Sunday 8 April 2018

Sensors and Transducers (2)

[Zawgyi]

(၂) Pressure Transducers
ဒီတစ္ခါ Pressure Transducers ေတြအေၾကာင္း ေျပာျပပါမယ္။ 
(က) Pressure Transducers အမ်ဳိးအစားမ်ား
အယင္ဆုံး Pressure ကို တိုင္းတာတဲ့ နည္းေပၚမွာမူတည္ၿပီး ခြဲျခားျပပါမယ္။ ေနာက္မွ တည္ေဆာက္ထားတဲ့ နည္းပညာနဲ႔ ျပန္ခြဲျခားပါမယ္။ 
တိုင္းတာတဲ့ နည္းေပၚမူတည္ၿပီး ခြဲမယ္ဆိုယင္

- Absolute Pressure Sensor
လုံးဝ ေလဟာနယ္ (Perfect Vacuum) ေပၚအေျခခံၿပီး တိုင္းတာပါတယ္။

- Gauge Pressure Sensor
ကမ႓ာ့ ေလထုဖိအား (Atmospheric Pressure) ကို အေျခခံၿပီး တိုင္းပါတယ္။ ဥပမာ ကားဘီး ေလေပါင္ တိုင္းတာမ်ဳိးပါ။ သုံည ေရာက္သြားယင္ ေလထုဖိအားနဲ႔ ညီသြားတယ္လို႔ ေျပာႏိုင္ပါတယ္။

- Vacuum Pressure Sensor
ေလထုဖိအားထက္ နည္းတဲ့ Pressure တစ္နည္းအားျဖင့္ Negative Pressure ကိုတိုင္းပါတယ္။

- Differential Pressure Sensor
Sensor ရဲ႕ တစ္ဘက္စီက Pressure ႏွစ္ခုရဲ႕ ျခားနားခ်က္ကို တိုင္းပါတယ္။ ဒီနည္းကေတာ့ ေတာ္ေတာ္ေလး အသုံးတည့္ပါတယ္။ ဥပမာ Filter ေတြပိတ္ေနယင္ သိႏိုင္ဖို႔တိုင္းတာ၊ ဒီ Sensor ကိုသုံးၿပီး Flow Rate ကို တြက္ယူတာ စသျဖင့္ သုံးၾကပါတယ္။

အခု Pressure Sensor ေတြတည္ေဆာက္ထားတဲ့ နည္းပညာနဲ႔ ခြဲျခားယင္ ႏွစ္ပိုင္းရွိပါတယ္။ ပထမအပိုင္းက Pressure ရဲ႕ ဖိအားစုေဆာင္းတဲ့ အပိုင္းနဲ႔ တိုင္းတာတဲ့ အပိုင္းပါ။ 
အသုံးမ်ားတဲ့ ဖိအားစုေဆာင္း နည္းေတြကေတာ့ 
(i) Bourdon Tube Type
Bourdon Tube ဆိုတာကေတာ့ တစ္ဘက္ပိတ္ ေခါင္းပြ ႁပြန္တစ္မ်ဳိးပါ။ ထိပ္ျဖတ္ပိုင္းပုံက ဘဲဥပုံ ခပ္ျပားျပားျဖစ္ပါတယ္။ ႁပြန္ရဲ႕ ပုံသဏၭာန္က C ပုံ သို႔မဟုတ္ helical ေၾကာင္လိမ္ပုံရွိၿပီး ႁပြန္ထဲကို Pressure ဖိသြင္းေပးလိုက္ယင္ ဆန္႔သြားတတ္တဲ့သဘာဝအရ ျမားတံကို တြန္းေစ၊ လည္ေစပါတယ္။


(ii) Piston and Spring Type
Piston ရဲ႕ တစ္ဘက္မွာ Spring ရွိၿပီး ထည့္ေပးတဲ့ Pressure ဟာ spring ရဲ႕ ကန္အားကို ဆန္က်င္တြန္းရပါတယ္။ Piston ရဲ႕ position ဟာ Pressure တန္ဘိုးကို ကိုယ္စားျပဳပါတယ္။  ဒီလို အမ်ဳိးအစားေတြဟာ ေဆာင့္တာ ခံႏိုင္ရည္ (Shock Proof) ရွိပါတယ္။ 

(iii) Bellow Type
ဒီအမ်ဳိးအစားမွာေတာ့ ဘာဂ်ာတြန္႔ပုံ သတၱဳဗူး (bellow) ထဲကို Pressure ထည့္ေပးလိုက္ယင္ ေဖါင္းပြလာနဲ႔ သဘာဝကို အေျခခံယူထားတာပါ။ 
(iv) Diaphragm Type
Diaphragm ပါတဲ့ ဗူးကို Pressure ထည့္လို႔ ေျပာင္းသြားတဲ့ သဘာဝကို အေျခခံထားပါတယ္။ Diaphragm ကို Rubber လို ပါးလႊာတဲ့ ပစၥည္းနဲ႔ လုပ္ထားတဲ့ အတြက္ Pressure နည္းနည္းေလး ေပးတာနဲ႔ ေရြ႕ႏိုင္ပါတယ္။


ေနာက္ တိုင္းတာတဲ့ အပိုင္းမွာလည္း ဒီလိုထပ္ခြဲႏိုင္ပါေသးတယ္။
(i) Piezoelectric Type
Quartz လို ထူးျခားတဲ့ material ေတြ ထည့္သြင္းတဘ္ေဆာက္ထားတဲ့ Sensor ေတြမွာ mechanically ဖိအားေပးလိုက္ယင္ electrical charges ထြက္ပါတယ္။ အဲဒီ charges ေတြကို voltage ျပန္ေျပာင္းၿပီး တိုင္းတာပါတယ္။

(ii) Piezo Resistive Strain gauge
ဒီလိုအမ်ဳိးအစား Sensing element ကို Pressure ေၾကာင့္ ေျပာင္းသြားတဲ့ မ်က္ႏွာျပင္မွာ တပ္ဆင္ထားပါတယ္။ အလ်ား ရွည္ထြက္လာယင္ resistance ေျပာင္းသြားတဲ့ သေဘာကို တိုင္းတာပါတယ္။ အသုံးအမ်ားဆုံး နည္းတစ္ခု ျဖစ္ပါတယ္။

(iii) Capacitive Pressure Sensor
Capacitor ရဲ႕အေျခခံမွာ အၿပိဳင္ရွိတဲ့ plate ႏွစ္ခု ပါရွိပါတယ္။ အခု ဒီအမ်ဳိးအစား Sensor မွာ 
Diaphragm နဲ႔ cavity ကို သုံးထားပါတယ္။ Diaphragm ကို capacitor ရဲ႕ plate တစ္ဘက္အေနနဲ႔ ထားတဲ့အတြက္ Pressure ေၾကာင့္ လႈပ္ရွားသြားတာနဲ႔ capacitance ေျပာင္းသြားမွာပါ။ အဲဒီအခ်က္ကို အေျခခံၿပီး တိုင္းတာပါတယ္။

