Monday 2 July 2018

Generator (15) - Shaft Generator Health Check

သေဘၤာက်င္းမွာ Dock ဝင္ေနတဲ့ LPG သေဘၤာ တစ္စီးမွာ Shaft Generator ကို Health Check လုပ္ေပးပါဆိုလို႔ တက္စစ္ခဲ့ရပါတယ္။ စစ္႐ုံဘဲဆိုေတာ့ Fault finding လုပ္တာေလာက္ သိပ္စိတ္ဝင္စားစရာ မပါဘူးေပါ့ေနာ္။ ဒါေပမဲ့ ဒီလို အမ်ဳိးအစား Shaft Generator ေတြရဲ႕ ဖြဲ႕စည္းပုံ အေျခခံ သေဘာေလးေတြ ေျပာျပခ်င္လို႔ ေရးလိုက္ပါတယ္။
 
သေဘၤာက အိျႏၵိယလူမ်ဳိးေတြမ်ားပါတယ္။ ပထမရက္မွာေတာ့ ေနရာေတြ လိုက္ၾကည့္ၿပီး Shaft Generator (SG) အဖုံးဖြင့္ဖို႔ ျမင့္လြန္းေနေတာ့ သေဘၤာက်င္း ျဖစ္တဲ့အတြက္ Safety လိုအပ္ခ်က္ေတြအတိုင္း ျငမ္းဆင္ဖို႔မွာခဲ့ရပါတယ္။ လိုအပ္တဲ့ စာရြက္စာတမ္းေတြ လုပ္ရတာေပါ့။ 
ေနာက္ေန႔ အားလုံး အဆင္သင့္ျဖစ္ေတာ့မွ အလုပ္စပါတယ္။ အဖုံးေတြ ဖြင့္ၿပီး ဘယ္ေနရာမွာ ဘာေတြ ရွိတယ္ဆိုတာ လိုက္ရွာရပါတယ္။ စက္ရဲ႕ maker က AEG ပါ။ အခုေတာ့ မရွိေတာ့ဘူးထင္ပါတယ္။ SAM Electronic က ဝယ္လိုက္ၿပီး၊ Wartsila က SAM ကို ျပန္ဝယ္လိုက္တယ္ ထင္ပါတယ္။ 
 
ၾကားျဖတ္ၿပီး SG ေတြအေၾကာင္း နည္းနည္းေျပာျပပါမယ္။ SG ဆိုတာ Main Engine လည္တဲ့ အားကို လွ်ပ္စစ္ျပန္ထုတ္ထားေတာ့ စီးပြားေရးအရ အကုန္အက်သက္သာပါတယ္။ SG တည္ေဆာက္ပုံေပၚမူတည္ၿပီး 
1) Gear Constant Ratio (GCR)
2) RENK Constant Frequency ( RCF)
3) Constant Frequency Electrical (CFE)
လို႔ ခြဲျခားႏိုင္ပါတယ္။ 
 
1) GCR ကေတာ့ Engine Rpm ပုံေသတစ္ခုမွာ ေရာက္ေအာင္ ေမာင္းၿပီးမွ SG ကို စသုံးပါတယ္။ သေဘၤာ အေႏွး အျမန္ကို Controllable Pitch Propeller (CPP) နဲ႔ သုံးၿပီး ထိန္းခ်ဳပ္ပါတယ္။ 
2) RCF က Main Engine Rpm မတူေပမဲ့ SG အတြက္ Constant Rpm ရဖို႔ Gear နဲ႔ အလိုအေလ်ာက္ ေျပာင္းေပးပါတယ္။ Renk ဆိုတဲ့ maker ကဘဲ ထုတ္ေပးတာမို႔ သူ႔နံမည္ ထည့္ေခၚတယ္လို႔ ဆိုပါတယ္။
 
