Tuesday 25 June 2019

Struggling With Parameters of a Temperature Controller


ဒီဇာတ်လမ်းက ပြီးခဲ့တဲ့ Incinerator (2) ရဲ့ ဇာတ်ဝင်ခန်း တစ်ခုပေါ့။ Temperature Controller အထဲက Parameter တွေရဲ့ အဓိပ္ပာယ်တွေနဲ့ ကိုယ်လိုတဲ့ Function ရအောင် ဘယ်လိုလုပ်လို့ရသလဲဆိုတာ နမူနာအနေနဲ့ ပြောပြထားပါတယ်။

ပထမဆုံး ကျွန်တော့် လိုအပ်ချက်ကိုပြောပြပါမယ်။  Sludge Temperature ကို RTD (PT100) sensor တစ်ခုနဲ့ sense လုပ်နေပါမယ်။ 60  ံC ထက် နိမ့်ရင် Temp Low Signal ထုတ်ပေးမယ်။ 100  ံC ထက် ကျော်ရင် Temp High Signal ထုတ်ပေးမယ်။ ထုတ်ပေးရမယ့် Signal တွေက PLC ကို သွားမယ့် ကြိုးတွေကို Dry Contact နဲ့ ထုတ်ပေးရပါမယ်။ ပုံမှန်အချိန်မှာ close ဖြစ်ပြီး Alarm ဖြစ်တဲ့အချိန် Open လုပ်ပေးရပါမယ်။

အခု Controller ရဲ့ Feature တွေကို ပြောပြပါမယ်။ ကျွန်တော်တို့မှာ ရှိနေတာက Panasonic ရဲ့ KT4 ဆိုတဲ့ temperature controller လေးပါ။ တစ်ခြား Controller တွေဆိုရင်တော့ function တူမှာမဟုတ်ပါဘူး။
(Controller Terminal Layout ပုံ ကြည့်ပါ)
Controller အဝင် power supply (230VAC) က 1-2 မှာ ဝင်ပါတယ်။ 3-4 က AL1 အထွက်။ 3-5 က dotted line လေးနဲ့ ဆွဲထားတော့ Optional feature တဲ့။ ဝယ်လာတဲ့ controller မှာတော့ 5 က ဆက်စရာ terminal တောင် မပါလာဘူး။ ဒီတော့ AL2 မရှိဘူး။ 6-7 က Out 1 အထွက်။ ဒီနေရာမှာ AL1 နဲ့ Out1 နှစ်မျိုးလုံးမှာ NO contact တွေပြထားတာ သတိထားကြည့်နော်။ နောက်ဆုံး 8-9-10 က Sensor input တဲ့။ ကျန်တဲ့ 11-14 terminal တွေလည်း မရှိပါဘူူး။

အခု ကျွန်တော်တို့ လုပ်ပေးရမယ့်ဟာက Alarm output နှစ်ခု ထုတ်ပေးရမယ်ဆိုတော့ AL1 နဲ့ Out 1 နှစ်မျိုးနဲ့ ရအောင် သုံးရပါတော့မယ်။ အခု Manual ဖတ်ကြည့်ရအောင်။ Manual က စာမျက်နှာ ၂၀ လောက်ရှိပါတယ်။ ဘယ် ပစ္စည်းမဆို Manual ဖတ်ကြည့်တဲ့ အလေ့အထလေး လုပ်ပေးပါ။

အစဆုံး Controller အလုပ်လုပ်ပုံ အကြမ်းဖျင်း ပြောပြပါမယ်။ ပထမ Set Value (SV) လို့ ခေါ်တဲ့ ကိုယ်လိုချင်တဲ့ Temperature set point တစ်ခု ပေးလိုက်ရင် အဲဒီ Set point နဲ့ အနီးစပ်ဆုံးရဖို့ Out 1 contact ကို သုံးပြီး အပူပေးတဲ့ စံနစ်ဆို Heater (သို့) အအေးပေးတဲ့ စံနစ်ဆို Chiller Solenoid ကို အဖွင့်အပိတ် လုပ်ပေးပါတယ်။ ရလဒ် တည်ငြိမ်ပြီး အနီးစပ်ဆုံး ထွက်ဖို့ PID နည်းနဲ့ အဖွင့်၊ အပိတ်ကို ထိန်းချုပ်ပေးပါတယ်။ Set point နဲ့ အနီးအဝေးပေါ်မူတည်ပြီး အဖွင့် အပိတ် အချိန် အတိုအရှည် ပြောင်းပြီး ထိန်းပေးပါတယ်။ နောက်တစ်ခုကတော့ Alarm ပါ။ ကိုယ်သတ်မှတ်တဲ့ temperature တစ်ခုထက် နည်းရင် (သို့) များရင် Alarm တစ်ခု ထုတ်ပေးပါမယ်။


အခု သူပေးနိုင်တဲ့ Function တွေနဲ့ ကိုယ်လိုချင်တဲ့အချက် ယှဉ်ကြည့်ရအောင်။ AL1 ကို သုံးလိုက်ရင် ကိုယ်လိုချင်တာတစ်ခုတော့ရပြီ။ ဒါတောင် NO ကို NC contact အဖြစ် ပြောင်းပေးလို့ ရမရ ကြည့်ရဦးမယ်။ နောက် Out1 ကို  Alarm output နောက်ထပ်တစ်ခုအဖြစ် သုံးလို့ ရ၊ မရ ကြည့်ရပါမယ်။ လက်ရှိ Function က PID သုံးပြီး အဖွင့်အပိတ်လုပ်တာဆိုတော့ အဆင်မပြေပါဘူး။ ဒီတော့ အဲဒီ PID ကို မသုံးပဲ Set point မရောက်ခင် On မယ်။ Set point ရောက်ရင် Off မယ်လို့ လုပ်ရနိုင်သလား ရှာရပါမယ်။

ဒီတော့ Manual ထဲမှာ သူနဲ့ဆိုင်တာတွေ လိုက်ရှာပါတယ်။ တစ်နေရာမှာ PID ကို မသုံပဲ On/Off function ပဲလုပ်ချင်ရင် P value ကို 0 ထားပါလို့ ရေးထားပါတယ်။ တစ်ခုတော့ အဆင်ပြေသွားပြီ။ NO / NC ကိစ္စ ရှာရဦးမယ်။
AL1 အတွက်De-energize ကို ရွေးထားရင် Alarm မတက်ရင် close ဖြစ်ပြီး Alarm တက်ရင် Open ဖြစ်သွားမယ်ဆိုတော့ ဒါလည်း အဆင်ပြေသွားပြီ။

 နောက်တစ်နေရာမှာ Out1 ရဲ့ ON/ OFF function မှာ Heating mode ဆိုရင် Set point ထက် နည်းရင် Close ဖြစ်ပြီး၊ Cooling mode မှာ Set point ထက် များရင် Close ဖြစ်မယ်လို့ ဆိုပါတယ်။ ကျွန်တော်တို့ Temperature က ပုံမှန်အားဖြင့် 60 - 100 ကြားမှာ ထိန်းထားမှာဆိုတော့ Heating mode ကို သုံးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါဆို Set point 100 မှာ ထားမယ်။

