Saturday 25 May 2019

Main Engine Control (6) - Malfunction


Tanker တစ္စီးရဲ႕ ME control အလုပ္မလုပ္လို႔ သြားၾကည့္ရပါတယ္။ ၾကားရတာကေတာ့ ဒီျပႆနာက ၾကာပါၿပီ။ ေရွ႕မွာ အဖြဲ႕ေတာ္ေတာ္မ်ားမ်ား ႀကိဳးစားထားၾကၿပီး ခုထိ အဆင္မေျပေသးတာ ဆိုပါတယ္။ မေလးရွားက Port Klang မွာ သြားတက္ခဲ့ရပါနယ္။ ေရာက္သြားေတာ့ ဘကုန္း စက္ခ်ဳပ္နဲ႔ ဓာတ္ႀကိဳးက ေျပာျပပါတယ္။ ME conttol  panel မွာ လည္း display က အမွန္မျပဘူး။ ECR က display မွာလည္း အမွန္မျပဘူး။ Bridge ကေန control လုပ္လို႔လည္း မရဘူးေျပာပါတယ္။ Alarm ေတြလည္း မ်ဳိးစုံတက္ေနတယ္။ အင္ဂ်င္ေတာ့ ေမာင္းလို႔ရေနတယ္။ အခုေတာ့ ေမာင္းခ်င္ရင္ bridge က Telegraph နဲ႔ request လုပ္၊ Local က တစ္ေယာက္က ေမာင္းေပးရတယ္ဆိုပါတယ္။ 

အစဆုံး ECR မွာရွိတဲ့ display panel ကို ျပပါတယ္။ အဲဒီ panel မွာ engine speed, LO pressure, FW temperature, Exhaust Gas temperature အစရွိတဲ့ တန္ဘိုး ေတြကို တစ္ကြက္စီ တစ္ကြက္စီ LED display နဲ႔ ျပထားပါတယ္။ ဒါေပမဲ့ အခုအခ်ိန္မွာ ဂဏန္းရယ္လို႔ ပီပီသသ မေပၚပဲ ပဲပင္ေပါက္လို ေကာက္ေကာက္ေကြးေကြးနဲ႔ 7-segment မီးလုံးေတြက ၾကဳံသလို ေပၚေနပါတယ္။
ေနာက္ ER ေအာက္ေျခမွာ ရွိတဲ့ local panel ကို သြားၾကည့္ပါတယ္။ Local panel မွာ Main panel တစ္ခုရယ္၊ safety panel နဲ႔ remote control panel ဆိုတဲ့ panel ေသးေသးေလး ၂ ခုရယ္ ရွိပါတယ္။ Main panel ရဲ႕ တံခါးမွာလည္း ECR မွာ ေတြ႕ခဲ့တဲ့ Display မ်ဳိး တစ္ခု ရွိပါတယ္။ အဲဒီမွလည္း အတူတူပဲ ဖတ္လို႔မရတဲ့ စာတန္းေတြ ေပၚေနတာေပါ့။ ေဘးက Safety panel မွာလည္း False Alarm အမ်ဳိးမ်ဳိး မီးေတြလင္းလို႔။





Main Panel ဖြင့္ၾကည့္ေတာ့ ပစၥည္းေတြက သိပ္ ရႈပ္ရႈပ္ေထြးေထြး မရွိပါဘူး။ ရႈပ္ေနတာဆိုလို႔ ႀကိဳးေတြပဲ ရွိတယ္။ အဓိက Control board အတန္းလိုက္ ၅ ခုက တစ္ဆက္ထဲဆိုေတာ့ Board အႀကီးႀကီးတစ္ခုထဲ ရွိသလို ျဖစ္ေနပါတယ္။ အဲဒီ board ေတြကပဲ control နဲ႔ I/O ေတြ အကုန္ လုပ္ေပးပါတယ္။ ေဘးနဲ႔ အေပၚဘက္မွာ Power supply ၃ ခု ေတြ႕ရပါတယ္။ ေနာက္ Communication module ေလး တစ္ခုရွိပါတယ္။ Panel အဖုံးမွာ display module နဲ႔ indication light ေတြအတြက္ PCB ရွိပါတယ္။ အခု Main control board ေတြထဲက ပထမ ၃ ခုမွာ Run LED အစိမ္းေရာင္ တစ္လုံးစီ ရွိပါတယ္။ ဒါေပမဲ့ တတိယ board မွာပဲ မီးစိမ္းေလး လင္းေနၿပီး က်န္တဲ့ ႏွစ္ခုမွာ Run မီးလုံး အစိမ္းက လင္းမေနပါဘူး။
Drawing ဖတ္ၿပီး စဥ္းစားၾကည့္ပါတယ္။ ဒီလို တ႐ုတ္က ထုတ္တဲ့ Module ေတြမွာ ေတြ႕ခဲ့ဖူးတာက Power supply က်သြားရင္ ေကာင္းေကာင္း အလုပ္ မလုပ္ေတာ့ပါဘူး။ ဒီေတာ့ အစဆုံး Power supply တိုင္းၾကည့္ရမယ္။ ဒီစံနစ္မွာ အဝင္ 220V AC power ကို 24V DC ေျပာင္းၿပီး၊ ေနာက္ Power supply အေသး ႏွစ္လုံးကို ေပးထားပါတယ္။ အဲဒီ power supply ေတြက အဝင္ 24V ကို အထြက္ Voltage ၃ မ်ဳိး ျပန္ေျပာင္း ထုတ္ေပးပါတယ္။ +12V, -12V နဲ႔ +5V ပါ။ အစဆုံး အဝင္ 220V တိုင္းၾကည့္ေတာ့ AC voltage အမွန္ ထြက္ပါတယ္။ ေရွ႕ဆုံးက power supply အထြက္ကို တိုင္းၾကည့္ေတာ့ 22V DC ပဲ ရွိပါတယ္။ ဒါနဲ႔ voltage adjustment preset ေလး လွည့္ၿပီး 24V ရေအာင္ခ်ိန္လိုက္ပါတယ္။ 24V ရေတာ့ power supply အေသး ၂ ခုရဲ႕ အထြက္ Voltage ေတြ တိုင္းၾကည့္ပါတယ္။ နည္းေနလို႔ ခ်ိန္တာ တစ္ခုက အျမင့္ဆုံး +4.4 V, +11.8V နဲ႔ -12V ရပါတယ္။ ေနာက္တစ္ခုက +3.5V, +11.9V, -11.6V အထိရပါတယ္။ ဒါေပမဲ့ ဘာမွ မထူးေသးပါဘူး။
အမွန္က Power supply အေသး ႏွစ္ခုမွာ တစ္ခုက ေရွ႕ board ၂ ခုကိုေပးၿပီး က်န္တဲ့ power supply တစ္ခုက ေနာက္ board ေတြကို ေပးထားပါတယ္။ ဒါေပမဲ့ ေရွ႕က အဖြဲ႕ေတြ အမ်ဳိးမ်ဳိး ႀကိဳးစားထားပုံရပါတယ္။ Power ႀကိဳးေတြ ေပါင္းထား၊ ခြထား၊ ဖြထားတာ ေတြ႕ရပါတယ္။ ကၽြန္ေတာ္ သံသယျဖစ္တာတစ္ခုက I/O ႀကိဳးေတြ field device ေတြကေန leakage ျဖစ္ၿပီး ဆြဲခ်ေနတာလား ဆိုတာပါ။ ဒါေၾကာင့္ input နဲ႔ output ႀကိဳးေတြကို ရသေလာက္ မွတ္ၿပီး ျဖဳတ္လိုက္ပါတယ္။ Power On/Off လုပ္ၾကည့္ေတာ့လည္း အေျခအေန မထူးပါဘူး။ ဒါနဲ႔ ဓာတ္ႀကိဳးကို power supply အပိုရွိလားေမးၾကည့္ေတာ့လည္း မရွိဘူးတဲ့။ ဒါနဲ႔ က်န္တာ ဘာမွလုပ္လို႔ မရေတာ့ဘူးဆိုေတာ့ စက္ခ်ဳပ္ကို ေျပာရတယ္။ အဓိက သံသယျဖစ္တာက Power Supply ေတြလို႔။ ေနာက္ပ်က္ႏိုင္ေျခရွိတာေတြကေတာ့ Control Board ေတြပဲလို႔။ အဲဒါ report ေရးၿပီး ျပန္မယ္ဆိုေတာ့ စက္ခ်ဳပ္က မၾကည္ခ်င္ဘူး။ ျပႆနာက ဘာမွ ပိုေကာင္းမလာဘူးလို႔ မွတ္ခ်က္ေရးၿပီး စိတ္မပါလက္မပါ လက္မွတ္ထိုးေပးလိုက္ပါတယ္။ ပါးစပ္ကလည္း အျပစ္တင္လို႔။ ဘယ္တတ္ႏိုင္မလဲေလ။ ကိုယ္လည္း ဘာမွ လုပ္မရတာ။ ျပန္ခဲ့ၾကတာေပါ့။
အဲဒီအေၾကာင္း ႐ုံးမွာ ေဆြးေႏြးၾကၿပီး Super နဲ႔ စကားေျပာၾကပါတယ္။ ပထမအဆင့္ လိုတဲ့ power supply ေတြယူၿပီး ျပန္တက္ၾကည့္မယ္။ မရရင္ေတာ့ Control Board ေတြ Maker ဆီက ရွာဝယ္ၿပီး ထပ္တက္မယ္လို႔။ Super သေဘာတူတာနဲ႔ ဆက္လုပ္ဖို႔ စီစဥ္ၾကပါတယ္။ အဲဒီ Power Supply ကလည္း ရွားပါတယ္။ တ႐ုတ္ကေနမွာမွ ရတယ္။ ပစၥည္းေတြရၿပီး သေဘၤာ စကၤာပူ ဝင္လာတဲ့ အခ်ိန္ သြားတက္ၾကပါတယ္။
ပထမ AC to DC power supply ႀကီးကိုေတာ့ အထြက္တိုင္းၾကည့္တာ 24V ရွိေနတာနဲ႔ မလဲေသးပဲ ထားလိုက္ပါတယ္။ Power Supply အေသး ႏွစ္လုံးကို လဲလိုက္ပါတယ္။ power supply အထြက္ႀကိဳးေတြ မဆက္ခင္ Voltage တိုင္းၾကည့္ေတာ့ +5V, +12V, -12V အကုန္ မွန္ပါတယ္။ အထြက္ႀကိဳးေတြ လက္ရွိအေျခအေနအတိုင္း ဆက္ၿပီးတိုင္းၾကည့္ေတာ့ 5V အထြက္က 4.2V ပဲ ရွိပါေတာ့တယ္။ အေျခအေနကလည္း မထူးပါဘူး။ ဒါနဲ႔ ေသခ်ာၾကည့္ေတာ့ bosrd အားလုံးရဲ႕ 5V supply ကို loop လုပ္ ေပါင္းၿပီး power supply unit တစ္ခုထဲက ယူထားတာေတြ႕ရပါတယ္။ +12V နဲ႔ -12V ေတြကေတာ့ အဆင္ေျပပါတယ္။
ဒါနဲ႔ 5V supply ကို ေရွ႕ board ႏွစ္ခုအတြက္ တစ္စုံ၊ က်န္တဲ့ board ေတြအတြက္ တစ္စုံ ခြဲထုတ္ေပးလိုက္ပါတယ္။ ဒီတစ္ခါ Volt မက်ေတာ့ပါဘူး။ 4.9V ေလာက္မွာ ၿငိမ္ပါတယ္။ ၾကည့္လိုက္ေတာ့ board အားလုံးရဲ႕ Run LED ေတြ အကုန္ လင္းသြားပါၿပီ။ Display ကိုၾကည့္လိုက္ေတာ့ ဂဏန္းေတြ ပီပီျပင္ျပင္ ေပၚေနပါၿပီ။ တန္ဖိုး မမွန္တာေတြကိုေတာ့ ၿပီးမွ ျပန္လိုက္ပါမယ္။ ဒါနဲ႔ ECR တက္ၾကည့္ေတာ့လည္း အဆင္ေျပပါတယ္။ စက္ ၂ နဲ႔ ဓာတ္ႀကိဳးကလည္း ဝမ္းသာလို႔ေပါ့။ ဒါပထမ အဆင့္ပဲ ရွိပါေသးတယ္။ တစ္ကယ္ အလုပ္ လုပ္၊ မလုပ္ ဆက္ၿပီး စမ္းရမွာေတြ က်န္ေသးတယ္။ ECR မွာ ထိုင္ရင္း ေပၚေနတဲ့ display ကို ဂ႐ုစိုက္ၾကည့္ေတာ့ စက္ရပ္ထားေပမဲ့ RPM တန္ဖိုးက 600 ေက်ာ္၊ LO pressure က 2.3 bar, Exh Gas Temp, FW temp အကုန္လုံး ယုတၱိမရွိတဲ့ တန္ဖိုးေတြဆိုေတာ့ သိပ္ၿပီး ဘဝင္မက်လွပါဘူး။ ေနာက္ၿပီး Alarm ကလည္း တစ္ခုၿပီး၊ တစ္ခု တစ္မိနစ္ျခားေလာက္ တက္တက္လာပါတယ္။ စက္ ၂ က ထိုင္ၿပီး အသံပိတ္၊ Ack ႏွိပ္ေနရတယ္။ မနားရရွာဘူး။ ဒါနဲ႔ ေသခ်ာၾကည့္ေတာ့ တစ္ခု