Friday 20 July 2018

Insulation Resistance (8) - 220V Low Insulation

သိပ္ေတာ့ ထူးထူးျခာျခား မဟုတ္ပါဘူး။ ၾကဳံတဲ့အခါ ျဖစ္တတ္တဲ့ ဟာေလးေတြ သိထားရေအာင္ ေရးလိုက္ပါတယ္။ Container သေဘၤာတစ္စီးမွာပါ။ 220V low insulation ျဖစ္တယ္လို႔ ေျပာပါတယ္။ စက္ခ်ဳပ္က ဂ်ာမန္၊ ဓာတ္ႀကိဳးက ဖိလစ္ပိုင္ကပါ။ သေဘၤာက 6.6 kV Gen Set ေတြနဲ႔။ 220V Panel ကဆိုေတာ့ LV အျခမ္းကိုပဲ ကိုင္ရမွာမို႔ ေတာ္ေသးတာေပါ့။
ဓာတ္ႀကိဳးေလးက 220V distribution panel မွာ စစ္ၾကည့္ထားၿပီး သက္ဆိုင္တဲ့ circuit ေတြ ကို ေရြးထုတ္ထားေပးၿပီးသား ဆိုေတာ့ ပိုလြယ္တာေပါ့။ ဆိုင္တဲ့ circuit ၄ ခုရွိပါတယ္။  အကုန္လုံး lighting ေတြပါပဲ။ Bridge မွာရွိတဲ့ lighting panel က ထိန္းခ်ဳပ္ထားပါတယ္။ သူက စမ္းျပပါတယ္။ အဲဒီ ၄ ခု ပိတ္ထားရင္ Insulation meter က 5 MOhm ေလာက္ ရတယ္။ အဲဒါေတြ On လိုက္ရင္ 0.15 MOhm ေလာက္ထိ က်သြားပါတယ္။တစ္ခုစီ On ရင္ေတာ့ 0.5 - 0.9 MOhm ေလာက္ ျပပါတယ္။

1) ပထမဆုံး circuit ကေတာ့ Aft Deck Illumination Light ပါ။ Bridge ကထြက္ၿပီး အျပင္ဘက္ ေအာက္တစ္ထပ္ဆင္းလိုက္ရပါတယ္။ ေနာက္ဘက္ကို လွည့္ထိုးထားတဲ့ Sodium Vapor Lamp မီးလုံးႀကီးေတြပါ။ Port မွာ ၂ လုံး၊ Stbd မွာ ၂ လုံးပါ။ အဲဒီအခ်ိန္မွာ ဓာတ္ႀကိဳးကို drawing ရွာခိုင္းထားပါတယ္။ ေစာင့္မေနခ်င္တာနဲ႔ Stbd ဘက္က မီးလုံးတစ္လုံးရဲ႕ ေအာက္ေျခ Ballast (Choke) ကို ျဖဳတ္ၾကည့္လိုက္ေတာ့ Junction box ထဲမွာ Connector ေလးနဲ႔ ႀကိဳးေတြ ဆက္ထားတာ ေတြ႕ပါတယ္။ အဝင္ႀကိဳး ၂ ေခ်ာင္းကို ျဖဳတ္လိုက္ပါတယ္။ ၿပီးေတာ့ 250V သုံးၿပီး Megger ႐ိုက္ၾကည့္ပါတယ္။ ႀကိဳးဘက္မွာ 8 MOhm ေလာက္ရတယ္ဆိုေတာ့ clear ေပါ့။ မီးလုံးဘက္ကို ႐ိုက္ၾကည့္ေတာ့လည္း clear ပဲ။ နည္းနည္း စဥ္းစားစရာ ျဖစ္သြားတယ္။ ဒီခလုတ္တစ္ခုထဲနဲ႔ မီးလုံး ၄ ခုကို ဖြင့္၊ ပိတ္ လုပ္တယ္ဆိုေတာ့ မီးလုံးေတြကို parallel Looping လုပ္သြားရမယ္ မဟုတ္လား။ ဒီေတာ့ အခုျဖဳတ္တဲ့ မီးလုံးဘက္ကေတာ့ ဒီမီးလုံးအတြက္၊ ႀကိဳးဘက္က က်န္တဲ့ မီးလုံး ၃ ခုကို ကိုယ္စားျပဳမယ္ မဟုတ္လား။ အခု ၂ ဘက္လုံးက clear ဆိုေတာ့ ဘာလဲ။
မေက်နပ္တာနဲ႔ ေဘးနားက ေနာက္ မီးလုံးကိုပါ ႀကိဳးျဖဳတ္ၿပီး တိုင္းၾကည့္ပါတယ္။ အတူတူပဲ။ မီးလုံးဘက္ေရာ ႀကိဳးဘက္ပါ clear ျဖစ္ေနပါတယ္။ ဒါနဲ႔ Bridge ထဲက switch ရွိတဲ့ Panel ကို ဖြင့္ၿပီး ႀကိဳးအသြားအလာေတြ ၾကည့္ပါတယ္။ အဲဒီမွ သေဘာေပါက္သြားတယ္။ ခလုတ္က မီးလုံးေတြကို တိုက္႐ိုက္ ဖြင့္ပိတ္မလုပ္ပါဘူး။ 4 pole Magnetic Contactor (MC) တစ္လုံးကို ေမာင္းပါတယ္။ MC အဝင္မွာ L, N ႏွစ္စုံကို Loop လုပ္ထားေပမဲ့ အထြက္ ႏွစ္စုံကေတာ့ အခ်င္းခ်င္း မထိစပ္ေတာ့ပါဘူး။ တစ္စုံက Stbd ျဖစ္ၿပီး၊ တစ္စုံက Port ျဖစ္မယ္လို႔ ယူဆပါတယ္။ ဒီေတာ့ Port နဲ႔  Stbd က isolate ျဖစ္ေနတဲ့အတြက္ ေစာေစာက Stbd မွာ အကုန္ clear ျဖစ္ေနတာပါ။ ဒါဆို Port ဘက္က ျဖစ္ႏိုင္ပါတယ္။ အခု MC အထြက္မွာ Megger တိုင္းၾကည့္လိုက္ေတာ့ ထင္တဲ့အတိုင္း တစ္စုံက clear ျဖစ္ၿပီး ေနာက္တစ္စုံက 0.4 MOhm ေလာက္ျပပါတယ္။ ဒီေတာ့မွ Port ဘက္က မီးလုံးတစ္ခုကို connector အဝင္က ျဖဳတ္တိုင္းလိုက္ပါတယ္။ ကံေကာင္းစြာနဲ႔ ႀကိဳးဘက္က clear ျဖစ္ၿပီး မီးလုံးဘက္က low Insulation ျဖစ္ေနပါတယ္။ ဒါဆို ႀကိဳးဘက္ တစ္ဆက္ထဲ ရွိေနတဲ့ ေနာက္တစ္လုံး ျဖဳတ္ၾကည့္စရာ မလိုေတာ့ဘူးေပါ့။
ဒီတစ္ခါ မီးလုံးဘက္မွာက choke နဲ႔ မီးလုံးကို series ဆက္ထားပါတယ္။ Choke ႀကိဳးတစ္စက မီးလုံးရဲ႕ holder မွာဆက္ထားပါတယ္။ စိတ္က မီးလုံးဘက္က ေရဝင္တာလား။ တစ္ခုခု ညိတာလား ထသ္မိပါတယ္။ မီးလုံး အိမ္ကို ဖြင့္စစ္ၾကည့္ေတာ့ ေကာင္းေနတယ္။ Choke ကိုပါ ႀကိဳးျဖဳတ္တိုင္းၾကည့္ေတာ့လည္း လြတ္တယ္။ ဒါဆို ဘယ္က ျဖစ္တာလဲေပါ့။ Connector ေလးက ၃ ခုတြဲရက္ပါ။ L, N နဲ႔ E တစ္ခုစီပါ။ အခု L နဲ႔ N ကို အဝင္ေရာ အထြက္ပါ ျဖဳတ္ထားတဲ့အတြက္ E တစ္ေခ်ာင္းပဲ body နဲ႔ ဆက္ထားပါတယ္။ အဲဒီ connector ရဲ႕ L ဆက္တဲ့ အေပါက္ကို ေထာက္တိုင္းၾကည့္ေတာ့ E နဲ႔ ညိေနတာေတြ႕ရတယ္။ Screw က သံေခ်းေတြနဲ႔ leakage ျဖစ္ေနပါတယ္။ သန္႔ရွင္းေရးလုပ္ၾကည့္ေတာ့လည္း သိပ္မထူးတာနဲ႔ Connector အသစ္ ရွာၿပီး လဲထည့္လိုက္ေတာ့ ေကာင္းသြားပါတယ္။ ႀကိဳးအားလုံး ျပန္ဆက္ၿပီး စမ္းေတာ့ အဆင္ေျပပါတယ္။ ဒီ Circuit တစ္ခုေတာ့ ေျပလည္သြားၿပီေပါ့။