ဒါဆို AL1 အတွက် 60 မှာ set လုပ်ရပါမယ်။ သူ့ထက် နည်းမှ Alarm ထွက်အောင် Alarm mode မှာ Low Alarm ထားရပါမယ်။

ဒါနဲ့ စာရွက် တစ်ရွက်မှာ ကိုယ် ပြင်ရမယ့် parameter တွေ ချရေးလိုက်ပါတယ်။

Sensor Type = PT100 (-200 to 500)
P = 0 or 0.0
SV = 100
OUT1 function = heating
Out1 hysteresis = 0.1 (Minimum)
Out1 delay = 0 sec
AL1 Value = 60
AL1 mode = Low
AL1 Function = De-energize
AL1 hysteresis = 0.1 (Minimum)
AL1 delay = 0 sec

ကြားဖြတ်ပြီး Hysteresis ဆိုတာလေး နည်းနည်း ပြောချင်ပါတယ်။ သူက Set point ကျော်လို့ Alarm / Output ထွက်သွားပြီးရင် Temperature က Setpoint အောက် ပြန်ကျပေမဲ့ ချက်ချင်း ပြန်မဖြုတ်သေးပဲ ဘယ်လောက်ထိ ထိန်းထားမလဲဆိုတာပါ။ ဥပမာ SV = 100 နဲ့ Hys = 10 ထားခဲ့ရင် 100 ကျော်တာနဲ့ Output ထွက်ပါမယ်။ Temperature ပြန်ကျလို့ 90 အောက်ရောက်မှ Output Off ဖြစ်မှာပါ။

ပြင်လို့တော့ ပြီးပြီ။ Parameter တွေ ဘယ်လို ထည့်မလဲဆိုတာလည်း ထပ်ကြည့်ရပြန်ပါတယ်။ ဒီမှာ Parameter setting Menu က ၄ ခု ရှိပါတယ်။ ဘယ်လို ဝင်ရသလဲဆိုတာ ပြထားပါတယ်။

1)  Main Setting Mode (Mode ကို နှိပ်ပါ။)
2) Sub setting Mode ( up + Mode နှစ်ခု တွဲ ဖိထားပါ)
3) Aux function Setting Mode 1 (down + Mode နှစ်ခု တွဲ ဖိထားပါ)
4)Aux function Setting Mode 2 (up + down နှစ်ခု တွဲ ဖိထားပါ)


 အဲဒီ menu တစ်ခုစီမှာ Mode ကို နှိပ်၊ ကိုယ်လိုချင်တဲ့ parameter ကို ရှာပြီး ပြောင်းပေးရပါတယ်။ ခလုတ်လေး ၃ ခုထဲကို လှည့်ပတ်နှိပ်ပြီး set လုပ်ပေးရတာပါ။ အသေးစိတ်တော့ မရေးတော့ပါဘူး။ အမှန်ကတော့ parameter တစ်ခုချင်းစီရဲ့ အဓိပ္ပာယ်လေးတွေ သုံးပုံလေးတွေ ပြောပြချင်ပါတယ်။ အဲဒါဆို စာက အရမ်းရှည်သွားမှာမို့ပါ။ Manual link လေး အောက်မှာ ရှိပါတယ်။ အထူးသဖြင့် လူသစ် ညီလေးတွေ ဖတ်ကြည့်ကြပါ။ Controller တစ်ခုနဲ့ တစ်ခု Function တွေ မတူကြပေမဲ့ parameter တွေရဲ့ အဓိပ္ပာယ်က များသောအားဖြင့် တူပါတယ်။ ဖတ်ကြည့်ပြီး သိချင်တဲ့ parameter အကြောင်း မေးနိုင်ပါတယ်။

ကျန်တာတော့ အားလုံးသိပြီးသားဖြစ်တဲ့ အတိုင်း ပြေလည်သွားတယ်ပေါ့ဗျာ။

မှတ်ချက်။  ။ ကျွန်တော်ရေးတဲ့ စာတွေကို ၂၀၂၀ ဇန္နဝါရီကစပြီး ယူနီကုဒ် တစ်မျိုးထဲ နဲ့ ရေးပါတော့မယ်။ မိတ်ဆွေ အားလုံးကို ယူနီကုဒ် ပြောင်းလဲ သုံးကြဖို့ တိုက်တွန်းပါတယ်။


[Zawgyi]

Temperature Controller Parameter မ်ားႏွင့္ နပန္းလုံး ရျခင္း

ဒီဇာတ္လမ္းက ၿပီးခဲ့တဲ့ Incinerator (2) ရဲ႕ ဇာတ္ဝင္ခန္း တစ္ခုေပါ့။ Temperature Controller အထဲက Parameter ေတြရဲ႕ အဓိပၸာယ္ေတြနဲ႔ ကိုယ္လိုတဲ့ Function ရေအာင္ ဘယ္လိုလုပ္လို႔ရသလဲဆိုတာ နမူနာအေနနဲ႔ ေျပာျပထားပါတယ္။
ပထမဆုံး ကၽြန္ေတာ့္ လိုအပ္ခ်က္ကိုေျပာျပပါမယ္။  Sludge Temperature ကို RTD (PT100) sensor တစ္ခုနဲ႔ sense လုပ္ေနပါမယ္။ 60  ံC ထက္ နိမ့္ရင္ Temp Low Signal ထုတ္ေပးမယ္။ 100  ံC ထက္ ေက်ာ္ရင္ Temp High Signal ထုတ္ေပးမယ္။ ထုတ္ေပးရမယ့္ Signal ေတြက PLC ကို သြားမယ့္ ႀကိဳးေတြကို Dry Contact နဲ႔ ထုတ္ေပးရပါမယ္။ ပုံမွန္အခ်ိန္မွာ close ျဖစ္ၿပီး Alarm ျဖစ္တဲ့အခ်ိန္ Open လုပ္ေပးရပါမယ္။