(iv) Inductive Pressure Sensor 
Inductive Pressure Sensor ေတြမွာ LVDT လို႔ေခၚတဲ့ linear variable differential transformer ကို သုံးေလ့ရွိပါတယ္။ အဲဒီေတာ့ transformer အတြက္ AC excitation လိုအပ္ပါတယ္။ Pressure ေၾကာင့္ ေရြ႕သြားတဲ့ core position ေပၚမူတည္လို႔ transformer primary နဲ႔ secondary coil ရဲ႕ inductance ေျပာင္းသြားတဲ့ အေပၚ အေျခခံၿပီး တိုင္းပါတယ္။
ေနာက္တစ္မ်ဳိးကေတာ့ Eddie Current Principle သုံးပါတယ္။ Magnet ေရြ႕လ်ားမႈေၾကာင့္ ေျပာင္းသြားတဲ့ current ကိုတိုင္းပါတယ္။

(v) Potentiometric Pressure Sensor
Helical Bourdon Tube ေၾကာင့္ လည္သြားတဲ့ အားနဲ႔ potentiometer ကို လည္ေစပါတယ္။ Potentiometer ေရြ႕လ်ားမႈေၾကာင့္ ေျပာင္းသြားတဲ့ resistance ကို တိုင္းတာတဲ့ေနရာမွာ အသုံးျပဳပါတယ္။ 

(vi) အျခား အမ်ဳိးအစားမ်ား
အေပၚမွာ ေျပာျပခဲ့တဲ့ တိုင္းတာနည္းေတြအျပင္ အျခားနည္းမ်ားလည္းရွိပါေသးတယ္။ Hall effect,  Thermal, Optical, Ionization, Resonant Frequency အစရွိတဲ့ နည္းေတြသုံးၿပီး တိုင္းပါတယ္။

(ခ) Output အမ်ဳိးမ်ဳိး
Digital output သိုမဟုတ္ on/off output ထုတ္ေပးတဲ့ Pressure Transducer ေတြကို Pressure Switch လို႔ ေခၚပါတယ္။ တစ္ခ်ဳိ႕ transducer တြမွာေတာ့ Setting တစ္ခုမွွာ on/off switch ေျပာင္းေပးပါတယ္။ တစ္ခ်ဳိ႕ ကေတာ့ Set point ႏွစ္ခုပါ ပါတယ္။  Hysteresis လို႔ ေခၚတဲ့ Set Point တစ္ခုမွာ On ျဖစ္ၿပီး ေနာက္ Set Point တစ္ခုမွာ Off ျဖစ္ပါတယ္။ ဥပမာ Hydrophore Pump တစ္ခုမွာ Pressure 3 bar ထက္နိမ့္တာနဲ႔ On ျဖစ္ၿပီး Pressure 4.5 bar ထက္ျမင့္မွ ျပန္ Off တာမ်ဳိးပါ။
Analog signal သို႔မဟုတ္ တန္ဘိုးတစ္ခုခု ထုတ္ေပးတဲ့ Pressure Transducer ေတြကို Pressure Transmitter လို႔ ေခၚၾကပါတယ္။ ထုတ္ေပးတဲ့ signal ေတြကေတာ့ 4-20 mA, 0-20 mA, 0-10V စသျဖင့္ အမ်ဳိးမ်ဳိး ရွိပါတယ္။ တစ္ခ်ဳိ႕ transducer ေတြကေတာ့ mechanical signal ျဖစ္တဲ့ 0.2-1 bar Pressure ထုတ္ေပးပါတယ္။
Pressure transducer ကေန 4-20mA လို electrical signal ထုတ္ေပးတဲ့ device ေတြကို P-I converter လို႔ ေခၚပါတယ္။ အျပန္အလွန္အားျဖင့္ 4-20mA လို electrical signal ကေန Pressure output ေျပာင္းေပးတဲ့ actuator / proportional valve ေတြကို I-P converter လို႔ ေခၚပါတယ္။

(ဂ) အသုံးျပဳျခင္းႏွင့္ ေရြးခ်ယ္ျခင္း
ဘယ္ေနရာမွာ ဘယ္လို Sensor သုံးမလဲဆိုတာ ေရြးခ်ယ္မယ္ဆိုယင္ သတိထားရမွာကေတာ့ ေအာက္က အခ်က္ေတြကို ဂ႐ုစိုက္ရပါမယ္။
(i) Medium အမ်ဳိးအစား
ကိုယ္တိုင္းတာမယ့္ ပစၥည္းအမ်ဳိးအစား (Medium) ေပၚမူတည္ၿပီး သုံးမယ့္ Sensor ကိုေရြးခ်ယ္ရပါတယ္။ ေလ (သို႔) Gas လား၊ ဆီလား၊ ေရ (သို႔) အရည္တစ္မ်ဳိးမ်ဳိးလား စသျဖင့္ medium ေပၚ မူတည္ၿပီး သင့္ေလ်ာ္တဲ့ အမ်ဳိးအစားကို ေရြးရမွာျဖစ္ပါတယ္။ 

(ii) Pressure Range 
( <1 mTorr) ေလာက္နိမ့္တဲ့ High Vacuum တိုင္းႏိုင္တဲ့ manometer ေတြကစၿပီး (>100 bar) ေလာက္ ျမင့္တဲ့ hydraulic pressure sensor အထိ range အမ်ဳိးမ်ဳိး ရွိပါတယ္။ ကိုယ္တိုင္းမယ့္ Pressure range အရ သင့္ေတာ္တဲ့ transducer ေတြကို ေရြးခ်ယ္သင့္ပါတယ္။