2) ေနာက္တစ္ခုကလည္း Sodium Vapor Illumination Light ေတြပါပဲ။ Nav Deck ေရွ႕ဖက္မွာ တန္းစီထားတဲ့ မီးလုံး ၆ လုံးတြဲပါ။ ဒီ circuit မွာလည္း ခလုတ္က MC ကို ဖြင့္၊၊ ပိတ္ လုပ္ေပးပါတယ္။ MC က Port နဲ႔ Stbd Loop ႏွစ္ခုကို ခြဲထုတ္ေပးပါတယ္။ Loop တစ္ခုမွာ မီးလုံး ၃ လုံးစီ ရွိပါတယ္။ တစ္ျခမ္းစီခြဲစစ္လိုက္ၿပီး connector တစ္ခုမွာ Fault ေတြ႕လို႔ လဲေပးလိုက္ပါတယ္။ ေတြ႕ဖူးထားေတာ့ ပိုလြယ္သြားတာေပါ့။

3) ဒီတစ္ခါေတာ့  Passage အျပင္ဘက္က မီးေခ်ာင္းေတြပါ။ တစ္ point စီက ၂ ေပ မီးေခ်ာင္း ၂ ေခ်ာင္းတြဲ Set ေတြပါ။ အျပင္မွာထားေတာ့ water tight housing ေတြ သုံးထားပါတယ္။ ဒါေပမဲ့ ေတာ္ေတာ္မ်ားမ်ားက ေရစိမ့္ဝင္ေနပါၿပီ။ သူ႔အားနည္းခ်က္က Clamp ေတြသံေခ်းလိုက္ၿပီး rubber seal က မလုံေတာ့တာပါ။
ဒီတစ္ခုမွာေတာ့ ဓာတ္ႀကိဳးေလး ယူလာေပးတဲ့ drawing နဲ႔ဆိုေတာ့ လုပ္ရတာပိုလြယ္ပါတယ္။ ဒီ circuit မွာ Upper Deck ကေန E-Deck အထိ point ၃၀ ေလာက္ ပါတယ္။ ခလုတ္က MC ၃ လုံးကို ထိန္းထားတယ္။ MC ေတြက Deck တစ္ခုေက်ာ္ရဲ႕ Cable Duct အခန္းထဲမွာရွိပါတယ္။ MC တစ္လုံးစီက Port & Stbd Loop ၂ခုစီ။ Loop တစ္ခုစီက ၂ ထပ္စာရွိတဲ့ point ေတြ ထိန္းထားပါတယ္။ အေပၚတက္လိုက္ ေအာက္ဆင္းလိုက္ သိပ္ေတာ့ မေခ်ာင္လွဘူး။
ပထမဆုံး Cable Duct ေတြထဲက MC အထြက္ေတြမွာ Megger တိုင္းပါတယ္။ အဲဒီေတာ့ Loop ၂ခုက ျပႆနာေတြ႕ပါတယ္။ D-E deck (Port) နဲ႔ B-C deck (Stbd) က Loop ေတြပါ။ က်န္တဲ့ Loop ေတြ စစ္စရာမလိုေတာ့ ေတာ္ေတာ္ သက္သာသြားပါၿပီ။ အဲဒီ loop ႏွစ္ခုမွာ အလယ္ေလာက္က ျဖတ္ၿပီး တစ္ဘက္စီကို Megger တိုင္းၾကည့္ပါတယ္။ earth leakage ျဖစ္တဲ့ ဘက္ကို ေနာက္တစ္ပြိဳင့္ျဖဳတ္ၿပီး စမ္းပါတယ္။ ဒီလိုနဲ႔ တစ္ခုၿပီးတစ္ခု စမ္းၾကည့္လိုက္တာ ေနာက္ဆုံးေတာ့ ဘယ္မွာမွ low Insulation မေတြ႕ရပါဘူး။ ေနာက္ဆုံးအကုန္ျပန္တပ္ၿပီး စမ္းၾကည့္ေတာ့ အားလုံးေကာင္းေနပါတယ္။ ျဖစ္ႏိုင္ေခ်တစ္ခုက မိုးရြာတဲ့အခ်ိန္မွာ မီးေခ်ာင္းအိမ္ထဲမွာ ေရစိမ့္ဝင္ၿပီး ေရေငြ႕ (moisture) ေတြနဲ႔ earth leakage ျဖစ္ေနတာလို႔ ယူဆပါတယ္။ အခု မီးေခ်ာင္း အိမ္ေတြ ဖြင့္စစ္ေတာ့ ေရေငြ႕က ေျခာက္သြားတဲ့အတြက္ leakage ေပ်ာက္သြားတာလို႔ ထင္ပါတယ္။ အေျခအေန ဆိုးေနတဲ့ မီးေခ်ာင္း အိမ္ေတြကို လဲလိုက္ဖို႔ မွာခဲ့ပါတယ္။

