Thursday 25 January 2018

Winch (3) - Cannot Operate


[Zawgyi]
တစ္ခါတေလ မသိတဲ့သူကို ရွင္းျပရတာ ခက္ပါတယ္။ ကိုယ့္ရပ္တည္ခ်က္ကို ဦးစားေပးရမလား customer first ဆိုတာေနာက္ လိုက္ရမလား ဆုံးျဖတ္ရ ခပ္ခက္ခက္။
ျပႆနာက Mooring Winch အလုပ္မလုပ္ဘူး ေျပာပါတယ္။ Port နဲ႔ Stbd winch ႏွစ္စုံမွာ Stbd ဘက္က တစ္ခုက မေကာင္းတာပါ။ 
စက္ခ်ဳပ္အပါအဝင္ Crew အမ်ားစုက အင္ဒို ေတြပါ။ ေနာက္ၿပီး ဓာတ္ႀကိဳးလည္း မရွိဘူး။ ေမးၾကည့္ေတာ့ Control ကေန Command ေပးတာ အဆင့္ ၃ ခုလုံးမွာ ဘယ္အဆင့္မွ မရဘူးေျပာပါတယ္။ Forward/ Reverse ဘယ္ဘက္မွ မရပါဘူးတဲ့။ သြားၾကည့္ေတာ့ Main Deck ေပၚမွာ Control lever နဲ႔ ေအာက္ဘက္ အခန္းမွာ Control panel ရွိပါတယ္။

Drawing ေတာင္းေတာ့ ေဟာင္းႏြမ္း ေဆြးေျမ႕ၿပီး ေခါက္႐ိုးကေန ျပတ္လုလု ျဖစ္ေနတဲ့ ရတနာ ေျမပုံေလး ထုတ္လာေပးပါတယ္။ အဲဒီစာရြက္ကို copy ကူးခိုင္းၿပီး ယူခဲ့ပါတယ္။
Panel ေရာက္ေတာ့ ထုံးစံအတိုင္း အဝင္ power, Control power, fuse အဲဒါေတြတိုင္းၾကည့္ပါတယ္။ Drawing အရ Motor က 9 pin double winding type ပါ။ Simple Star-delta ကို Timer နဲ႔ သြားတာမ်ဳိး မဟုတ္ပါဘူး။ Step 1 မွာ Y (star), Step 2 မွာ Y-Y ( parallel star), Step 3 မွာ Delta လို႔ျပထားပါတယ္။ Main MC ၂ ခု ျဖစ္တဲ့ KM1 နဲ႔ KM2 က forward / reverse ေျပာင္းတာပါ။ KM 7 က Brake coil အတြက္ျဖစ္ၿပီး KM 3 - KM6 က Star-Delta Logic ေတြ လုပ္ေပးတာပါ။ Motor ဆီကို ႀကိဳး ၉ ေခ်ာင္း ဝင္သြားတာျပၿပီး internal connection မျပထားပါဘူး။
ပထမ Control ပိုင္းကို စစ္ၾကည့္ခ်င္တာနဲ႔ တစ္ေယာက္ကို အေပၚက ေမာင္းခိုင္းပါတယ္။ Walkie Talkie နဲ႔ ဆက္သြယ္ၿပီး ေအာက္ဘက္က panel မွာ ေစာင့္ၾကည့္ပါတယ္။ Step 1, 2, 3, (fwd / rev ) လုပ္ၾကည့္ၿပီး MC ေတြ အလုပ္လုပ္တာ ေစာင့္ၾကည့္ပါတယ္။ အေပၚက drum ကေတာ့ ဘယ္ အဆင့္မွာမွ မလည္ဘူး ေျပာပါတယ္။ ပထမ  Brake coil ရဲ႕ MC KM7 ကို သတိထားၾကည့္ေတာ့ အဆင့္တိုင္းမွာ ဆြဲေနပါတယ္။ ျပန္ရပ္ခိုင္းၿပီး Brake coil ကို ohm တိုင္းၾကည့္ေတာ့လည္း ေကာင္းေနပါတယ္။ အေပၚမွာ Mechanical hard brake ကလည္း lock လုပ္မထားပါဘူး။ စက္-၂ ေျပာတာက Drum လည္း jam ျဖစ္မေနဘူး လို႔ဆိုပါတယ္။
ေနာက္တစ္ခါ operate လုပ္ခိုင္းၿပီး step တစ္ခုစီရဲ႕ MC ေတြ မွန္မွန္ကန္ကန္ အလုပ္ လုပ္၊မလုပ္ရယ္ ၾကည့္ပါတယ္။ အဝင္အထြက္ power တိုင္းၾကည့္ပါတယ္။ အဲဒီမွာ Main contactor တစ္ခုျဖစ္တဲ့ KM1 က ကပ္ေနတာ ေတြ႕ရပါတယ္။ Energize position မွာ ျပန္မကြာေတာ့ဘူး။ သူျပန္မကြာေတာ့ အျပန္အလွန္ interlock လုပ္ထားတဲ့ reverse MC KM2 ကလည္း အလုပ္မလုပ္ႏိုင္ေတာ့ဘူးေပါ့။ Power ေတြပိတ္ၿပီး တိုင္းေတာ့ contact သုံးခုမွာ ႏွစ္ခုက အၿမဲထိေနပါတယ္။ တစ္ခုက လြတ္ေနပါတယ္။ က်န္တဲ့ MC ေတြကေတာ့ သူအဆင့္နဲ႔သူ မွန္မွန္ကန္ကန္ လုပ္ေနပါတယ္။
စက္-၂ ကို ေမးၾကည့္ေတာ့ အပိုပစၥည္းမရွိဘူးေျပာပါတယ္။ အေဟာင္း တစ္စုံ ထုတ္လာေပးတာကလည္း Ampere rating နည္းေနပါတယ္။ ေကာင္းမေကာင္းလည္း မေသခ်ာပါဘူး။ အဲဒီအခ်ိန္မွာ တစ္ခု သတိရလိုက္တာက 3 phase motor မွာ 1 phase out ယင္ motor ေလာင္ႏိုင္ပါတယ္။ ဒီေတာ့ Magnetic Contactor မေကာင္းဘူး ေျပာၿပီး လဲတဲ့အခ်ိန္မွ Motor ပါ မေကာင္းတာဆိုယင္ မစစ္ခဲ့မိတဲ့ ကိုယ့္အမွား ျဖစ္ဦးမယ္။ ဒီေတာ့ motor coil ေတြကို တိုင္းၾကည့္ပါတယ္။ Terminal ကေန အယင္တိုင္းၾကည့္ေတာ့ coil ႏွစ္ခုက open ျပေနပါတယ္။ ေသခ်ာေအာင္ motor terminal box  ဖြင့္ၿပီး တိုင္းဖို႔ လုပ္ပါတယ္။ အေရးထဲ မိုးက သည္းသည္းမဲမဲ ရြာေနလို႔ ေစာင့္ရပါေသးတယ္။