ကမ႓ာေပၚမွာ Pressure Transducer နည္းပညာေပါင္း ၅၀ မ်ဳိးေလာက္ရွိတယ္လို႔ဆိုပါတယ္။ ဘယ္ အမ်ဳိးအစားကို သုံးပါေစ input နဲ႔ output ႏွစ္မ်ဳိးကိုဘဲ ဂ႐ုစိုက္ယင္ ရပါၿပီ။ Input အပိုင္းက medium ယိုစိမ့္မႈမရွိယင္ လုံေလာက္ပါၿပီ။ ဒါဆို Pressure input ရၿပီေပါ့။ Output ကလည္း Switch ဆိုယင္ NO/NC terminal မွန္ေအာင္ၾကည့္ယင္ ရပါၿပီ။ Set Point ပါတဲ့ အမ်ဳိးအစားဆိုယင္ေတာ့ Set point ကို မွန္ေအာင္ set လုပ္ေပးရမွာေပါ့ေနာ္။ Pressure transmitter ဆိုယင္ေတာ့ two wire အမ်ဳိးအစားဆိုယင္ +/- မမွားေအာင္ဆက္ရပါမယ္။ 4 wire type ဆိုယင္ေတာ့ power supply (မ်ားေသာအားျဖင့္ 24V DC ) ႏွစ္ေခ်ာင္းနဲ႔ signal အတြက္ ႏွစ္ေခ်ာင္း မမွားေအာင္ ဂ႐ုစိုက္ရပါမယ္။ ဒါဆိုယင္ သုံးလို႔ရၿပီေပါ့။

(ဃ) Calibration 
Pressure transducer ေတြကို calibrate လုပ္ဖို႔ Pressure Calibrator (သို႔) Hand Pump နဲ႔ reference gauge တစ္ခု လိုပါတယ္။ Pressure အဝင္လိုင္းကို calibrator နဲ႔ ဆက္ေပးၿပီး Pressure Pump in လုပ္ေပးရပါမယ္။ Calibrator display (သို႔) reference gauge မွာရတဲ့ Pressure အလိုက္ output ျဖစ္တဲ့ indicator, gauge, current (mA), display အစရွိတဲ့ တန္ဘိုးေတြ ကိုက္ညီရပါမယ္။ မညီယင္ ညႇိစရာ preset တစ္ခုခုရွိခဲ့ေသာ္ ညိႇပါ။ မရွိယင္ေတာ့ အသစ္လဲရပါမယ္။

[Unicode]

(၂) Pressure Transducers 
ဒီတစ်ခါ Pressure Transducers တွေအကြောင်း ပြောပြပါမယ်။ 
(က) Pressure Transducers အမျိုးအစားများ
အယင်ဆုံး Pressure ကို တိုင်းတာတဲ့ နည်းပေါ်မှာမူတည်ပြီး ခွဲခြားပြပါမယ်။ နောက်မှ တည်ဆောက်ထားတဲ့ နည်းပညာနဲ့ ပြန်ခွဲခြားပါမယ်။ 
တိုင်းတာတဲ့ နည်းပေါ်မူတည်ပြီး ခွဲမယ်ဆိုယင်

- Absolute Pressure Sensor
လုံးဝ လေဟာနယ် (Perfect Vacuum) ပေါ်အခြေခံပြီး တိုင်းတာပါတယ်။

- Gauge Pressure Sensor
ကမ႓ာ့ လေထုဖိအား (Atmospheric Pressure) ကို အခြေခံပြီး တိုင်းပါတယ်။ ဥပမာ ကားဘီး လေပေါင် တိုင်းတာမျိုးပါ။ သုံည ရောက်သွားယင် လေထုဖိအားနဲ့ ညီသွားတယ်လို့ ပြောနိုင်ပါတယ်။

- Vacuum Pressure Sensor
လေထုဖိအားထက် နည်းတဲ့ Pressure တစ်နည်းအားဖြင့် Negative Pressure ကိုတိုင်းပါတယ်။

- Differential Pressure Sensor
Sensor ရဲ့ တစ်ဘက်စီက Pressure နှစ်ခုရဲ့ ခြားနားချက်ကို တိုင်းပါတယ်။ ဒီနည်းကတော့ တော်တော်လေး အသုံးတည့်ပါတယ်။ ဥပမာ Filter တွေပိတ်နေယင် သိနိုင်ဖို့တိုင်းတာ၊ ဒီ Sensor ကိုသုံးပြီး Flow Rate ကို တွက်ယူတာ စသဖြင့် သုံးကြပါတယ်။

အခု Pressure Sensor တွေတည်ဆောက်ထားတဲ့ နည်းပညာနဲ့ ခွဲခြားယင် နှစ်ပိုင်းရှိပါတယ်။ ပထမအပိုင်းက Pressure ရဲ့ ဖိအားစုဆောင်းတဲ့ အပိုင်းနဲ့ တိုင်းတာတဲ့ အပိုင်းပါ။ 
အသုံးများတဲ့ ဖိအားစုဆောင်း နည်းတွေကတော့ 
(i) Bourdon Tube Type
Bourdon Tube ဆိုတာကတော့ တစ်ဘက်ပိတ် ခေါင်းပွ ပြွန်တစ်မျိုးပါ။ ထိပ်ဖြတ်ပိုင်းပုံက ဘဲဥပုံ ခပ်ပြားပြားဖြစ်ပါတယ်။ ပြွန်ရဲ့ ပုံသဏ္ဌာန်က C ပုံ သို့မဟုတ် helical ကြောင်လိမ်ပုံရှိပြီး ပြွန်ထဲကို Pressure ဖိသွင်းပေးလိုက်ယင် ဆန့်သွားတတ်တဲ့သဘာဝအရ မြားတံကို တွန်းစေ၊ လည်စေပါတယ်။

(ii) Piston and Spring Type
Piston ရဲ့ တစ်ဘက်မှာ Spring ရှိပြီး ထည့်ပေးတဲ့ Pressure ဟာ spring ရဲ့ ကန်အားကို ဆန်ကျင်တွန်းရပါတယ်။ Piston ရဲ့ position ဟာ Pressure တန်ဘိုးကို ကိုယ်စားပြုပါတယ်။  ဒီလို အမျိုးအစားတွေဟာ ဆောင့်တာ ခံနိုင်ရည် (Shock Proof) ရှိပါတယ်။ 

(iii) Bellow Type
ဒီအမျိုးအစားမှာတော့ ဘာဂျာတွန့်ပုံ သတ္တုဗူး (bellow) ထဲကို Pressure ထည့်ပေးလိုက်ယင် ဖေါင်းပွလာနဲ့ သဘာဝကို အခြေခံယူထားတာပါ။ 

(iv) Diaphragm Type
Diaphragm ပါတဲ့ ဗူးကို Pressure ထည့်လို့ ပြောင်းသွားတဲ့ သဘာဝကို အခြေခံထားပါတယ်။ Diaphragm ကို Rubber လို ပါးလွှာတဲ့ ပစ္စည်းနဲ့ လုပ်ထားတဲ့ အတွက် Pressure နည်းနည်းလေး ပေးတာနဲ့ ရွေ့နိုင်ပါတယ်။

