Saturday 29 September 2018

Generator (17) - Output Voltage Too High


Container သေဘၤာတစ္စီးက Generator မွာ Voltage အထြက္ျမင့္ေနလို႔ သြားစစ္ခဲ့ရပါတယ္။ မသြားခင္ email ထဲမွာ ျဖစ္တဲ့ ျပႆနာနဲ႔ အခ်က္အလက္ေတြပို႔ထားတာ အရင္ဖတ္ရပါတယ္။ ၿပီးခဲ့တဲ့ ၃ ပတ္အတြင္း သူတို႔ ႀကိဳးစား၊ ေမႊ၊ ဖြထားတဲ့ ဇာတ္လမ္းရွည္ႀကီး၊ သေဘၤာကုမၸဏီရဲ႕ Technical အဖြဲ႕တာဝန္ခံနဲ႔ Maker ေတြရဲ႕ အေဝးက အၾကံျပဳထားတဲ့ အျပန္အလွန္ စာေတြ တေပ်ာ္ႀကီးပဲ။ အၾကမ္းဖ်င္း ေျပာရရင္ေတာ့ Generator က Hyundai အမ်ဳိးအစားျဖစ္ၿပီး Operating Voltage က 6.6 kV ပါ။ ျပႆနာက high field excitation ဆိုတဲ့ Alarm နဲ႔ trip ျဖစ္တယ္ ေျပာပါတယ္။ ေနာက္ သူတို႔ AVR အသစ္တစ္ခုလဲၾကည့္တယ္ဆိုပါတယ္။ ဒါလည္း မေကာင္းဘူး ေျပာပါတယ္။ သူတို႔စမ္းထား တိုင္းထားတာေတြ ေဆြေႏြးတာေတြ ဖတ္ၾကည့္ေတာ့ Maker ရဲ႕ ခန္႔မွန္းခ်က္က အသစ္ထည့္တဲ့ AVR လည္း ထပ္ထိသြားတယ္လို႔ ထင္ပါတယ္တဲ့။ Excitation Voltage လည္း အရမ္းျမင့္၊ Current လည္း တက္တယ္ဆိုပါတယ္။ မေန႔က ကၽြန္ေတာ္တို႔ သူတို႔ကို ဆက္သြယ္ၿပီး အျပင္ကေန external battery 12V နဲ႔ excitation ေပးၿပီး စမ္းဖို႔ ေျပာေတာ့စမ္းၾကည့္ၿပီးၿပီ။ 7200V ေလာက္ ထြက္တယ္ ၿပီးေတာ့ trip ျဖစ္သြားတယ္ ေျပာပါတယ္။ Rotating Diode ေတြလည္း အသစ္လဲထားတယ္ တဲ့။
ဒါက ႀကိဳသိထားရတဲ့ အေျခအေန။ သေဘၤာေပၚေရာက္ရင္ ဘာလုပ္မလဲ စဥ္းစားၾကည့္ပါတယ္။ AVR က တစ္ခုခုေၾကာင့္ excitation မ်ားေနတာလား။ Generator excitation မွာ AC leakage ျဖစ္ၿပီး output မ်ားေနတာလား။ သူတို႔စကားေတြ ခဏထား။ ကိုယ္ဘာသာ Battery နဲ႔ 12 V excitation ေပးၿပီးၾကည့္မယ္။ ဒါဆို Generator ဘက္နဲ႔ AVR / excitation ဘယ္ဘက္က fault ျဖစ္တာလဲ ခြဲသိႏိုင္မယ္။ ၿပီးမွ ဆက္ရွာတာေပါ့။

