Monday 14 May 2018

Electrical Switchboard (2) - Excitation Fault

[Zawgyi]
Container သေဘၤာတစ္စီးမွာ PMS က Excitation fault ဆိုၿပီး ျပႆနာတက္တယ္ ဆိုလို႔ သြားၿပီးတက္ၾကည့္ရပါတယ္။ သေဘၤာေပၚေရာက္ေတာ့ ဖား စက္ခ်ဳပ္နဲ႔ ဓာတ္ႀကိဳးကရွင္းျပပါတယ္။ အစက DG 4 မွာ voltage က မ်ားေနတယ္တဲ့။ 478V ရွိတယ္ ေျပာပါတယ္။ Operating voltage က 450V ပါ။ Voltage Trimmer နဲ႔ ႀကိဳးစား ညႇိေပမဲ့ ဘာမွမေျပာင္းဘူးတဲ့။ ဒါနဲ႔ DG 1 က AVR ကိုယူၿပီး DG 4 မွာ တပ္လိုက္နဲ႔အခါ ညိႇလို႔ရသြားပါတယ္။ အဲဒီေနာက္ voltage ျပန္ညႇိၿပီး စမ္းေမာင္းၾကည့္ေတာ့ တစ္လုံးထဲ no load မွာ ျပႆနာ မရွိပါဘူး။ Parallel run ၿပီး load တစ္ျဖည္းျဖည္း တင္ၾကည့္ေတာ့ Protection module မွာ Excitation Fault တက္လာၿပီး ျပဳတ္က်သြားတယ္ ဆိုပါတယ္။
ဒါနဲ႔ အစဆုံး System ကို နားလည္ေအာင္ အယင္ၾကည့္ရပါတယ္။ အလုပ္လုပ္တဲ့ သေဘာ နားလည္ေတာ့ အျပစ္ရွာလို႔ လြယ္တာေပါ့။ DG ေတြက Hyundai ေတြပါ။ AVR မေကာင္းယင္ Voltage ျမင့္ေနေလ့ရွိပါတယ္။ ဒီေတာ့ AVR လဲလိုက္တာ မွန္တယ္ေျပာရမွာပါ။ ဒါေပမဲ့ ဘာလို႔ Excitation Fault တက္လာရတာလဲ။ Load တင္လိုက္ေတာ့မွ ဆိုေတာ့ စဥ္းစားစရာတစ္ခုပါ။

PMS က SAM electronics ရဲ႕ Control ေတြ။ DG တစ္လုံးစီရဲ႕ panel မွာ GMM-10 ဆိုတဲ့ Protection module တစ္ခုစီရွိပါတယ္။ Computer System Unit အရြယ္ေလာက္ ပုံးတစ္ခုမွာ LED display ေတြနဲ႔ပါ။ အခု Excitation Fault က အဲဒီ Unit ကေန ထြက္တာပါ။ ဒါနဲ႔ circuit ဖတ္ၾကည့္ေတာ့ input က bus bar နဲ႔ Generator ရဲ႕ voltage, freq, current ေတြကိုဘဲ ယူထားပါတယ္။


Parameter ေတြ မွန္မမွန္ သိရေအာင္ စာရြက္တစ္ရြက္မွာ တန္ဘိုးေတြ ခ်ေရးလိုက္ပါတယ္။ ၿပီေတာ့ DG 1 ရဲ႕ parameter ေတြနဲ႔ တိုက္ၾကည့္ပါတယ္။ အကုန္တူေနပါတယ္။ ဒါဆို setting နဲ႔ မဆိုင္ေတာ့ပါဘူး။ De-excitation contactor ကို contact point ေတြ တိုင္းၾကည့္ေတာ့လည္း ကပ္မေနပါဘူး။
လက္ေတြ႕ စမ္းၾကည့္မွ သိရေတာ့မွာပါ။ ဓာတ္ႀကိဳးနဲ႔ စက္ ၂ အကူအညီနဲ႔ စက္ေမာင္းၾကည့္ပါတယ္။ Voltage, frequency ၿငိမ္ပါတယ္။ 450V ေလာက္မွာပါ။ DG 4 ကို လက္ရွိ run ေနတဲ့ DG 3 နဲ႔ Parallel တြဲလိုက္ၿပီး load ကို manual နဲ႔ တစ္ျဖည္းျဖည္း တင္ပါတယ္။ 200 kW ေလာက္ ေရာက္ေတာ့ DG 4 ရဲ႕ GMM-10 မွာ Excitation Fault တက္လာပါတယ္။ ဒါနဲ႔ DG 4 ကို ျပန္ျဖဳတ္လိုက္ပါတယ္။ မျဖဳတ္ဘဲထားယင္လည္း ခဏေနယင္ ျပဳတ္က် သြားတယ္ ေျပာပါတယ္။ Run ေနတဲ့အခ်ိန္ De-excitation contactor ကိုေစာင့္ၾကည့္ေတာ့လည္း မဆြဲပါဘူး။ ဒါနဲ႔လည္း မဆိုင္ေတာ့ဘူး။