မိုးတိတ္ေတာ့ motor terminal box ဖြင့္လိုက္ယင္ဘဲ ေညႇာ္နံ႔က ေထာင္းကနဲ ထြက္လာပါတယ္။ ၾကည့္လိုက္ေတာ့ terminal တစ္ခုက ေလာင္ထားတဲ့အရာ မဲေနပါတယ္။ Coil resistance တိုင္းၾကည့္ေတာ့ ေသခ်ာပါတယ္။ ႏွစ္ကြိဳင္ ေလာင္သြားတာပါ။ ဒီလို 9 pin (သို႔) 12 pin terminal motor ေတြကို double winding motor ေတြလို႔ ေခၚပါတယ္။ ပုံမွန္ 3 phase motor ေတြမွာ coil (winding) ၃ ခုပါယင္ ဒီလို Motor ေတြမွာ coil ေျခာက္ခုပါ ပါတယ္။ 3 phase ႏွစ္စုံေပါ့။ ဒီအေၾကာင္း ကၽြန္ေတာ္ post တစ္ခုမွာ ေရးဖူးပါတယ္။
အခု motor ေလာင္ေနၿပီဆိုေတာ့ ကၽြန္ေတာ္တို႔ ဘာမွ ဆက္မလုပ္ေတာ့ဘဲ report ေရးၿပီး ျပန္ခဲ့ဖို႔ ဆုံးျဖတ္လိုက္ပါတယ္။ စက္ခ်ဳပ္ကို ေျပာျပေတာ့ ေမာ္တာေလာင္တာ မျဖစ္ႏိုင္ဘူး ေျပာပါတယ္။ ကၽြန္ေတာ္တို႔ မလာခင္ MC ကို screw driver နဲ႔ ထိုးၾကည့္ေတာ့ Motor လည္ေသးတယ္တဲ့။ ဒါနဲ႔ ကၽြန္ေတာ္ တတ္ႏိုင္သမွ် ရွင္းျပရပါတယ္။ Double winding ဆိုေတာ့ တစ္စုံ ေလာင္ေနေပမဲ့ က်န္တဲ့ တစ္စုံ ေကာင္းေနေသးယင္ လည္ႏိုင္တဲ့ အေၾကာင္း။ ဒါေပမဲ့ သူ႔ design မွာ ႏွစ္စုံေပါင္းၿပီး Star-delta လည္ပတ္အား ( current / torque ) မတူတာေတြ တြက္ၿပီး ဆင္ထားတာဆိုေတာ့ ျပန္ပတ္ဖို႔ တိုက္တြန္းတဲ့ အေၾကာင္း၊ လက္ေတြ ေလာင္ထားတဲ့ terminal box ကိုျပၿပီး ရွင္းျပခဲ့ပါတယ္။ KM1 လည္း rating မွန္တာ လဲရမယ္။ Motor လည္း ျပန္ပတ္၊ ဒါမွမဟုတ္ အသစ္လဲရမယ္လို႔ report မွာေရးခဲ့ပါတယ္။ စက္ခ်ဳပ္က အင္တင္တင္နဲ႔ လက္မွတ္ထိုးေပးလိုက္ပါတယ္။ ဒါနဲ႔ဘဲ ျပန္ဆင္း လာခဲ့ပါတယ္။
ေနာက္ တစ္ပတ္ေလာက္ၾကာေတာ့ ႐ုုံးကို super က ဖုန္းဆက္လာပါတယ္။ Motor ေလာင္တာ မဟုတ္တဲ့အေၾကာင္း၊ MC လဲၿပီး Winch က သုံးလို႔ ရတဲ့အေၾကာင္း၊ လာျပင္တဲ့ Technician ေတြ ဘယ္ေလာက္ ညံ့ဖ်င္းေၾကာင္း စသျဖင့္ေပါ့။ ဒါနဲ႔ boss ကေမးေတာ့ ေျဖရွင္းခ်က္ေတြ ထုတ္ျပရပါေတာ့တယ္။ Coil ႏွစ္စုံမွာ တစ္စုံ ေလာင္ေတာ့ တစ္ခ်ဳိ႕ Step ေတြမွာ လည္ႏိုင္ပါတယ္။ တစ္ခ်ဳိ႕ Step ေတြမွာ လည္မွာ မဟုတ္တဲ့အေၾကာင္း ေျပာျပရပါတယ္။ Double winding motor ရဲ႕သဘာဝကို ႀကိဳးစား ရွင္းျပရပါတယ္။
တစ္ခါတေလ မသိတဲ့သူကို ရွင္းျပရတာ ခက္ပါတယ္။ ကိုယ့္ရပ္တည္ခ်က္ကို ဦးစားေပးရမလား customer first ဆိုတာေနာက္ လိုက္ၿပီး သူ႔အႀကိဳက္ အကုန္အက် သက္သက္သာသာနဲ႔ လည္ၿပီးေရာ လုပ္ေပးရမလား ဆုံးျဖတ္ရ ခပ္ခက္ခက္။


[Unicode]
တစ်ခါတလေ မသိတဲ့သူကို ရှင်းပြရတာ ခက်ပါတယ်။ ကိုယ့်ရပ်တည်ချက်ကို ဦးစားပေးရမလား customer first ဆိုတာနောက် လိုက်ရမလား ဆုံးဖြတ်ရ ခပ်ခက်ခက်။
ပြဿနာက Mooring Winch အလုပ်မလုပ်ဘူး ပြောပါတယ်။ Port နဲ့ Stbd winch နှစ်စုံမှာ Stbd ဘက်က တစ်ခုက မကောင်းတာပါ။
စက်ချုပ်အပါအဝင် Crew အများစုက အင်ဒို တွေပါ။ နောက်ပြီး ဓာတ်ကြိုးလည်း မရှိဘူး။ မေးကြည့်တော့ Control ကနေ Command ပေးတာ အဆင့် ၃ ခုလုံးမှာ ဘယ်အဆင့်မှ မရဘူးပြောပါတယ်။ Forward/ Reverse ဘယ်ဘက်မှ မရပါဘူးတဲ့။ သွားကြည့်တော့ Main Deck ပေါ်မှာ Control lever နဲ့ အောက်ဘက် အခန်းမှာ Control panel ရှိပါတယ်။ Drawing တောင်းတော့ ဟောင်းနွမ်း ဆွေးမြေ့ပြီး ခေါက်ရိုးကနေ ပြတ်လုလု ဖြစ်နေတဲ့ ရတနာ မြေပုံလေး ထုတ်လာပေးပါတယ်။ အဲဒီစာရွက်ကို copy ကူးခိုင်းပြီး ယူခဲ့ပါတယ်။
Panel ရောက်တော့ ထုံးစံအတိုင်း အဝင် power, Control power, fuse အဲဒါတွေတိုင်းကြည့်ပါတယ်။ Drawing အရ Motor က 9 pin double winding type ပါ။ Simple Star-delta ကို Timer နဲ့ သွားတာမျိုး မဟုတ်ပါဘူး။ Step 1 မှာ Y (star), Step 2 မှာ Y-Y ( parallel star), Step 3 မှာ Delta လို့ပြထားပါတယ်။ Main MC ၂ ခု ဖြစ်တဲ့ KM1 နဲ့ KM2 က forward / reverse ပြောင်းတာပါ။ KM 7 က Brake coil အတွက်ဖြစ်ပြီး KM 3 - KM6 က Star-Delta Logic တွေ လုပ်ပေးတာပါ။ Motor ဆီကို ကြိုး ၉ ချောင်း ဝင်သွားတာပြပြီး internal connection မပြထားပါဘူး။ ပထမ Control ပိုင်းကို စစ်ကြည့်ချင်တာနဲ့ တစ်ယောက်ကို အပေါ်က မောင်းခိုင်းပါတယ်။ Walkie