Wednesday 12 December 2018

Miscellaneous Equipments (2) - 6 Terminal Motor Wire Identification

ရန္ကုန္ေရာက္တုန္း ကိုယ္လုပ္ခ်င္တာ တစ္ခ်ဳိ့ လုပ္လိုက္ရလို႔ ေက်နပ္ပါတယ္။ အခ်ိန္ မလုံေလာက္တာတစ္ခု အားမရပါ။ မျပန္ခင္ ေနာက္ဆုံးတစ္ရက္မွာ Win Electrical Training Center က ဆရာ ဦးခင္ေမာင္ဝင္းနဲ႔ သြားေတြ႕ျဖစ္ပါတယ္။ အခုမွဆုံျဖစ္ေပမဲ့ အညာသားခ်င္း ပြင့္ပြင့္လင္းလင္း ရင္းရင္းႏွီးႏွီး စကားေတြ အမ်ားႀကီးေျပာျဖစ္ပါတယ္။ ပညာတစ္ခုလည္း ရခဲ့ပါတယ္။
ဆရာ့သင္တန္းရဲ႕ လက္ေတြ႕သင္ၾကားမႈ အပိုင္း ၿပီးခါနီးမွာ ေရာက္သြားပါတယ္။ ဆရာက ကၽြန္ေတာ့္ကို ေမးပါတယ္။ ႀကိဳးေျခာက္စ ပါတဲ့ 3 ph induction motor တစ္ခုမွာ တစ္ကယ္လို႔ အဲဒီ ေမာ္တာထဲက အထြက္ႀကိဳးေတြ ေရာေထြးသြားရင္ ဘယ္လို ခြဲမလဲတဲ့။ ႀကိဳးေျခာက္ေျခာင္းကို Resistance တိုင္းၾကည့္လိုက္ရင္ Winding တစ္ခုစီအတြက္ ၂ ေခ်ာင္းတစ္စုံနဲ႔ ၃ စုံေတာ့ ခြဲထုတ္ႏိုင္မယ္။ တစ္စုံစီရဲ႕ အဝင္အထြက္၊ ေခါင္းနဲ႔ဖင္ တူေအာင္ေတာ့ မခြဲတတ္ေတာ့ဘူး ေပါ့။ 
သင္တန္းသားေတြနဲ႔အတူ ေလ့လာခြင့္ရလိုက္တဲ့ ဆရာ့ဆီက ပညာတစ္ခုကို ျပန္မွ်ေဝလိုက္ပါတယ္။ တစ္ခ်ိန္ခ်ိန္ လိုအပ္လာရင္ အသုံးခ်ႏိုင္တာေပါ့။ လက္ေတြ႕ ျမင္ခဲ့တာကို စာနဲ႔ ေရးျပရတာဆိုေတာ့ လိုအပ္ခ်က္ေတြရွိရင္ ေတာင္းပန္ပါတယ္။

ပထမဆုံး ေမာ္တာရဲ႕ ႀကိဳး ၆ ႀကိဳးကို ေစာေစာက ေျပာသလို Resistance တိုင္းၿပီး ခြဲထုတ္လိုက္ရင္ Winding တစ္ခုစီကထြက္တဲ့ ႀကိဳး ၂ ေခ်ာင္း ၃ စုံရပါမယ္။ ျမင္သာေအာင္ ႀကိဳးတစ္စစီကို label ေလးေတြ တပ္ထားရေအာင္ဗ်ာ။ 1 ကေန 6 အထိေပါ့။ 1-2, 3-4, 5-6 က coil တစ္ခုစီရဲ႕ အတြဲေတြထားပါေတာ့။ အဲလို ၃ စုံ ရၿပီဆိုရင္ ေနာက္တစ္ဆင့္က 2 နဲ႔ 3 ကို ဆက္လိုက္ပါ။ ၿပီးရင္ 1-4 ႏွစ္စကို 230V AC ေပးလိုက္ပါ။ 5-6 ကို AC Volt တိုင္းၾကည့္ပါ။