ေစာေစာက parallel run တဲ့ အခ်ိန္မွာ သတိထားမိတာ တစ္ခုက GMM 10 ေပၚမွာ kVAR က -170 kW ေလာက္ျပေနပါတယ္။ ဒီ MSB panel မွာ Power Factor meter မရွိပါဘူး။ ဒါကို ေသခ်ာ ၾကည့္ခ်င္တာနဲ႔ ဘာမွမလုပ္ဘဲ ေနာက္တစ္ခါ ထပ္ parallel ခ်ိတ္ခိုင္းပါတယ္။ ဒီတစ္ခါ DG 3 နဲ႔ DG 4 panel တံခါးေတြ ဖြင့္ၿပီး Protection Unit GMM-10 ရဲ႕ display ေတြကို ယွဥ္ၾကည့္ေနပါတယ္။ Synchro လုပ္ၿပီး load တစ္ျဖည္းျဖည္း တင္တဲ့ အခါ DG 3 ရဲ႕ kVAR က 240 kW ေလာက္ ရွိၿပီး DG 4 က -170 kW ေလာက္ရွိေနပါတယ္။ တစ္ခုက leading ျဖစ္ၿပီး တစ္ခုက lagging ျဖစ္ေနပါတယ္။ ဒါဆိုယင္ voltage မတူလို႔ေပါ့။ ျပန္ျဖဳတ္ၿပီး DG4 ရဲ႕ No load voltage ကို multimeter နဲ႔ တိုင္းလိုက္ပါတယ္။ အယင္က panel ေပၚက ဒိုင္ခြက္ကိုဘဲ ၾကည့္ေတာ့ သိပ္မကြာဘူး ထင္ရေပမဲ့ digital meter နဲ႔ တိုင္းၾကည့္ေတာ့မွ နည္းနည္း ကြာတာ သတိထားမိပါတယ္။ DG 3 က load 800 kW မွာ 450 V ေလာက္ရွိၿပီး DG4 က no load မွာ 446 V ေလာက္ရွိပါတယ္။ No load မွာေတာင္ 4V ေလာက္နည္းေနယင္ load တင္လိုက္ယင္ ပိုက်ဦးမွာပါ။ ဒီေတာ့ kVAR က negative ျပေနတာေပါ့။ ပိုဆိုးလာယင္ reverse power ဝင္မွာမို႔ protection unit က ျဖတ္ခ်တာပါ။ ဒါကို ဘာလို႔မ်ား excitation fault ဆိုတဲ့ နံမည္တပ္ၿပီး ထုတ္ေပးရတာလဲ မသိပါဘူး။ 
သေဘာေပါက္သြားေတာ့ လြယ္သြားၿပီေပါ့။ Voltage ကို 452 V ေလာက္ရေအာင္ ညႇိလိုက္ပါတယ္။ Trimmer pot ကလည္း အရမ္း sensitive ျဖစ္ေနပါတယ္။ နည္းနည္းေလး လွည့္လိုက္တာနဲ႔ အမ်ားႀကီး ေျပာင္းသြားတတ္ပါတယ္။ ညႇိၿပီးတာနဲ႔ ျပန္စမ္းပါတယ္။ ဒီတစ္ခါ DG 3 ရဲ႕ kVAR က 210 kW ေလာက္ျဖစ္ၿပီး DG 4 က 60 kW ေလာက္ျဖစ္လာပါတယ္။ Negative ေတာ့ မဟုတ္ေတာ့ဘူး။ Trimmer ေလးကို ဂ႐ုစိုက္ၿပီး နည္းနည္း တင္ေပးေတာ့ kVAR ေတြက 160 kW နဲ႔ 205 kW ေလာက္ျပေနေတာ့ ထပ္မညိႇေတာ့ပါဘူး။ ညႇိရတာ ခက္ေတာ့ လြန္သြားမွ စိုးလို႔ပါ။ ဒီေလာက္ဆိုယင္ မဆိုးပါဘူး။ Load ကို ညီတဲ့အထိ 400 kW စီေလာက္ ေမာင္းေပမဲ့ excitation fault မတက္ေတာ့ပါဘူး။ Load ညီေနတဲ့အခ်ိန္ Current လည္း ညီေနေတာ့ droop ကိုလည္း မကိုင္ေတာ့ပါဘူး။ သူတို႔ စိတ္ႀကိဳက္စမ္းၾကည့္ၿပီး အဆင္ေျပေနေတာ့ report ေရးၿပီး ျပန္ခဲ့ပါေတာ့တယ္။