သေဘၤာေပၚ ေရာက္ေတာ့ ဓာတ္ႀကိဳးနဲ႔ စက္ခ်ဳပ္က Croatian ေတြ။ အေသးစိတ္ရွင္းျပပါတယ္။ Email ထဲမွာ ဖတ္ခဲ့ၿပီးေတာ့ သိပ္ေထြေထြထူးထူး ထပ္မသိရပါဘူး။ တစ္ခုပဲ ထပ္သိရတယ္။ External 12V နဲ႔ excitation ေပးတာ ဘယ္လိုလဲ ေမးၾကည့္ေတာ့ AVR အသစ္လဲၿပီးစမွာ voltage output မထြက္လို႔ 12V နဲ႔ field flush လုပ္ၾကည့္တာတဲ့။ 7200V ေလာက္ ထြက္ၿပီး ေနာက္ trip ျဖစ္သြားတယ္ဆိုပါတယ္။ ဒီအထိ သိၿပီးသား။ အဲဒီလို field flush လုပ္တဲ့အခ်ိန္ AVR အထြက္ F+ နဲ႔ F- ႀကိဳး ျဖဳတ္ထားလားဆိုေတာ့ မျဖဳတ္ဘူးတဲ့။ ဒီအခ်က္က အသစ္။ ဒါဆိုရင္ ကိုယ္လုပ္ခ်င္တာ သူမလုပ္ရေသးဘူး။ အဲဒါ စမ္းမယ္ေပါ့။
မစမ္းခင္ system ကို ရွင္းရွင္းလင္လင္း သိရေအာင္လုပ္ပါတယ္။ Drawing ဖတ္၊ panel ေတြလိုက္ဖြင့္ ၾကည့္ပါတယ္။ 6600 V ဆိုေတာ့ ပိုသတိထားရပါတယ္။ ေနာက္ၿပီး System က ပုံမွန္မဟုတ္တဲ့ အေျခအေနဆိုေတာ့ high voltage မရွိရမယ့္ေနရာမွာလည္း Circuit fault ေၾကာင့္ leak ျဖစ္ၿပီး ေရာက္ႏိုင္တာေပါ့။
Generator က Hyundai ဆိုေပမဲ့ excitation စံနစ္က AVR ကေန build up လုပ္ေပးရတဲ့ စံနစ္ပါပဲ။ Generator ေဘးက နံရံမွာ ကပ္ၿပီး Excitation Control panel တစ္လုံးရွိပါတယ္။  အဲဒီpanel ထဲမွာ AVR နဲ႔ Protection Circuit ေတြရွိပါတယ္။ အားလုံး 6600V ကို step down transformer နဲ႔ ခ်ၿပီးသားေတြဆိုေတာ့ ဒီထဲက သိပ္ အႏၲရာယ္ မမ်ားဘူးလို႔ ဆိုႏိုင္ပါတယ္။ AVR အဝင္ကို power supply 220V ေပးပါတယ္။ ေနာက္ Sensing voltage ကိုလည္း step down ခ်ထားတဲ့ 110V ကို သုံးပါတယ္။ ဒါေပမဲ့ အဲဒီ 110V ကို ဒီ panel ထဲမွာ transformer ေလးနဲ႔ 500V တင္ၿပီးမွ AVR sensing အဝင္ကို ဆက္ထားတာပါ။ ဆိုလိုတာက AVR sensing voltage အမွန္က 500V ေပါ့။ AVR output က သူ႔ name plate အရ DC 70V အျမင့္ဆုံး ျဖစ္ရမွာပါ။ excitation current က max 8A ပါ။ ဒါေပမဲ့ email အရ excitation volt နဲ႔ current အလြန္အကၽြံ ျမင့္ တယ္ေျပာပါတယ္။ 300V နဲ႔ 38A ေလာက္ထိ ျမင့္တယ္တဲ့။ AVR က Digital AVR ပါ။ သူ႔ရဲ႕ parameter ေတြကို pc တစ္ခုနဲ႔ ခ်ိတ္ၿပီး အၫႊန္းအတိုင္း ေသခ်ာ configure လုပ္ထားတယ္ ေျပာပါတယ္။ အဲဒီ parameter ေတြကိုလည္း maker စစ္ထားၿပီးသားလို႔ email ထဲမွာ ဖတ္ရပါတယ္။
အစဆုံး ဘာမွမလုပ္ပဲ လက္ရွိအေနအထားအတိုင္း စမ္းေမာင္းခိုင္းလိုက္ပါတယ္။ AVR ရဲ႕ Display မွာ output voltage ျပေနပါတယ္။ Engine speed တက္လာတာနဲ႔ အမွ် voltage တက္လာပါတယ္။ ေနက္ဆုံး ျမင္လိုက္ရတာက 7800V ေလာက္ျဖစ္ၿပီး field excitation high ဆိုတဲ့ alarm နဲ႔ protection circuit က ျဖတ္ခ်လိုက္ပါတယ္။ အဲဒီအခ်ိန္မွာ AVR အထြက္ F+, F- ကို တိုင္းထားၾကည့္တာ 350V DC ေလာက္အထိ ထြက္ပါတယ္။ သူ႔ spec အရ အမ်ားဆုံး 70V ပဲရွိရမွာ။ မ်ားလြန္းေနပါတယ္။
ဒီတစ္ခါ AVR ကို remote reference voltage အတင္အခ် လုပ္ေပးတဲ့ ႀကိဳးေတြကို ျဖဳတ္ထားလိုက္ပါတယ္။ အဲဒါက ကၽြန္ေတာ္တို႔ ေတြ႕ေနက် analog AVR ေတြရဲ႕ voltage trimmer နဲ႔ သဘာဝတူပါတယ္။ ဒါက digital AVR ျဖစ္တဲ့ အတြက္ potentiometer နဲ႔ မသုံးပဲ voltage up / down ကို channel ၂ ခုနဲ႔ open / close လုပ္ၿပီး ေပးတာပါ။ ႀကိဳး ၃ ေခ်ာင္း ရွိပါတယ္။ Common တစ္ေခ်ာင္း၊ up တစ္ေခ်ာင္း နဲ႔ down တစ္ေခ်ာင္းပါ။ အဲဒီ ႀကိဳးေတြက တစ္ခုခုေၾကာင့္  voltage up signal ေတာက္ေလ်ာက္ ဝင္ေနၿပီး AVR ကို drive လုပ္ေနမွာ စိုးလို႔ပါ။
ေနာက္တစ္ေခါက္ ျပန္ေမာင္းခိုင္းၿပီး Sensing voltage ကို တိုင္းထားၾကည့္ပါတယ္။ ဒီတစ္ခါလည္း trip ျဖစ္သြားပါတယ္။ တိုင္းထားခ်က္အရ 110V ထြက္ရမယ့္ sensing voltage က 130V ေလာက္ ထြက္ပါတယ္။ ျပန္တြက္လိုက္ရင္ 500V ထြက္ရမယ့္ transformer အထြက္မွာ 590V ေလာက္ ထြက္ေနတဲ့ သေဘာပါ။ ဒီေတာ့ ေကာက္ခ်က္ ခ်လို႔ ရတာ ၂ ခု ရွိပါတယ္။ တစ္ခုက external reference voltage input (trimmer) ေၾကာင့္ မဟုတ္ဘူး ဆိုတာရယ္၊ AVR sensing နည္းနည္းပဲ ရလို႔ AVR ထဲက ပိုထုတ္ေပးေနတာ မဟုတ္ဘူး ဆိုတာရယ္ေပါ့။
ဒီတစ္ခါ ႀကိဳစဥ္းစားထားတဲ့ အစီအစဥ္အတိုင္း AVR အထြက္ F+, F- ႀကိဳး ၂ စကို terminal 2 နဲ 3 ကေန ျဖဳတ္လိုက္ၿပီး Battery 12V နဲ႔ ဆက္လိုက္ပါတယ္။ စက္ေမာင္းၾကည့္ေတာ့ trip မျဖစ္ေတာ့ပဲ 4120V မွာ ၿငိမ္ေနပါတယ္။ လိုက္တိုင္းၾကည့္ေတာ့ Sensing voltage 110V ေနရာမွာ 70V ရွိပါတယ္။ AVR power supply က 150V ျဖစ္ၿပီး AVR output က 250V DC ျဖစ္ပါတယ္။ ေသခ်ာတာက Generator နဲ႔ rotating diode ေတြ ေကာင္းတယ္ေပါ့။ AVR အထြက္မ်ားတာက sensing voltage က set point ထက္ နည္းေနေသးလို႔ ပိုထုတ္ေပးေနတာလား မသိ။ ေသခ်ာေအာင္ 24V ထိုးၾကည့္ဖို႔ ဆုံးျဖတ္ပါတယ္။ 
စက္ျပန္ရပ္။ 24V battery နဲ႔ဆက္ၿပီး စက္ျပန္ေမာင္းၾကပါတယ္။ ဒီတစ္ခါ output 6700V ေလာက္မွာ ၿငိမ္ေနပါတယ္။ တိုင္းၾကည့္ေတာ့ sensing voltage 115V, AVR supply 230V, AVR output 380V DC, excitation current 2.3A ပါ။ Sensing voltage မနည္းေတာ့ေပမဲ့ AVR output က အရမ္းမ်ားေနေသးပါတယ္။ ျပန္ၾကည့္ေတာ့ AVR မွာ booster  circuit တစ္ခု ဝင္ထားပါေသးတယ္။ CT ၂ လုံးက ဝင္လာတဲ့ current ကို rectifier (diode bridge) ခံၿပီး AVR အထြက္ rectifier မွာ လာ ေပါင္းထားပါတယ္။ Voltage တက္လာလို႔ လုံေလာက္တဲ့ တန္ဖိုးေရာက္ရင္ MC (K3) ဆြဲပိတ္ၿပီး ျဖတ္ခ်လိုက္မွာပါ။ အဲဒီ အဝင္ႀကိဳးေတြ ျဖဳတ္၊ isolate လုပ္ၾကည့္ေပမဲ့ AVR output က ျမင့္ေနဆဲပါ။ ဒီေတာ AVR ပ်က္တယ္ဆိုတာ ဆုံးျဖတ္ႏိုင္ပါတယ္။
ဒီတစ္ခါ စဥ္းစားရပါၿပီ။ AVR က အသစ္လဲထားတာ။ ဘာလို႔ ထပ္ပ်က္တာလဲ။ Circuit ကိုျပန္ဖတ္ စဥ္းစားၿပီး လိုက္တိုင္း ၾကည့္ပါတယ္ အဲဒီမွာ ေစာေစာက booster circuit က ဝင္လာတဲ့ rectifier diode(VC1) Short ျဖစ္ေနတာကို ေတြ႕ရပါတယ္။ တစ္ျခားေတာ့ ထူျခားတာ မေတြ႕ေတာ့ပါဘူး။ ဒါဆိုရင္ေတာ့ rectifier လဲၿပီး AVR လဲလိုက္ရင္ ေျပလည္သြားႏိုင္ပါတယ္။ 
ဒါေပမဲ့ ပစၥည္း မရွိပါဘူး။ စက္ခ်ဳပ္ေျပာတာက ေနာက္ Port မွာ AVR တစ္လုံး supply လုပ္ဖို႔ရွိတယ္ဆိုေတာ့ အဲဒီမွာ ျပန္တက္ဖို႔ စီစဥ္ၿပီး ျပန္ခဲ့ပါတယ္။ ျဖစ္ခ်င္ေတာ့ ေနာက္တစ္ေခါက္တက္ေတာ့ ကၽြန္ေတာ္ မလိုက္ျဖစ္ေတာ့ပါဘူး။ သြားတက္ခဲ့တဲ့ ညီေလး ျပန္ေျပာျပတာေလး ဆက္ေရးပါမယ္။