4) ေနာက္ဆုံး circuit ကလည္း မီးေခ်ာင္းေတြပါပဲ။ Aft area က ကုန္းပတ္ေပၚ တစ္ေလ်ာက္ တန္းစီ ရွိေနတဲ့ ၂ ေပ ၂ ေခ်ာင္းတြဲ မီးေခ်ာင္းေတြပါ။ MC အထြက္မွာ loop တစ္ခုထဲ ရွိပါတယ္။ ဒါေပမဲ့ point ၂၀ ေက်ာ္ရွိပါတယ္။ Binary search နည္းနဲ႔ တစ္ဝက္စီ ပိုင္းပိုင္းၿပီး ရွာလိုက္ေတာ့ ေနာက္ဆုံးမွာ အေျဖေတြ႕သြားပါတယ္။ ႀကိဳးထဲကျဖစ္ေနတာပါ။ ႀကိဳးက shield ပါတယ္။ အဲဒီၾကားထဲ ေရစိမ့္ဝင္ၿပီး shield မွာ သံေခ်းေတြ ကိုက္ေနပါတယ္။ ကံေကာင္းစြာနဲ႔ ျဖစ္တဲ့ ႀကိဳးအပိုင္းက ၃ မီတာ ေလာက္ပဲရွိပါတယ္။ အဲဒီႀကိဳးကို လဲေပးလိုက္ေတာ့ အဆင္ေျပသြားပါတယ္။
စက္ခ်ဳပ္နဲ႔ ဓာတ္ႀကိဳးလည္း ေက်ေက်နပ္နပ္ နႈတ္ဆက္ၿပီး က်န္ခဲ့ၾကပါတယ္။
[Unicode]
သိပ်တော့ ထူးထူးခြာခြား မဟုတ်ပါဘူး။ ကြုံတဲ့အခါ ဖြစ်တတ်တဲ့ ဟာလေးတွေ သိထားရအောင် ရေးလိုက်ပါတယ်။ Container သင်္ဘောတစ်စီးမှာပါ။ 220V low insulation ဖြစ်တယ်လို့ ပြောပါတယ်။ စက်ချုပ်က ဂျာမန်၊ ဓာတ်ကြိုးက ဖိလစ်ပိုင်ကပါ။ သင်္ဘောက 6.6 kV Gen Set တွေနဲ့။ 220V Panel ကဆိုတော့ LV အခြမ်းကိုပဲ ကိုင်ရမှာမို့ တော်သေးတာပေါ့။
ဓာတ်ကြိုးလေးက 220V distribution panel မှာ စစ်ကြည့်ထားပြီး သက်ဆိုင်တဲ့ circuit တွေ ကို ရွေးထုတ်ထားပေးပြီးသား ဆိုတော့ ပိုလွယ်တာပေါ့။ ဆိုင်တဲ့ circuit ၄ ခုရှိပါတယ်။  အကုန်လုံး lighting တွေပါပဲ။ Bridge မှာရှိတဲ့ lighting panel က ထိန်းချုပ်ထားပါတယ်။ သူက စမ်းပြပါတယ်။ အဲဒီ ၄ ခု ပိတ်ထားရင် Insulation meter က 5 MOhm လောက် ရတယ်။ အဲဒါတွေ On လိုက်ရင် 0.15 MOhm လောက်ထိ ကျသွားပါတယ်။တစ်ခုစီ On ရင်တော့ 0.5 - 0.9 MOhm လောက် ပြပါတယ်။

1) ပထမဆုံး circuit ကတော့ Aft Deck Illumination Light ပါ။ Bridge ကထွက်ပြီး အပြင်ဘက် အောက်တစ်ထပ်ဆင်းလိုက်ရပါတယ်။ နောက်ဘက်ကို လှည့်ထိုးထားတဲ့ Sodium Vapor Lamp  မီးလုံးကြီးတွေပါ။ Port မှာ ၂ လုံး၊ Stbd မှာ ၂ လုံးပါ။ အဲဒီအချိန်မှာ ဓာတ်ကြိုးကို drawing ရှာခိုင်းထားပါတယ်။ စောင့်မနေချင်တာနဲ့ Stbd ဘက်က မီးလုံးတစ်လုံးရဲ့ အောက်ခြေ Ballast (Choke) ကို ဖြုတ်ကြည့်လိုက်တော့ Junction box ထဲမှာ Connector လေးနဲ့ ကြိုးတွေ ဆက်ထားတာ တွေ့ပါတယ်။ အဝင်ကြိုး ၂ ချောင်းကို ဖြုတ်လိုက်ပါတယ်။ ပြီးတော့ 250V သုံးပြီး Megger ရိုက်ကြည့်ပါတယ်။ ကြိုးဘက်မှာ 8 MOhm လောက်ရတယ်ဆိုတော့ clear ပေါ့။ မီးလုံးဘက်ကို ရိုက်ကြည့်တော့လည်း clear ပဲ။ နည်းနည်း စဉ်းစားစရာ ဖြစ်သွားတယ်။ ဒီခလုတ်တစ်ခုထဲနဲ့ မီးလုံး ၄ ခုကို ဖွင့်၊ ပိတ် လုပ်တယ်ဆိုတော့ မီးလုံးတွေကို parallel Looping လုပ်သွားရမယ် မဟုတ်လား။ ဒီတော့ အခုဖြုတ်တဲ့ မီးလုံးဘက်ကတော့ ဒီမီးလုံးအတွက်၊ ကြိုးဘက်က ကျန်တဲ့ မီးလုံး ၃ ခုကို ကိုယ်စားပြုမယ် မဟုတ်လား။ အခု ၂ ဘက်လုံးက clear ဆိုတော့ ဘာလဲ။
မကျေနပ်တာနဲ့ ဘေးနားက နောက် မီးလုံးကိုပါ ကြိုးဖြုတ်ပြီး တိုင်းကြည့်ပါတယ်။ အတူတူပဲ။ မီးလုံးဘက်ရော ကြိုးဘက်ပါ clear ဖြစ်နေပါတယ်။ ဒါနဲ့ Bridge ထဲက switch ရှိတဲ့ Panel ကို ဖွင့်ပြီး ကြိုးအသွားအလာတွေ ကြည့်ပါတယ်။ အဲဒီမှ သဘောပေါက်သွားတယ်။ ခလုတ်က မီးလုံးတွေကို တိုက်ရိုက် ဖွင့်ပိတ်မလုပ်ပါဘူး။ 4 pole Magnetic Contactor (MC) တစ်လုံးကို မောင်းပါတယ်။ MC အဝင်မှာ L, N နှစ်စုံကို Loop လုပ်ထားပေမဲ့ အထွက် နှစ်စုံကတော့ အချင်းချင်း မထိစပ်တော့ပါဘူး။ တစ်စုံက Stbd ဖြစ်ပြီး၊ တစ်စုံက Port ဖြစ်မယ်လို့ ယူဆပါတယ်။ ဒီတော့ Port နဲ့  Stbd က isolate ဖြစ်နေတဲ့အတွက် စောစောက Stbd မှာ အကုန် clear ဖြစ်နေတာပါ။ ဒါဆို Port ဘက်က ဖြစ်နိုင်ပါတယ်။ အခု MC အထွက်မှာ Megger တိုင်းကြည့်လိုက်တော့ ထင်တဲ့အတိုင်း တစ်စုံက clear ဖြစ်ပြီး နောက်တစ်စုံက 0.4 MOhm လောက်ပြပါတယ်။ ဒီတော့မှ Port ဘက်က မီးလုံးတစ်ခုကို connector အဝင်က ဖြုတ်တိုင်းလိုက်ပါတယ်။ ကံကောင်းစွာနဲ့ ကြိုးဘက်က clear ဖြစ်ပြီး မီးလုံးဘက်က low Insulation ဖြစ်နေပါတယ်။ ဒါဆို ကြိုးဘက် တစ်ဆက်ထဲ ရှိနေတဲ့ နောက်တစ်လုံး ဖြုတ်ကြည့်စရာ မလိုတော့ဘူးပေါ့။
ဒီတစ်ခါ မီးလုံးဘက်မှာက choke နဲ့ မီးလုံးကို series ဆက်ထားပါတယ်။ Choke ကြိုးတစ်စက မီးလုံးရဲ့ holder မှာဆက်ထားပါတယ်။ စိတ်က မီးလုံးဘက်က ရေဝင်တာလား။ တစ်ခုခု ညိတာလား ထသ်မိပါတယ်။ မီးလုံး အိမ်ကို ဖွင့်စစ်ကြည့်တော့ ကောင်းနေတယ်။ Choke ကိုပါ ကြိုးဖြုတ်တိုင်းကြည့်တော့လည်း လွတ်တယ်။ ဒါဆို ဘယ်က ဖြစ်တာလဲပေါ့။ Connector လေးက ၃ ခုတွဲရက်ပါ။ L, N နဲ့ E တစ်ခုစီပါ။ အခု L နဲ့ N ကို အဝင်ရော အထွက်ပါ ဖြုတ်ထားတဲ့အတွက် E တစ်ချောင်းပဲ body နဲ့ ဆက်ထားပါတယ်။ အဲဒီ connector ရဲ့ L ဆက်တဲ့ အပေါက်ကို ထောက်တိုင်းကြည့်တော့ E နဲ့ ညိနေတာတွေ့ရတယ်။ Screw က သံချေးတွေနဲ့ leakage ဖြစ်နေပါတယ်။ သန့်ရှင်းရေးလုပ်ကြည့်တော့လည်း သိပ်မထူးတာနဲ့ Connector အသစ် ရှာပြီး လဲထည့်လိုက်တော့ ကောင်းသွားပါတယ်။ ကြိုးအားလုံး ပြန်ဆက်ပြီး စမ်းတော့ အဆင်ပြေပါတယ်။ ဒီ Circuit တစ်ခုတော့ ပြေလည်သွားပြီပေါ့။

