Thursday, 31 May 2018

Sensors and Transducers (4) - Speed Transducers


Speed ကိုတိုင္းတဲ့အခါမွာ အေျခခံကေတာ့ အပတ္ေရ (Revolution per minute -RPM) ကို တိုင္းေလ့ရွိပါတယ္။ အပတ္ေရကေနတစ္ဆင့္ တြက္ထုတ္ၿပီးမွ ေရြ႕လ်ားႏိုင္တဲ့ ယဥ္ေတြဆိုယင္ Km/hr တို႔ Mile/hr တို႔ ျပန္ေျပာင္းထုတ္ေပးမွာပါ။ အပတ္ေရ တိုင္းတဲ့ နည္းအမ်ဳိးမ်ိဳးရွိပါတယ္။ အသုံးမ်ားတဲ့ speed transducer ေတြကို  ေအာက္မွာ ခြဲျပထားပါတယ္။ ေရွ႕က Proximity Sensor ေတြအေၾကာင္း ေသခ်ာဖတ္ခဲ့မယ္ဆိုယင္ ဒီမွာ ျပန္သုံးထားတာ ေတြ႕ရပါလိမ့္မယ္။ 

(က) Optical Encoder
တိုင္းခ်င္တဲ့ အင္ဂ်င္နဲ႔ ဆက္ထားတဲ့ ဘီးတစ္ခုခုမွာ အေပါက္ ဒါမွမဟုတ္ ၾကားေလးေတြပါယင္ အလင္းသုံးတဲ့ Proximity Sensor တစ္မ်ဳိးမ်ဳိး ( Through Beam / Retro-reflective) သုံးၿပီး တိုင္းပါတယ္။ On/Off signal ေတြ ဆက္တိုက္ထြက္ေနတာကို pulse counter နဲ႔ ဖတ္ယူတဲ့ နည္းပါ။ နမူနာၾကည့္ခ်င္ယင္ Ball Type Computer mouse အေဟာင္းေတြကို ဖြင့္ၾကည့္ယင္ ေတြ႕ရပါလိမ့္မယ္။ ဖတ္လို႔ရတဲ့ Pulse အေရအတြက္ကို RPM ျပန္ေျပာင္းၿပီး Analog signal ထုတ္ေပးမွာပါ။ 
Portable techometer တစ္ခ်ဳိ႕မွာလည္း ဒီနည္း နဲ႔သုံးတာရွိပါတယ္။ လည္ေနတဲ့ Shaft ဒါမွမဟုတ္ wheel ကို reflector sticker ေလးတစ္ခု ကပ္ထားၿပီး retro-reflective နည္းနဲ႔ တိုင္းပါတယ္။ ဒီမွာေတာ့ တစ္ပတ္မွာ pulse တစ္ႀကိမ္ဘဲ ထြက္မွာဆိုေတာ့ pulse အေရအတြက္ဟာ RPM ပါဘဲ။


(ခ) Magnetic Pickup
Fly wheel ဒါမွမဟုတ္ လည္ေနတဲ့ ေခြးသြားစိတ္ အနားမွာ Inductive Proximity Sensor (Magnetic Pickup) ထားၿပီး သတၱဳပစၥည္း ရွိတာနဲ႔ မရွိတာကို On/ Off pulse ေတြကေန တိုင္းယူပါတယ္။ Pulse အေရအတြက္ကို တစ္ပတ္မွာရွိတဲ့ ေခြးသြားစိတ္ အေရအတြက္နဲ႔ စားလိုက္ယင္ အပတ္ေရ ရမွာပါ။ အဲဒီကေန တြက္ထုတ္ၿပီး RPM တန္ဘိုး analog signal ထုတ္ေပးပါတယ္။ မ်ားေသာအားျဖင့္ Engine rpm တိုင္းတဲ့ ေနရာေတြမွာ သုံးပါတယ္။
Sensor ေကာင္းမေကာင္း သိခ်င္ယင္ေတာ့ စက္လည္ေနတုန္းမွာ Signal နဲ႔ (-) ၾကားထဲမွာ AC frequency တိုင္းၾကည့္ယင္ Hz တန္ဘိုးတစ္ခုထြက္ရပါမယ္။ Engine speed အတင္အခ်လုပ္ၾကည့္လို႔ frequency တန္ဘိုး ေျပာင္းယင္ Sensor ေကာင္းပါတယ္။

(ဂ) Tachometer/ Tachogenerator
Tachometer (သို႔) Tachogenerator ကို gear နဲ႔ခ်ိတ္ၿပီး စက္လည္တဲ့အခါ လိုက္လည္ေစပါတယ္။ Tachometer မွာ AC နဲ႔ DC ႏွစ္မ်ဳိးရွိပါတယ္။ 
- AC အမ်ဳိးအစား ရဲ႕ output signal က frequency  ျဖစ္ၿပီး လည္တဲ့ အပတ္ေရ အနည္းအမ်ားအလိုက္ frequency အနည္း အမ်ား ေျပာင္းပါတယ္။ 
- DC အမ်ဳိးအစားမွာေတာ့ output signal က Voltage ပါ။ လည္တဲ့ အပတ္ေရ အနည္းအမ်ားေပၚ မူတည္ၿပီး voltage ေျပာင္းပါတယ္။
တစ္ခ်ဳိ႕ ေမာ္တာေတြမွာ build-in tachogenerator ထည့္ထားၿပီး ေမာ္တာ အပတ္ေရကို feedback ျပန္ေပးတာမ်ဳိးလည္း ရွိပါတယ္။ 

(ဃ) Radar Doppler 
ဒီဟာကေတာ့ အပတ္ေရ (RPM) ကို တိုင္းတာ မဟုတ္ပါဘူး။ အလ်ားလိုက္ ေရြ႕လ်ားမႈ (linear motion) ကိုတိုင္းပါတယ္။ Radar signal ထုတ္ၿပီး echo signal ကို ျပန္ဖမ္းပါတယ္။ အရာဝတၳဳတစ္ခုရဲ႕ မူလတည္ေနရာနဲ႔ ေနာက္တစ္ခါ ေတြ႕ရတဲ့ ေနရာ ကြာျခားခ်က္ေပၚမူတည္ၿပီး speed ကို တြက္ထုတ္ေပးတာပါ။ လမ္းျပပုလိပ္ေတြ ကိုင္တဲ့ ကား overspeed ဖမ္းတဲ့ ပစၥည္းေတြ၊ speed camera ေတြက ဒီအမ်ဳိးအစားပါ။
ေနာက္ပိုင္း တိုးတက္လာတဲ့ ယာဥ္အျမန္နႈံး တိုင္းတဲ့ စံနစ္မွာေတာ့ image processing နဲ႔ Computer သုံးၿပီး တိုင္းတာေတြ ရွိပါတယ္။

(င) Electromagnetic Speed Log
ဒီနည္းကိုေတာ့ သေဘၤာေတြမွာ သုံးေလ့ရွိပါတယ္။ Sensor ထိပ္မွာ Electromagnetic field တစ္ခု ထုတ္လႊင့္ထားၿပီး အဲဒီ field ထဲမွာ conductor တစ္ခု (ဒီမွာေတာ့ ေရ ေပါ့) ျဖတ္သြားယင္ induced voltage တစ္ခု ထြက္ပါတယ္။ ျဖတ္သြားတဲ့ ေရရဲ႕ အျမန္နႈံးေပၚမူတည္ၿပီး voltage ေျပာင္းလဲသြားတာကို အေျခခံၿပီး တိုင္းပါတယ္။ ဒါလည္း linear motion ကိုတိုင္းတာပါဘဲ။

အခုေျပာခဲ့တဲ့ speed transducer ေတြက analog signal အေနနဲ႔ တန္ဘိုး တစ္ခု ထုတ္ေပးေနပါတယ္။ အဲဒါကိုမွ speed relay ဒါမွမဟုတ္ controller သုံးၿပီး သတ္မွတ္ထားတဲ့ speed မွာ Digital signal output ထုတ္ေပးပါတယ္။ Engine run signal တို႔ overspeed signal တို႔ကို အဲဒီက ထုတ္ေပးပါတယ္။
ဒီေလာက္ဆိုယင္ Speed Sensor အေၾကာင္း အၾကမ္းဖ်င္း ရေလာက္ပါၿပီ။

[Unicode]

Speed ကိုတိုင်းတဲ့အခါမှာ အခြေခံကတော့ အပတ်ရေ (Revolution per minute -RPM) ကို တိုင်းလေ့ရှိပါတယ်။ အပတ်ရေကနေတစ်ဆင့် တွက်ထုတ်ပြီးမှ ရွေ့လျားနိုင်တဲ့ ယဉ်တွေဆိုယင် Km/hr တို့ Mile/hr တို့ ပြန်ပြောင်းထုတ်ပေးမှာပါ။ အပတ်ရေ တိုင်းတဲ့ နည်းအမျိုးမျိုးရှိပါတယ်။ အသုံးများတဲ့ speed transducer တွေကို  အောက်မှာ ခွဲပြထားပါတယ်။ ရှေ့က Proximity Sensor တွေအကြောင်း သေချာဖတ်ခဲ့မယ်ဆိုယင် ဒီမှာ ပြန်သုံးထားတာ တွေ့ရပါလိမ့်မယ်။ 

(က) Optical Encoder
တိုင်းချင်တဲ့ အင်ဂျင်နဲ့ ဆက်ထားတဲ့ ဘီးတစ်ခုခုမှာ အပေါက် ဒါမှမဟုတ် ကြားလေးတွေပါယင် အလင်းသုံးတဲ့ Proximity Sensor တစ်မျိုးမျိုး ( Through Beam / Retro-reflective) သုံးပြီး တိုင်းပါတယ်။ On/Off signal တွေ ဆက်တိုက်ထွက်နေတာကို pulse counter နဲ့ ဖတ်ယူတဲ့ နည်းပါ။ နမူနာကြည့်ချင်ယင် Ball Type Computer mouse အဟောင်းတွေကို ဖွင့်ကြည့်ယင် တွေ့ရပါလိမ့်မယ်။ ဖတ်လို့ရတဲ့ Pulse အရေအတွက်ကို RPM ပြန်ပြောင်းပြီး Analog signal ထုတ်ပေးမှာပါ။ 
Portable techometer တစ်ချို့မှာလည်း ဒီနည်း နဲ့သုံးတာရှိပါတယ်။ လည်နေတဲ့ Shaft ဒါမှမဟုတ် wheel ကို reflector sticker လေးတစ်ခု ကပ်ထားပြီး retro-reflective နည်းနဲ့ တိုင်းပါတယ်။ ဒီမှာတော့ တစ်ပတ်မှာ pulse တစ်ကြိမ်ဘဲ ထွက်မှာဆိုတော့ pulse အရေအတွက်ဟာ RPM ပါဘဲ။

