Saturday 20 October 2018

Steering Gear (2) - Indicator Not Working



Bunker ေသးေသးေလး တစ္စီးမွာ Steering Gear ရဲ႕ Rudder Indicator က အလုပ္မလုပ္လို႔ သြားၾကည့္ခဲ့ရပါတယ္။ သေဘၤာသားေတြအားလုံး အင္ဒိုေတြပါ။ ဓာတ္ႀကိဳးမရွိပါဘူး။ တစ္ခုေကာင္းတာက အားလုံး ဝိုင္းကူေပးၾကပါတယ္။ ေဖၚေဖၚေရြေရြ ရွိေတာ့ လုပ္ရတာ စိတ္ခ်မ္းသာတာေပါ့။
ျပႆနာက Rudder Angle Indicator က အလုပ္မလုပ္ဘူး ဆိုပါတယ္။ Wheel house မွာ သူႀကီးက စမ္းျပပါတယ္။ Follow up mode, non follow up mode ေတြမွာ ဘာမွ မလုပ္ပါဘူး။ Bridge မ်က္ႏွာက်က္ ေရွ႕ဖ်ားမွာ ခ်ိတ္ထားတဲ့ တစ္ခုတည္းေသာ Indicator က မျပတာပါ။ တစ္ခ်ိဳ႕ သေဘၤာေတြမွာ ၂ ခု ၃ ခု မက ရွိတတ္ပါတယ္။ ဒီမွာေတာ့ တစ္ခုပဲရွိတာ အဲဒီတစ္ခုက မျပေတာ့ ဒုကၡေရာက္ၿပီေပါ့။ တစ္ကယ့္ Rudder ကေတာ့ အလုပ္လုပ္တယ္လို႔ ဆိုပါတယ္။ ဒါေပမဲ့ Indicator မျမင္ရပဲ ေမာင္းရင္ အႏၲရာယ္မ်ားတာမို႔ သူႀကီးက ဒါျပင္ၿပီးမွ ေမာင္းႏိုင္မယ္လို႔ ေျပာထားပါတယ္။ ဒီေတာ့ Super ေတြက တြန္းတာေပါ့။

ဒါနဲ႔ Drawing ေတြေပးပါဆိုေတာ့ မရွိဘူး ေျပာပါတယ္။ ရွိသမွ် စာအုပ္ေတြ ေမႊၾကည့္ေတာ့ လည္း မေတြ႕ပါဘူး။ အမ်ားအားျဖင့္ တ႐ုတ္လို ေရးထားတာေတြပါ။ ႀကိဳးစားၿပီး google translator apps ေလးနဲ႔ ဖတ္ၾကည့္ၿပီး ရွာေပမဲ့ မေတြ႕ပါဘူး။
ၾကားျဖတ္ၿပီး လွ်ာေခ်ာင္လိုက္ပါဦးမယ္။ ကၽြန္ေတာ္တို႔ သေဘၤာ မ်ဳိးစုံသြားရေတာ့ Manual စာအုပ္ေတြ Panel ေတြမွာ ဘာသာ အမ်ဳိးမ်ဳိးေတြ႕ရပါတယ္။ ဒီေတာ့ Google Translator Apps ေလးက အရမ္းအသုံးတဲ့ပါတယ္။ အဲဒီမွာ Live Translate ဆိုတဲ့ Camera ပုံေလး နွိပ္လိုက္ရင္ on the fly ဘာသာျပန္ၿပီးသား စာေတြ ျမင္ရပါတယ္။ အတိအက် မဟုတ္ေပမဲ့ အနီးစပ္ဆုံး သိရပါတယ္။ နမူနာ ပုံေလး ျပထားပါတယ္။ ဘာသာ ေတာ္ေတာ္မ်ားမ်ားကို ျပန္ေပးႏိုင္ပါတယ္။ အလုပ္ထဲမွာ အဂၤလိပ္စာ မဟုတ္တဲ့ စာအုပ္ေတြအတြက္ အသုံးဝင္တဲ့ Tool ေလးတစ္ခုေပါ့။
အလုပ္ကိစၥ ဆက္ေျပာပါမယ္။ ကၽြန္ေတာ္နဲ႔ စက္-၂ Steering Gear Room ထဲဆင္းသြားၿပီး ၾကည့္ပါတယ္။ Walkie Talkie နဲ႔ ဆက္သြယ္ၿပီး Bridge ကို Steering ကစားခိုင္းပါတယ္။ Follow up mode မွာပဲ Port 10  ံ, 20  ံ, Stbd 10  ံ, 20  ံ ကစားၾကည့္ပါတယ္။ Cylinder ေတြ ေရြ႕သြားၿပီး Mechanical pointer (တစ္ကယ့္ Rudder position) က ေပးတဲ့ command နဲ႔အညီ မွန္မွန္ကန္ကန္ လိုက္ ေျပာင္းပါတယ္။
