor input ေနရာမွာ NTC လို႔ ေရးထားတာ ေတြ႕ရပါတယ္။ ေျပာရရင္ NTC thermistor ေတြက ပိုၿပီး sensitive ျဖစ္ပါတယ္။ Temperature နည္းနည္း ေျပာင္းတာနဲ႔ resistance အမ်ားႀကီးေျပာင္းပါတယ္။

အခု တစ္ခါ Controller ေၾကာင့္လား၊ sensor ေၾကာင့္လား ခြဲသိဖို႔ 10k potentiometer တစ္လုံးကို controller ရဲ႕ sensor အဝင္ေနရာမွာ အစားထိုး ထည့္လိုက္ပါတယ္။ Resistance ကို တင္လိုက္ေတာ့ temperature တန္ဖိုး က်သြားပါတယ္။ 30  ံ ေလာက္ခ်ိန္ထားလိုက္ၿပီး ေစာင့္ၾကည့္ပါတယ္။ နာရီဝက္ေလာက္ထိ ၿငိမ္ၿပီး အေျပာင္းအလဲ မရွိတာမို႔ controller ေကာင္းတယ္လို႔ ဆုံးျဖတ္လိုက္ပါတယ္။ ဒါဆိုရင္ sensor အပိုင္းပဲ က်န္ေတာ့တယ္။ ခက္တာက motor က IP 67 ေရလုံေအာင္ ႀကိဳးအဝင္ေတြပါ အေသပိတ္ထည့္ထားေတာ့ ျဖဳတ္မထုတ္ပဲ အထဲကို မျမင္ရ။ ျဖဳတ္ထုတ္ဖို႔က ရြက္လိပ္တဲ့ တန္းႀကီးတစ္ခုလုံး end bearing ျဖဳတ္ၿပီး ဆြဲထုတ္ရမယ့္ heavy job ။ ဒါနဲ႔ ဘာလုပ္ရမလဲ ၾကံရာမရ ႀကိဳးေတြကို သပ္ရပ္ေအာင္ ပတ္ထားတဲ့ bellow tube ကို ဆြဲခြာထုတ္လိုက္ေတာ့ အထဲမွာ sensor ႀကိဳးကို ဆက္ထားတာ ေတြ႕လိုက္ရတယ္။ အဆက္ေနရာက နည္းနည္း ေခ်ာင္ေနေတာ့ မထိတထိ ျဖစ္ၿပီး ဒုကၡေပးတာျဖစ္ပါမယ္။ အဲဒီေန
ရာကို ေသခ်ာေလး ျပန္ဆက္ေပးလိုက္ေတာ့ အဆင္ေျပသြားပါတယ္။
ဘယ္လိုလဲ။ ျပႆနာ ရွင္းရွင္းေလးကို ရႈပ္ေအာင္ေရးျပထားေတာ့ ဖတ္ရတာ မူးသြားၿပီလား။ နားမလည္ပဲ မ်က္ေစ့လည္သြားရင္၊ ေနာက္တစ္ေခါက္ေလာက္ ထပ္ဖတ္လိုက္ပါဦး။ 

[Unicode]


ဒီအကြောင်းကတော့ ရိုးရိုးလေးပါ။ ဒါကြောင့်မို့ မရေးပဲ ထားခဲ့တာ။ နောက်မှ စဉ်းစားမိတယ်။ အတွေ့အကြုံနည်းသေးတဲ့ ညီငယ်တွေ အတွက် ပြောစရာလေး တစ်ခုရှိလို့ ရေးလိုက်ပါတယ်။ ကျွန်တော် မကြာခဏ ရောက်တဲ့ ရွက်သင်္ဘောလေးမှာပါ။ Mandrel လို့ ခေါ်တဲ့ ရွက်ကြီးကို ဆွဲလိပ်ပေးတဲ့ မော်တာ အလုပ်မလုပ်လို့ သွားကြည့်ရပါတယ်။
ရွက်တိုင်အခြေ နံရံကပ် အဖုံးကို screw တွေဖြုတ် ဖွင့်ထုတ်လိုက်တော့ control box လေး ပေါ်လာပါတယ်။ အသေးစိတ် drawing မရှိတော့ circuit ကို ကြည့်ပြီး စိတ်ကူးနဲ့ ဖြစ်နိုင်ချေတွေ စဉ်းစားရပါတယ်။ မော်တာဆီက ဆင်းလာတာ ကြိုး ၂ စုံရှိပါတယ်။ အတုတ် 10 mm2 တစ်စုံနဲ့ ဖုန်းကြိုးလို အသေးစားလေး တစ်စုံပါ။ မော်တာက 24VDC နဲ့ မောင်းတာပါ။ ဒီတော့ ကြိုးအတုတ် နှစ်ချောင်းက မော်တာကို power ပေးမယ့်ကြိုး၊ အသေးတစ်စုံက sensor ကြိုး ဖြစ်နိုင်ပါတယ်။ Sensor ဆိုတော့ ဖြစ်နိုင်တာက limit switch လား၊ temperature sensor လား တစ်ခုခုပဲ။ အဲဒီကြိုး အသေးတစ်စုံက အောက်ဘက်က ဝင်လာတဲ့ 5 core ကြိုး တစ်ချောင်းရဲ့ နှစ်စနဲ့ ဆက်ထားတယ်။ 5 core ရဲ့ ကျန်တဲ့ ၃ စက relay တစ်လုံးကို ဝင်ထားတာ တွေ့ရပါတယ်။ အဲဒီ 5 core ကြိုးကို ဆက်လိုက်ကြည့်တော့ တံခါးတစ်ခုနဲ့ ပိတ်ထားတဲ့ drawer တွေရဲ့အောက်မှာ temperature controller တစ်လုံးဆီ ဝင်သွားတာ တွေ့ရပါတယ်။ ဒီတော့ circuit က နည်းနည်း ရုပ်လုံး ပေါ်လာပြီပေါ့။ Temperature sensor ကလာတဲ့ နှစ်ချောင်းက temperature controller ဆီဝင်တယ်။ ကျန်တဲ့ ၃ ချောင်းက power နှစ်ချောင်း output signal တစ်ချောင်း ဖြစ်မယ်။ အဲဒီ output signal နဲ့ relay ကိုမောင်းပြီး interlock လုပ်မယ်။ ဖြစ်နိုင်တာက မော်တာ winding temperature ကို စောင့်ကြည့်ပြီး အရမ်းပူရင် ဖြတ်ချပေးတာ ဖြစ်မယ်။
နောက် ဘာကြိုးတွေ အဝင်အထွက်ရှိသေးလဲ ကြည့်တော့ 24V power အဝင် ကြိုး အတုတ် တစ်စုံရယ်၊ remote control box ကလာတဲ့ ကြိုး တစ်စုံရယ် ရှိသေးတယ်။ ဒီ Main Control Box ထဲမှာ moter driver module တစ်ခု တွေ့ရပါတယ်။ နောက် emergency stop တစ်ခု လည်း box ပေါ်မှာ တပ်ထားသေးတယ်။ ရှေ့ဘက်ကတော့ Power Switch တစ်ခုပေါ့။
ထုံးစံအတိုင်း Power On ကြည့်ပြီး တိုင်းကြည့်ပါတယ်။ 24VDC ရှိပါတယ်။ Emergency stop အထွက် ထိ power ရှိပါတယ်။ အောက်ဘက်က temperature controller မှာကြည့်တော့ LED display လေးနဲ့ 38  ံC ပြနေပါတယ်။ နည်းနည်းတော့ ကစားပါတယ်။ Remote control နဲ့ နှိပ်ပြီး မောင်းကြည့်တော့ Drive နားက main contactor ကြီး ဆွဲကပ်သွားပါတယ်။ Contactor အထွက်ထိ 24V ထွက်ပါတယ်။ Motor လည်တဲ့ အသံလည်း ကြားနေရပါတယ်။ ဒီတော့ ကောင်းနေတာပေါ့။ သူကြီးကို မေးကြည့်တော့ တစ်ခါတလေ မရတာတဲ့။ Temperature controller ကလည်း bazar အသံမြည် တယ်ပြောပါတယ်။ ဒါဆိုရင်တော့ overheat interlock နဲ့ ဖြတ်ချတာ ဖြစ်ဖို့ များပါတယ်။ အခု temperature conttoller ကြည့်တော့ 48  ံလောက် ရောက်နေပါတယ်။ ဘာမှ မဟုတ်ပဲ temperature တက်နေတာကို မကြိုက်ပါဘူး။ Sensor မကောင်းတာလား၊ controller မကောင်းတာလား၊ စစ်ရပါမယ်။
Sensor ကြိုး နှစ်ချောင်းကို တစ်စဖြုတ် တိုင်းကြည့်တော့ 5k ohm လောက်ပြပါတယ်။ ခေါင်းထဲမှာ စဉ်းစားစရာတွေ တန်းစီပြီး ရောက်လာပါတယ်။
ပထမ Temperature Sensor အမျိုးအစားတွေ အကြောင်း နည်းနည်း ခြုံကြည့်ရအောင်။ အဓိက Thermocouple (TC) နဲ့ Resistance Temperature Detector (RTD) လို့ နှစ်မျိုး အရင်ခွဲလို့ရပါတယ်။ TC မှာ  အပူချိန်လိုက်ပြီး mV တန်ဖိုး ပြောင်းပါတယ်။ ခုလို power မရှိပဲ (passively) sensor ကို တိုင်းကြည့်ရင် resistance တန်ဖိုး အမြင့် (Maga Ohm) တစ်ခုပြပါတယ်။ အခု 5k ohm လောက် ပြတယ်ဆိုတော့ TC မဟုတ်နိုင်တော့ပါဘူး။ ဒါဆိုရင် RTD ဖြစ်ဖို့ များပါတယ်။