သတိထားမိသြားတယ္။ Display channel တစ္ခုက မွိတ္တုတ္မွိတ္တုတ္နဲ႔ တန္ဖိုးေတြ ေျပာင္းေနတယ္။ တစ္ခ်ိန္မွာ Alarm set point ေက်ာ္သြားေတာ့ Alarm တက္လာတယ္။ ၿပီးရင္ အဲဒီ Ch က ၾကဳံရာ တန္ဖိုးတစ္ခုျပၿပီး ၿငိမ္သြားတယ္။ ေနာက္ Ch တစ္ခု ေျပာင္းၿပီး အဲဒီအတိုင္း ျဖစ္ျပန္ေရာ။ အဲလို Ch အကုန္ ျဖစ္ၿပီး အစကေန ျပန္စျပန္ေရာ။ ဒါကိုၾကည့္ၿပီး ကၽြန္ေတာ္ တစ္ခု သတိရသြားတယ္။ ဒါ Test Mode ကို ေရာက္ေနတာပါလား။ တခ်ဳိ႕ ME Control module ေတြမွာ Simulation Test Mode ထည့္ေပးထားတတ္ပါတယ္။ အဲဒီ mode က ဒီလိုပုံစံနဲ႔ Ch အားလုံးရဲ႕ Alarm triger ျဖစ္မျဖစ္၊ Slow down , Shut down ျဖစ္မျဖစ္ စမ္းႏိုင္ပါတယ္။
ဒါေပမဲ့ ျပႆနာက Test Mode ဆိုရင္ Ch အားလုံး ၿပီးသြားရင္ ရပ္သြားၿပီး Normal Operation Mode ကို ျပန္ေရာက္သင့္ပါတယ္။ အခုဟာက Test Mode ထဲမွာ ပတ္ေနတာဆိုေတာ့ တစ္ခုခု မွားေနပါၿပီ။ စဥ္းစားၾကည့္ေတာ့ Test Mode ကို ဘယ္လို ဝင္သြားတာလဲ။ မ်ားေသာအားျဖင့္ Test ခလုတ္တစ္ခုခု ႏွိပ္ေပးရပါတယ္။ အဲဒီ ခလုတ္ ကပ္ေနတာလား။ ဒါနဲ႔ Test ခလုတ္ ရွာပုံေတာ္ ဖြင့္ရပါတယ္။ ECR က panel မွာေတာ့ မရွိဘူး။ ER က Main Panel ကို ဆင္းၾကည့္ပါတယ္။ ေတြ႕ပါၿပီ၊ Panel တံခါးက Display မွာ Test ဆိုတဲ့ ခလုတ္ကေလး။ Mimic panel ရဲ႕ ခလုတ္ေတြ ထုံးစံအတိုင္း အေပၚက ပလပ္စတစ္မွာ ခလုတ္အရာေလးပဲ ေတြ႕ရပါတယ္။ ႏွိပ္လိုက္မွ ေနာက္က onboard micro switch ေလးကို တစ္ကနဲ ဖိမိသြားမွာပါ။ Micro switch မေကာင္းတာလား၊ တစ္ခုခုေၾကာင့္ Short ျဖစ္တာလား။ Power ပိတ္ၿပီး တံခါးမွာ စြဲထားတဲ့ PCB ကို ျဖဳတ္ခ်လိုက္ပါတယ္။ ၾကည့္ရတာ အျမင္အရ ဘာမွ ထူးထူးျခားျခား မေတြ႕ရပါဘူး။ Ohm တိုင္းထားၿပီး ႏွိပ္ၾကည့္ေတာ့လည္း တစ္ျခားခလုတ္ေတြနဲ႔ သိပ္မကြာပါဘူး။ PCB ရဲ႕ wire connector ေတြ မျဖဳတ္ထားပါဘူး။ PCB ကို ျပန္မထိုင္ေသးပဲ၊ လက္နဲ႔ကိုင္ထားၿပီး Power On လိုက္ပါတယ္။ ဒီတစ္ခါ Display က Ch အားလုံး ၿငိမ္ေနၿပီး တန္ဖိုးေတြကလည္း အမွန္ျပသြားပါၿပီ။ အဲဒီ Test ခလုတ္ကို ႏွိပ္ၾကည့္ေတာ့ Test Mode ေရာက္သြားပါတယ္။ Ch အားလုံး တစ္ပတ္လည္ေအာင္ စမ္းၿပီးတာနဲ႔ Normal ျပန္ျဖစ္သြားပါတယ္။
ဒီေတာ့ ဒီခလုတ္လည္းေကာင္းတယ္။ Short လည္း မရွိဘူး။ ေရွ႕က cover က ဖိမိေနလို႔ ျဖစ္မယ္။ အဲဒါနဲ႔ Power On ထားၿပီး PCB ကို ျပန္တပ္ပါတယ္။ ခလုတ္ မဖိမိေအာင္ Board ကို ေသခ်ာညိႇၿပီး screw ကို ျဖည္းျဖည္းခ်င္း ျပန္ၾကပ္ပါတယ္။ အဲလိုနဲ႔ အဆင္ေျပသြားပါတယ္။
ေနာက္တစ္ဆင့္ Control ေတြ အလုပ္ လုပ္၊ မလုပ္ စမ္းဖို႔ပဲ က်န္ပါေတာ့တယ္။ စက္ ၂ က အစဆုံး Local Control စမ္းပါတယ္။ စက္နႈိးလိုက္ေတာ့ RPM ေတြ LO pressure ေတြ display မွာ ပုံမွန္ျပပါတယ္။ ေနာက္ သူႀကီးကို အေၾကာင္းၾကားၿပီး Ahead, Astern စမ္းၾကည့္တာ အဆင္ေျပပါတယ္။ ေနာက္ဆုံး Wheelhouse control စမ္းဖို႔ပဲ က်န္ပါေတာ့တယ္။ ကၽြန္ေတာ္က Bridge မွာ တက္ေနပါတယ္။ ကုန္းခ်ဳပ္က  (Radio မအားလို႔) ER နဲ႔ ဖုန္းအဆက္အသြယ္လုပ္ၿပီး Control ကို WH ေျပာင္းယူလိုက္ပါတယ္။ ေနာက္ၿပီး ေရွ႕တိုး (ahead) ေနာက္ဆုတ္ (astern) စမ္းတာေပါ့။ အဲဒီမွာ ျပႆနာတစ္ခု သြားေတြ႕ပါတယ္။ Astern မွာ အကုန္ အဆင္ေျပတယ္။ Ahead မွာ ေမာင္းၿပီး Neutral ျပန္ထားေတာ့ ရပ္မသြားဘူးဆိုပါတယ္။ ဒါနဲ႔ စက္ခန္းကပဲ local ေျပာင္းၿပီး ရပ္လိုက္ရပါတယ္။ စက္ခန္းထဲ ဆင္းသြားၿပီး ျပန္စမ္းၾကည့္ေတာ့ လည္း အတူတူပါပဲ။ ဒါေပမဲ့ သူတို႔ေျပာတဲ့ ရပ္လို႔ မရဘူးဆိုတာ Clutch ျပန္မျပဳတ္ပဲ Gear ဆက္ၿငိေနတာကို ဆိုလိုမွန္း သေဘာေပါက္သြားတယ္။