နောက် တိုင်းတာတဲ့ အပိုင်းမှာလည်း ဒီလိုထပ်ခွဲနိုင်ပါသေးတယ်။
(i) Piezoelectric Type
Quartz လို ထူးခြားတဲ့ material တွေ ထည့်သွင်းတဘ်ဆောက်ထားတဲ့ Sensor တွေမှာ mechanically ဖိအားပေးလိုက်ယင် electrical charges ထွက်ပါတယ်။ အဲဒီ charges တွေကို voltage ပြန်ပြောင်းပြီး တိုင်းတာပါတယ်။

(ii) Piezo Resistive Strain gauge
ဒီလိုအမျိုးအစား Sensing element ကို Pressure ကြောင့် ပြောင်းသွားတဲ့ မျက်နှာပြင်မှာ တပ်ဆင်ထားပါတယ်။ အလျား ရှည်ထွက်လာယင် resistance ပြောင်းသွားတဲ့ သဘောကို တိုင်းတာပါတယ်။ အသုံးအများဆုံး နည်းတစ်ခု ဖြစ်ပါတယ်။

(iii) Capacitive Pressure Sensor
Capacitor ရဲ့အခြေခံမှာ အပြိုင်ရှိတဲ့ plate နှစ်ခု ပါရှိပါတယ်။ အခု ဒီအမျိုးအစား Sensor မှာ 
Diaphragm နဲ့ cavity ကို သုံးထားပါတယ်။ Diaphragm ကို capacitor ရဲ့ plate တစ်ဘက်အနေနဲ့ ထားတဲ့အတွက် Pressure ကြောင့် လှုပ်ရှားသွားတာနဲ့ capacitance ပြောင်းသွားမှာပါ။ အဲဒီအချက်ကို အခြေခံပြီး တိုင်းတာပါတယ်။

(iv) Inductive Pressure Sensor 
Inductive Pressure Sensor တွေမှာ LVDT လို့ခေါ်တဲ့ linear variable differential transformer ကို သုံးလေ့ရှိပါတယ်။ အဲဒီတော့ transformer အတွက် AC excitation လိုအပ်ပါတယ်။ Pressure ကြောင့် ရွေ့သွားတဲ့ core position ပေါ်မူတည်လို့ transformer primary နဲ့ secondary coil ရဲ့ inductance ပြောင်းသွားတဲ့ အပေါ် အခြေခံပြီး တိုင်းပါတယ်။
နောက်တစ်မျိုးကတော့ Eddie Current Principle သုံးပါတယ်။ Magnet ရွေ့လျားမှုကြောင့် ပြောင်းသွားတဲ့ current ကိုတိုင်းပါတယ်။

(v) Potentiometric Pressure Sensor
Helical Bourdon Tube ကြောင့် လည်သွားတဲ့ အားနဲ့ potentiometer ကို လည်စေပါတယ်။ Potentiometer ရွေ့လျားမှုကြောင့် ပြောင်းသွားတဲ့ resistance ကို တိုင်းတာတဲ့နေရာမှာ အသုံးပြုပါတယ်။ 

(vi) အခြား အမျိုးအစားများ
အပေါ်မှာ ပြောပြခဲ့တဲ့ တိုင်းတာနည်းတွေအပြင် အခြားနည်းများလည်းရှိပါသေးတယ်။ Hall effect,  Thermal, Optical, Ionization, Resonant Frequency အစရှိတဲ့ နည်းတွေသုံးပြီး တိုင်းပါတယ်။

(ခ) Output အမျိုးမျိုး
Digital output သိုမဟုတ် on/off output ထုတ်ပေးတဲ့ Pressure Transducer တွေကို Pressure Switch လို့ ခေါ်ပါတယ်။ တစ်ချို့ transducer တွမှာတော့ Setting တစ်ခုမှှာ on/off switch ပြောင်းပေးပါတယ်။ တစ်ချို့ ကတော့ Set point နှစ်ခုပါ ပါတယ်။  Hysteresis လို့ ခေါ်တဲ့ Set Point တစ်ခုမှာ On ဖြစ်ပြီး နောက် Set Point တစ်ခုမှာ Off ဖြစ်ပါတယ်။ ဥပမာ Hydrophore Pump တစ်ခုမှာ Pressure 3 bar ထက်နိမ့်တာနဲ့ On ဖြစ်ပြီး Pressure 4.5 bar ထက်မြင့်မှ ပြန် Off တာမျိုးပါ။
Analog signal သို့မဟုတ် တန်ဘိုးတစ်ခုခု ထုတ်ပေးတဲ့ Pressure Transducer တွေကို Pressure Transmitter လို့ ခေါ်ကြပါတယ်။ ထုတ်ပေးတဲ့ signal တွေကတော့ 4-20 mA, 0-20 mA, 0-10V စသဖြင့် အမျိုးမျိုး ရှိပါတယ်။ တစ်ချို့ transducer တွေကတော့ mechanical signal ဖြစ်တဲ့ 0.2-1 bar Pressure ထုတ်ပေးပါတယ်။
Pressure transducer ကနေ 4-20mA လို electrical signal ထုတ်ပေးတဲ့ device တွေကို P-I converter လို့ ခေါ်ပါတယ်။ အပြန်အလှန်အားဖြင့် 4-20mA လို electrical signal ကနေ Pressure output ပြောင်းပေးတဲ့ actuator / proportional valve တွေကို I-P converter လို့ ခေါ်ပါတယ်။

(ဂ) အသုံးပြုခြင်းနှင့် ရွေးချယ်ခြင်း
ဘယ်နေရာမှာ ဘယ်လို Sensor သုံးမလဲဆိုတာ ရွေးချယ်မယ်ဆိုယင် သတိထားရမှာကတော့ အောက်က အချက်တွေကို ဂရုစိုက်ရပါမယ်။
(i) Medium အမျိုးအစား
ကိုယ်တိုင်းတာမယ့် ပစ္စည်းအမျိုးအစား (Medium) ပေါ်မူတည်ပြီး သုံးမယ့် Sensor ကိုရွေးချယ်ရပါတယ်။ လေ (သို့) Gas လား၊ ဆီလား၊ ရေ (သို့) အရည်တစ်မျိုးမျိုးလား စသဖြင့် medium ပေါ် မူတည်ပြီး သင့်လျော်တဲ့ အမျိုးအစားကို ရွေးရမှာဖြစ်ပါတယ်။ 

(ii) Pressure Range 
( <1 mTorr) လောက်နိမ့်တဲ့ High Vacuum တိုင်းနိုင်တဲ့ manometer တွေကစပြီး (>100 bar) လောက် မြင့်တဲ့ hydraulic pressure sensor အထိ range အမျိုးမျိုး ရှိပါတယ်။ ကိုယ်တိုင်းမယ့် Pressure range အရ သင့်တော်တဲ့ transducer တွေကို ရွေးချယ်သင့်ပါတယ်။