2) နောက်တစ်ခုကလည်း Sodium Vapor Illumination Light တွေပါပဲ။ Nav Deck ရှေ့ဖက်မှာ တန်းစီထားတဲ့ မီးလုံး ၆ လုံးတွဲပါ။ ဒီ circuit မှာလည်း ခလုတ်က MC ကို ဖွင့်၊၊ ပိတ် လုပ်ပေးပါတယ်။ MC က Port နဲ့ Stbd Loop နှစ်ခုကို ခွဲထုတ်ပေးပါတယ်။ Loop တစ်ခုမှာ မီးလုံး ၃ လုံးစီ ရှိပါတယ်။ တစ်ခြမ်းစီခွဲစစ်လိုက်ပြီး connector တစ်ခုမှာ Fault တွေ့လို့ လဲပေးလိုက်ပါတယ်။ တွေ့ဖူးထားတော့ ပိုလွယ်သွားတာပေါ့။

3) ဒီတစ်ခါတော့  Passage အပြင်ဘက်က မီးချောင်းတွေပါ။ တစ် point စီက ၂ ပေ မီးချောင်း ၂ ချောင်းတွဲ Set တွေပါ။ အပြင်မှာထားတော့ water tight housing တွေ သုံးထားပါတယ်။ ဒါပေမဲ့ တော်တော်များများက ရေစိမ့်ဝင်နေပါပြီ။ သူ့အားနည်းချက်က Clamp တွေသံချေးလိုက်ပြီး rubber seal က မလုံတော့တာပါ။
ဒီတစ်ခုမှာတော့ ဓာတ်ကြိုးလေး ယူလာပေးတဲ့ drawing နဲ့ဆိုတော့ လုပ်ရတာပိုလွယ်ပါတယ်။ ဒီ circuit မှာ Upper Deck ကနေ E-Deck အထိ point ၃၀ လောက် ပါတယ်။ ခလုတ်က MC ၃ လုံးကို ထိန်းထားတယ်။ MC တွေက Deck တစ်ခုကျော်ရဲ့ Cable Duct အခန်းထဲမှာရှိပါတယ်။ MC တစ်လုံးစီက Port & Stbd Loop ၂ခုစီ။ Loop တစ်ခုစီက ၂ ထပ်စာရှိတဲ့ point တွေ ထိန်းထားပါတယ်။ အပေါ်တက်လိုက် အောက်ဆင်းလိုက် သိပ်တော့ မချောင်လှဘူး။
ပထမဆုံး Cable Duct တွေထဲက MC အထွက်တွေမှာ Megger တိုင်းပါတယ်။ အဲဒီတော့ Loop ၂ခုက ပြဿနာတွေ့ပါတယ်။ D-E deck (Port) နဲ့ B-C deck (Stbd) က Loop တွေပါ။ ကျန်တဲ့ Loop တွေ စစ်စရာမလိုတော့ တော်တော် သက်သာသွားပါပြီ။ အဲဒီ loop နှစ်ခုမှာ အလယ်လောက်က ဖြတ်ပြီး တစ်ဘက်စီကို Megger တိုင်းကြည့်ပါတယ်။ earth leakage ဖြစ်တဲ့ ဘက်ကို နောက်တစ်ပွိုင့်ဖြုတ်ပြီး စမ်းပါတယ်။ ဒီလိုနဲ့ တစ်ခုပြီးတစ်ခု စမ်းကြည့်လိုက်တာ နောက်ဆုံးတော့ ဘယ်မှာမှ low Insulation မတွေ့ရပါဘူး။ နောက်ဆုံးအကုန်ပြန်တပ်ပြီး စမ်းကြည့်တော့ အားလုံးကောင်းနေပါတယ်။ ဖြစ်နိုင်ချေတစ်ခုက မိုးရွာတဲ့အချိန်မှာ မီးချောင်းအိမ်ထဲမှာ ရေစိမ့်ဝင်ပြီး ရေငွေ့ (moisture) တွေနဲ့ earth leakage ဖြစ်နေတာလို့ ယူဆပါတယ်။ အခု မီးချောင်း အိမ်တွေ ဖွင့်စစ်တော့ ရေငွေ့က ခြောက်သွားတဲ့အတွက် leakage ပျောက်သွားတာလို့ ထင်ပါတယ်။ အခြေအနေ ဆိုးနေတဲ့ မီးချောင်း အိမ်တွေကို လဲလိုက်ဖို့ မှာခဲ့ပါတယ်။