Ahead command မွာ အလုပ္လုပ္တယ္ဆိုထဲက Control အပိုင္းက ေကာင္းေနတယ္လို႔ ယူဆပါတယ္။ အခုျပႆနာက Pneumatic control panel နဲ႔ ဆိုင္သြားပါၿပီ။
လိုက္ ၾကည့္လိုက္ေတာ့ Engine အေျခမွာ Pneumatic Panel တစ္ခုရွိပါတယ္။ အဲဒီမွာ Local / WH ေရြးလို႔ရပါတယ္။ တစ္ခါ Local မွာ Control လုပ္ဖို႔ Ahead / Neutral / Astern ေျပာင္းဖို႔ ေမာင္းတံတစ္ခုလည္း ရွိပါေသးတယ္။ သူအလုပ္လုပ္ပုံက ေလ (pneumatic) နဲ႔ တြန္းၿပီး Actuator Block ကို လႈပ္ရွားေစပါတယ္။ အဲဒီ Actuator ကေန Hydraulic line ကို ဖြင့္၊ ပိတ္ လုပ္ၿပီး clutch နဲ႔ gear ကို ေရြ႕ေစတာပါ။ Local မွာေတာ့ pneumatic selector handle နဲ႔ ေရြးၿပီး ေလကို လိုတဲ့ လမ္းေၾကာင္း ဖြင့္ေပးပါတယ္။ WH control mode မွာဆိုရင္ေတာ့ Solenoid valve ေတြကတစ္ဆင့္ ေလကို ဖြင့္ေပးတာေပါ့။ အခု ၾကည့္လိုက္ေတာ့ Gearbox နားမွာရွိတဲ့ Actuator block ဆီကို ေလပိုက္ ၃ ေခ်ာင္း ဝင္ထားပါတယ္။ တစ္ေခ်ာင္းက Ahead အတြက္၊ ေနာက္တစ္ေခ်ာင္းက Astern ၊ ေနာက္ဆုံးတစ္ေခ်ာင္းက Neutral return အတြက္ပါ။ အဲဒီ ပိုက္ ၃ ေခ်ာင္းက Pneumatic box မွာဝင္ထားပါတယ္။ Box ဖြင့္ၾကည့္ေတာ့ ႏွစ္ေခ်ာင္းက Pneumatic selector switch ရဲ႕ ahead နဲ႔ astern အထြက္ port ေတြမွာ ဆက္ထားသလို T-joint နဲ႔ solenoid valve ႏွစ္ခုကို ဆက္ထားပါတယ္။ အဲဒီ solenoid ေတြက WH ထိန္းခ်ဳပ္တဲ့ solenoid ေတြ ျဖစ္ပါလိမ့္မယ္။ အခု Neutral position မွာ ေလထြက္သံၾကားလို႔ လိုက္စမ္းၾကည့္ေတာ့ Ahead အတြက္ Solenoid ရယ္ Pneumatic Selector switch ရယ္ ၂ ေနရာက ေလထြက္ေနတာ ေတြ႕ရပါတယ္။ တစ္ခု စမ္းခ်င္တာနဲ႔ Actuator block ဆီ ထြက္တဲ့ ပိုက္ ၃ ေခ်ာင္းမွာ ahead နဲ႔ astern အတြက္ ပိုက္ႏွစ္ေခ်ာင္းကို pneumatic box အထြက္မွာပဲ ျဖဳတ္လိုက္ပါတယ္။ လက္နဲ႔ စမ္းၾကည့္ေတာ့ box ဘက္က မထြက္ပဲ actuator ဘက္သြားတဲ့ ပိုက္က ေလထြက္ေနတာ ေတြ႕ရပါတယ္။ ဒါဆို Actuator block က အထဲမွာ ယိုေနၿပီေပါ့။ လက္ရွိအေနအထားမွာ စဥ္းစားၾကည့္ရင္ Local ေကာင္းၿပီး remote မွာ မေကာင္းဘူးဆိုေတာ့ solenoid မေကာင္းတာ ျဖစ္ဖို႔မ်ားပါတယ္။ Ahead ရၿပီး ျပန္မကြာတာ ျဖစ္တဲ့အတြက္ solenoid ဆီ power ေရာက္ၿပီး solenoid ဆြဲတာ ေသခ်ာပါတယ္။ ဒါေပမဲ့ solenoid ျပန္လႊတ္လိုက္တဲ့အခ်ိန္ ေလက ျပန္ပိတ္မသြားလို႔ neutral ျပန္မေရာက္တာ ျဖစ္ႏိုင္ပါတယ္။ သူက အဓိက တရားခံဆိုေပမဲ့ ေလစိမ့္ေနတဲ့ Pneunatic selector switch ကိုလည္း လဲဖို႔ ဆုံးျဖတ္လိုက္ပါတယ္။ Actuator block ကို service လုပ္ဖို႔ အၾကံေပးလိုက္ပါတယ္။
ေနာက္တစ္ေန႔ လိုတဲ့ ပစၥည္းေတြယူၿပီး ျပန္တက္ၾကပါတယ္။ Solenoid နဲ႔ pneumatic selector လဲၿပီးတဲ့အခ်ိန္၊ စက္ မနႈိးပဲ စမ္းၾကည့္ေတာ့ အဆင္ေျပပါတယ္။ ဒါနဲ႔ စက္ ၂ ကို စက္ႏွိုးၿပီး စမ္းခိုင္းေတာ့ အားလုံး ပုံမွန္အတိုင္း အလုပ္ လုပ္ပါတယ္။ Actuator block အထဲက internal leak ျဖစ္ေနတာကိုေတာ့ Service လုပ္ဖို႔ မွာခဲ့ပါတယ္။

မွတ္ခ်က္။ ။ ၂၀၁၉ ဇြန္လ ၁ ရက္မွစၿပီး ကြၽန္ေတာ့္စာေတြကို ယူနီကုဒ္က အေပၚ၊ ေဇာ္ဂ်ီေဖာင့္ကေအာက္ ေျပာင္းလဲ ပါမယ္။ ၂၀၂၀ ဇႏၷဝါရီ ၁ ရက္မွ စၿပီး ယူနီကုဒ္ တစ္မ်ိဳးထဲ ေရးပါေတာ့မယ္။ ကြၽန္ေတာ္တို႔ေတြ ယူနီကုဒ္ကို ေျပာင္းၾကဖို႔ တိုက္တြန္းပါတယ္။

[Unicode]