ဒီေတာ့ ေကာက္ခ်က္ခ်ႏိုင္တာေတြက Hydraulic စံနစ္ ေကာင္းပါတယ္။ Steering Wheel ရဲ႕ Potentiometer (command)ရယ္၊ Follow up mode အတြက္ Feedback Unit ရယ္၊ Control System ေတြ ေကာင္းတယ္လို႔ ဆုံးျဖတ္ႏိုင္ပါတယ္။ ဒီေတာ့ Rudder Angle Indicator အပိုင္းပဲ က်န္ပါေတာ့တယ္။ အဲဒါနဲ႔ဆိုင္တာက ၂ ခုထဲရွိပါတယ္။ Feedback unit နဲ႔ Indicator (display) unit ပါ။ ဒီလို Rudder Angle Indicator မွာ သုံးတာ ေတြဖူးသေလာက္က Potentiometer သုံးတာ၊ Synchro Motor သုံးတာ နဲ႔ frequency feedback သုံးတဲ့ အမ်ဳိးအစားေတြပါ။ ဒီမွာ ဘာသုံးထားလဲ သိရေအာင္ feedback unit  ေလးကို ၾကည့္ေတာ့ ႀကိဳး ၅ ေခ်ာင္းဝင္ထားတာ ေတြ႕ရပါတယ္။ ဒါဆိုရင္ Synchro Motor သုံးထားတာလို႔ ယူဆႏိုင္ပါတယ္။ ေသခ်ာေအာင္ တိုင္းၾကည့္ရပါမယ္။ အစဆုံး volt တိုင္းၾကည့္ေတာ့ ႀကိဳး ၅ ေခ်ာင္း အကုန္လုံး volt မရွိပါဘူး။ AC ေရာ DC ပါ မရွိတာပါ။ ဒါနဲ႔ Ohm တိုင္းၾကည့္ေတာ့ ၃ေခ်ာင္း က အခ်င္းခ်င္း 70 Ohm ဝန္းက်င္ေလာက္ ရွိၿပီး က်န္တဲ့ ၂ ေခ်ာင္းက 100 Ohm ေလာက္ ရွိပါတယ္။ ဒါဆို Synchro Motor feedback ဆိုတာ ေသခ်ာသြားပါၿပီ။
ဒီေနရာမွာ Synchro Motor feedback အေၾကာင္း နည္းနည္း ရွင္းျပခ်င္ပါတယ္။ Synchro Motor ကို Selsyn ( Self Synchronous) လို႔လည္း ေခၚပါတယ္။ အလြယ္ေျပာရရင္ Stator မွာ 3 phase ႀကိဳး ၃ ေခ်ာင္း ရွိၿပီး Rotor မွာ Single phase ႀကိဳး ၂ ေခ်ာင္းပါတဲ့ motor ေလးေတြကို အၿပိဳင္ဆက္ထားတဲ့သေဘာပါ။ Rotor ကို single phase 110/220 AC power ေပးရၿပီး Stator က power ေပးစရာမလိုပဲ အၿပိဳင္ဆက္ထားတာပါ။ အလုပ္လုပ္ပုံက Rotor ကို AC power (single phase) ေပးလိုက္တဲ့အခါ stator 3 phase မွာ induced voltage ဝင္ပါမယ္။ တစ္ကယ္လို႔ Transmitter နဲ႔ Receiver Motor ၂ ခုလုံးက rotor orientation (Angle) တူေနမယ္ဆိုရင္ induced ျဖစ္ေနတဲ့ 3 phase stator ေတြက Current မစီးပဲ ၿငိမ္ေနပါမယ္။ တစ္ကယ္လို႔ rotor ၂ ခု angle မတူလို႔ ရွိရင္ stator မွာ Current စီးသြားၿပီး ေနာက္တစ္လုံးရဲ႕ rotor ကို torque တစ္ခုနဲ႔ လွည့္ေပးမွာပါ။ အဲဒီနည္းနဲ႔  သူတို႔ရဲ႕ rotor ၂ လုံး orientation တူေနမွာပါ။ တစ္နည္းအားျဖင့္ Synchronize ျဖစ္ေနပါတယ္။ အဲဒီ အေျခခံကို သုံးထားတာပါ။ Feedback unit က transmitter(TX) ျဖစ္ၿပီး indicator unit က receiver(RX) ျဖစ္ပါတယ္။ Receiver တစ္လုံးမက အၿပိဳင္ဆက္ၿပီး သုံးႏိုင္ပါတယ္။