4) နောက်ဆုံး circuit ကလည်း မီးချောင်းတွေပါပဲ။ Aft area က ကုန်းပတ်ပေါ် တစ်လျောက် တန်းစီ ရှိနေတဲ့ ၂ ပေ ၂ ချောင်းတွဲ မီးချောင်းတွေပါ။ MC အထွက်မှာ loop တစ်ခုထဲ ရှိပါတယ်။ ဒါပေမဲ့ point ၂၀ ကျော်ရှိပါတယ်။ Binary search နည်းနဲ့ တစ်ဝက်စီ ပိုင်းပိုင်းပြီး ရှာလိုက်တော့ နောက်ဆုံးမှာ အဖြေတွေ့သွားပါတယ်။ ကြိုးထဲကဖြစ်နေတာပါ။ ကြိုးက shield ပါတယ်။ အဲဒီကြားထဲ ရေစိမ့်ဝင်ပြီး shield မှာ သံချေးတွေ ကိုက်နေပါတယ်။ ကံကောင်းစွာနဲ့ ဖြစ်တဲ့ ကြိုးအပိုင်းက ၃ မီတာ လောက်ပဲရှိပါတယ်။ အဲဒီကြိုးကို လဲပေးလိုက်တော့ အဆင်ပြေသွားပါတယ်။
စက်ချုပ်နဲ့ ဓာတ်ကြိုးလည်း ကျေကျေနပ်နပ် နှုတ်ဆက်ပြီး ကျန်ခဲ့ကြပါတယ်။

Monday 2 July 2018

Generator (15) - Shaft Generator Health Check

သေဘၤာက်င္းမွာ Dock ဝင္ေနတဲ့ LPG သေဘၤာ တစ္စီးမွာ Shaft Generator ကို Health Check လုပ္ေပးပါဆိုလို႔ တက္စစ္ခဲ့ရပါတယ္။ စစ္႐ုံဘဲဆိုေတာ့ Fault finding လုပ္တာေလာက္ သိပ္စိတ္ဝင္စားစရာ မပါဘူးေပါ့ေနာ္။ ဒါေပမဲ့ ဒီလို အမ်ဳိးအစား Shaft Generator ေတြရဲ႕ ဖြဲ႕စည္းပုံ အေျခခံ သေဘာေလးေတြ ေျပာျပခ်င္လို႔ ေရးလိုက္ပါတယ္။
 
သေဘၤာက အိျႏၵိယလူမ်ဳိးေတြမ်ားပါတယ္။ ပထမရက္မွာေတာ့ ေနရာေတြ လိုက္ၾကည့္ၿပီး Shaft Generator (SG) အဖုံးဖြင့္ဖို႔ ျမင့္လြန္းေနေတာ့ သေဘၤာက်င္း ျဖစ္တဲ့အတြက္ Safety လိုအပ္ခ်က္ေတြအတိုင္း ျငမ္းဆင္ဖို႔မွာခဲ့ရပါတယ္။ လိုအပ္တဲ့ စာရြက္စာတမ္းေတြ လုပ္ရတာေပါ့။ 
ေနာက္ေန႔ အားလုံး အဆင္သင့္ျဖစ္ေတာ့မွ အလုပ္စပါတယ္။ အဖုံးေတြ ဖြင့္ၿပီး ဘယ္ေနရာမွာ ဘာေတြ ရွိတယ္ဆိုတာ လိုက္ရွာရပါတယ္။ စက္ရဲ႕ maker က AEG ပါ။ အခုေတာ့ မရွိေတာ့ဘူးထင္ပါတယ္။ SAM Electronic က ဝယ္လိုက္ၿပီး၊ Wartsila က SAM ကို ျပန္ဝယ္လိုက္တယ္ ထင္ပါတယ္။ 
 
ၾကားျဖတ္ၿပီး SG ေတြအေၾကာင္း နည္းနည္းေျပာျပပါမယ္။ SG ဆိုတာ Main Engine လည္တဲ့ အားကို လွ်ပ္စစ္ျပန္ထုတ္ထားေတာ့ စီးပြားေရးအရ အကုန္အက်သက္သာပါတယ္။ SG တည္ေဆာက္ပုံေပၚမူတည္ၿပီး 
1) Gear Constant Ratio (GCR)
2) RENK Constant Frequency ( RCF)
3) Constant Frequency Electrical (CFE)
လို႔ ခြဲျခားႏိုင္ပါတယ္။ 
 
1) GCR ကေတာ့ Engine Rpm ပုံေသတစ္ခုမွာ ေရာက္ေအာင္ ေမာင္းၿပီးမွ SG ကို စသုံးပါတယ္။ သေဘၤာ အေႏွး အျမန္ကို Controllable Pitch Propeller (CPP) နဲ႔ သုံးၿပီး ထိန္းခ်ဳပ္ပါတယ္။ 
2) RCF က Main Engine Rpm မတူေပမဲ့ SG အတြက္ Constant Rpm ရဖို႔ Gear နဲ႔ အလိုအေလ်ာက္ ေျပာင္းေပးပါတယ္။ Renk ဆိုတဲ့ maker ကဘဲ ထုတ္ေပးတာမို႔ သူ႔နံမည္ ထည့္ေခၚတယ္လို႔ ဆိုပါတယ္။
 
3) CFE ကေတာ့ Constant Rpm ရေအာင္ မလုပ္ေတာ့ပဲ Electrical နည္းနဲ႔ Constant Frequency ရေအာင္လုပ္ေပးပါတယ္။ ဘယ္လိုလုပ္တာလဲဆိုေတာ့ SG ကထြက္လာတဲ့ AC ကို rectifier ( diodes) ေတြသုံးၿပီး DC ေျပာင္းလိုက္ပါတယ္။ ၿပီးမွ Frequency Converter (Inverter) သုံးၿပီး AC ျပန္ေျပာင္းယူပါတယ္။ ဒီေတာ့ Engine Rpm ေျပာင္းလဲတာက Frequency Output ကို မသက္ေရာက္ပဲ Constant Frequency output ကိုရေစပါတယ္။
 ဒီ အမ်ိဳးအစားမွာ Converter တည္ေဆာက္တဲ့ နည္းေပၚမူတည္ၿပီး ႏွစ္မ်ဳိးထပ္ခြဲပါတယ္။

 3.1) ပထမ တစ္မ်ဳိးကေတာ့ Thyristor Converter ျဖစ္ပါတယ္။ ဒီအမ်ဳိးမွာ DC ကေန ေျပာင္းယူခဲ့တာ ျဖစ္တဲ့အတြက္ Reactive Power ထုတ္မေပးႏိုင္ပါဘူး။ အဲဒါကို ျပန္ျဖည့္စြက္ေပးဖို႔ Synchronous Condenser (သို႔) Synchronous Compensator(SC) ထည့္ေပးရပါတယ္။ 
 3.2) ေနာက္တစ္မ်ဳိးကေတာ့ Pulse Width Modulation (PWM) သုံးထားပါတယ္။ ပိုေကာင္းတဲ့နည္းပညာေၾကာင့္ Active Power ေရာ Reactive Power ကိုပါ ထုတ္ေပးႏိုင္တဲ့ အတြက္ SC သုံးစရာ မလိုေတာ့ပါဘူး။
 
အခု ကၽြန္ေတာ္တို႔ စစ္ရမယ့္ SG က (3.1) အမ်ဳိးအစားပါ။ ဒီေတာ့ တစ္ခုစီ စစ္ေဆးၾကတာေပါ့။ ပထမဆုံး SG မွာ ပါတဲ့ အစိတ္အပိုင္းေတြကို သိေအာင္ ေျပာျပပါမယ္။ အဓိက အစိတ္အပိုင္း ၃ ခု ကေတာ့ SG, Converter Panel နဲ႔ SC ပါပဲ။
 