ပထမ ယူသြားတဲ့ rectifier လဲလိုက္ပါတယ္။ ေနာက္ AVR အသစ္ လဲမတပ္ခင္ ႐ုံးက ယူသြားတဲ့ compatible ျဖစ္တဲ့ analog AVR တစ္လုံး ကိုတပ္ၿပီး ေမာင္းၾကည့္ေတာ့ 7800 V ေလာက္တက္သြားၿပီး trip ျဖစ္သြားပါတယ္။ သတိထားမိတာက AVR က compatible ျဖစ္တယ္ဆိုေပမဲ့ excitation ေပးတဲ့ သဘာဝ မတူပါဘူး။ အယင္သုံးေနတဲ့ digital AVR က Volt per Hz နႈံးနဲ႔ excitation ေပးပါတယ္။ ဆိုလိုတာက set voltage ကို operation frequency နဲ႔ စားၿပီး အခ်ဳိးက် voltage တင္သြားတာပါ။ Rpm နည္းတုန္းမွာ voltage နည္းၿပီး rpm မ်ားလာမွ V တစ္ျဖည္းျဖည္းခ်င္း တက္ပါတယ္။ အခု လဲထည့္ထားတဲ့ AVR က set voltage အေသဆိုေတာ့ rpm မျပည့္ခင္ ramp up time မွာ set point နဲ႔ voltage output ေဝးေနေတာ့ gain မ်ားမ်ားနဲ႔ ဆြဲတင္ၿပီး rpm တက္လာေတာ့ overshot ျဖစ္သြားတာ ျဖစ္ႏိုင္ ပါတယ္။ AVR ေတာ့ မထိေလာက္ေသးဘူး ယူဆၿပီး ထပ္စမ္းဖို႔ လုပ္ပါတယ္။ ဒီတစ္ခါ  voltage setting ေလ်ာ့ထားလိုက္ၿပီး စက္ေမာင္းလိုက္ပါတယ္။ 5000V ေလာက္ပဲ ထြက္ပါတယ္။ ၿငိမ္ေအာင္ေစာင့္ၿပီး V ကို တင္ေပးေတာ့ 6600V နဲ႔ ေကာင္းေကာင္း အလုပ္လုပ္ပါတယ္။ ၿပီးမွ digital AVR အသစ္ လဲေပးလိုက္ၿပီး ျပန္စမ္းၾကည့္ေတာ့ အားလုံး အဆင္ေျပသြားပါတယ္တဲ့။

[Unicode]


