Saturday 27 April 2019

Insulation Resistance (10) - 110V AC Low Insulation


ဒီအေၾကာင္းအရာကလည္း ခပ္စင္းစင္း ျပႆနာေလးပါ။ သိၿပီးသားသူအတြက္ လြယ္ေပမဲ့ မသိေသးတဲ့ ညီေလးေတြ သတိထားမိဖို႔ ေရးလိုက္ပါတယ္။ 
Tanker တစ္စီးမွာ Low Insulation ျဖစ္လို႔ သြားခဲ့ရပါတယ္။ မသြားခင္ email အရ သေဘၤာသားေတြ ႀကိဳးစားရွာေဖြေပမဲ့ ျပႆနာက အေျဖမေတြ႕ပဲ ၂ ပတ္ေက်ာ္ေနၿပီလို႔ ဆိုပါတယ္။ သုတို႔ေတြ Switch board မွာရွိတဲ့ breaker ေတြ ပိတ္စမ္းၾကည့္တာ အားလုံးကုန္သြားတယ္ ဘယ္ေနရာကဆိုတာ ရွာမေတြ႕ဘူး ဆိုပါတယ္။။ 
သေဘၤာေပၚေရာက္ေတာ့ "အ" စက္ခ်ဳပ္နဲ႔ စက္-၂ က အက်ဳိးအေၾကာင္း ရွင္းျပပါတယ္။ အဲဒီမွ သိရတာက ဒီသေဘၤာမွာ ဓာတ္ႀကိဳး မပါဘူး ဆိုဘဲ။ ဪ ဒါေၾကာင့္ ဒီျပႆနာ ၂ ပတ္ေလာက္ထိ အေျဖရွာမေတြ႕တာ ျဖစ္မွာေပါ့။ ေနာက္ၿပီး ျပႆနာျဖစ္တဲ့ 110V feeder panel ကို ျပပါတယ္။ အဲဒီမွာ insulation meter က 0 ohm ကိုျပေနပါတယ္။ Test button ကို ႏွိပ္လိုက္ေတာ့ pointer က infinity ဆီတက္သြားၿပီး R, S, T မီးလုံး ၃ လုံးမွာ T phase က မီးလုံးက မွိန္သြားပါတယ္။ ဒါဆိုရင္ေတာ့ T phase မွာ ျပႆနာ ရွိေနပါၿပီ။ ေနာက္ၿပီး insulation meter ကလည္း ပုံမွန္ အလုပ္လုပ္ေနတယ္လို႔ ယူဆႏိုင္ပါတယ္။

စက္-၂ ကို 110V panel က breaker ေတြပိတ္ၾကည့္ခ်င္တယ္ ေျပာလိုက္ေတာ့ Bridge ကို လွမ္း အေၾကာင္းၾကားေပးပါတယ္။ Navigation equipment breaker ကလြဲရင္ က်န္တာေတြ ခဏပိတ္ၾကည့္လို႔ ရတယ္ ေျပာပါတယ္။ ဒါနဲ႔ breaker ေတြအကုန္လုံးတစ္ခုၿပီး တစ္ခုပိတ္လိုက္ပါတယ္။ သူေျပာတဲ့ Nav Eqp ကိုေတာ့ ခ်န္ထားရတာေပါ့။ အဲဒီအခါမွာ Insulation meter မွာ infinity ျပေနပါတယ္။ ေကာင္းေနတယ္။ (ဒါဆို က်န္တဲ့ breaker တစ္လုံးကို ပိတ္ၾကည့္စရာ မလိုေတာ့ပါဘူး။)
ၿပီးမွ Breaker တခုစီ ျပန္ဖြင့္ၿပီး insulation က်တဲ့ breaker ေတြကို မွတ္ထားၿပီး ျပန္ပိတ္ထားပါတယ္။။ ၄ ေနရာမွာ fault ေတြ႕ပါတယ္။ (1) Galley ထဲက ေရေႏြးအိုး ရယ္၊ (2) BT room က lighting ရယ္က 0 ohm အထိ က်ေနပါတယ္။ (3) Flood light နဲ႔ (4) ER 2nd Dk distribution panel ႏွစ္ခုကေတာ့ 1 M ohm ေလာက္စီပါ။ အဲဒီ breaker ၄ ခုပိတ္ထားလိုက္ေတာ့ ေကာင္းေနပါတယ္။
အဲဒီအခ်ိန္ စက္-၂ က ေျပာပါတယ္။ သူတို႔စမ္းေတာ့ အခုလို အကုန္မပိတ္ပစ္ပဲ တစ္ခုခ်င္း ပိတ္ၾကည့္၊ မထူးရင္ ျပန္ဖြင့္။ အဲလိုစမ္းၾကတယ္ ဆိုပါတယ္။ ဒါေၾကာင့္ အေျဖမေတြ႕ၾကတာပါ။ Fault / leakage က တစ္ခုထဲဆိုရင္ အဲဒီနည္းက အေျဖရႏိုင္ပါတယ္။ Fault တစ္ခုထက္ပိုသြားခဲ့ရင္၊ အထူးသျဖင့္ 0 ohm ေလာက္ထိ က်ေနတဲ့ fault က တစ္ခုထက္ပိုေနရင္ တစ္လုံး လြတ္တဲ့အခ်ိန္ က်န္တဲ့တစ္လုံးက ျပန္ထိေနမွာမို႔ မီတာရဲ႕ pointer က လုံးဝ မလႈပ္တာမို႔ အေျဖ ရွာမရျဖစ္ႏိုင္ပါတယ္။