အခု Rotor မွာ AC power မရွိဘူးဆိုေတာ့ ေအာက္က feedback unit ေရြ႕ေနေပမဲ့ အေပၚ Indicator က လိုက္မလည္တာ ျဖစ္ႏိုင္ပါတယ္။ Drawing မရွိေတာ့ ရွာရတာ နည္းနည္း ခက္ပါမယ္။ Bridge ရဲ႕ power distribution panel ေတြ လိုက္ၾကည့္ရမွာေပါ့။
အေပၚေရာက္လို႔ လိုက္ရွာေတာ့ သူႀကီးက ျပေပးပါတယ္။ ဒီ breaker (110V AC) က Rudder Indicator နဲ႔ ေလတိုက္နႈန္းျပ Anemometer ကို power ေပးတာလို႔ ေျပာပါတယ္။ Panel အဖုံးက list မွာလည္း ေရးထားပါတယ္။ Breaker ကလည္း On ထားပါတယ္။ အထြက္ကို တိုင္းၾကည့္ေတာ့ 110V AC ရွိတယ္။ ႀကိဳးလိုက္ၾကည့္ၿပီး terminal မွာ ၂ စုံထြက္သြားတာ တိုင္းေတာ့လည္း အထြက္ ၂ စုံလုံး power ရွိပါတယ္။ ဒါဆို ဘာလို႔ feedback unit မွာ power မေရာက္တာလဲ။ Indicator ကို ဖြင့္ၾကည့္ေတာ့လည္း အဝင္ႀကိဳး ၅ ေခ်ာင္းရွိပါတယ္။ အဲဒီမွာလည္း power မရွိဘူး။ ဒီၾကားထဲမွာ ဘယ္လို ဆက္ထားႏိုင္သလဲ စဥ္းစားရပါၿပီ။ ႀကိဳးရဲ႕ Cable Tag ေတြကိုလည္း ေသခ်ာ မျမင္ရပါဘူး။ ေသခ်ာတာက 5-core cable နဲ႔ အထဲက ႀကိဳး ၅ ေခ်ာင္း အျဖဴေရာင္ေတြဆိုတာပဲ ေတြ႕ရပါတယ္။ ေအာက္ SG room ထဲျပန္ဆင္းၿပီး အနားက Junction Box ကို ဖြင့္ၾကည့္ပါတယ္။ ဒီမွာလည္း အျဖဴေရာင္ ႀကိဳး ၅ ေခ်ာင္းနဲ႔ 5-core cable ဝင္ထားတာ ေတြ႕ရပါတယ္။ က်န္တဲ့ Follow up နဲ႔ Control အတြက္ wire ေတြအမ်ားႀကီးကိုေတာ့ ၾကည့္စရာ မလိုေတာ့ပါဘူး။ အခု Indicator နဲ႔ feedback unit မွာ 5-core တစ္ေခ်ာင္းစီပဲ ဝင္ထားတယ္။ Terminal ေတြမွာ loop လုပ္ၿပီး ၂ ေခ်ာင္း ဝင္ထားတာ မရွိဘူး။ ဒီေတာ့ Indicator ကလာတဲ့ 5-core က ဒီ feedback ကို တိုက္႐ိုက္ ဆက္တာ မဟုတ္ႏိုင္ေတာ့ဘူး။ ဘာလို႔လဲဆိုေတာ့ power ေပးမဲ့ Breaker က လာတဲ့ ႀကိဳး ၂ ေခ်ာင္း ဝင္ထားတာ ဘယ္ဘက္မွာမွ မရွိလို႔ေပါ့။ျဖစ္ႏိုင္ေခ်တစ္ခုက Wheelhouse Console မွာ ဆုံတာ ျဖစ္ႏိုင္တယ္။ ဒါနဲ႔ Wheel House(WH) console ရဲ႕ Steering Wheel ေအာက္က အခန္းေလးထဲ ဒိုင္ဗင္ထိုးၿပီး ေမႊရပါေတာ့တယ္။ အားကိုးစရာ ဘာမွမရွိဆိုေတာ့ အျဖဴေရာင္ႀကိဳး ၅ ေခ်ာင္းနဲ႔ 5-core Cable ဆိုတဲ့ သဲလြန္စေလး အေျခခံၿပီး လိုက္ၾကည့္ရပါတယ္။ Combing ထဲကထြက္လာတဲ့ Cable ေတြအမ်ားႀကီးထဲက 5-core ေတြကို တစ္စစီ ေမႊၿပီး စုံစမ္းေရး ဝင္ရတာေပါ့။ ကံေကာင္းလို႔ သေဘၤာကေသးၿပီး System ေတြ အရမ္းမမ်ားတာ။ ဒီေတာ့ နည္းနည္း သက္သာတာေပါ့။ အဲဒီမွာ သံသယျဖစ္စရာ ၂ ေခ်ာင္း ေတြ႕ပါတယ္။ Terminal မွာ သူတို႔အခ်င္းခ်င္း အဝင္အထြက္ ၅ ေခ်ာင္းစီ ဆက္ထားတာ ေတြရပါတယ္။ ပိုၿပီး ခိုင္လုံတဲ့ သက္ေသခံက core 1 နဲ႔ 2 ေနရာမွာ 2-core Cable တစ္ေခ်ာင္းက လာဆက္ထားပါတယ္။ ဒီေတာ့ power တိုင္းတယ္။ မရွိဘူး။ Ohm တိုင္းေတာ့ 1-2 က 100 Ohm ေလာက္၊ 3-4, 4-5, 3-5 က 70 Ohm ေလာက္ ဆိုေတာ့ တရားခံ ေတြ႕ၿပီေပါ့။ ဝင္လာတဲ့ 2-core Cable ကို ျဖဳတ္ ေသခ်ာတိုင္းၾကည့္တယ္။ power မရွိ။ Resistance မရွိ (Open Loop) ျဖစ္ေနပါတယ္။ ဒါနဲ႔ ေစာေစာက သူ႔အတြက္ breaker ကို ပိတ္ၿပီး ဒီ ၂ စနဲ႔ continuity တိုင္းေတာ့လည္း ၂ ေခ်ာင္းလုံး မရပါဘူး။ ဘယ္ေနရာမွာ ျပတ္ေနတာလဲ။ ခဏထားလိုက္မယ္။ 
က်န္တဲ့ System ေကာင္းမေကာင္း စမ္းၾကည့္မယ္လို႔ ဆုံးျဖတ္လိုက္ပါတယ္။ ဒီေတာ့ WH console ေအာက္က terminal မွာ အဝင္ ၂ ေခ်ာင္းျဖဳတ္ၿပီး tape ပတ္ထားလိုက္ပါတယ္။ 110V AC source ကို ရွာၿပီး ယာယီ ႀကိဳး ၂ စနဲ႔ 1-2 ေနရာမွာ ဆက္ေပးလိုက္ပါတယ္။ Power On ၿပီး စမ္းၾကည့္ေတာ့ အလုပ္လုပ္ပါတယ္။ Steering လွည့္သေလာက္ indicator က မွန္မွန္ကန္ကန္ ျပပါတယ္။ ဒီေတာ့ ျပႆနာက AC အဝင္ ဘယ္ေနရာမွာ ျပတ္ေနလဲ။ ဘာ switch ေတြခံထားေသးလဲ။ ဘယ္ Junction Box (JB) ေတြမွာ ဘယ္လိုျဖစ္ေနတာလဲ။ သေဘၤာ ေလးရဲ႕ အထပ္တိုင္းကို ေမႊေႏွာက္ေပမဲ့ မေတြ႕ပါဘူး။ သေဘၤာသားေတြကို ေမးၾကည့္ေတာ့လည္း ေလာေလာဆယ္ သူတို႔ ဘာမွ ထူးထူးျခားျခား မလုပ္ဘူး ေျပာပါတယ္။ အခ်ိန္ေတာ္ေတာ္ၾကာလို႔ မရေတာ့ သူႀကီးနဲ႔ တိုင္ပင္ရပါတယ္။ အဲဒီ power supply ကို တစ္ေနရာရာကေန ေပးတဲ့ နည္းပဲရွိတယ္လို႔။ သူႀကီးက အၾကံေပးပါတယ္။ Original power က Anemometer နဲ႔အတူတြဲေပးထားတယ္။ Rudder indicator ကလည္း Anemometer display ရဲ႕ ေဘး ကပ္ရက္ တပ္ထားတယ္။ ဒီေတာ့ Anemometer ကေန Loop ယူၿပီး ႀကိဳးတစ္ေခ်ာင္းနဲ႔ ဆက္လို႔ ရမလားတဲ့။ ၾကည့္လိုက္ေတာ့ သိပ္မဆိုးတာနဲ႔ ႀကိဳးတစ္ေခ်ာင္း အတိုေလး ဆြဲၿပီး ဆက္ေပးလိုက္တယ္။ သပ္သပ္ရပ္ရပ္ျဖစ္ေအာင္ သူတို႔ ဝိုင္းကူၾကပါတယ္။ Console ေအာက္က အဝင္ႀကိဳးေတာ့ ျဖဳတ္ၿပီး Tape ပတ္ထားလိုက္ေတာ့တာေပါ့။
ျပန္စမ္းၾကည့္ေတာ့ အားလုံး အဆင္ေျပပါတယ္။ Wiring ကို သူ႔ မူရင္းကေန နည္းနည္း modify လုပ္ရလို႔ သိပ္ေတာ့ ဘဝင္မက်ဘူး။ Drawing မရွိ ဘာမရွိနဲ႔ရယ္၊ သူႀကီးကလည္း အလုပ္ျဖစ္ဖို႔ အဓိကသေဘာ လက္ခံတာရယ္ဆိုေတာ့ ဒီေလာက္နဲ႔ပဲ ျပန္ခဲ့ရပါတယ္။
[Unicode]