အခု Controller ရဲ႕ Feature ေတြကို ေျပာျပပါမယ္။ ကၽြန္ေတာ္တို႔မွာ ရွိေနတာက Panasonic ရဲ႕ KT4 ဆိုတဲ့ temperature controller ေလးပါ။ တစ္ျခား Controller ေတြဆိုရင္ေတာ့ function တူမွာမဟုတ္ပါဘူး။
(Controller Terminal Layout ပုံ ၾကည့္ပါ)
Controller အဝင္ power supply (230VAC) က 1-2 မွာ ဝင္ပါတယ္။ 3-4 က AL1 အထြက္။ 3-5 က dotted line ေလးနဲ႔ ဆြဲထားေတာ့ Optional feature တဲ့။ ဝယ္လာတဲ့ controller မွာေတာ့ 5 က ဆက္စရာ terminal ေတာင္ မပါလာဘူး။ ဒီေတာ့ AL2 မရွိဘူး။ 6-7 က Out 1 အထြက္။ ဒီေနရာမွာ AL1 နဲ႔ Out1 ႏွစ္မ်ဳိးလုံးမွာ NO contact ေတြျပထားတာ သတိထားၾကည့္ေနာ္။ ေနာက္ဆုံး 8-9-10 က Sensor input တဲ့။ က်န္တဲ့ 11-14 terminal ေတြလည္း မရွိပါဘူူး။
အခု ကၽြန္ေတာ္တို႔ လုပ္ေပးရမယ့္ဟာက Alarm output ႏွစ္ခု ထုတ္ေပးရမယ္ဆိုေတာ့ AL1 နဲ႔ Out 1 ႏွစ္မ်ဳိးနဲ႔ ရေအာင္ သုံးရပါေတာ့မယ္။ အခု Manual ဖတ္ၾကည့္ရေအာင္။ Manual က စာမ်က္ႏွာ ၂၀ ေလာက္ရွိပါတယ္။ ဘယ္ ပစၥည္းမဆို Manual ဖတ္ၾကည့္တဲ့ အေလ့အထေလး လုပ္ေပးပါ။
အစဆုံး Controller အလုပ္လုပ္ပုံ အၾကမ္းဖ်င္း ေျပာျပပါမယ္။ ပထမ Set Value (SV) လို႔ ေခၚတဲ့ ကိုယ္လိုခ်င္တဲ့ Temperature set point တစ္ခု ေပးလိုက္ရင္ အဲဒီ Set point နဲ႔ အနီးစပ္ဆုံးရဖို႔ Out 1 contact ကို သုံးၿပီး အပူေပးတဲ့ စံနစ္ဆို Heater (သို႔) အေအးေပးတဲ့ စံနစ္ဆို Chiller Solenoid ကို အဖြင့္အပိတ္ လုပ္ေပးပါတယ္။ ရလဒ္ တည္ၿငိမ္ၿပီး အနီးစပ္ဆုံး ထြက္ဖို႔ PID နည္းနဲ႔ အဖြင့္၊ အပိတ္ကို ထိန္းခ်ဳပ္ေပးပါတယ္။ Set point နဲ႔ အနီးအေဝးေပၚမူတည္ၿပီး အဖြင့္ အပိတ္ အခ်ိန္ အတိုအရွည္ ေျပာင္းၿပီး ထိန္းေပးပါတယ္။ ေနာက္တစ္ခုကေတာ့ Alarm ပါ။ ကိုယ္သတ္မွတ္တဲ့ temperature တစ္ခုထက္ နည္းရင္ (သို႔) မ်ားရင္ Alarm တစ္ခု ထုတ္ေပးပါမယ္။

အခု သူေပးႏိုင္တဲ့ Function ေတြနဲ႔ ကိုယ္လိုခ်င္တဲ့အခ်က္ ယွဥ္ၾကည့္ရေအာင္။ AL1 ကို သုံးလိုက္ရင္ ကိုယ္လိုခ်င္တာတစ္ခုေတာ့ရၿပီ။ ဒါေတာင္ NO ကို NC contact အျဖစ္ ေျပာင္းေပးလို႔ ရမရ ၾကည့္ရဦးမယ္။ ေနာက္ Out1 ကို  Alarm output ေနာက္ထပ္တစ္ခုအျဖစ္ သုံးလို႔ ရ၊ မရ ၾကည့္ရပါမယ္။ လက္ရွိ Function က PID သုံးၿပီး အဖြင့္အပိတ္လုပ္တာဆိုေတာ့ အဆင္မေျပပါဘူး။ ဒီေတာ့ အဲဒီ PID ကို မသုံးပဲ Set point မေရာက္ခင္ On မယ္။ Set point ေရာက္ရင္ Off မယ္လို႔ လုပ္ရႏိုင္သလား ရွာရပါမယ္။
ဒီေတာ့ Manual ထဲမွာ သူနဲ႔ဆိုင္တာေတြ လိုက္ရွာပါတယ္။ တစ္ေနရာမွာ PID ကို မသုံပဲ On/Off function ပဲလုပ္ခ်င္ရင္ P value ကို 0 ထားပါလို႔ ေရးထားပါတယ္။ တစ္ခုေတာ့ အဆင္ေျပသြားၿပီ။ NO / NC ကိစၥ ရွာရဦးမယ္။ AL1 အတြက္De-energize ကို ေရြးထားရင္ Alarm မတက္ရင္ close ျဖစ္ၿပီး Alarm တက္ရင္ Open ျဖစ္သြားမယ္ဆိုေတာ့ ဒါလည္း အဆင္ေျပသြားၿပီ။ ေနာက္တစ္ေနရာမွာ Out1 ရဲ႕ ON/ OFF function မွာ Heating mode ဆိုရင္ Set point ထက္ နည္းရင္ Close ျဖစ္ၿပီး၊ Cooling mode မွာ Set point ထက္ မ်ားရင္ Close ျဖစ္မယ္လို႔ ဆိုပါတယ္။ ကၽြန္ေတာ္တို႔ Temperature က ပုံမွန္အားျဖင့္ 60 - 100 ၾကားမွာ ထိန္းထားမွာဆိုေတာ့ Heating mode ကို သုံးဖို႔ ဆုံးျဖတ္လိုက္ပါတယ္။ ဒါဆို Set point 100 မွာ ထားမယ္။
ဒါဆို AL1 အတြက္ 60 မွာ set လုပ္ရပါမယ္။ သူ႔ထက္ နည္းမွ Alarm ထြက္ေအာင္ Alarm mode မွာ Low Alarm ထားရပါမယ္။

ဒါနဲ႔ စာရြက္ တစ္ရြက္မွာ ကိုယ္ ျပင္ရမယ့္ parameter ေတြ ခ်ေရးလိုက္ပါတယ္။ 

Sensor Type = PT100 (-200 to 500)

P = 0 or 0.0
SV = 100
OUT1 function = heating
Out1 hysteresis = 0.1 (Minimum)
Out1 delay = 0 sec

AL1 Value = 60
AL1 mode = Low
AL1 Function = De-energize
AL1 hysteresis = 0.1 (Minimum)
AL1 delay = 0 sec

ၾကားျဖတ္ၿပီး Hysteresis ဆိုတာေလး နည္းနည္း ေျပာခ်င္ပါတယ္။ သူက Set point ေက်ာ္လို႔ Alarm / Output ထြက္သြားၿပီးရင္ Temperature က Setpoint ေအာက္ ျပန္က်ေပမဲ့ ခ်က္ခ်င္း ျပန္မျဖဳတ္ေသးပဲ ဘယ္ေလာက္ထိ ထိန္းထားမလဲဆိုတာပါ။ ဥပမာ SV = 100 နဲ႔ Hys = 10 ထားခဲ့ရင္ 100 ေက်ာ္တာနဲ႔ Output ထြက္ပါမယ္။ Temperature ျပန္က်လို႔ 90 ေအာက္ေရာက္မွ Output Off ျဖစ္မွာပါ။

ျပင္လို႔ေတာ့ ၿပီးၿပီ။ Parameter ေတြ ဘယ္လို ထည့္မလဲဆိုတာလည္း ထပ္ၾကည့္ရျပန္ပါတယ္။ ဒီမွာ Parameter setting Menu က ၄ ခု ရွိပါတယ္။ ဘယ္လို ဝင္ရသလဲဆိုတာ ျပထားပါတယ္။

