Sink and Source
➡️⬅️➡️⬅️➡️⬅️
ဒီအကြောင်းမေးကြဖြေကြ
ပြောနေကြတာ မကြာခဏ ကြားဖူးပါတယ်။ Instrumentation သမားတွေ ကြားမှာလည်း
ငြင်းကြခုန်ကြ ဝိဝါဒ ကွဲကြပေါ့။ ခုလည်း ညီတစ်ယောက်က မေးလာလို့ ကျွန်တော်
မြင်မိတဲ့ Sink နဲ့ Source အကြောင်း သိထားသမျှလေး ပြန်ပြောချင်ပါတယ်။
အခြေခံလေးက
စပြောကြည့်မယ်နော်။ Sink နဲ့ Source လို့ အလွယ်ပြောကြပေမဲ့ အပြည့်အစုံ
ပြောရရင် Current Sinking နဲ့ Current Sourcing လို့ ပြောလိုက်ရင်
အဓိပ္ပာယ် ပို ပြည့်စုံသွားပြီး နားလည်ရလွယ်သွားပါလိမ့်မယ်။
Load
တစ်ခုကို Device တစ်ခုနဲ့ ဆက်တဲ့ အခါ Device က Load ကိုဖြတ်ပြီး Current
Supply လုပ်နေရရင် Source လို့ ခေါ်ပါတယ်။ (ပုံ-၁) အဲဒီ Device ဆိုတာ PLC
တို့၊ Controller တို့ ဖြစ်နိုင်ပါတယ်။
Load တစ်ခုကို Device တစ်ခုနဲ့ ဆက်တဲ့အခါ Current supply က Load ကိုဖြတ်ပြီး Device ဆီ ပြန်ဝင်လာရင် Sink လို့ ခေါ်ကြပါတယ်။(ပုံ -၂)
နောက်တစ်ခုက
PLC မှာတော့ Input နဲ့ Output အရ ဖြစ်နိုင်ချေ လေးမျိုးကို Sink နဲ့
Source တွေ ခွဲပြထားပါတယ်။ (ပုံ - ၃) ဒါက PLC ရဲ့ ရှုထောင့်က ကြည့်တဲ့ Sink
/ Source အခေါ်အဝေါ်တွေပါ။ အဲဒီမှာ Output module မှာ သုံးထားတဲ့
Transistor အရဆိုရင် Sink အတွက်ဆိုရင် NPN transistor သုံးထားပြီး၊ Source
အတွက်ဆိုရင် PNP transistor သုံးထားတာ သတိပြုပါ။
PLC
Analog I/O module တွေမှာ Common တစ်စနဲ့ Input / Output pin တွေ
အများကြီး တန်းစီရှိလေ့ရှိပါတယ်။ (ပုံ - ၄) ဒီတော့ အလွယ်မှတ်တဲ့အခါ Common
(+) ဆိုရင် Source ဖြစ်ပြီး၊ Common (-) ဆိုရင် Sink လို့
မှတ်ထားနိုင်ပါတယ်။
ဒီအထိရှင်းပြီဆိုရင် နည်းနည်း
ခေါင်ရှုပ်မယ့် ပုံတစ်ခု ကြည့်ရအောင်။ (ပုံ-၅) ဒါက 3-wire sensor /
transmitter ဆက်တဲ့ပုံပါ။ ဒီပုံမှာ ရှုထောင့် နှစ်ခုက ကြည့်တာကို
ဂရုစိုက်ပါ။ ပထမ NPN (Sinking) Field Device ဆိုတာ Sensor ရှုထောင့်က
ကြည့်တဲ့အခါ Sink ဖြစ်ပါတယ်။ ဒီ Sensor ရဲ့ Output signal က Signal
ကြိုးနဲ့ (-) ကြားထဲကို တိုင်ပါတယ်။ အဲဒီ Signal ကိုပဲ Input Module /
Controller ရဲ့ ရှုထောင့်က ကြည့်တဲ့အခါ Source ဖြစ်နေတာ တွေ့ရပါမယ်။
ဒုတိယပုံမှာလည်း
PNP (Sourcing) Field Device ဆိုတာ Sensor ရှုထောင့်က ရေးထားတာပါ။ Output
Signal က Signal နဲ့ (+) ကြားထဲကို တိုင်းပါတယ်။ အဲဒီ Signal ကိုပဲ Input
Module / Controller ရှုထောင့်က ကြည့်ရင်တော့ Sink လို့ သုံးထားတာ
တွေနိုင်ပါတယ်။
ဒီလောက်ဆိုရင် Sink လား Source လားဆိုတာ ငြင်းလို့ ကောင်းသွားပြီပေါ့နော်။ ရှုပ်သွားရင် ပုံနဲ့တွဲပြီး တစ်ခေါက် ထပ်ဖတ်ကြည့်ပါဦး။
------------------------------------------
ခုတစ်ခါ
Sink တွေ Source တွေ မငြင်းနေတော့ပဲ လက်တွေ့ ဘယ်လို အသုံးချသလဲဆိုတာ
ကြည့်ကြရအောင်။ လက်တွေ့မှာ 4-20 mA ထုတ်ပေးတဲ့ Sensor / Transmitter
တစ်ခုကို Controller မှာ တပ်ပြီး သုံးထားတယ်ဆိုပါတော့။ ပြဿနာ
တစ်ခုခုရှိလို့ Sensor ကြောင့်လား Controller ကြောင့်လား ခွဲသိဖို့ Current
Injector / Process Calibrator နဲ့ ထိုးစမ်းပါမယ်။ အဲဒီအခါ Current
Injector ကို ဘယ်လိုသုံးမလဲ ဘာ Mode ရွေးမလဲ ဆုံးဖြတ်ရပါတော့မယ်။