Bunker သေးသေးလေး တစ်စီးမှာ Steering Gear ရဲ့ Rudder Indicator က အလုပ်မလုပ်လို့ သွားကြည့်ခဲ့ရပါတယ်။ သင်္ဘောသားတွေအားလုံး အင်ဒိုတွေပါ။ ဓာတ်ကြိုးမရှိပါဘူး။ တစ်ခုကောင်းတာက အားလုံး ဝိုင်းကူပေးကြပါတယ်။ ဖေါ်ဖေါ်ရွေရွေ ရှိတော့ လုပ်ရတာ စိတ်ချမ်းသာတာပေါ့။
ပြဿနာက Rudder Angle Indicator က အလုပ်မလုပ်ဘူး ဆိုပါတယ်။ Wheel house မှာ သူကြီးက စမ်းပြပါတယ်။ Follow up mode, non follow up mode တွေမှာ ဘာမှ မလုပ်ပါဘူး။ Bridge မျက်နှာကျက် ရှေ့ဖျားမှာ ချိတ်ထားတဲ့ တစ်ခုတည်းသော Indicator က မပြတာပါ။ တစ်ချို့ သင်္ဘောတွေမှာ ၂ ခု ၃ ခု မက ရှိတတ်ပါတယ်။ ဒီမှာတော့ တစ်ခုပဲရှိတာ အဲဒီတစ်ခုက မပြတော့ ဒုက္ခရောက်ပြီပေါ့။ တစ်ကယ့် Rudder ကတော့ အလုပ်လုပ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ Indicator မမြင်ရပဲ မောင်းရင် အန္တရာယ်များတာမို့ သူကြီးက ဒါပြင်ပြီးမှ မောင်းနိုင်မယ်လို့ ပြောထားပါတယ်။ ဒီတော့ Super တွေက တွန်းတာပေါ့။
ဒါနဲ့ Drawing တွေပေးပါဆိုတော့ မရှိဘူး ပြောပါတယ်။ ရှိသမျှ စာအုပ်တွေ မွှေကြည့်တော့လည်း မတွေ့ပါဘူး။ အများအားဖြင့် တရုတ်လို ရေးထားတာတွေပါ။ ကြိုးစားပြီး google translator apps လေးနဲ့ ဖတ်ကြည့်ပြီး ရှာပေမဲ့ မတွေ့ပါဘူး။
ကြားဖြတ်ပြီး လျှာချောင်လိုက်ပါဦးမယ်။ ကျွန်တော်တို့ သင်္ဘော မျိုးစုံသွားရတော့ Manual စာအုပ်တွေ Panel တွေမှာ ဘာသာ အမျိုးမျိုးတွေ့ရပါတယ်။ ဒီတော့ Google Translator Apps လေးက အရမ်းအသုံးတဲ့ပါတယ်။ အဲဒီမှာ Live Translate ဆိုတဲ့ Camera ပုံလေး နှိပ်လိုက်ရင် on the fly ဘာသာပြန်ပြီးသား စာတွေ မြင်ရပါတယ်။ အတိအကျ မဟုတ်ပေမဲ့ အနီးစပ်ဆုံး သိရပါတယ်။ နမူနာ ပုံလေး ပြထားပါတယ်။ ဘာသာ တော်တော်များများကို ပြန်ပေးနိုင်ပါတယ်။ အလုပ်ထဲမှာ အင်္ဂလိပ်စာ မဟုတ်တဲ့ စာအုပ်တွေအတွက် အသုံးဝင်တဲ့ Tool လေးတစ်ခုပေါ့။
အလုပ်ကိစ္စ ဆက်ပြောပါမယ်။ ကျွန်တော်နဲ့ စက်-၂ Steering Gear Room ထဲဆင်းသွားပြီး ကြည့်ပါတယ်။ Walkie Talkie နဲ့ ဆက်သွယ်ပြီး Bridge ကို Steering ကစားခိုင်းပါတယ်။ Follow up mode မှာပဲ Port 10  ံ, 20  ံ, Stbd 10  ံ, 20  ံ ကစားကြည့်ပါတယ်။ Cylinder တွေ ရွေ့သွားပြီး Mechanical pointer (တစ်ကယ့် Rudder position) က ပေးတဲ့ command နဲ့အညီ မှန်မှန်ကန်ကန် လိုက် ပြောင်းပါတယ်။ ဒီတော့ ကောက်ချက်ချနိုင်တာတွေက Hydraulic စံနစ် ကောင်းပါတယ်။ Steering