(ခ) Magnetic Pickup
Fly wheel ဒါမှမဟုတ် လည်နေတဲ့ ခွေးသွားစိတ် အနားမှာ Inductive Proximity Sensor (Magnetic Pickup) ထားပြီး သတ္တုပစ္စည်း ရှိတာနဲ့ မရှိတာကို On/ Off pulse တွေကနေ တိုင်းယူပါတယ်။ Pulse အရေအတွက်ကို တစ်ပတ်မှာရှိတဲ့ ခွေးသွားစိတ် အရေအတွက်နဲ့ စားလိုက်ယင် အပတ်ရေ ရမှာပါ။ အဲဒီကနေ တွက်ထုတ်ပြီး RPM တန်ဘိုး analog signal ထုတ်ပေးပါတယ်။ များသောအားဖြင့် Engine rpm တိုင်းတဲ့ နေရာတွေမှာ သုံးပါတယ်။
Sensor ကောင်းမကောင်း သိချင်ယင်တော့ စက်လည်နေတုန်းမှာ Signal နဲ့ (-) ကြားထဲမှာ AC frequency တိုင်းကြည့်ယင် Hz တန်ဘိုးတစ်ခုထွက်ရပါမယ်။ Engine speed အတင်အချလုပ်ကြည့်လို့ frequency တန်ဘိုး ပြောင်းယင် Sensor ကောင်းပါတယ်။

(ဂ) Tachometer/ Tachogenerator
Tachometer (သို့) Tachogenerator ကို gear နဲ့ချိတ်ပြီး စက်လည်တဲ့အခါ လိုက်လည်စေပါတယ်။ Tachometer မှာ AC နဲ့ DC နှစ်မျိုးရှိပါတယ်။ 
- AC အမျိုးအစား ရဲ့ output signal က frequency  ဖြစ်ပြီး လည်တဲ့ အပတ်ရေ အနည်းအများအလိုက် frequency အနည်း အများ ပြောင်းပါတယ်။ 
- DC အမျိုးအစားမှာတော့ output signal က Voltage ပါ။ လည်တဲ့ အပတ်ရေ အနည်းအများပေါ် မူတည်ပြီး voltage ပြောင်းပါတယ်။
တစ်ချို့ မော်တာတွေမှာ build-in tachogenerator ထည့်ထားပြီး မော်တာ အပတ်ရေကို feedback ပြန်ပေးတာမျိုးလည်း ရှိပါတယ်။ 

(ဃ) Radar Doppler 
ဒီဟာကတော့ အပတ်ရေ (RPM) ကို တိုင်းတာ မဟုတ်ပါဘူး။ အလျားလိုက် ရွေ့လျားမှု (linear motion) ကိုတိုင်းပါတယ်။ Radar signal ထုတ်ပြီး echo signal ကို ပြန်ဖမ်းပါတယ်။ အရာဝတ္ထုတစ်ခုရဲ့ မူလတည်နေရာနဲ့ နောက်တစ်ခါ တွေ့ရတဲ့ နေရာ ကွာခြားချက်ပေါ်မူတည်ပြီး speed ကို တွက်ထုတ်ပေးတာပါ။ လမ်းပြပုလိပ်တွေ ကိုင်တဲ့ ကား overspeed ဖမ်းတဲ့ ပစ္စည်းတွေ၊ speed camera တွေက ဒီအမျိုးအစားပါ။
နောက်ပိုင်း တိုးတက်လာတဲ့ ယာဉ်အမြန်နှုံး တိုင်းတဲ့ စံနစ်မှာတော့ image processing နဲ့ Computer သုံးပြီး တိုင်းတာတွေ ရှိပါတယ်။

(င) Electromagnetic Speed Log
ဒီနည်းကိုတော့ သင်္ဘောတွေမှာ သုံးလေ့ရှိပါတယ်။ Sensor ထိပ်မှာ Electromagnetic field တစ်ခု ထုတ်လွှင့်ထားပြီး အဲဒီ field ထဲမှာ conductor တစ်ခု (ဒီမှာတော့ ရေ ပေါ့) ဖြတ်သွားယင် induced voltage တစ်ခု ထွက်ပါတယ်။ ဖြတ်သွားတဲ့ ရေရဲ့ အမြန်နှုံးပေါ်မူတည်ပြီး voltage ပြောင်းလဲသွားတာကို အခြေခံပြီး တိုင်းပါတယ်။ ဒါလည်း linear motion ကိုတိုင်းတာပါဘဲ။

အခုပြောခဲ့တဲ့ speed transducer တွေက analog signal အနေနဲ့ တန်ဘိုး တစ်ခု ထုတ်ပေးနေပါတယ်။ အဲဒါကိုမှ speed relay ဒါမှမဟုတ် controller သုံးပြီး သတ်မှတ်ထားတဲ့ speed မှာ Digital signal output ထုတ်ပေးပါတယ်။ Engine run signal တို့ overspeed signal တို့ကို အဲဒီက ထုတ်ပေးပါတယ်။
ဒီလောက်ဆိုယင် Speed Sensor အကြောင်း အကြမ်းဖျင်း ရလောက်ပါပြီ။

Tuesday, 29 May 2018

Miscellaneous Equipments (1) - Sea Water Pump Star-Delta Problem

[Zawgyi]

DP သေဘၤာတစ္စီး Dock ဝင္ေတာ့ Commissioning သြားလုပ္ေပးခဲ့ရပါတယ္။ ထုံးစံအတိုင္း Super ရဲ႕ စာရင္းထဲကအတိုင္း တစ္ခုၿပီးတစ္ခု လိုက္စစ္ၾကတာေပါ့။ ျပႆနာ မရွိသမွ် ေအးေဆးပါ။ လုပ္လို႔ရသေလာက္ လိုက္စစ္ၾကတာေပါ့။ တစ္ျခားဟာေတြေတာ့ မေျပာေတာ့ပါဘူး။ Star-Delta Starter ရဲ႕ မ႐ိုးႏိုင္တဲ့ ဇာတ္လမ္း ႐ိုး႐ိုးေလးကို ေျပာျပပါဦးမယ္။

Sea Water Pump ကို စမ္းၾကမယ္ေျပာေတာ့ ေရွ႕က Megger test လုပ္ၿပီးသား၊ Power ကလည္း Starter အထိေရာက္ၿပီးသား၊ (termination) ႀကိဳးကလည္းဆက္ၿပီးသားဆိုေတာ့ တစ္ကယ္ ေမာ္တာလွည့္ၿပီး စမ္းဖို႔ က်န္ပါေတာ့တယ္။
စကားမစပ္ ဒီ Pump ႏွစ္လုံးက ႀကိဳးအသစ္ ဆြဲထားတာပါ။ Pump ကေတာ့ အယင္ သုံးလက္စပါဘဲ။ Starter က ECR ထဲက MSB Panel ေပၚမွာပါ။ Pump ႏွစ္လုံးက Starboard ME ရဲ႕ ေဘးဘက္မွာ Pump 1 နဲ႔ Pump 2 ဆိုၿပီး ႏွစ္လုံး ေရွ႕ေနာက္ ရွိပါတယ္။ ႀကိဳးအသစ္က MSB ေနာက္က terminal နဲ႔ Pump ၾကားမွာ ဆြဲထားတာပါ။
ဒါနဲ႔ အစဆုံး  valve ေတြ အဖြင့္အပိတ္ စစ္ခိုင္းၿပီး စလည္ဖို႔ လုပ္ပါတယ္။ Walkie Talkie နဲ႔ တစ္ေယာက္က starter မွာေန တစ္ေယာက္က Pump နားမွာ ေနပါတယ္။ Start တစ္ခ်က္နွိပ္ၿပီး ခ်က္ခ်င္း stop လုပ္၊ လည္တဲ့ direction ၾကည့္ပါတယ္။ မွန္ေနပါတယ္။ ဒါနဲ႔ အဆင္ေျပတယ္ဆိုၿပီး စလိုက္ပါတယ္။ Star စလည္ၿပီး Timer က 10 sec ေလာက္ timer ျပည့္ေတာ့ Delta ေျပာင္းပါတယ္။ အဲဒီမွာ Pump ထဲက ဆူဆူညံညံ အသံေတြၾကားရပါတယ္။ Current ျပတဲ့ dial ခြက္မွာ ျမားတံ(pointer) က ထိုးတက္သြားပါတယ္။ ဒါနဲ႔ ခ်က္ခ်င္း ရပ္လိုက္ပါတယ္။
အမွန္ကေတာ့ Commissioning လုပ္တယ္ ဆိုေပမဲ့ ေရွ႕က ႀကိဳးလဲၿပီး termination လုပ္သြားတဲ့သူေတြကလည္း ကိုယ့္ အဖြဲ႕ထဲက လုပ္သြားတာဆိုေတာ့ ကူၿပီး ေျဖရွင္းေပးရမွာပါဘဲ။
စဥ္းစားၾကည့္ေတာ့ Star လည္တဲ့အခ်ိန္မွာ ေခ်ာေခ်ာေမြ႕ေမြ႕နဲ႔ direction မွန္မွန္လည္ေနတယ္။ Delta ေျပာင္းလိုက္မွျဖစ္တယ္ဆိုေတာ့ mechanical jam ျဖစ္တာ တစ္ခုခု ညိတာျဖစ္ႏိုင္ေခ် နည္းသြားပါၿပီ။ Delta မွာ direction မွားေနတာမ်ားလား သံသယ ျဖစ္မိပါတယ္။ ဒီေတာ့ တစ္ေယာက္ကို pump ေနရာမွာ rotation direction ေစာင့္ၾကည့္ခိုင္းထားပါတယ္။ ကၽြန္ေတာ္က starter panel မွာ သြားၿပီး main MC နဲ႔ delta MC ႏွစ္ခု တစ္ၿပိဳင္နက္ထဲ screw driver နဲ႔ တစ္ခ်က္ေလး ေထာက္ေပးလိုက္ပါတယ္။ လွမ္းေမးၾကည့္ေတာ့ pump က တစ္ခ်က္လည္သြားတယ္။ ဒါေပမဲ့ direction က ေျပာင္းျပန္လည္တယ္တဲ့။ Star အရွိန္နဲ႔လည္ေနခ်ိန္ ႐ုတ္တရက္ ေျပာင္းျပန္လည္ခိုင္းေတာ့ inertia နဲ႔ Magnetic force ရန္ျဖစ္ၾကၿပီး ျပႆနာတက္တဲ့ သေဘာပါ။
ဒီေတာ့ Delta MC ကထြက္တဲ့ ႀကိဳးႏွစ္ေခ်ာင္းျဖစ္တဲ့ V2 နဲ႔ W2 ကို terminal မွာေျပာင္းျပန္ေရႊ႕ ဆက္ခိုင္းလိုက္ပါတယ္။ ျပန္စမ္းေတာ့ Direction မွန္သြားပါၿပီ။ Pump မွာလည္း ေခ်ာေခ်ာေမြ႕ေမြ႕နဲ႔ အသံမဆူဘဲ လည္ပါတယ္။ Current ကလည္း ပုံမွန္ေလာက္ဘဲ တက္ပါေတာ့တယ္။ အဆင္ေျပသြားၿပီေပါ့။