Fault ေနရာသိသြားၿပီဆိုေတာ့ က်န္တဲ့အပိုင္းက သိပ္စိတ္ဝင္စားစရာ မရွိပါဘူး။ BT room light က Ballast/choke ကေန body နဲ႔ ညိေနတာဆိုေတာ့ choke လဲလိုက္ေတာ့ အဆင္ေျပသြားပါတယ္။ Galley ေရေႏြအိုးကေတာ့ အထဲက ျဖစ္ေနတာမို႔ အသစ္လဲဖို႔ ေျပာခဲ့ပါတယ္။ 
Flood light က လည္း holder မွာ ေရေငြ႕နဲ႔ သံေခ်းလိုက္ၿပီး ညိေနတာပါ။ ေလာေလာဆယ္ သန္႔ရွင္းေရးလုပ္ေပးလိုက္ေတာ့ ေကာင္းသြားပါတယ္။ ပစၥည္း အသစ္မွာၿပီး လဲဖို႔ အၾကံေပးခဲ့ပါတယ္။
ER 2nd deck က distribution panel ကိုေတာ့ ထပ္ ရွာၾကည့္တဲ့အခါ lighting 8 point ေလာက္ပါတဲ့ circuit ကျဖစ္ေနတာပါ။ အဲဒီထဲမွာ ထပ္စစ္ၾကည့္ေတာ့ Ballast အေျခက connector ပူၿပီး ေႂကြသြားလို႔ ျဖစ္တာပါ။ Connector အသစ္လဲေပးလိုက္ပါတယ္။

အားလုံးၿပီးေတာ့ စက္ခ်ဳပ္က လာေျပာပါတယ္။ Report ေရးတဲ့အခါ အျပစ္ရွာေဖြရတာ ဘယ္ေလာက္ခက္တဲ့အေၾကာင္း သာသာထိုးထိုးေလး ေရးေပးပါတဲ့ဗ်ာ။

[Unicode]