Main Engine Control (6) - Malfunction

Tanker တစ်စီးရဲ့ ME control အလုပ်မလုပ်လို့ သွားကြည့်ရပါတယ်။ ကြားရတာကတော့ ဒီပြဿနာက ကြာပါပြီ။ ရှေ့မှာ အဖွဲ့တော်တော်များများ ကြိုးစားထားကြပြီး ခုထိ အဆင်မပြေသေးတာ ဆိုပါတယ်။ မလေးရှားက Port Klang မှာ သွားတက်ခဲ့ရပါနယ်။ ရောက်သွားတော့ ဘကုန်း စက်ချုပ်နဲ့ ဓာတ်ကြိုးက ပြောပြပါတယ်။ ME conttol  panel မှာ လည်း display က အမှန်မပြဘူး။ ECR က display မှာလည်း အမှန်မပြဘူး။ Bridge ကနေ control လုပ်လို့လည်း မရဘူးပြောပါတယ်။ Alarm တွေလည်း မျိုးစုံတက်နေတယ်။ အင်ဂျင်တော့ မောင်းလို့ရနေတယ်။ အခုတော့ မောင်းချင်ရင် bridge က Telegraph နဲ့ request လုပ်၊ Local က တစ်ယောက်က မောင်းပေးရတယ်ဆိုပါတယ်။ 
အစဆုံး ECR မှာရှိတဲ့ display panel ကို ပြပါတယ်။ အဲဒီ panel မှာ engine speed, LO pressure, FW temperature, Exhaust Gas temperature အစရှိတဲ့ တန်ဘိုး တွေကို တစ်ကွက်စီ တစ်ကွက်စီ LED display နဲ့ ပြထားပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ ဂဏန်းရယ်လို့ ပီပီသသ မပေါ်ပဲ ပဲပင်ပေါက်လို ကောက်ကောက်ကွေးကွေးနဲ့ 7-segment မီးလုံးတွေက ကြုံသလို ပေါ်နေပါတယ်။
နောက် ER အောက်ခြေမှာ ရှိတဲ့ local panel ကို သွားကြည့်ပါတယ်။ Local panel မှာ Main panel တစ်ခုရယ်၊ safety panel နဲ့ remote control panel ဆိုတဲ့ panel သေးသေးလေး ၂ ခုရယ် ရှိပါတယ်။ Main panel ရဲ့ တံခါးမှာလည်း ECR မှာ တွေ့ခဲ့တဲ့ Display မျိုး တစ်ခု ရှိပါတယ်။ အဲဒီမှလည်း အတူတူပဲ ဖတ်လို့မရတဲ့ စာတန်းတွေ ပေါ်နေတာပေါ့။ ဘေးက Safety panel မှာလည်း False Alarm အမျိုးမျိုး မီးတွေလင်းလို့။ 
Main Panel ဖွင့်ကြည့်တော့ ပစ္စည်းတွေက သိပ် ရှုပ်ရှုပ်ထွေးထွေး မရှိပါဘူး။ ရှုပ်နေတာဆိုလို့ ကြိုးတွေပဲ ရှိတယ်။ အဓိက Control board အတန်းလိုက် ၅ ခုက တစ်ဆက်ထဲဆိုတော့ Board အကြီးကြီးတစ်ခုထဲ ရှိသလို ဖြစ်နေပါတယ်။ အဲဒီ board တွေကပဲ control နဲ့ I/O တွေ အကုန် လုပ်ပေးပါတယ်။ ဘေးနဲ့ အပေါ်ဘက်မှာ Power supply ၃ ခု တွေ့ရပါတယ်။ နောက် Communication module လေး တစ်ခုရှိပါတယ်။ Panel အဖုံးမှာ display module နဲ့ indication light တွေအတွက် PCB ရှိပါတယ်။ အခု Main control board တွေထဲက ပထမ ၃ ခုမှာ Run LED အစိမ်းရောင် တစ်လုံးစီ ရှိပါတယ်။ ဒါပေမဲ့ တတိယ board မှာပဲ မီးစိမ်းလေး လင်းနေပြီး ကျန်တဲ့ နှစ်ခုမှာ Run မီးလုံး အစိမ်းက လင်းမနေပါဘူး။
Drawing ဖတ်ပြီး စဉ်းစားကြည့်ပါတယ်။ ဒီလို တရုတ်က ထုတ်တဲ့ Module တွေမှာ တွေ့ခဲ့ဖူးတာက Power supply ကျသွားရင် ကောင်းကောင်း အလုပ် မလုပ်တော့ပါဘူး။ ဒီတော့ အစဆုံး Power supply တိုင်းကြည့်ရမယ်။ ဒီစံနစ်မှာ အဝင် 220V AC power ကို 24V DC ပြောင်းပြီး၊ နောက် Power supply အသေး နှစ်လုံးကို ပေးထားပါတယ်။ အဲဒီ power supply တွေက အဝင် 24V ကို အထွက် Voltage ၃ မျိုး ပြန်ပြောင်း ထုတ်ပေးပါတယ်။ +12V, -12V နဲ့ +5V ပါ။ အစဆုံး အဝင် 220V တိုင်းကြည့်တော့ AC voltage အမှန် ထွက်ပါတယ်။ ရှေ့ဆုံးက power supply အထွက်ကို တိုင်းကြည့်တော့ 22V DC ပဲ ရှိပါတယ်။ ဒါနဲ့ voltage adjustment preset လေး လှည့်ပြီး 24V ရအောင်ချိန်လိုက်ပါတယ်။ 24V ရတော့ power supply အသေး ၂ ခုရဲ့ အထွက် Voltage တွေ တိုင်းကြည့်ပါတယ်။ နည်းနေလို့ ချိန်တာ တစ်ခုက အမြင့်ဆုံး +4.4 V, +11.8V နဲ့ -12V ရပါတယ်။ နောက်တစ်ခုက +3.5V, +11.9V, -11.6V အထိရပါတယ်။ ဒါပေမဲ့ ဘာမှ မထူးသေးပါဘူး။