SG ကို အယင္ဆုံး စစ္ေဆးၾကပါတယ္။ ဒီ SG က ME ရဲ႕ Propeller Shaft နဲ႔ တစ္ဆက္ထဲ ေဆာက္ထားပါတယ္။ ဒီေတာ့ ME လည္သမွ် လိုက္လည္ေနမွာပါ။ သူ႔အတြက္ သီးျခား Clutch မရွိပါဘူး။ Voltage ထြက္၊ မထြက္ကေတာ့ Excitation (field) current ေပး၊ မေပး ေပၚမူတည္ပါတယ္။ ဒီလို စက္မ်ဳိးေတြမွာ Engine speed 30% ထက္ နည္းရင္ output မထုတ္ပါဘူး။ 30 - 70 % ၾကားမွာ full capacity ရဲ႕ ရာခိုင္နႈံး အခ်ဳိးက် ထုတ္ေပးပါတယ္။ 70% ေက်ာ္ရင္ေတာ့ full capacity ထုတ္ေပးႏိုင္ပါတယ္။ ေနာက္တစ္ခုက ဒီလို SG မွာ Exciter Generator မရွိပါဘူး။ Main Stator နဲ႔ Main Rotor တစ္စုံပဲ ရွိပါတယ္။ ဒီေတာ့ Main Rotor ကို Excitation ေပးဖို႔ slip ring နဲ႔ carbon brush ႏွစ္စုံ ရွိပါတယ္။ (+) တစ္စုံ (-) တစ္စုံေပါ့။ ဒီေတာ့ အစဆုံး အဲဒီအပိုင္းကို အရင္စစ္ပါတယ္။
 ေနရာက ကပ္သီးကပ္သတ္ ၾကပ္ၾကပ္တည္းတည္း ဝင္ရပါတယ္။ ME နဲ႔ SG ၾကားထဲမွာပါ။ ကိုယ္က ခပ္ပိန္ပိန္မို႔ ေတာ္ေသးရဲ႕။ ၾကားထဲဝင္ၿပီး အကာေလးကို ဖြင့္ၾကည့္ေတာ့ carbon brush ကို ျမင္ရပါတယ္။ တစ္ခုစီ ျဖဳတ္ၿပီး တိုင္းၾကည့္ပါတယ္။ အေနေတာ္ပါဘဲ။ သိပ္မစားေသးေတာ့ လဲဖို႔ မလိုေသးပါဘူး။ Visual inspection အရေတာ့ Slip ring က အစင္းေတြ ျဖစ္ေနပါၿပီ။ ေနာက္ၿပီး ကာဗြန္မႈန္႔ေတြ Shaft တစ္ဝိုက္မွာ ေတာ္ေတာ္မ်ားပါတယ္။ သန္႔ရွင္းေရးလုပ္သင့္ပါတယ္။ SG ေဘးက terminal box ကို ဖြင့္ၿပီး F+, F- ႀကိဳးႏွစ္စကို Micro Ohm meter နဲ႔ သုံးၿပီး Winding resistance တိုင္းၿပီး မွတ္ထားပါတယ္။ အဲဒီ ႏွစ္စက ေစာေစာက carbon brush ကိုျဖတ္ၿပီး Main Rotor ကို သြားမွာပါ။ ေနာက္ၿပီး Insulation Resistance (Megger) တိုင္းၾကည့္ပါတယ္။ အဲဒီမွာ Result က ေတာ္ေတာ္ နည္းေနပါတယ္။ 0.38 MOhm ေလာက္ပဲ ရွိပါတယ္။ ေသခ်ာေအာင္ Carbon Brush ေတြ လွန္ထားၿပီး slip ring ကေန႐ိုက္ေတာ့လည္း အတူတူပါပဲ။ ဓာတ္မီးနဲ႔ထိုးၿပီး ေသခ်ာၾကည့္ေတာ့ slip ring ကို ေထာက္ထားတဲ့ rubber support ေတြၾကားထဲမွာ ကာဗြန္မႈန္ေတြ၊ ဖုံေတြနဲ႔ ေတာ္ေတာ္ ညစ္ပတ္ေနပါတယ္။ ေတြ႕တဲ့အတိုင္း report မွာ ေရးေပးလိုက္မယ္ေလ။
 ေနာက္ SG အေပၚဖုံးကို ဖြင့္ၾကည့္ပါတယ္။ Stator winding အထြက္မွာ Diode ေတြခံၿပီး +, - bus ႏွစ္ခုမွာ ဆက္ထားပါတယ္။ Diode အလုံး ၂၀ ေက်ာ္ေလာက္ရွိပါတယ္။ Diode ေတြကို ေကာင္း၊ မေကာင္း စစ္ပါတယ္။ 

Diode အဝင္ Main Stator winding resistance နဲ႔ Insulation Resistance တိုင္းပါတယ္။ ေနာက္ Space Heater နဲ႔ Winding Temperature Sensor ေတြကို resistance တိုင္းပါတယ္။ ဒါဆိုေတာ့ SG အပိုင္းက ကုန္သြားပါၿပီ။
 
ေနာက္တစ္ခုက Converter Control Panel ပါ။ ဒီအပိုင္းကို စစ္ဖို႔ job scope ထဲမွာ မပါလို႔ မစစ္ေတာ့ပါဘူး။ တစ္ကယ္လို႔ စစ္မယ္ဆိုရင္ေတာ့ SG မေမာင္းပဲ၊ 440V 3 phase power input တစ္ခုေပးၿပီး Simulation Test လုပ္ၾကည့္လို႔ ရပါတယ္။ ဒါဆိုရင္ Output Voltage/ Frequency မွန္မွန္ကန္ကန္ ထြက္၊ မထြက္ စစ္ၾကည့္ႏိုင္ပါတယ္။
 
ေနာက္ဆုံး စစ္ဖို႔ က်န္တာေတာ့ SC ပါ။ SC ဆိုတာေတာ့ ေထြေထြထူးထူး မဟုတ္ပါဘူး။ Brushless Generator တစ္ခုပါပဲ။ သူ႔ Prime mover က Engine မဟုတ္ပဲ Pony Motor လို႔ေခၚတဲ့ 3 phase motor တစ္လုံးနဲ႔ လွည့္ၿပီး Reactive Power ထုတ္ေပးတာပါ။ AVR ကေန over (သို႔) under excitation ေပးျခင္းအားျဖင့္ leading / lagging reactive power ကို လိုအပ္သလို ထုတ္ေပးပါတယ္။ 
သု႔ရဲ႕ Name Plate (ပုံမွာၾကည့္ပါ) မွာ Cos (phi) တန္ဖိုးက 0 ျဖစ္ေနတာ ေတြ႕ရပါလိမ့္မယ္။ ဆိုလိုတာက Active power (kW) မထုတ္ေပးပဲ Reactive Power (kVAR) ပဲ ထုတ္ေပးတာဆိုေတာ့ 