Talkie နဲ့ ဆက်သွယ်ပြီး အောက်ဘက်က panel မှာ စောင့်ကြည့်ပါတယ်။ Step 1, 2, 3, (fwd / rev ) လုပ်ကြည့်ပြီး MC တွေ အလုပ်လုပ်တာ စောင့်ကြည့်ပါတယ်။ အပေါ်က drum ကတော့ ဘယ် အဆင့်မှာမှ မလည်ဘူး ပြောပါတယ်။ ပထမ  Brake coil ရဲ့ MC KM7 ကို သတိထားကြည့်တော့ အဆင့်တိုင်းမှာ ဆွဲနေပါတယ်။ ပြန်ရပ်ခိုင်းပြီး Brake coil ကို ohm တိုင်းကြည့်တော့လည်း ကောင်းနေပါတယ်။ အပေါ်မှာ Mechanical hard brake ကလည်း lock လုပ်မထားပါဘူး။ စက်-၂ ပြောတာက Drum လည်း jam ဖြစ်မနေဘူး လို့ဆိုပါတယ်။
နောက်တစ်ခါ operate လုပ်ခိုင်းပြီး step တစ်ခုစီရဲ့ MC တွေ မှန်မှန်ကန်ကန် အလုပ် လုပ်၊မလုပ်ရယ် ကြည့်ပါတယ်။ အဝင်အထွက် power တိုင်းကြည့်ပါတယ်။ အဲဒီမှာ Main contactor တစ်ခုဖြစ်တဲ့ KM1 က ကပ်နေတာ တွေ့ရပါတယ်။ Energize position မှာ ပြန်မကွာတော့ဘူး။ သူပြန်မကွာတော့ အပြန်အလှန် interlock လုပ်ထားတဲ့ reverse MC KM2 ကလည်း အလုပ်မလုပ်နိုင်တော့ဘူးပေါ့။ Power တွေပိတ်ပြီး တိုင်းတော့ contact သုံးခုမှာ နှစ်ခုက အမြဲထိနေပါတယ်။ တစ်ခုက လွတ်နေပါတယ်။ ကျန်တဲ့ MC တွေကတော့ သူအဆင့်နဲ့သူ မှန်မှန်ကန်ကန် လုပ်နေပါတယ်။
စက်-၂ ကို မေးကြည့်တော့ အပိုပစ္စည်းမရှိဘူးပြောပါတယ်။ အဟောင်း တစ်စုံထုတ်လာပေးတာကလည်း Ampere rating နည်းနေပါတယ်။ ကောင်းမကောင်းလည်း မသေချာပါဘူး။ အဲဒီအချိန်မှာ တစ်ခု သတိရလိုက်တာက 3 phase motor မှာ 1 phase out ယင် motor လောင်နိုင်ပါတယ်။ ဒီတော့ Magnetic Contactor မကောင်းဘူး ပြောပြီး လဲတဲ့အချိန်မှ Motor ပါ မကောင်းတာဆိုယင် မစစ်ခဲ့မိတဲ့ ကိုယ့်အမှား ဖြစ်ဦးမယ်။ ဒီတော့ motor coil တွေကို တိုင်းကြည့်ပါတယ်။ Terminal ကနေ အယင်တိုင်းကြည့်တော့ coil နှစ်ခုက open ပြနေပါတယ်။ သေချာအောင် motor terminal box  ဖွင့်ပြီး တိုင်းဖို့ လုပ်ပါတယ်။ အရေးထဲ မိုးက သည်းသည်းမဲမဲ ရွာနေလို့ စောင့်ရပါသေးတယ်။
မိုးတိတ်တော့ motor terminal box ဖွင့်လိုက်ယင်ဘဲ ညှော်နံ့က ထောင်းကနဲ ထွက်လာပါတယ်။ ကြည့်လိုက်တော့ terminal တစ်ခုက လောင်ထားတဲ့အရာ မဲနေပါတယ်။ Coil resistance တိုင်းကြည့်တော့ သေချာပါတယ်။ နှစ်ကွိုင် လောင်သွားတာပါ။ ဒီလို 9 pin (သို့) 12 pin terminal motor တွေကို double winding motor တွေလို့ ခေါ်ပါတယ်။ ပုံမှန် 3 phase motor တွေမှာ coil (winding) ၃ ခုပါယင် ဒီလို Motor တွေမှာ coil ခြောက်ခုပါ ပါတယ်။ 3 phase နှစ်စုံပေါ့။ ဒီအကြောင်း ကျွန်တော် post တစ်ခုမှာ ရေးဖူးပါတယ်။
အခု motor လောင်နေပြီဆိုတော့ ကျွန်တော်တို့ ဘာမှ ဆက်မလုပ်တော့ဘဲ report ရေးပြီး ပြန်ခဲ့ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ စက်ချုပ်ကို ပြောပြတော့ မော်တာလောင်တာ မဖြစ်နိုင်ဘူး ပြောပါတယ်။ ကျွန်တော်တို့ မလာခင် MC ကို screw driver နဲ့ ထိုးကြည့်တော့ Motor လည်သေးတယ်တဲ့။ ဒါနဲ့ ကျွန်တော် တတ်နိုင်သမျှ ရှင်းပြရပါတယ်။ Double winding ဆိုတော့ တစ်စုံ လောင်နေပေမဲ့ ကျန်တဲ့ တစ်စုံ ကောင်းနေသေးယင် လည်နိုင်တဲ့ အကြောင်း။ ဒါပေမဲ့ သူ့ design မှာ နှစ်စုံပေါင်းပြီး Star-delta လည်ပတ်အား ( current / torque ) မတူတာတွေ တွက်ပြီး ဆင်ထားတာဆိုတော့ ပြန်ပတ်ဖို့ တိုက်တွန်းတဲ့ အကြောင်း၊ လက်တွေ လောင်ထားတဲ့ terminal box ကိုပြပြီး ရှင်းပြခဲ့ပါတယ်။ KM1 လည်း rating မှန်တာ လဲရမယ်။ Motor လည်း ပြန်ပတ်၊ ဒါမှမဟုတ် အသစ်လဲရမယ်လို့ report မှာရေးခဲ့ပါတယ်။ စက်ချုပ်က အင်တင်တင်နဲ့ လက်မှတ်ထိုးပေးလိုက်ပါတယ်။ ဒါနဲ့ဘဲ ပြန်ဆင်း လာခဲ့ပါတယ်။
