Friday 2 November 2018

ICCP (2) - Dry Dock Inspection for ICCP, MGPS and Shaft Earthing



ဒီတစ္ခါလည္း Troubleshooting မဟုတ္ပဲ Dock ဝင္တုန္း စစ္ေပးရတဲ့ အေၾကာင္းေလး ေျပာျပပါမယ္။ Fault ရွာရတာ မဟုတ္ေတာ့ ေရးစရာနည္းတာမို႔ System ကို ျခဳံငုံၿပီး အၾကမ္းဖ်င္း ေျပာျပေပးပါမယ္။ ICCP ဆိုေပမဲ့ တစ္တြဲထဲ စစ္ခဲ့ရတဲ့ MGPS နဲ႔ Shaft Earthing အေၾကာင္းပါ ေျပာျပပါမယ္။

သေဘာၤက Tanker သေဘၤာ တန္ခ်ိန္ ၁ သိန္းေက်ာ္ဆိုေတာ့ တစ္နံတလ်ား သြားရတာ မေခ်ာင္ပါဘူး။ အထူးသျဖင့္ ER နဲ႔ အျပင္ Dock ေအာက္ေျခ တက္ရဆင္းရ ေလ့က်င့္ခန္း ဆင္းၿပီးသားပဲေပါ့။ 
ICCP က စေျပာပါမယ္။ အစတုန္းက သေဘၤာေတြရဲ႕ ကိုယ္ထည္ကို သံေခ်းမတက္ေအာင္ Sacrificial Anode ဆိုတဲ့ အတုံးေတြ ကပ္ၾကပါတယ္။ သူ အလုပ္လုပ္ပုံေလး အေသးစိတ္ ေျပာပါမယ္။ သေဘၤာကိုယ္ထည္ ေဘးက ပင္လယ္ေရမွာ electrical charge ေတြရွိေနရင္၊ တစ္နည္းအားျဖင့္ သေဘၤာကိုယ္ထည္နဲ႔ ေရၾကားမွာ Electric potential ရွိေနရင္ သေဘၤာကိုယ္ထည္မွာ corrosion ျဖစ္ႏိုင္ပါတယ္။ အဲဒီေတာ့ သေဘၤာကိုယ္ထည္ျဖစ္တဲ့ သံထက္ galvanic series မွာ ပိုၿပီး active ျဖစ္တဲ့ Zinc, Aluminum တစ္ခုခုကို Sacrificial Anode အေနနဲ႔ တပ္ထားေတာ့ သံအစား အဲဒီအတုံးေတြက Current ျဖတ္စီးခံရၿပီး corrosion ျဖစ္သြားပါတယ္။
ဒါေၾကာင့္ ၾကာလာရင္ အဲဒီအတုံးေတြ ငယ္သြားတာပါ။ လွ်ပ္စစ္အေခၚအရ အဲဒီအတုံးေတြက Anode အေနနဲ႔ charge ေတြစီးသြားတာမို႔ သူအကာအကြယ္ေပးတဲ့ သေဘၤာကိုယ္ထည္က Cathode ေပါ့။ ဒီနည္းကို Cathodic Protection လို႔ ေခၚပါတယ္။ ICCP မွာေတာ့ Sacrificial Anode တုံးေတြအစား Control Panel ကေန Current တစ္ခုထုတ္ေပးၿပီး အကာအကြယ္ ေပးတာဆိုေတာ့ Impressed Current Cathodic Protection လို႔ ေခၚတာပါ။ ICCP မွာ Reference Cell နဲ႔ Anode ဆိုၿပီး ၂ မ်ဳိး သေဘၤာ ေအာက္ေျခနားမွာ တပ္ထားပါတယ္။ Reference Cell က ပင္လယ္ေရနဲ႔ သေဘၤာ ကိုယ္ထည္ၾကားက potential (mV) ကို တိုင္းတဲ့ Sensor ေပါ့။ Anode ကေတာ့ Panel