[Unicode]


Container သင်္ဘောတစ်စီးမှာ PMS က Excitation fault ဆိုပြီး ပြဿနာတက်တယ် ဆိုလို့ သွားပြီးတက်ကြည့်ရပါတယ်။ သင်္ဘောပေါ်ရောက်တော့ ဖား စက်ချုပ်နဲ့ ဓာတ်ကြိုးကရှင်းပြပါတယ်။ အစက DG 4 မှာ voltage က များနေတယ်တဲ့။ 478V ရှိတယ် ပြောပါတယ်။ Operating voltage က 450V ပါ။ Voltage Trimmer နဲ့ ကြိုးစား ညှိပေမဲ့ ဘာမှမပြောင်းဘူးတဲ့။ ဒါနဲ့ DG 1 က AVR ကိုယူပြီး DG 4 မှာ တပ်လိုက်နဲ့အခါ ညှိလို့ရသွားပါတယ်။ အဲဒီနောက် voltage ပြန်ညှိပြီး စမ်းမောင်းကြည့်တော့ တစ်လုံးထဲ no load မှာ ပြဿနာ မရှိပါဘူး။ Parallel run ပြီး load တစ်ဖြည်းဖြည်း တင်ကြည့်တော့ Protection module မှာ Excitation Fault တက်လာပြီး ပြုတ်ကျသွားတယ် ဆိုပါတယ်။
ဒါနဲ့ အစဆုံး System ကို နားလည်အောင် အယင်ကြည့်ရပါတယ်။ အလုပ်လုပ်တဲ့ သဘော နားလည်တော့ အပြစ်ရှာလို့ လွယ်တာပေါ့။ DG တွေက Hyundai တွေပါ။ AVR မကောင်းယင် Voltage မြင့်နေလေ့ရှိပါတယ်။ ဒီတော့ AVR လဲလိုက်တာ မှန်တယ်ပြောရမှာပါ။ ဒါပေမဲ့ ဘာလို့ Excitation Fault တက်လာရတာလဲ။ Load တင်လိုက်တော့မှ ဆိုတော့ စဉ်းစားစရာတစ်ခုပါ။
PMS က SAM electronics ရဲ့ Control တွေ။ DG တစ်လုံးစီရဲ့ panel မှာ GMM-10 ဆိုတဲ့ Protection module တစ်ခုစီရှိပါတယ်။ Computer System Unit အရွယ်လောက် ပုံးတစ်ခုမှာ LED display တွေနဲ့ပါ။ အခု Excitation Fault က အဲဒီ Unit ကနေ ထွက်တာပါ။ ဒါနဲ့ circuit ဖတ်ကြည့်တော့ input က bus bar နဲ့ Generator ရဲ့ voltage, freq, current တွေကိုဘဲ ယူထားပါတယ်။ Parameter တွေ မှန်မမှန် သိရအောင် စာရွက်တစ်ရွက်မှာ တန်ဘိုးတွေ ချရေးလိုက်ပါတယ်။ ပြီတော့ DG 1 ရဲ့ parameter တွေနဲ့ တိုက်ကြည့်ပါတယ်။ အကုန်တူနေပါတယ်။ ဒါဆို setting နဲ့ မဆိုင်တော့ပါဘူး။ De-excitation contactor ကို contact point တွေ တိုင်းကြည့်တော့လည်း ကပ်မနေပါဘူး။
လက်တွေ့ စမ်းကြည့်မှ သိရတော့မှာပါ။ ဓာတ်ကြိုးနဲ့ စက် ၂ အကူအညီနဲ့ စက်မောင်းကြည့်ပါတယ်။ Voltage, frequency ငြိမ်ပါတယ်။ 450V လောက်မှာပါ။ DG 4 ကို လက်ရှိ run နေတဲ့ DG 3 နဲ့ Parallel တွဲလိုက်ပြီး load ကို manual နဲ့ တစ်ဖြည်းဖြည်း တင်ပါတယ်။ 200 kW လောက် ရောက်တော့ DG 4 ရဲ့ GMM-10 မှာ Excitation Fault တက်လာပါတယ်။ ဒါနဲ့ DG 4 ကို ပြန်ဖြုတ်လိုက်ပါတယ်။ မဖြုတ်ဘဲထားယင်လည်း ခဏနေယင် ပြုတ်ကျ သွားတယ် ပြောပါတယ်။ Run နေတဲ့အချိန် De-excitation contactor ကိုစောင့်ကြည့်တော့လည်း မဆွဲပါဘူး။ ဒါနဲ့လည်း မဆိုင်တော့ဘူး။