ကျွန်တော်ကတော့
Two wire (Loop Powered) လား၊ Four wire (Self Powered) လားဆိုတာ
ကြည့်ပါတယ်။ Two wire (loop power) sensor / transmitter တွေဆိုရင်
injector မှာ Sink Mode ကို သုံးပါတယ်။ Four wire (Self-powered) sensor
တွေ အတွက်ဆိုရင် injector မှာ Source Mode ကို သုံးပါတယ်။ 3-wire analog
sensor တွေက ရှားတော့ရှားတယ်။ နည်းနည်း ရှုပ်လို့ ပြီးမှ ပြောမယ်။
တစ်ခါတလေ
Drawing မစုံဘူး။ 2-wire လား 4 wire လား မမြင်သာဘူး။ Controller အဝင်
terminal နှစ်ခုပဲ မြင်ရတယ်ဆိုပါတော့။ အဲဒါကို Loop powered လား၊ Self
powered လား ဘယ်လိုခွဲမလဲ။ လွယ်ပါတယ်။ Sensor ကြိုးရ၂ စ ဖြုတ်လိုက်။
Controller အထွက် terminal နှစ်ခုမှာ Volt တိုင်းကြည့်လိုက်။ 24V ထွက်ရင်
Loop powered ပေါ့။ Volt မထွက်ရင် Self-powered လို့ ဆုံးဖြတ်နိုင်ပါတယ်။
ဒီတစ်ခါ
Injector / process calibrator အမျိုးမျိုးမှာ အခေါ်အဝေါ် အမျိုးမျိုး
ကွဲနေတာ သတိထားဖို့ ပြောချင်ပါတယ်။ တချို့ injector တွေမှာ Source / Sink
လို့ မခေါ်ပါဘူး။ Source mode ကို Active Mode လို့ သုံးတာ ရှိပါတယ်။ Sink
Mode ကိုတော့ Passive Mode (သို့) Simulation Mode လို့ ခေါ်ကြပါတယ်။
အခုတစ်ခါ
3-wire sensor တွေကို ဘယ်လို inject လုပ်မလဲဆိုတာ ပြောပါမယ်။ တစ်ကယ်တော့
3-wire ကလည်း Self-powered အမျိုးအစားထဲမှာပါပါတယ်။ ဒီတော့ Source Mode နဲ့
Inject လုပ်ပေးရပါတယ်။ ဒါပေမဲ့ သူ့မှာ PNP (Source) နဲ့ NPN (Sink) type
တွေ ကွဲပါတယ်။ နှစ်မျိုးလုံးအတွက် Injector ကတော့ Source / Active mode
တစ်ခုထဲ သုံးရပါတယ်။ ဒါပေမဲ့ ကြိုးဆက်တဲ့ နေရာ သတိထားပါ။ PNP အတွက်ဆိုရင်၊
signal နဲ့ (-) ကြားမှာ inject ပေးရပြီး၊ NPN အတွက်ဆိုရင် signal နဲ့ (+)
ကြားမှာ inject ပေးရပါတယ်။ Polarity (+/-) မှန်အောင် ဆက်ရပါမယ်။
------------------------------------------
နောက်ဆုံး
တစ်ခုက Injector / Calibrator မရှိရင် ဘယ်လို စမ်းမလဲဆိုတာ
ပြောပြချင်ပါတယ်။ အဲဒါကတော့ Potentiometer / Variable resistor နဲ့
အစားထိုး စမ်းနိုင်ပါတယ်။
အရင်တုန်းက ကျွန်တော်
အကြံပေးခဲ့ဖူးပါတယ်။ 1.2K resistor တစ်လုံးနဲ့ 5K pot တစ်လုံးကို Series
ချိတ်ပြီး 4-20 mA ကို Simulate လုပ်ယူနိုင်တယ်လို့။ ဒါပေမဲ့ လက်တွေ့မှာ
တချို့ Controller တွေရဲ့ internal impedance ကြောင့် 4-20 mA မရတာ
ရှိနိုင်ပါတယ်။ ဒါကြောင့် 10k Potentiometer တစ်ခုထဲနဲ့ သုံးဖို့
အကြံပေးချင်ပါတယ်။ ပြီးတော့ Multimeter ကို mA mode နဲ့ Series ချိတ်ပြီး
Inject ပေးရင် တစ်ကယ့် Current ကို မြင်နိုင်ပါတယ်။ အစဆုံး Pot ကို
တစ်ဝက်လောက်မှာ ထားပြီး ဆက်သင့်ပါတယ်။ မတော်တဆ Resistance အနည်းဘက်
ရောက်သွားပြီး၊ mA အများကြီး မစီးအောင်လို့ပါ။
ဒီနည်းမှာ Loop
powered sensor တွေအတွက် အဆင်ပြေပေမဲ့ Self powered sensor တွေအတွက်ကတော့
နည်းနည်း tricky ဖြစ်ပါတယ်။ သူက resistor ပဲဆိုတော့ သူ့ဆီက Current
ထွက်အောင် လုပ်ဖို့ မလွယ်ပါဘူး။ မရဘူးလားဆိုတော့ မဟုတ်ပါဘူး။ (ပုံ-၁၁) ကလို
ဆက်ရင်တော့ ရနိုင်ပါတယ်။
ဝင်းအောင် (ပခုက္ကူ)
၁၅-၁-၂၀၂၁