1)  Main Setting Mode (Mode ကို ႏွိပ္ပါ။)
2) Sub setting Mode ( up + Mode ႏွစ္ခု တြဲ ဖိထားပါ)
3) Aux function Setting Mode 1 (down + Mode ႏွစ္ခု တြဲ ဖိထားပါ)
4)Aux function Setting Mode 2 (up + down ႏွစ္ခု တြဲ ဖိထားပါ)

 အဲဒီ menu တစ္ခုစီမွာ Mode ကို ႏွိပ္၊ ကိုယ္လိုခ်င္တဲ့ parameter ကို ရွာၿပီး ေျပာင္းေပးရပါတယ္။ ခလုတ္ေလး ၃ ခုထဲကို လွည့္ပတ္ႏွိပ္ၿပီး set လုပ္ေပးရတာပါ။ အေသးစိတ္ေတာ့ မေရးေတာ့ပါဘူး။ အမွန္ကေတာ့ parameter တစ္ခုခ်င္းစီရဲ႕ အဓိပၸာယ္ေလးေတြ သုံးပုံေလးေတြ ေျပာျပခ်င္ပါတယ္။ အဲဒါဆို စာက အရမ္းရွည္သြားမွာမို႔ပါ။ Manual link ေလး ေအာက္မွာ ရွိပါတယ္။ အထူးသျဖင့္ လူသစ္ ညီေလးေတြ ဖတ္ၾကည့္ၾကပါ။ Controller တစ္ခုနဲ႔ တစ္ခု Function ေတြ မတူၾကေပမဲ့ parameter ေတြရဲ႕ အဓိပၸာယ္က မ်ားေသာအားျဖင့္ တူပါတယ္။ ဖတ္ၾကည့္ၿပီး သိခ်င္တဲ့ parameter အေၾကာင္း ေမးႏိုင္ပါတယ္။

က်န္တာေတာ့ အားလုံးသိၿပီးသားျဖစ္တဲ့ အတိုင္း ေျပလည္သြားတယ္ေပါ့ဗ်ာ။

မွတ္ခ်က္။  ။ ကၽြန္ေတာ္ေရးတဲ့ စာေတြကို ၂၀၂၀ ဇႏၷဝါရီကစၿပီး ယူနီကုဒ္ တစ္မ်ဳိးထဲ နဲ႔ ေရးပါေတာ့မယ္။ မိတ္ေဆြ အားလုံးကို ယူနီကုဒ္ ေျပာင္းလဲ သုံးၾကဖို႔ တိုက္တြန္းပါတယ္။


Friday 7 June 2019

Incinerator (2) - Cannot run in Sludge Mode


Tanker တစ်စီးမှာ Incinerator မကောင်းလို့ သွားစစ်ပေးခဲ့တဲ့ အကြောင်းလေးပါ။ ဘာမှတော့ ရှုပ်ရှုပ်ထွေးထွေး မဟုတ်ပါဘူး။ အတွေ့အကြုံလေး တစ်ခု ပြန်ပြောပြတဲ့ သဘောပါပဲ။ 
ကျွန်တော်တို့ကို ဆက်သွယ်လာတဲ့သူက ပြောပါတယ်။ ဒီပြဿနာကို အရင်တစ်ဖွဲ့ တက်ကြည့်ပြီးသွားပြီတဲ့။ သူတို့ရဲ့ report ကိုလည်း ပြပါတယ်။ PLC မကောင်းလို့ အသစ်လဲတပ်ပေးသွားတယ်တဲ့။ အခုတော့ Solid mode မှာ ကောင်းပြီး sludge mode မှာ မရဘူးပြောပါတယ်။ သူတို့ နောက်ဆက်တွဲ ရေးထားတဲ့၊ လဲရမယ့် ပစ္စည်းစာရင်းကြည့်လိုက်တော့ Temperature Controller တစ်ခု၊ Overload တစ်လုံး၊ Burner Pump တစ်ခုနဲ့ Solenoid တစ်ခု။ မနည်းမနောပါလား။ ဒီတော့ အဲဒါတွေ အကုန် လဲဖို့ တစ်ကယ်လိုရဲ့လားဆိုတာ ပိုင်ရှင်က မယုံဘူးလေ။ ဘာပစ္စည်းမှ မထည့်ပေးလိုက်ပဲ၊ တက်ကြည့်ခိုင်းပါတယ်။ပြီးမှ တစ်ကယ်လိုတဲ့ ပစ္စည်း ဝယ်ပြီး ပြန်တက်ကြဖို့ စီစဉ်ထားပါတယ်။ သင်္ဘောက နောက် တစ်ရက်လောက် ဒီဆိပ်ကမ်းမှာ ရှိဦးမယ်တဲ့။


သင်္ဘောပေါ်ရောက်တော့ ထင်တဲ့အတိုင်း ဖား စက်ချုပ်က မေးပါတယ်။ လိုတဲ့ ပစ္စည်းတွေ ပါလာသလားတဲ့။ အရင်ဆုံး စစ်ကြည့်ပြီးမှ လိုတာ မှာရမယ်ပြောတော့ လိုက်ပြပါတယ်။ Hyundai ရဲ့ Atlas Incinerator ပါ။ စက်-၂ က sludge mode မှာ မောင်းပြတဲ့အခါ Alarm တက်ပြီး ရပ်သွားပါတယ်။ Sludge Oil Low Temp နဲ့ Sludge Oil High Temp ဆိုတဲ့ Alarm နှစ်ခုပါ။

ကြားဖြတ်ပြီး Incinerator ဆိုတာလေး အကြမ်းဖျင်း ပြောပြချင်ပါတယ်။ အလွယ်ပြောရရင် မီးရှို့စက်ပေါ့။ ပတ်ဝန်းကျင် ရေညစ်ညမ်းမှု ထိန်းသိမ်းရေး စည်းကမ်းချက်အရ ပင်လယ်ထဲကို အမှိုက်စွန့်ပစ်ရာမှာ ကန့်သတ်ချက်တွေရှိပါတယ်။ Foodwaste ကလွဲလို့ ကျန်တဲ့ ပစ္စည်တွေကို Recycle အနေနဲ့ သိမ်းချင်သိမ်း။ မလိုတာ အားလုံးကို မီးရှို့ပစ်ရပါတယ်။ မီးရှို့တဲ့ နေရာမှာ Mode ၂ မျိုး ခွဲထားပါတယ်။ အစိုင်အခဲတွေကို ရှို့တဲ့ Solid mode နဲ့ စွန့်ပစ် ဆီအညစ်အကြေးတွေကို ရှို့တဲ့ Sludge mode ပါ။ Incinerator ဆိုတာ တစ်ကယ်တော့ Boiler အသေးစားလေးပါပဲ။ ဒီတော့ boiler ရဲ့ process တွေနဲ့ အတူတူလို့ ပြောနိုင်ပါတယ်။ ဆီတွေကို pump တစ်ခုနဲ့ pressure ရအောင် ပန်းထုတ်ပေးမယ်။ Ignition electrode နဲ့ မီးခတ်မယ်။ ဆီနဲ့လေ အချိုးညီအောင် blower (သို့) exhaust line မှာ damper နဲ့ လေဝင်နှုန်းကို ထိန်းပေးမယ်။ ဒါတွေပါပဲ။ တစ်ခုပဲ ကွာတာက boiler မှာ ထွက်လာတဲ့ အပူကိုသုံးပြီး Steam pressure (သို့) Thermal Oil Temperature ထိန်းရတဲ့ စံနစ် အပိုပါတာပဲရှိပါတယ်။ ဒီမှာတော့ မီးလောင်ပြီးရင် ပြီသွားပြီလေ။