က လိုသေလာက္ generate လုပ္ေပးတဲ့ current ကို အနီးအနားက ပင္လယ္ေရထဲ inject လုပ္ေပးတာေပါ့။ Closed Loop ျဖစ္ဖို႔ return line ကို သေဘၤာ ကိုယ္ထည္နဲ႔ ဆက္ေပးထားပါတယ္။ Sensor ကတိုင္းလို႔ရတဲ့ mV level ၾကည့္ၿပီး Panel capacity (Max Current) ရဲ႕ ရာခိုင္နႈံးတစ္ခုနဲ႔ Current inject လုပ္ေပးပါတယ္။ သတ္မွတ္ mV ထက္ နည္းရင္ေတာ့ Current inject မလုပ္ပါဘူး။
အခု သေဘၤာ Dock ဝင္ရင္ စစ္ရတာေတြက သေဘၤာ ေရခ်ထားရင္ Panel electrical test ကို ဒီအတိုင္း စမ္းလို႔ရပါတယ္။ Dry Dock ေရာက္ရင္ေတာ့ Panel အထဲက Anode bar နဲ႔ Return Line ကို ႀကိဳး အတုတ္ တစ္ေခ်ာင္းနဲ႔ Short လုပ္ၿပီး စမ္းရပါတယ္။

အထူးေတာ့ မဟုတ္ပါဘူး။ Manual mode ေျပာင္းၿပီး 0%, 5%, 10% နဲ႔ 20% ေတြမွာ သူ႔ Current တန္ဖိုး မွန္မွန္ကန္ကန္ ထြက္ရဲ႕လား စစ္ရတာပါ။ ေနာက္တစ္ခုက Open Circuit Test ။ Anode နဲ႔ Return Line ေတြျဖဳတ္ထားၿပီး Manual 5% ေပးၾကည့္တာ။ Open Circuit ျဖစ္ေနေတာ့ Current က 0A ပဲျဖစ္မွာပါ၊ ဒါေၾကာင့္ System က Voltage ကို တစ္ျဖည္းျဖည္း တင္ေပးတာ 24V အထိ ေရာက္တယ္ဆိုရင္ ေကာင္းပါတယ္။
အခု သေဘၤာမွာ Control Panel က၂ခု ရွိပါတယ္။ ER ထဲက ေနာက္ပိုင္းအတြက္။ Capacity က 450A ပါ။ Port နဲ႔ Stbd အတြက္ Ref Cell ၂ ခုနဲ႔ Anode ၂ ခု ရွိပါတယ္။ ေနာက္ Bosun store ထဲမွာ ေရွ႕ပိုင္းအတြက္ Panel တစ္ခု၊ 200A ပါ။ အဲဒီမွာလည္း Port နဲ႔ Stbd အတြက္ Ref Cell ၂ ခု၊ Anode ၂ခုပါ။ 
ေနာက္တစ္ခု စစ္ရတာက Anode/Ref Cell ေတြ တပ္ထားတဲ့ Cofferdam လို႔ေခၚတဲ့ အိမ္ေတြကို အတြင္းက အဖုံးဖြင့္ၿပီး ေရ ဝင္မဝင္ စစ္ေပးရပါတယ္။ Aft က Cofferdam ေတြက လြယ္ပါတယ္။ Fwd ကေတာ့ Fore Peak Tank လို ေအာက္ေျခမွာ ေရာက္ေနတဲ့အတြက္ ခက္ခက္ခဲခဲ ဆင္း ဖြင့္ၿပီးၾကည့္ရပါတယ္။ သေဘၤာက / yard က လူအင္အားကူၿပီး ဖြင့္ေပးတာမို႔ ေတာ္ေသးရဲ႕။ ကိုယ္က စစ္႐ုံပါပဲ။ ေနာက္တစ္ခုက Fwd Cofferdam ေတြ တစ္ခါတရံ ေရထည့္တဲ့ Tank ေတြထဲမွာဆိုေတာ့ Cofferdam ထဲမွာ အမဲဆီေတြျဖည့္ထားေလ့ရွိပါတယ္။