စောစောက parallel run တဲ့ အချိန်မှာ သတိထားမိတာ တစ်ခုက GMM 10 ပေါ်မှာ kVAR က -170 kW လောက်ပြနေပါတယ်။ ဒီ MSB panel မှာ Power Factor meter မရှိပါဘူး။ ဒါကို သေချာ ကြည့်ချင်တာနဲ့ ဘာမှမလုပ်ဘဲ နောက်တစ်ခါ ထပ် parallel ချိတ်ခိုင်းပါတယ်။ ဒီတစ်ခါ DG 3 နဲ့ DG 4 panel တံခါးတွေ ဖွင့်ပြီး Protection Unit GMM-10 ရဲ့ display တွေကို ယှဉ်ကြည့်နေပါတယ်။ Synchro လုပ်ပြီး load တစ်ဖြည်းဖြည်း တင်တဲ့ အခါ DG 3 ရဲ့ kVAR က 240 kW လောက် ရှိပြီး DG 4 က -170 kW လောက်ရှိနေပါတယ်။ တစ်ခုက leading ဖြစ်ပြီး တစ်ခုက lagging ဖြစ်နေပါတယ်။ ဒါဆိုယင် voltage မတူလို့ပေါ့။ ပြန်ဖြုတ်ပြီး DG4 ရဲ့ No load voltage ကို multimeter နဲ့ တိုင်းလိုက်ပါတယ်။ အယင်က panel ပေါ်က ဒိုင်ခွက်ကိုဘဲ ကြည့်တော့ သိပ်မကွာဘူး ထင်ရပေမဲ့ digital meter နဲ့ တိုင်းကြည့်တော့မှ နည်းနည်း ကွာတာ သတိထားမိပါတယ်။ DG 3 က load 800 kW မှာ 450 V လောက်ရှိပြီး DG4 က no load မှာ 446 V လောက်ရှိပါတယ်။ No load မှာတောင် 4V လောက်နည်းနေယင် load တင်လိုက်ယင် ပိုကျဦးမှာပါ။ ဒီတော့ kVAR က negative ပြနေတာပေါ့။ ပိုဆိုးလာယင် reverse power ဝင်မှာမို့ protection unit က ဖြတ်ချတာပါ။ ဒါကို ဘာလို့များ excitation fault ဆိုတဲ့ နံမည်တပ်ပြီး ထုတ်ပေးရတာလဲ မသိပါဘူး။ 
သဘောပေါက်သွားတော့ လွယ်သွားပြီပေါ့။ Voltage ကို 452 V လောက်ရအောင် ညှိလိုက်ပါတယ်။ Trimmer pot ကလည်း အရမ်း sensitive ဖြစ်နေပါတယ်။ နည်းနည်းလေး လှည့်လိုက်တာနဲ့ အများကြီး ပြောင်းသွားတတ်ပါတယ်။ ညှိပြီးတာနဲ့ ပြန်စမ်းပါတယ်။ ဒီတစ်ခါ DG 3 ရဲ့ kVAR က 210 kW လောက်ဖြစ်ပြီး DG 4 က 60 kW လောက်ဖြစ်လာပါတယ်။ Negative တော့ မဟုတ်တော့ဘူး။ Trimmer လေးကို ဂရုစိုက်ပြီး နည်းနည်း တင်ပေးတော့ kVAR တွေက 160 kW နဲ့ 205 kW လောက်ပြနေတော့ ထပ်မညှိတော့ပါဘူး။ ညှိရတာ ခက်တော့ လွန်သွားမှ စိုးလို့ပါ။ ဒီလောက်ဆိုယင် မဆိုးပါဘူး။ Load ကို ညီတဲ့အထိ 400 kW စီလောက် မောင်းပေမဲ့ excitation fault မတက်တော့ပါဘူး။ Load ညီနေတဲ့အချိန် Current လည်း ညီနေတော့ droop ကိုလည်း မကိုင်တော့ပါဘူး။ သူတို့ စိတ်ကြိုက်စမ်းကြည့်ပြီး အဆင်ပြေနေတော့ report ရေးပြီး ပြန်ခဲ့ပါတော့တယ်။

No comments:

Post a Comment