အခု Solid mode မှာ မီးတောက်တယ်၊ အလုပ် လုပ်နေတယ် ဆိုတော့ burner အပိုင်းက ကောင်းတယ်လို့ ယူဆနိုင်ပါတယ်။ Sludge mode မှာ ဘာပိုထူးလဲဆိုတော့ Sludge တွေ ခဲပြီး ပိတ်မနေအောင် အပူချိန်တစ်ခုအတွင်း ထိန်းထားရပါတယ်။ အခု ဒီမှာတော့ (60 - 100)  ံC အတွင်း set လုပ်ထားပါတယ်။ ဆိုလိုတာက အပူချိန် 60 အောက် ရောက်ရင် Low Temp Alarm ၊ အပူချိန် 100 ကျော်သွားရင် High Temp Alarm လာရမှာပါ။ အခု sludge temp က low ရော high ရော alarm နှစ်ခုလုံး လာနေတယ်ဆိုတော့ တစ်ခုခု မှားနေပြီပေါ့။ Temperature Controller ကို ကြည့်လိုက်တော့ Display မှာ ဘာမှ မပြပါဘူး။ အဝင် power တိုင်းကြည့်တော့ 230V AC ရှိနေတယ်။ ဒါဆို Controller ပျက်နေတာတော့ သေချာပြီ။ 
ဒီအပိုင်းကို ခဏကျော်ပြီး ကျန်တာတွေ ကောင်း၊ မကောင်း စစ်ကြည့်ပါမယ်။ ဒီ controller မှာ Alarm 1, Alarm 2 နဲ့ Out 1 ဆိုတဲ့ output signal ၃ ခု ရှိပါတယ်။ ကြိုးတွေဆက်ထားတာ ကြည့်လိုက်တော့ Out 1 မှာ ဆက်မထားပဲ၊ AL1 နဲ့ AL2 မှာပဲ ဆက်ထားတာတွေ့ရပါတယ်။ အဲဒီ AL1 နဲ့ AL2 ကို common နဲ့ တိုင်းကြည့်တော့ 24V DC ရှိပါတယ်။ ဆိုလိုတာက Open ဖြစ်နေတာပေါ့။ အဲဒီ AL1 နဲ့ AL2 က controller ရဲ့ ပုံအရ Normally Open (NO) contact တွေ ဖြစ်နေပါတယ်။ NO က open ဖြစ်နေတာ ဘာလို့ Alarm တက်တာလဲပေါ့။ နောက်ပြီးမှ စဉ်းစားမိသွားတယ်။ ဒီလို controller တွေမှာ parameter setting ပေါ်မူတည်ပြီး function တွေ ပြောင်းနိုင်ပါတယ်။ ဒါကြောင့် အခု Open ဖြစ်နေတဲ့ AL1 နဲ့ AL2 ကို Com ကြိုးနဲ့ Short လုပ်ပေးလိုက်တော့ Alarm နှစ်ခုလုံး ပျောက်သွားပါတယ်။ 
ပြီးတော့ စက်ကို စခိုင်းလိုက်ပါတယ်။ Alarm မရှိတော့ initialization, purging စတဲ့ အဆင့်တွေ တစ်ဆင့်ပြီး တစ်ဆင့်သွားပြီး မီတောက်သွားပါပြီ။ Chamber temperature တစ်ဖြည်းဖြည်း တက်သွားတာ ခဏ စောင့်ကြည့်ပြီး ရပ်လိုက်ပါတယ်။ ဒါဆိုရင် ကျန်တဲ့ အပိုင်းတွေ ကောင်းတယ်ပေါ့။ အဓိက ပျက်တာက Temperature Controller တစ်ခုထဲ။ ဒါပေမဲ့ စက်ချုပ်က Overload ပါလဲပေးဖို့ ပြောပါတယ်။ တစ်ခါတလေ ပြဿနာပေးလို့တဲ့။  

ဒါနဲ့ လိုတဲ့ပစ္စည်းတွေ ဝယ်ဖို့ ရုံးကို အကြောင်းကြားပါတယ်။ ပစ္စည်းရှာဝယ်တဲ့ အစ်ကိုက Temperature Controller ကို အမျိုးအစားတူ ရှာလို့ မရနိုင်လို့ ဆင်တူတဲ့ တစ်ခြား brand တစ်ခု သုံးလို့ ရနိုင်သလားမေးလာပါတယ်။ သူ့ မူရင်း ပစ္စည်းက Nova ပါ။ သူတွေ့ထားတာက Panasonic KT4 controller လေး။ catalog ကိုရှာကြည့်တော့ Alarm နှစ်ခု (NO contacts) နဲ့ Out တစ်ခု ဆိုတော့ ကွက်တိပဲပေါ့။ ရတယ် ပြောလိုက်တယ်။

ပစ္စည်းတွေရလာပြီး လဲဖို့လုပ်ကြတော့ ဒုက္ခတွေ့ပါတော့တယ်။ Alarm က တစ်ခု ထဲပါတယ်။ Out တစ်ခု ပါတယ်။ ဒါပေမဲ့ ကျွန်တော့် အစီအစဉ်က အဟောင်းမှာအတိုင်း Out ကို မသုံးပဲ Alarm နှစ်ခုကို သုံးမယ်လို့ စီစဉ်ထားတာ။ ပစ္စည်းမှားတာလား ပြန်စစ်တော့ မမှားဘူး။ Catalog ပြန်ကြည့်တော့မှ Alarm 2 က optional feature တဲ့ လိုလို့ အထူးမှာမှ ထည့်ပေးတာ။ Alarm တစ်ခု၊ Out တစ်ခုနဲ့ ဘယ်လို လုပ်ရပါ့မလဲ။ 
ဒီနေရာမှာ Alarm နဲ့ Out ရဲ့ ကွာခြားချက်လေး နည်းနည်း ပြောပြပါမယ်။ Alarm ဆိုတာကတော့ သတ်မှတ်တဲ့ တန်ဖိုးတစ်ခုထက် နည်းရင် (သို့) များရင် alarm ထုတ်ပေးမှာပါ။ Out ဆိုတာကတော့ အဲလို မဟုတ်ပါဘူး။ Set လုပ်ထားတဲ့ Temperature နဲ့ လက်ရှိတန်ဖိုး အနီး၊ အဝေးပေါ်မူတည်ပြီး PID parameter တွေအရ output / no output duty cycle တွေနဲ့ သင့်လျော်သလို ထုတ်ပေးမှာ ဖြစ်ပါတယ်။ Set point မရောက်ခင် On ဖြစ်လိုက် Off ဖြစ်လိုက် ဖြစ်နေမှာပေါ့။ ဒီတော့ ကျွန်တော်တို့ သုံးချင်တဲ့ အခြေအနေနဲ့ မဆီလျော်ပါဘူး။ 