Container သင်္ဘောတစ်စီးက Generator မှာ Voltage အထွက်မြင့်နေလို့ သွားစစ်ခဲ့ရပါတယ်။ မသွားခင် email ထဲမှာ ဖြစ်တဲ့ ပြဿနာနဲ့ အချက်အလက်တွေပို့ထားတာ အရင်ဖတ်ရပါတယ်။ ပြီးခဲ့တဲ့ ၃ ပတ်အတွင်း သူတို့ ကြိုးစား၊ မွှေ၊ ဖွထားတဲ့ ဇာတ်လမ်းရှည်ကြီး၊ သင်္ဘောကုမ္ပဏီရဲ့ Technical အဖွဲ့တာဝန်ခံနဲ့ Maker တွေရဲ့ အဝေးက အကြံပြုထားတဲ့ အပြန်အလှန် စာတွေ တပျော်ကြီးပဲ။ အကြမ်းဖျင်း ပြောရရင်တော့ Generator က Hyundai အမျိုးအစားဖြစ်ပြီး Operating Voltage က 6.6 kV ပါ။ ပြဿနာက high field excitation ဆိုတဲ့ Alarm နဲ့ trip ဖြစ်တယ် ပြောပါတယ်။ နောက် သူတို့ AVR အသစ်တစ်ခုလဲကြည့်တယ်ဆိုပါတယ်။ ဒါလည်း မကောင်းဘူး ပြောပါတယ်။ သူတို့စမ်းထား တိုင်းထားတာတွေ ဆွေနွေးတာတွေ ဖတ်ကြည့်တော့ Maker ရဲ့ ခန့်မှန်းချက်က အသစ်ထည့်တဲ့ AVR လည်း ထပ်ထိသွားတယ်လို့ ထင်ပါတယ်တဲ့။ Excitation Voltage လည်း အရမ်းမြင့်၊ Current လည်း တက်တယ်ဆိုပါတယ်။ မနေ့က ကျွန်တော်တို့ သူတို့ကို ဆက်သွယ်ပြီး အပြင်ကနေ external battery 12V နဲ့ excitation ပေးပြီး စမ်းဖို့ ပြောတော့စမ်းကြည့်ပြီးပြီ။ 7200V လောက် ထွက်တယ် ပြီးတော့ trip ဖြစ်သွားတယ် ပြောပါတယ်။ Rotating Diode တွေလည်း အသစ်လဲထားတယ် တဲ့။
ဒါက ကြိုသိထားရတဲ့ အခြေအနေ။ သင်္ဘောပေါ်ရောက်ရင် ဘာလုပ်မလဲ စဉ်းစားကြည့်ပါတယ်။ AVR က တစ်ခုခုကြောင့် excitation များနေတာလား။ Generator excitation မှာ AC leakage ဖြစ်ပြီး output များနေတာလား။ သူတို့စကားတွေ ခဏထား။ ကိုယ်ဘာသာ Battery နဲ့ 12 V excitation ပေးပြီးကြည့်မယ်။ ဒါဆို Generator ဘက်နဲ့ AVR / excitation ဘယ်ဘက်က fault ဖြစ်တာလဲ ခွဲသိနိုင်မယ်။ ပြီးမှ ဆက်ရှာတာပေါ့။
သင်္ဘောပေါ် ရောက်တော့ ဓာတ်ကြိုးနဲ့ စက်ချုပ်က Croatian တွေ။ အသေးစိတ်ရှင်းပြပါတယ်။ Email ထဲမှာ ဖတ်ခဲ့ပြီးတော့ သိပ်ထွေထွေထူးထူး ထပ်မသိရပါဘူး။ တစ်ခုပဲ ထပ်သိရတယ်။ External 12V နဲ့ excitation ပေးတာ ဘယ်လိုလဲ မေးကြည့်တော့ AVR အသစ်လဲပြီးစမှာ voltage output မထွက်လို့ 12V နဲ့ field flush လုပ်ကြည့်တာတဲ့။ 7200V လောက် ထွက်ပြီး နောက် trip ဖြစ်သွားတယ်ဆိုပါတယ်။ ဒီအထိ သိပြီးသား။ အဲဒီလို field flush လုပ်တဲ့အချိန် AVR အထွက် F+ နဲ့ F- ကြိုး ဖြုတ်ထားလားဆိုတော့ မဖြုတ်ဘူးတဲ့။ ဒီအချက်က အသစ်။ ဒါဆိုရင် ကိုယ်လုပ်ချင်တာ သူမလုပ်ရသေးဘူး။ အဲဒါ စမ်းမယ်ပေါ့။
မစမ်းခင် system ကို ရှင်းရှင်းလင်လင်း သိရအောင်လုပ်ပါတယ်။ Drawing ဖတ်၊ panel တွေလိုက်ဖွင့် ကြည့်ပါတယ်။ 6600 V ဆိုတော့ ပိုသတိထားရပါတယ်။ နောက်ပြီး System က ပုံမှန်မဟုတ်တဲ့ အခြေအနေဆိုတော့ high voltage မရှိရမယ့်နေရာမှာလည်း Circuit fault ကြောင့် leak ဖြစ်ပြီး ရောက်နိုင်တာပေါ့။ 
Generator က Hyundai ဆိုပေမဲ့ excitation စံနစ်က AVR ကနေ build up လုပ်ပေးရတဲ့ စံနစ်ပါပဲ။ Generator ဘေးက နံရံမှာ ကပ်ပြီး Excitation Control panel တစ်လုံးရှိပါတယ်။  အဲဒီpanel ထဲမှာ AVR နဲ့ Protection Circuit တွေရှိပါတယ်။ အားလုံး 6600V ကို step down transformer နဲ့ ချပြီးသားတွေဆိုတော့ ဒီထဲက သိပ် အန္တရာယ် မများဘူးလို့ ဆိုနိုင်ပါတယ်။ AVR အဝင်ကို power supply 220V ပေးပါတယ်။ နောက် Sensing voltage ကိုလည်း step down ချထားတဲ့ 110V ကို သုံးပါတယ်။ ဒါပေမဲ့ အဲဒီ 110V ကို ဒီ panel ထဲမှာ transformer လေးနဲ့ 500V တင်ပြီးမှ AVR sensing အဝင်ကို ဆက်ထားတာပါ။ ဆိုလိုတာက AVR sensing voltage အမှန်က 500V ပေါ့။ AVR output က သူ့ name plate အရ DC 70V အမြင့်ဆုံး ဖြစ်ရမှာပါ။ excitation current က max 8A ပါ။ ဒါပေမဲ့ email အရ excitation volt နဲ့ current အလွန်အကျွံ မြင့် တယ်ပြောပါတယ်။ 300V နဲ့ 38A လောက်ထိ မြင့်တယ်တဲ့။ AVR က Digital AVR ပါ။ သူ့ရဲ့ parameter တွေကို pc တစ်ခုနဲ့ ချိတ်ပြီး အညွှန်းအတိုင်း သေချာ configure လုပ်ထားတယ် ပြောပါတယ်။ အဲဒီ parameter တွေကိုလည်း maker စစ်ထားပြီးသားလို့ email ထဲမှာ ဖတ်ရပါတယ်။
အစဆုံး ဘာမှမလုပ်ပဲ လက်ရှိအနေအထားအတိုင်း စမ်းမောင်းခိုင်းလိုက်ပါတယ်။ AVR ရဲ့ Display မှာ output voltage ပြနေပါတယ်။ Engine speed တက်လာတာနဲ့ အမျှ voltage တက်လာပါတယ်။ နေက်ဆုံး မြင်လိုက်ရတာက 7800V လောက်ဖြစ်ပြီး field excitation high ဆိုတဲ့ alarm နဲ့ protection circuit က ဖြတ်ချလိုက်ပါတယ်။ အဲဒီအချိန်မှာ AVR အထွက် F+, F- ကို တိုင်းထားကြည့်တာ 350V DC လောက်အထိ ထွက်ပါတယ်။ သူ့ spec အရ အများဆုံး 70V ပဲရှိရမှာ။ များလွန်းနေပါတယ်။ ဒီတစ်ခါ AVR ကို remote reference voltage အတင်အချ လုပ်ပေးတဲ့ ကြိုးတွေကို ဖြုတ်ထားလိုက်ပါတယ်။ အဲဒါက ကျွန်တော်တို့ တွေ့နေကျ analog AVR တွေရဲ့ voltage trimmer နဲ့ သဘာဝတူပါတယ်။ ဒါက digital AVR ဖြစ်တဲ့ အတွက် potentiometer နဲ့ မသုံးပဲ voltage up / down ကို channel ၂ ခုနဲ့ open / close လုပ်ပြီး ပေးတာပါ။ ကြိုး ၃ ချောင်း ရှိပါတယ်။ Common တစ်ချောင်း၊ up တစ်ချောင်း နဲ့ down တစ်ချောင်းပါ။ အဲဒီ ကြိုးတွေက တစ်ခုခုကြောင့်  voltage up signal တောက်လျောက် ဝင်နေပြီး AVR ကို drive လုပ်နေမှာ စိုးလို့ပါ။
နောက်တစ်ခေါက် ပြန်မောင်းခိုင်းပြီး Sensing voltage ကို တိုင်းထားကြည့်ပါတယ်။ ဒီတစ်ခါလည်း trip ဖြစ်သွားပါတယ်။ တိုင်းထားချက်အရ 110V ထွက်ရမယ့် sensing voltage က 130V လောက် ထွက်ပါတယ်။ ပြန်တွက်လိုက်ရင် 500V ထွက်ရမယ့် transformer အထွက်မှာ 590V လောက် ထွက်နေတဲ့ သဘောပါ။ ဒီတော့ ကောက်ချက် ချလို့ ရတာ ၂ ခု ရှိပါတယ်။ တစ်ခုက external reference voltage input (trimmer) ကြောင့် မဟုတ်ဘူး ဆိုတာရယ်၊ AVR sensing နည်းနည်းပဲ ရလို့ AVR ထဲက ပိုထုတ်ပေးနေတာ မဟုတ်ဘူး ဆိုတာရယ်ပေါ့။
ဒီတစ်ခါ ကြိုစဉ်းစားထားတဲ့ အစီအစဉ်အတိုင်း AVR အထွက် F+, F- ကြိုး ၂ စကို terminal 2 နဲ 3 ကနေ ဖြုတ်လိုက်ပြီး Battery 12V နဲ့ ဆက်လိုက်ပါတယ်။ စက်မောင်းကြည့်တော့ trip မဖြစ်တော့ပဲ 4120V မှာ ငြိမ်နေပါတယ်။ လိုက်တိုင်းကြည့်တော့ Sensing voltage 110V နေရာမှာ 70V ရှိပါတယ်။ AVR power supply က 150V ဖြစ်ပြီး AVR output က 250V DC ဖြစ်ပါတယ်။ သေချာတာက Generator နဲ့ rotating diode တွေ ကောင်းတယ်ပေါ့။ AVR အထွက်များတာက sensing voltage က set point ထက် နည်းနေသေးလို့ ပိုထုတ်ပေးနေတာလား မသိ။ သေချာအောင် 24V ထိုးကြည့်ဖို့ ဆုံးဖြတ်ပါတယ်။ 
စက်ပြန်ရပ်။ 24V battery နဲ့ဆက်ပြီး စက်ပြန်မောင်းကြပါတယ်။ ဒီတစ်ခါ output 6700V လောက်မှာ ငြိမ်နေပါတယ်။ တိုင်းကြည့်တော့ sensing voltage 115V, AVR supply 230V, AVR output 380V DC, excitation current 2.3A ပါ။ Sensing voltage မနည်းတော့ပေမဲ့ AVR output က အရမ်းများနေသေးပါတယ်။ ပြန်ကြည့်တော့ AVR မှာ booster  circuit တစ်ခု ဝင်ထားပါသေးတယ်။ CT ၂ လုံးက ဝင်လာတဲ့ current ကို rectifier (diode bridge) ခံပြီး AVR အထွက် rectifier မှာ လာ ပေါင်းထားပါတယ်။ Voltage တက်လာလို့ လုံလောက်တဲ့ တန်ဖိုးရောက်ရင် MC (K3) ဆွဲပိတ်ပြီး ဖြတ်ချလိုက်မှာပါ။ အဲဒီ အဝင်ကြိုးတွေ ဖြုတ်၊ isolate လုပ်ကြည့်ပေမဲ့ AVR output က မြင့်နေဆဲပါ။ ဒီတော AVR ပျက်တယ်ဆိုတာ ဆုံးဖြတ်နိုင်ပါတယ်။
ဒီတစ်ခါ စဉ်းစားရပါပြီ။ AVR က အသစ်လဲထားတာ။ ဘာလို့ ထပ်ပျက်တာလဲ။ Circuit ကိုပြန်ဖတ် စဉ်းစားပြီး လိုက်တိုင်း ကြည့်ပါတယ် အဲဒီမှာ စောစောက booster circuit က ဝင်လာတဲ့ rectifier diode(VC1) Short ဖြစ်နေတာကို တွေ့ရပါတယ်။ တစ်ခြားတော့ ထူခြားတာ မတွေ့တော့ပါဘူး။ ဒါဆိုရင်တော့ rectifier လဲပြီး AVR လဲလိုက်ရင် ပြေလည်သွားနိုင်ပါတယ်။ 
ဒါပေမဲ့ ပစ္စည်း မရှိပါဘူး။ စက်ချုပ်ပြောတာက နောက် Port မှာ AVR တစ်လုံး supply လုပ်ဖို့ရှိတယ်ဆိုတော့ အဲဒီမှာ ပြန်တက်ဖို့ စီစဉ်ပြီး ပြန်ခဲ့ပါတယ်။ ဖြစ်ချင်တော့ နောက်တစ်ခေါက်တက်တော့ ကျွန်တော် မလိုက်ဖြစ်တော့ပါဘူး။ သွားတက်ခဲ့တဲ့ ညီလေး ပြန်ပြောပြတာလေး ဆက်ရေးပါမယ်။