ေနာက္ Pump 2 ကို စမ္းၾကည့္ေတာ့လည္း ျပႆနာ ထပ္တက္ပါတယ္။ ဒီတစ္ခါက်ေတာ့ Star မွာ ေခ်ာေခ်ာေမြ႕ေမြ႕ လည္ၿပီး Delta မွာ လုံးဝ ရပ္သြားပါတယ္။ MC နဲ႔ သူ႔ contact ေတြစစ္ၾကည့္ေတာ့ ေကာင္းပါတယ္။ ႀကိဳးမွား ဆက္တာလို႔ဘဲ ထင္ပါတယ္။ ဒါနဲ႔  switchboard terminal မွာ U1-U2, V1-V2, W1-W2 တစ္စုံစီ တိုင္းၾကည့္ပါတယ္။ ၃ စုံလုံမွာ Winding resistance ေတြ ျပပါတယ္။ အတူတူပါဘဲ။ ဒါဆိုယင္ေတာ့ delta ေျပာင္းယင္ တစ္ဘက္ဘက္ကို လည္ရမွာပါ။ မလည္ဘူးဆိုေတာ့ တစ္ခုခု မွားေနၿပီ။ ဒါနဲ႔ Pump ဘက္ အထြက္ ႀကိဳး ၆ ေခ်ာင္းလုံး ျဖဳတ္လိုက္ပါတယ္။ ၿပီးေတာ့ starter ကေန စလိုက္ပါတယ္။ Delta ေျပာင္းၿပီး သြားေတာ့ Terminal မွာ voltage တိုင္းၾကည့္ပါတယ္။
U1-V1, V1-W1, W1-U1 သုံးစုံလုံး 400V ရွိပါတယ္။ Main MC အထြက္ voltage ရွိတယ္ေပါ့။
U2-V2, V2-W2, W2-U2 သုံးစုံလုံး 400V ရွိပါတယ္။ Delta MC အထြက္လည္း voltage ရွိတယ္ဆိုေတာ့ MC ေတြကို သံသယ မရွိေတာ့ပါဘူး။
U1-U2, V1-V2, W1-W2 သုံးစုံလုံး 0V ျဖစ္ေနပါတယ္။
ေသပါေတာ့။ ကိုယ္က အသစ္လဲတဲ့ ႀကိဳးနဲ႔ ေမာ္တာ Connection ကို အာ႐ုံစိုက္ေနတာ။ ျဖစ္ခ်င္ေတာ့ starter ဘက္က မွားေနတယ္။ Delta MC အထြက္ကို Main နဲ႔ phase မေျပာင္းဘဲ အၿပိဳင္ဆက္ထားတာကိုး။ ဒါနဲ႔ U2, V2, W2 အဝင္ႀကိဳး ၃ ေခ်ာင္းကို ေရႊ႕ၿပီးဆက္လိုက္ပါတယ္။ ေသခ်ာေအာင္ ေမာ္တာႀကိဳးမဆက္ခင္ starter ျပန္စ၊ Delta ေျပာင္းၿပီးတဲ့အခ်ိန္ terminal မွာ ျပန္တိုင္းၾကည့္ပါတယ္။
U1-U2, V1-V2, W1-W2 သုံးစုံလုံး 400V ျပေနပါၿပီ။ ဒါဆိုယင္ေတာ့ Delta အဆင့္မွာ မရပ္ေတာ့မွာ ေသခ်ာသြားပါၿပီ။ ဒါေပမဲ့ အယင္တစ္လုံးလို ေျပာင္းျပန္လည္ႏိုင္တဲ့ risk ေတာ့ရွိပါေသးတယ္။
ေမာ္တာႀကိဳးေတြျပန္တပ္ၿပီး ျပန္စမ္းၾကည့္ေတာ့ အဆင္ေျပသြားပါၿပီ။ လည္တဲ့ direction လည္းမွန္ပါတယ္။ Current လည္း ပုံမွန္ျပပါတယ္။ Star-delta starter နဲ႔ ၾကဳံခဲ့ဖူးတဲ့ ျပႆနာေလးကို သတိထားမိႏိုင္ေအာင္ ျပန္ေျပာျပလိုက္တာပါ။


ၾကဳံုလို႔ ညီေလးတစ္ေယာက္ ေမးဖူးတဲ့ ေမးခြန္းေလးတစ္ခု ျပန္ေျပာျပပါဦးမယ္။ Star ကေန Delta အေျပာင္း timer ကို ဘယ္ေလာက္ ထားရမလဲ တဲ့။
ေမာ္တာ၊ pump ေတြ တစ္ခုနဲ႔ တစ္ခု load မတူတဲ့ အတြက္ setting မတူႏိုင္ပါဘူး။ အမ်ားစုကေတာ့ 10 - 15 စကၠန္႔ေလာက္မွာ ရွိပါတယ္။ Timer အခ်ိန္ set လုပ္ခ်င္ယင္ current ကို ျပတဲ့ Ameter Starter မွာ ရွိယင္ရွိ၊ မရွိယင္ clamp meter နဲ႔ current တိုင္းဖို႔ ျပင္ထားရပါမယ္။ Timer ကို ၂၀ စကၠန္႔ေလာက္ ၾကာၾကာထားပါ။ တစ္ကယ္သုံးမယ့္ load အတိုင္း ေမာ္တာကို စလည္ၿပီး Star အခ်ိန္မွာ current ကို ေစာင့္ၾကည့္ပါ။ စတဲ့ အခ်ိန္ကိုလည္းမွတ္ထားပါ။ စလည္တဲ့အခ်ိန္ inrush current လို႔ ေခၚတဲ့ transient current ေၾကာင့္ စစခ်င္း တက္သြားၿပီး ေမာ္တာ လည္တဲ့ အရွိန္ရသြားေတာ့ current က ၿငိမ္သြားပါလိမ့္မယ္။ စတဲ့အခ်ိန္ နဲ႔ current ၿငိမ္သြားတာနဲ႔ ၾကား ၾကာတဲ့အခ်ိန္ကို timer မွာ set လုပ္ရပါတယ္။


[Unicode]

DP သင်္ဘောတစ်စီး Dock ဝင်တော့ Commissioning သွားလုပ်ပေးခဲ့ရပါတယ်။ ထုံးစံအတိုင်း Super ရဲ့ စာရင်းထဲကအတိုင်း တစ်ခုပြီးတစ်ခု လိုက်စစ်ကြတာပေါ့။ ပြဿနာ မရှိသမျှ အေးဆေးပါ။ လုပ်လို့ရသလောက် လိုက်စစ်ကြတာပေါ့။ တစ်ခြားဟာတွေတော့ မပြောတော့ပါဘူး။ Star-Delta Starter ရဲ့ မရိုးနိုင်တဲ့ ဇာတ်လမ်း ရိုးရိုးလေးကို ပြောပြပါဦးမယ်။

Sea Water Pump ကို စမ်းကြမယ်ပြောတော့ ရှေ့က Megger test လုပ်ပြီးသား၊ Power ကလည်း Starter အထိရောက်ပြီးသား၊ (termination) ကြိုးကလည်းဆက်ပြီးသားဆိုတော့ တစ်ကယ် မော်တာလှည့်ပြီး စမ်းဖို့ ကျန်ပါတော့တယ်။
စကားမစပ် ဒီ Pump နှစ်လုံးက ကြိုးအသစ် ဆွဲထားတာပါ။ Pump ကတော့ အယင် သုံးလက်စပါဘဲ။ Starter က ECR ထဲက MSB Panel ပေါ်မှာပါ။ Pump နှစ်လုံးက Starboard ME ရဲ့ ဘေးဘက်မှာ Pump 1 နဲ့ Pump 2 ဆိုပြီး နှစ်လုံး ရှေ့နောက် ရှိပါတယ်။ ကြိုးအသစ်က MSB နောက်က terminal နဲ့ Pump ကြားမှာ ဆွဲထားတာပါ။
ဒါနဲ့ အစဆုံး  valve တွေ အဖွင့်အပိတ် စစ်ခိုင်းပြီး စလည်ဖို့ လုပ်ပါတယ်။ Walkie Talkie နဲ့ တစ်ယောက်က starter မှာနေ တစ်ယောက်က Pump နားမှာ နေပါတယ်။ Start တစ်ချက်နှိပ်ပြီး ချက်ချင်း stop လုပ်၊ လည်တဲ့ direction ကြည့်ပါတယ်။ မှန်နေပါတယ်။ ဒါနဲ့ အဆင်ပြေတယ်ဆိုပြီး စလိုက်ပါတယ်။ Star စလည်ပြီး Timer က 10 sec လောက် timer ပြည့်တော့ Delta ပြောင်းပါတယ်။ အဲဒီမှာ Pump ထဲက ဆူဆူညံညံ အသံတွေကြားရပါတယ်။ Current ပြတဲ့ dial ခွက်မှာ မြားတံ(pointer) က ထိုးတက်သွားပါတယ်။ ဒါနဲ့ ချက်ချင်း ရပ်လိုက်ပါတယ်။
အမှန်ကတော့ Commissioning လုပ်တယ် ဆိုပေမဲ့ ရှေ့က ကြိုးလဲပြီး termination လုပ်သွားတဲ့သူတွေကလည်း ကိုယ့် အဖွဲ့ထဲက လုပ်သွားတာဆိုတော့ ကူပြီး ဖြေရှင်းပေးရမှာပါဘဲ။
စဉ်းစားကြည့်တော့ Star လည်တဲ့အချိန်မှာ ချောချောမွေ့မွေ့နဲ့ direction မှန်မှန်လည်နေတယ်။ Delta ပြောင်းလိုက်မှဖြစ်တယ်ဆိုတော့ mechanical jam ဖြစ်တာ တစ်ခုခု ညိတာဖြစ်နိုင်ချေ နည်းသွားပါပြီ။ Delta မှာ direction မှားနေတာများလား သံသယ ဖြစ်မိပါတယ်။ ဒီတော့ တစ်ယောက်ကို pump နေရာမှာ rotation direction စောင့်ကြည့်ခိုင်းထားပါတယ်။ ကျွန်တော်က starter panel မှာ သွားပြီး main MC နဲ့ delta MC နှစ်ခု တစ်ပြိုင်နက်ထဲ screw driver နဲ့ တစ်ချက်လေး ထောက်ပေးလိုက်ပါတယ်။ လှမ်းမေးကြည့်တော့ pump က တစ်ချက်လည်သွားတယ်။ ဒါပေမဲ့ direction က ပြောင်းပြန်လည်တယ်တဲ့။ Star အရှိန်နဲ့လည်နေချိန် ရုတ်တရက် ပြောင်းပြန်လည်ခိုင်းတော့ inertia နဲ့ Magnetic force ရန်ဖြစ်ကြပြီး ပြဿနာတက်တဲ့ သဘောပါ။
ဒီတော့ Delta MC ကထွက်တဲ့ ကြိုးနှစ်ချောင်းဖြစ်တဲ့ V2 နဲ့ W2 ကို terminal မှာပြောင်းပြန်ရွှေ့ ဆက်ခိုင်းလိုက်ပါတယ်။ ပြန်စမ်းတော့ Direction မှန်သွားပါပြီ။ Pump မှာလည်း ချောချောမွေ့မွေ့နဲ့ အသံမဆူဘဲ လည်ပါတယ်။ Current ကလည်း ပုံမှန်လောက်ဘဲ တက်ပါတော့တယ်။ အဆင်ပြေသွားပြီပေါ့။