နောက် တစ်ပတ်လောက်ကြာတော့ ရုုံးကို super က ဖုန်းဆက်လာပါတယ်။ Motor လောင်တာ မဟုတ်တဲ့အကြောင်း၊ MC လဲပြီး Winch က သုံးလို့ ရတဲ့အကြောင်း၊ လာပြင်တဲ့ Technician တွေ ဘယ်လောက် ညံ့ဖျင်းကြောင်း စသဖြင့်ပေါ့။ ဒါနဲ့ boss ကမေးတော့ ဖြေရှင်းချက်တွေ ထုတ်ပြရပါတော့တယ်။ Coil နှစ်စုံမှာ တစ်စုံ လောင်တော့ တစ်ချို့ Step တွေမှာ လည်နိုင်ပါတယ်။ တစ်ချို့ Step တွေမှာ လည်မှာ မဟုတ်တဲ့အကြောင်း ပြောပြရပါတယ်။ Double winding motor ရဲ့သဘာဝကို ကြိုးစား ရှင်းပြရပါတယ်။
တစ်ခါတလေ မသိတဲ့သူကို ရှင်းပြရတာ ခက်ပါတယ်။ ကိုယ့်ရပ်တည်ချက်ကို ဦးစားပေးရမလား customer first ဆိုတာနောက် လိုက်ပြီး သူ့အကြိုက် အကုန်အကျ သက်သက်သာသာနဲ့ လည်ပြီးရော လုပ်ပေးရမလား ဆုံးဖြတ်ရ ခပ်ခက်ခက်။

Friday 19 January 2018

Insulation Resistance (၆) - 24V DC low insulation

[Zawgyi]
ဒီတစ္စီးမွာလည္း DC 24V panel မွာ low insulation ျပႆနာ ရွင္းေပးရတာပါ။ သိပ္ေတာ့ မရႈပ္ပါဘူး။ သေဘၤာက Container သေဘၤာပါ။ ထုံးစံအတိုင္း DC charging / discharging panel က bridge မွာရွိပါတယ္။ သေဘၤာမွာ ဓာတ္ႀကိဳး မရွိဘဲ စက္-၁ နဲ႔ စက္ခ်ဳပ္က ေနရာေတြ လိုက္ျပေပးပါတယ္။ သူတို႔ကို ခြင့္ေတာင္းၿပီး distribution panel က breaker ေတြ အဖြင့္အပိတ္လုပ္ၿပီး ရွာလိုက္ေတာ့ ျပႆနာက ECR မွာရွိတဲ့ 24V DP ကလာတာလို႔ သိသြားပါတယ္။
ဒါနဲ႔ ECR ကိုဆင္း 24V DP မွာရွိတဲ့ breaker 10 ခုေလာက္မွာ ထပ္ၿပီး isolate လုပ္ၾကည့္လိုက္ေတာ့ နံပါတ္ 2 breaker ကျဖစ္ေနတာ ေတြ႕ပါတယ္။ ေရးထားတာက ECC DC 24V source ဆိုေတာ့ ဒီ console ကို power ေပးထားတာေတာ့ သိတယ္။ ဘယ္လိုေပးၿပီး ဘာေတြ looping လုပ္ထားတယ္ဆိုတာ မသိေတာ့ ဂ႐ုစိုက္ရပါတယ္။ ဒါနဲ႔ ECC ရဲ႕ drawing ေတြ ေမႊၿပီး ရွာၾကည့္ရပါတယ္။ အဲဒီမွ ဘာေတြ႕လဲဆိုေတာ့ power supply board တစ္ခုမွာ ဝင္သြားတာေတြ႕ရပါတယ္။ အဲဒီ board ေပၚမွာ အထြက္ channel ေျခာက္ခုရွိပါတယ္။ Channel တစ္ခုကို Fuse ႏွစ္လုံးစီနဲ႔ ျပန္ခြဲထုတ္ေပးထားတာပါ။ စက္ခ်ဳပ္ကို အသိေပးၿပီး fuse တစ္စုံစီ ဆြဲထုတ္ၿပီး ရွာလိုက္ေတာ့ channel တစ္ခုမွာဘဲ fault ရွိတာ ေတြ႕ရပါတယ္။ ဘာအတြက္ ေပးတဲ့ channel လဲ drawing မွာ ရွာၾကည့္ေတာ့မွ extension alarm panel ေတြ အတြက္ ေပးတဲ့ supply ပါ။ Extension Alarm Panel စုစုေပါင္း ၇ ခု ရွိပါတယ္။ Mess room , CCR, Bridge နဲ႔ အရာရွိ အခန္း ၄ ခုမွာပါ။ Bridge က စၿပီး trace လုပ္လာခဲ့တဲ့ ျပႆနာ၊ ECR ထဲ ေရာက္ၿပီးမွ အခု bridge အထိ ျပန္တက္ရဦးမယ္။
ဒါနဲ႔ A-Deck က cable trunk အခန္းထဲမွာ ရွိတဲ့ terminal box ထဲမွာ ႀကိဳးေတြကိုၾကည့္ၿပီး အေပၚ ဆက္တက္မယ့္ အပိုင္းကိုျဖဳတ္ ဒီအထပ္က ဟုတ္မဟုတ္ ရွာရပါတယ္။ တစ္ထပ္ၿပီးတစ္ထပ္ရွာယင္း ေနာက္ဆုံး စက္-၁ အခန္းကျဖစ္ေနပါတယ္။
စက္-၁ ကို အခန္းဖြင့္ခိုင္းၿပီး Alarm extension panel ေလးကို ဖြင့္ၾကည့္ပါတယ္။ အဝင္အထြက္ႀကိဳးေတြၾကည့္ေတာ့ 24V power ႀကိဳး ၄ ေခ်ာင္း၊ RS485 ၂ ေခ်ာင္းဝင္ ၂ ေခ်ာင္းထြက္၊ ေနာက္ၿပီး ext buzzer ဆိုတဲ့ ၂ ေခ်ာင္း ျပန္ထြက္ထားပါတယ္။ ( 24V power ၄ ေခ်ာင္းကေတာ့ alarm unit မွာ redundancy အတြက္ power source ၂ ခုကေန ဝင္ဖို႔ထားတာပါ။ ဒီမွာေတာ့ အလြယ္လုပ္ၿပီး source တစ္ခုထဲက ႀကိဳး ၂ စုံနဲ႔ ဝင္ထားတာ ေတြ႕ရပါတယ္။)
အဝင္ power ႀကိဳး ၄ ေခ်ာင္းျဖဳတ္ေတာ့ low insulation ေပ်ာက္သြားတယ္။ ဒီ unit က ျဖစ္တာ ေသခ်ာသေလာက္ပါ။ ဒါေပမဲ့ ext buzzer ႀကိဳး ၂ ေခ်ာင္း ရွိေသးတယ္။ RS485 ၄ ေခ်ာင္းက မျဖစ္ဖို႔မ်ားပါတယ္။ သူက data communication အတြက္ပါ။ ေသခ်ာေအာင္ အဝင္ power ႀကိဳး ၄ ေခ်ာင္း ျပန္တပ္လိုက္ပါတယ္။ Ext buzzer ႀကိဳး၂ ေခ်ာင္းကို ျဖဳတ္ထားပါတယ္။ အဲလိုဆိုေတာ့ ေကာင္းေနပါတယ္။
 ဒါဆို Ext buzzer ကျဖစ္ေနတာေပါ့။ စက္-၁ ရဲ႕အခန္းက ေတာ္ေတာ္ က်ယ္ပါတယ္။ Alarm panel unit ေလးက ဧည့္ခန္းလို ဝင္ ဝင္ခ်င္း အခန္းက်ယ္ထဲမွာ ထားတာပါ။ ေနာက္ အိပ္ခန္း တစ္ခု အထဲမွာ ရွိပါတယ္။ Ext buzzer က အိပ္ခန္းထဲမွာ။ တံခါးပိတ္ၿပီး အိပ္ေနယင္ မၾကားရမွာ စိုးလို႔ ထည့္ထားတာ ျဖစ္မယ္။ အိပ္ခန္းထဲက buzzer ေလးကို ဆြဲဖြင့္ၾကည့္ေတာ့ ႀကိဳး ႏွစ္ေခ်ာင္းမွာ တစ္ေခ်ာင္း ျဖဳတ္ၿပီး နံရံအေပါက္ထဲ  ျပန္ထိုးထည့္ထားတာ ေတြ႕ရပါတယ္။