3) CFE ကေတာ့ Constant Rpm ရေအာင္ မလုပ္ေတာ့ပဲ Electrical နည္းနဲ႔ Constant Frequency ရေအာင္လုပ္ေပးပါတယ္။ ဘယ္လိုလုပ္တာလဲဆိုေတာ့ SG ကထြက္လာတဲ့ AC ကို rectifier ( diodes) ေတြသုံးၿပီး DC ေျပာင္းလိုက္ပါတယ္။ ၿပီးမွ Frequency Converter (Inverter) သုံးၿပီး AC ျပန္ေျပာင္းယူပါတယ္။ ဒီေတာ့ Engine Rpm ေျပာင္းလဲတာက Frequency Output ကို မသက္ေရာက္ပဲ Constant Frequency output ကိုရေစပါတယ္။
 ဒီ အမ်ိဳးအစားမွာ Converter တည္ေဆာက္တဲ့ နည္းေပၚမူတည္ၿပီး ႏွစ္မ်ဳိးထပ္ခြဲပါတယ္။

 3.1) ပထမ တစ္မ်ဳိးကေတာ့ Thyristor Converter ျဖစ္ပါတယ္။ ဒီအမ်ဳိးမွာ DC ကေန ေျပာင္းယူခဲ့တာ ျဖစ္တဲ့အတြက္ Reactive Power ထုတ္မေပးႏိုင္ပါဘူး။ အဲဒါကို ျပန္ျဖည့္စြက္ေပးဖို႔ Synchronous Condenser (သို႔) Synchronous Compensator(SC) ထည့္ေပးရပါတယ္။ 
 3.2) ေနာက္တစ္မ်ဳိးကေတာ့ Pulse Width Modulation (PWM) သုံးထားပါတယ္။ ပိုေကာင္းတဲ့နည္းပညာေၾကာင့္ Active Power ေရာ Reactive Power ကိုပါ ထုတ္ေပးႏိုင္တဲ့ အတြက္ SC သုံးစရာ မလိုေတာ့ပါဘူး။
 
အခု ကၽြန္ေတာ္တို႔ စစ္ရမယ့္ SG က (3.1) အမ်ဳိးအစားပါ။ ဒီေတာ့ တစ္ခုစီ စစ္ေဆးၾကတာေပါ့။ ပထမဆုံး SG မွာ ပါတဲ့ အစိတ္အပိုင္းေတြကို သိေအာင္ ေျပာျပပါမယ္။ အဓိက အစိတ္အပိုင္း ၃ ခု ကေတာ့ SG, Converter Panel နဲ႔ SC ပါပဲ။
 