နောက် Pump 2 ကို စမ်းကြည့်တော့လည်း ပြဿနာ ထပ်တက်ပါတယ်။ ဒီတစ်ခါကျတော့ Star မှာ ချောချောမွေ့မွေ့ လည်ပြီး Delta မှာ လုံးဝ ရပ်သွားပါတယ်။ MC နဲ့ သူ့ contact တွေစစ်ကြည့်တော့ ကောင်းပါတယ်။ ကြိုးမှား ဆက်တာလို့ဘဲ ထင်ပါတယ်။ ဒါနဲ့  switchboard terminal မှာ U1-U2, V1-V2, W1-W2 တစ်စုံစီ တိုင်းကြည့်ပါတယ်။ ၃ စုံလုံမှာ Winding resistance တွေ ပြပါတယ်။ အတူတူပါဘဲ။ ဒါဆိုယင်တော့ delta ပြောင်းယင် တစ်ဘက်ဘက်ကို လည်ရမှာပါ။ မလည်ဘူးဆိုတော့ တစ်ခုခု မှားနေပြီ။ ဒါနဲ့ Pump ဘက် အထွက် ကြိုး ၆ ချောင်းလုံး ဖြုတ်လိုက်ပါတယ်။ ပြီးတော့ starter ကနေ စလိုက်ပါတယ်။ Delta ပြောင်းပြီး သွားတော့ Terminal မှာ voltage တိုင်းကြည့်ပါတယ်။
U1-V1, V1-W1, W1-U1 သုံးစုံလုံး 400V ရှိပါတယ်။ Main MC အထွက် voltage ရှိတယ်ပေါ့။
U2-V2, V2-W2, W2-U2 သုံးစုံလုံး 400V ရှိပါတယ်။ Delta MC အထွက်လည်း voltage ရှိတယ်ဆိုတော့ MC တွေကို သံသယ မရှိတော့ပါဘူး။
U1-U2, V1-V2, W1-W2 သုံးစုံလုံး 0V ဖြစ်နေပါတယ်။
သေပါတော့။ ကိုယ်က အသစ်လဲတဲ့ ကြိုးနဲ့ မော်တာ Connection ကို အာရုံစိုက်နေတာ။ ဖြစ်ချင်တော့ starter ဘက်က မှားနေတယ်။ Delta MC အထွက်ကို Main နဲ့ phase မပြောင်းဘဲ အပြိုင်ဆက်ထားတာကိုး။ ဒါနဲ့ U2, V2, W2 အဝင်ကြိုး ၃ ချောင်းကို ရွှေ့ပြီးဆက်လိုက်ပါတယ်။ သေချာအောင် မော်တာကြိုးမဆက်ခင် starter ပြန်စ၊ Delta ပြောင်းပြီးတဲ့အချိန် terminal မှာ ပြန်တိုင်းကြည့်ပါတယ်။
U1-U2, V1-V2, W1-W2 သုံးစုံလုံး 400V ပြနေပါပြီ။ ဒါဆိုယင်တော့ Delta အဆင့်မှာ မရပ်တော့မှာ သေချာသွားပါပြီ။ ဒါပေမဲ့ အယင်တစ်လုံးလို ပြောင်းပြန်လည်နိုင်တဲ့ risk တော့ရှိပါသေးတယ်။
မော်တာကြိုးတွေပြန်တပ်ပြီး ပြန်စမ်းကြည့်တော့ အဆင်ပြေသွားပါပြီ။ လည်တဲ့ direction လည်းမှန်ပါတယ်။ Current လည်း ပုံမှန်ပြပါတယ်။ Star-delta starter နဲ့ ကြုံခဲ့ဖူးတဲ့ ပြဿနာလေးကို သတိထားမိနိုင်အောင် ပြန်ပြောပြလိုက်တာပါ။

ကြုံလို့ ညီလေးတစ်ယောက် မေးဖူးတဲ့ မေးခွန်းလေးတစ်ခု ပြန်ပြောပြပါဦးမယ်။ Star ကနေ Delta အပြောင်း timer ကို ဘယ်လောက် ထားရမလဲ တဲ့။
မော်တာ၊ pump တွေ တစ်ခုနဲ့ တစ်ခု load မတူတဲ့ အတွက် setting မတူနိုင်ပါဘူး။ အများစုကတော့ 10 - 15 စက္ကန့်လောက်မှာ ရှိပါတယ်။ Timer အချိန် set လုပ်ချင်ယင် current ကို ပြတဲ့ Ameter Starter မှာ ရှိယင်ရှိ၊ မရှိယင် clamp meter နဲ့ current တိုင်းဖို့ ပြင်ထားရပါမယ်။ Timer ကို ၂၀ စက္ကန့်လောက် ကြာကြာထားပါ။ တစ်ကယ်သုံးမယ့် load အတိုင်း မော်တာကို စလည်ပြီး Star အချိန်မှာ current ကို စောင့်ကြည့်ပါ။ စတဲ့ အချိန်ကိုလည်းမှတ်ထားပါ။ စလည်တဲ့အချိန် inrush current လို့ ခေါ်တဲ့ transient current ကြောင့် စစချင်း တက်သွားပြီး မော်တာ လည်တဲ့ အရှိန်ရသွားတော့ current က ငြိမ်သွားပါလိမ့်မယ်။ စတဲ့အချိန် နဲ့ current ငြိမ်သွားတာနဲ့ ကြား ကြာတဲ့အချိန်ကို timer မှာ set လုပ်ရပါတယ်။

Wednesday, 16 May 2018

Sensors and Transducers (3) - Limit Switches and Proximity Sensors

[Zawgyi]

ေရြ႕ေနတဲ့ စက္ အစိတ္အပိုင္းတစ္ခု၊ ပစၥည္းတစ္ခု သတ္မွတ္တဲ့ ေနရာ ေရာက္၊ မေရာက္ သိဖို႔ရာ Limit switch ျဖစ္ေစ၊ Proximity Sensor ျဖစ္ေစ တစ္ခုခုနဲ႔ အာ႐ုံခံပါတယ္။ 

(က) Limit Switch
Limit switch ေတြကေတာ့ ရွင္းပါတယ္။  
ေရြ႕ႏိုင္တဲ့ arm, stopper အစရွိတာေတြက Limit switch ေပၚမွာရွိတဲ့ ေမာင္းတံ၊ ဘီးလုံး အစရွိတဲ့ အစိတ္အပိုင္းတစ္ခုခုကို Mechanical နည္းနဲ႔ တိုက္႐ိုက္ထိေတြ႕ၿပီး micro-switch ကို ဖြင့္၊ ပိတ္ လုပ္ေပးပါတယ္။ Micro-switch ကို ဖိေပးတဲ့ lever ကေတာ့ ပုံစံအမ်ဳိးမ်ဳိး ရွိပါတယ္။ Limit switch ေတြက အ႐ိုးရွင္းဆုံး ျဖစ္ေပမဲ့ ျပႆနာလည္း အမ်ားဆုံးေပးတတ္ပါတယ္။ Mechanical arm, stopper ေတြရဲ႕ ဖိတာတြန္းတာ အၿမဲခံရေတာ့ ေနရာေရြ႕တာ၊ မထိတာ ျဖစ္တတ္ပါတယ္။ ဒီ Micro Switch ေတြမွာ Spring ရယ္ ေရြ႕လ်ားႏိုင္တဲ့ contact ရယ္ ပါဝင္ပါတယ္။




ေနာက္ Switch တစ္မ်ဳိးကေတာ့ Mercury Switch ပါ။ အလုံပိတ္ ဖန္ဗူးထဲမွာ ထည့္ထားတဲ့ ျပဒါး (mercury) က contact ႏွစ္ခုကို ဖြင့္ပိတ္လုပ္ေပးတာပါ။ Mercury က အရည္ျဖစ္တဲ့အတြက္ switch အတည့္အေစာင္း ေျပာင္းတဲ့အေပၚမွာ မူတည္လို႔ ေရြ႕သြားၿပီး ဖြင့္ပိတ္လုပ္ေပးပါတယ္။ တစ္ခ်ဳိ႕ကေတာ့ Piston နဲ႔ mercury level အတက္အက် ေျပာင္းၿပီး ဖြင့္၊ပိတ္ေပးတာလည္း ရွိပါတယ္။ Tilt sensor ေတြ၊ တစ္ခ်ဳိ႕ ဝန္ခ်ီစက္ေတြမွာ ေစာင္းတာ၊ ေမွာက္တာ သတိေပးတဲ့ ေနရာေတြမွာ သုံးပါတယ္။

(ခ) Proximity Sensor အမ်ဳိးမ်ဳိး
Proximity Sensor / Proximity Switch ေတြကေတာ့ အာ႐ုံခံမယ့္၊ တိုင္းမယ့္ အရာဝတၳဳဟာ Sensor ကို မထိဘဲ အနီးအနား အကြာအေဝးတစ္ခု ေရာက္တာနဲ႔ switch လုပ္ေပးပါတယ္။ အဲဒါအျပင္ Proximity Sensor ရဲ႕ နည္းပညာကို Speed Sensor, Level Sensor, Flow Sensor စတဲ့ တစ္ျခား Sensor ေတြမွာလည္း ထည့္သုံးတာမို႔ နားလည္ထားသင့္ပါတယ္။ အေရးႀကီးပါတယ္။ ေနာက္ပိုင္း အဲဒီ Sensor ေတြအေၾကာင္း ေျပာေတာ့ ေတြ႕လာပါလိမ့္မယ္။ Proximity Sensor အမ်ဳိးမ်ဳိးရွိသလို တိုင္းတာႏိုင္တဲ့ ပစၥည္း အမ်ဳိးအစားလည္းကြာပါတယ္။ ေအာက္မွာ အမ်ဳိးအစား ခြဲျပထားပါတယ္။ ပုံေတြထဲမွာ ဇယားနဲ႔ ယွဥ္ျပထားတာလည္း ဖတ္ၾကည့္ႏိုင္ပါတယ္။
(1) Inductive Proximity Sensor
Sensor ထိပ္မွာ inductor coil နဲ႔ electromagnetic field တစ္ခုထုတ္လႊင့္ေပးေနၿပီး သတၱဳပစၥည္းတစ္ခုခု အနားကပ္လာယင္ အဲဒီပစၥည္းမွာ Eddie current ျဖတ္စီးသြားတဲ့အတြက္ Sensor မွာ အေျပာင္းအလဲျဖစ္သြားတဲ့အေပၚ မူတည္ၿပီး အာ႐ုံခံပါတယ္။ သတၱဳပစၥည္းေတြကိုဘဲ အာ႐ုံခံႏိုင္ပါတယ္။ သံကိုေရာ၊ သံမဟုတ္တဲ့ သတၱဳေတြကိုေရာ အာ႐ုံခံ ႏိုင္ပါတယ္။ တစ္ခ်ဳိ႕ Speed Sensor အျဖစ္သုံးတဲ့ Magnetic Pick Up (MPU) ေတြမွာ သုံးပါတယ္။
(2) Capacitive Proximity Sensor
ဒီ Sensor မ်ဳိးမွာေတာ့ capacitor plate ႏွစ္ခုပါၿပီး electrostatic field တစ္ခုထုတ္ေပးေနပါတယ္။ အရာဝတၳဳတစ္ခု Sensor ေရွ႕ေရာက္လာယင္ Capacitance တန္ဘိုး ေျပာင္းသြားတာကို အေျခခံၿပီး အာ႐ုံခံပါတယ္။ သတၱဳပစၥည္းတင္မကဘဲ သတၱဳမဟုတ္တဲ့ ပစၥည္းေတြနဲ႔ အရည္ေတြကိုပါ အာ႐ုံခံႏိုင္ပါတယ္။ ဒါေၾကာင့္ တစ္ခ်ဳိ႕ level Sensor ေတြမွာလည္း သုံးပါတယ္။
(3) Magnetic Proximity Sensor 
ဒီ Sensor မ်ဳိးမွာေတာ့ သံလိုက္ပစၥည္းကို အာ႐ုံခံတာပါ။ အသုံးျပဳထားတဲ့ နည္းပညာအရ ဒီလို ထပ္ခြဲႏိုင္ပါတယ္။