Tape မပတ္ဘဲ ထိုးထည့္ထားေတာ့ နံရံမွာေထာက္ၿပီး earth fault ျဖစ္ေနတာပါ။ ဒီစက္-၁ လား၊ အယင္လူလားမသိ အိပ္ေရးပ်က္မွာစိုးလို႔ ျဖဳတ္ထားတယ္လို႔ ယူဆရတာဘဲ။ ထားပါေတာ့။ ဒါသူတို႔အပိုင္း။ ႀကိဳးေတြ သူ႔ေနရာသူ အကုန္ျပန္တပ္ေပးလိုက္ပါတယ္။ စမ္းၾကည့္ေတာ့ buzzer လည္း ေကာင္းပါတယ္။ အလုပ္လည္း လုပ္ပါတယ္။ Low Insulation လည္း မရွိေတာ့ပါဘူး။ 

[Unicode]

ဒီတစ်စီးမှာလည်း DC 24V panel မှာ low insulation ပြဿနာ ရှင်းပေးရတာပါ။ သိပ်တော့ မရှုပ်ပါဘူး။ သင်္ဘောက Container သင်္ဘောပါ။ ထုံးစံအတိုင်း DC charging / discharging panel က bridge မှာရှိပါတယ်။ သင်္ဘောမှာ ဓာတ်ကြိုး မရှိဘဲ စက်-၁ နဲ့ စက်ချုပ်က နေရာတွေ လိုက်ပြပေးပါတယ်။ သူတို့ကို ခွင့်တောင်းပြီး distribution panel က breaker တွေ အဖွင့်အပိတ်လုပ်ပြီး ရှာလိုက်တော့ ပြဿနာက ECR မှာရှိတဲ့ 24V DP ကလာတာလို့ သိသွားပါတယ်။
ဒါနဲ့ ECR ကိုဆင်း 24V DP မှာရှိတဲ့ breaker 10 ခုလောက်မှာ ထပ်ပြီး isolate လုပ်ကြည့်လိုက်တော့ နံပါတ် 2 breaker ကဖြစ်နေတာ တွေ့ပါတယ်။ ရေးထားတာက ECC DC 24V source ဆိုတော့ ဒီ console ကို power ပေးထားတာတော့ သိတယ်။ ဘယ်လိုပေးပြီး ဘာတွေ looping လုပ်ထားတယ်ဆိုတာ မသိတော့ ဂရုစိုက်ရပါတယ်။ ဒါနဲ့ ECC ရဲ့ drawing တွေ မွှေပြီး ရှာကြည့်ရပါတယ်။ အဲဒီမှ ဘာတွေ့လဲဆိုတော့ power supply board တစ်ခုမှာ ဝင်သွားတာတွေ့ရပါတယ်။ အဲဒီ board ပေါ်မှာ အထွက် channel ခြောက်ခုရှိပါတယ်။ Channel တစ်ခုကို Fuse နှစ်လုံးစီနဲ့ ပြန်ခွဲထုတ်ပေးထားတာပါ။ စက်ချုပ်ကို အသိပေးပြီး fuse တစ်စုံစီ ဆွဲထုတ်ပြီး ရှာလိုက်တော့ channel တစ်ခုမှာဘဲ fault ရှိတာ တွေ့ရပါတယ်။ ဘာအတွက် ပေးတဲ့ channel လဲ drawing မှာ ရှာကြည့်တော့မှ extension alarm panel တွေ အတွက် ပေးတဲ့ supply ပါ။ Extension Alarm Panel စုစုပေါင်း ရ ခု ရှိပါတယ်။ Mess room , CCR, Bridge နဲ့ အရာရှိ အခန်း ၄ ခုမှာပါ။ Bridge က စပြီး trace လုပ်လာခဲ့တဲ့ ပြဿနာ၊ ECR ထဲ ရောက်ပြီးမှ အခု bridge အထိ ပြန်တက်ရဦးမယ်။
ဒါနဲ့ A-Deck က cable trunk အခန်းထဲမှာ ရှိတဲ့ terminal box ထဲမှာ ကြိုးတွေကိုကြည့်ပြီး အပေါ် ဆက်တက်မယ့် အပိုင်းကိုဖြုတ် ဒီအထပ်က ဟုတ်မဟုတ် ရှာရပါတယ်။ တစ်ထပ်ပြီးတစ်ထပ်ရှာယင်း နောက်ဆုံး စက်-၁ အခန်းကဖြစ်နေပါတယ်။
စက်-၁ ကို အခန်းဖွင့်ခိုင်းပြီး Alarm extension panel လေးကို ဖွင့်ကြည့်ပါတယ်။ အဝင်အထွက်ကြိုးတွေကြည့်တော့ 24V power ကြိုး ၄ ချောင်း၊ RS485 ၂ ချောင်းဝင် ၂ ချောင်းထွက်၊ နောက်ပြီး ext buzzer ဆိုတဲ့ ၂ ချောင်း ပြန်ထွက်ထားပါတယ်။ ( 24V power ၄ ချောင်းကတော့ alarm unit မှာ redundancy အတွက် power source ၂ ခုကနေ ဝင်ဖို့ထားတာပါ။ ဒီမှာတော့ အလွယ်လုပ်ပြီး source တစ်ခုထဲက ကြိုး ၂ စုံနဲ့ ဝင်ထားတာ တွေ့ရပါတယ်။)
အဝင် power ကြိုး ၄ ချောင်းဖြုတ်တော့ low insulation ပျောက်သွားတယ်။ ဒီ unit က ဖြစ်တာ သေချာသလောက်ပါ။ ဒါပေမဲ့ ext buzzer ကြိုး ၂ ချောင်း ရှိသေးတယ်။ RS485 ၄ ချောင်းက မဖြစ်ဖို့များပါတယ်။ သူက data communication အတွက်ပါ။ သေချာအောင် အဝင် power ကြိုး ၄ ချောင်း ပြန်တပ်လိုက်ပါတယ်။ Ext buzzer ကြိုး၂ ချောင်းကို ဖြုတ်ထားပါတယ်။ အဲလိုဆိုတော့ ကောင်းနေပါတယ်။ 