SG ကို အယင္ဆုံး စစ္ေဆးၾကပါတယ္။ ဒီ SG က ME ရဲ႕ Propeller Shaft နဲ႔ တစ္ဆက္ထဲ ေဆာက္ထားပါတယ္။ ဒီေတာ့ ME လည္သမွ် လိုက္လည္ေနမွာပါ။ သူ႔အတြက္ သီးျခား Clutch မရွိပါဘူး။ Voltage ထြက္၊ မထြက္ကေတာ့ Excitation (field) current ေပး၊ မေပး ေပၚမူတည္ပါတယ္။ ဒီလို စက္မ်ဳိးေတြမွာ Engine speed 30% ထက္ နည္းရင္ output မထုတ္ပါဘူး။ 30 - 70 % ၾကားမွာ full capacity ရဲ႕ ရာခိုင္နႈံး အခ်ဳိးက် ထုတ္ေပးပါတယ္။ 70% ေက်ာ္ရင္ေတာ့ full capacity ထုတ္ေပးႏိုင္ပါတယ္။ ေနာက္တစ္ခုက ဒီလို SG မွာ Exciter Generator မရွိပါဘူး။ Main Stator နဲ႔ Main Rotor တစ္စုံပဲ ရွိပါတယ္။ ဒီေတာ့ Main Rotor ကို Excitation ေပးဖို႔ slip ring နဲ႔ carbon brush ႏွစ္စုံ ရွိပါတယ္။ (+) တစ္စုံ (-) တစ္စုံေပါ့။ ဒီေတာ့ အစဆုံး အဲဒီအပိုင္းကို အရင္စစ္ပါတယ္။
 ေနရာက ကပ္သီးကပ္သတ္ ၾကပ္ၾကပ္တည္းတည္း ဝင္ရပါတယ္။ ME နဲ႔ SG ၾကားထဲမွာပါ။ ကိုယ္က ခပ္ပိန္ပိန္မို႔ ေတာ္ေသးရဲ႕။ ၾကားထဲဝင္ၿပီး အကာေလးကို ဖြင့္ၾကည့္ေတာ့ carbon brush ကို ျမင္ရပါတယ္။ တစ္ခုစီ ျဖဳတ္ၿပီး တိုင္းၾကည့္ပါတယ္။ အေနေတာ္ပါဘဲ။ သိပ္မစားေသးေတာ့ လဲဖို႔ မလိုေသးပါဘူး။ Visual inspection အရေတာ့ Slip ring က အစင္းေတြ ျဖစ္ေနပါၿပီ။ ေနာက္ၿပီး ကာဗြန္မႈန္႔ေတြ Shaft တစ္ဝိုက္မွာ ေတာ္ေတာ္မ်ားပါတယ္။ သန္႔ရွင္းေရးလုပ္သင့္ပါတယ္။ SG ေဘးက terminal box ကို ဖြင့္ၿပီး F+, F- ႀကိဳးႏွစ္စကို Micro Ohm meter နဲ႔ သုံးၿပီး Winding resistance တိုင္းၿပီး မွတ္ထားပါတယ္။ အဲဒီ ႏွစ္စက ေစာေစာက carbon brush ကိုျဖတ္ၿပီး Main Rotor ကို သြားမွာပါ။ ေနာက္ၿပီး Insulation Resistance (Megger) တိုင္းၾကည့္ပါတယ္။ အဲဒီမွာ Result က ေတာ္ေတာ္ နည္းေနပါတယ္။ 0.38 MOhm ေလာက္ပဲ ရွိပါတယ္။ ေသခ်ာေအာင္ Carbon Brush ေတြ လွန္ထားၿပီး slip ring ကေန႐ိုက္ေတာ့လည္း အတူတူပါပဲ။ ဓာတ္မီးနဲ႔ထိုးၿပီး ေသခ်ာၾကည့္ေတာ့ slip ring ကို ေထာက္ထားတဲ့ rubber support ေတြၾကားထဲမွာ ကာဗြန္မႈန္ေတြ၊ ဖုံေတြနဲ႔ ေတာ္ေတာ္ ညစ္ပတ္ေနပါတယ္။ ေတြ႕တဲ့အတိုင္း report မွာ ေရးေပးလိုက္မယ္ေလ။
 ေနာက္ SG အေပၚဖုံးကို ဖြင့္ၾကည့္ပါတယ္။ Stator winding အထြက္မွာ Diode ေတြခံၿပီး +, - bus ႏွစ္ခုမွာ ဆက္ထားပါတယ္။ Diode အလုံး ၂၀ ေက်ာ္ေလာက္ရွိပါတယ္။ Diode ေတြကို ေကာင္း၊ မေကာင္း စစ္ပါတယ္။ 

Diode အဝင္ Main Stator winding resistance နဲ႔ Insulation Resistance တိုင္းပါတယ္။ ေနာက္ Space Heater နဲ႔ Winding Temperature Sensor ေတြကို resistance တိုင္းပါတယ္။ ဒါဆိုေတာ့ SG အပိုင္းက ကုန္သြားပါၿပီ။
 
ေနာက္တစ္ခုက Converter Control Panel ပါ။ ဒီအပိုင္းကို စစ္ဖို႔ job scope ထဲမွာ မပါလို႔ မစစ္ေတာ့ပါဘူး။ တစ္ကယ္လို႔ စစ္မယ္ဆိုရင္ေတာ့ SG မေမာင္းပဲ၊ 440V 3 phase power input တစ္ခုေပးၿပီး Simulation Test လုပ္ၾကည့္လို႔ ရပါတယ္။ ဒါဆိုရင္ Output Voltage/ Frequency မွန္မွန္ကန္ကန္ ထြက္၊ မထြက္ စစ္ၾကည့္ႏိုင္ပါတယ္။
 