  3.1) Hall Effect Proximity Sensor 
  Magnetic field နဲ႔ နီးလာယင္ Sensor ထဲက Hall effect ေၾကာင့္ ေျပာင္းသြားတဲ့ Voltage ေပၚ အေျခခံၿပီး သုံးထားတာပါ။ အေသးစိတ္ မေရးေတာ့ပါဘူး။

  3.2) Wiegand Effect Proximity Sensor 
  အထူးစီမံ ထုတ္လုပ္ထားတဲ့ Wiegand wire လို႔ ေခၚတဲ့ သတၱဳႀကိဳး တစ္မ်ဳိးမွာ အျပင္ကမာၿပီး အတြင္းက ေပ်ာ့ပါတယ္။ အဲဒီ Wiegand wire နားကို သံလိုက္ ျဖတ္သြားတဲ့အခါ အျပင္နဲ႔ အတြင္း တုႏ္ုျ့ပန္မႈမတူလို႔ ေျပာင္းလဲတဲ့ အေျပာင္းက voltage တစ္ခု ထြက္လာေစပါတယ္။ အဲဒီသဘာဝကို အေျခခံၿပီး အာ႐ုံခံတာပါ။ 

  3.3) Reed Switch
  အလုံပိတ္ ဖန္ႁပြန္ထဲမွာ ထည့္ထားတဲ့ သံျပား switch ေလးေတြပါ။ သံလိုက္ အနားေရာက္လာယင္ switch on/off လုပ္ေပးပါတယ္။ Float switch အမ်ားစုမွာ သုံးပါတယ္။

(4) Photoelectric Proximity Sensor
အလင္းေရာင္ source (Sender) နဲ႔ receiver sensor ႏွစ္ပိုင္း ပါ ပါတယ္။ သုံးတဲ့ေပၚမူတည္လို႔ အဲဒီႏွစ္ပိုင္းက သီးျခားပစၥည္းတစ္ခုစီ ဒါမွမဟုတ္ တစ္ေပါင္းထဲ ရွိတတ္ပါတယ္။ ေအာက္မွာ ထပ္ေျပာပါဦးမယ္။ အလင္း source အေနနဲ႔ Infrared, Visible Red, Laser တစ္မ်ဳိးမ်ဳိး သုံးၾကပါတယ္။

(5) Ultrasonic Proximity Sensor
ဒီမွာေတာ့ အသံလႈိင္း ultrasonic source (Sender) နဲ႔ receiver sensor ႏွစ္ပိုင္း ပါ ပါတယ္။ သုံးတဲ့ေပၚမူတည္လို႔ အဲဒီႏွစ္ပိုင္းက သီးျခားပစၥည္းတစ္ခုစီ ဒါမွမဟုတ္ တစ္ေပါင္းထဲ ရွိတတ္ပါတယ္။

ဒီ Photoelectric နဲ႔ Ultrasonic Sensor ေတြမွာ သုံးတဲ့ နည္း ၃ နည္းရွိပါတယ္။ 

(i) Through Beam Type 
Sender နဲ႔ receiver အကြာအေဝးတစ္ခုမွာထားၿပီး မ်က္ႏွာခ်င္းဆိုင္ ခ်ိန္ထားရပါတယ္။ ဝတၳဳ တစ္ခုခုက ၾကားထဲမွာ ျဖတ္သြားယင္ signal ျပတ္သြားၿပီး detect လုပ္ပါတယ္။

(ii) Retro-reflective Type
Sender နဲ႔ Receiver က တစ္ဘက္ထဲမွာရွိပါတယ္။ တစ္ျခား တစ္ဘက္မွာ Reflector တစ္ခုက (အလင္း၊ အသံလႈိင္း) ျပန္ေပးရပါတယ္။ ဝတၳဳက Sensor နဲ႔ Reflector ၾကားထဲက ျဖတ္သြားတာမ်ဳိး detect လုပ္ပါတယ္။

(iii) Diffuse Type
Retro-reflective Type နဲ႔ ဆင္ပါတယ္။ Sender နဲ႔ Receiver က တစ္ဘက္ထဲမွာပါ။ သူက reflector မပါေတာ့ပါဘူး။ ဒီေတာ့ receiver က ပုံမွန္အခ်ိန္မွာ signal မရပါဘူး။ ဝတၳဳတစ္ခု အနားေရာက္လာမွ အဲဒီ ဝတၱဳရဲ႕ reflection signal ကို detect လုပ္တာပါ။ ဥပမာ အိမ္သာေတြမွာ အလိုအေလ်ာက္ ေရဆြဲခ်တဲ့ စံနစ္မ်ဳိး၊ လက္ေဆး basin မွာ auto ေရပန္းထြက္တာမ်ဳိးေတြမွာ သုံးပါတယ္။

(ဂ) ႀကိဳးဆက္ျခင္း
Proximity Sensor နဲ႔ Switch အမ်ားစုက digital, binary signal ျဖစ္တဲ့ on/off လုပ္ေပးတာပါ။  Limit switch နဲ႔ reed switch ေတြကေတာ့ ရွင္းပါတယ္ Normally Open (NO)/ Normally Close (NC) မမွားေအာင္ ဆက္ယင္ ရပါတယ္။ 
Proximity Sensor ေတြမွာ ႀကိဳး ၃ ေခ်ာင္း(သို႔) ၄ ေခ်ာင္းပါလာယင္ ဂ႐ုစိုက္ရပါမယ္။ PNP လား၊ NPN လား၊ NO လား၊ NC လား ခြဲသိဖို႔ လိုပါၿပီ။ Sensor ရဲ႕ Spec ကို ေသခ်ာဖတ္ၾကည့္ရပါမယ္။
PNP တို႔ NPN တို႔ ဆိုတာ ဘာေျပာတာလဲဆိုေတာ့ Sensor ရဲ႕ အထဲမွာ တည္ေဆာက္ထားတဲ့ transistor အမ်ဳိးအစားကို ေျပာတာပါ။ PNP အမ်ဳိးအစားမွာ signal output ႀကိဳးက (+) ထြက္ပါတယ္။ သုံးမယ့္ load ကို signal ႀကိဳးနဲ႔ (-) ၾကားထဲမွာ ထားရပါတယ္။ NPN အမ်ဳိးအစားမွာေတာ့ signal output ႀကိဳးက (-) ထြက္ပါတယ္။ သုံးမယ့္ load ကို signal ႀကိဳးနဲ႔ (+) ၾကားထဲမွာ ထားရပါတယ္။

ရႈပ္မွာစိုးလို႔ ႀကိဳးအေရာင္နဲ႔ ခြဲၿပီး ဥပမာေလးနဲ႔ ထပ္ေျပာပါမယ္။ အမ်ားအားျဖင့္ အညိဳက (+) ျဖစ္ၿပီး အျပာက (-)၊ အနက္က signal ႀကိဳးပါ။ ဥပမာ (၁) - Power ေပးထားတဲ့ PNP Sensor (NO) အမ်ဳိးအစားရဲ႕ ပုံမွန္အေျခအေနမွာ အျပာနဲ႔ အနက္ကို တိုင္းၾကည့္ယင္ Voltage မျပပါဘူး။ သူအာ႐ုံခံႏိုင္တဲ့ ပစၥည္းတစ္ခု Sensor အနား ကပ္လာယင္ အနက္နဲ႔ အျပာၾကားမွာ 24V ထြက္လာမွာ ျဖစ္ပါတယ္။ (အမ်ားစုက 24V supply သုံးၾကတာမို႔ပါ။)
ဥပမာ(၂) - NPN Sensor (NO) အမ်ဳိးအစားရဲ႕ ပုံမွန္ အေျခအေနမွာ အညိဳႀကိဳးနဲ႔ အနက္ၾကားမွာ Voltage မရွိပါဘူး။ သူအာ႐ုံခံႏိ္ုင္တဲ့ ပစၥည္းတစ္ခု အနားေရာက္လာယင္ အညိဳနဲ႔ အနက္ၾကားမွာ 24V ထြက္လာပါမယ္။
ႀကိဳး ၄ ေခ်ာင္းပါတဲ့ Sensor ေတြမွာေတာ့ NO နဲ႔ NC output ႏွစ္ခု ေပးထားပါတယ္။ အျဖဴေရာင္ signal ႀကိဳးက NC ျဖစ္ေလ့ရွိၿပီး အနက္ေရာင္ signal ႀကိဳးက NO output ေပးတတ္ပါတယ္။ ဒါလည္း PNP / NPN ခြဲၾကည့္ဖို႔ မေမ့နဲ႔ဦးေနာ္။

(ဃ) စမ္းသပ္ စစ္ေဆးျခင္း
အမ်ားစု ေမးၾကတဲ့ ေမးခြန္းက Sensor ေကာင္း၊ မေကာင္း ဘယ္လို စစ္မလဲ ဆိုတာပါ။ Limit switch နဲ႔ reed switch ေတြကိုေတာ့ power မရွိဘဲ passive စမ္းၾကည့္လို႔ရပါတယ္။ အထြက္ႀကိဳး ႏွစ္စကို Continuity တိုင္းထားၿပီး switch on/off ကစားေပးတာ၊ reed switch ဆိုယင္ magnet တစ္ခုနဲ႔ ထိေပး၊ ခြာေပး လုပ္ၿပီး output ေျပာင္း၊ မေျပာင္း စမ္းၾကည့္နိုင္ပါတယ္။ 
က်န္တဲ့ Proximity Sensor ေတြကိုေတာ့ power ေပးၿပီး စမ္းရပါမယ္။ Output signal ႀကိဳးကို တိုင္းထားၿပီး Sensor detect လုပ္ႏိုင္မယ့္ ပစၥည္းတစ္ခုကို Sensor နဲ႔ ကပ္ေပး၊ ခြာေပးလို႔ signal ေျပာင္းတယ္ဆိုယင္ ေကာင္းတယ္ေပါ့။
ေအာက္ကပုံထဲမွာ Sensor အမ်ဳိးအစားေပၚမူတည္ၿပီး sense လုပ္ႏိုင္တဲ့ ပစၥည္း အမ်ဳိးအစား၊ အကြာအေဝး range ၊ switch လုပ္ေပးႏိုင္တဲ့ အျမန္နႈံး စတဲ့ အခ်က္ေတြ နႈိင္းယွဥ္ျပထားပါတယ္။

[Unicode]