p.f = kW / kVA = 0 / kVA = 0

ဆိုတဲ့ အဓိပၸာယ္ပါ။

အခု စစ္မယ္ဆိုေတာ့ AVR sensing ႀကိဳးနဲ႔ field excitation ႀကိဳးေတြ ျဖဳတ္လိုက္ပါတယ္။ Main Stator, Exciter Stator ေတြရဲ႕ Winding Resistance နဲ႔ Insulation Resistance ေတြတိုင္းပါတယ္။ ေနာက္ Rotating Diode အဝင္ ႀကိဳးေတြျဖဳတ္ၿပီး Main Rotor နဲ႔ Exciter Rotor ေတြကို တိုင္းပါတယ္။ Diode ေတြကို စစ္ပါတယ္။ Winding Temperature Sensor ေတြတိုင္းပါတယ္။ ေနာက္ဆုံး Pony Motor ရဲ႕ IR ကိုလည္း တိုင္းခဲ့ပါတယ္။
ရလဒ္ေတြကို Report မွာ ျပည့္စုံေအာင္ေရးၿပီး SG Main Rotor ရဲ႕ IR low ျဖစ္ေနတာကို follow up လုပ္ဖို႔ မွာခဲ့ပါတယ္။
 
[Unicode]
 
သင်္ဘောကျင်းမှာ Dock ဝင်နေတဲ့ LPG သင်္ဘော တစ်စီးမှာ Shaft Generator ကို Health Check လုပ်ပေးပါဆိုလို့ တက်စစ်ခဲ့ရပါတယ်။ စစ်ရုံဘဲဆိုတော့ Fault finding လုပ်တာလောက် သိပ်စိတ်ဝင်စားစရာ မပါဘူးပေါ့နော်။ ဒါပေမဲ့ ဒီလို အမျိုးအစား Shaft Generator တွေရဲ့ ဖွဲ့စည်းပုံ အခြေခံ သဘောလေးတွေ ပြောပြချင်လို့ ရေးလိုက်ပါတယ်။

သင်္ဘောက အိန္ဒြိယလူမျိုးတွေများပါတယ်။ ပထမရက်မှာတော့ နေရာတွေ လိုက်ကြည့်ပြီး Shaft Generator (SG) အဖုံးဖွင့်ဖို့ မြင့်လွန်းနေတော့ သင်္ဘောကျင်း ဖြစ်တဲ့အတွက် Safety လိုအပ်ချက်တွေအတိုင်း ငြမ်းဆင်ဖို့မှာခဲ့ရပါတယ်။ လိုအပ်တဲ့ စာရွက်စာတမ်းတွေ လုပ်ရတာပေါ့။
နောက်နေ့ အားလုံး အဆင်သင့်ဖြစ်တော့မှ အလုပ်စပါတယ်။ အဖုံးတွေ ဖွင့်ပြီး ဘယ်နေရာမှာ ဘာတွေ ရှိတယ်ဆိုတာ လိုက်ရှာရပါတယ်။ စက်ရဲ့ maker က AEG ပါ။ အခုတော့ မရှိတော့ဘူးထင်ပါတယ်။ SAM Electronic က ဝယ်လိုက်ပြီး၊ Wartsila က SAM ကို ပြန်ဝယ်လိုက်တယ် ထင်ပါတယ်။

ကြားဖြတ်ပြီး SG တွေအကြောင်း နည်းနည်းပြောပြပါမယ်။ SG ဆိုတာ Main Engine လည်တဲ့ အားကို လျှပ်စစ်ပြန်ထုတ်ထားတော့ စီးပွားရေးအရ အကုန်အကျသက်သာပါတယ်။ SG တည်ဆောက်ပုံပေါ်မူတည်ပြီး
1) Gear Constant Ratio (GCR)
2) RENK Constant Frequency ( RCF)
3) Constant Frequency Electrical (CFE)
လို့ ခွဲခြားနိုင်ပါတယ်။

1) GCR ကတော့ Engine Rpm ပုံသေတစ်ခုမှာ ရောက်အောင် မောင်းပြီးမှ SG ကို စသုံးပါတယ်။ သင်္ဘော အနှေး အမြန်ကို Controllable Pitch Propeller (CPP) နဲ့ သုံးပြီး ထိန်းချုပ်ပါတယ်။
2) RCF က Main Engine Rpm မတူပေမဲ့ SG အတွက် Constant Rpm ရဖို့ Gear နဲ့ အလိုအလျောက် ပြောင်းပေးပါတယ်။ Renk ဆိုတဲ့ maker ကဘဲ ထုတ်ပေးတာမို့ သူ့နံမည် ထည့်ခေါ်တယ်လို့ ဆိုပါတယ်။
3) CFE ကတော့ Constant Rpm ရအောင် မလုပ်တော့ပဲ Electrical နည်းနဲ့ Constant Frequency ရအောင်လုပ်ပေးပါတယ်။ ဘယ်လိုလုပ်တာလဲဆိုတော့ SG ကထွက်လာတဲ့ AC ကို rectifier ( diodes) တွေသုံးပြီး DC ပြောင်းလိုက်ပါတယ်။ ပြီးမှ Frequency Converter (Inverter) သုံးပြီး AC ပြန်ပြောင်းယူပါတယ်။ ဒီတော့ Engine Rpm ပြောင်းလဲတာက Frequency Output ကို မသက်ရောက်ပဲ Constant Frequency output ကိုရစေပါတယ်။
 ဒီ အမျိုးအစားမှာ Converter တည်ဆောက်တဲ့ နည်းပေါ်မူတည်ပြီး နှစ်မျိုးထပ်ခွဲပါတယ်။

 3.1) ပထမ တစ်မျိုးကတော့ Thyristor Converter ဖြစ်ပါတယ်။ ဒီအမျိုးမှာ DC ကနေ ပြောင်းယူခဲ့တာ ဖြစ်တဲ့အတွက် Reactive Power ထုတ်မပေးနိုင်ပါဘူး။ အဲဒါကို ပြန်ဖြည့်စွက်ပေးဖို့ Synchronous Condenser (သို့) Synchronous Compensator(SC) ထည့်ပေးရပါတယ်။
 3.2) နောက်တစ်မျိုးကတော့ Pulse Width Modulation (PWM) သုံးထားပါတယ်။ ပိုကောင်းတဲ့နည်းပညာကြောင့် Active Power ရော Reactive Power ကိုပါ ထုတ်ပေးနိုင်တဲ့ အတွက် SC သုံးစရာ မလိုတော့ပါဘူး။