ေနာက္ဆုံး စစ္ဖို႔ က်န္တာေတာ့ SC ပါ။ SC ဆိုတာေတာ့ ေထြေထြထူးထူး မဟုတ္ပါဘူး။ Brushless Generator တစ္ခုပါပဲ။ သူ႔ Prime mover က Engine မဟုတ္ပဲ Pony Motor လို႔ေခၚတဲ့ 3 phase motor တစ္လုံးနဲ႔ လွည့္ၿပီး Reactive Power ထုတ္ေပးတာပါ။ AVR ကေန over (သို႔) under excitation ေပးျခင္းအားျဖင့္ leading / lagging reactive power ကို လိုအပ္သလို ထုတ္ေပးပါတယ္။ 
သု႔ရဲ႕ Name Plate (ပုံမွာၾကည့္ပါ) မွာ Cos (phi) တန္ဖိုးက 0 ျဖစ္ေနတာ ေတြ႕ရပါလိမ့္မယ္။ ဆိုလိုတာက Active power (kW) မထုတ္ေပးပဲ Reactive Power (kVAR) ပဲ ထုတ္ေပးတာဆိုေတာ့ 

p.f = kW / kVA = 0 / kVA = 0

ဆိုတဲ့ အဓိပၸာယ္ပါ။

အခု စစ္မယ္ဆိုေတာ့ AVR sensing ႀကိဳးနဲ႔ field excitation ႀကိဳးေတြ ျဖဳတ္လိုက္ပါတယ္။ Main Stator, Exciter Stator ေတြရဲ႕ Winding Resistance နဲ႔ Insulation Resistance ေတြတိုင္းပါတယ္။ ေနာက္ Rotating Diode အဝင္ ႀကိဳးေတြျဖဳတ္ၿပီး Main Rotor နဲ႔ Exciter Rotor ေတြကို တိုင္းပါတယ္။ Diode ေတြကို စစ္ပါတယ္။ Winding Temperature Sensor ေတြတိုင္းပါတယ္။ ေနာက္ဆုံး Pony Motor ရဲ႕ IR ကိုလည္း တိုင္းခဲ့ပါတယ္။
ရလဒ္ေတြကို Report မွာ ျပည့္စုံေအာင္ေရးၿပီး SG Main Rotor ရဲ႕ IR low ျဖစ္ေနတာကို follow up လုပ္ဖို႔ မွာခဲ့ပါတယ္။
 
[Unicode]
 
သင်္ဘောကျင်းမှာ Dock ဝင်နေတဲ့ LPG သင်္ဘော တစ်စီးမှာ Shaft Generator ကို Health Check လုပ်ပေးပါဆိုလို့ တက်စစ်ခဲ့ရပါတယ်။ စစ်ရုံဘဲဆိုတော့ Fault finding လုပ်တာလောက် သိပ်စိတ်ဝင်စားစရာ မပါဘူးပေါ့နော်။ ဒါပေမဲ့ ဒီလို အမျိုးအစား Shaft Generator တွေရဲ့ ဖွဲ့စည်းပုံ အခြေခံ သဘောလေးတွေ ပြောပြချင်လို့ ရေးလိုက်ပါတယ်။

သင်္ဘောက အိန္ဒြိယလူမျိုးတွေများပါတယ်။ ပထမရက်မှာတော့ နေရာတွေ လိုက်ကြည့်ပြီး Shaft Generator (SG) အဖုံးဖွင့်ဖို့ မြင့်လွန်းနေတော့ သင်္ဘောကျင်း ဖြစ်တဲ့အတွက် Safety လိုအပ်ချက်တွေအတိုင်း ငြမ်းဆင်ဖို့မှာခဲ့ရပါတယ်။ လိုအပ်တဲ့ စာရွက်စာတမ်းတွေ လုပ်ရတာပေါ့။
နောက်နေ့ အားလုံး အဆင်သင့်ဖြစ်တော့မှ အလုပ်စပါတယ်။ အဖုံးတွေ ဖွင့်ပြီး ဘယ်နေရာမှာ ဘာတွေ ရှိတယ်ဆိုတာ လိုက်ရှာရပါတယ်။ စက်ရဲ့ maker က AEG ပါ။ အခုတော့ မရှိတော့ဘူးထင်ပါတယ်။ SAM Electronic က ဝယ်လိုက်ပြီး၊ Wartsila က SAM ကို ပြန်ဝယ်လိုက်တယ် ထင်ပါတယ်။