ဒါနဲ့ instruction manual ကို အပြန်ပြန် အလှန်လှန်ဖတ်၊ parameter တွေ ချရေးပြီး Alarm ၁ ခု၊ Out ၁ ခု နဲ့ ရအောင်သုံးဖို့  ကြိုးစားရပါတော့တယ်။ 
( Controller parameter တွေအကြောင်း အသေးစိတ် သီးခြား တစ်ပုဒ် တင်ပေးပါမယ်။)
နောက်ဆုံးတော့ အောင်မြင်စွာ တပ်ဆင်ပေးခဲ့ပါတယ်။ Overload ကိုလည်း လဲပေးလိုက်ပါတယ်။ 
အားလုံးပြီးလို့ ပြန်စမ်းကြတော့ Alarm တွေ မရှိပါဘူး။ Sludge mode မှာ မောင်းကြည့်တော့ မီးတောက်ပါတယ်။ စောင့်ကြည့်တော့ Temperature တစ်ဖြည်းဖြည်းချင်းတက်လာပြီး 700  ံ လောက်မှာ Sludge solenoid တွေ ပွင့်တဲ့ အသံကြားရပါတယ်။ ခဏနေတော့ Secondary Flame eye failure alarm တက်ပြီး ရပ်သွားပါတယ်။ စက်ချုပ်က သူ့မှာ Flame eye sensor အပိုရှိတာနဲ့ လဲတပ်ကြည့်ဖို့ ပြောပါတယ်။
Sensor အသစ်လဲပြီး စမ်းတော့လည်း အတူတူပါပဲ။ ဒါနဲ့ မီးတောက်နေတုန်း sludge valve မဖွင့်ခင် flame eye relay ကိုစောင့်ကြည့်တော့ မီးအစိမ်းလေး လင်းတာတွေ့ရပါတယ်။ ဆိုလိုတာက Flame ကို detect လုပ်နိုင်တယ်၊ sensor ကောင်းတယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ PLC ရဲ့ secondry flame eye အဝင် channel ကြည့်တော့လည်း မီးလင်းပါတယ်။ ဒါပေမဲ့ sludge valve ဖွင့်လိုက်တဲ့အချိန်မှာ Flame eye relay ရဲ့ မီးစိမ်းလေး ငြိမ်းသွားတာတွေ့ရပါတယ်။ 
နောက်တစ်ခါ ထပ်စမ်းမယ်ဆိုပြီး စက်-၂ က လှေကားနဲ့ တက်၊ incinerator အမိုးပေါ်က flame eye sensor လေးကို ဖြုတ်လိုက်ပါတယ်။ နောက်ပြီး စက်စတဲ့အချိန် sensor ကို ဓာတ်မီးနဲ့ ထိုးထားပါတယ်။ စောင့်ကြည့်တဲ့အခါ sludge valve ဖွင့်ပြီးလည်း ငြိမ်းမသွားပဲ မီးဆက်တောက်နေတာ တွေ့ရပါတယ်။ ဒီတော့ ဘာကောက်ချက် ချနိုင်သလဲဆိုတော့ sludge ထည့်လိုက်တဲ့အခါ၊ မီးတော့ မသေဘူး၊ sludge ထဲက ရေတွေများလို့ မီးခိုးတွေ အရမ်း ထွက်ပြီး flame eye sensor window ကို ကြပ်ခိုးနဲ့ ပိတ်သွားတာလို့ ထင်ပါတယ်။ စက်-၂ က တွေ့နေကျမို့ သဘောပေါက်နေတာ ဖြစ်မယ်ထင်တယ်။ ကျန်တာ သူတို့ ဆက်လုပ်မယ်ပြောပါတယ်။ ဒါနဲ့ပဲ report ရေးပြီး ပြန်ခဲ့တော့ပါတယ်။

မှတ်ချက်။  ။ ကျွန်တော်ရေးတဲ့ စာတွေကို ၂၀၂၀ ဇန္နဝါရီကစပြီး ယူနီကုဒ် တစ်မျိုးထဲ နဲ့ ရေးပါတော့မယ်။ မိတ်ဆွေ အားလုံးကို ယူနီကုဒ် ပြောင်းလဲ သုံးကြဖို့ တိုက်တွန်းပါတယ်။

[Zawgyi]


Tanker တစ္စီးမွာ Incinerator မေကာင္းလို႔ သြားစစ္ေပးခဲ့တဲ့ အေၾကာင္းေလးပါ။ ဘာမွေတာ့ ရႈပ္ရႈပ္ေထြးေထြး မဟုတ္ပါဘူး။ အေတြ႕အၾကဳံေလး တစ္ခု ျပန္ေျပာျပတဲ့ သေဘာပါပဲ။ 
ကၽြန္ေတာ္တို႔ကို ဆက္သြယ္လာတဲ့သူက ေျပာပါတယ္။ ဒီျပႆနာကို အရင္တစ္ဖြဲ႕ တက္ၾကည့္ၿပီးသြားၿပီတဲ့။ သူတို႔ရဲ႕ report ကိုလည္း ျပပါတယ္။ PLC မေကာင္းလို႔ အသစ္လဲတပ္ေပးသြားတယ္တဲ့။ အခုေတာ့ Solid mode မွာ ေကာင္းၿပီး sludge mode မွာ မရဘူးေျပာပါတယ္။ သူတို႔ ေနာက္ဆက္တြဲ ေရးထားတဲ့၊ လဲရမယ့္ ပစၥည္းစာရင္းၾကည့္လိုက္ေတာ့ Temperature Controller တစ္ခု၊ Overload တစ္လုံး၊ Burner Pump တစ္ခုနဲ႔ Solenoid တစ္ခု။ မနည္းမေနာပါလား။ ဒီေတာ့ အဲဒါေတြ အကုန္ လဲဖို႔ တစ္ကယ္လိုရဲ႕လားဆိုတာ ပိုင္ရွင္က မယုံဘူးေလ။ ဘာပစၥည္းမွ မထည့္ေပးလိုက္ပဲ၊ တက္ၾကည့္ခိုင္းပါတယ္။ၿပီးမွ တစ္ကယ္လိုတဲ့ ပစၥည္း ဝယ္ၿပီး ျပန္တက္ၾကဖို႔ စီစဥ္ထားပါတယ္။ သေဘၤာက ေနာက္ တစ္ရက္ေလာက္ ဒီဆိပ္ကမ္းမွာ ရွိဦးမယ္တဲ့။
သေဘၤာေပၚေရာက္ေတာ့ ထင္တဲ့အတိုင္း ဖား စက္ခ်ဳပ္က ေမးပါတယ္။ လိုတဲ့ ပစၥည္းေတြ ပါလာသလားတဲ့။ အရင္ဆုံး စစ္ၾကည့္ၿပီးမွ လိုတာ မွာရမယ္ေျပာေတာ့ လိုက္ျပပါတယ္။ Hyundai ရဲ႕ Atlas Incinerator ပါ။ စက္-၂ က sludge mode မွာ ေမာင္းျပတဲ့အခါ Alarm တက္ၿပီး ရပ္သြားပါတယ္။ Sludge Oil Low Temp နဲ႔ Sludge Oil High Temp ဆိုတဲ့ Alarm ႏွစ္ခုပါ။