ကမ႓ာပေါ်မှာ Pressure Transducer နည်းပညာပေါင်း ၅၀ မျိုးလောက်ရှိတယ်လို့ဆိုပါတယ်။ ဘယ် အမျိုးအစားကို သုံးပါစေ input နဲ့ output နှစ်မျိုးကိုဘဲ ဂရုစိုက်ယင် ရပါပြီ။ Input အပိုင်းက medium ယိုစိမ့်မှုမရှိယင် လုံလောက်ပါပြီ။ ဒါဆို Pressure input ရပြီပေါ့။ Output ကလည်း Switch ဆိုယင် NO/NC terminal မှန်အောင်ကြည့်ယင် ရပါပြီ။ Set Point ပါတဲ့ အမျိုးအစားဆိုယင်တော့ Set point ကို မှန်အောင် set လုပ်ပေးရမှာပေါ့နော်။ Pressure transmitter ဆိုယင်တော့ two wire အမျိုးအစားဆိုယင် +/- မမှားအောင်ဆက်ရပါမယ်။ 4 wire type ဆိုယင်တော့ power supply (များသောအားဖြင့် 24V DC ) နှစ်ချောင်းနဲ့ signal အတွက် နှစ်ချောင်း မမှားအောင် ဂရုစိုက်ရပါမယ်။ ဒါဆိုယင် သုံးလို့ရပြီပေါ့။

(ဃ) Calibration 
Pressure transducer တွေကို calibrate လုပ်ဖို့ Pressure Calibrator (သို့) Hand Pump နဲ့ reference gauge တစ်ခု လိုပါတယ်။ Pressure အဝင်လိုင်းကို calibrator နဲ့ ဆက်ပေးပြီး Pressure Pump in လုပ်ပေးရပါမယ်။ Calibrator display (သို့) reference gauge မှာရတဲ့ Pressure အလိုက် output ဖြစ်တဲ့ indicator, gauge, current (mA), display အစရှိတဲ့ တန်ဘိုးတွေ ကိုက်ညီရပါမယ်။ မညီယင် ညှိစရာ preset တစ်ခုခုရှိခဲ့သော် ညှိပါ။ မရှိယင်တော့ အသစ်လဲရပါမယ်။

Sunday 1 April 2018

Sensors and Transducers (1)

[Zawgyi]
Automation စံနစ္ေတြမွာ input/output အေနနဲ႔ အေရးပါတဲ့ ပစၥည္းေတြကေတာ့ Sensor ေတြ၊ Transducer ေတြပါဘဲ။ နယ္ပယ္မ်ဳိးစုံမွာ သုံးတဲ့ sensor အမ်ဳိးမ်ဳိး ရွိမွာပါ။ လက္လွမ္းမီသေလာက္ အသုံးမ်ားတဲ့ sensor ေတြရဲ႕ အေျခခံ သေဘာေလးေတြ ေျပာျပခ်င္ပါတယ္။
Sensor ဆိုတာကေတာ့ တစ္ခုခုကို တိုင္းတာ၊ အာ႐ုံခံတဲ့ ပစၥည္းေပါ့။ Transducer ကေတာ့ စြမ္းအင္တစ္ခုခုကို တစ္ျခားစြမ္းအင္ပုံစံတစ္ခုခု ေျပာင္းေပးတဲ့ ပစၥည္းလို႔ အဓိပၸာယ္ရပါတယ္။ ဥပမာ အပူ၊ ဖိအား၊ အပတ္ေရ စတဲ့ mechanical signal ေတြကို Current, Voltage စတဲ့ လွ်ပ္စစ္ signal ေတြ ေျပာင္းေပးတာ၊ အျပန္အလွန္ျဖစ္တဲ့ လွ်ပ္စစ္ signal ေတြကို mechanical signal အျဖစ္ ေျပာင္းေပးတဲ့ ပစၥည္းေတြကို ေခၚပါတယ္။ ဆိုလိုတာက Sensor ေတြကို Transducer လို႔ ေခၚယင္လည္းရပါတယ္။
Sensor ေတြနဲ႔ တိုင္းတာေတြကေတာ့ Temperature, Pressure, Flow Rate, Speed, Force, Stress/ Strain, Weight, Gas, Proximity, Volume, Level, Density, Acidity, Salinity, Viscosity, Opacity, Voltage, Current, Phase အစရွိတာေတြပါဘဲ။
Sensor ကေန ျပန္ထုတ္ေပးမယ့္ signal မွာ ႏွစ္မ်ဳိး ရွိပါတယ္။ ပထမတစ္မ်ဳိးကေတာ့ Digital signal (သို႔) on/off ရလာဒ္ကို ထုတ္ေပးတာပါ။ ဒုတိယတစ္မ်ဳိးကေတာ့ analog signal (သို႔) တန္ဘိုးတစ္ခုခု ထုတ္ေပးတာပါ။ အဲဒီ analog signal ေတြမွာ အသုံးမ်ားတာေတြကေတာ့ လွ်ပ္စစ္ signal ေတြဆိုယင္ 4-20 mA, 0-10V, mV signal ေတြျဖစ္ၿပီး Pressure ကို signal အေနနဲ႔ ထုတ္ေပးယင္ေတာ့ 0.2-1 bar ျဖစ္ပါတယ္။ တစ္ျခား အသုံးမမ်ားတဲ့ signal ေတြလည္းရွိပါတယ္။

(၁) Temperature Transducers
Temperature တိုင္းတာတဲ့ အေျခခံေပၚမူတည္ၿပီး ဒီလို ထပ္ခြဲလို႔ရပါတယ္။

(က) Thermocouples
အမ်ဳိးမတူတဲ့ သတၱဳႏွစ္မ်ဳိးကို ထိပ္ႏွစ္ဘက္မွာ ဆက္ထားၿပီး တစ္ဘက္ကို ပူတဲ့ေနရာ၊ ေနာက္တစ္ဘက္ကို ေအးတဲ့ေနရာမွာထားယင္ current တစ္ခုစီးပါတယ္။ အဲဒီ current ဟာ အပူခ်ိန္ကြာျခားခ်က္နဲ႔ တိုက္႐ိုက္အခ်ဳိးက်တယ္ဆိုတဲ့ သဘာဝကို အေျခခံၿပီး တိုင္းပါတယ္။ တိုင္းမယ့္ probe မွာ အဆက္တစ္ခု ထားပါတယ္။ Controller ဘက္က အဆက္နားမွာ mV တိုင္းတဲ့ circuit ထည့္ထားပါတယ္။ Power မရွိတဲ့ အခ်ိန္ Resistance တိုင္းၾကည့္ယင္ တန္ဘိုး အမ်ားႀကီး (High Ohm) ျပပါတယ္။ သုံးတဲ့ သတၱဳ အမ်ဳိးအစားေပၚမူတည္ၿပီး တိုင္းႏိုင္တဲ့ Temperature range ကြာပါတယ္။ J, K, T, E, R, S, B, L type အမ်ဳိးမ်ဳိးရဲ႕ range ေတြကို ေအာက္မွာ ဇယားနဲ႔ ျပထားပါတယ္။