ကြားဖြတ်ပြီး SG တွေအကြောင်း နည်းနည်းပြောပြပါမယ်။ SG ဆိုတာ Main Engine လည်တဲ့ အားကို လျှပ်စစ်ပြန်ထုတ်ထားတော့ စီးပွားရေးအရ အကုန်အကျသက်သာပါတယ်။ SG တည်ဆောက်ပုံပေါ်မူတည်ပြီး
1) Gear Constant Ratio (GCR)
2) RENK Constant Frequency ( RCF)
3) Constant Frequency Electrical (CFE)
လို့ ခွဲခြားနိုင်ပါတယ်။

1) GCR ကတော့ Engine Rpm ပုံသေတစ်ခုမှာ ရောက်အောင် မောင်းပြီးမှ SG ကို စသုံးပါတယ်။ သင်္ဘော အနှေး အမြန်ကို Controllable Pitch Propeller (CPP) နဲ့ သုံးပြီး ထိန်းချုပ်ပါတယ်။
2) RCF က Main Engine Rpm မတူပေမဲ့ SG အတွက် Constant Rpm ရဖို့ Gear နဲ့ အလိုအလျောက် ပြောင်းပေးပါတယ်။ Renk ဆိုတဲ့ maker ကဘဲ ထုတ်ပေးတာမို့ သူ့နံမည် ထည့်ခေါ်တယ်လို့ ဆိုပါတယ်။
3) CFE ကတော့ Constant Rpm ရအောင် မလုပ်တော့ပဲ Electrical နည်းနဲ့ Constant Frequency ရအောင်လုပ်ပေးပါတယ်။ ဘယ်လိုလုပ်တာလဲဆိုတော့ SG ကထွက်လာတဲ့ AC ကို rectifier ( diodes) တွေသုံးပြီး DC ပြောင်းလိုက်ပါတယ်။ ပြီးမှ Frequency Converter (Inverter) သုံးပြီး AC ပြန်ပြောင်းယူပါတယ်။ ဒီတော့ Engine Rpm ပြောင်းလဲတာက Frequency Output ကို မသက်ရောက်ပဲ Constant Frequency output ကိုရစေပါတယ်။
 ဒီ အမျိုးအစားမှာ Converter တည်ဆောက်တဲ့ နည်းပေါ်မူတည်ပြီး နှစ်မျိုးထပ်ခွဲပါတယ်။

 3.1) ပထမ တစ်မျိုးကတော့ Thyristor Converter ဖြစ်ပါတယ်။ ဒီအမျိုးမှာ DC ကနေ ပြောင်းယူခဲ့တာ ဖြစ်တဲ့အတွက် Reactive Power ထုတ်မပေးနိုင်ပါဘူး။ အဲဒါကို ပြန်ဖြည့်စွက်ပေးဖို့ Synchronous Condenser (သို့) Synchronous Compensator(SC) ထည့်ပေးရပါတယ်။
 3.2) နောက်တစ်မျိုးကတော့ Pulse Width Modulation (PWM) သုံးထားပါတယ်။ ပိုကောင်းတဲ့နည်းပညာကြောင့် Active Power ရော Reactive Power ကိုပါ ထုတ်ပေးနိုင်တဲ့ အတွက် SC သုံးစရာ မလိုတော့ပါဘူး။