Wheel ရဲ့ Potentiometer (command)ရယ်၊ Follow up mode အတွက် Feedback Unit ရယ်၊ Control System တွေ ကောင်းတယ်လို့ ဆုံးဖြတ်နိုင်ပါတယ်။ ဒီတော့ Rudder Angle Indicator အပိုင်းပဲ ကျန်ပါတော့တယ်။ အဲဒါနဲ့ဆိုင်တာက ၂ ခုထဲရှိပါတယ်။ Feedback unit နဲ့ Indicator (display) unit ပါ။ ဒီလို Rudder Angle Indicator မှာ သုံးတာ တွေဖူးသလောက်က Potentiometer သုံးတာ၊ Synchro Motor သုံးတာ နဲ့ frequency feedback သုံးတဲ့ အမျိုးအစားတွေပါ။ ဒီမှာ ဘာသုံးထားလဲ သိရအောင် feedback unit  လေးကို ကြည့်တော့ ကြိုး ၅ ချောင်းဝင်ထားတာ တွေ့ရပါတယ်။ ဒါဆိုရင် Synchro Motor သုံးထားတာလို့ ယူဆနိုင်ပါတယ်။ သေချာအောင် တိုင်းကြည့်ရပါမယ်။ အစဆုံး volt တိုင်းကြည့်တော့ ကြိုး ၅ ချောင်း အကုန်လုံး volt မရှိပါဘူး။ AC ရော DC ပါ မရှိတာပါ။ ဒါနဲ့ Ohm တိုင်းကြည့်တော့ ၃ချောင်း က အချင်းချင်း 70 Ohm ဝန်းကျင်လောက် ရှိပြီး ကျန်တဲ့ ၂ ချောင်းက 100 Ohm လောက် ရှိပါတယ်။ ဒါဆို Synchro Motor feedback ဆိုတာ သေချာသွားပါပြီ။
ဒီနေရာမှာ Synchro Motor feedback အကြောင်း နည်းနည်း ရှင်းပြချင်ပါတယ်။ Synchro Motor ကို Selsyn ( Self Synchronous) လို့လည်း ခေါ်ပါတယ်။ အလွယ်ပြောရရင် Stator မှာ 3 phase ကြိုး ၃ ချောင်း ရှိပြီး Rotor မှာ Single phase ကြိုး ၂ ချောင်းပါတဲ့ motor လေးတွေကို အပြိုင်ဆက်ထားတဲ့သဘောပါ။ Rotor ကို single phase 110/220 AC power ပေးရပြီး Stator က power ပေးစရာမလိုပဲ အပြိုင်ဆက်ထားတာပါ။ အလုပ်လုပ်ပုံက Rotor ကို AC power (single phase) ပေးလိုက်တဲ့အခါ stator 3 phase မှာ induced voltage ဝင်ပါမယ်။ တစ်ကယ်လို့ Transmitter နဲ့ Receiver Motor ၂ ခုလုံးက rotor orientation (Angle) တူနေမယ်ဆိုရင် induced ဖြစ်နေတဲ့ 3 phase stator တွေက Current မစီးပဲ ငြိမ်နေပါမယ်။ တစ်ကယ်လို့ rotor ၂ ခု angle မတူလို့ ရှိရင် stator မှာ Current စီးသွားပြီး နောက်တစ်လုံးရဲ့ rotor ကို torque တစ်ခုနဲ့ လှည့်ပေးမှာပါ။ အဲဒီနည်းနဲ့  သူတို့ရဲ့ rotor ၂ လုံး orientation တူနေမှာပါ။ တစ်နည်းအားဖြင့် Synchronize ဖြစ်နေပါတယ်။ အဲဒီ အခြေခံကို သုံးထားတာပါ။ Feedback unit က transmitter(TX) ဖြစ်ပြီး indicator unit က receiver(RX) ဖြစ်ပါတယ်။ Receiver တစ်လုံးမက အပြိုင်ဆက်ပြီး သုံးနိုင်ပါတယ်။
