Friday 12 October 2018

Inert Gas System (3) - Blower Fan Trip


ျပႆနာက မခက္ပါဘူး။ သက္ဆိုင္တဲ့ ေနရာကို အာ႐ုံစိုက္ၿပီး အေျဖရွာဖို႔ပဲ လိုပါတယ္။ သူငယ္ခ်င္းတစ္ေယာက္က ေျပာဖူးတယ္။ သူ႔အသိ Marine Shore Technician လုပ္ေနတဲ့ ကုလား အဘိုးႀကီးတစ္ေယာက္က Boiler ေတြမွာ အရမ္းကၽြမ္းက်င္တယ္တဲ့။ ဒါေပမဲ့ ျပႆနာတစ္ခုခု အေျဖရွာရင္ စိတ္ရွည္ရွည္နဲ႔ Procedure အတိုင္း စစ္စရာေတြကို တစ္ခုၿပီးတစ္ခု အစဥ္လိုက္ စစ္သြားတယ္။ အခ်ိန္ေတာ့ ေပးရတယ္။ မေျဖရွင္းႏိုင္တာ မရွိသေလာက္ ရွားတယ္တဲ့။ ကၽြန္ေတာ့္ ပုဂၢလိက အေတြးမွာေတာ့ သေဘာ သိပ္မက်ပါဘူး။ စစ္စရာ ၁ ကေန ၁၀ အထိရွိတယ္ ဆိုပါစို႔။ ဘာပဲျဖစ္ျဖစ္ အစအဆုံး စစ္ေနရင္ အခ်ိန္ကုန္ပါတယ္။ ေသခ်ာေပါက္ မပတ္သတ္တဲ့ အပိုင္းေတြ ေက်ာ္လိုက္ၿပီး ျဖစ္ႏိုင္စရာ အေၾကာင္းနဲ႔ ပတ္သတ္ေနတဲ့ ေနရာကို ဦးစားေပး စစ္လိုက္ရင္ ျမန္ျမန္ အေျဖရမယ္လို႔ ထင္ပါတယ္။ အခုျပႆနာမွာလည္း ဒီသေဘာေလးပါ။ 

Tanker တစ္စီး Dock ထဲက မထြက္ခင္ IG System ရဲ႕ Blower 2 က trip ျဖစ္ ျဖစ္ေနလို႔ သြားစစ္ေပးခဲ့ရပါတယ္။ ဖား ဓာတ္ႀကိဳးနဲ႔ စက္ခ်ဳပ္ အျဖဴက ျပႆနာကို ေျပာျပပါတယ္။ ေနာက္ လက္ေတြ႕ စမ္းျပပါတယ္။