ပထမ ယူသွားတဲ့ rectifier လဲလိုက်ပါတယ်။ နောက် AVR အသစ် လဲမတပ်ခင် ရုံးက ယူသွားတဲ့ compatible ဖြစ်တဲ့ analog AVR တစ်လုံး ကိုတပ်ပြီး မောင်းကြည့်တော့ 7800 V လောက်တက်သွားပြီး trip ဖြစ်သွားပါတယ်။ သတိထားမိတာက AVR က compatible ဖြစ်တယ်ဆိုပေမဲ့ excitation ပေးတဲ့ သဘာဝ မတူပါဘူး။ အယင်သုံးနေတဲ့ digital AVR က Volt per Hz နှုံးနဲ့ excitation ပေးပါတယ်။ ဆိုလိုတာက set voltage ကို operation frequency နဲ့ စားပြီး အချိုးကျ voltage တင်သွားတာပါ။ Rpm နည်းတုန်းမှာ voltage နည်းပြီး rpm များလာမှ V တစ်ဖြည်းဖြည်းချင်း တက်ပါတယ်။ အခု လဲထည့်ထားတဲ့ AVR က set voltage အသေဆိုတော့ rpm မပြည့်ခင် ramp up time မှာ set point နဲ့ voltage output ဝေးနေတော့ gain များများနဲ့ ဆွဲတင်ပြီး rpm တက်လာတော့ overshot ဖြစ်သွားတာ ဖြစ်နိုင် ပါတယ်။ AVR တော့ မထိလောက်သေးဘူး ယူဆပြီး ထပ်စမ်းဖို့ လုပ်ပါတယ်။ ဒီတစ်ခါ  voltage setting လျော့ထားလိုက်ပြီး စက်မောင်းလိုက်ပါတယ်။ 5000V လောက်ပဲ ထွက်ပါတယ်။ ငြိမ်အောင်စောင့်ပြီး V ကို တင်ပေးတော့ 6600V နဲ့ ကောင်းကောင်း အလုပ်လုပ်ပါတယ်။ ပြီးမှ digital AVR အသစ် လဲပေးလိုက်ပြီး ပြန်စမ်းကြည့်တော့ အားလုံး အဆင်ပြေသွားပါတယ်တဲ့။