အခု Rotor မှာ AC power မရှိဘူးဆိုတော့ အောက်က feedback unit ရွေ့နေပေမဲ့ အပေါ် Indicator က လိုက်မလည်တာ ဖြစ်နိုင်ပါတယ်။ Drawing မရှိတော့ ရှာရတာ နည်းနည်း ခက်ပါမယ်။ Bridge ရဲ့ power distribution panel တွေ လိုက်ကြည့်ရမှာပေါ့။
အပေါ်ရောက်လို့ လိုက်ရှာတော့ သူကြီးက ပြပေးပါတယ်။ ဒီ breaker (110V AC) က Rudder Indicator နဲ့ လေတိုက်နှုန်းပြ Anemometer ကို power ပေးတာလို့ ပြောပါတယ်။ Panel အဖုံးက list မှာလည်း ရေးထားပါတယ်။ Breaker ကလည်း On ထားပါတယ်။ အထွက်ကို တိုင်းကြည့်တော့ 110V AC ရှိတယ်။ ကြိုးလိုက်ကြည့်ပြီး terminal မှာ ၂ စုံထွက်သွားတာ တိုင်းတော့လည်း အထွက် ၂ စုံလုံး power ရှိပါတယ်။ ဒါဆို ဘာလို့ feedback unit မှာ power မရောက်တာလဲ။ Indicator ကို ဖွင့်ကြည့်တော့လည်း အဝင်ကြိုး ၅ ချောင်းရှိပါတယ်။ အဲဒီမှာလည်း power မရှိဘူး။ ဒီကြားထဲမှာ ဘယ်လို ဆက်ထားနိုင်သလဲ စဉ်းစားရပါပြီ။ ကြိုးရဲ့ Cable Tag တွေကိုလည်း သေချာ မမြင်ရပါဘူး။ သေချာတာက 5-core cable နဲ့ အထဲက ကြိုး ၅ ချောင်း အဖြူရောင်တွေဆိုတာပဲ တွေ့ရပါတယ်။ အောက် SG room ထဲပြန်ဆင်းပြီး အနားက Junction Box ကို ဖွင့်ကြည့်ပါတယ်။ ဒီမှာလည်း အဖြူရောင် ကြိုး ၅ ချောင်းနဲ့ 5-core cable ဝင်ထားတာ တွေ့ရပါတယ်။ ကျန်တဲ့ Follow up နဲ့ Control အတွက် wire တွေအများကြီးကိုတော့ ကြည့်စရာ မလိုတော့ပါဘူး။ အခု Indicator နဲ့ feedback unit မှာ 5-core တစ်ချောင်းစီပဲ ဝင်ထားတယ်။ Terminal တွေမှာ loop လုပ်ပြီး ၂ ချောင်း ဝင်ထားတာ မရှိဘူး။ ဒီတော့ Indicator ကလာတဲ့ 5-core က ဒီ feedback ကို တိုက်ရိုက် ဆက်တာ မဟုတ်နိုင်တော့ဘူး။ ဘာလို့လဲဆိုတော့ power ပေးမဲ့ Breaker က လာတဲ့ ကြိုး ၂ ချောင်း ဝင်ထားတာ ဘယ်ဘက်မှာမှ မရှိလို့ပေါ့။ဖြစ်နိုင်ချေတစ်ခုက Wheelhouse Console မှာ ဆုံတာ ဖြစ်နိုင်တယ်။ ဒါနဲ့ Wheel House(WH) console ရဲ့ Steering Wheel အောက်က အခန်းလေးထဲ ဒိုင်ဗင်ထိုးပြီး မွှေရပါတော့တယ်။ အားကိုးစရာ ဘာမှမရှိဆိုတော့ အဖြူရောင်ကြိုး ၅ ချောင်းနဲ့ 5-core Cable ဆိုတဲ့ သဲလွန်စလေး အခြေခံပြီး လိုက်ကြည့်ရပါတယ်။ Combing ထဲကထွက်လာတဲ့ Cable တွေအများကြီးထဲက 5-core တွေကို တစ်စစီ မွှေပြီး စုံစမ်းရေး ဝင်ရတာပေါ့။ ကံကောင်းလို့ သင်္ဘောကသေးပြီး System တွေ အရမ်းမများတာ။ ဒီတော့ နည်းနည်း သက်သာတာပေါ့။ အဲဒီမှာ သံသယဖြစ်စရာ ၂ ချောင်း တွေ့ပါတယ်။ Terminal