Cofferdam ေတြထဲ ေရဝင္တဲ့အရာ ရွိမရွိစစ္ၿပီး ေရဝင္တယ္လို႔ သံသယ ျဖစ္ရင္ အဲဒီ Anode / Ref Cell အသစ္လဲခိုင္းရပါတယ္။
ေနာက္စစ္စရာတစ္ခုက Dry Dock ဝင္တုန္း အျပင္ဘက္ကေန visual inspection ၾကည့္ရပါတယ္။ Anode ထိခိုက္ပ်က္စီးေနလား၊ သူ႔ေဘးက အကာအကြယ္ေပးတဲ့ Epoxy Putty ထိခိုက္ ပ်က္စီးသလား စစ္ရပါတယ္။ လိုအပ္ရင္ epoxy ျပန္ၿပီး ျဖည့္ေပးခိုင္းရပါတယ္။

Dry dock မွာ ေနာက္တစ္ခုစစ္တာက Megger test ပါ။ Panel က ႀကိဳးျဖဳတ္ၿပီး Megger တိုင္းလို႔ 1 MOhm ရွိရင္ေကာင္းပါတယ္။ ဒီသေဘၤာမွာ Ref Cell တစ္ခုပဲ လဲရပါတယ္။ ဒါလည္း Yard က လူေတြပဲ လဲေပးပါတယ္။ ကိုယ္က လိုအပ္တာ ေျပာေပး႐ုံပါပဲ။
တစ္ခု သတိေပးခဲ့ရတာက Painting နဲ႔ epoxy ေတြ အသားေသေအာင္ ေရခ်ၿပီး ၂ ပတ္အတြင္း ICCP ကို ပိတ္ထားဖို႔ပါ။

အခုေျပာမွာက MGPS (Marine Growth Protection System) ပါ။ Anti-fouling System လို႔လည္း ေခၚပါတယ္။ ဒီစံနစ္က သေဘၤာအတြက္ သုံးတဲ့ ပင္လယ္ေရထဲမွာ ပါလာမယ့္ သတၱဝါေလးေတြ၊ အပင္ေလးေတြ ပိုက္ထဲ၊ Pump ထဲမွာ တြယ္ကပ္ပြားမ်ား၊ ႀကီးထြားၿပီး အေႏွာက္အယွက္မျဖစ္ေအာင္ ကာကြယ္တဲ့ စံနစ္ပါ။ ပင္လယ္ေရ အဝင္ျဖစ္တဲ့ Sea-chest ပတ္ဝန္းက်င္ မွာ တပ္ေလ့ရွိပါတယ္။ အဲဒီသတၱဝါေလးေတြကို နွိမ္နင္းတဲ့ အဓိက MGPS အမ်ဳိးအစား ၄ မ်ဳိးေလာက္ရွိပါတယ္။ 
၁) Electrolytic System 
၂) Chemical Dosing
၃) Ultrasonic System 
၄) Electro-chlorinating
 ဆိုတာေတြ ျဖစ္ပါတယ္။
ဒီသေဘၤာကေတာ့ ရွင္းလင္းၿပီး အသုံးမ်ားဆုံးျဖစ္တဲ့ Electrolytic System ကို သုံးထားပါတယ္။ 
ဒီစံနစ္မွာ Control Panel နဲ႔ Anode ၂ စုံပဲ ရွိပါတယ္။ Anode တစ္စုံက Cu ကို သုံးထားၿပီး ေနာက္တစ္စုံက Al ပါ။ Cu+ ion ေတြက အေကာင္ေလးေတြ မတြယ္ကပ္ေအာင္နဲ႔ မပြားေအာင္ကာကြယ္ပါတယ္။ Al+ ion ေတြကေတာ့ corrosion မျဖစ္ေအာင္ ကူညီပါတယ္။ ဒီစံနစ္မွာေတာ့ current set point တစ္ခုမွာ တစ္သမတ္ထဲ လႊတ္ထားေပးတာပါ။ သေဘၤာတစ္စီးနဲ႔ တစ္စီး Set Current မတူပါဘူး။ Maker recommend လုပ္တဲ့ တန္ဘိုးကို ထားရပါတယ္။ ဒီသေဘၤာမွာေတာ့ Cu Anode ကို 0.5 A ထားၿပီး Al Anode ကို 0.3A ထားပါတယ္။ Current မ်ားမ်ားထားရင္ Anode ေတြျမန္ျမန္ စားသြားမွာပါ။ Anode ေတြစားၿပီး ေသးသြားရင္ အသစ္လဲးေပးရပါတယ္။ ဒီသေဘၤာမွာ Anode ၂ ေခ်ာင္း အသစ္လဲတာကို သေဘၤာသားေတြပဲ လုပ္ေပးပါတယ္။ ကိုယ္က ျပန္တပ္ၿပီး ေရထဲခ်၊ sea chest ထဲ ေရဖြင့္ၿပီးမွ power on ၿပီး စမ္းပါတယ္။ ေထြေထြထူးထူး မဟုတ္ပါဘူး။ Set လုပ္ထားတဲ့ Current ထြက္လား ၾကည့္ပါတယ္။ ဘာ Error မွ မထြက္ရင္ ၿပီးတာပါပဲ။

ေနာက္ဆုံးစစ္ရတာက Shaft Earthing Device ပါ။ ဒါကလည္း ႐ိုး႐ိုးစင္းစင္းေလးပါ။ ဘာအတြက္တပ္တာလည္းဆိုေတာ့ Propeller  က တစ္ဆင့္ဝင္လာတဲ့ အနားဝန္းက်င္ ပင္လယ္ေရထဲက stray current ေတြေၾကာင့္ main shaft နဲ႔ သေဘၤာကိုယ္ထည္ၾကားမွာ potential (Voltage) တစ္ခု ရွိေနတတ္တယ္။ ျဖစ္ခ်င္ေတာ့ shaft bearing ရဲ႕ grease ေၾကာင့္ hull ထဲကို Current စီးမသြားႏိုင္ဘူး။ အဲဒီ potential က engine ေမာင္းတဲ့အခ်ိန္မွာ လည္ပတ္နႈံးေၾကာင့္ arcing ျဖစ္ၿပီး ဒုကၡေပးႏိုင္ပါတယ္။ အဲဒါကို hull နဲ႔ discharge လုပ္ေပးဖို႔ရယ္နဲ႔ potential ဘယ္ေလာက္ရွိတယ္ဆိုတာ monitor လုပ္ဖို႔ ဒီစံနစ္ကို တပ္ဆင္ရတာပါ။ ေထြေထြထူးထူး မဟုတ္ပါဘူး။ Main shaft ေပၚက slip ring တစ္ခုမွာ carbon brush ၂ ခုနဲ႔ ေထာက္ၿပီး ႀကိဳး၂ေခ်ာင္း ထြက္ထားပါတယ္။ တစ္ေခ်ာင္းက သေဘၤာကိုယ္ထည္ကို တိုက္႐ိုက္ဆက္ၿပီး discharge လုပ္ေပးဖို႔ပါ။ ေနာက္တစ္ေခ်ာင္းက mV meter ေလးကိုျဖတ္ၿပီး သေဘၤာကိုယ္ထည္ကိုပဲဆက္ထားပါတယ္။ ဒီေတာ့ လက္ရွိ potential ကို သိရတာေပါ့။ 
စမ္းတာေတာ့ shaft နဲ႔ hull ကို continuity တိုင္းၾကည့္ပါတယ္။ Milli-volt တိုင္းၿပီး mV meter ရဲ႕ display နဲ႔ ညီရဲ႕လားၾကည့္ပါတယ္။
တန္ဘိုးက 80mV ထက္ မေက်ာ္ရပါဘူး။ Visual inspection အေနနဲ႔ Slip ring နဲ႔ carbon brush ေတြကို စစ္ၾကည့္ပါတယ္။ ဒါပါပဲ။ Adventurous မဟုတ္ေပမဲ့ မသိေသးတဲ့ လူသစ္ေတြအတြက္ ဗဟုသုတေပါ့ေနာ္။