အမှန်က Power supply အသေး နှစ်ခုမှာ တစ်ခုက ရှေ့ board ၂ ခုကိုပေးပြီး ကျန်တဲ့ power supply တစ်ခုက နောက် board တွေကို ပေးထားပါတယ်။ ဒါပေမဲ့ ရှေ့က အဖွဲ့တွေ အမျိုးမျိုး ကြိုးစားထားပုံရပါတယ်။ Power ကြိုးတွေ ပေါင်းထား၊ ခွထား၊ ဖွထားတာ တွေ့ရပါတယ်။ ကျွန်တော် သံသယဖြစ်တာတစ်ခုက I/O ကြိုးတွေ field device တွေကနေ leakage ဖြစ်ပြီး ဆွဲချနေတာလား ဆိုတာပါ။ ဒါကြောင့် input နဲ့ output ကြိုးတွေကို ရသလောက် မှတ်ပြီး ဖြုတ်လိုက်ပါတယ်။ Power On/Off လုပ်ကြည့်တော့လည်း အခြေအနေ မထူးပါဘူး။ ဒါနဲ့ ဓာတ်ကြိုးကို power supply အပိုရှိလားမေးကြည့်တော့လည်း မရှိဘူးတဲ့။ ဒါနဲ့ ကျန်တာ ဘာမှလုပ်လို့ မရတော့ဘူးဆိုတော့ စက်ချုပ်ကို ပြောရတယ်။ အဓိက သံသယဖြစ်တာက Power Supply တွေလို့။ နောက်ပျက်နိုင်ခြေရှိတာတွေကတော့ Control Board တွေပဲလို့။ အဲဒါ report ရေးပြီး ပြန်မယ်ဆိုတော့ စက်ချုပ်က မကြည်ချင်ဘူး။ ပြဿနာက ဘာမှ ပိုကောင်းမလာဘူးလို့ မှတ်ချက်ရေးပြီး စိတ်မပါလက်မပါ လက်မှတ်ထိုးပေးလိုက်ပါတယ်။ ပါးစပ်ကလည်း အပြစ်တင်လို့။ ဘယ်တတ်နိုင်မလဲလေ။ ကိုယ်လည်း ဘာမှ လုပ်မရတာ။ ပြန်ခဲ့ကြတာပေါ့။
အဲဒီအကြောင်း ရုံးမှာ ဆွေးနွေးကြပြီး Super နဲ့ စကားပြောကြပါတယ်။ ပထမအဆင့် လိုတဲ့ power supply တွေယူပြီး ပြန်တက်ကြည့်မယ်။ မရရင်တော့ Control Board တွေ Maker ဆီက ရှာဝယ်ပြီး ထပ်တက်မယ်လို့။ Super သဘောတူတာနဲ့ ဆက်လုပ်ဖို့ စီစဉ်ကြပါတယ်။ အဲဒီ Power Supply ကလည်း ရှားပါတယ်။ တရုတ်ကနေမှာမှ ရတယ်။ ပစ္စည်းတွေရပြီး သင်္ဘော စင်္ကာပူ ဝင်လာတဲ့ အချိန် သွားတက်ကြပါတယ်။
ပထမ AC to DC power supply ကြီးကိုတော့ အထွက်တိုင်းကြည့်တာ 24V ရှိနေတာနဲ့ မလဲသေးပဲ ထားလိုက်ပါတယ်။ Power Supply အသေး နှစ်လုံးကို လဲလိုက်ပါတယ်။ power supply အထွက်ကြိုးတွေ မဆက်ခင် Voltage တိုင်းကြည့်တော့ +5V, +12V, -12V အကုန် မှန်ပါတယ်။ အထွက်ကြိုးတွေ လက်ရှိအခြေအနေအတိုင်း ဆက်ပြီးတိုင်းကြည့်တော့ 5V အထွက်က 4.2V ပဲ ရှိပါတော့တယ်။ အခြေအနေကလည်း မထူးပါဘူး။ ဒါနဲ့ သေချာကြည့်တော့ bosrd အားလုံးရဲ့ 5V supply ကို loop လုပ် ပေါင်းပြီး power supply unit တစ်ခုထဲက ယူထားတာတွေ့ရပါတယ်။ +12V နဲ့ -12V တွေကတော့ အဆင်ပြေပါတယ်။
ဒါနဲ့ 5V supply ကို ရှေ့ board နှစ်ခုအတွက် တစ်စုံ၊ ကျန်တဲ့ board တွေအတွက် တစ်စုံ ခွဲထုတ်ပေးလိုက်ပါတယ်။ ဒီတစ်ခါ Volt မကျတော့ပါဘူး။ 4.9V လောက်မှာ ငြိမ်ပါတယ်။ ကြည့်လိုက်တော့ board အားလုံးရဲ့ Run LED တွေ အကုန် လင်းသွားပါပြီ။ Display ကိုကြည့်လိုက်တော့ ဂဏန်းတွေ ပီပီပြင်ပြင် ပေါ်နေပါပြီ။ တန်ဖိုး မမှန်တာတွေကိုတော့ ပြီးမှ ပြန်လိုက်ပါမယ်။ ဒါနဲ့ ECR တက်ကြည့်တော့လည်း အဆင်ပြေပါတယ်။ စက် ၂ နဲ့ ဓာတ်ကြိုးကလည်း ဝမ်းသာလို့ပေါ့။ ဒါပထမ အဆင့်ပဲ ရှိပါသေးတယ်။ တစ်ကယ် အလုပ် လုပ်၊ မလုပ် ဆက်ပြီး စမ်းရမှာတွေ ကျန်သေးတယ်။ ECR မှာ ထိုင်ရင်း ပေါ်နေတဲ့ display ကို ဂရုစိုက်ကြည့်တော့ စက်ရပ်ထားပေမဲ့ RPM တန်ဖိုးက 600 ကျော်၊ LO pressure က 2.3 bar, Exh Gas Temp, FW temp အကုန်လုံး ယုတ္တိမရှိတဲ့ တန်ဖိုးတွေဆိုတော့ သိပ်ပြီး ဘဝင်မကျလှပါဘူး။ နောက်ပြီး Alarm ကလည်း တစ်ခုပြီး၊ တစ်ခု တစ်မိနစ်ခြားလောက် တက်တက်လာပါတယ်။ စက် ၂ က ထိုင်ပြီး အသံပိတ်၊ Ack နှိပ်နေရတယ်။ မနားရရှာဘူး။ ဒါနဲ့ သေချာကြည့်တော့ တစ်ခု သတိထားမိသွားတယ်။ Display channel တစ်ခုက မှိတ်တုတ်မှိတ်တုတ်နဲ့ တန်ဖိုးတွေ ပြောင်းနေတယ်။ တစ်ချိန်မှာ Alarm set point ကျော်သွားတော့ Alarm တက်လာတယ်။ ပြီးရင် အဲဒီ Ch က ကြုံရာ တန်ဖိုးတစ်ခုပြပြီး ငြိမ်သွားတယ်။ နောက် Ch တစ်ခု ပြောင်းပြီး အဲဒီအတိုင်း ဖြစ်ပြန်ရော။ အဲလို Ch အကုန် ဖြစ်ပြီး အစကနေ ပြန်စပြန်ရော။ ဒါကိုကြည့်ပြီး ကျွန်တော် တစ်ခု သတိရသွားတယ်။ ဒါ Test Mode ကို ရောက်နေတာပါလား။ တချို့ ME Control module တွေမှာ Simulation Test Mode ထည့်ပေးထားတတ်ပါတယ်။ အဲဒီ mode က ဒီလိုပုံစံနဲ့ Ch အားလုံးရဲ့ Alarm triger ဖြစ်မဖြစ်၊ Slow down , Shut down ဖြစ်မဖြစ် စမ်းနိုင်ပါတယ်။
ဒါပေမဲ့ ပြဿနာက Test Mode ဆိုရင် Ch အားလုံး ပြီးသွားရင် ရပ်သွားပြီး Normal Operation Mode ကို ပြန်ရောက်သင့်ပါတယ်။ အခုဟာက Test Mode ထဲမှာ ပတ်နေတာဆိုတော့ တစ်ခုခု မှားနေပါပြီ။ စဉ်းစားကြည့်တော့ Test Mode ကို ဘယ်လို ဝင်သွားတာလဲ။ များသောအားဖြင့် Test ခလုတ်တစ်ခုခု နှိပ်ပေးရပါတယ်။ အဲဒီ ခလုတ် ကပ်နေတာလား။ ဒါနဲ့ Test ခလုတ် ရှာပုံတော် ဖွင့်ရပါတယ်။ ECR က panel မှာတော့ မရှိဘူး။ ER က Main Panel ကို ဆင်းကြည့်ပါတယ်။ တွေ့ပါပြီ၊ Panel တံခါးက Display မှာ Test ဆိုတဲ့ ခလုတ်ကလေး။ Mimic panel ရဲ့ ခလုတ်တွေ ထုံးစံအတိုင်း အပေါ်က ပလပ်စတစ်မှာ ခလုတ်အရာလေးပဲ တွေ့ရပါတယ်။ နှိပ်လိုက်မှ နောက်က onboard micro switch လေးကို တစ်ကနဲ ဖိမိသွားမှာပါ။ Micro switch မကောင်းတာလား၊ တစ်ခုခုကြောင့် Short ဖြစ်တာလား။ Power ပိတ်ပြီး တံခါးမှာ စွဲထားတဲ့ PCB ကို ဖြုတ်ချလိုက်ပါတယ်။ ကြည့်ရတာ အမြင်အရ ဘာမှ ထူးထူးခြားခြား မတွေ့ရပါဘူး။ Ohm တိုင်းထားပြီး နှိပ်ကြည့်တော့လည်း တစ်ခြားခလုတ်တွေနဲ့ သိပ်မကွာပါဘူး။ PCB ရဲ့ wire connector တွေ မဖြုတ်ထားပါဘူး။ PCB ကို ပြန်မထိုင်သေးပဲ၊ လက်နဲ့ကိုင်ထားပြီး Power On လိုက်ပါတယ်။ ဒီတစ်ခါ Display က Ch အားလုံး ငြိမ်နေပြီး တန်ဖိုးတွေကလည်း အမှန်ပြသွားပါပြီ။ အဲဒီ Test ခလုတ်ကို နှိပ်ကြည့်တော့ Test Mode ရောက်သွားပါတယ်။ Ch အားလုံး တစ်ပတ်လည်အောင် စမ်းပြီးတာနဲ့ Normal ပြန်ဖြစ်သွားပါတယ်။
ဒီတော့ ဒီခလုတ်လည်းကောင်းတယ်။ Short လည်း မရှိဘူး။ ရှေ့က cover က ဖိမိနေလို့ ဖြစ်မယ်။ အဲဒါနဲ့ Power On ထားပြီး PCB ကို ပြန်တပ်ပါတယ်။ ခလုတ် မဖိမိအောင် Board ကို သေချာညှိပြီး screw ကို ဖြည်းဖြည်းချင်း ပြန်ကြပ်ပါတယ်။ အဲလိုနဲ့ အဆင်ပြေသွားပါတယ်။
နောက်တစ်ဆင့် Control တွေ အလုပ် လုပ်၊ မလုပ် စမ်းဖို့ပဲ ကျန်ပါတော့တယ်။ စက် ၂ က အစဆုံး Local Control စမ်းပါတယ်။ စက်နှိုးလိုက်တော့ RPM တွေ LO pressure တွေ display မှာ ပုံမှန်ပြပါတယ်။ နောက် သူကြီးကို အကြောင်းကြားပြီး Ahead, Astern စမ်းကြည့်တာ အဆင်ပြေပါတယ်။ နောက်ဆုံး Wheelhouse control စမ်းဖို့ပဲ ကျန်ပါတော့တယ်။ ကျွန်တော်က Bridge မှာ တက်နေပါတယ်။ ကုန်းချုပ်က  (Radio မအားလို့) ER နဲ့ ဖုန်းအဆက်အသွယ်လုပ်ပြီး Control ကို WH ပြောင်းယူလိုက်ပါတယ်။ နောက်ပြီး ရှေ့တိုး (ahead) နောက်ဆုတ် (astern) စမ်းတာပေါ့။ အဲဒီမှာ ပြဿနာတစ်ခု သွားတွေ့ပါတယ်။ Astern မှာ အကုန် အဆင်ပြေတယ်။ Ahead မှာ မောင်းပြီး Neutral ပြန်ထားတော့ ရပ်မသွားဘူးဆိုပါတယ်။ ဒါနဲ့ စက်ခန်းကပဲ local ပြောင်းပြီး ရပ်လိုက်ရပါတယ်။ စက်ခန်းထဲ ဆင်းသွားပြီး ပြန်စမ်းကြည့်တော့ လည်း အတူတူပါပဲ။ ဒါပေမဲ့ သူတို့ပြောတဲ့ ရပ်လို့ မရဘူးဆိုတာ Clutch ပြန်မပြုတ်ပဲ Gear ဆက်ငြိနေတာကို ဆိုလိုမှန်း သဘောပေါက်သွားတယ်။