Sunday 16 September 2018

Bow Thruster (2) - Incorrect Response


ျပႆနာက လြယ္လြယ္ေလးမို႔ မေရးေတာ့ဘူး ေအာက္ေမ့ၿပီး ထားခဲ့ပါတယ္။ ေနာက္ေတာ့ လြယ္ေပမဲ့ တစ္ခ်ဳိ႕ အေတြ႕အၾကဳံ နည္းေသးတဲ့ ညီငယ္ေတြအတြက္ ဖတ္ရေအာင္ ေရးလိုက္ပါတယ္။
Dock ဝင္ေနတဲ့သေဘၤာ တစ္စီး ေရခ်ခါနီးမွ Bow Thruster(BT) ေကာင္းေကာင္း အလုပ္အလုပ္လို႔ အေရးေပၚသြားၾကည့္ေပးရပါတယ္။ ကၽြန္ေတာ္နဲ႔အတူ hydraulic ကၽြမ္းက်င္တဲ့ အစ္ကိုတစ္ေယာက္ လိုက္ခဲ့ပါတယ္။ သေဘၤာ ေပၚေရာက္ေတာ့ Super နဲ႔ သူႀကီးက ရွင္းျပပါတယ္။ BT က မွန္မွန္ အလုပ္မလုပ္ဘူး ေျပာပါတယ္။ တစ္ျခားအဖြဲ႕တစ္ဖြဲ႕ လာျပင္ေနတာ ၂ ရက္ေလာက္ၾကာၿပီး မေျပလည္ပဲ ျဖစ္ေနလို႔ သေဘၤာကလည္း ေနာက္ေန႔ ထြက္ေတာ့မွာဆိုေတာ့ ကၽြန္ေတာ္တို႔ကို လွမ္းအကူအညီေတာင္းလိုက္တာပါတဲ့။
ၾကဳံလို႔ ေျပာပါဦးမယ္။ BT ဆိုတာ သေဘၤာကပ္ခ်ိန္၊ ခြာခ်ိန္ေတြမွာ သေဘၤာဦးကို ေဘးတိုက္ ေရြ႕ေအာင္ တြန္းထုတ္ေပးတာပါ။ 
Fix propeller သုံးၿပီး အင္ဂ်င္ speed နဲ႔ direction ကို ကစားတဲ့ အမ်ဳိးအစား၊ 
Fix motor speed သုံးထားၿပီး CPP နဲ႔ propeller pitch ကို ကစားတဲ့ အမ်ဳိးအစား၊ 
Azimuth လို႔ ေခၚတဲ့ propeller အုံတစ္ခုလုံးကို ၁၈၀ ံ လွည့္ၿပီး ကစားတဲ့ အမ်ဳိးအစား၊
Water jet နဲ႔ လိုတဲ့ direction ကို တြန္းတဲ့ အမ်ဳိးအစား အစရွိသျဖင့္ အမ်ဳိးမ်ဳိး ရွိပါတယ္။
အခု ဒီသေဘၤာက BT မွာ CPP ကို သုံးတဲ့ အမ်ဳိးအစားပါ။ ဒီေတာ့ Motor ေမာင္းမထားပဲ hydraulic pump ကိုပဲေမာင္းၿပီး စမ္းရင္ အႏၲရာယ္ ကင္းကင္းနဲ႔ စမ္းႏိုင္ပါတယ္။ သေဘၤာ ဦးရမ္းသြားမွာ၊ ေရြ႕သြားမွာ စိုးရိမ္စရာ မလိုေတာ့ဘူးေပါ့။
ေရာက္တာနဲ႔ ပါလာတဲ့အစ္ကိုက Hydraulic အပိုင္းကို စစ္ပါတယ္။ ကၽြန္ေတာ္က bridge ကေန operate လုပ္ေပး display ကိုၾကည့္ေပး နဲ႔ ကူရပါတယ္။ Walkie Talkie တစ္လုံးစီနဲ႔ေပါ့။ အဲဒီအစ္ကိုက စစ္ေဆးၾကည့္ေတာ့ hydraulic solenoid က နည္းနည္း leak ျဖစ္ေနလို႔ o-ring တစ္ခု လဲလိုက္တယ္ ေျပာပါတယ္။ ေနာက္ေတာ့ solenoid ကို manual တြန္းၿပီး စမ္းၾကည့္တယ္။ အေပၚကေန Port / Stbd direction ေတြ ေပးၾကည့္ေတာ့ ေပးတဲ့ ဘက္က solenoid ေတြ မွန္မွန္ကန္ကန္ အလုပ္လုပ္ပါတယ္။