ရွေ့နေတဲ့ စက် အစိတ်အပိုင်းတစ်ခု၊ ပစ္စည်းတစ်ခု သတ်မှတ်တဲ့ နေရာ ရောက်၊ မရောက် သိဖို့ရာ Limit switch ဖြစ်စေ၊ Proximity Sensor ဖြစ်စေ တစ်ခုခုနဲ့ အာရုံခံပါတယ်။ 

(က) Limit Switch
Limit switch တွေကတော့ ရှင်းပါတယ်။  
ရွေ့နိုင်တဲ့ arm, stopper အစရှိတာတွေက Limit switch ပေါ်မှာရှိတဲ့ မောင်းတံ၊ ဘီးလုံး အစရှိတဲ့ အစိတ်အပိုင်းတစ်ခုခုကို Mechanical နည်းနဲ့ တိုက်ရိုက်ထိတွေ့ပြီး micro-switch ကို ဖွင့်၊ ပိတ် လုပ်ပေးပါတယ်။ Micro-switch ကို ဖိပေးတဲ့ lever ကတော့ ပုံစံအမျိုးမျိုး ရှိပါတယ်။ Limit switch တွေက အရိုးရှင်းဆုံး ဖြစ်ပေမဲ့ ပြဿနာလည်း အများဆုံးပေးတတ်ပါတယ်။ Mechanical arm, stopper တွေရဲ့ ဖိတာတွန်းတာ အမြဲခံရတော့ နေရာရွေ့တာ၊ မထိတာ ဖြစ်တတ်ပါတယ်။ ဒီ Micro Switch တွေမှာ Spring ရယ် ရွေ့လျားနိုင်တဲ့ contact ရယ် ပါဝင်ပါတယ်။

နောက် Switch တစ်မျိုးကတော့ Mercury Switch ပါ။ အလုံပိတ် ဖန်ဗူးထဲမှာ ထည့်ထားတဲ့ ပြဒါး (mercury) က contact နှစ်ခုကို ဖွင့်ပိတ်လုပ်ပေးတာပါ။ Mercury က အရည်ဖြစ်တဲ့အတွက် switch အတည့်အစောင်း ပြောင်းတဲ့အပေါ်မှာ မူတည်လို့ ရွေ့သွားပြီး ဖွင့်ပိတ်လုပ်ပေးပါတယ်။ တစ်ချို့ကတော့ Piston နဲ့ mercury level အတက်အကျ ပြောင်းပြီး ဖွင့်၊ပိတ်ပေးတာလည်း ရှိပါတယ်။ Tilt sensor တွေ၊ တစ်ချို့ ဝန်ချီစက်တွေမှာ စောင်းတာ၊ မှောက်တာ သတိပေးတဲ့ နေရာတွေမှာ သုံးပါတယ်။

(ခ) Proximity Sensor အမျိုးမျိုး
Proximity Sensor / Proximity Switch တွေကတော့ အာရုံခံမယ့်၊ တိုင်းမယ့် အရာဝတ္ထုဟာ Sensor ကို မထိဘဲ အနီးအနား အကွာအဝေးတစ်ခု ရောက်တာနဲ့ switch လုပ်ပေးပါတယ်။ အဲဒါအပြင် Proximity Sensor ရဲ့ နည်းပညာကို Speed Sensor, Level Sensor, Flow Sensor စတဲ့ တစ်ခြား Sensor တွေမှာလည်း ထည့်သုံးတာမို့ နားလည်ထားသင့်ပါတယ်။ အရေးကြီးပါတယ်။ နောက်ပိုင်း အဲဒီ Sensor တွေအကြောင်း ပြောတော့ တွေ့လာပါလိမ့်မယ်။ Proximity Sensor အမျိုးမျိုးရှိသလို တိုင်းတာနိုင်တဲ့ ပစ္စည်း အမျိုးအစားလည်းကွာပါတယ်။ အောက်မှာ အမျိုးအစား ခွဲပြထားပါတယ်။ ပုံတွေထဲမှာ ဇယားနဲ့ ယှဉ်ပြထားတာလည်း ဖတ်ကြည့်နိုင်ပါတယ်။

(1) Inductive Proximity Sensor
Sensor ထိပ်မှာ inductor coil နဲ့ electromagnetic field တစ်ခုထုတ်လွှင့်ပေးနေပြီး သတ္တုပစ္စည်းတစ်ခုခု အနားကပ်လာယင် အဲဒီပစ္စည်းမှာ Eddie current ဖြတ်စီးသွားတဲ့အတွက် Sensor မှာ အပြောင်းအလဲဖြစ်သွားတဲ့အပေါ် မူတည်ပြီး အာရုံခံပါတယ်။ သတ္တုပစ္စည်းတွေကိုဘဲ အာရုံခံနိုင်ပါတယ်။ သံကိုရော၊ သံမဟုတ်တဲ့ သတ္တုတွေကိုရော အာရုံခံ နိုင်ပါတယ်။ တစ်ချို့ Speed Sensor အဖြစ်သုံးတဲ့ Magnetic Pick Up (MPU) တွေမှာ သုံးပါတယ်။

(2) Capacitive Proximity Sensor
ဒီ Sensor မျိုးမှာတော့ capacitor plate နှစ်ခုပါပြီး electrostatic field တစ်ခုထုတ်ပေးနေပါတယ်။ အရာဝတ္ထုတစ်ခု Sensor ရှေ့ရောက်လာယင် Capacitance တန်ဘိုး ပြောင်းသွားတာကို အခြေခံပြီး အာရုံခံပါတယ်။ သတ္တုပစ္စည်းတင်မကဘဲ သတ္တုမဟုတ်တဲ့ ပစ္စည်းတွေနဲ့ အရည်တွေကိုပါ အာရုံခံနိုင်ပါတယ်။ ဒါကြောင့် တစ်ချို့ level Sensor တွေမှာလည်း သုံးပါတယ်။

(3) Magnetic Proximity Sensor 
ဒီ Sensor မျိုးမှာတော့ သံလိုက်ပစ္စည်းကို အာရုံခံတာပါ။ အသုံးပြုထားတဲ့ နည်းပညာအရ ဒီလို ထပ်ခွဲနိုင်ပါတယ်။

  3.1) Hall Effect Proximity Sensor 
  Magnetic field နဲ့ နီးလာယင် Sensor ထဲက Hall effect ကြောင့် ပြောင်းသွားတဲ့ Voltage ပေါ် အခြေခံပြီး သုံးထားတာပါ။ အသေးစိတ် မရေးတော့ပါဘူး။

  3.2) Wiegand Effect Proximity Sensor 
  အထူးစီမံ ထုတ်လုပ်ထားတဲ့ Wiegand wire လို့ ခေါ်တဲ့ သတ္တုကြိုး တစ်မျိုးမှာ အပြင်ကမာပြီး အတွင်းက ပျော့ပါတယ်။ အဲဒီ Wiegand wire နားကို သံလိုက် ဖြတ်သွားတဲ့အခါ အပြင်နဲ့ အတွင်း တုန်ုြ့ပန်မှုမတူလို့ ပြောင်းလဲတဲ့ အပြောင်းက voltage တစ်ခု ထွက်လာစေပါတယ်။ အဲဒီသဘာဝကို အခြေခံပြီး အာရုံခံတာပါ။ 

  3.3) Reed Switch
  အလုံပိတ် ဖန်ပြွန်ထဲမှာ ထည့်ထားတဲ့ သံပြား switch လေးတွေပါ။ သံလိုက် အနားရောက်လာယင် switch on/off လုပ်ပေးပါတယ်။ Float switch အများစုမှာ သုံးပါတယ်။

(4) Photoelectric Proximity Sensor
အလင်းရောင် source (Sender) နဲ့ receiver sensor နှစ်ပိုင်း ပါ ပါတယ်။ သုံးတဲ့ပေါ်မူတည်လို့ အဲဒီနှစ်ပိုင်းက သီးခြားပစ္စည်းတစ်ခုစီ ဒါမှမဟုတ် တစ်ပေါင်းထဲ ရှိတတ်ပါတယ်။ အောက်မှာ ထပ်ပြောပါဦးမယ်။ အလင်း source အနေနဲ့ Infrared, Visible Red, Laser တစ်မျိုးမျိုး သုံးကြပါတယ်။

(5) Ultrasonic Proximity Sensor
ဒီမှာတော့ အသံလှိုင်း ultrasonic source (Sender) နဲ့ receiver sensor နှစ်ပိုင်း ပါ ပါတယ်။ သုံးတဲ့ပေါ်မူတည်လို့ အဲဒီနှစ်ပိုင်းက သီးခြားပစ္စည်းတစ်ခုစီ ဒါမှမဟုတ် တစ်ပေါင်းထဲ ရှိတတ်ပါတယ်။

ဒီ Photoelectric နဲ့ Ultrasonic Sensor တွေမှာ သုံးတဲ့ နည်း ၃ နည်းရှိပါတယ်။ 

(i) Through Beam Type 
Sender နဲ့ receiver အကွာအဝေးတစ်ခုမှာထားပြီး မျက်နှာချင်းဆိုင် ချိန်ထားရပါတယ်။ ဝတ္ထု တစ်ခုခုက ကြားထဲမှာ ဖြတ်သွားယင် signal ပြတ်သွားပြီး detect လုပ်ပါတယ်။

(ii) Retro-reflective Type
Sender နဲ့ Receiver က တစ်ဘက်ထဲမှာရှိပါတယ်။ တစ်ခြား တစ်ဘက်မှာ Reflector တစ်ခုက (အလင်း၊ အသံလှိုင်း) ပြန်ပေးရပါတယ်။ ဝတ္ထုက Sensor နဲ့ Reflector ကြားထဲက ဖြတ်သွားတာမျိုး detect လုပ်ပါတယ်။

(iii) Diffuse Type
Retro-reflective Type နဲ့ ဆင်ပါတယ်။ Sender နဲ့ Receiver က တစ်ဘက်ထဲမှာပါ။ သူက reflector မပါတော့ပါဘူး။ ဒီတော့ receiver က ပုံမှန်အချိန်မှာ signal မရပါဘူး။ ဝတ္ထုတစ်ခု အနားရောက်လာမှ အဲဒီ ဝတ္တုရဲ့ reflection signal ကို detect လုပ်တာပါ။ ဥပမာ အိမ်သာတွေမှာ အလိုအလျောက် ရေဆွဲချတဲ့ စံနစ်မျိုး၊ လက်ဆေး basin မှာ auto ရေပန်းထွက်တာမျိုးတွေမှာ သုံးပါတယ်။