(ခ) Resistance Temperature Detectors (RTD)
Conductor ပစၥည္းေတြရဲ႕ resistance ဟာ အပူခ်ိန္တက္လာတာနဲ႔အမွ် မ်ားလာပါတယ္။ အဲဒီသဘာဝကို အေျခခံထားပါတယ္။ Sensor မွာသုံးတဲ့ conductor ေတြဟာ Platinum ျဖစ္ၿပီး 0  ံC မွာ 100 ohm ရွိယင္ PT100 လို႔ ေခၚပါတယ္။ 0  ံC မွာ 1000 ohm ရွိတဲ့ sensor ေတြကို PT1000 လို႔ ေခၚပါတယ္။ PT100 က 1  ံC ေျပာင္းယင္ 0.391 ohm ေျပာင္းၿပီး PT1000 ကေတာ့ 1  ံC မွာ 3.91 ohm ေျပာင္းပါတယ္။ Temperature အလိုက္ ရွိတဲ့ Resistance ကို ေအာက္က ဇယားမွာ ၾကည့္ႏိုင္ပါတယ္။ RTD sensor ေတြမွာ wire ရွည္လာယင္ resistance ေျပာင္းေတာ့ တန္ဘုိး မတိမက်ျဖစ္တတ္တာမုိ႔ compensation အတြက္ wire အပုိတစ္ေခ်ာင္း(သုိ႔) ႏွစ္ေခ်ာင္း ထည့္သုံးတတ္ပါတယ္။ ဒီေတာ့ 2 wire, 3 wire, 4 wire ဆုိၿပီးအမ်ဳိးမ်ဳိး ရွိပါတယ္။
RTD ထဲမွာ အထူး sensor တစ္မ်ဳိးကေတာ့ Thermistor ပါ။ သူက semiconductor တစ္မ်ဳိးသုံးထားၿပီး အပူခ်ိန္ နည္းနည္း ေျပာင္းတာနဲ႔ Resistance အမ်ားႀကီး ေျပာင္းသြားပါတယ္။ Thermistor မွာ ႏွစ္မ်ဳိးရွိပါေသးတယ္။ ပူလာယင္ Resistance တက္တဲ့ Positive Temperature Coefficient (PTC) နဲ႔ ပူလာယင္ Resistance ေလ်ာ့ သြားတဲ့ Negative Temperature Coefficient (NTC) ပါ။ 

(ဂ) Liquid Expansion & Vapor Pressure Type Sensors
ဒီ Sensor မ်ဳိးရဲ႕ အထဲမွာ Mercury လို အရည္မ်ဳိး၊ ဒါမွမဟုတ္ အေငြ႕ပ်ံတတ္တဲ့ အရည္တစ္မ်ဳိးကို အလုံပိတ္ထည့္ထားပါတယ္။ပူလာယင္ Thermal expansion ေၾကာင့္ အရည္ရဲ႕ ထုထည္ တိုးလာမယ္၊ ဒါမွမဟုတ္ အေငြ႕ရဲ႕ Pressure တက္လာမယ္။ အဲဒီအခါ Sensor နဲ႔ ဆက္ထားတဲ့ ပိုက္ေသးေသးေလး (capillary tube) ကတစ္ဆင့္ တြန္းၿပီး gauge မွာ တန္ဘိုးျပတာတို႔၊ temperature transmitter ဆိုယင္ electrical signal ေျပာင္းၿပီး ထုတ္ေပးတာတို႔၊ temperature switch ဆိုယင္ on/off contact ေျပာင္းေပတာတို႔ လုပ္ပါတယ္။ 
ဖန္ျပဒါးတိုင္ thermometer ေတြကိုလည္း ဒီအမ်ဳိးအစားမွာ ထည့္ရပါမယ္။ အဲဒီမွာေတာ့ ျပဒါး Level ကေန Temperature တန္ဘိုး တန္းဖတ္ႏိုင္တာေပါ့။

(ဃ) Bimetallic Type Sensors
Thermal expansion rate မတူတဲ့ သတၱဳပစၥည္းႏွစ္ခုကို ႏွစ္လႊာအတူကပ္ထားၿပီး အပူေပးလိုက္ယင္ ေကြးသြားပါမယ္။ အဲဒီသေဘာကို ယူသုံးထားတဲ့ bimetallic type thermostat switch ေတြကို အမ်ားစုသိၿပီးျဖစ္မွာပါ။ အိမ္သုံး လွ်ပ္စစ္ မီးပူ၊ ေရေႏြးအိုး စတဲ့ေနရာေတြမွာ သုံးထားတတ္ပါတယ္။ Thermal overload တို႔ MCCB တို႔မွာလည္း သုံးပါတယ္။ တစ္ခ်ဳိ႕ေနရာေတြမွာ delay timer အေနနဲ႔လည္း သုံးပါတယ္။ အဲဒီ သတၱဳ ႏွစ္လႊာတြဲကို ပါးလႊာရွည္လ်ားတဲ့ ပုံလုပ္ၿပီး တစ္ဘက္ပိတ္ ပိုက္ေသးေသးေလးထဲ ေခြထည့္ထားပါတယ္။ က်န္တဲ့ တစ္ဘက္စကို ဒိုင္ခြက္ေပၚက လက္တံ လည္ေအာင္ တြန္းဖို႔ ပုံစံလုပ္ထားပါတယ္။ ဒီေတာ့ အပူခ်ိန္အလိုက္ တန္ဘိုးျပေနမွာျဖစ္ပါတယ္။ လိုအပ္တဲ့ အပူခ်ိန္အတြက္ limit switch ကို ဖြင့္၊ပိတ္လုပ္ဖို႔လည္း စီစဥ္ထားႏိုင္ပါတယ္။ 

