Sunday 26 November 2017

Generator (၁၁-က) - No Output Voltage


[Zawgyi]

အခုတေလာ mood မဝင္တာနဲ႔ မေရးျဖစ္တာ နည္းနည္းၾကာသြားတယ္။ အခုေရးဖို႔စဥ္းစားေတာ့လည္း generator အေၾကာင္းဘဲ ေခါင္းထဲ ေရာက္လာပါတယ္။ ဒီျပႆနာမ်ဳိးကလည္း ျဖစ္ေလ့ရွိတဲ့ common problem တစ္ခုပါ။ အဲဒီလို ျပႆနာတူတာေတြ စုၿပီး တစ္ခုစီ ေရးျပပါမယ္။ 
အခုပထမဆုံး ေျပာမွာက bunker barge တစ္စီးေပၚက generator တစ္ခုမွာပါ။ Voltage output မထြက္ဘူး ဆိုလို႔ သြားၾကည့္ခဲ့ ပါတယ္။
သေဘၤာေပၚမွာ ဓာတ္ႀကိဳး မပါ ပါဘူး။ စက္ခ်ဳပ္က လိုက္ျပေပးပါတယ္။ Generator က ခပ္ငယ္ငယ္ပါ။ 350 kW ေလာက္ဘဲ ရွိပါတယ္။  Brand ေတာ့ မမွတ္မိေတာ့ပါဘူး။ စမ္းေမာင္းၾကည့္ေတာ့ rpm 1800 အျပည့္ရွိပါတယ္။ Voltage က 0 ဘဲျပေနပါတယ္။ ျဖစ္ႏိုင္ေခ်ေတြ ကေတာ့ အမ်ားႀကီးပါ။ AVR ေၾကာင့္လား၊ rotating rectifier လို႔ေခၚတဲ့ diodes ေတြ မေကာင္းလို႔လား၊ Winding ေတြမေကာင္းလို႔လား residual magnetism မရွိေတာ့လို႔လား တစ္ခုခုပါ။ အစဆုံး main stator ကို  Megger တိုင္းၾကည့္ေတာ့ ေကာင္းပါတယ္။ ဒီေတာ့ AVR အပိုင္းနဲ႔ generator အပိုင္း ခြဲသိခ်င္တာနဲ႔ စက္ေမာင္းထားတုန္းမွာ AVR အထြက္ Excitation ထုတ္ေပးတဲ့ F+, F- ႀကိဳး ၂ ေခ်ာင္းကို အျပင္က 12V battery နဲ႔ input ေပးၾကည့္ပါတယ္။ Output က 0V ဘဲျဖစ္ေနပါတယ္။ ဒီေတာ့ AVR ေကာင္းမေကာင္း မေျပာႏိုင္ေပမဲ့ generator မေကာင္းတာက ေသခ်ာသြားၿပီေပါ့။ ဒါဆိုယင္ generator components ေတြ တစ္ခုစီစစ္ၾကည့္ရပါေတာ့မယ္။
ဒါနဲ႔ generator ေဘးဘက္ အကာေတြဖြင့္ၿပီး rotating diode ေတြ တစ္ခုစီတိုင္းၾကည့္ပါတယ္။ အဲဒီေတာ့ diode တစ္ခုက open ျဖစ္ေနတာေတြ႕ပါတယ္။ ေနာက္တစ္ခုက rotating rectifier (diode ေတြ ဆက္ထားတဲ့ ring) အထြက္ main rotor ကို ဆက္ထားတဲ့ ႀကိဳးႏွစ္ေခ်ာင္းမွာ တစ္ေခ်ာင္းက cable lug အေျခကေန ျပတ္ေနတာ ေတြ႕ရပါတယ္။ ဘာလို႔ျပတ္တယ္ဆိုတာ မသိပါဘူး။


 ေသခ်ာေအာင္ exciter stator, exciter rotor နဲ႔ main rotor ေတြကို Megger တိုင္းၾကည့္ေတာ့လည္း ေကာင္းပါတယ္။ အဲဒီ coil သုံးခုကို resistance တိုင္းၾကည့္ေတာ့လည္း open / short မျဖစ္ဘဲ resistance တစ္ခုျပေတာ့ ေကာင္းတယ္လို႔ ယူဆႏိုင္ပါတယ္။ ဒီေတာ့ diode လဲၿပီး ႀကိဳးျပန္ဆက္ေပးယင္ ေကာင္းမယ္လို႔ ယူဆရပါတယ္။ 
သေဘၤာေပၚမွာ spare diode မရွိတာမို႔ ျပန္ခဲ့ပါတယ္။ ေနာက္ေန႔မွာေတာ့ ကၽြန္ေတာ္ မလိုက္ျဖစ္ဘဲ ႐ုံးကတစ္ျခားအဖြဲ႕လႊတ္ၿပီး diode လဲ၊ ႀကိဳးျပန္ဆက္ေပးေတာ့ ေကာင္းသြားတယ္ ေျပာပါတယ္။ ဒါကေတာ့ Output voltage မထြက္တဲ့ case တစ္ခုပါ။ တစ္ျခား case ေတြ ေနာက္ ဆက္ေရးပါဦးမယ္။