Ahead command မှာ အလုပ်လုပ်တယ်ဆိုထဲက Control အပိုင်းက ကောင်းနေတယ်လို့ ယူဆပါတယ်။ အခုပြဿနာက Pneumatic control panel နဲ့ ဆိုင်သွားပါပြီ။
လိုက် ကြည့်လိုက်တော့ Engine အခြေမှာ Pneumatic Panel တစ်ခုရှိပါတယ်။ အဲဒီမှာ Local / WH ရွေးလို့ရပါတယ်။ တစ်ခါ Local မှာ Control လုပ်ဖို့ Ahead / Neutral / Astern ပြောင်းဖို့ မောင်းတံတစ်ခုလည်း ရှိပါသေးတယ်။ သူအလုပ်လုပ်ပုံက လေ (pneumatic) နဲ့ တွန်းပြီး Actuator Block ကို လှုပ်ရှားစေပါတယ်။ အဲဒီ Actuator ကနေ Hydraulic line ကို ဖွင့်၊ ပိတ် လုပ်ပြီး clutch နဲ့ gear ကို ရွေ့စေတာပါ။ Local မှာတော့ pneumatic selector handle နဲ့ ရွေးပြီး လေကို လိုတဲ့ လမ်းကြောင်း ဖွင့်ပေးပါတယ်။ WH control mode မှာဆိုရင်တော့ Solenoid valve တွေကတစ်ဆင့် လေကို ဖွင့်ပေးတာပေါ့။ အခု ကြည့်လိုက်တော့ Gearbox နားမှာရှိတဲ့ Actuator block ဆီကို လေပိုက် ၃ ချောင်း ဝင်ထားပါတယ်။ တစ်ချောင်းက Ahead အတွက်၊ နောက်တစ်ချောင်းက Astern ၊ နောက်ဆုံးတစ်ချောင်းက Neutral return အတွက်ပါ။ အဲဒီ ပိုက် ၃ ချောင်းက Pneumatic box မှာဝင်ထားပါတယ်။ Box ဖွင့်ကြည့်တော့ နှစ်ချောင်းက Pneumatic selector switch ရဲ့ ahead နဲ့ astern အထွက် port တွေမှာ ဆက်ထားသလို T-joint နဲ့ solenoid valve နှစ်ခုကို ဆက်ထားပါတယ်။ အဲဒီ solenoid တွေက WH ထိန်းချုပ်တဲ့ solenoid တွေ ဖြစ်ပါလိမ့်မယ်။ အခု Neutral position မှာ လေထွက်သံကြားလို့ လိုက်စမ်းကြည့်တော့ Ahead အတွက် Solenoid ရယ် Pneumatic Selector switch ရယ် ၂ နေရာက လေထွက်နေတာ တွေ့ရပါတယ်။ တစ်ခု စမ်းချင်တာနဲ့ Actuator block ဆီ ထွက်တဲ့ ပိုက် ၃ ချောင်းမှာ ahead နဲ့ astern အတွက် ပိုက်နှစ်ချောင်းကို pneumatic box အထွက်မှာပဲ ဖြုတ်လိုက်ပါတယ်။ လက်နဲ့ စမ်းကြည့်တော့ box ဘက်က မထွက်ပဲ actuator ဘက်သွားတဲ့ ပိုက်က လေထွက်နေတာ တွေ့ရပါတယ်။ ဒါဆို Actuator block က အထဲမှာ ယိုနေပြီပေါ့။ လက်ရှိအနေအထားမှာ စဉ်းစားကြည့်ရင် Local ကောင်းပြီး remote မှာ မကောင်းဘူးဆိုတော့ solenoid မကောင်းတာ ဖြစ်ဖို့များပါတယ်။ Ahead ရပြီး ပြန်မကွာတာ ဖြစ်တဲ့အတွက် solenoid ဆီ power ရောက်ပြီး solenoid ဆွဲတာ သေချာပါတယ်။ ဒါပေမဲ့ solenoid ပြန်လွှတ်လိုက်တဲ့အချိန် လေက ပြန်ပိတ်မသွားလို့ neutral ပြန်မရောက်တာ ဖြစ်နိုင်ပါတယ်။ သူက အဓိက တရားခံဆိုပေမဲ့ လေစိမ့်နေတဲ့ Pneunatic selector switch ကိုလည်း လဲဖို့ ဆုံးဖြတ်လိုက်ပါတယ်။ Actuator block ကို service လုပ်ဖို့ အကြံပေးလိုက်ပါတယ်။
နောက်တစ်နေ့ လိုတဲ့ ပစ္စည်းတွေယူပြီး ပြန်တက်ကြပါတယ်။ Solenoid နဲ့ pneumatic selector လဲပြီးတဲ့အချိန်၊ စက် မနှိုးပဲ စမ်းကြည့်တော့ အဆင်ပြေပါတယ်။ ဒါနဲ့ စက် ၂ ကို စက်နှိုးပြီး စမ်းခိုင်းတော့ အားလုံး ပုံမှန်အတိုင်း အလုပ် လုပ်ပါတယ်။ Actuator block အထဲက internal leak ဖြစ်နေတာကိုတော့ Service လုပ်ဖို့ မှာခဲ့ပါတယ်။

မှတ်ချက်။ ။ ၂၀၁၉ ဇွန်လ ၁ ရက်မှစပြီး ကျွန်တော့်စာတွေကို ယူနီကုဒ်က အပေါ်၊ ဇော်ဂျီဖောင့်ကအောက် ပြောင်းလဲ ပါမယ်။ ၂၀၂၀ ဇန္နဝါရီ ၁ ရက်မှ စပြီး ယူနီကုဒ် တစ်မျိုးထဲ ရေးပါတော့မယ်။ ကျွန်တော်တို့တွေ ယူနီကုဒ်ကို ပြောင်းကြဖို့ တိုက်တွန်းပါတယ်။