[Unicode]


ဒီတစ်ခါလည်း Troubleshooting မဟုတ်ပဲ Dock ဝင်တုန်း စစ်ပေးရတဲ့ အကြောင်းလေး ပြောပြပါမယ်။ Fault ရှာရတာ မဟုတ်တော့ ရေးစရာနည်းတာမို့ System ကို ခြုံငုံပြီး အကြမ်းဖျင်း ပြောပြပေးပါမယ်။ ICCP ဆိုပေမဲ့ တစ်တွဲထဲ စစ်ခဲ့ရတဲ့ MGPS နဲ့ Shaft Earthing အကြောင်းပါ ပြောပြပါမယ်။

သဘောင်္က Tanker သင်္ဘော တန်ချိန် ၁ သိန်းကျော်ဆိုတော့ တစ်နံတလျား သွားရတာ မချောင်ပါဘူး။ အထူးသဖြင့် ER နဲ့ အပြင် Dock အောက်ခြေ တက်ရဆင်းရ လေ့ကျင့်ခန်း ဆင်းပြီးသားပဲပေါ့။ 
ICCP က စပြောပါမယ်။ အစတုန်းက သင်္ဘောတွေရဲ့ ကိုယ်ထည်ကို သံချေးမတက်အောင် Sacrificial Anode ဆိုတဲ့ အတုံးတွေ ကပ်ကြပါတယ်။ သူ အလုပ်လုပ်ပုံလေး အသေးစိတ် ပြောပါမယ်။ သင်္ဘောကိုယ်ထည် ဘေးက ပင်လယ်ရေမှာ electrical charge တွေရှိနေရင်၊ တစ်နည်းအားဖြင့် သင်္ဘောကိုယ်ထည်နဲ့ ရေကြားမှာ Electric potential ရှိနေရင် သင်္ဘောကိုယ်ထည်မှာ corrosion ဖြစ်နိုင်ပါတယ်။ အဲဒီတော့ သင်္ဘောကိုယ်ထည်ဖြစ်တဲ့ သံထက် galvanic series မှာ ပိုပြီး active ဖြစ်တဲ့ Zinc, Aluminum တစ်ခုခုကို Sacrificial Anode အနေနဲ့ တပ်ထားတော့ သံအစား အဲဒီအတုံးတွေက Current ဖြတ်စီးခံရပြီး corrosion ဖြစ်သွားပါတယ်။ ဒါကြောင့် ကြာလာရင် အဲဒီအတုံးတွေ ငယ်သွားတာပါ။ လျှပ်စစ်အခေါ်အရ အဲဒီအတုံးတွေက Anode အနေနဲ့ charge တွေစီးသွားတာမို့ သူအကာအကွယ်ပေးတဲ့ သင်္ဘောကိုယ်ထည်က Cathode ပေါ့။ ဒီနည်းကို Cathodic Protection လို့ ခေါ်ပါတယ်။ ICCP မှာတော့ Sacrificial Anode တုံးတွေအစား Control Panel ကနေ Current တစ်ခုထုတ်ပေးပြီး အကာအကွယ် ပေးတာဆိုတော့ Impressed Current Cathodic Protection လို့ ခေါ်တာပါ။ ICCP မှာ Reference Cell နဲ့ Anode ဆိုပြီး ၂ မျိုး သင်္ဘော အောက်ခြေနားမှာ တပ်ထားပါတယ်။ Reference Cell က ပင်လယ်ရေနဲ့ သင်္ဘော ကိုယ်ထည်ကြားက potential (mV) ကို တိုင်းတဲ့ Sensor ပေါ့။ Anode ကတော့ Panel က လိုသလောက် generate လုပ်ပေးတဲ့ current ကို