[Unicode]

အခုတလော mood မဝင်တာနဲ့ မရေးဖြစ်တာ နည်းနည်းကြာသွားတယ်။ အခုရေးဖို့စဉ်းစားတော့လည်း generator အကြောင်းဘဲ ခေါင်းထဲ ရောက်လာပါတယ်။ ဒီပြဿနာမျိုးကလည်း ဖြစ်လေ့ရှိတဲ့ common problem တစ်ခုပါ။ အဲဒီလို ပြဿနာတူတာတွေ စုပြီး တစ်ခုစီ ရေးပြပါမယ်။ 
အခုပထမဆုံး ပြောမှာက bunker barge တစ်စီးပေါ်က generator တစ်ခုမှာပါ။ Voltage output မထွက်ဘူး ဆိုလို့ သွားကြည့်ခဲ့ ပါတယ်။
သင်္ဘောပေါ်မှာ ဓာတ်ကြိုး မပါ ပါဘူး။ စက်ချုပ်က လိုက်ပြပေးပါတယ်။ Generator က ခပ်ငယ်ငယ်ပါ။ 350 kW လောက်ဘဲ ရှိပါတယ်။  Brand တော့ မမှတ်မိတော့ပါဘူး။ စမ်းမောင်းကြည့်တော့ rpm 1800 အပြည့်ရှိပါတယ်။ Voltage က 0 ဘဲပြနေပါတယ်။ ဖြစ်နိုင်ချေတွေ ကတော့ အများကြီးပါ။ AVR ကြောင့်လား၊ rotating rectifier လို့ခေါ်တဲ့ diodes တွေ မကောင်းလို့လား၊ Winding တွေမကောင်းလို့လား residual magnetism မရှိတော့လို့လား တစ်ခုခုပါ။ အစဆုံး main stator ကို  Megger တိုင်းကြည့်တော့ ကောင်းပါတယ်။ ဒီတော့ AVR အပိုင်းနဲ့ generator အပိုင်း ခွဲသိချင်တာနဲ့ စက်မောင်းထားတုန်းမှာ AVR အထွက် Excitation ထုတ်ပေးတဲ့ F+, F- ကြိုး ၂ ချောင်းကို အပြင်က 12V battery နဲ့ input ပေးကြည့်ပါတယ်။ Output က 0V ဘဲဖြစ်နေပါတယ်။ ဒီတော့ AVR ကောင်းမကောင်း မပြောနိုင်ပေမဲ့ generator မကောင်းတာက သေချာသွားပြီပေါ့။ ဒါဆိုယင် generator components တွေ တစ်ခုစီစစ်ကြည့်ရပါတော့မယ်။
ဒါနဲ့ generator ဘေးဘက် အကာတွေဖွင့်ပြီး rotating diode တွေ တစ်ခုစီတိုင်းကြည့်ပါတယ်။ အဲဒီတော့ diode တစ်ခုက open ဖြစ်နေတာတွေ့ပါတယ်။ နောက်တစ်ခုက rotating rectifier (diode တွေ ဆက်ထားတဲ့ ring) အထွက် main rotor ကို ဆက်ထားတဲ့ ကြိုးနှစ်ချောင်းမှာ တစ်ချောင်းက cable lug အခြေကနေ ပြတ်နေတာ တွေ့ရပါတယ်။ ဘာလို့ပြတ်တယ်ဆိုတာ မသိပါဘူး။ ကြိုးကတော့ flexible မဖြစ်ဘဲ copper ကြိုးမာမာကြီးပါ။ သေချာအောင် exciter stator, exciter rotor နဲ့ main rotor တွေကို Megger တိုင်းကြည့်တော့လည်း ကောင်းပါတယ်။ အဲဒီ coil သုံးခုကို resistance တိုင်းကြည့်တော့လည်း open / short မဖြစ်ဘဲ resistance တစ်ခုပြတော့ ကောင်းတယ်လို့ ယူဆနိုင်ပါတယ်။ ဒီတော့ diode လဲပြီး ကြိုးပြန်ဆက်ပေးယင် ကောင်းမယ်လို့ ယူဆရပါတယ်။ 
သင်္ဘောပေါ်မှာ spare diode မရှိတာမို့ ပြန်ခဲ့ပါတယ်။ နောက်နေ့မှာတော့ ကျွန်တော် မလိုက်ဖြစ်ဘဲ ရုံးကတစ်ခြားအဖွဲ့လွှတ်ပြီး diode လဲ၊ ကြိုးပြန်ဆက်ပေးတော့ ကောင်းသွားတယ် ပြောပါတယ်။ ဒါကတော့ Output voltage မထွက်တဲ့ case တစ်ခုပါ။ တစ်ခြား case တွေ နောက် ဆက်ရေးပါဦးမယ်။