(င) Fibre Optic Temperature Sensor
ဒီအမ်ဳိးအစား Temperature Probe ေတြမွာ Gallium Arsenic (GaAs) ဆိုတဲ့ semiconductor ရဲ႕ အပူခ်ိန္အလိုက္ အလင္းစုပ္ဂုဏ္သတၱိ ေျပာင္းလဲမႈကို အေျခခံယူထားပါတယ္။ Controller ဘက္ကေန ထည့္ေပးလိုက္တဲ့ အျဖဴေရာင္ အလင္း၊ probe ထိပ္က mirror ကိုထိၿပီး ျပန္ထြက္လာတဲ့ ေရာင္ျပန္ရဲ႕ wave length ကို တိုင္းပါတယ္။ ဒီ Sensor ရဲ႕ ထူးျခားတဲ့ သဘာဝက Cable အပါအဝင္ probe ဘက္အျခမ္းမွာ သတၱဳမဟုတ္တဲ့ ပစၥည္းေတြခ်ည္း သုံးထားပါတယ္။ ဒီေတာ့ Electromagnetic Interference (EMI) အတြက္ စိုးရိမ္ရတဲ့ေနရာေတြ၊ explosive proof(EX) လိုအပ္တဲ့ ေနရာေတြနဲ႔ biomedical ေနရာေတြမွာ သုံးပါတယ္။


(စ) Infrared Temperature Sensor
အရာဝတၱဳေတြက ထုတ္လႊင့္တဲ့ thermal radiation (သို႔) black body radiation ကို အေသးစိတ္ခ်ိန္ထားတဲ့ မွန္ဘီလူးေတြကတစ္ဆင့္ တိုင္းတာပါ။ ဒီ Sensor ရဲ႕ အားသာခ်က္က တိုင္းမယ့္ ပစၥည္းကို ထိစရာမလိုဘဲ အကြာအေဝးတစ္ခုကေန တိုင္းလို႔ရတာပါ။ ဥပမာ Temperature gun, thermal imaging တို႔မွာ သုံးပါတယ္။


[Unicode]
Automation စံနစ်တွေမှာ input/output အနေနဲ့ အရေးပါတဲ့ ပစ္စည်းတွေကတော့ Sensor တွေ၊ Transducer တွေပါဘဲ။ နယ်ပယ်မျိုးစုံမှာ သုံးတဲ့ sensor အမျိုးမျိုး ရှိမှာပါ။ လက်လှမ်းမီသလောက် အသုံးများတဲ့ sensor တွေရဲ့ အခြေခံ သဘောလေးတွေ ပြောပြချင်ပါတယ်။
Sensor ဆိုတာကတော့ တစ်ခုခုကို တိုင်းတာ၊ အာရုံခံတဲ့ ပစ္စည်းပေါ့။ Transducer ကတော့ စွမ်းအင်တစ်ခုခုကို တစ်ခြားစွမ်းအင်ပုံစံတစ်ခုခု ပြောင်းပေးတဲ့ ပစ္စည်းလို့ အဓိပ္ပာယ်ရပါတယ်။ ဥပမာ အပူ၊ ဖိအား၊ အပတ်ရေ စတဲ့ mechanical signal တွေကို Current, Voltage စတဲ့ လျှပ်စစ် signal တွေ ပြောင်းပေးတာ၊ အပြန်အလှန်ဖြစ်တဲ့ လျှပ်စစ် signal တွေကို mechanical signal အဖြစ် ပြောင်းပေးတဲ့ ပစ္စည်းတွေကို ခေါ်ပါတယ်။ ဆိုလိုတာက Sensor တွေကို Transducer လို့ ခေါ်ယင်လည်းရပါတယ်။
Sensor တွေနဲ့ တိုင်းတာတွေကတော့ Temperature, Pressure, Flow Rate, Speed, Force, Stress/ Strain, Weight, Gas, Proximity, Volume, Level, Density, Acidity, Salinity, Viscosity, Opacity, Voltage, Current, Phase အစရှိတာတွေပါဘဲ။
Sensor ကနေ ပြန်ထုတ်ပေးမယ့် signal မှာ နှစ်မျိုး ရှိပါတယ်။ ပထမတစ်မျိုးကတော့ Digital signal (သို့) on/off ရလာဒ်ကို ထုတ်ပေးတာပါ။ ဒုတိယတစ်မျိုးကတော့ analog signal (သို့) တန်ဘိုးတစ်ခုခု ထုတ်ပေးတာပါ။ အဲဒီ analog signal တွေမှာ အသုံးများတာတွေကတော့ လျှပ်စစ် signal တွေဆိုယင် 4-20 mA, 0-10V, mV signal တွေဖြစ်ပြီး Pressure ကို signal အနေနဲ့ ထုတ်ပေးယင်တော့ 0.2-1 bar ဖြစ်ပါတယ်။ တစ်ခြား အသုံးမများတဲ့ signal တွေလည်းရှိပါတယ်။

(၁) Temperature Transducers
Temperature တိုင်းတာတဲ့ အခြေခံပေါ်မူတည်ပြီး ဒီလို ထပ်ခွဲလို့ရပါတယ်။

(က) Thermocouples
အမျိုးမတူတဲ့ သတ္တုနှစ်မျိုးကို ထိပ်နှစ်ဘက်မှာ ဆက်ထားပြီး တစ်ဘက်ကို ပူတဲ့နေရာ၊ နောက်တစ်ဘက်ကို အေးတဲ့နေရာမှာထားယင် current တစ်ခုစီးပါတယ်။ အဲဒီ current ဟာ အပူချိန်ကွာခြားချက်နဲ့ တိုက်ရိုက်အချိုးကျတယ်ဆိုတဲ့ သဘာဝကို အခြေခံပြီး တိုင်းပါတယ်။ တိုင်းမယ့် probe မှာ အဆက်တစ်ခု ထားပါတယ်။ Controller ဘက်က အဆက်နားမှာ mV တိုင်းတဲ့ circuit ထည့်ထားပါတယ်။ Power မရှိတဲ့ အချိန် Resistance တိုင်းကြည့်ယင် တန်ဘိုး အများကြီး (High Ohm) ပြပါတယ်။ သုံးတဲ့ သတ္တု အမျိုးအစားပေါ်မူတည်ပြီး တိုင်းနိုင်တဲ့ Temperature range ကွာပါတယ်။ J, K, T, E, R, S, B, L type အမျိုးမျိုးရဲ့ range တွေကို အောက်မှာ ဇယားနဲ့ ပြထားပါတယ်။