နောက်တစ်ခါ RTD မှာ နှစ်မျိုး ထပ်ကွဲပြန်ပါတယ်။ Positive Temperatute Coefficient (PTC) နဲ့ Negative Temperature Coefficient (NTC) ပါ။ သိလွယ်အောင် ပြောရရင် PTC က အပူချိန်များလာရင် redistance တက်လာမယ်။ အပူချိန်နည်းရင် resistance ကျလာမယ်။ NTC ကတော့ ပြောင်းပြန်။ အပူချိန် များရင် resistance ကျလာမယ်။ အပူချိန်နည်းရင် resistance တက်လာမှာပါ။ 
PTC အုပ်စုထဲမှာ အကျယ်ပြန့်ဆုံး သုံးကြတာကတော့ PT100 ပါ။ Platinum နဲ့ လုပ်ထားပြီး 0  ံC မှာ 100 ohm ရှိပါတယ်။ နောက် PT1000 ကလည်း Platinum နဲ့ လုပ်ထားပြီး 0  ံC မှာ 1000 ohm ရှိပါတယ်။ PTC Thermistor တွေကိုတော့ Temperature output sensor အနေနဲ့ သုံးခဲပါတယ်။ Switching function အနေနဲ့ပဲ သုံးလေ့ရှိပါတယ်။
အခု အပူချိန် 38  ံ လောက် ပြတဲ့အချိန်မှာ 5000 ohm ဆိုတော့ PT100 နဲ့ PT1000 လည်း မဖြစ်နိုင်တော့ပါဘူး။ PTC Thermistor  ကလည်း ဒီလိုနေရာမှာ သုံးလေ့မရှိဘူးဆိုတော့ ဖယ်ထားလိုက်ပါမယ်။ ဒါဆိုရင် ဖြစ်နိုင်တာက NTC Thermistor လို့ထင်လိုက်ပါတယ်။ 
သေချာအောင် Temperature controller လေးကို ဖြုတ်ပြီး ဖတ်ကြည့်လိုက်တော့ sensor input နေရာမှာ NTC လို့ ရေးထားတာ တွေ့ရပါတယ်။ ပြောရရင် NTC thermistor တွေက ပိုပြီး sensitive ဖြစ်ပါတယ်။ Temperature နည်းနည်း ပြောင်းတာနဲ့ resistance အများကြီးပြောင်းပါတယ်။
အခု တစ်ခါ Controller ကြောင့်လား၊ sensor ကြောင့်လား ခွဲသိဖို့ 10k potentiometer တစ်လုံးကို controller ရဲ့ sensor အဝင်နေရာမှာ အစားထိုး ထည့်လိုက်ပါတယ်။ Resistance ကို တင်လိုက်တော့ temperature တန်ဖိုး ကျသွားပါတယ်။ 30  ံ လောက်ချိန်ထားလိုက်ပြီး စောင့်ကြည့်ပါတယ်။ နာရီဝက်လောက်ထိ ငြိမ်ပြီး အပြောင်းအလဲ မရှိတာမို့ controller ကောင်းတယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါဆိုရင် sensor အပိုင်းပဲ ကျန်တော့တယ်။ ခက်တာက motor က IP 67 ရေလုံအောင် ကြိုးအဝင်တွေပါ အသေပိတ်ထည့်ထားတော့ ဖြုတ်မထုတ်ပဲ အထဲကို မမြင်ရ။ ဖြုတ်ထုတ်ဖို့က ရွက်လိပ်တဲ့ တန်းကြီးတစ်ခုလုံး end bearing ဖြုတ်ပြီး ဆွဲထုတ်ရမယ့် heavy job ။ ဒါနဲ့ ဘာလုပ်ရမလဲ ကြံရာမရ ကြိုးတွေကို သပ်ရပ်အောင် ပတ်ထားတဲ့ bellow tube ကို ဆွဲခွာထုတ်လိုက်တော့ အထဲမှာ sensor ကြိုးကို ဆက်ထားတာ တွေ့လိုက်ရတယ်။ အဆက်နေရာက နည်းနည်း ချောင်နေတော့ မထိတထိ ဖြစ်ပြီး ဒုက္ခပေးတာဖြစ်ပါမယ်။ အဲဒီနေ
ရာကို သေချာလေး ပြန်ဆက်ပေးလိုက်တော့ အဆင်ပြေသွားပါတယ်။
ဘယ်လိုလဲ။ ပြဿနာ ရှင်းရှင်းလေးကို ရှုပ်အောင်ရေးပြထားတော့ ဖတ်ရတာ မူးသွားပြီလား။ နားမလည်ပဲ မျက်စေ့လည်သွားရင်၊ နောက်တစ်ခေါက်လောက် ထပ်ဖတ်လိုက်ပါဦး။