အခု ကျွန်တော်တို့ စစ်ရမယ့် SG က (3.1) အမျိုးအစားပါ။ ဒီတော့ တစ်ခုစီ စစ်ဆေးကြတာပေါ့။ ပထမဆုံး SG မှာ ပါတဲ့ အစိတ်အပိုင်းတွေကို သိအောင် ပြောပြပါမယ်။ အဓိက အစိတ်အပိုင်း ၃ ခု ကတော့ SG, Converter Panel နဲ့ SC ပါပဲ။
SG ကို အယင်ဆုံး စစ်ဆေးကြပါတယ်။ ဒီ SG က ME ရဲ့ Propeller Shaft နဲ့ တစ်ဆက်ထဲ ဆောက်ထားပါတယ်။ ဒီတော့ ME လည်သမျှ လိုက်လည်နေမှာပါ။ သူ့အတွက် သီးခြား Clutch မရှိပါဘူး။ Voltage ထွက်၊ မထွက်ကတော့ Excitation (field) current ပေး၊ မပေး ပေါ်မူတည်ပါတယ်။ ဒီလို စက်မျိုးတွေမှာ Engine speed 30% ထက် နည်းရင် output မထုတ်ပါဘူး။ 30 - 70 % ကြားမှာ full capacity ရဲ့ ရာခိုင်နှုံး အချိုးကျ ထုတ်ပေးပါတယ်။ 70% ကျော်ရင်တော့ full capacity ထုတ်ပေးနိုင်ပါတယ်။ နောက်တစ်ခုက ဒီလို SG မှာ Exciter Generator မရှိပါဘူး။ Main Stator နဲ့ Main Rotor တစ်စုံပဲ ရှိပါတယ်။ ဒီတော့ Main Rotor ကို Excitation ပေးဖို့ slip ring နဲ့ carbon brush နှစ်စုံ ရှိပါတယ်။ (+) တစ်စုံ (-) တစ်စုံပေါ့။ ဒီတော့ အစဆုံး အဲဒီအပိုင်းကို အရင်စစ်ပါတယ်။ နေရာက ကပ်သီးကပ်သတ် ကြပ်ကြပ်တည်းတည်း ဝင်ရပါတယ်။ ME နဲ့ SG ကြားထဲမှာပါ။ ကိုယ်က ခပ်ပိန်ပိန်မို့ တော်သေးရဲ့။ ကြားထဲဝင်ပြီး အကာလေးကို ဖွင့်ကြည့်တော့ carbon brush ကို မြင်ရပါတယ်။ တစ်ခုစီ ဖြုတ်ပြီး တိုင်းကြည့်ပါတယ်။ အနေတော်ပါဘဲ။ သိပ်မစားသေးတော့ လဲဖို့ မလိုသေးပါဘူး။ Visual inspection အရတော့ Slip ring က အစင်းတွေ ဖြစ်နေပါပြီ။ နောက်ပြီး ကာဗွန်မှုန့်တွေ Shaft တစ်ဝိုက်မှာ တော်တော်များပါတယ်။ သန့်ရှင်းရေးလုပ်သင့်ပါတယ်။ SG ဘေးက terminal box ကို ဖွင့်ပြီး F+, F- ကြိုးနှစ်စကို Micro Ohm meter နဲ့ သုံးပြီး Winding resistance တိုင်းပြီး မှတ်ထားပါတယ်။ အဲဒီ နှစ်စက စောစောက carbon brush ကိုဖြတ်ပြီး Main Rotor ကို သွားမှာပါ။ နောက်ပြီး Insulation Resistance (Megger) တိုင်းကြည့်ပါတယ်။ အဲဒီမှာ Result က တော်တော် နည်းနေပါတယ်။ 0.38 MOhm လောက်ပဲ ရှိပါတယ်။ သေချာအောင် Carbon Brush တွေ လှန်ထားပြီး slip ring ကနေရိုက်တော့လည်း အတူတူပါပဲ။ ဓာတ်မီးနဲ့ထိုးပြီး သေချာကြည့်တော့ slip ring ကို ထောက်ထားတဲ့ rubber support တွေကြားထဲမှာ ကာဗွန်မှုန်တွေ၊ ဖုံတွေနဲ့ တော်တော် ညစ်ပတ်နေပါတယ်။ တွေ့တဲ့အတိုင်း report မှာ ရေးပေးလိုက်မယ်လေ။ နောက် SG အပေါ်ဖုံးကို ဖွင့်ကြည့်ပါတယ်။ Stator winding အထွက်မှာ Diode တွေခံပြီး +, - bus နှစ်ခုမှာ ဆက်ထားပါတယ်။ Diode အလုံး ၂၀ ကျော်လောက်ရှိပါတယ်။ Diode တွေကို ကောင်း၊ မကောင်း စစ်ပါတယ်။ Diode အဝင် Main Stator winding resistance နဲ့ Insulation Resistance တိုင်းပါတယ်။ နောက် Space Heater နဲ့ Winding Temperature Sensor တွေကို resistance တိုင်းပါတယ်။ ဒါဆိုတော့ SG အပိုင်းက ကုန်သွားပါပြီ။

နောက်တစ်ခုက Converter Control Panel ပါ။ ဒီအပိုင်းကို စစ်ဖို့ job scope ထဲမှာ မပါလို့ မစစ်တော့ပါဘူး။ တစ်ကယ်လို့ စစ်မယ်ဆိုရင်တော့ SG မမောင်းပဲ၊ 440V 3 phase power input တစ်ခုပေးပြီး Simulation Test လုပ်ကြည့်လို့ ရပါတယ်။ ဒါဆိုရင် Output Voltage/ Frequency မှန်မှန်ကန်ကန် ထွက်၊ မထွက် စစ်ကြည့်နိုင်ပါတယ်။

နောက်ဆုံး စစ်ဖို့ ကျန်တာတော့ SC ပါ။ SC ဆိုတာတော့ ထွေထွေထူးထူး မဟုတ်ပါဘူး။ Brushless Generator တစ်ခုပါပဲ။ သူ့ Prime mover က Engine မဟုတ်ပဲ Pony Motor လို့ခေါ်တဲ့ 3 phase motor တစ်လုံးနဲ့ လှည့်ပြီး Reactive Power ထုတ်ပေးတာပါ။ AVR ကနေ over (သို့) under excitation ပေးခြင်းအားဖြင့် leading / lagging reactive power ကို လိုအပ်သလို ထုတ်ပေးပါတယ်။ သု့ရဲ့ Name Plate (ပုံမှာကြည့်ပါ) မှာ Cos (phi) တန်ဖိုးက 0 ဖြစ်နေတာ တွေ့ရပါလိမ့်မယ်။ ဆိုလိုတာက Active power (kW) မထုတ်ပေးပဲ Reactive Power (kVAR) ပဲ ထုတ်ပေးတာဆိုတော့

p.f = kW / kVA = 0 / kVA = 0

ဆိုတဲ့ အဓိပ္ပာယ်ပါ။

အခု စစ်မယ်ဆိုတော့ AVR sensing ကြိုးနဲ့ field excitation ကြိုးတွေ ဖြုတ်လိုက်ပါတယ်။ Main Stator, Exciter Stator တွေရဲ့ Winding Resistance နဲ့ Insulation Resistance တွေတိုင်းပါတယ်။ နောက် Rotating Diode အဝင် ကြိုးတွေဖြုတ်ပြီး Main Rotor နဲ့ Exciter Rotor တွေကို တိုင်းပါတယ်။ Diode တွေကို စစ်ပါတယ်။ Winding Temperature Sensor တွေတိုင်းပါတယ်။ နောက်ဆုံး Pony Motor ရဲ့ IR ကိုလည်း တိုင်းခဲ့ပါတယ်။
ရလဒ်တွေကို Report မှာ ပြည့်စုံအောင်ရေးပြီး SG Main Rotor ရဲ့ IR low ဖြစ်နေတာကို follow up လုပ်ဖို့ မှာခဲ့ပါတယ်။