ဒါဆို Ext buzzer ကဖြစ်နေတာပေါ့။ စက်-၁ ရဲ့အခန်းက တော်တော် ကျယ်ပါတယ်။ Alarm panel unit လေးက ဧည့်ခန်းလို ဝင် ဝင်ချင်း အခန်းကျယ်ထဲမှာ ထားတာပါ။ နောက် အိပ်ခန်း တစ်ခု အထဲမှာ ရှိပါတယ်။ Ext buzzer က အိပ်ခန်းထဲမှာ။ တံခါးပိတ်ပြီး အိပ်နေယင် မကြားရမှာ စိုးလို့ ထည့်ထားတာ ဖြစ်မယ်။ အိပ်ခန်းထဲက buzzer လေးကို ဆွဲဖွင့်ကြည့်တော့ ကြိုး နှစ်ချောင်းမှာ တစ်ချောင်း ဖြုတ်ပြီး နံရံအပေါက်ထဲ ပြန်ထိုးထည့်ထားတာ တွေ့ရပါတယ်။ Tape မပတ်ဘဲ ထိုးထည့်ထားတော့ နံရံမှာထောက်ပြီး earth fault ဖြစ်နေတာပါ။ ဒီစက်-၁ လား၊ အယင်လူလားမသိ အိပ်ရေးပျက်မှာစိုးလို့ ဖြုတ်ထားတယ်လို့ ယူဆရတာဘဲ။ ထားပါတော့။ ဒါသူတို့အပိုင်း။ ကြိုးတွေ သူ့နေရာသူ အကုန်ပြန်တပ်ပေးလိုက်ပါတယ်။ စမ်းကြည့်တော့ buzzer လည်း ကောင်းပါတယ်။ အလုပ်လည်း လုပ်ပါတယ်။ Low Insulation လည်း မရှိတော့ပါဘူး။ 

Monday 15 January 2018

Viscosity Control (၁) - Not Functioning


[Zawgyi]
မၾကာခင္က တစ္ျခား ကုမၸဏီတစ္ခုက အကူအညီေတာင္းလို႔ လိုက္ကူေပးခဲ့တဲ့ အလုပ္ေလးပါ။ သူတို႔လူ Philippino တစ္ေယာက္နဲ႔ အတူ သြားခဲ့တာပါ။ Container သေဘၤာတစ္စီးမွာ Viscosity Control System အလုပ္မလုပ္လို႔ သြားစစ္ေပးခဲ့ရတာပါ။ Port ထဲကိုဝင္ဖို႔ စာရြက္စာတန္းလုပ္ရတာနဲ႔ ဘာနဲ႔ အခ်ိန္ေတာ္ေတာ္ နည္းေနပါၿပီ။ ေရာက္ေတာ့ စက္-၂ က လိုက္ျပပါတယ္။ Control က ECR ထဲမွာ ရွိၿပီး Valve နဲ႔ Sensor ကေတာ့ ေအာက္ထပ္ purifier room ထဲမွာရွိပါတယ္။

အမ်ဳိးအစားက DAEHO Viscosum V15 ပါ။ Pneumatic control type ပါ။ ME အတြက္တစ္ခု Generator အတြက္တစ္ခုပါ။ ျပႆနာက Controller မွာ အနီေရာင္ pointer နဲ႔ set value တစ္ခုေပးလိုက္ေပမဲ့ present value အနက္ေရာင္ pointer က လိုက္မေျပာင္း၊ မညႇိေပးဘူးဆိုပါတယ္။
ဒီေနရာမွာ Viscosity Controller အေၾကာင္း နည္းနည္း ေျပာျပခ်င္ပါတယ္။ HFO လို viscosity ျမင့္တဲ့ ဆီေတြကို အင္ဂ်င္မွာ တိုက္႐ိုက္ သုံးလို႔မရတာ သိၿပီးျဖစ္မွာပါ။ အပူေပးၿပီး ဆီကို က်ဲေအာင္ အယင္လုပ္ရပါတယ္။ ဆီအျပစ္အက်ဲ (viscosity) ကို တစ္သမတ္ထဲ ထိန္းဖို႔ ဒီလို controller ေတြသုံးပါတယ္။ Viscosity Controller မွာ electrical control နဲ႔ pneumatic control ကြဲပါေသးတယ္။ အခုစံနစ္က pneumatic control ပါ။ အလုပ္လုပ္ပုံကေတာ့ သိပ္မရႈပ္ပါဘူး။ controller ကေန set value (SV) တစ္ခုေပးပါတယ္။ ဥပမာ 22 cSt ထားပါေတာ့။ သူ႔ထက္ present value (PV) ကမ်ားေနယင္ air pressure တစ္ခုေပးၿပီး steam / thermal oil valve ကို ဖြင့္ေပးပါတယ္။ ဆီကိုအပူေပးပါမယ္။ ပူလာလိူ႔ viscosity က်လာယင္ viscosity sensor က feedback ျပန္ေပးေတာ့ SV နဲ႔ PV နီးလာတာနဲ႔ တစ္ျဖည္းျဖည္းပိတ္ေပး ရမွာပါ။ ၾကားျဖတ္ၿပီး ေျပာရယင္ သုံးေလ့ရွိတဲ့ viscosity ရဲ႕ယူနစ္ ကေတာ့ cSt (centistroke) ဒါမွမဟုတ္ mPa.s (millipascal.second) ပါ။
 စၿပီး စစ္မယ္ဆိုေတာ့ ECR ထဲက controller ကို အယင္ၾကည့္ပါတယ္။ Consoles ေပၚမွာ controller ႏွစ္လုံးက ေဘးခ်င္းယွဥ္ရက္ ရွိေနပါတယ္။ ပထမ ME အတြက္ controller ကိုစစ္ၾကည့္ပါတယ္။ Range ကိုၾကည့္ေတာ့ input က 2 bar ျဖစ္ၿပီး output က (0.2 - 1) bar ျဖစ္ပါတယ္။ အဝင္ေလက 2 bar ရွိပါတယ္။ Set value ကိုေျပာင္းၿပီး အထြက္ ေလ pressure ၾကည့္ပါတယ္။
SV pointer အနီက PV pointer အနက္ထက္ အမ်ားႀကီးပိုမွ 1.0 bar ေရာက္ပါတယ္။ SV ေလ်ာ့ခ်ေတာ့လည္း PV ထက္ နည္းနည္း ေလ်ာ့တာနဲ႔ 0.2 bar ျဖစ္သြားပါၿပီ။ ဒီစံနစ္မွာ positioner မပါ ပါဘူး။ Air pressure အရ diaphragm valve ကို အဖြင့္၊ အပိတ္ လုပ္ေပးတာပါ။ 0.2 bar မွာ fully open ျဖစ္ၿပီး 1 bar မွာ fully close ျဖစ္ရမွာပါ။
ပါလာတဲ့ အေဖၚကို valve position ၾကည့္ခိုင္းၿပီး output air pressure ကို ကစားေပးပါတယ္။ အဲဒီမွာ သူ႔ pressure အလိုက္ valve အဖြင့္အပိတ္ position စစ္ၾကည့္ေတာ့ မွန္ပါတယ္။
Steam valve အဖြင့္အပိတ္လုပ္ၿပီး ခဏေစာင့္ၾကည့္တာေတာင္ PV value ျပတဲ့ အနက္ေရာင္ pointer က လုံးဝ မလႈပ္ပါဘူး။ Sensor မေကာင္းလို႔လား၊ feedback air ပိုက္ လမ္းမွာ ပိတ္လို႔၊ ေပါက္လို႔လား၊ controller အထဲက မေကာင္းတာလား တစ္ခုခုျဖစ္ႏိုင္ပါတယ္။