ဆိုလိုတာက 1-4 က coil ႏွစ္ခုကို Series ဆက္လိုက္တဲ့ သေဘာ။ သူ႔ကို primary winding သေဘာထားၿပီး 220V power ေပးလိုက္ေတာ့ transformer သေဘာအရ Secondary winding ျဖစ္တဲ့ 5-6 မွာ Step down Voltage တစ္ခု ထြက္ရပါမယ္။ ဒါေပမဲ့ Primary Winding ႏွစ္ခုက အဝင္အထြက္ (Head to Tail) မမွန္ပဲ ေျပာင္းျပန္ဆက္မိရင္ အခ်င္းခ်င္း ျပန္ေက်သြားတဲ့အတြက္ Secondary Winding (5-6) မွာ Voltage မထြက္ေတာ့ပါဘူး။ ဒီသဘာဝကို အေျခခံၿပီး ယူထားတာပါ။ ေနာက္တစ္ခုက တစ္ကဲ့ Transformer လို တည္ေဆာက္ထားတာ မဟုတ္ေတာ့ output voltage က turn ratio အလိုက္ 2:1 ေတာ့ မထြက္ဘူးေပါ့။

ကၽြန္ေတာ့္ေရွ႕မွာ စမ္းၾကည့္ေတာ့ ပထမ တစ္ခါ မွာ 5-6 က Voltage မထြက္ပါဘူး။ ဒါနဲ႔ 2 နဲ႔ 4 ကိုဆက္ၿပီး 1-3 ကေန 230V ေပးလိုက္ေတာ့ 5-6 မွာ 50V ေလာက္ ထြက္ပါတယ္။ ဒီေတာ့ ေကာက္ခ်က္ခ်ႏိုင္တာက 1 နဲ႔ 4 က တစ္ဘက္ (Head လို႔ ထားပါေတာ့)၊ 2 နဲ႔ 3 က တစ္ဘက္ (Tail လို႔ ထားပါေတာ့) လို႔ ဆုံးျဖတ္ႏိုင္ပါၿပီ။ 
ေနာက္တစ္ခါ 2 နဲ႔ 5 ကိုဆက္ၿပီး 1-6 ကေန 230V ေပးပါတယ္။ 3-4 အထြက္ ကို AC Volt တိုင္းပါတယ္။ ဒီနည္းနဲ႔ ေနာက္ထပ္ တစ္စုံကို Head နဲ႔ Tail ခြဲထုတ္ႏိုင္ပါၿပီ။
ဒါဆိုရင္ေတာ့ ေမာ္တာရဲ႕ ႀကိဳး ၆ စကို U-V-W နဲ႔ X-Y-Z တစ္ဘက္စီ မွန္မွန္ကန္ကန္ ခြဲထုတ္ႏိုင္သြားၿပီေပါ့။

သိထားတဲ့ ပညာကို မကြယ္မဝွက္ ေျပာျပေပးတဲ့ ဆရာ ဦးခင္ေမာင္ဝင္းကို ေက်းဇူး အထူးတင္ပါတယ္။

[Unicode]

ရန်ကုန်ရောက်တုန်း ကိုယ်လုပ်ချင်တာ တစ်ချို့ လုပ်လိုက်ရလို့ ကျေနပ်ပါတယ်။ အချိန် မလုံလောက်တာတစ်ခု အားမရပါ။ မပြန်ခင် နောက်ဆုံးတစ်ရက်မှာ Win Electrical Training Center က ဆရာ ဦးခင်မောင်ဝင်းနဲ့ သွားတွေ့ဖြစ်ပါတယ်။ အခုမှဆုံဖြစ်ပေမဲ့ အညာသားချင်း ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး စကားတွေ အများကြီးပြောဖြစ်ပါတယ်။ ပညာတစ်ခုလည်း ရခဲ့ပါတယ်။
ဆရာ့သင်တန်းရဲ့ လက်တွေ့သင်ကြားမှု အပိုင်း ပြီးခါနီးမှာ ရောက်သွားပါတယ်။ ဆရာက ကျွန်တော့်ကို မေးပါတယ်။ ကြိုးခြောက်စ ပါတဲ့ 3 ph induction motor တစ်ခုမှာ တစ်ကယ်လို့ အဲဒီ မော်တာထဲက အထွက်ကြိုးတွေ ရောထွေးသွားရင် ဘယ်လို ခွဲမလဲတဲ့။ ကြိုးခြောက်ခြောင်းကို Resistance တိုင်းကြည့်လိုက်ရင် Winding တစ်ခုစီအတွက် ၂ ချောင်းတစ်စုံနဲ့ ၃ စုံတော့ ခွဲထုတ်နိုင်မယ်။ တစ်စုံစီရဲ့ အဝင်အထွက်၊ ခေါင်းနဲ့ဖင် တူအောင်တော့ မခွဲတတ်တော့ဘူး ပေါ့။ 
သင်တန်းသားတွေနဲ့အတူ လေ့လာခွင့်ရလိုက်တဲ့ ဆရာ့ဆီက ပညာတစ်ခုကို ပြန်မျှဝေလိုက်ပါတယ်။ တစ်ချိန်ချိန် လိုအပ်လာရင် အသုံးချနိုင်တာပေါ့။ လက်တွေ့ မြင်ခဲ့တာကို စာနဲ့ ရေးပြရတာဆိုတော့ လိုအပ်ချက်တွေရှိရင် တောင်းပန်ပါတယ်။
ပထမဆုံး မော်တာရဲ့ ကြိုး ၆ ကြိုးကို စောစောက ပြောသလို Resistance တိုင်းပြီး ခွဲထုတ်လိုက်ရင် Winding တစ်ခုစီကထွက်တဲ့ ကြိုး ၂ ချောင်း ၃ စုံရပါမယ်။ မြင်သာအောင် ကြိုးတစ်စစီကို label လေးတွေ တပ်ထားရအောင်ဗျာ။ 1 ကနေ 6 အထိပေါ့။ 1-2, 3-4, 5-6 က coil တစ်ခုစီရဲ့ အတွဲတွေထားပါတော့။ အဲလို ၃ စုံ ရပြီဆိုရင် နောက်တစ်ဆင့်က 2 နဲ့ 3 ကို ဆက်လိုက်ပါ။ ပြီးရင် 1-4 နှစ်စကို 230V AC ပေးလိုက်ပါ။ 5-6 ကို AC Volt တိုင်းကြည့်ပါ။