ၾကားျဖတ္ၿပီး Incinerator ဆိုတာေလး အၾကမ္းဖ်င္း ေျပာျပခ်င္ပါတယ္။ အလြယ္ေျပာရရင္ မီးရႈိ႕စက္ေပါ့။ ပတ္ဝန္းက်င္ ေရညစ္ညမ္းမႈ ထိန္းသိမ္းေရး စည္းကမ္းခ်က္အရ ပင္လယ္ထဲကို အမႈိက္စြန္႔ပစ္ရာမွာ ကန္႔သတ္ခ်က္ေတြရွိပါတယ္။ Foodwaste ကလြဲလို႔ က်န္တဲ့ ပစၥည္ေတြကို Recycle အေနနဲ႔ သိမ္းခ်င္သိမ္း။ မလိုတာ အားလုံးကို မီးရႈိ႕ပစ္ရပါတယ္။ မီးရႈိ႕တဲ့ ေနရာမွာ Mode ၂ မ်ဳိး ခြဲထားပါတယ္။ အစိုင္အခဲေတြကို ရႈိ႕တဲ့ Solid mode နဲ႔ စြန္႔ပစ္ ဆီအညစ္အေၾကးေတြကို ႐ႈိ႕တဲ့ Sludge mode ပါ။ Incinerator ဆိုတာ တစ္ကယ္ေတာ့ Boiler အေသးစားေလးပါပဲ။ ဒီေတာ့ boiler ရဲ႕ process ေတြနဲ႔ အတူတူလို႔ ေျပာႏိုင္ပါတယ္။ ဆီေတြကို pump တစ္ခုနဲ႔ pressure ရေအာင္ ပန္းထုတ္ေပးမယ္။ Ignition electrode နဲ႔ မီးခတ္မယ္။ ဆီနဲ႔ေလ အခ်ဳိးညီေအာင္ blower (သို႔) exhaust line မွာ damper နဲ႔ ေလဝင္နႈန္းကို ထိန္းေပးမယ္။ ဒါေတြပါပဲ။ တစ္ခုပဲ ကြာတာက boiler မွာ ထြက္လာတဲ့ အပူကိုသုံးၿပီး Steam pressure (သို႔) Thermal Oil Temperature ထိန္းရတဲ့ စံနစ္ အပိုပါတာပဲရွိပါတယ္။ ဒီမွာေတာ့ မီးေလာင္ၿပီးရင္ ၿပီသြားၿပီေလ။

အခု Solid mode မွာ မီးေတာက္တယ္၊ အလုပ္ လုပ္ေနတယ္ ဆိုေတာ့ burner အပိုင္းက ေကာင္းတယ္လို႔ ယူဆႏိုင္ပါတယ္။ Sludge mode မွာ ဘာပိုထူးလဲဆိုေတာ့ Sludge ေတြ ခဲၿပီး ပိတ္မေနေအာင္ အပူခ်ိန္တစ္ခုအတြင္း ထိန္းထားရပါတယ္။ အခု ဒီမွာေတာ့ (60 - 100)  ံC အတြင္း set လုပ္ထားပါတယ္။ ဆိုလိုတာက အပူခ်ိန္ 60 ေအာက္ ေရာက္ရင္ Low Temp Alarm ၊ အပူခ်ိန္ 100 ေက်ာ္သြားရင္ High Temp Alarm လာရမွာပါ။ အခု sludge temp က low ေရာ high ေရာ alarm ႏွစ္ခုလုံး လာေနတယ္ဆိုေတာ့ တစ္ခုခု မွားေနၿပီေပါ့။ Temperature Controller ကို ၾကည့္လိုက္ေတာ့ Display မွာ ဘာမွ မျပပါဘူး။ အဝင္ power တိုင္းၾကည့္ေတာ့ 230V AC ရွိေနတယ္။ ဒါဆို Controller ပ်က္ေနတာေတာ့ ေသခ်ာၿပီ။ 
ဒီအပိုင္းကို ခဏေက်ာ္ၿပီး က်န္တာေတြ ေကာင္း၊ မေကာင္း စစ္ၾကည့္ပါမယ္။ ဒီ controller မွာ Alarm 1, Alarm 2 နဲ႔ Out 1 ဆိုတဲ့ output signal ၃ ခု ရွိပါတယ္။ ႀကိဳးေတြဆက္ထားတာ ၾကည့္လိုက္ေတာ့ Out 1 မွာ ဆက္မထားပဲ၊ AL1 နဲ႔ AL2 မွာပဲ ဆက္ထားတာေတြ႕ရပါတယ္။ အဲဒီ AL1 နဲ႔ AL2 ကို common နဲ႔ တိုင္းၾကည့္ေတာ့ 24V DC ရွိပါတယ္။ ဆိုလိုတာက Open ျဖစ္ေနတာေပါ့။ အဲဒီ AL1 နဲ႔ AL2 က controller ရဲ႕ ပုံအရ Normally Open (NO) contact ေတြ ျဖစ္ေနပါတယ္။ NO က open ျဖစ္ေနတာ ဘာလို႔ Alarm တက္တာလဲေပါ့။ ေနာက္ၿပီးမွ စဥ္းစားမိသြားတယ္။ ဒီလို controller ေတြမွာ parameter setting ေပၚမူတည္ၿပီး function ေတြ ေျပာင္းႏိုင္ပါတယ္။ ဒါေၾကာင့္ အခု Open ျဖစ္ေနတဲ့ AL1 နဲ႔ AL2 ကို Com ႀကိဳးနဲ႔ Short လုပ္ေပးလိုက္ေတာ့ Alarm ႏွစ္ခုလုံး ေပ်ာက္သြားပါတယ္။ 
ၿပီးေတာ့ စက္ကို စခိုင္းလိုက္ပါတယ္။ Alarm မရွိေတာ့ initialization, purging စတဲ့ အဆင့္ေတြ တစ္ဆင့္ၿပီး တစ္ဆင့္သြားၿပီး မီေတာက္သြားပါၿပီ။ Chamber temperature တစ္ျဖည္းျဖည္း တက္သြားတာ ခဏ ေစာင့္ၾကည့္ၿပီး ရပ္လိုက္ပါတယ္။ ဒါဆိုရင္ က်န္တဲ့ အပိုင္းေတြ ေကာင္းတယ္ေပါ့။ အဓိက ပ်က္တာက Temperature Controller တစ္ခုထဲ။ ဒါေပမဲ့ စက္ခ်ဳပ္က Overload ပါလဲေပးဖို႔ ေျပာပါတယ္။ တစ္ခါတေလ ျပႆနာေပးလို႔တဲ့။  

ဒါနဲ႔ လိုတဲ့ပစၥည္းေတြ ဝယ္ဖို႔ ႐ုံးကို အေၾကာင္းၾကားပါတယ္။ ပစၥည္းရွာဝယ္တဲ့ အစ္ကိုက Temperature Controller ကို အမ်ဳိးအစားတူ ရွာလို႔ မရႏိုင္လို႔ ဆင္တူတဲ့ တစ္ျခား brand တစ္ခု သုံးလို႔ ရႏိုင္သလားေမးလာပါတယ္။ သူ႔ မူရင္း ပစၥည္းက Nova ပါ။ သူေတြ႕ထားတာက Panasonic KT4 controller ေလး။ catalog ကိုရွာၾကည့္ေတာ့ Alarm ႏွစ္ခု (NO contacts) နဲ႔ Out တစ္ခု ဆိုေတာ့ ကြက္တိပဲေပါ့။ ရတယ္ ေျပာလိုက္တယ္။