မှာ သူတို့အချင်းချင်း အဝင်အထွက် ၅ ချောင်းစီ ဆက်ထားတာ တွေရပါတယ်။ ပိုပြီး ခိုင်လုံတဲ့ သက်သေခံက core 1 နဲ့ 2 နေရာမှာ 2-core Cable တစ်ချောင်းက လာဆက်ထားပါတယ်။ ဒီတော့ power တိုင်းတယ်။ မရှိဘူး။ Ohm တိုင်းတော့ 1-2 က 100 Ohm လောက်၊ 3-4, 4-5, 3-5 က 70 Ohm လောက် ဆိုတော့ တရားခံ တွေ့ပြီပေါ့။ ဝင်လာတဲ့ 2-core Cable ကို ဖြုတ် သေချာတိုင်းကြည့်တယ်။ power မရှိ။ Resistance မရှိ (Open Loop) ဖြစ်နေပါတယ်။ ဒါနဲ့ စောစောက သူ့အတွက် breaker ကို ပိတ်ပြီး ဒီ ၂ စနဲ့ continuity တိုင်းတော့လည်း ၂ ချောင်းလုံး မရပါဘူး။ ဘယ်နေရာမှာ ပြတ်နေတာလဲ။ ခဏထားလိုက်မယ်။ 
ကျန်တဲ့ System ကောင်းမကောင်း စမ်းကြည့်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီတော့ WH console အောက်က terminal မှာ အဝင် ၂ ချောင်းဖြုတ်ပြီး tape ပတ်ထားလိုက်ပါတယ်။ 110V AC source ကို ရှာပြီး ယာယီ ကြိုး ၂ စနဲ့ 1-2 နေရာမှာ ဆက်ပေးလိုက်ပါတယ်။ Power On ပြီး စမ်းကြည့်တော့ အလုပ်လုပ်ပါတယ်။ Steering လှည့်သလောက် indicator က မှန်မှန်ကန်ကန် ပြပါတယ်။ ဒီတော့ ပြဿနာက AC အဝင် ဘယ်နေရာမှာ ပြတ်နေလဲ။ ဘာ switch တွေခံထားသေးလဲ။ ဘယ် Junction Box (JB) တွေမှာ ဘယ်လိုဖြစ်နေတာလဲ။ သင်္ဘော လေးရဲ့ အထပ်တိုင်းကို မွှေနှောက်ပေမဲ့ မတွေ့ပါဘူး။ သင်္ဘောသားတွေကို မေးကြည့်တော့လည်း လောလောဆယ် သူတို့ ဘာမှ ထူးထူးခြားခြား မလုပ်ဘူး ပြောပါတယ်။ အချိန်တော်တော်ကြာလို့ မရတော့ သူကြီးနဲ့ တိုင်ပင်ရပါတယ်။ အဲဒီ power supply ကို တစ်နေရာရာကနေ ပေးတဲ့ နည်းပဲရှိတယ်လို့။ သူကြီးက အကြံပေးပါတယ်။ Original power က Anemometer နဲ့အတူတွဲပေးထားတယ်။ Rudder indicator ကလည်း Anemometer display ရဲ့ ဘေး ကပ်ရက် တပ်ထားတယ်။ ဒီတော့ Anemometer ကနေ Loop ယူပြီး ကြိုးတစ်ချောင်းနဲ့ ဆက်လို့ ရမလားတဲ့။ ကြည့်လိုက်တော့ သိပ်မဆိုးတာနဲ့ ကြိုးတစ်ချောင်း အတိုလေး ဆွဲပြီး ဆက်ပေးလိုက်တယ်။ သပ်သပ်ရပ်ရပ်ဖြစ်အောင် သူတို့ ဝိုင်းကူကြပါတယ်။ Console အောက်က အဝင်ကြိုးတော့ ဖြုတ်ပြီး Tape ပတ်ထားလိုက်တော့တာပေါ့။
ပြန်စမ်းကြည့်တော့ အားလုံး အဆင်ပြေပါတယ်။ Wiring ကို သူ့ မူရင်းကနေ နည်းနည်း modify လုပ်ရလို့ သိပ်တော့ ဘဝင်မကျဘူး။ Drawing မရှိ ဘာမရှိနဲ့ရယ်၊ သူကြီးကလည်း အလုပ်ဖြစ်ဖို့ အဓိကသဘော လက်ခံတာရယ်ဆိုတော့ ဒီလောက်နဲ့ပဲ ပြန်ခဲ့ရပါတယ်။

No comments:

Post a Comment