အနီးအနားက ပင်လယ်ရေထဲ inject လုပ်ပေးတာပေါ့။ Closed Loop ဖြစ်ဖို့ return line ကို သင်္ဘော ကိုယ်ထည်နဲ့ ဆက်ပေးထားပါတယ်။ Sensor ကတိုင်းလို့ရတဲ့ mV level ကြည့်ပြီး Panel capacity (Max Current) ရဲ့ ရာခိုင်နှုံးတစ်ခုနဲ့ Current inject လုပ်ပေးပါတယ်။ သတ်မှတ် mV ထက် နည်းရင်တော့ Current inject မလုပ်ပါဘူး။
အခု သင်္ဘော Dock ဝင်ရင် စစ်ရတာတွေက သင်္ဘော ရေချထားရင် Panel electrical test ကို ဒီအတိုင်း စမ်းလို့ရပါတယ်။ Dry Dock ရောက်ရင်တော့ Panel အထဲက Anode bar နဲ့ Return Line ကို ကြိုး အတုတ် တစ်ချောင်းနဲ့ Short လုပ်ပြီး စမ်းရပါတယ်။ အထူးတော့ မဟုတ်ပါဘူး။ Manual mode ပြောင်းပြီး 0%, 5%, 10% နဲ့ 20% တွေမှာ သူ့ Current တန်ဖိုး မှန်မှန်ကန်ကန် ထွက်ရဲ့လား စစ်ရတာပါ။ နောက်တစ်ခုက Open Circuit Test ။ Anode နဲ့ Return Line တွေဖြုတ်ထားပြီး Manual 5% ပေးကြည့်တာ။ Open Circuit ဖြစ်နေတော့ Current က 0A ပဲဖြစ်မှာပါ၊ ဒါကြောင့် System က Voltage ကို တစ်ဖြည်းဖြည်း တင်ပေးတာ 24V အထိ ရောက်တယ်ဆိုရင် ကောင်းပါတယ်။
အခု သင်္ဘောမှာ Control Panel က၂ခု ရှိပါတယ်။ ER ထဲက နောက်ပိုင်းအတွက်။ Capacity က 450A ပါ။ Port နဲ့ Stbd အတွက် Ref Cell ၂ ခုနဲ့ Anode ၂ ခု ရှိပါတယ်။ နောက် Bosun store ထဲမှာ ရှေ့ပိုင်းအတွက် Panel တစ်ခု၊ 200A ပါ။ အဲဒီမှာလည်း Port နဲ့ Stbd အတွက် Ref Cell ၂ ခု၊ Anode ၂ခုပါ။ 
နောက်တစ်ခု စစ်ရတာက Anode/Ref Cell တွေ တပ်ထားတဲ့ Cofferdam လို့ခေါ်တဲ့ အိမ်တွေကို အတွင်းက အဖုံးဖွင့်ပြီး ရေ ဝင်မဝင် စစ်ပေးရပါတယ်။ Aft က Cofferdam တွေက လွယ်ပါတယ်။ Fwd ကတော့ Fore Peak Tank လို အောက်ခြေမှာ ရောက်နေတဲ့အတွက် ခက်ခက်ခဲခဲ ဆင်း ဖွင့်ပြီးကြည့်ရပါတယ်။ သင်္ဘောက / yard က လူအင်အားကူပြီး ဖွင့်ပေးတာမို့ တော်သေးရဲ့။ ကိုယ်က စစ်ရုံပါပဲ။ နောက်တစ်ခုက Fwd Cofferdam တွေ တစ်ခါတရံ ရေထည့်တဲ့ Tank တွေထဲမှာဆိုတော့ Cofferdam ထဲမှာ အမဲဆီတွေဖြည့်ထားလေ့ရှိပါတယ်။