ဒီေနရာမွာ viscosity sensor အေၾကာင္း နည္းနည္း ေျပာခ်င္ပါတယ္။ Sensor အမ်ဳိးမ်ဳိး ရွိတဲ့အထဲက ဒီမွာသုံးထားတဲ့ sensor ကေတာ့ ဆီကို rpm နည္းနည္းနဲ႔ လည္ေနတဲ့ gear pump ထဲကို ျဖတ္စီးခိုင္းပါတယ္။ ဆီရဲ႕ အျပစ္အက်ဲေပၚမူတည္ၿပီး ပိုက္နံရံနဲ႔ ထိတဲ့ friction force ကြာပါတယ္။ အဲဒီကျဖတ္ထြက္လာတဲ့ pressure နဲ႔ မျဖတ္ဘဲထြက္လာတဲ့ pressure ကြာျခားခ်က္ကို differential pressure sensor ကယွဥ္ၾကည့္ၿပီး feedback ေလ pressures  (0.2-1) bar ျပန္ေပးတာပါ။ စက္-၂ ေျပာတာက မေန႔ကဘဲ အဲဒီ differential pressure sensor ကို servicing လုပ္ထားတယ္။ ေကာင္းတယ္လို႔ ယုံၾကည္ခ်က္အျပည့္နဲ႔ ေျပာပါတယ္။ ထားပါေတာ့ က်န္တဲ့အပိုင္းက စစ္လို႔ရတာ ၾကည့္ေတာ့ pump ကလည္ေနတာျမင္ရတယ္။  sensor အဝင္ ေလ pressure ရွိေနတယ္။ တစ္ကယ္က sensor အထြက္ pressure ကို Gauge / pressure calibrator နဲ႔ တိုင္းၾကည့္သင့္ပါတာ္။ ေနာက္ၿပီး hand pump နဲ႔ sensor အထြက္က ထိုးၿပီး feedback line ကို စစ္သင့္ပါတယ္။ ကိုယ္ေတြကလည္း hand pump / calibrator မယူလာမိ။ ဒီေတာ့ ဘာမွဆက္လုပ္လို႔ မရေတာ့ပါဘူး။ ေကာက္ခ်က္ခ်ေတာ့ controller က output မမွန္တာ ေသခ်ာတယ္။ P-I Control ႏွစ္ခုကို ကစားၾကည့္ေပမဲ့ အဆင္မေျပပါဘူး။ feedback ကိစၥက စစ္လို႔ရသေလာက္စစ္ၿပီးၿပီ။ Control ထဲက ပ်က္တာ ဟုတ္၊မဟုတ္ေတာ့ မေသခ်ာဘူး။
Generator အတြက္ ေနာက္ Controller တစ္ခုကလည္း  သိပ္မကြာပါဘူး။ Controller output air pressure က 10-12 cSt ေလာက္နဲ႔ အဖြင့္အပိတ္ေျပာင္းေနပါတယ္။ PV က 20 cSt ေလာက္မွာရွိတာပါ။ 
အတူလာတဲ့ ဖားကလည္း controller ေတြျဖဳတ္ခ်ၿပီး Workshop ယူသြားခ်င္တယ္။ သူ႔ကို super နဲ႔ စကားေျပာခိုင္းလိုက္တယ္။ သေဘၤာထြက္ခ်ိန္က နီးေနပါၿပီ။ ေနာက္တစ္ေခါက္ ၃ ပတ္ေလာက္မွာ ျပန္လာမယ္ ဆိုပါတယ္။ Super နဲ႔ စက္ခ်ဳပ္သေဘာတူလို႔ controller ႏွစ္လုံး ျဖဳတ္ၿပီးယူခဲ့ပါတယ္။ သူတို႔ Workshop မွာ Service and calibration လုပ္ၿပီး ေနာက္တစ္ေခါက္မွ ျပန္တပ္ဖို႔ေပါ့။ လိုအပ္လာယင္ ဆက္ရွာဖို႔ Hand pump နဲ႔ pressure calibrator ယူသြားဖို႔ သတိေပးလိုက္ပါတယ္။

[Unicode]
မကြာခင်က တစ်ခြား ကုမ္ပဏီတစ်ခုက အကူအညီတောင်းလို့ လိုက်ကူပေးခဲ့တဲ့ အလုပ်လေးပါ။ သူတို့လူ Philippino တစ်ယောက်နဲ့ အတူ သွားခဲ့တာပါ။ Container သင်္ဘောတစ်စီးမှာ Viscosity Control System အလုပ်မလုပ်လို့ သွားစစ်ပေးခဲ့ရတာပါ။ Port ထဲကိုဝင်ဖို့ စာရွက်စာတန်းလုပ်ရတာနဲ့ ဘာနဲ့ အချိန်တော်တော် နည်းနေပါပြီ။ ရောက်တော့ စက်-၂ က လိုက်ပြပါတယ်။ Control က ECR ထဲမှာ ရှိပြီး Valve နဲ့ Sensor ကတော့ အောက်ထပ် purifier room ထဲမှာရှိပါတယ်။ 
အမျိုးအစားက DAEHO Viscosum V15 ပါ။ Pneumatic control type ပါ။ ME အတွက်တစ်ခု Generator အတွက်တစ်ခုပါ။ ပြဿနာက Controller မှာ အနီရောင် pointer နဲ့ set value တစ်ခုပေးလိုက်ပေမဲ့ present value အနက်ရောင် pointer က လိုက်မပြောင်း၊ မညှိပေးဘူးဆိုပါတယ်။
ဒီနေရာမှာ Viscosity Controller အကြောင်း နည်းနည်း ပြောပြချင်ပါတယ်။ HFO လို viscosity မြင့်တဲ့ ဆီတွေကို အင်ဂျင်မှာ တိုက်ရိုက် သုံးလို့မရတာ သိပြီးဖြစ်မှာပါ။ အပူပေးပြီး ဆီကို ကျဲအောင် အယင်လုပ်ရပါတယ်။ ဆီအပြစ်အကျဲ (viscosity) ကို တစ်သမတ်ထဲ ထိန်းဖို့ ဒီလို controller တွေသုံးပါတယ်။ Viscosity Controller မှာ electrical control နဲ့ pneumatic control ကွဲပါသေးတယ်။ အခုစံနစ်က pneumatic control ပါ။ အလုပ်လုပ်ပုံကတော့ သိပ်မရှုပ်ပါဘူး။ controller ကနေ set value (SV) တစ်ခုပေးပါတယ်။ ဥပမာ 22 cSt ထားပါတော့။ သူ့ထက် present value (PV) ကများနေယင် air pressure တစ်ခုပေးပြီး steam / thermal oil valve ကို ဖွင့်ပေးပါတယ်။ ဆီကိုအပူပေးပါမယ်။ ပူလာလိူ့ viscosity ကျလာယင် viscosity sensor က feedback ပြန်ပေးတော့ SV နဲ့ PV နီးလာတာနဲ့ တစ်ဖြည်းဖြည်းပိတ်ပေး ရမှာပါ။ ကြားဖြတ်ပြီး ပြောရယင် သုံးလေ့ရှိတဲ့ viscosity ရဲ့ယူနစ် ကတော့ cSt (centistroke) ဒါမှမဟုတ် mPa.s (millipascal.second) ပါ။