ဒါေပမဲ့ အေပၚက Midship command ေပးထားခ်ိန္မွာ Display က Port 10% ေက်ာ္ေက်ာ္ ေလာက္ ျပေနပါတယ္။ Stbd 10% ေပးလိုက္ေတာ့လည္း တစ္ကယ္ျပေနတာက Port 5%  ေလာက္မွာပဲ ျဖစ္ေနပါတယ္။ ဒါနဲ႔ အဲဒီအစ္ကိုလည္း ကၽြန္ေတာ့္ကို ဆက္ရွာဖို႔ လက္လႊဲေပးပါတယ္။ ကၽြန္ေတာ္ စာရြက္ေပၚမွာ ဇယားေလးတစ္ခုဆြဲလိုက္ၿပီး Command နဲ႔ တစ္ကယ္ျပတာ ယွဥ္ၾကည့္ပါတယ္။

Command           Actual
—————          ———
  0                           15 (P)
  10 (P)                   25(P)
  20 (P)                   35(P)
  10 (S)                      5(P)
  20 (S)                      5(S)

ဒီဇယားေလး ၾကည့္လိုက္တာနဲ႔ အေျဖေပၚသေလာက္ ျဖစ္ေနပါၿပီ။ အားလုံးက Port side ကို 15 % ေလာက္ offset ျဖစ္ေနတာမို႔ပါ။

ဒါနဲ႔ ကၽြန္ေတာ္က BT room ဆီဆင္းသြားၿပီး အေဖၚ အစ္ကိုက သူႀကီးနဲ႔ bridge ကေန တစ္လွည့္ကူေပးပါတယ္။ BT room ရဲ႕ ေအာက္တစ္ဆင့္ ဆင္းၿပီး ကပ္သီကပ္သတ္ ေနရာေလးမွာ ေခြေခြေခါက္ေခါက္ေလး ဝင္ၿပီးမွ Feedback Potentiometer ကို ကိုင္တြယ္ႏိုင္ပါတယ္။ တစ္ခ်ဳိ႕ သေဘၤာေတြမွာ Feedback နဲ႔ Display အတြက္ potentiometer တစ္လုံးစီ ခြဲထားတတ္ပါတယ္။ ဒီမွာေတာ့ Pot တစ္လုံးထဲပဲ ရွိတာ ေတြ႕ပါတယ္။

ပထမ Pitch position ကိုျပတဲ့ Mechanical pointer ကို ၾကည့္ပါတယ္။ အဲဒီမွာ scale စိတ္ေလးေတြကို ၾကည့္ၿပီး တစ္ကယ့္ pitch ေရာက္ေနတဲ့ ေနရာ သိႏိုင္ပါတယ္။ အစဆုံး Bridge ကေန manual/emergency command ခလုတ္နဲ႔ တစ္ကယ့္ pitch position ကို zero ( neutral) ေရာက္ေအာင္ ေရႊ႕ခိုင္း လိုက္ပါတယ္။ ၿပီးတာနဲ႔  Feedback potentiometer အဝင္ connector မွာ ႀကိဳး ၃ ေခ်ာင္းထဲက ၂ ေခ်ာင္းျဖဳတ္လိုက္ပါတယ္။ အလယ္စ နဲ႔ ေဘးတစ္စစီကို Ohm တိုင္းၾကည့္ေတာ့ တစ္ဘက္ကမ်ားၿပီး တစ္ဘက္က နည္းေနပါတယ္။ ဒါနဲ႔ Pot ကို ထိန္းထားတဲ့ screw ၂ လုံး ေလွ်ာ့ၿပီး Resistance ႏွစ္ဘက္ညီေအာင္ အၾကမ္းဖ်င္း ညႇိလိုက္ပါတယ္။ ၿပီးမွ ႀကိဳးေတြျပန္တပ္လိုက္ၿပီး Bridge ကို လွမ္းေမးၾကည့္ပါတယ္။ Display မွာ ဘာျပေနလဲေပါ့။ Bridge က display မွာ neutral ျပတဲ့အထိ Feedback pot ကို အေသးစိတ္ လွည့္ခ်ိန္ေပးပါတယ္။ 
ေနာက္ အေပၚက command ရယ္၊ တစ္ကယ့္ Mechanical position ရယ္ Display ရယ္ ညီမညီ ျပန္စစ္ပါတယ္။ Port, Stbd အမ်ားဆုံး ေရာက္ႏိုင္တဲ့အထိ ေရႊ႕ခိုင္းၿပီး စစ္ၾကည့္ေတာ့ အားလုံး အဆင္ေျပပါတယ္။ သူႀကီးကို စိတ္ႀကိဳက္ စမ္းခိုင္းၿပီး ျပန္ခဲ့ပါတယ္။

[Unicode]