ပစၥည္းေတြရလာၿပီး လဲဖို႔လုပ္ၾကေတာ့ ဒုကၡေတြ႕ပါေတာ့တယ္။ Alarm က တစ္ခု ထဲပါတယ္။ Out တစ္ခု ပါတယ္။ ဒါေပမဲ့ ကၽြန္ေတာ့္ အစီအစဥ္က အေဟာင္းမွာအတိုင္း Out ကို မသုံးပဲ Alarm ႏွစ္ခုကို သုံးမယ္လို႔ စီစဥ္ထားတာ။ ပစၥည္းမွားတာလား ျပန္စစ္ေတာ့ မမွားဘူး။ Catalog ျပန္ၾကည့္ေတာ့မွ Alarm 2 က optional feature တဲ့ လိုလို႔ အထူးမွာမွ ထည့္ေပးတာ။ Alarm တစ္ခု၊ Out တစ္ခုနဲ႔ ဘယ္လို လုပ္ရပါ့မလဲ။ 
ဒီေနရာမွာ Alarm နဲ႔ Out ရဲ႕ ကြာျခားခ်က္ေလး နည္းနည္း ေျပာျပပါမယ္။ Alarm ဆိုတာကေတာ့ သတ္မွတ္တဲ့ တန္ဖိုးတစ္ခုထက္ နည္းရင္ (သို႔) မ်ားရင္ alarm ထုတ္ေပးမွာပါ။ Out ဆိုတာကေတာ့ အဲလို မဟုတ္ပါဘူး။ Set လုပ္ထားတဲ့ Temperature နဲ႔ လက္ရွိတန္ဖိုး အနီး၊ အေဝးေပၚမူတည္ၿပီး PID parameter ေတြအရ output / no output duty cycle ေတြနဲ႔ သင့္ေလ်ာ္သလို ထုတ္ေပးမွာ ျဖစ္ပါတယ္။ Set point မေရာက္ခင္ On ျဖစ္လိုက္ Off ျဖစ္လိုက္ ျဖစ္ေနမွာေပါ့။ ဒီေတာ့ ကၽြန္ေတာ္တို႔ သုံးခ်င္တဲ့ အေျခအေနနဲ႔ မဆီေလ်ာ္ပါဘူး။ 

ဒါနဲ႔ instruction manual ကို အျပန္ျပန္ အလွန္လွန္ဖတ္၊ parameter ေတြ ခ်ေရးၿပီး Alarm ၁ ခု၊ Out ၁ ခု နဲ႔ ရေအာင္သုံးဖို႔  ႀကိဳးစားရပါေတာ့တယ္။ 
( Controller parameter ေတြအေၾကာင္း အေသးစိတ္ သီးျခား တစ္ပုဒ္ တင္ေပးပါမယ္။)
ေနာက္ဆုံးေတာ့ ေအာင္ျမင္စြာ တပ္ဆင္ေပးခဲ့ပါတယ္။ Overload ကိုလည္း လဲေပးလိုက္ပါတယ္။ 
အားလုံးၿပီးလို႔ ျပန္စမ္းၾကေတာ့ Alarm ေတြ မရွိပါဘူး။ Sludge mode မွာ ေမာင္းၾကည့္ေတာ့ မီးေတာက္ပါတယ္။ ေစာင့္ၾကည့္ေတာ့ Temperature တစ္ျဖည္းျဖည္းခ်င္းတက္လာၿပီး 700  ံ ေလာက္မွာ Sludge solenoid ေတြ ပြင့္တဲ့ အသံၾကားရပါတယ္။ ခဏေနေတာ့ Secondary Flame eye failure alarm တက္ၿပီး ရပ္သြားပါတယ္။ စက္ခ်ဳပ္က သူ႔မွာ Flame eye sensor အပိုရွိတာနဲ႔ လဲတပ္ၾကည့္ဖို႔ ေျပာပါတယ္။
Sensor အသစ္လဲၿပီး စမ္းေတာ့လည္း အတူတူပါပဲ။ ဒါနဲ႔ မီးေတာက္ေနတုန္း sludge valve မဖြင့္ခင္ flame eye relay ကိုေစာင့္ၾကည့္ေတာ့ မီးအစိမ္းေလး လင္းတာေတြ႕ရပါတယ္။ ဆိုလိုတာက Flame ကို detect လုပ္ႏိုင္တယ္၊ sensor ေကာင္းတယ္ဆိုတဲ့ အဓိပၸာယ္ပါ။ PLC ရဲ႕ secondry flame eye အဝင္ channel ၾကည့္ေတာ့လည္း မီးလင္းပါတယ္။ ဒါေပမဲ့ sludge valve ဖြင့္လိုက္တဲ့အခ်ိန္မွာ Flame eye relay ရဲ႕ မီးစိမ္းေလး ၿငိမ္းသြားတာေတြ႕ရပါတယ္။ 
ေနာက္တစ္ခါ ထပ္စမ္းမယ္ဆိုၿပီး စက္-၂ က ေလွကားနဲ႔ တက္၊ incinerator အမိုးေပၚက flame eye sensor ေလးကို ျဖဳတ္လိုက္ပါတယ္။ ေနာက္ၿပီး စက္စတဲ့အခ်ိန္ sensor ကို ဓာတ္မီးနဲ႔ ထိုးထားပါတယ္။ ေစာင့္ၾကည့္တဲ့အခါ sludge valve ဖြင့္ၿပီးလည္း ၿငိမ္းမသြားပဲ မီးဆက္ေတာက္ေနတာ ေတြ႕ရပါတယ္။ ဒီေတာ့ ဘာေကာက္ခ်က္ ခ်ႏိုင္သလဲဆိုေတာ့ sludge ထည့္လိုက္တဲ့အခါ၊ မီးေတာ့ မေသဘူး၊ sludge ထဲက ေရေတြမ်ားလို႔ မီးခိုးေတြ အရမ္း ထြက္ၿပီး flame eye sensor window ကို ၾကပ္ခိုးနဲ႔ ပိတ္သြားတာလို႔ ထင္ပါတယ္။ စက္-၂ က ေတြ႕ေနက်မို႔ သေဘာေပါက္ေနတာ ျဖစ္မယ္ထင္တယ္။ က်န္တာ သူတို႔ ဆက္လုပ္မယ္ေျပာပါတယ္။ ဒါနဲ႔ပဲ report ေရးၿပီး ျပန္ခဲ့ေတာ့ပါတယ္။

မွတ္ခ်က္။  ။ ကၽြန္ေတာ္ေရးတဲ့ စာေတြကို ၂၀၂၀ ဇႏၷဝါရီကစၿပီး ယူနီကုဒ္ တစ္မ်ဳိးထဲ နဲ႔ ေရးပါေတာ့မယ္။ မိတ္ေဆြ အားလုံးကို ယူနီကုဒ္ ေျပာင္းလဲ သုံးၾကဖို႔ တိုက္တြန္းပါတယ္။