ECR ထဲက IGS Panel အဖုံးမွာ HMI Display Panel တစ္ခုရွိပါတယ္။ System က Wärtsilä ရဲ႕ Moss IGS Control ပါ။ အဲဒီ Panel ေပၚက Blower အ႐ုပ္ေလးေပၚမွာ လက္ေထာက္ၿပီး Start / Stop လုပ္လို႔ ရပါတယ္။ Blower 2 ကို စလိုက္ရင္ အစိမ္းေရာင္ မွိတ္တုတ္ မွိတ္တုတ္ ျဖစ္ေနၿပီး Pump ရဲ႕ Current က 130 ေလာက္ ထိုးတက္သြားပါတယ္။ ခဏအတြင္း ျပန္က်လာၿပီး 67A မွာ ၿငိမ္ေနပါတယ္။ ခဏအၾကာ Blower 2 Running Error ဆိုတဲ့ Alarm တက္လာပါတယ္။ HMI Panel မွာပဲ reset လုပ္ေပးရပါတယ္။ ဓာတ္ႀကိဳးေျပာျပခ်က္အရ Local Panel မွာ Breaker ေတြ overload ေတြ trip ျဖစ္တာ မရွိဘူး ေျပာပါတယ္။ Local Starter Panel ကေန run ေတာ့ ဘာ Alarm မွမတက္ပဲ run လို႔ ရတယ္ ေျပာပါတယ္။ ေနာက္တစ္ခါ Blower 1 ကို run ျပေတာ့ Blower ပုံေလးက ခ်က္ခ်င္း အစိမ္းေရာင္ ေျပာင္းၿပီးၿငိမ္သြားပါတယ္။ Current ကလည္း သိပ္မကြာပါဘူး။ 130A ေလာက္ ခဏတက္သြားၿပီး 60A ေက်ာ္ေက်ာ္ေလာက္မွာ ရွိပါတယ္။
ပထမ drawing ေတာင္းၿပီး ဖတ္ၾကည့္ပါတယ္။ ပိုၿပီးျမင္သာေအာင္ Local Starter Panel ကို သြားၾကည့္ပါတယ္။
ABB ရဲ႕ soft starter ကို သုံးထားတာ ေတြ႕ရပါတယ္။ အဲဒီမွ စၿပီး စဥ္းစားၾကည့္ပါတယ္။ ၿပီးေတာ့ မျဖစ္ႏိုင္တဲ့ ဟာေတြ မစစ္ေတာ့ပါဘူး။ Elimination Method ေပါ့။ အစဆုံး Local Starter Panel ကေန run တာ ဘာမွျပႆနာမရွိဘူး ဆိုတာရယ္၊ Current တန္ဖိုးေတြက Blower 1 နဲ႔ သိပ္မကြာဘူးဆိုတာရယ္ေၾကာင့္ Soft Starter ေတြ၊ Breaker ေတြ၊ Mechanical အပိုင္းေတြ ေကာင္းတယ္လို႔ ဆုံးျဖတ္လိုက္ၿပီး မၾကည့္ေတာ့ပါဘူး။ Remote နဲ႔ ေမာင္းေတာ့ ျဖစ္တယ္ဆိုတဲ့အတြက္ Remote နဲ႔ ပတ္သတ္တာေတြကို ေသခ်ာ စစ္ရပါေတာ့မယ္။ ဒီေတာ့ Local Starter နဲ႔ Main Control Panel (PLC) ၾကားမွာ ဘာ signal ေတြရွိလဲ စစ္ၾကည့္ပါတယ္။ Signal ၄ ခု ေတြ႕ပါတယ္။ PLC ကေနၾကည့္ရင္ Output signal တစ္ခု နဲ႔ Input signal ၃ ခုပါ။ Output က Remote Start/Stop signal ပါ။ ECR ကေန rum command ေပးလိုက္တဲ့အခ်ိန္ Motor တစ္ကယ္ run တဲ့အတြက္ ဒီ output signal အလုပ္လုပ္ေနတယ္လို႔ သိႏိုင္ပါတယ္။
Input signal ၃ ခုက Motor Winding Temperature ရယ္၊ Current ရယ္၊ Running Signal ရယ္ပါ။ အခုအေနအထားအရ Running signal PLC ဆီကို အခ်ိန္တစ္ခုအတြင္း ျပန္းမေရာက္လို႔ ျဖတ္ခ်တဲ့ သေဘာ ျဖစ္ေနပါတယ္။ ဒီေတာ့ သူက အဓိက prime suspect ျဖစ္ေနၿပီေပါ့။
Run Signal ကိုၾကည့္ေတာ့ Soft Starter (K1) ရဲ႕ Aux contact ကေန ယူထားတာ ေတြ႕ရပါတယ္။ X7 terminal ရဲ႕ 10 နဲ႔ 11 ကို ေထာက္တိုင္းထားၿပီး Remote Start လုပ္ခိုင္းလိုက္ပါတယ္။ Motor စ run တာနဲ႔ 10 နဲ႔ 11 close ျဖစ္သြားပါတယ္။ ဒါဆို Contact ေကာင္းတာေတာ့ ေသခ်ာၿပီ။ ဒီ terminal နဲ႔ PLC IO module အဝင္ ၾကားထဲကို ၾကည့္ရပါေတာ့မယ္။
Drawing အရ IO terminal အဝင္ကို တိုင္းၾကည့္ေတာ့ Close Signal မေရာက္လာပါဘူး။ ေသခ်ာၾကည့္ေတာ့ IO module အဝင္ screw ေခ်ာင္ၿပီး ႀကိဳးက မထိပဲျဖစ္ေနတာေတြ႕ရပါတယ္။ Screw ျပန္ၾကပ္ၿပီး ျပန္စမ္းေတာ့ ေကာင္းသြားပါၿပီ။
ဖား ဓာတ္ႀကိဳးေလး တစ္ပတ္ေလာက္ ေခါင္းစားခဲ့တဲ့ျပႆနာက နာရီဝက္အတြင္း ေျပလည္သြားေတာ့ သူတို႔လည္း နည္းနည္း ရင္ခံသြားပုံရပါတယ္။ ဓာတ္ႀကိဳးကေတာ့ သူ ႀကိဳးေတြ ေခ်ာင္မေခ်ာင္ လိုက္စစ္ေသးတယ္လို႔ေတာ့ စက္ခ်ဳပ္ကို သက္ေသလုပ္ၿပီး ေျပာပါတယ္။ ဒီေတာ့ ထပ္ျဖစ္ရင္ IO module ရဲ႕ screw ေတြ မေကာင္းတာလည္း ျဖစ္ႏိုင္တဲ့အေၾကာင္း၊ လိုအပ္လာရင္ module လဲလိုက္ဖို႔ အၾကံေပးခဲ့ပါတယ္။