(ဂ) ကြိုးဆက်ခြင်း
Proximity Sensor နဲ့ Switch အများစုက digital, binary signal ဖြစ်တဲ့ on/off လုပ်ပေးတာပါ။  Limit switch နဲ့ reed switch တွေကတော့ ရှင်းပါတယ် Normally Open (NO)/ Normally Close (NC) မမှားအောင် ဆက်ယင် ရပါတယ်။ 
Proximity Sensor တွေမှာ ကြိုး ၃ ချောင်း(သို့) ၄ ချောင်းပါလာယင် ဂရုစိုက်ရပါမယ်။ PNP လား၊ NPN လား၊ NO လား၊ NC လား ခွဲသိဖို့ လိုပါပြီ။ Sensor ရဲ့ Spec ကို သေချာဖတ်ကြည့်ရပါမယ်။
PNP တို့ NPN တို့ ဆိုတာ ဘာပြောတာလဲဆိုတော့ Sensor ရဲ့ အထဲမှာ တည်ဆောက်ထားတဲ့ transistor အမျိုးအစားကို ပြောတာပါ။ PNP အမျိုးအစားမှာ signal output ကြိုးက (+) ထွက်ပါတယ်။ သုံးမယ့် load ကို signal ကြိုးနဲ့ (-) ကြားထဲမှာ ထားရပါတယ်။ NPN အမျိုးအစားမှာတော့ signal output ကြိုးက (-) ထွက်ပါတယ်။ သုံးမယ့် load ကို signal ကြိုးနဲ့ (+) ကြားထဲမှာ ထားရပါတယ်။
ရှုပ်မှာစိုးလို့ ကြိုးအရောင်နဲ့ ခွဲပြီး ဥပမာလေးနဲ့ ထပ်ပြောပါမယ်။ အများအားဖြင့် အညိုက (+) ဖြစ်ပြီး အပြာက (-)၊ အနက်က signal ကြိုးပါ။ ဥပမာ (၁) - Power ပေးထားတဲ့ PNP Sensor (NO) အမျိုးအစားရဲ့ ပုံမှန်အခြေအနေမှာ အပြာနဲ့ အနက်ကို တိုင်းကြည့်ယင် Voltage မပြပါဘူး။ သူအာရုံခံနိုင်တဲ့ ပစ္စည်းတစ်ခု Sensor အနား ကပ်လာယင် အနက်နဲ့ အပြာကြားမှာ 24V ထွက်လာမှာ ဖြစ်ပါတယ်။ (အများစုက 24V supply သုံးကြတာမို့ပါ။)
ဥပမာ(၂) - NPN Sensor (NO) အမျိုးအစားရဲ့ ပုံမှန် အခြေအနေမှာ အညိုကြိုးနဲ့ အနက်ကြားမှာ Voltage မရှိပါဘူး။ သူအာရုံခံနိ်ုင်တဲ့ ပစ္စည်းတစ်ခု အနားရောက်လာယင် အညိုနဲ့ အနက်ကြားမှာ 24V ထွက်လာပါမယ်။
ကြိုး ၄ ချောင်းပါတဲ့ Sensor တွေမှာတော့ NO နဲ့ NC output နှစ်ခု ပေးထားပါတယ်။ အဖြူရောင် signal ကြိုးက NC ဖြစ်လေ့ရှိပြီး အနက်ရောင် signal ကြိုးက NO output ပေးတတ်ပါတယ်။ ဒါလည်း PNP / NPN ခွဲကြည့်ဖို့ မမေ့နဲ့ဦးနော်။

(ဃ) စမ်းသပ် စစ်ဆေးခြင်း
အများစု မေးကြတဲ့ မေးခွန်းက Sensor ကောင်း၊ မကောင်း ဘယ်လို စစ်မလဲ ဆိုတာပါ။ Limit switch နဲ့ reed switch တွေကိုတော့ power မရှိဘဲ passive စမ်းကြည့်လို့ရပါတယ်။ အထွက်ကြိုး နှစ်စကို Continuity တိုင်းထားပြီး switch on/off ကစားပေးတာ၊ reed switch ဆိုယင် magnet တစ်ခုနဲ့ ထိပေး၊ ခွာပေး လုပ်ပြီး output ပြောင်း၊ မပြောင်း စမ်းကြည့်နိုင်ပါတယ်။ 
ကျန်တဲ့ Proximity Sensor တွေကိုတော့ power ပေးပြီး စမ်းရပါမယ်။ Output signal ကြိုးကို တိုင်းထားပြီး Sensor detect လုပ်နိုင်မယ့် ပစ္စည်းတစ်ခုကို Sensor နဲ့ ကပ်ပေး၊ ခွာပေးလို့ signal ပြောင်းတယ်ဆိုယင် ကောင်းတယ်ပေါ့။
အောက်ကပုံထဲမှာ Sensor အမျိုးအစားပေါ်မူတည်ပြီး sense လုပ်နိုင်တဲ့ ပစ္စည်း အမျိုးအစား၊ အကွာအဝေး range ၊ switch လုပ်ပေးနိုင်တဲ့ အမြန်နှုံး စတဲ့ အချက်တွေ နှိုင်းယှဉ်ပြထားပါတယ်။

Monday, 14 May 2018

Electrical Switchboard (2) - Excitation Fault

[Zawgyi]
Container သေဘၤာတစ္စီးမွာ PMS က Excitation fault ဆိုၿပီး ျပႆနာတက္တယ္ ဆိုလို႔ သြားၿပီးတက္ၾကည့္ရပါတယ္။ သေဘၤာေပၚေရာက္ေတာ့ ဖား စက္ခ်ဳပ္နဲ႔ ဓာတ္ႀကိဳးကရွင္းျပပါတယ္။ အစက DG 4 မွာ voltage က မ်ားေနတယ္တဲ့။ 478V ရွိတယ္ ေျပာပါတယ္။ Operating voltage က 450V ပါ။ Voltage Trimmer နဲ႔ ႀကိဳးစား ညႇိေပမဲ့ ဘာမွမေျပာင္းဘူးတဲ့။ ဒါနဲ႔ DG 1 က AVR ကိုယူၿပီး DG 4 မွာ တပ္လိုက္နဲ႔အခါ ညိႇလို႔ရသြားပါတယ္။ အဲဒီေနာက္ voltage ျပန္ညႇိၿပီး စမ္းေမာင္းၾကည့္ေတာ့ တစ္လုံးထဲ no load မွာ ျပႆနာ မရွိပါဘူး။ Parallel run ၿပီး load တစ္ျဖည္းျဖည္း တင္ၾကည့္ေတာ့ Protection module မွာ Excitation Fault တက္လာၿပီး ျပဳတ္က်သြားတယ္ ဆိုပါတယ္။
ဒါနဲ႔ အစဆုံး System ကို နားလည္ေအာင္ အယင္ၾကည့္ရပါတယ္။ အလုပ္လုပ္တဲ့ သေဘာ နားလည္ေတာ့ အျပစ္ရွာလို႔ လြယ္တာေပါ့။ DG ေတြက Hyundai ေတြပါ။ AVR မေကာင္းယင္ Voltage ျမင့္ေနေလ့ရွိပါတယ္။ ဒီေတာ့ AVR လဲလိုက္တာ မွန္တယ္ေျပာရမွာပါ။ ဒါေပမဲ့ ဘာလို႔ Excitation Fault တက္လာရတာလဲ။ Load တင္လိုက္ေတာ့မွ ဆိုေတာ့ စဥ္းစားစရာတစ္ခုပါ။

PMS က SAM electronics ရဲ႕ Control ေတြ။ DG တစ္လုံးစီရဲ႕ panel မွာ GMM-10 ဆိုတဲ့ Protection module တစ္ခုစီရွိပါတယ္။ Computer System Unit အရြယ္ေလာက္ ပုံးတစ္ခုမွာ LED display ေတြနဲ႔ပါ။ အခု Excitation Fault က အဲဒီ Unit ကေန ထြက္တာပါ။ ဒါနဲ႔ circuit ဖတ္ၾကည့္ေတာ့ input က bus bar နဲ႔ Generator ရဲ႕ voltage, freq, current ေတြကိုဘဲ ယူထားပါတယ္။


Parameter ေတြ မွန္မမွန္ သိရေအာင္ စာရြက္တစ္ရြက္မွာ တန္ဘိုးေတြ ခ်ေရးလိုက္ပါတယ္။ ၿပီေတာ့ DG 1 ရဲ႕ parameter ေတြနဲ႔ တိုက္ၾကည့္ပါတယ္။ အကုန္တူေနပါတယ္။ ဒါဆို setting နဲ႔ မဆိုင္ေတာ့ပါဘူး။ De-excitation contactor ကို contact point ေတြ တိုင္းၾကည့္ေတာ့လည္း ကပ္မေနပါဘူး။
လက္ေတြ႕ စမ္းၾကည့္မွ သိရေတာ့မွာပါ။ ဓာတ္ႀကိဳးနဲ႔ စက္ ၂ အကူအညီနဲ႔ စက္ေမာင္းၾကည့္ပါတယ္။ Voltage, frequency ၿငိမ္ပါတယ္။ 450V ေလာက္မွာပါ။ DG 4 ကို လက္ရွိ run ေနတဲ့ DG 3 နဲ႔ Parallel တြဲလိုက္ၿပီး load ကို manual နဲ႔ တစ္ျဖည္းျဖည္း တင္ပါတယ္။ 200 kW ေလာက္ ေရာက္ေတာ့ DG 4 ရဲ႕ GMM-10 မွာ Excitation Fault တက္လာပါတယ္။ ဒါနဲ႔ DG 4 ကို ျပန္ျဖဳတ္လိုက္ပါတယ္။ မျဖဳတ္ဘဲထားယင္လည္း ခဏေနယင္ ျပဳတ္က် သြားတယ္ ေျပာပါတယ္။ Run ေနတဲ့အခ်ိန္ De-excitation contactor ကိုေစာင့္ၾကည့္ေတာ့လည္း မဆြဲပါဘူး။ ဒါနဲ႔လည္း မဆိုင္ေတာ့ဘူး။