စပြီး စစ်မယ်ဆိုတော့ ECR ထဲက controller ကို အယင်ကြည့်ပါတယ်။ Consoles ပေါ်မှာ controller နှစ်လုံးက ဘေးချင်းယှဉ်ရက် ရှိနေပါတယ်။ ပထမ ME အတွက် controller ကိုစစ်ကြည့်ပါတယ်။ Range ကိုကြည့်တော့ input က 2 bar ဖြစ်ပြီး output က (0.2 - 1) bar ဖြစ်ပါတယ်။ အဝင်လေက 2 bar ရှိပါတယ်။ Set value ကိုပြောင်းပြီး အထွက် လေ pressure ကြည့်ပါတယ်။ SV pointer အနီက PV pointer အနက်ထက် အများကြီးပိုမှ 1.0 bar ရောက်ပါတယ်။ SV လျော့ချတော့လည်း PV ထက် နည်းနည်း လျော့တာနဲ့ 0.2 bar ဖြစ်သွားပါပြီ။ ဒီစံနစ်မှာ positioner မပါ ပါဘူး။ Air pressure အရ diaphragm valve ကို အဖွင့်၊ အပိတ် လုပ်ပေးတာပါ။ 0.2 bar မှာ fully open ဖြစ်ပြီး 1 bar မှာ fully close ဖြစ်ရမှာပါ။
ပါလာတဲ့ အဖေါ်ကို valve position ကြည့်ခိုင်းပြီး output air pressure ကို ကစားပေးပါတယ်။ အဲဒီမှာ သူ့ pressure အလိုက် valve အဖွင့်အပိတ် position စစ်ကြည့်တော့ မှန်ပါတယ်။
Steam valve အဖွင့်အပိတ်လုပ်ပြီး ခဏစောင့်ကြည့်တာတောင် PV value ပြတဲ့ အနက်ရောင် pointer က လုံးဝ မလှုပ်ပါဘူး။ Sensor မကောင်းလို့လား၊ feedback air ပိုက် လမ်းမှာ ပိတ်လို့၊ ပေါက်လို့လား၊ controller အထဲက မကောင်းတာလား တစ်ခုခုဖြစ်နိုင်ပါတယ်။
ဒီနေရာမှာ viscosity sensor အကြောင်း နည်းနည်း ပြောချင်ပါတယ်။ Sensor အမျိုးမျိုး ရှိတဲ့အထဲက ဒီမှာသုံးထားတဲ့ sensor ကတော့ ဆီကို rpm နည်းနည်းနဲ့ လည်နေတဲ့ gear pump ထဲကို ဖြတ်စီးခိုင်းပါတယ်။ ဆီရဲ့ အပြစ်အကျဲပေါ်မူတည်ပြီး ပိုက်နံရံနဲ့ ထိတဲ့ friction force ကွာပါတယ်။ အဲဒီကဖြတ်ထွက်လာတဲ့ pressure နဲ့ မဖြတ်ဘဲထွက်လာတဲ့ pressure ကွာခြားချက်ကို differential pressure sensor ကယှဉ်ကြည့်ပြီး feedback လေ pressures  (0.2-1) bar ပြန်ပေးတာပါ။ စက်-၂ ပြောတာက မနေ့ကဘဲ အဲဒီ differential pressure sensor ကို servicing လုပ်ထားတယ်။ ကောင်းတယ်လို့ ယုံကြည်ချက်အပြည့်နဲ့ ပြောပါတယ်။ ထားပါတော့ ကျန်တဲ့အပိုင်းက စစ်လို့ရတာ ကြည့်တော့ pump ကလည်နေတာမြင်ရတယ်။  sensor အဝင် လေ pressure ရှိနေတယ်။ တစ်ကယ်က sensor အထွက် pressure ကို Gauge / pressure calibrator နဲ့ တိုင်းကြည့်သင့်ပါတာ်။ နောက်ပြီး hand pump နဲ့ sensor အထွက်က ထိုးပြီး feedback line ကို စစ်သင့်ပါတယ်။ ကိုယ်တွေကလည်း hand pump / calibrator မယူလာမိ။ ဒီတော့ ဘာမှဆက်လုပ်လို့ မရတော့ပါဘူး။ ကောက်ချက်ချတော့ controller က output မမှန်တာ သေချာတယ်။ P-I Control နှစ်ခုကို ကစားကြည့်ပေမဲ့ အဆင်မပြေပါဘူး။ feedback ကိစ္စက စစ်လို့ရသလောက်စစ်ပြီးပြီ။ Control ထဲက ပျက်တာ ဟုတ်၊မဟုတ်တော့ မသေချာဘူး။ 
Generator အတွက် နောက် Controller တစ်ခုကလည်း  သိပ်မကွာပါဘူး။ Controller output air pressure က 10-12 cSt လောက်နဲ့ အဖွင့်အပိတ်ပြောင်းနေပါတယ်။ PV က 20 cSt လောက်မှာရှိတာပါ။ 
အတူလာတဲ့ ဖားကလည်း controller တွေဖြုတ်ချပြီး Workshop ယူသွားချင်တယ်။ သူ့ကို super နဲ့ စကားပြောခိုင်းလိုက်တယ်။ သင်္ဘောထွက်ချိန်က နီးနေပါပြီ။ နောက်တစ်ခေါက် ၃ ပတ်လောက်မှာ ပြန်လာမယ် ဆိုပါတယ်။ Super နဲ့ စက်ချုပ်သဘောတူလို့ controller နှစ်လုံး ဖြုတ်ပြီးယူခဲ့ပါတယ်။ သူတို့ Workshop မှာ Service and calibration လုပ်ပြီး နောက်တစ်ခေါက်မှ ပြန်တပ်ဖို့ပေါ့။ လိုအပ်လာယင် ဆက်ရှာဖို့ Hand pump နဲ့ pressure calibrator ယူသွားဖို့ သတိပေးလိုက်ပါတယ်။