[Unicode]

ပြဿနာက မခက်ပါဘူး။ သက်ဆိုင်တဲ့ နေရာကို အာရုံစိုက်ပြီး အဖြေရှာဖို့ပဲ လိုပါတယ်။ သူငယ်ချင်းတစ်ယောက်က ပြောဖူးတယ်။ သူ့အသိ Marine Shore Technician လုပ်နေတဲ့ ကုလား အဘိုးကြီးတစ်ယောက်က Boiler တွေမှာ အရမ်းကျွမ်းကျင်တယ်တဲ့။ ဒါပေမဲ့ ပြဿနာတစ်ခုခု အဖြေရှာရင် စိတ်ရှည်ရှည်နဲ့ Procedure အတိုင်း စစ်စရာတွေကို တစ်ခုပြီးတစ်ခု အစဉ်လိုက် စစ်သွားတယ်။ အချိန်တော့ ပေးရတယ်။ မဖြေရှင်းနိုင်တာ မရှိသလောက် ရှားတယ်တဲ့။ ကျွန်တော့် ပုဂ္ဂလိက အတွေးမှာတော့ သဘော သိပ်မကျပါဘူး။ စစ်စရာ ၁ ကနေ ၁၀ အထိရှိတယ် ဆိုပါစို့။ ဘာပဲဖြစ်ဖြစ် အစအဆုံး စစ်နေရင် အချိန်ကုန်ပါတယ်။ သေချာပေါက် မပတ်သတ်တဲ့ အပိုင်းတွေ ကျော်လိုက်ပြီး ဖြစ်နိုင်စရာ အကြောင်းနဲ့ ပတ်သတ်နေတဲ့ နေရာကို ဦးစားပေး စစ်လိုက်ရင် မြန်မြန် အဖြေရမယ်လို့ ထင်ပါတယ်။ အခုပြဿနာမှာလည်း ဒီသဘောလေးပါ။ 