ဒီအကြောင်းအရာကလည်း ခပ်စင်းစင်း ပြဿနာလေးပါ။ သိပြီးသားသူအတွက် လွယ်ပေမဲ့ မသိသေးတဲ့ ညီလေးတွေ သတိထားမိဖို့ ရေးလိုက်ပါတယ်။ 
Tanker တစ်စီးမှာ Low Insulation ဖြစ်လို့ သွားခဲ့ရပါတယ်။ မသွားခင် email အရ သင်္ဘောသားတွေ ကြိုးစားရှာဖွေပေမဲ့ ပြဿနာက အဖြေမတွေ့ပဲ ၂ ပတ်ကျော်နေပြီလို့ ဆိုပါတယ်။ သုတို့တွေ Switch board မှာရှိတဲ့ breaker တွေ ပိတ်စမ်းကြည့်တာ အားလုံးကုန်သွားတယ် ဘယ်နေရာကဆိုတာ ရှာမတွေ့ဘူး ဆိုပါတယ်။။ 
သင်္ဘောပေါ်ရောက်တော့ "အ" စက်ချုပ်နဲ့ စက်-၂ က အကျိုးအကြောင်း ရှင်းပြပါတယ်။ အဲဒီမှ သိရတာက ဒီသင်္ဘောမှာ ဓာတ်ကြိုး မပါဘူး ဆိုဘဲ။ ဪ ဒါကြောင့် ဒီပြဿနာ ၂ ပတ်လောက်ထိ အဖြေရှာမတွေ့တာ ဖြစ်မှာပေါ့။ နောက်ပြီး ပြဿနာဖြစ်တဲ့ 110V feeder panel ကို ပြပါတယ်။ အဲဒီမှာ insulation meter က 0 ohm ကိုပြနေပါတယ်။ Test button ကို နှိပ်လိုက်တော့ pointer က infinity ဆီတက်သွားပြီး R, S, T မီးလုံး ၃ လုံးမှာ T phase က မီးလုံးက မှိန်သွားပါတယ်။ ဒါဆိုရင်တော့ T phase မှာ ပြဿနာ ရှိနေပါပြီ။ နောက်ပြီး insulation meter ကလည်း ပုံမှန် အလုပ်လုပ်နေတယ်လို့ ယူဆနိုင်ပါတယ်။
စက်-၂ ကို 110V panel က breaker တွေပိတ်ကြည့်ချင်တယ် ပြောလိုက်တော့ Bridge ကို လှမ်း အကြောင်းကြားပေးပါတယ်။ Navigation equipment breaker ကလွဲရင် ကျန်တာတွေ ခဏပိတ်ကြည့်လို့ ရတယ် ပြောပါတယ်။ ဒါနဲ့ breaker တွေအကုန်လုံးတစ်ခုပြီး တစ်ခုပိတ်လိုက်ပါတယ်။ သူပြောတဲ့ Nav Eqp ကိုတော့ ချန်ထားရတာပေါ့။ အဲဒီအခါမှာ Insulation meter မှာ infinity ပြနေပါတယ်။ ကောင်းနေတယ်။ (ဒါဆို ကျန်တဲ့ breaker တစ်လုံးကို ပိတ်ကြည့်စရာ မလိုတော့ပါဘူး။)
ပြီးမှ Breaker တခုစီ ပြန်ဖွင့်ပြီး insulation ကျတဲ့ breaker တွေကို မှတ်ထားပြီး ပြန်ပိတ်ထားပါတယ်။။ ၄ နေရာမှာ fault တွေ့ပါတယ်။ (1) Galley ထဲက ရေနွေးအိုး ရယ်၊ (2) BT room က lighting ရယ်က 0 ohm အထိ ကျနေပါတယ်။ (3) Flood light နဲ့ (4) ER 2nd Dk distribution panel နှစ်ခုကတော့ 1 M ohm လောက်စီပါ။ အဲဒီ breaker ၄ ခုပိတ်ထားလိုက်တော့ ကောင်းနေပါတယ်။
အဲဒီအချိန် စက်-၂ က ပြောပါတယ်။ သူတို့စမ်းတော့ အခုလို အကုန်မပိတ်ပစ်ပဲ တစ်ခုချင်း ပိတ်ကြည့်၊ မထူးရင် ပြန်ဖွင့်။ အဲလိုစမ်းကြတယ် ဆိုပါတယ်။ ဒါကြောင့် အဖြေမတွေ့ကြတာပါ။ Fault / leakage က တစ်ခုထဲဆိုရင် အဲဒီနည်းက အဖြေရနိုင်ပါတယ်။ Fault တစ်ခုထက်ပိုသွားခဲ့ရင်၊ အထူးသဖြင့် 0 ohm လောက်ထိ ကျနေတဲ့ fault က တစ်ခုထက်ပိုနေရင် တစ်လုံး လွတ်တဲ့အချိန် ကျန်တဲ့တစ်လုံးက ပြန်ထိနေမှာမို့ မီတာရဲ့ pointer က လုံးဝ မလှုပ်တာမို့ အဖြေ ရှာမရဖြစ်နိုင်ပါတယ်။

Fault နေရာသိသွားပြီဆိုတော့ ကျန်တဲ့အပိုင်းက သိပ်စိတ်ဝင်စားစရာ မရှိပါဘူး။ BT room light က Ballast/choke ကနေ body နဲ့ ညိနေတာဆိုတော့ choke လဲလိုက်တော့ အဆင်ပြေသွားပါတယ်။ Galley ရေနွေအိုးကတော့ အထဲက ဖြစ်နေတာမို့ အသစ်လဲဖို့ ပြောခဲ့ပါတယ်။ 
Flood light က လည်း holder မှာ ရေငွေ့နဲ့ သံချေးလိုက်ပြီး ညိနေတာပါ။ လောလောဆယ် သန့်ရှင်းရေးလုပ်ပေးလိုက်တော့ ကောင်းသွားပါတယ်။ ပစ္စည်း အသစ်မှာပြီး လဲဖို့ အကြံပေးခဲ့ပါတယ်။
ER 2nd deck က distribution panel ကိုတော့ ထပ် ရှာကြည့်တဲ့အခါ lighting 8 point လောက်ပါတဲ့ circuit ကဖြစ်နေတာပါ။ အဲဒီထဲမှာ ထပ်စစ်ကြည့်တော့ Ballast အခြေက connector ပူပြီး ကြွေသွားလို့ ဖြစ်တာပါ။ Connector အသစ်လဲပေးလိုက်ပါတယ်။

အားလုံးပြီးတော့ စက်ချုပ်က လာပြောပါတယ်။ Report ရေးတဲ့အခါ အပြစ်ရှာဖွေရတာ ဘယ်လောက်ခက်တဲ့အကြောင်း သာသာထိုးထိုးလေး ရေးပေးပါတဲ့ဗျာ။

မှတ်ချက်။ ။ ၂၀၁၉ ဇွန်လ ၁ ရက်မှစပြီး ကျွန်တော့်စာတွေကို ယူနီကုဒ်က အပေါ်၊ ဇော်ဂျီဖောင့်ကအောက် ပြောင်းလဲ ပါမယ်။ ၂၀၂၀ ဇန္နဝါရီ ၁ ရက်မှ စပြီး ယူနီကုဒ် တစ်မျိုးထဲ ရေးပါတော့မယ်။ ကျွန်တော်တို့တွေ ယူနီကုဒ်ကို ပြောင်းကြဖို့ တိုက်တွန်းပါတယ်။

No comments:

Post a Comment