Cofferdam တွေထဲ ရေဝင်တဲ့အရာ ရှိမရှိစစ်ပြီး ရေဝင်တယ်လို့ သံသယ ဖြစ်ရင် အဲဒီ Anode / Ref Cell အသစ်လဲခိုင်းရပါတယ်။
နောက်စစ်စရာတစ်ခုက Dry Dock ဝင်တုန်း အပြင်ဘက်ကနေ visual inspection ကြည့်ရပါတယ်။ Anode ထိခိုက်ပျက်စီးနေလား၊ သူ့ဘေးက အကာအကွယ်ပေးတဲ့ Epoxy Putty ထိခိုက် ပျက်စီးသလား စစ်ရပါတယ်။ လိုအပ်ရင် epoxy ပြန်ပြီး ဖြည့်ပေးခိုင်းရပါတယ်။
Dry dock မှာ နောက်တစ်ခုစစ်တာက Megger test ပါ။ Panel က ကြိုးဖြုတ်ပြီး Megger တိုင်းလို့ 1 MOhm ရှိရင်ကောင်းပါတယ်။ ဒီသင်္ဘောမှာ Ref Cell တစ်ခုပဲ လဲရပါတယ်။ ဒါလည်း Yard က လူတွေပဲ လဲပေးပါတယ်။ ကိုယ်က လိုအပ်တာ ပြောပေးရုံပါပဲ။
တစ်ခု သတိပေးခဲ့ရတာက Painting နဲ့ epoxy တွေ အသားသေအောင် ရေချပြီး ၂ ပတ်အတွင်း ICCP ကို ပိတ်ထားဖို့ပါ။

အခုပြောမှာက MGPS (Marine Growth Protection System) ပါ။ Anti-fouling System လို့လည်း ခေါ်ပါတယ်။ ဒီစံနစ်က သင်္ဘောအတွက် သုံးတဲ့ ပင်လယ်ရေထဲမှာ ပါလာမယ့် သတ္တဝါလေးတွေ၊ အပင်လေးတွေ ပိုက်ထဲ၊ Pump ထဲမှာ တွယ်ကပ်ပွားများ၊ ကြီးထွားပြီး အနှောက်အယှက်မဖြစ်အောင် ကာကွယ်တဲ့ စံနစ်ပါ။ ပင်လယ်ရေ အဝင်ဖြစ်တဲ့ Sea-chest ပတ်ဝန်းကျင် မှာ တပ်လေ့ရှိပါတယ်။ အဲဒီသတ္တဝါလေးတွေကို နှိမ်နင်းတဲ့ အဓိက MGPS အမျိုးအစား ၄ မျိုးလောက်ရှိပါတယ်။ 
၁) Electrolytic System 
၂) Chemical Dosing
၃) Ultrasonic System 
၄) Electro-chlorinating
 ဆိုတာတွေ ဖြစ်ပါတယ်။
ဒီသင်္ဘောကတော့ ရှင်းလင်းပြီး အသုံးများဆုံးဖြစ်တဲ့ Electrolytic System ကို သုံးထားပါတယ်။ 
ဒီစံနစ်မှာ Control Panel နဲ့ Anode ၂ စုံပဲ ရှိပါတယ်။ Anode တစ်စုံက Cu ကို သုံးထားပြီး နောက်တစ်စုံက Al ပါ။ Cu+ ion တွေက အကောင်လေးတွေ မတွယ်ကပ်အောင်နဲ့ မပွားအောင်ကာကွယ်ပါတယ်။ Al+ ion တွေကတော့ corrosion မဖြစ်အောင် ကူညီပါတယ်။ ဒီစံနစ်မှာတော့ current set point တစ်ခုမှာ တစ်သမတ်ထဲ လွှတ်ထားပေးတာပါ။ သင်္ဘောတစ်စီးနဲ့ တစ်စီး Set Current မတူပါဘူး။ Maker recommend လုပ်တဲ့ တန်ဘိုးကို ထားရပါတယ်။ ဒီသင်္ဘောမှာတော့ Cu Anode ကို 0.5 A ထားပြီး Al Anode ကို 0.3A ထားပါတယ်။ Current များများထားရင် Anode တွေမြန်မြန် စားသွားမှာပါ။ Anode တွေစားပြီး သေးသွားရင် အသစ်လဲးပေးရပါတယ်။ ဒီသင်္ဘောမှာ Anode ၂ ချောင်း အသစ်လဲတာကို သင်္ဘောသားတွေပဲ လုပ်ပေးပါတယ်။ ကိုယ်က ပြန်တပ်ပြီး ရေထဲချ၊ sea chest ထဲ ရေဖွင့်ပြီးမှ power on ပြီး စမ်းပါတယ်။ ထွေထွေထူးထူး မဟုတ်ပါဘူး။ Set လုပ်ထားတဲ့ Current ထွက်လား ကြည့်ပါတယ်။ ဘာ Error မှ မထွက်ရင် ပြီးတာပါပဲ။

နောက်ဆုံးစစ်ရတာက Shaft Earthing Device ပါ။ ဒါကလည်း ရိုးရိုးစင်းစင်းလေးပါ။ ဘာအတွက်တပ်တာလည်းဆိုတော့ Propeller  က တစ်ဆင့်ဝင်လာတဲ့ အနားဝန်းကျင် ပင်လယ်ရေထဲက stray current တွေကြောင့် main shaft နဲ့ သင်္ဘောကိုယ်ထည်ကြားမှာ potential (Voltage) တစ်ခု ရှိနေတတ်တယ်။ ဖြစ်ချင်တော့ shaft bearing ရဲ့ grease ကြောင့် hull ထဲကို Current စီးမသွားနိုင်ဘူး။ အဲဒီ potential က engine မောင်းတဲ့အချိန်မှာ လည်ပတ်နှုံးကြောင့် arcing ဖြစ်ပြီး ဒုက္ခပေးနိုင်ပါတယ်။ အဲဒါကို hull နဲ့ discharge လုပ်ပေးဖို့ရယ်နဲ့ potential ဘယ်လောက်ရှိတယ်ဆိုတာ monitor လုပ်ဖို့ ဒီစံနစ်ကို တပ်ဆင်ရတာပါ။ ထွေထွေထူးထူး မဟုတ်ပါဘူး။ Main shaft ပေါ်က slip ring တစ်ခုမှာ carbon brush ၂ ခုနဲ့ ထောက်ပြီး ကြိုး၂ချောင်း ထွက်ထားပါတယ်။ တစ်ချောင်းက သင်္ဘောကိုယ်ထည်ကို တိုက်ရိုက်ဆက်ပြီး discharge လုပ်ပေးဖို့ပါ။ နောက်တစ်ချောင်းက mV meter လေးကိုဖြတ်ပြီး သင်္ဘောကိုယ်ထည်ကိုပဲဆက်ထားပါတယ်။ ဒီတော့ လက်ရှိ potential ကို သိရတာပေါ့။ 
စမ်းတာတော့ shaft နဲ့ hull ကို continuity တိုင်းကြည့်ပါတယ်။ Milli-volt တိုင်းပြီး mV meter ရဲ့ display နဲ့ ညီရဲ့လားကြည့်ပါတယ်။ တန်ဘိုးက 80mV ထက် မကျော်ရပါဘူး။ Visual inspection အနေနဲ့ Slip ring နဲ့ carbon brush တွေကို စစ်ကြည့်ပါတယ်။ ဒါပါပဲ။ Adventurous မဟုတ်ပေမဲ့ မသိသေးတဲ့ လူသစ်တွေအတွက် ဗဟုသုတပေါ့နော်။