အခု ကျွန်တော်တို့ စစ်ရမယ့် SG က (3.1) အမျိုးအစားပါ။ ဒီတော့ တစ်ခုစီ စစ်ဆေးကြတာပေါ့။ ပထမဆုံး SG မှာ ပါတဲ့ အစိတ်အပိုင်းတွေကို သိအောင် ပြောပြပါမယ်။ အဓိက အစိတ်အပိုင်း ၃ ခု ကတော့ SG, Converter Panel နဲ့ SC ပါပဲ။
SG ကို အယင်ဆုံး စစ်ဆေးကြပါတယ်။ ဒီ SG က ME ရဲ့ Propeller Shaft နဲ့ တစ်ဆက်ထဲ ဆောက်ထားပါတယ်။ ဒီတော့ ME လည်သမျှ လိုက်လည်နေမှာပါ။ သူ့အတွက် သီးခြား Clutch မရှိပါဘူး။ Voltage ထွက်၊ မထွက်ကတော့ Excitation (field) current ပေး၊ မပေး ပေါ်မူတည်ပါတယ်။ ဒီလို စက်မျိုးတွေမှာ Engine speed 30% ထက် နည်းရင် output မထုတ်ပါဘူး။ 30 - 70 % ကြားမှာ full capacity ရဲ့ ရာခိုင်နှုံး အချိုးကျ ထုတ်ပေးပါတယ်။ 70% ကျော်ရင်တော့ full capacity ထုတ်ပေးနိုင်ပါတယ်။ နောက်တစ်ခုက ဒီလို SG မှာ Exciter Generator မရှိပါဘူး။ Main Stator နဲ့ Main Rotor တစ်စုံပဲ ရှိပါတယ်။ ဒီတော့ Main Rotor ကို Excitation ပေးဖို့ slip ring နဲ့ carbon brush နှစ်စုံ ရှိပါတယ်။ (+) တစ်စုံ (-) တစ်စုံပေါ့။ ဒီတော့ အစဆုံး အဲဒီအပိုင်းကို အရင်စစ်ပါတယ်။ နေရာက ကပ်သီးကပ်သတ် ကြပ်ကြပ်တည်းတည်း ဝင်ရပါတယ်။ ME နဲ့ SG ကြားထဲမှာပါ။ ကိုယ်က ခပ်ပိန်ပိန်မို့ တော်သေးရဲ့။ ကြားထဲဝင်ပြီး အကာလေးကို ဖွင့်ကြည့်တော့ carbon brush ကို မြင်ရပါတယ်။ တစ်ခုစီ ဖြုတ်ပြီး တိုင်းကြည့်ပါတယ်။ အနေတော်ပါဘဲ။ သိပ်မစားသေးတော့ လဲဖို့ မလိုသေးပါဘူး။ Visual inspection အရတော့ Slip ring က အစင်းတွေ ဖြစ်နေပါပြီ။ နောက်ပြီး ကာဗွန်မှုန့်တွေ Shaft တစ်ဝိုက်မှာ တော်တော်များပါတယ်။ သန့်ရှင်းရေးလုပ်သင့်ပါတယ်။ SG ဘေးက terminal box ကို ဖွင့်ပြီး F+, F- ကြိုးနှစ်စကို Micro Ohm meter နဲ့ သုံးပြီး Winding resistance တိုင်းပြီး မှတ်ထားပါတယ်။ အဲဒီ နှစ်စက စောစောက carbon brush ကိုဖြတ်ပြီး Main Rotor ကို သွားမှာပါ။ နောက်ပြီး Insulation Resistance (Megger) တိုင်းကြည့်ပါတယ်။ အဲဒီမှာ Result က တော်တော် နည်းနေပါတယ်။ 0.38 MOhm လောက်ပဲ ရှိပါတယ်။ သေချာအောင် Carbon Brush တွေ လှန်ထားပြီး slip ring ကနေရိုက်တော့လည်း အတူတူပါပဲ။ ဓာတ်မီးနဲ့ထိုးပြီး သေချာကြည့်တော့ slip ring ကို ထောက်ထားတဲ့ rubber support တွေကြားထဲမှာ ကာဗွန်မှုန်တွေ၊ ဖုံတွေနဲ့ တော်တော် ညစ်ပတ်နေပါတယ်။ တွေ့တဲ့အတိုင်း report မှာ ရေးပေးလိုက်မယ်လေ။ နောက် SG အပေါ်ဖုံးကို ဖွင့်ကြည့်ပါတယ်။ Stator winding အထွက်မှာ Diode တွေခံပြီး +, - bus နှစ်ခုမှာ ဆက်ထားပါတယ်။ Diode အလုံး ၂၀ ကျော်လောက်ရှိပါတယ်။ Diode တွေကို ကောင်း၊ မကောင်း စစ်ပါတယ်။ Diode အဝင် Main Stator winding resistance နဲ့ Insulation Resistance တိုင်းပါတယ်။ နောက် Space Heater နဲ့ Winding Temperature Sensor တွေကို resistance တိုင်းပါတယ်။ ဒါဆိုတော့ SG အပိုင်းက ကုန်သွားပါပြီ။