Tanker တစ်စီး Dock ထဲက မထွက်ခင် IG System ရဲ့ Blower 2 က trip ဖြစ် ဖြစ်နေလို့ သွားစစ်ပေးခဲ့ရပါတယ်။ ဖား ဓာတ်ကြိုးနဲ့ စက်ချုပ် အဖြူက ပြဿနာကို ပြောပြပါတယ်။ နောက် လက်တွေ့ စမ်းပြပါတယ်။
ECR ထဲက IGS Panel အဖုံးမှာ HMI Display Panel တစ်ခုရှိပါတယ်။ System က Wärtsilä ရဲ့ Moss IGS Control ပါ။ အဲဒီ Panel ပေါ်က Blower အရုပ်လေးပေါ်မှာ လက်ထောက်ပြီး Start / Stop လုပ်လို့ ရပါတယ်။ Blower 2 ကို စလိုက်ရင် အစိမ်းရောင် မှိတ်တုတ် မှိတ်တုတ် ဖြစ်နေပြီး Pump ရဲ့ Current က 130 လောက် ထိုးတက်သွားပါတယ်။ ခဏအတွင်း ပြန်ကျလာပြီး 67A မှာ ငြိမ်နေပါတယ်။ ခဏအကြာ Blower 2 Running Error ဆိုတဲ့ Alarm တက်လာပါတယ်။ HMI Panel မှာပဲ reset လုပ်ပေးရပါတယ်။ ဓာတ်ကြိုးပြောပြချက်အရ Local Panel မှာ Breaker တွေ overload တွေ trip ဖြစ်တာ မရှိဘူး ပြောပါတယ်။ Local Starter Panel ကနေ run တော့ ဘာ Alarm မှမတက်ပဲ run လို့ ရတယ် ပြောပါတယ်။ နောက်တစ်ခါ Blower 1 ကို run ပြတော့ Blower ပုံလေးက ချက်ချင်း အစိမ်းရောင် ပြောင်းပြီးငြိမ်သွားပါတယ်။ Current ကလည်း သိပ်မကွာပါဘူး။ 130A လောက် ခဏတက်သွားပြီး 60A ကျော်ကျော်လောက်မှာ ရှိပါတယ်။
ပထမ drawing တောင်းပြီး ဖတ်ကြည့်ပါတယ်။ ပိုပြီးမြင်သာအောင် Local Starter Panel ကို သွားကြည့်ပါတယ်။
ABB ရဲ့ soft starter ကို သုံးထားတာ တွေ့ရပါတယ်။ အဲဒီမှ စပြီး စဉ်းစားကြည့်ပါတယ်။ ပြီးတော့ မဖြစ်နိုင်တဲ့ ဟာတွေ မစစ်တော့ပါဘူး။ Elimination Method ပေါ့။ အစဆုံး Local Starter Panel ကနေ run တာ ဘာမှပြဿနာမရှိဘူး ဆိုတာရယ်၊ Current တန်ဖိုးတွေက Blower 1 နဲ့ သိပ်မကွာဘူးဆိုတာရယ်ကြောင့် Soft Starter တွေ၊ Breaker တွေ၊ Mechanical အပိုင်းတွေ ကောင်းတယ်လို့ ဆုံးဖြတ်လိုက်ပြီး မကြည့်တော့ပါဘူး။ Remote နဲ့ မောင်းတော့ ဖြစ်တယ်ဆိုတဲ့အတွက် Remote နဲ့ ပတ်သတ်တာတွေကို သေချာ စစ်ရပါတော့မယ်။ ဒီတော့ Local Starter နဲ့ Main Control Panel (PLC) ကြားမှာ ဘာ signal တွေရှိလဲ စစ်ကြည့်ပါတယ်။ Signal ၄ ခု တွေ့ပါတယ်။ PLC ကနေကြည့်ရင် Output signal တစ်ခု နဲ့ Input signal ၃ ခုပါ။ Output က Remote Start/Stop signal ပါ။ ECR ကနေ rum command ပေးလိုက်တဲ့အချိန် Motor တစ်ကယ် run တဲ့အတွက် ဒီ output signal အလုပ်လုပ်နေတယ်လို့ သိနိုင်ပါတယ်။ 
Input signal ၃ ခုက Motor Winding Temperature ရယ်၊ Current ရယ်၊ Running Signal ရယ်ပါ။ အခုအနေအထားအရ Running signal PLC ဆီကို အချိန်တစ်ခုအတွင်း ပြန်းမရောက်လို့ ဖြတ်ချတဲ့ သဘော ဖြစ်နေပါတယ်။ ဒီတော့ သူက အဓိက prime suspect ဖြစ်နေပြီပေါ့။
Run Signal ကိုကြည့်တော့ Soft Starter (K1) ရဲ့ Aux contact ကနေ ယူထားတာ တွေ့ရပါတယ်။ X7 terminal ရဲ့ 10 နဲ့ 11 ကို ထောက်တိုင်းထားပြီး Remote Start လုပ်ခိုင်းလိုက်ပါတယ်။ Motor စ run တာနဲ့ 10 နဲ့ 11 close ဖြစ်သွားပါတယ်။ ဒါဆို Contact ကောင်းတာတော့ သေချာပြီ။ ဒီ terminal နဲ့ PLC IO module အဝင် ကြားထဲကို ကြည့်ရပါတော့မယ်။ Drawing အရ IO terminal အဝင်ကို တိုင်းကြည့်တော့ Close Signal မရောက်လာပါဘူး။ သေချာကြည့်တော့ IO module အဝင် screw ချောင်ပြီး ကြိုးက မထိပဲဖြစ်နေတာတွေ့ရပါတယ်။ screw ပြန်ကြပ်ပြီး ပြန်စမ်းတော့ ကောင်းသွားပါပြီ။
ဖား ဓာတ်ကြိုးလေး တစ်ပတ်လောက် ခေါင်းစားခဲ့တဲ့ပြဿနာက နာရီဝက်အတွင်း ပြေလည်သွားတော့ သူတို့လည်း နည်းနည်း ရင်ခံသွားပုံရပါတယ်။ ဓာတ်ကြိုးကတော့ သူ ကြိုးတွေ ချောင်မချောင် လိုက်စစ်သေးတယ်လို့တော့ စက်ချုပ်ကို သက်သေလုပ်ပြီး ပြောပါတယ်။ ဒီတော့ ထပ်ဖြစ်ရင် IO module ရဲ့ screw တွေ မကောင်းတာလည်း ဖြစ်နိုင်တဲ့အကြောင်း၊ လိုအပ်လာရင် module လဲလိုက်ဖို့ အကြံပေးခဲ့ပါတယ်။


No comments:

Post a Comment