(ခ) Resistance Temperature Detectors (RTD)
Conductor ပစ္စည်းတွေရဲ့ resistance ဟာ အပူချိန်တက်လာတာနဲ့အမျှ များလာပါတယ်။ အဲဒီသဘာဝကို အခြေခံထားပါတယ်။ Sensor မှာသုံးတဲ့ conductor တွေဟာ Platinum ဖြစ်ပြီး 0  ံC မှာ 100 ohm ရှိယင် PT100 လို့ ခေါ်ပါတယ်။ 0  ံC မှာ 1000 ohm ရှိတဲ့ sensor တွေကို PT1000 လို့ ခေါ်ပါတယ်။ PT100 က 1  ံC ပြောင်းယင် 0.391 ohm ပြောင်းပြီး PT1000 ကတော့ 1  ံC မှာ 3.91 ohm ပြောင်းပါတယ်။ Temperature အလိုက် ရှိတဲ့ Resistance ကို အောက်က ဇယားမှာ ကြည့်နိုင်ပါတယ်။RTD sensor တွေမှာ wire ရှည်လာယင် resistance ပြောင်းတော့ တန်ဘိုး မတိမကျဖြစ်တတ်တာမို့ compensation အတွက် wire အပိုတစ်ချောင်း(သို့) နှစ်ချောင်း ထည့်သုံးတတ်ပါတယ်။ ဒီတော့ 2 wire, 3 wire, 4 wire ဆိုပြီးအမျိုးမျိုး ရှိပါတယ်။

RTD ထဲမှာ အထူး sensor တစ်မျိုးကတော့ Thermistor ပါ။ သူက semiconductor တစ်မျိုးသုံးထားပြီး အပူချိန် နည်းနည်း ပြောင်းတာနဲ့ Resistance အများကြီး ပြောင်းသွားပါတယ်။ Thermistor မှာ နှစ်မျိုးရှိပါသေးတယ်။ ပူလာယင် Resistance တက်တဲ့ Positive Temperature Coefficient (PTC) နဲ့ ပူလာယင် Resistance လျော့ သွားတဲ့ Negative Temperature Coefficient (NTC) ပါ။ 

(ဂ) Liquid Expansion & Vapor Pressure Type Sensors
ဒီ Sensor မျိုးရဲ့ အထဲမှာ Mercury လို အရည်မျိုး၊ ဒါမှမဟုတ် အငွေ့ပျံတတ်တဲ့ အရည်တစ်မျိုးကို အလုံပိတ်ထည့်ထားပါတယ်။ပူလာယင် Thermal expansion ကြောင့် အရည်ရဲ့ ထုထည် တိုးလာမယ်၊ ဒါမှမဟုတ် အငွေ့ရဲ့ Pressure တက်လာမယ်။ အဲဒီအခါ Sensor နဲ့ ဆက်ထားတဲ့ ပိုက်သေးသေးလေး (capillary tube) ကတစ်ဆင့် တွန်းပြီး gauge မှာ တန်ဘိုးပြတာတို့၊ temperature transmitter ဆိုယင် electrical signal ပြောင်းပြီး ထုတ်ပေးတာတို့၊ temperature switch ဆိုယင် on/off contact ပြောင်းပေတာတို့ လုပ်ပါတယ်။ 
ဖန်ပြဒါးတိုင် thermometer တွေကိုလည်း ဒီအမျိုးအစားမှာ ထည့်ရပါမယ်။ အဲဒီမှာတော့ ပြဒါး Level ကနေ Temperature တန်ဘိုး တန်းဖတ်နိုင်တာပေါ့။

(ဃ) Bimetallic Type Sensors
Thermal expansion rate မတူတဲ့ သတ္တုပစ္စည်းနှစ်ခုကို နှစ်လွှာအတူကပ်ထားပြီး အပူပေးလိုက်ယင် ကွေးသွားပါမယ်။ အဲဒီသဘောကို ယူသုံးထားတဲ့ bimetallic type thermostat switch တွေကို အများစုသိပြီးဖြစ်မှာပါ။ အိမ်သုံး လျှပ်စစ် မီးပူ၊ ရေနွေးအိုး စတဲ့နေရာတွေမှာ သုံးထားတတ်ပါတယ်။ Thermal overload တို့ MCCB တို့မှာလည်း သုံးပါတယ်။ တစ်ချို့နေရာတွေမှာ delay timer အနေနဲ့လည်း သုံးပါတယ်။ အဲဒီ သတ္တု နှစ်လွှာတွဲကို ပါးလွှာရှည်လျားတဲ့ ပုံလုပ်ပြီး တစ်ဘက်ပိတ် ပိုက်သေးသေးလေးထဲ ခွေထည့်ထားပါတယ်။ ကျန်တဲ့ တစ်ဘက်စကို ဒိုင်ခွက်ပေါ်က လက်တံ လည်အောင် တွန်းဖို့ ပုံစံလုပ်ထားပါတယ်။ ဒီတော့ အပူချိန်အလိုက် တန်ဘိုးပြနေမှာဖြစ်ပါတယ်။ လိုအပ်တဲ့ အပူချိန်အတွက် limit switch ကို ဖွင့်၊ပိတ်လုပ်ဖို့လည်း စီစဉ်ထားနိုင်ပါတယ်။ 

(င) Fibre Optic Temperature Sensor
ဒီအမျိုးအစား Temperature Probe တွေမှာ Gallium Arsenic (GaAs) ဆိုတဲ့ semiconductor ရဲ့ အပူချိန်အလိုက် အလင်းစုပ်ဂုဏ်သတ္တိ ပြောင်းလဲမှုကို အခြေခံယူထားပါတယ်။ Controller ဘက်ကနေ ထည့်ပေးလိုက်တဲ့ အဖြူရောင် အလင်း၊ probe ထိပ်က mirror ကိုထိပြီး ပြန်ထွက်လာတဲ့ ရောင်ပြန်ရဲ့ wave length ကို တိုင်းပါတယ်။ ဒီ Sensor ရဲ့ ထူးခြားတဲ့ သဘာဝက Cable အပါအဝင် probe ဘက်အခြမ်းမှာ သတ္တုမဟုတ်တဲ့ ပစ္စည်းတွေချည်း သုံးထားပါတယ်။ ဒီတော့ Electromagnetic Interference (EMI) အတွက် စိုးရိမ်ရတဲ့နေရာတွေ၊ explosive proof(EX) လိုအပ်တဲ့ နေရာတွေနဲ့ biomedical နေရာတွေမှာ သုံးပါတယ်။

(စ) Infrared Temperature Sensor
အရာဝတ္တုတွေက ထုတ်လွှင့်တဲ့ thermal radiation (သို့) black body radiation ကို အသေးစိတ်ချိန်ထားတဲ့ မှန်ဘီလူးတွေကတစ်ဆင့် တိုင်းတာပါ။ ဒီ Sensor ရဲ့ အားသာချက်က တိုင်းမယ့် ပစ္စည်းကို ထိစရာမလိုဘဲ အကွာအဝေးတစ်ခုကနေ တိုင်းလို့ရတာပါ။ ဥပမာ Temperature gun, thermal imaging တို့မှာ သုံးပါတယ်။