နောက်တစ်ခုက Converter Control Panel ပါ။ ဒီအပိုင်းကို စစ်ဖို့ job scope ထဲမှာ မပါလို့ မစစ်တော့ပါဘူး။ တစ်ကယ်လို့ စစ်မယ်ဆိုရင်တော့ SG မမောင်းပဲ၊ 440V 3 phase power input တစ်ခုပေးပြီး Simulation Test လုပ်ကြည့်လို့ ရပါတယ်။ ဒါဆိုရင် Output Voltage/ Frequency မှန်မှန်ကန်ကန် ထွက်၊ မထွက် စစ်ကြည့်နိုင်ပါတယ်။

နောက်ဆုံး စစ်ဖို့ ကျန်တာတော့ SC ပါ။ SC ဆိုတာတော့ ထွေထွေထူးထူး မဟုတ်ပါဘူး။ Brushless Generator တစ်ခုပါပဲ။ သူ့ Prime mover က Engine မဟုတ်ပဲ Pony Motor လို့ခေါ်တဲ့ 3 phase motor တစ်လုံးနဲ့ လှည့်ပြီး Reactive Power ထုတ်ပေးတာပါ။ AVR ကနေ over (သို့) under excitation ပေးခြင်းအားဖြင့် leading / lagging reactive power ကို လိုအပ်သလို ထုတ်ပေးပါတယ်။ သု့ရဲ့ Name Plate (ပုံမှာကြည့်ပါ) မှာ Cos (phi) တန်ဖိုးက 0 ဖြစ်နေတာ တွေ့ရပါလိမ့်မယ်။ ဆိုလိုတာက Active power (kW) မထုတ်ပေးပဲ Reactive Power (kVAR) ပဲ ထုတ်ပေးတာဆိုတော့

p.f = kW / kVA = 0 / kVA = 0

ဆိုတဲ့ အဓိပ္ပာယ်ပါ။

အခု စစ်မယ်ဆိုတော့ AVR sensing ကြိုးနဲ့ field excitation ကြိုးတွေ ဖြုတ်လိုက်ပါတယ်။ Main Stator, Exciter Stator တွေရဲ့ Winding Resistance နဲ့ Insulation Resistance တွေတိုင်းပါတယ်။ နောက် Rotating Diode အဝင် ကြိုးတွေဖြုတ်ပြီး Main Rotor နဲ့ Exciter Rotor တွေကို တိုင်းပါတယ်။ Diode တွေကို စစ်ပါတယ်။ Winding Temperature Sensor တွေတိုင်းပါတယ်။ နောက်ဆုံး Pony Motor ရဲ့ IR ကိုလည်း တိုင်းခဲ့ပါတယ်။
ရလဒ်တွေကို Report မှာ ပြည့်စုံအောင်ရေးပြီး SG Main Rotor ရဲ့ IR low ဖြစ်နေတာကို follow up လုပ်ဖို့ မှာခဲ့ပါတယ်။

No comments:

Post a Comment