ေစာေစာက parallel run တဲ့ အခ်ိန္မွာ သတိထားမိတာ တစ္ခုက GMM 10 ေပၚမွာ kVAR က -170 kW ေလာက္ျပေနပါတယ္။ ဒီ MSB panel မွာ Power Factor meter မရွိပါဘူး။ ဒါကို ေသခ်ာ ၾကည့္ခ်င္တာနဲ႔ ဘာမွမလုပ္ဘဲ ေနာက္တစ္ခါ ထပ္ parallel ခ်ိတ္ခိုင္းပါတယ္။ ဒီတစ္ခါ DG 3 နဲ႔ DG 4 panel တံခါးေတြ ဖြင့္ၿပီး Protection Unit GMM-10 ရဲ႕ display ေတြကို ယွဥ္ၾကည့္ေနပါတယ္။ Synchro လုပ္ၿပီး load တစ္ျဖည္းျဖည္း တင္တဲ့ အခါ DG 3 ရဲ႕ kVAR က 240 kW ေလာက္ ရွိၿပီး DG 4 က -170 kW ေလာက္ရွိေနပါတယ္။ တစ္ခုက leading ျဖစ္ၿပီး တစ္ခုက lagging ျဖစ္ေနပါတယ္။ ဒါဆိုယင္ voltage မတူလို႔ေပါ့။ ျပန္ျဖဳတ္ၿပီး DG4 ရဲ႕ No load voltage ကို multimeter နဲ႔ တိုင္းလိုက္ပါတယ္။ အယင္က panel ေပၚက ဒိုင္ခြက္ကိုဘဲ ၾကည့္ေတာ့ သိပ္မကြာဘူး ထင္ရေပမဲ့ digital meter နဲ႔ တိုင္းၾကည့္ေတာ့မွ နည္းနည္း ကြာတာ သတိထားမိပါတယ္။ DG 3 က load 800 kW မွာ 450 V ေလာက္ရွိၿပီး DG4 က no load မွာ 446 V ေလာက္ရွိပါတယ္။ No load မွာေတာင္ 4V ေလာက္နည္းေနယင္ load တင္လိုက္ယင္ ပိုက်ဦးမွာပါ။ ဒီေတာ့ kVAR က negative ျပေနတာေပါ့။ ပိုဆိုးလာယင္ reverse power ဝင္မွာမို႔ protection unit က ျဖတ္ခ်တာပါ။ ဒါကို ဘာလို႔မ်ား excitation fault ဆိုတဲ့ နံမည္တပ္ၿပီး ထုတ္ေပးရတာလဲ မသိပါဘူး။ 
သေဘာေပါက္သြားေတာ့ လြယ္သြားၿပီေပါ့။ Voltage ကို 452 V ေလာက္ရေအာင္ ညႇိလိုက္ပါတယ္။ Trimmer pot ကလည္း အရမ္း sensitive ျဖစ္ေနပါတယ္။ နည္းနည္းေလး လွည့္လိုက္တာနဲ႔ အမ်ားႀကီး ေျပာင္းသြားတတ္ပါတယ္။ ညႇိၿပီးတာနဲ႔ ျပန္စမ္းပါတယ္။ ဒီတစ္ခါ DG 3 ရဲ႕ kVAR က 210 kW ေလာက္ျဖစ္ၿပီး DG 4 က 60 kW ေလာက္ျဖစ္လာပါတယ္။ Negative ေတာ့ မဟုတ္ေတာ့ဘူး။ Trimmer ေလးကို ဂ႐ုစိုက္ၿပီး နည္းနည္း တင္ေပးေတာ့ kVAR ေတြက 160 kW နဲ႔ 205 kW ေလာက္ျပေနေတာ့ ထပ္မညိႇေတာ့ပါဘူး။ ညႇိရတာ ခက္ေတာ့ လြန္သြားမွ စိုးလို႔ပါ။ ဒီေလာက္ဆိုယင္ မဆိုးပါဘူး။ Load ကို ညီတဲ့အထိ 400 kW စီေလာက္ ေမာင္းေပမဲ့ excitation fault မတက္ေတာ့ပါဘူး။ Load ညီေနတဲ့အခ်ိန္ Current လည္း ညီေနေတာ့ droop ကိုလည္း မကိုင္ေတာ့ပါဘူး။ သူတို႔ စိတ္ႀကိဳက္စမ္းၾကည့္ၿပီး အဆင္ေျပေနေတာ့ report ေရးၿပီး ျပန္ခဲ့ပါေတာ့တယ္။

[Unicode]


Container သင်္ဘောတစ်စီးမှာ PMS က Excitation fault ဆိုပြီး ပြဿနာတက်တယ် ဆိုလို့ သွားပြီးတက်ကြည့်ရပါတယ်။ သင်္ဘောပေါ်ရောက်တော့ ဖား စက်ချုပ်နဲ့ ဓာတ်ကြိုးကရှင်းပြပါတယ်။ အစက DG 4 မှာ voltage က များနေတယ်တဲ့။ 478V ရှိတယ် ပြောပါတယ်။ Operating voltage က 450V ပါ။ Voltage Trimmer နဲ့ ကြိုးစား ညှိပေမဲ့ ဘာမှမပြောင်းဘူးတဲ့။ ဒါနဲ့ DG 1 က AVR ကိုယူပြီး DG 4 မှာ တပ်လိုက်နဲ့အခါ ညှိလို့ရသွားပါတယ်။ အဲဒီနောက် voltage ပြန်ညှိပြီး စမ်းမောင်းကြည့်တော့ တစ်လုံးထဲ no load မှာ ပြဿနာ မရှိပါဘူး။ Parallel run ပြီး load တစ်ဖြည်းဖြည်း တင်ကြည့်တော့ Protection module မှာ Excitation Fault တက်လာပြီး ပြုတ်ကျသွားတယ် ဆိုပါတယ်။
ဒါနဲ့ အစဆုံး System ကို နားလည်အောင် အယင်ကြည့်ရပါတယ်။ အလုပ်လုပ်တဲ့ သဘော နားလည်တော့ အပြစ်ရှာလို့ လွယ်တာပေါ့။ DG တွေက Hyundai တွေပါ။ AVR မကောင်းယင် Voltage မြင့်နေလေ့ရှိပါတယ်။ ဒီတော့ AVR လဲလိုက်တာ မှန်တယ်ပြောရမှာပါ။ ဒါပေမဲ့ ဘာလို့ Excitation Fault တက်လာရတာလဲ။ Load တင်လိုက်တော့မှ ဆိုတော့ စဉ်းစားစရာတစ်ခုပါ။
PMS က SAM electronics ရဲ့ Control တွေ။ DG တစ်လုံးစီရဲ့ panel မှာ GMM-10 ဆိုတဲ့ Protection module တစ်ခုစီရှိပါတယ်။ Computer System Unit အရွယ်လောက် ပုံးတစ်ခုမှာ LED display တွေနဲ့ပါ။ အခု Excitation Fault က အဲဒီ Unit ကနေ ထွက်တာပါ။ ဒါနဲ့ circuit ဖတ်ကြည့်တော့ input က bus bar နဲ့ Generator ရဲ့ voltage, freq, current တွေကိုဘဲ ယူထားပါတယ်။ Parameter တွေ မှန်မမှန် သိရအောင် စာရွက်တစ်ရွက်မှာ တန်ဘိုးတွေ ချရေးလိုက်ပါတယ်။ ပြီတော့ DG 1 ရဲ့ parameter တွေနဲ့ တိုက်ကြည့်ပါတယ်။ အကုန်တူနေပါတယ်။ ဒါဆို setting နဲ့ မဆိုင်တော့ပါဘူး။ De-excitation contactor ကို contact point တွေ တိုင်းကြည့်တော့လည်း ကပ်မနေပါဘူး။
လက်တွေ့ စမ်းကြည့်မှ သိရတော့မှာပါ။ ဓာတ်ကြိုးနဲ့ စက် ၂ အကူအညီနဲ့ စက်မောင်းကြည့်ပါတယ်။ Voltage, frequency ငြိမ်ပါတယ်။ 450V လောက်မှာပါ။ DG 4 ကို လက်ရှိ run နေတဲ့ DG 3 နဲ့ Parallel တွဲလိုက်ပြီး load ကို manual နဲ့ တစ်ဖြည်းဖြည်း တင်ပါတယ်။ 200 kW လောက် ရောက်တော့ DG 4 ရဲ့ GMM-10 မှာ Excitation Fault တက်လာပါတယ်။ ဒါနဲ့ DG 4 ကို ပြန်ဖြုတ်လိုက်ပါတယ်။ မဖြုတ်ဘဲထားယင်လည်း ခဏနေယင် ပြုတ်ကျ သွားတယ် ပြောပါတယ်။ Run နေတဲ့အချိန် De-excitation contactor ကိုစောင့်ကြည့်တော့လည်း မဆွဲပါဘူး။ ဒါနဲ့လည်း မဆိုင်တော့ဘူး။
စောစောက parallel run တဲ့ အချိန်မှာ သတိထားမိတာ တစ်ခုက GMM 10 ပေါ်မှာ kVAR က -170 kW လောက်ပြနေပါတယ်။ ဒီ MSB panel မှာ Power Factor meter မရှိပါဘူး။ ဒါကို သေချာ ကြည့်ချင်တာနဲ့ ဘာမှမလုပ်ဘဲ နောက်တစ်ခါ ထပ် parallel ချိတ်ခိုင်းပါတယ်။ ဒီတစ်ခါ DG 3 နဲ့ DG 4 panel တံခါးတွေ ဖွင့်ပြီး Protection Unit GMM-10 ရဲ့ display တွေကို ယှဉ်ကြည့်နေပါတယ်။ Synchro လုပ်ပြီး load တစ်ဖြည်းဖြည်း တင်တဲ့ အခါ DG 3 ရဲ့ kVAR က 240 kW လောက် ရှိပြီး DG 4 က -170 kW လောက်ရှိနေပါတယ်။ တစ်ခုက leading ဖြစ်ပြီး တစ်ခုက lagging ဖြစ်နေပါတယ်။ ဒါဆိုယင် voltage မတူလို့ပေါ့။ ပြန်ဖြုတ်ပြီး DG4 ရဲ့ No load voltage ကို multimeter နဲ့ တိုင်းလိုက်ပါတယ်။ အယင်က panel ပေါ်က ဒိုင်ခွက်ကိုဘဲ ကြည့်တော့ သိပ်မကွာဘူး ထင်ရပေမဲ့ digital meter နဲ့ တိုင်းကြည့်တော့မှ နည်းနည်း ကွာတာ သတိထားမိပါတယ်။ DG 3 က load 800 kW မှာ 450 V လောက်ရှိပြီး DG4 က no load မှာ 446 V လောက်ရှိပါတယ်။ No load မှာတောင် 4V လောက်နည်းနေယင် load တင်လိုက်ယင် ပိုကျဦးမှာပါ။ ဒီတော့ kVAR က negative ပြနေတာပေါ့။ ပိုဆိုးလာယင် reverse power ဝင်မှာမို့ protection unit က ဖြတ်ချတာပါ။ ဒါကို ဘာလို့များ excitation fault ဆိုတဲ့ နံမည်တပ်ပြီး ထုတ်ပေးရတာလဲ မသိပါဘူး။ 
သဘောပေါက်သွားတော့ လွယ်သွားပြီပေါ့။ Voltage ကို 452 V လောက်ရအောင် ညှိလိုက်ပါတယ်။ Trimmer pot ကလည်း အရမ်း sensitive ဖြစ်နေပါတယ်။ နည်းနည်းလေး လှည့်လိုက်တာနဲ့ အများကြီး ပြောင်းသွားတတ်ပါတယ်။ ညှိပြီးတာနဲ့ ပြန်စမ်းပါတယ်။ ဒီတစ်ခါ DG 3 ရဲ့ kVAR က 210 kW လောက်ဖြစ်ပြီး DG 4 က 60 kW လောက်ဖြစ်လာပါတယ်။ Negative တော့ မဟုတ်တော့ဘူး။ Trimmer လေးကို ဂရုစိုက်ပြီး နည်းနည်း တင်ပေးတော့ kVAR တွေက 160 kW နဲ့ 205 kW လောက်ပြနေတော့ ထပ်မညှိတော့ပါဘူး။ ညှိရတာ ခက်တော့ လွန်သွားမှ စိုးလို့ပါ။ ဒီလောက်ဆိုယင် မဆိုးပါဘူး။ Load ကို ညီတဲ့အထိ 400 kW စီလောက် မောင်းပေမဲ့ excitation fault မတက်တော့ပါဘူး။ Load ညီနေတဲ့အချိန် Current လည်း ညီနေတော့ droop ကိုလည်း မကိုင်တော့ပါဘူး။ သူတို့ စိတ်ကြိုက်စမ်းကြည့်ပြီး အဆင်ပြေနေတော့ report ရေးပြီး ပြန်ခဲ့ပါတော့တယ်။