ပြဿနာက လွယ်လွယ်လေးမို့ မရေးတော့ဘူး အောက်မေ့ပြီး ထားခဲ့ပါတယ်။ နောက်တော့ လွယ်ပေမဲ့ တစ်ချို့ အတွေ့အကြုံ နည်းသေးတဲ့ ညီငယ်တွေအတွက် ဖတ်ရအောင် ရေးလိုက်ပါတယ်။
Dock ဝင်နေတဲ့သင်္ဘော တစ်စီး ရေချခါနီးမှ Bow Thruster (BT) ကောင်းကောင်း အလုပ်အလုပ်လို့ အရေးပေါ်သွားကြည့်ပေးရပါတယ်။ ကျွန်တော်နဲ့အတူ hydraulic ကျွမ်းကျင်တဲ့ အစ်ကိုတစ်ယောက် လိုက်ခဲ့ပါတယ်။ သင်္ဘော ပေါ်ရောက်တော့ Super နဲ့ သူကြီးက ရှင်းပြပါတယ်။ BT က မှန်မှန် အလုပ်မလုပ်ဘူး ပြောပါတယ်။ တစ်ခြားအဖွဲ့တစ်ဖွဲ့ လာပြင်နေတာ ၂ ရက်လောက်ကြာပြီး မပြေလည်ပဲ ဖြစ်နေလို့ သင်္ဘောကလည်း နောက်နေ့ ထွက်တော့မှာဆိုတော့ ကျွန်တော်တို့ကို လှမ်းအကူအညီတောင်းလိုက်တာပါတဲ့။
ကြုံလို့ ပြောပါဦးမယ်။ BT ဆိုတာ သင်္ဘောကပ်ချိန်၊ ခွာချိန်တွေမှာ သင်္ဘောဦးကို ဘေးတိုက် ရွေ့အောင် တွန်းထုတ်ပေးတာပါ။ 
Fix propeller သုံးပြီး အင်ဂျင် speed နဲ့ direction ကို ကစားတဲ့ အမျိုးအစား၊ 
Fix motor speed သုံးထားပြီး CPP နဲ့ propeller pitch ကို ကစားတဲ့ အမျိုးအစား၊ 
Azimuth လို့ ခေါ်တဲ့ propeller အုံတစ်ခုလုံးကို ၁၈၀ ံ လှည့်ပြီး ကစားတဲ့ အမျိုးအစား၊
Water jet နဲ့ လိုတဲ့ direction ကို တွန်းတဲ့ အမျိုးအစား အစရှိသဖြင့် အမျိုးမျိုး ရှိပါတယ်။
အခု ဒီသင်္ဘောက BT မှာ CPP ကို သုံးတဲ့ အမျိုးအစားပါ။ ဒီတော့ Motor မောင်းမထားပဲ hydraulic pump ကိုပဲမောင်းပြီး စမ်းရင် အန္တရာယ် ကင်းကင်းနဲ့ စမ်းနိုင်ပါတယ်။ သင်္ဘော ဦးရမ်းသွားမှာ၊ ရွေ့သွားမှာ စိုးရိမ်စရာ မလိုတော့ဘူးပေါ့။
ရောက်တာနဲ့ ပါလာတဲ့အစ်ကိုက Hydraulic အပိုင်းကို စစ်ပါတယ်။ ကျွန်တော်က bridge ကနေ operate လုပ်ပေး display ကိုကြည့်ပေး နဲ့ ကူရပါတယ်။ Walkie Talkie တစ်လုံးစီနဲ့ပေါ့။ အဲဒီအစ်ကိုက စစ်ဆေးကြည့်တော့ hydraulic solenoid က နည်းနည်း leak ဖြစ်နေလို့ o-ring တစ်ခု လဲလိုက်တယ် ပြောပါတယ်။ နောက်တော့ solenoid ကို manual တွန်းပြီး စမ်းကြည့်တယ်။ အပေါ်ကနေ Port / Stbd direction တွေ ပေးကြည့်တော့ ပေးတဲ့ ဘက်က solenoid တွေ မှန်မှန်ကန်ကန် အလုပ်လုပ်ပါတယ်။
ဒါပေမဲ့ အပေါ်က Midship command ပေးထားချိန်မှာ Display က Port 10% ကျော်ကျော် လောက် ပြနေပါတယ်။ Stbd 10% ပေးလိုက်တော့လည်း တစ်ကယ်ပြနေတာက Port 5%  လောက်မှာပဲ ဖြစ်နေပါတယ်။ ဒါနဲ့ အဲဒီအစ်ကိုလည်း ကျွန်တော့်ကို ဆက်ရှာဖို့ လက်လွှဲပေးပါတယ်။ ကျွန်တော် စာရွက်ပေါ်မှာ ဇယားလေးတစ်ခုဆွဲလိုက်ပြီး Command နဲ့ တစ်ကယ်ပြတာ ယှဉ်ကြည့်ပါတယ်။

Command           Actual
—————          ———
  0                           15 (P)
  10 (P)                   25(P)
  20 (P)                   35(P)
  10 (S)                      5(P)
  20 (S)                      5(S)

ဒီဇယားလေး ကြည့်လိုက်တာနဲ့ အဖြေပေါ်သလောက် ဖြစ်နေပါပြီ။ အားလုံးက Port side ကို 15 % လောက် offset ဖြစ်နေတာမို့ပါ။

ဒါနဲ့ ကျွန်တော်က BT room ဆီဆင်းသွားပြီး အဖေါ် အစ်ကိုက သူကြီးနဲ့ bridge ကနေ တစ်လှည့်ကူပေးပါတယ်။ BT room ရဲ့ အောက်တစ်ဆင့် ဆင်းပြီး ကပ်သီကပ်သတ် နေရာလေးမှာ ခွေခွေခေါက်ခေါက်လေး ဝင်ပြီးမှ Feedback Potentiometer ကို ကိုင်တွယ်နိုင်ပါတယ်။ တစ်ချို့ သင်္ဘောတွေမှာ Feedback နဲ့ Display အတွက် potentiometer တစ်လုံးစီ ခွဲထားတတ်ပါတယ်။ ဒီမှာတော့ Pot တစ်လုံးထဲပဲ ရှိတာ တွေ့ပါတယ်။
ပထမ Pitch position ကိုပြတဲ့ Mechanical pointer ကို ကြည့်ပါတယ်။ အဲဒီမှာ scale စိတ်လေးတွေကို ကြည့်ပြီး တစ်ကယ့် pitch ရောက်နေတဲ့ နေရာ သိနိုင်ပါတယ်။ အစဆုံး Bridge ကနေ manual/emergency command ခလုတ်နဲ့ တစ်ကယ့် pitch position ကို zero ( neutral) ရောက်အောင် ရွှေ့ခိုင်း လိုက်ပါတယ်။ ပြီးတာနဲ့  Feedback potentiometer အဝင် connector မှာ ကြိုး ၃ ချောင်းထဲက ၂ ချောင်းဖြုတ်လိုက်ပါတယ်။ အလယ်စ နဲ့ ဘေးတစ်စစီကို Ohm တိုင်းကြည့်တော့ တစ်ဘက်ကများပြီး တစ်ဘက်က နည်းနေပါတယ်။ ဒါနဲ့ Pot ကို ထိန်းထားတဲ့ screw ၂ လုံး လျှော့ပြီး Resistance နှစ်ဘက်ညီအောင် အကြမ်းဖျင်း ညှိလိုက်ပါတယ်။ ပြီးမှ ကြိုးတွေပြန်တပ်လိုက်ပြီး Bridge ကို လှမ်းမေးကြည့်ပါတယ်။ Display မှာ ဘာပြနေလဲပေါ့။ Bridge က display မှာ neutral ပြတဲ့အထိ Feedback pot ကို အသေးစိတ် လှည့်ချိန်ပေးပါတယ်။ 
နောက် အပေါ်က command ရယ်၊ တစ်ကယ့် Mechanical position ရယ် Display ရယ် ညီမညီ ပြန်စစ်ပါတယ်။ Port, Stbd အများဆုံး ရောက်နိုင်တဲ့အထိ ရွှေ့ခိုင်းပြီး စစ်ကြည့်တော့ အားလုံး အဆင်ပြေပါတယ်။ သူကြီးကို စိတ်ကြိုက် စမ်းခိုင်းပြီး ပြန်ခဲ့ပါတယ်။