ဆိုလိုတာက 1-4 က coil နှစ်ခုကို Series ဆက်လိုက်တဲ့ သဘော။ သူ့ကို primary winding သဘောထားပြီး 220V power ပေးလိုက်တော့ transformer သဘောအရ Secondary winding ဖြစ်တဲ့ 5-6 မှာ Step down Voltage တစ်ခု ထွက်ရပါမယ်။ ဒါပေမဲ့ Primary Winding နှစ်ခုက အဝင်အထွက် (Head to Tail) မမှန်ပဲ ပြောင်းပြန်ဆက်မိရင် အချင်းချင်း ပြန်ကျေသွားတဲ့အတွက် Secondary Winding (5-6) မှာ Voltage မထွက်တော့ပါဘူး။ ဒီသဘာဝကို အခြေခံပြီး ယူထားတာပါ။ နောက်တစ်ခုက တစ်ကဲ့ Transformer လို တည်ဆောက်ထားတာ မဟုတ်တော့ output voltage က turn ratio အလိုက် 2:1 တော့ မထွက်ဘူးပေါ့။

ကျွန်တော့်ရှေ့မှာ စမ်းကြည့်တော့ ပထမ တစ်ခါ မှာ 5-6 က Voltage မထွက်ပါဘူး။ ဒါနဲ့ 2 နဲ့ 4 ကိုဆက်ပြီး 1-3 ကနေ 230V ပေးလိုက်တော့ 5-6 မှာ 50V လောက် ထွက်ပါတယ်။ ဒီတော့ ကောက်ချက်ချနိုင်တာက 1 နဲ့ 4 က တစ်ဘက် (Head လို့ ထားပါတော့)၊ 2 နဲ့ 3 က တစ်ဘက် (Tail လို့ ထားပါတော့) လို့ ဆုံးဖြတ်နိုင်ပါပြီ။ 
နောက်တစ်ခါ 2 နဲ့ 5 ကိုဆက်ပြီး 1-6 ကနေ 230V ပေးပါတယ်။ 3-4 အထွက် ကို AC Volt တိုင်းပါတယ်။ ဒီနည်းနဲ့ နောက်ထပ် တစ်စုံကို Head နဲ့ Tail ခွဲထုတ်နိုင်ပါပြီ။
ဒါဆိုရင်တော့ မော်တာရဲ့ ကြိုး ၆ စကို U-V-W နဲ့ X-Y-Z တစ်ဘက်စီ မှန်မှန်ကန်ကန် ခွဲထုတ်နိုင်သွားပြီပေါ့။

သိထားတဲ့ ပညာကို မကွယ်မဝှက် ပြောပြပေးတဲ့ ဆရာ ဦးခင်မောင်ဝင်းကို ကျေးဇူး အထူးတင်ပါတယ်။